Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
ラベル စာဖတ်ခန်း の投稿を表示しています。 すべての投稿を表示
ラベル စာဖတ်ခန်း の投稿を表示しています。 すべての投稿を表示

2011/01/17

အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ

လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၅၀ ကျော်တုန်းက အလောင်းဘုရားရဲ့ ရွှေသ၀ဏ်လွှာ

သက္ကရာဇ် ၁၇၅၆ ခုနှစ်လောက်တုန်းက အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ ကနေ ဒုတိယမြောက် ဂျော့ရှ်ဘုရင်ဆီကို ပို့တဲ့ ရွှေသ၀ဏ်လွှာကို ပညာရှင်တွေက ပြင်ပကမ္ဘာကို ထုတ်ဖော်ပြသလိုက်ပါတယ်။

ပတ္တမြား ၂၄ လုံးနဲ့ စီခြယ်ထားပြီး ရွှေပြားပေါ်မှာ မြန်မာစာလုံးတွေ ထွင်းထားတဲ့ အဲဒီ ရွှေသ၀ဏ်လွှာမှာ ဗြိတိန်နိုင်ငံနဲ့ ဗမာနိုင်ငံ နှစ်နိုင်ငံ ချစ်ကြည်ရေး၊ ကုန်သွယ်ရေး အကြောင်းတွေကို ရေးထားတာလို့ ပညာရှင်တွေရဲ့ ထုတ်ပြန်ချက်ကို တယ်လီဂရပ် သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။

2011/01/04

စစ်အစိုးရနဲ့ မြန်မာ့စီးပွားရေး

 
ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ ဦးကျော်ဇံသာ က မြန်မာ့စီးပွားရေးအခြေအနေကို စီးပွားရေး ပညာရှင် ဒေါက်တာဇော်ဦး (VAHU အဖွဲ့ ဒါရိုက်တာ) နဲ့ ဦးစိန်ဌေး (Burma Fund) တို့ကို ဆက်သွယ် မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ ပထမဦးဆုံး ကျနော်တို့ မြန်မာနိုင်ငံမှာ အခုလက်ရှိ စစ်အစိုးရ သို့မဟုတ် တပ်မတော်အစိုးရ သံယံဇာတတွေကို ဖြုန်းတီးနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်နေပါတယ်။ သူတို့ရဲ့  mismanagement - စီမံခန့်ခွဲမှု ညံ့ဖျင်းတယ်၊ အဲဒါအပြင် အဂတိလိုက်စားတယ်။ သူတို့ကိုယ်ကျိုးအတွက် သုံးစွဲတယ်ဆိုတဲ့ ပြောသံ စွပ်စွဲသံတွေ အများကြီး ကြားရပါတယ်။ ဒီဟာကို ပညာရှင်တွေ ရှုထောင့်ကကြည့်ရင် ဘယ်လောက် မှန်ကန် ပါသလဲ။ ဘယ်လောက်အတိအကျ သိသလဲဆိုတာကို ကျနော်သိချင်လို့ ဆရာတို့ကို ဆက်သွယ်မေးမြန်းတာ ဖြစ်ပါတယ်။ ပထမဦးဆုံး မြန်မာပြည်မှာ တိုင်းပြည်အုပ်ချုပ်ရေးအတွက် စရိတ်စကတွေ ပေးနေရတာလဲ၊  ထုတ်လုပ်ပြီး ကုန်ပစ္စည်းတွေ တင်ပို့တာမရှိတော့ သံယံဇာတတွေရောင်းလို့ရတဲ့ ပိုက်ဆံတွေကပဲ သုံးနေတာ မဟုတ်ဘူးလား။ ဒေါက်တာဇော်ဦး ဒီကိစ္စကို ဘယ်လိုသဘောရပါသလဲ။

2010/12/31

အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ အကြောင်းကို ဖတ်ပြီး အာဏာရှင်တို့ရဲ့ စရိုက် နဲ့ သဘောထားကို သိနိုင်ပါတယ်



“Merry Christmas” ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ မှာမပျော်ရွှင်နိုင်ဘဲ မိမိတို့ ကျုးလွန်ခဲ့သော အကုသိုလ် အပြစ် များ ကြောင့် ၁၉၈၉ ခုနှစ်မှာ လင်မယား နှစ်ယောက်စလုံး သေဒဏ် စီရင်ခြင်းခံခဲ့ရသူတွေကတော့ ရိုမေးနီးယား အာဏာရှင်ကြီး ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ ဇနီးဖြစ်သူ အဲလ်လီနာ (Elena) တို့ဘဲ ဖြစ်ပါတယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး ဆိုသူဟာ ဘယ်သူလဲ။ သူဘာတွေ လုပ်ခဲ့သလဲ။ ပြည်သူက သူ့ကိုဘာကြောင့် ရွံ့ရှာမုန်းတီး နာကျည်းကြတာလဲ။ အထူးသဖြင့် အာဏာရှင်စနစ်ကို ရက် ပိုင်းအတွင်းဖြုတ်ချပြီး ဒီမိုကရေစီစနစ် ကိုပြောင်းလဲ ကျင့်သုံးနိုင်ခဲ့သော ရိုမေးနီးယားနိုင်ငံရေး ဖြစ်စဉ်တစ်ခုကို တင်ပြလိုခြင်း ဖြစ်ပါတယ်။

2010/11/20

မျိုးချစ် ၃၄ ဦး မြန်မာပြည် ပြန်မပို့တော့

နိုဝင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ရန် အမိန့်ပေးခဲ့ခြင်းကို အနောက်ဘင်္ဂလား အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်သည်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ တွဲဖက်အထွေထွေ အတွင်းရေးမှူးက အမှုပြီးစီးသည့် မြန်မာမျိုးချစ် ၃၄ ဦးကို မြန်မာပြည်ပြန်ပို့ရန် ပြီးခဲ့သည့်လလယ်က ထုတ်ပြန်ခဲ့သည်။

“ အခုတော့ ပြန်ရုတ်သိမ်းလိုက်ပါပြီ” ဟု ယင်း ၃၄ ဦး၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောသည်။

2010/11/10


SYCB and NY-Forum Joint Statement for Kalay Declaration_28-10-2010___ -

2010/11/08

ဖက်ဒရယ် ပြည်ထောင်စု မြန်မာပြည်သူလွှတ်တော်
ဖွဲ့ စည်းခြင်းအားကြိုဆို
ထောက်ခံ သည့် အခမ်းအနား



မှတ်တမ်းဓါတ်ပုံ ၀င်ကြည့်ရန် click
၂၀၁၀ ခုနှစ် နိုင်ဝင်ဘာလ (၇)ရက်။

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည် (ဂျပန်) Association of United Nationality (Japan), AUN Japan မှ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံမှ တော်လှန်တိုက်ပွဲဝင် တိုင်းရင်းသား ပြည်သူလွှတ်တော် ဖွဲ့စည်းခြင်းအား ကြိုဆို ထောက်ခံသည့် အခမ်းအနား တရပ်ကို တိုကျိုမြို့ Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း၌ ယနေ့ညနေ ၆း၀၀ မှ ၈း၃၀ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်း ခွင့်တို့ကို အာမခံမည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ၁၉၉၀ပြည့်နှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီတို့မှ အဆင့်ဆင့် ရွေးကောက်တင်မြောက်ထားသော တိုင်းရင်းသားကိုယ်စာလှယ်များ ပေါင်းစည်းလျက် နိုင်ငံရေးအရ တန်းတူရည်တူ ရှိသော ပြည့်သူ့ လွှတ်တော် တစ်ရပ်ကို(၅ရက် ၁၁လ ၂၀၁၀)နေ့တွင် ဖွဲ့စည်း တည်ထောင်လိုက်ကြောင်း ကြားသိရ သည့်အတွက် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးများတို့မှ ကြိုဆိုထောက်ခံကြောင်းနှင့် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

aun_statement_2010.11.05
တော်လှန်ရေးပါလီမန် ဖွဲ့ ပြီး ဖြစ်ကြောင်းကြေညာချက်

Statement People's Parliament,

2010/11/05

ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်။ 
(ဦးဝင်းတင်နဲ့ မေးခွန်းများ)


