Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/01/09

ပြည်သူ့ရဲတွေက ခရစ်ယာန် တရားဟော ဆရာအား ဒေသတွင်းမှ မောင်းထုတ်

ဇန်နဝါရီလ 07 ရက် 2011 ခုနှစ်။


စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် ခုန်ထူး ကျေးရွာသားများနှင့် နယ်မြေခံ ပြည်သူရဲများက ခရစ်ယာန် တရားဟောဆရာ တဦးအား ခရစ်ယာန် တရားဟောကြားခြင်းကြောင့် ၂၀၁၀ ခုနှစ် နိုဝင်ဘာလအတွင်း ရွာမှ မောင်းထုတ် ခဲ့ကြကြောင်း သတင်းရရှိသည်။

တရားဟောဆရာ ဦးလွာဘိခ်သည် ချင်းပြည်နယ်ဖလမ်းမြို့နယ် နှစ်ခြင်းခရစ်ယာန် အသင်းတော်မှ အငြိမ်းစား သိက္ခာတော်ရ ဆရာတဦး ဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်း ဗုဒ္ဒဘာသာဝင်များထံ ကိုယ်စရိတ်ဖြင့် လှည့်လည် ဓမ္မတရားတရားဟော ကြားနေသူဖြစ်သည်။

2011/01/08

စိတ်ခွန်အားပေးနိုင်မှု အရှိဆုံး အမျိုးသမီး ၁၀၀

၂၀၁၁ မတ်လ ၈ ရက်နေ့မှာ ကျရောက်မယ့် နှစ် ၁၀၀ မြောက် နိုင်ငံတကာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ဂါးဒီးယန်း သတင်းစာကြီးက စိတ်ဓာတ်ခွန်အား ပေးနိုင်မှု အရှိဆုံး အမျိုးသမီး ၁၀၀ ကို ရွေးချယ်ဖို့ မဲဆန္ဒပေးခွင့် ပေးထားပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစီအစဉ် တင်ဆက်သူ အော်ပရာ ဝင်းဖရေး၊ ဟယ်ရီပေါ်တာ ဖန်တီးရှင် ဂျေ ကေ ရိုလင်းတို့ကို ရွေးမလားဆိုပြီး နမူနာ ပေးထားပါသေးတယ်။

ဆန္ဒရှိရင် မဲပေးနိုင်ပါပြီ။ ဒီနေရာမှာပါ။

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေး အစီအစဉ်အဆင့် ၃ ရပ် ချမှတ်

07 ဇန်နဝါရီ 2011

ဒုတိယပင်လုံညီလာခံ ခေါ်နိုင်ရေးအတွက် အဆင့် ၃ ဆင့်ခွဲ လုပ်ဆောင်မှာဖြစ်ပြီး ပထမအဆင့်ကို လာမယ့် ဇန်န၀ါရီလ ၂၈ ရက်နေ့မှာ စတင်အကောင်အထည် ဖော်ဖို့ ဒီကနေ့ NLD ရုံးချုပ်မှာ  ပြုလုပ်တဲ့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီရဲ့ လစဉ် ပုံမှန်အစည်းအဝေးအတွင်း ဆုံးဖြတ်လိုက်ကြပါတယ်။ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးအတွက် ပြီးခဲ့တဲ့နှစ် အောက်တိုဘာလ ၂၄ ရက်နေ့က ကလေးမြို့မှာ NLD အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်တွေက ဆုံးဖြတ်ခဲ့ကြတာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

မနောပွဲတွင် စစ်အစိုးရကို ဆန့်ကျင်စာ ဖြန့်ဝေ

၂၀၁၀ ပြည့်နှစ် ဇန်နဝါရီ ၈ ရက်နေ့က ကချင်ပြည်နယ်နေ့ မနောပွဲကို မြစ်ကြီးနားမြို့တွင် ကျင်းပနေစဉ် (ဓာတ်ပုံ - Reuters)

07 January 2011

ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ယနေ့ စတင်သည့် ၆၃ နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနောပွဲတွင် ကချင်ပြည်နယ်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂက စစ်အစိုးရ ဆန့်ကျင်ရေးစာများ ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိသည်။

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ စစ်အစိုးရ အရာရှိများက ပွဲတော်ကျင်းပရေး ကော်မတီတွင် ပါဝင် ထိန်းချုပ်မှုများ ပြုလာသောကြောင့် ကျေနပ်မှု မရှိသည့်အပြင်၊ စစ်အာဏာရှင်စနစ် ကျဆုံးစေရန် လှုံ့ဆော်သည့် အနေဖြင့် စာများဖြန့်ဝေရခြင်း ဖြစ်ကြောင်း ကချင် ကျောင်းသားသမဂ္ဂ အဖွဲ့ကဆိုသည်။

2011/01/07

၂၇၅၀ -ခုနှစ် (၁၂) ကြိမ်မြောက် တိုကျို ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော်

ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဂျပန်နိုင်ငံ တိုကျို တွင် ကရင်မိသားစု စုံလင် စည်ကားစွာ ကျင်ပမည် ဖြစ်ပါသောကြောင့် ကရင်တိုင်းရင်းသား ညီအကို မောင်နှမ များနှင့် ရင်းနှီခင်မင် ရပါသော မိတ်ဆွေ အပေါင်းတိုကို နွေးထွေးစွာဖြင့် ဖိတ်ကြားနှိးဆော်အပ်ပါသည်။



လယ်သိမ်း ယာသိမ်းခံများ ရန်ကုန်တွင် ဆန္ဒပြ

06 January 2011


ရန်ကုန်တိုင်း အရှေ့ပိုင်းခရိုင် အတွင်းတွင် နိုင်ငံတော်နှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက်မည်ဟု ဆိုကာ လယ်မြေများ သိမ်းယူခဲ့သည့် အတွက် တောင်သူ လယ်သမား ၂၀၀ ကျော်တို့က သင်္ဃန်းကျွန်း မြို့နယ်ရှိ အရှေ့ပိုင်းခရိုင် ရုံးရှေ့တွင် ယနေ့နံနက် ၁၀ နာရီမှ စတင်ကာ ငြိမ်းချမ်းစွာ ဆန္ဒပြကြပြီး လယ်မြေများ ပြန်လည်ပေးအပ်ရန် တောင်းဆို ကြသည်။

စည်းလုံးညီညွတ်ကြဖို့ ကရင်နှစ်သစ်ကူးမှာ KNU တိုက်တွန်း


ဒီကနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ဟာ ကရင်ပြက္ခဒိန်အရ ကရင်တိုင်းရင်းသားတွေရဲ့ ၂၇၅၀ ပြည့် နှစ်သစ်ကူးနေ့ ဖြစ်ပါတယ်။ ဒီလို နှစ်သစ်ကူး အခါသမယမှာ ကရင်လူမျိုးတွေဟာ လက်ရှိ စစ်အစိုးရအောက်မှာ ဖိနှိပ်မှု အမျိုးမျိုးကို ခံစားနေကြရပြီး နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတာကြောင့် သူတို့ရဲ့ ရိုးရာ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာ လွတ်လွတ်လပ်လပ် မဆင်နွှဲနိုင်ကြဘူးလို့ KNU ကရင်အမျိုးသား အစည်းအရုံးက ပြောပါတယ်။ အပြည့်အစုံကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။