ဒုတိယပင်လုံညီလာခံက အားလုံးကို ကြိုဆိုပါသည်
ဦးဝင်းတင်နဲ့ မေးခွန်းများ
မိုးမခ
နိုဝင်ဘာ ၄၊ ၂၀၁၀
ဒုတိယပင်လုံညီလာခံမှာ ဘာတွေလုပ်ကြမှာလဲ
စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကြီးတခုကို ထူထောင်နိုင်ဖို့အတွက် ဒို့က ပြောချင်တာကတော့ အခုဖြစ်နေတဲ့ ရွေးကောက်ပွဲနဲ့ မဆိုင်ဘူး၊ အချိန်ယူပြီး ပြင်ဆင်ကြရမယ့် ကိစ္စဖြစ်တယ်ဆိုတာကို သိရှိစေချင်တယ်။

တိုင်းရင်းသားတွေအားလုံးနဲ့ ဆိုင်တဲ့ တန်းတူညီမျှခွင့်ဆိုတာ ဘာလဲ … ဒါကို စာတမ်းတွေ တင်ကြရမှာပေါ့။ ဥပမာ ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ခဲ့တဲ့ နေသူရိန် အစည်းအဝေးတို့၊ အလယ်ပစ္စယံ ညီလာခံတို့ စသည်တို့မှာ လွတ်လပ်ရေးနဲ့ ပတ်သက်ပြီး အဆိုတင်တယ်။ သဘောထားတွေ တင်ပြတယ်။ အဲသည်လိုမျိုးပေါ့။ တိုင်းရင်းသားတွေနဲ့ ပတ်သက်တာတွေ၊ တပ်မတော်နဲ့ ပတ်သက်တာတွေနဲ့ ပတ်သက်ပြီးတော့ တက်ရောက်ကြသူတွေက ပြောကြ၊ အဆိုတင်ကြ၊ ဆွေးနွေးကြတဲ့ နေရာမှာ မှားသည်၊ မှန်သည်၊ ပြည့်စုံသည်၊ လိုအပ်သည် မည်သို့ဖြစ်စေ သဘောထားတွေအနေနဲ့ တင်ကြရမှာပဲ။ အဲဒါကို ဆွေးနွေးပြီးတော့ အဆိုအနေနဲ့ တင်သွင်းကြရမှာ ဖြစ်တယ်။ အဲသည် အဆိုတွေကို ထောက်ခံမှုတွေရအောင် ပြင်ဆင်ကြရမှာပဲ။ ဒါတွေကို ပေါင်းစည်းယူပြီးတော့ နိုင်ငံရေးလုပ်ငန်းတွေ၊ နိုင်ငံရေးရုပ်လုံးပေါ်မှုတွေ ဖြစ်လာရမှာ ဖြစ်တယ်။  အဲဒါကို ဆက်လက်ပြီး နိုင်ငံရေးလုပ်ငန်းစဉ်တွေအနေနဲ့ ၀ိုင်းဝန်းပြီး လုပ်ဆောင်သွားဖို့၊ အကောင်အထည်ဖော်သွားဖို့ ဖြစ်လာရတာဖြစ်တယ်။
ဆွေးနွေးရမယ့် အရေးကိစ္စတွေက ဘာတွေဖြစ်နိုင်မလဲ

2010/11/04

2010/09/01

ဂျင်းဂျက် ရူဆိုး (သဘာဝပညာရေး)

၁၈ ရာစုနှစ် ပညာအလင်းရောင်ခေတ် (Age of Enlightenment) ကို အဆုံးသတ်၍ ခေတ်သစ် အတွေး အခေါ်များအတွက် အခြေခံ အုတ်မြစ် ချပေးခဲ့သူကို ညွှန်ပြပါ ဆိုလျှင် ဆွစ်ဇာလန်ပြည်ဖွား ပြင်သစ် အတွေးအခေါ် ပညာရှင် ဂျင်းဂျက်ရူးဆိုး (Jean Jacques Rousseau 1712-78) ကို ဖော်ပြရပါမည်။
နိုင်ငံရေးပညာနှင့် အ တွေးအခေါ်ပညာတို့ကို လေ့လာ ဆည်းပူးခဲ့သော၊ လေ့လာလျက်ရှိသော မည်သူမဆို ရူးဆိုး၏ (Social Contract - 1762) ပါ အယူအဆများကို တို့ထိဖူးကြပါလိမ့်မည်။ ရူးဆိုး၏ ခေတ်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် အတန်းအစား ခွဲခြားမှု၊ မညီမျှမှုများ ရှိခဲ့ပါသည်။ ယင်းကာလအတွင်း  လူသားတစ်ဦး၏ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အတန်အသင့် အားပေးအားမြှောက် ပြုနေသော်လည်း အမှန်တကယ် လွတ်လပ်ခွင့် ရရှိကြသူများမှာ အုပ်ချုပ်သူများနှင့် အထက်တန်းလွှာများသာ  ဖြစ်သည်။ ပညာရေးနယ်ပယ်တွင်လည်း လူသားအားလုံးအတွက် ဟန်ချက်ညီသော ဖွံ့ဖြိုးမှုကို မရရှိပေ။ ထို့ကြောင့် ရူးဆိုးက ̒ လူသားသည် လွတ်လပ်စွာ မွေးဖွားလာသော်လည်း နေရာအနှံ့၌ အချုပ်အနှောင် ခံနေရလေသည်။ ̓ (Man is born free; and everywhere he is in chains ) ဟု လူ့အဖွဲ့အစည်း၏ တင်းကျပ် ဆိုးယုတ်မှုများကို ထောက်ပြ ဝေဖန်ခဲ့လေသည်။
Jean Jacques Rousseau 1712-78
Jean Jacques Rousseau 1712-78
လူသားသည် မွေးဖွားလာ ကတည်းကပင် နိုင်ငံရေး၊ လူမှုရေးနှင့် သက်ဆိုင်သော ရသင့်ရထိုက်သည့် အခွင့်အရေးများ ရှိသည်ဟုလည်း ရူးဆိုးက မမှိတ်မသုန် ယုံကြည်လေသည်။ ပြင်သစ် အာဏာရှင် နပိုလီယံကပင်လျှင် ရူးဆိုး၏ အတွေးအခေါ်သစ်များသာ ပေါ်ပေါက်မလာပါက ပြင်သစ်တော်လှန်ရေး ဖြစ်ပေါ်လာစရာ အကြောင်းမရှိဟု ဆိုလေသည်။ နှောင်းခေတ် ပညာရှင်တို့ကလည်း ရူးဆိုး၏ ယင်း (Social Contract ) ကို ပြင်သစ် တော်လှန်ရေး သမ္မာကျမ်းစာ ဟူ၍လည်းကောင်း၊ အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်း၏ အခြေခံဟူ၍ လည်းကောင်း သတ်မှတ်ထားကြပါမည်။ (Social Contract ) နည်းတူ အခြားထင်ရှားသော ကျမ်းတစ်စောင်မှာ (Emile) ခေါ် ပညာရေးဆိုင်ရာ အတ္ထုပ္ပတ္တိပင် ဖြစ်လေသည်။ ပညာရေးနှင့် ပတ်သက်သော အတွေးအခေါ် အယူအဆနှင့် သဘာဝဆန်သော အကျင့်အကြံ အားလုံးကို ယင်း (Emile) ကျမ်း၌ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရလေသည်။ ဤကာလအတွင်း အလယ်ခေတ် သာသနာရေးဆိုင်ရာ လွှမ်းမိုးချက်များကြောင့် လူသည် ဆိုးသွမ်းသော သဘာဝနှင့် မွေးဖွားလာသည်ဟု ယူဆကြသည်။ ထို့ကြောင့် ကလေးသူငယ်များကို ပညာပေးရာ၌ ဆိုးသွမ်းသော သဘာဝ၊ ဗီဇများကို ပြုပြင် ပြောင်းလဲ၍ ကောင်းသော အရည်အချင်းများကို ညွန်ကြား သင်ကြားပေးရမည်ဟု ယုံကြည်ကြသည်။ တစ်ဆက်တည်းမှာပင် ကလေးငယ်များအား ကောင်းမြတ်သော နိုင်ငံသားများ ဖြစ်စေရန်နှင့် လူတို့၏ ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းနှင့် ဆက်ဆံရေး နယ်ပယ်တွင် အဆင်ပြေစေရန် လေ့ကျင့် ပညာ ပေးကြသည်။ ယင်းအခြေအနေတွင်း ကလေးကို လူကြီး အငယ်စားဟု သဘောထားကာ  လူကြီးတစ်ယောက် ကဲ့သို့ ပြုမူကျင့်ကြံ စေလိုသဖြင့် ကလေးသူငယ်များမှာ စိတ်၏ ပင်ပန်းနွမ်းနယ်မှု ဖြစ်ကြလေသည်။
ရူးဆိုးကမူ လူသည် ဆိုးသွမ်းသော သဘာဝနှင့် မွေးဖွားလာသည် ဆိုသည်ကို လက်မခံခဲ့ပေ။ လူသား၏ ပင်ကို သဘာဝသည် ဖြူစင်သန့်ရှင်းသည်၊ လွတ်လပ်သည်။ သို့ရာတွင် ကလေးငယ်ဘဝကစ၍ သဘာဝဓမ္မနှင့် ကင်းကွာပြီး မလွတ်လပ်တော့ဘဲ ဆိုးသွမ်းသော လူနေမှု ဝန်းကျင်ကသာလျှင် ကလေး၏ သဘာဝကို ဖျက်ဆီး နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကလေး၏ ပင်ကိုသဘာဝကို ဂရုမပြုဘဲ လူ့လောကထဲမှ လူ (Social man) တစ်ယောက်ဖြစ်ရန် လေ့ကျင့်သင်ကြား ပေးခြင်းမျိုးကိုသာ မပြုလုပ်သင့်ဟု ယူဆခဲ့သည်။ လူသား၏ ပင်ကိုဗီဇ၊ စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုများကို သဘာဝအလျောက် ဖွံ့ဖြိုးတိုးတက်စေသော ပညာရေးမျိုးကိုသာ အလိုရှိ အပ်ပေသည်။
(Emile) ကျမ်း၌ ̒ အပင်ငယ်များကို ပြုစု ပျိုးထောင်ခြင်းဖြင့် ဖွံ့ဖြိုး ရှင်သန်စေသကဲ့သို့ လူသားအားလည်း ပညာရေးဖြင့် ဖွံ့ဖြိုးစေရမည် ̓ (Plants are improved by cultivation and men by education) ဟု ဆိုထား ပါသည်။ လူသားသည် မွေးဖွားလာကတည်းက ကိုယ်ကာယ သန်စွမ်းလာသည် မဟုတ်၊ ထိုနည်းတူစွာ ဘဝ၏ မပြည့်စုံမှု၊ ဉာဏ်ရည်ဉာဏ်သွေး ကင်းမဲ့မှုတို့ဖြင့် မွေးဖွားလာရသည် ဖြစ်သည်။ ထို့ကြောင့် ယင်းလိုအပ်ချက်များ ပြည့်စုံစေရန် တစ်နည်းအားဖြင့် ကိုယ်ကာယသန်စွမ်းမှု၊ ဘဝ ရပ်တည်နိုင်မှု၊ စီရင် ဆုံးဖြတ်နိုင်သည့် ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်ကောင်းမွန် လာစေရန် ပညာရေးအားဖြင့် မြှင့်တင်ပေးရပါမည်။
ရူးဆိုး၏ အလိုအရ ပညာရေးကို သဘာဝ၊ လူနှင့်အရာဝတ္ထုဟူသော လမ်းသုံးသွယ်မှ ရရှိပါသည်။ (Edcation come to us from nature, from men, or from things) လူသား၏ စိတ်စွမ်းအင်များ (faculties) နှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (organs) စသည့် လူ့သဘာဝပညာရေး (The Education of nature ) က ပေးအပ်ထားပါသည်။ ယင်းသဘာဝ ပညာရေးသည် လူတို့ လေ့ကျင့် သင်ကြားပေးအပ်သော ပညာရေးထက်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှ တွေ့ထိရရှိသော တွေ့အကြုံများထက် သော်လည်းကောင်း သာလွန်သည်ဟု ဆိုပါသည်။ ထို့ ကြောင့်လည်း ရူးဆိုး၏ ပညာရေးကို သဘာဝ အဓိက ပညာရေးဟု ပညာရှင် တို့က သတ်မှတ်ကြပါသည်။
သဘာဝပညာရေးနှင့် ပတ်သက်၍ ရူးဆိုး၏ ထင်ရှားသော အဆိုတစ်ခုမှာ “သဘာဝတရား၏ ဖန်ဆင်း လိုက်သော အရာအားလုံးသည် ကောင်းမွန်ပြီး လူသားလက်တွင် ဆုတ်ယုတ် ပျက်ပြားလာတော့သည်” (Everything is good as it comes from the hand of the author of nature; but everything degenerates in the hands of man) ထို့ကြောင့် ကလေးသူငယ်များ၏ ပညာသင်ကြားမှုနှင့် ပတ်သက်၍ သဘာဝအလျောက် ပြုစု ပျိုးထောင်ရေးနှင့် သဘာဝ တရားထံမှ သင်ယူရေးကို ပိုမို အလေးထားသည်ကို တွေ့ရပါမည်။ သဘာဝအလျောက် ပြုစု ပျိုးထောင်ရေးဆိုသည်မှာ လူသား၏ စိတ်ပါဝင်စားမှု (human inclinations) အလျောက် လေ့လာသင်ယူစေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ အာရုံခံစားမှု အရည်အသွေးနှင့် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့် ပြဌာန်းမှု တစ်စုံတစ်ရာမျှ မထားရှိဘဲ သဘာဝအလျောက် တိုးပွားလာစေရန်ပင် ဖြစ်သည်။
ယင်းအတွက် ကလေးသူငယ်များအား သင်ခန်းစာများကို အလွတ်ကျက်မှတ်ခိုင်းခြင်း၊ သမိုင်းခုနှစ်၊ သက္ကရာဇ်များ၊ မြို့ရွာများ၊ ဘုရင် မိဖုရားတို့၏ နာမည်များကို ခေါင်းထဲ စွဲစေရန် မှတ်သားခိုင်းခြင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်ချယ်ထားခြင်း စသည့် ကလေး၏ မူလသဘာဝကို ကျော်လွန်ပြီး လူထဲက လူတစ်ယောက် ဖြစ်လာစေရန် လေ့ကျင့်မှုများကို မလိုလားအပ်သည့် အရာများအဖြစ် ရူးဆိုးက ယူဆခဲ့လေသည်။ ထို့ကြောင့်လည်း လူတို့၏ အပြုသဘော ပညာရေး လမ်းစဉ်ကို ကျောခိုင်းပြီး (Negative Education ) နက်ကတစ် ပညာရေး အယူအဆကို တင်ပြခဲ့လေသည်။
ရူးဆိုး၏ အလိုအရ နက်ဂတစ် ပညာရေးဟူသည် ပညာပေးမှု မရှိခြင်းကို ဆိုလိုသည် မဟုတ်ပေ။ နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံပညာ စသည့် အရာအားလုံးသည် လူသား၏ ပင်ကို သဘာဝကို ချိုးဖဲ့နေသည်။ အစစ်အမှန် တရားသည်လည်း လူ့လောက၊ လူ့ပတ်ဝန်းကျင်တွင် မရှိ၊  သဘာဝတရား ထဲတွင်သာ ရရှိနိုင်ပါသည်။ ထို့ကြောင့် လူတို့ သင်ကြားပေးသော အပြုပညာရေး (Positive Education) သည် အတုအယောင်ဖြစ်ပြီး သဘာဝတရားထံသို့ သွားရောက် လေ့လာခြင်းအားဖြင့်သာ စစ်မှန်သော အသိပညာကို ရရှိနိုင်မည် ဖြစ်သည်။
ဤနေရာတွင် ရူးဆိုး၏ သဘာဝဆိုင်ရာ အယူအဆကို လေ့လာကြည့်မည် ဆိုပါလျှင် ယေဘူယျ နှစ်ပိုင်းတွေ့ရပါမည်။ တစ်ပိုင်းမှာ လူသား၏ ပင်ကိုသဘာဝ အလေ့အထ (habit) ကို ဆိုလိုပြီး ပညာသင်ကြားပေးရ၍ ပင်ကိုသဘာဝကို   မကျော်လွန်ဘဲ တစ်နည်းအားဖြင့် ယင်းပင်ကို သဘာဝအတိုင်း ပြုစုပျိုးထောင်ပေးရေး ဖြစ်သည်။  ယင်းအပိုင်းတွင် စာသင်သား၏ စိတ်ပါဝင်စားမှု အခြေအနေအရသာ ပညာပေးခြင်းကို ပြုလုပ်ရမည် ဖြစ်လေသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမှု၊ ဆိုးမှုများကိုပင် သဘာဝအလျောက် ပြုမူသော အပြုအမူများမှသာ မိမိကိုယ်တိုင် စစ်ကြောစေရပါမည်။ ဆိုလိုသည်မှာ ကောင်းမှုကိုလည်းကောင်း၊ မကောင်းမှုကိုလည်းကောင်း မိမိကိုယ်တိုင် ပြုလုပ်ခံစားပြီးမှ ̒ အမှားအမှန်ကို သိရှိ ပြင်ဆင်နိုင်မှု ဖြစ်ပေသည်၊ ဤအရာသည် ကောင်းမှု ဖြစ်သည်၊ ဤအရာသည် မကောင်းမှု ဖြစ်သည် ̓ စသည့် တန်ဖိုး သတ်မှတ်ချက်များသည် လူ့သဘာဝအား ကန့်သတ်ချုပ်ချယ်မှု သက် သက်ဖြစ်သည်ဟု ရူးဆိုးက ဆိုပါသည်။
သဘာဝ၏ ဒုတိယ အယူအဆမှာ တောတောင်ရေမြေ သဘာဝ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း လူလောကအတွင်းရှိ နိုင်ငံရေး ၊ လူမှုရေး၊ ဘာသာရေး စသည်တို့နှင့်ဆိုင်သော လူမှုစည်းမျဉ်း (Social Order) များသည် လူ့ဘဝအခြေအနေ အားလုံးအတွက် ကန့်သတ် ချုပ်ချယ်မှုထားပြီး ဖြစ်လေသည်။ နိုင်ငံတော်နှင့် ဆိုင်သော ရည်မှန်းချက်များသည် လည်းကောင်း၊ ဘာသာတရားနှင့်ဆိုင်သော ကောင်းမှု၊ ဆိုးမှု ကျင့်ဝတ် စံနှုန်းများသည် လည်းကောင်း စီရင် ပြဌာန်းပြီးသား ဖြစ်နေလေသည်။ ယင်းစီရင် ပြဌာန်းချက်များမှာလည်း လူတို့အလိုကျ ရေးဆွဲထားသည့် အတွက် အစစ်အမှန်တရား မဖြစ်၊ အတုအယောင်များသာ  ဖြစ်လေသည်။
သဘာဝတရားကမူ လူတိုင်းအား ညီမျှစွာ ဖန်ဆင်းပေးထားပြီး လူ့ဘဝ၏ တူညီသော သက်မွေး ဝမ်းကျောင်းခွင့်ကိုလည်း ပေးအပ်ထားပါသည်။ ဆိုလိုသည်မှာ သဘာဝတရား၏ ဥပဒေအတွင်း၌ လူသားသည် လွတ်လပ်စွာ မွေးဖွားလာရသည်။ အတန်းအစား ခွဲခြားမှုမရှိ၊ ကန့်သတ်ချုပ်ချယ်သော စည်းမျဉ်းစည်းကမ်း မရှိ၊ လွတ်လပ်စွာ ပြုမူလှုပ်ရှား နိုင်သည်။ ယင်းကြောင့်ပင်လျှင် ရူးဆိုးက လူသည် လွတ်လပ်စွာ မွေးဖွားလာသည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် အမျိုးမျိုးသော လူမှု စည်းမျဉ်းများကြောင့် လူသား၏ မွေးရာပါ လွတ်လပ်ခွင့်အပြင် အာရုံခံစားမှု၊ အသိဉာဏ်၊ အပြုအမူစသည့် အရာအားလုံးမှာ  လျော့ပါးတင်းကျပ် လာခဲ့ရပါသည်။ ထို့ကြောင့် သဘာဝတရားထံမှ သင်ယူခြင်းသည်သာ အကောင်းဆုံး ပညာရေး ဖြစ်သည်ဟု ရူးဆိုးက သတ်မှတ်ခဲ့ခြင်း ဖြစ်လေသည်။
ဝေဖန် အကဲဖြတ်သူ (Paul Monroe) ၏ အလိုအရလည်း ရူးဆိုး၏ ပညာရေးအမြင်သည် လူ့အဖွဲ့အစည်း၏ ပုံသဏ္ဌာန်တစ်ရပ်ရပ် အပေါ်တွင်လည်းကောင်း၊ အနှစ်သာရမဲ့သော ရှေးရိုးစဉ်လာ စာသင်ကျောင်းများတွင် လည်းကောင်း အခြေမပြုဘဲ စစ်မှန်သော လူ့သဘာဝ၏ အသိပညာ ရရာရကြောင်းတွင်သာ အလေးထားပါသည်။ ရူးဆိုး၏ အလိုအရ (Emile) ပညာရေး၏ ပန်းတိုင်မှာ သူတစ်ပါးအား ချစ်ခင်ကြင်နာရေး၊ စိတ်ဖွံ့ဖြိုးရေးနှင့် စာရိတ္တ ခိုင်ခံ့ရေး စသည့် အရည်အသွေးတို့ ကြွယ်ဝစေရန် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း သူသည် သဘာဝလူသား (natural man) နှင့် လူ့လောကလူသား (Social man or citizen) မှ တစ်ခုခုကို ရွေးချယ်ရမည်ဟု ဆိုပါသည်။ ရူးဆိုး ဆိုလိုသော သဘာဝလူသားမှာ လူရိုင်းတစ်ယောက် မဟုတ်ပေ။ သူ့ ပင်ကိုသဘာဝ၏ ထိန်းကျောင်း ညွှန်ကြားမှုများကို ခံစားရသော လူသား တစ်ယောက်သာ ဖြစ်သည်။ ယင်းသဘာဝ လူသားသည် မည်သည့် လူသား ပတ်ဝန်းကျင်၏ လွှမ်းမိုးချုပ်ကိုင်မှုများမှာ ကင်းလွတ်လေသည်။ လူ့လောက လူသားမှာမူ ယင်းလူ့အဖွဲ့အစည်းအတွင်း တည်ရှိပြီး ဖြစ်သော ဓလေ့ထုံးတမ်းများအတိုင်း လိုက်နာ နေထိုင်ရသော သူသာ ဖြစ်လေသည်။ ဆိုလိုသည်မှာ သဘာဝလူသားသည် သူ့ကိုယ်၌ပင်လျှင် ပြီးပြည့်စုံသော လူသားတစ် ယောက်အဖြစ် သတ်မှတ်နိုင်ပါသည်။ ဥပမာအားဖြင့် သဘာဝလူသားသည် (numerical unit) ဖြစ်ပြီး၊ လူ့လောက လူသားသည် (fractional unit) ဖြစ်လေသည်။ ထို့ကြောင့် လူ့လောက လူသား၏ တန်ဖိုးသည် သူအခြေပြုရာ လူ့အဖွဲ့အစည်းကိုသာ အချိုးကျ မှီခို အားထားနေရပါသည်။
လူသားသည် တစ်စုံတစ်ရာကို ရွေးချယ်ဆောင်ရွက် လုပ်ကိုင်မည်ဆိုပါက မိမိ၏ လူသားဖြစ်ခြင်း အပေါ်တွင် သေချာရန် အရေးကြီးပါသည်။ ယင်းအတွက် ကလေးသူငယ်များကို ပညာပေးရာ၌ လူကြီးများ ဖြစ်စေချင်သည့် စံညွှန်းများအတိုင်း ပုံသွင်း လောင်းပေးခြင်းကို ရှောင်ရှားရပါမည်။ ကလေးငယ်ဘဝတွင် သူတို့၏ သဘာဝစွမ်းအား ရှိသလောက်သာ သင်ကြားစေပြီး လူရွယ်ဘဝ (Robinson Crusoe) ကဲ့သို့ မိမိကိုယ်မိမိ မှီခို အားထားနိုင်သော (self - dependence) အခြေအနေ ရောက်မှသာ အပြုပညာရေးမျိုးကို  ပေးအပ်ရပါမည်။ ဤအခြေအနေတွင် စာသင် သားတို့သည် အာရုံများ (Sensation) မှ စိတ်ကူးစိတ်သန်းများ (ideas) သို့ လည်းကောင်း၊ ခံစားမှု (feel) သက်သက်မှ စဉ်းစား တွေးခေါ်ခြင်း (reasons) သို့ လည်းကောင်း ကူးပြောင်းလာပြီ ဖြစ်သည့်အလျှောက် လောက၏ မှားမှန် တန်ဖိုးများကို ရွေးချယ် အကဲဖြတ် နိုင်ပေသည်။ ထို့ကြောင့် ရူးဆိုးက ̒ ကလေးအား ကြင်နာ ထောက်ထားပါ။ သင်ပြပါ။ ပစ္စုပ္ပန်ကို မစော်ကားဘဲ အနာဂတ်အတွက် လမ်းဖွင့်ပေးပါ ̓ ဟူ၍ ဆိုထားခြင်းပင် ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် ရူးဆိုး၏ သဘာဝ ပညာရေးသည် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းများနှင့် အတော်အတန် မဟပ်စပ်သော်လည်း ပညာရေးလွတ်လပ်ခွင့်၊ ကျောင်းသား အခြေပြုစနစ် စသည်တို့အတွက် လမ်းဖွင့်ပေးခဲ့သည်ကို တွေ့ရပါမည်။ လူသဘာဝအား မပျက်စီးစေဘဲ လူသားတန်ဖိုးထား ပညာရေး အယူအဆ တစ်ရပ် အနေဖြင့်လည်း တန်းဖိုးကြီး လှပါသည်။ သူ့ခေတ်၏ အချုပ်အနှောင်ကြားမှာ ပညာရေး (Education in chains) ကို ဆန့်ကျင်ပြီး ပုဂ္ဂလလူသား၏ တန်ဖိုးမဖြတ်နိုင်သော လွတ်လပ်မှု အယူအဆကို မီးမောင်းထိုး ပြခဲ့ပါသည်။ နှောင်းခေတ် ပညာရေး အတွေးအခေါ် ပညာရှင်များဖြစ်သော ဘေ့(စ်) ဒိုး (Basedow)၊ ပတ်စတာ လိုဇီ (Pestalozzi)၊ ဖရိုဘဲ(လ်) (Froebel ) တို့၏ ပညာရေး အတွေးအခေါ်နှင့် လက်တွေ့ ကျင့်သုံးမှုများသည်ပင် ရူးဆိုး၏ (Emile) ပါ ပညာရေး အယူအဆများအပေါ် အခြေခံထားသည်ကို တွေ့ရမည် ဖြစ်လေသည်။
သူရိန်ထက်လင်း
(ပညာရေးအတွေး၊ ဒဿနအမြင် စာအုပ်မှ..)
http://www.maukkha.org  မှ တဆင့်ကူးယူဖော်ပြသည်။

2010/08/25

ဗိုလ်မိုးကြိုး အပြန်နုတ်ခွန်း ဆက်ခြင်း နှင့် ဗိုလ်ချုပ်မိန့် ခွန်း

ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း
Thursday, March 26, 2009

Photobucket
ဗိုလ်မှူးကြီး စူဇူကီး ခေါ် ဗိုလ်မိုးကြိုး (ရှေ့ဆုံးတန်းမှ မြန်မာ့ ပုဆိုး၊ တိုက်ပုံအင်္ကျီနှင့် ခေါင်းပေါင်း ပေါင်းထားသူ) နှင့် ဗိုလ်ချုပ်အောင်ဆန်း (ရှေ့ဆုံးတန်း အလယ်လူ) တို့ ဦးဆောင်သော ရဲဘော် သုံးကျိပ်ဝင် အချို့။

"ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း" ကို ၁၉၈၅ ခု၊ ဒီဇင်ဘာလမှာ 'ပုရပိုက် စာပေနှင့် အနုပညာ' က ပုံနှိပ် ထုတ်ဝေခဲ့တဲ့ စစ်ကိုင်းဟန်တင်ရဲ့ 'ဗိုလ်ချုပ်အောင်ဆန်း၏ ရှားပါး မိန့်ခွန်းများ' စာအုပ်မှနေ ပြန်လည် ကူးယူ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။

ဗိုလ်မိုးကြိုးအပြန် နောက်ကြောင်းလှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း

၁၂၄၇ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၈ ရက် တနင်္ဂနွေနေ့က (၂၉၊ ၁၁၊ ၁၈၈၅) မြန်မာနိုင်ငံတော်ရော မြန်မာလူမျိုး တရပ်လုံး၏ အမွန်အမြတ်ဆုံး လွတ်လပ်မှု အားလုံးကိုပါ ဆုံးရှုံး ပျက်ပြား ခဲ့ကြရပြီး နိုင်ငံခြားသား လူမျိုးများအောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် လွတ်လပ်ရေး ပြန်လည် ကြေညာ နိုင်ကြရအောင် မြန်မာ လူမျိုးတရပ် အရပ်အနား မရှိ မနားမနေ ကြံစည် အားထုတ် ကြိုးစားလာ ခဲ့ကြရလေသည်။
မြန်မာတို့၏ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို လိမ်လည် လှည့်ဖြား၍ ဖမ်းယူ သွားကြသည့် အခါက မြန်မာ့ နယ်မြေ တရပ်လုံး တောင်ပေါ် မြေပြန့်ရှိ လူမျိုးစု အားလုံးပင် ရရှိကြရာ လက်နက်များဖြင့် ဥရောပတိုက်သား ဖောက်ပြန်သည့် အင်္ဂလိပ် အစိုးရ၏ လက်နက်ကိုင် တပ်များကို ဆယ်နှစ်ကျော်မျှ အနိုင်မခံ အရှုံး မပေးကြသေးသော စိတ်နေ စိတ်ထားများ အရ ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြပေသေးသည်။
ထို့ကြောင့် ဖောက်ပြန်သော အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများသည် မြန်မာတို့ သက်ဦးဆံပိုင် သီပေါဘုရင် မင်းမြတ်ကို အနိုင့်အထက်ရော လိမ်လည် လှည့်ဖြား၍ပါ ဖမ်းယူ သွားကြပြီးနောက် မြန်မာလူမျိုး တရပ်လုံး အပေါ် သတ်မှတ်ချက် စည်းမျဉ်းအရ အုပ်ချုပ်ကြခြင်း မပြုလုပ် နိုင်ကြသေးဘဲ လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီးထားကြသည့် စစ်အုပ်ချုပ်ရေးဖြင့် ရက်စက် ကြမ်းတမ်းစွာ ဖိနှိပ် အုပ်ချုပ် နေကြရပေသေးသည်။
လက်နက်စွဲကိုင် ပြန်လှန် တိုက်ခိုက် မောင်းနှင် နေကြသော မြန်မာ အင်အားစုများသည် တိုးတက် ထွန်းကားကြခြင်း မရှိကြသေးသည့် အလျောက် လက်နက် အစွမ်း အင်အား လူအင်အား မမျှတကြပဲ ခုခံ မောင်းနှင် နေကြရသောကြောင့် ဆုတ်ယုတ် လျော့ကျမှုဘက်သို့ ရောက်ရှိ သွားကြရလေရာ နောက်ဆုံး လူတယောက် လက်နက် တခုမျှ ကျန်ရှိကြရသော အခြေအနေ အရ အားမတန် မာန်လျှော့ ချလိုက်ကြ ရတော့သည်။
ဤကဲ့သို့သော အဖြစ်အပျက် အခြေအနေသို့ ဆိုက်ရောက် သွားကြရသည့် အခါ ဖောက်ပြန်သော အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားတို့ တပါးက္ဆွန်များသည် လက်နက်ကိုင် တပ်ဖွဲ့များ ဦးစီး ကြိုးကိုင် ထားကြသော စစ်အုပ်ချုပ်ရေးကို ရုပ်သိမ်း လိုက်ကြပြီး စစ်ဝတ်စစ်စား ဘောင်းဘီများချွတ် အရပ်ဝတ် အရပ်သား ဝတ်ဆင်ကြကာ အုပ်ချုပ်ရေး စည်းမျဉ်းအရ အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲ အုပ်ချုပ် လိုက်ကြတော့သည်။
ဖော်ပြခဲ့သည့် အတိုင်း အရပ်သား အုပ်ချုပ်ရေးသို့ ပြောင်းလဲ လိုက်ကြသော အခါ မြန်မာ နိုင်ငံတော်ရောက် အုပ်ချုပ်ရေးဘက် ဆိုင်ရာ တာဝန်ခံများသည် ဖိနှိပ် အုပ်ချုပ်မှု လွယ်ကူကြရ စေရန် ရည်ရွယ်၍ မြန်မာနိုင်ငံတော်ဖွား မြန်မာ လူမျိုးများကို အုပ်ချုပ်ရေး အတွင်း သွတ်သွင်း အသုံးပြု လိုကြသည့် အတိုင်း စာသင်ကျောင်းများ ဖွင့်လှစ် သင်ကြား ပေးလိုက်ကြလေသည်။
ထိုကဲ့သို့ ကျောင်းများ ဖွင့်လှစ် သင်ကြား ပြသ ပေးလိုက်ကြရ၊ အင်္ဂလိပ်စကား၊ အင်္ဂလိပ်စာများ ပြောဆို ရေးသား တတ်မြောက် လာခဲ့ကြသော မြန်မာ လူငယ်ကလေးများသည် မြန်မာနိုင်ငံတော် လွတ်မြောက်ရေး အတွက် အသင်းအဖွဲ့ အစည်းအရုံးများ တည်ထောင် ဖွဲ့စည်း လာကြကာ မြန်မာလူမျိုး တရပ်လုံး သွေးစည်း ညီညွတ်ရေး ရရှိကြရအောင် စည်းရုံး လှုပ်ရှားလာ ခဲ့ကြရာ အနောက်ဘက် ဥရောပတိုက် အတွင်း၌ နှစ်ကြိမ်မြောက် ကမ္ဘာ့ လူသတ် နယ်ချဲ့ စစ်ပွဲကြီး ဖြစ်ပွား ပေါ်ပေါက် လာခဲ့လေသည်။
ဥရောပတိုက် အတွင်း၌ ကမ္ဘာ့ လူသတ် နယ်ချဲ့ စစ်ပွဲကြီး ဖြစ်ပွားလာသည့် အချိန် မြန်မာ နိုင်ငံတော်၏ လွတ်လပ်ရေး အတွက် စည်းရုံး လှုပ်ရှားမှု အရှိန် အမြင့်မားဆုံးသို့ ရောက်ရှိနေသည့် အတိုင်း မြန်မာ့အသင်း အဖွဲ့ အစည်းအရုံးတို့တွင် တို့ဗမာ အစည်းအရုံးသည် အမြင့်ဆုံး အဆင့်ဖြင့် ထိပ်တန်း ရောက်ရှိ နေပေရာ မြန်မာ့ လွတ်လပ်ရေး ကြေညာနိုင်ကြဖို့ ဆိုလျှင် လက်နက်ကိုင် တိုက်ပွဲ အရသာ တလမ်းတည်းဟု တွက်ဆ ယုံကြည် ယူဆကြကာ လက်တွေ့ လမ်းစဉ် လုပ်ငန်းများ ဖော်ထုတ်နိုင်ကြအောင် သိပ်သိပ်သည်းသည်း စီစဉ် စိုင်းပြင်း လာခဲ့ကြ ရတော့သည်။
ထို့ကြောင့် သခင်များ ရှေ့ဆောင် ဦးစီး နေကြသော တို့ဗမာ အစည်းအရုံး နှစ်ပိုင်းလုံး အတွင်းရှိ ခေါင်းဆောင်များသည် မြန်မာ နိုင်ငံတော်ကို စိုးမိုး အုပ်ချုပ် နေကြသော ဖောက်ပြန်သည့် အင်္ဂလိပ် အရင်းရှင် နယ်ချဲ့သမားများ ရပ်တည် မနေနိုင်ကြအောင် မြန်မာ့ လူထု စည်းရုံးရေး အရင်းခံသည့် လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲကြရင် တိုးတက်သော အင်အား ရှိနေကြသည့် နိုင်ငံရပ်ခြား အကူအညီများ မရရှိကြဘဲ လက်တွေ့ တိုက်ပွဲများ ဖြစ်ပေါ် မလာနိုင်ကြဟု ယူဆ ယုံကြည် ခဲ့ကြသည်။
ဤကဲ့သို့ ယူဆ ယုံကြည် လိုက်ကြသည့် အတိုင်း သခင် ကိုယ်တော်မှိုင်း အုပ်စုဘက်ရှိ တို့ဗမာ အစည်းအရုံး ခေါင်းဆောင်များသည် လက်နက်ကိုင် တိုက်ပွဲအရ စစ်ဆင်ရေး အတွက် စစ်လက်နက် စစ်အသုံးအဆောင်များ ရရှိနိုင်ကြရန် နယ်မြေ တစပ်တည်း အနီးရှိ တရုတ်နိုင်ငံ ဘက်သို့ ဦးတည်၍ သခင်အောင်ဆန်း၊ သခင်လှမြိုင်တို့ နှစ်ယောက် ပင်လယ် လမ်းကြောင်းဖြင့် သင်္ဘေစီး၍ ထွက်ခွာ လာခဲ့ကြလေသည်။
ထိုနည်းအတူပင် သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ ဦးစီး ရှေ့ဆောင် နေကြသော တို့ဗမာ အစည်းအရုံး အတွင်းရှိ ခေါင်းဆောင်တို့ကလည်း လက်နက်ကိုင် တိုက်ပွဲ ဆင်နွှဲ ကြရမည် ဆိုလျှင် နိုင်ငံရပ်ခြား အကူအညီ မရရှိကြဘဲ မဖြစ်နိုင်ကြဟု တွေးဆ လက်ခံ ခဲ့ကြသည့် အတိုင်း စစ်အတတ်များရော စစ်လက်နက် အသုံးအဆောင်များပါ အပြည့်အစုံ ရရှိနိုင်ကြရန် အရှေ့ အာရှဘက်ရှိ အတိုးတက် အမြင့်မားဆုံးသို့ ရှေ့တန်း တနေရာယူ ရောက်ရှိနေသော ဂျပန်နိုင်ငံဘက် ထွက်ခွာ လာခဲ့ကြလေသည်။
ဤသို့သော နည်းအားဖြင့် သခင်များ ခေါင်းဆောင် နေကြသော တို့ဗမာ အစည်းအရုံးဝင် ခေါင်းဆောင်များသည် ကိုယ်စီကိုယ်စီ တသီးတခြား ယူဆ ယုံကြည်ချက်များ အတိုင်း နိုင်ငံရပ်ခြား ဝေးမြေများသို့ တကွဲတပြားစီ ထွက်ခွာ လာခဲ့ကြသော်လည်း အယူအဆချင်းတူ အတွေးအခေါ်ချင်း တိုက်ဆိုင် လာခဲ့ကြရလေရာ အကြောင်းအား လျော်စွာ ဂျပန် နိုင်ငံအတွင်း သွားရောက် ပေါင်းစပ်မိကြကာ မြန်မာ့ လွတ်လပ်ရေး လက်နက်ကိုင် တပ်မတော် ဖွဲ့စည်း တည်ထောင် မိခဲ့ကြသည့် အဆင့်တွင် ပေါင်းဆုံ သွားမိ ခဲ့ကြလေသည်။
ထိုကဲ့သို့သော နည်းမျိုးအရ ယိုးဒယားနိုင်ငံ ဘန်ကောက်မြို့၌ မြန်မာ့ လွတ်လပ်ရေး တပ်မတော် တည်ထောင် ဖွဲ့စည်းမိခဲ့ကြပြီး မြန်မာနိုင်ငံတော် နယ်မြေအတွင်း အရောက် ချီတက် တိုက်ခိုက် လာနိုင်ကြအောင် စစ်ကြောင်းများ ခွဲ၍ တပ်ထွက်ကြရန် စနစ်တကျ ဖွဲ့စည်း လိုက်ကြသည့် အခါ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး အဖြစ် ဗိုလ်မှူးကြီး စူဇူကီးကို မြန်မာအမည် ဗိုလ်မိုးကြိုးဟု မှည့်ခေါ် သုံးနှုန်းကြကာ ကွပ်ကဲ အုပ်ချုပ် ဦးစီး ခဲ့ကြလေသည်။
ဗိုလ်မိုးကြိုး ဦးစီး ကွပ်ကဲ အုပ်ချုပ်လာခဲ့သော မြန်မာ့ လွတ်လပ်ရေး တပ်မတော်ရော ဂျပန် လက်နက်ကိုင် တပ်ဖွဲ့များပါ ပူးပေါင်း စစ်ဆင် တိုက်ပွဲဝင်လာ ခဲ့ကြရသောကြောင့် ခြောက်လခန့်မျှဖြင့် မြန်မာနိုင်ငံတော် နယ်မြေ အားလုံးအပေါ် တပ်စွဲ အုပ်စိုး၍ ကောင်းမွန် ငြိမ်းချမ်းစွာ ရပ်တည် နေနိုင် ခဲ့ကြလေသည်။
မြန်မာနိုင်ငံတော် အတွင်းသို့ စစ်ဆင် ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ကြရန် ရည်ရွယ် ပြင်ဆင် ခဲ့ကြစဉ် အခါက သခင်အောင်ဆန်း၊ သခင်ထွန်းအုပ်တို့ ဂျပန် စစ်ဘက်ဆိုင်ရာ အရာရှိကြီးငယ်များ မြန်မာနိုင်ငံတော် အရေး ဆွေးနွေးခဲ့ကြရာ မြန်မာနိုင်ငံတော် အောက်ပိုင်း နယ်မြေရှိ ရေး၊ မြိတ်၊ ထားဝယ်၊ မော်လမြိုင် စသည့် မြို့ကြီးများကို လက်ရ သိမ်းပိုက်မိပြီး ကြရင် မြန်မာ အစိုးရအဖွဲ့ တည်ထောင်၍ မြန်မာ့ လွတ်လပ်ရေး ကြေညာနိုင်ကြခွင့် ရရှိကြ ရမည်ဟု နှစ်ဦး နှစ်ဖက် ဆွေးနွေး လက်ခံခဲ့ကြခြင်း အရ ကျေနပ် သတ်မှတ်ထား ခဲ့ကြသည်။
ဤကဲ့သို့ လက်ခံကျေနပ် သတ်မှတ်ထား ခဲ့ကြသော်လည်း မြန်မာနိုင်ငံတော်ထက် အောက်နယ်မြေ အားလုံး အပေါ် တပ်များ အတည်တကျ စခန်းချ တပ်စွဲ ထားနိုင်ခဲ့ကြသည့် တိုင်အောင် မြန်မာ့ လွတ်လပ်ရေး ကြေညာခွင့် မရရှိခဲ့ကြသည့် အပြင် မြန်မာ့ လွတ်လပ်ရေး လက်နက်ကိုင် တပ်မတော်ကိုပင် အပြီးအပိုင် ရုပ်သိမ်း ဖျက်ပစ် လိုက်ကြဖို့ လက်တွေ့ စီစဉ် လိုက်ကြတော့သည်။
ထိုကဲ့သို့သော အဖြစ်အပျက် အခြေအနေများ ဖြစ်ပွား ပေါ်ပေါက်လာသည့် အခါ ဂျပန် လက်နက်ကိုင် တပ်ဖွဲ့များ အတွင်းရော မြန်မာ့ လက်နက်ကိုင် တပ်ဖွဲ့များ အတွင်းပါ ဆန့်ကျင် အငြင်းပွားမှုများ လှုပ်ရှား ပြန့်ပွား ပြင်းထန် မြင့်မား လာခဲ့ကြရလေရာ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ခေါ် ဘီအိုင်အေ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဘက်က ရပ်တည်လျက် ရှိနေ ပေတော့သည်။
ဗိုလ်မိုးကြိုး မြန်မာတို့ဘက်က ရပ်တည် အရေးဆို လာသော အခါ မြန်မာ နိုင်ငံတော် နယ်မြေပေါ်ရှိ ဂျပန် စစ်ဗိုလ်ချုပ်ကြီးများ အတွင်း ဝင်ရောက် မွှေနှောက်လိုက်ရာ ငြိမ်ဆိမ် တိတ်ဆိတ် မနေသာတော့ဘဲ ဂျပန်နိုင်ငံရှိ ဗဟို စစ်ဦးစီးချုပ်သို့ တိုင်အောင်ကို အရှုပ်အထွေး ရောက်ရှိ သွားသောကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးကို ဂျပန်နိုင်ငံ ဗဟို စစ်ဦးစီးချုပ် အရောက် ပြန်လည် ခေါ်ယူ လိုက်ကြလေသည်။
ထို့ကြောင့် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးကို လက်ရှိ စစ်တာဝန်ရပ်များ ရုပ်သိမ်းလိုက်ကြပြီး ဂျပန်နိုင်ငံသို့ အရောက် ပြန်လည် ခေါ်ယူ လိုက်ကြလေရာ ဗဟို စစ်ဦးစီး အမိန့် အပေါ် လေးစား လိုက်နာကြရသော ထုံးတမ်းစဉ်လာ အရ ဂျပန်နိုင်ငံ အရောက် ပြန်လည် သွားရတော့မည် ဖြစ်လေသည်။
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ ပြန်သွားရတော့မည့် ရက် အချိန် မတိုင်မီ မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဦးစီး ခေါင်းဆောင်ပိုင်းရှိ ဂျပန်ပြန် ရဲဘော် သုံးကျိပ်ဝင် စစ်ဗိုလ်များက ကြီးမှူး စီစဉ်၍ ၁၃ဝ၄ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၁ ရက် တနင်းလာနေ့ (၁၃၊ ၇၊ ၄၂) နေ့လည် တနာရီ အချိန် ရန်ကုန်မြို့ အလံပြ ဘုရားလမ်း ဘီအိုင်အေ ခေါ် မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်ရုံးချုပ် အဖြစ် ထားရှိသည့် တီဘွန်တုတ် အဆောက်အအုံ အပေါ်ဆုံးထပ် ခန်းမဆောင် အတွင်း ချီးကျူး နှုတ်ဆက်ပွဲ တရပ် ကျင်းပ ပြုလုပ်ခဲ့ကြလေသည်။
ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ အပြန် လေးစားကြသော အားဖြင့် ချီးကျူး နှုတ်ဆက်ပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ ခန်းမဆောင် အခမ်းအနားသို့ မြန်မာ နယ်မြေရောက် ဂျပန် စစ်ဗိုလ်ချုပ်ကြီးများ အပါအဝင် ၂၆ ယောက်၊ ဂျပန် ရဲဘော် သုံးကျိပ်ဝင် မြန်မာ့ လွတ်လပ်ရေး တပ်မတော် စစ်ဗိုလ် ၂၁ ယောက်၊ ပေါင်း ၄၇ ယောက်သာ တက်ရောက် ရရှိ ကြုံကြိုက် ခဲ့ကြရလေသည်။

၁။ မိနာမိ ခေါ် ဗိုလ်မိုးကြိုး
၂။ ကာဝါရှီးမား
၃။ ယာမာမိုတို
၎။ ကီကာဂျီမား
၅။ အီဇူမိယား
၆။ ဒိုးဘီ
၇။ တေရာ
၈။ အေအိုကီး
၉။ ကီဇာကိုး
၁ဝ။ ဇေအီဗန်
၁၁။ ကီမူရာ
၁၂။ နိုးဆီး
၁၃။ ဒိုးအီ
၁၄။ တာယာ
၁၅။ ဆာတို
၁၆။ မာတူစီးတား
၁၇။ ရာဆူဒါး
၁၈။ ယိုကိုတာ
၁၉။ ဒေါက်တာ ဆူဇူကီး
၂ဝ။ တီဂူချီး
၂၁။ မူလာကာမီး
၂၂။ အိုဆူဆိုး
၂၃။ ဘီမူရား
၂၄။ ကိုမိုတို
၂၅။ အိုဟင်ဂျီနာဂေး
၂၆။ မီနာမီး

မြန်မာ့ လွတ်လပ်ရေး တပ်မတော်ဘက် ဆိုင်ရာ စစ်ဗိုလ်များ

၁။ ဗိုလ်တေဇ ၂။ ဗိုလ်လက်ျာ
၃။ ဗိုလ်ဇေယျ ၄။ ဗိုလ်ရန်အောင်
၅။ ဗိုလ်ကျော်ဇော ၆။ ဗိုလ်လရောင်
၇။ ဗိုလ်စကြာ ၈။ ဗိုလ်နေဝင်း
၉။ ဗိုလ်မင်းခေါင် ၁ဝ။ ဗိုလ်လင်းယုန်
၁၁။ ဗိုလ်ဗလ ၁၂။ ဗိုလ်အောင်
၁၃။ ဗိုလ်ဇင်ယော် ၁၄။ ဗိုလ်မင်းရောင်
၁၅။ ဗိုလ်မိုးညို ၁၆။ ဗိုလ်မြင့်အောင်
၁၇။ ဗိုလ်တောက်ထိန် ၁၈။ ဗိုလ်တာရာ
၁၉။ ဗိုလ်စောနောင် ၂ဝ။ ဗိုလ်ရဲထွတ်
၂၁။ ဗိုလ်မင်းရေ

အထက်ပါ ချီးကျူး နှုတ်ဆက်ပွဲသို့ တက်ရောက်လာကြမည့် ဂျပန် မြန်မာ စစ်ဗိုလ်များ နေထိုင်ကြရန် အဆောက်အအုံ အပေါ်ဆုံးထပ် ခန်းမဆောင် အတွင်း အရှေ့ဘက်ထိပ်က စားပွဲရှည်ကြီး တချပ် ခင်းထားပြီး ထိုစားပွဲရှည်ကြီးကို ကန့်လန့် ထိပ်တိုက် စားပွဲအရှည် သုံးချပ် ငါးပေခန့်စီ ကွာခြား၍ ခင်းထားလိုက်ရာ အင်္ဂလိပ်စာလုံး အီးစာလုံးကဲ့သို့ ဖြစ်နေ ပေတော့သည်။
ဤကဲ့သို့ ခင်းကျင်း ပြင်ဆင်ထားသော အရှေ့ဘက် ထိပ်ဆုံးရှိ စားပွဲရှည်ကြီး အလယ်၌ မြန်မာ့ လွတ်လပ်ရေး ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇတို့ နှစ်ယောက် အတူယှဉ်ထိုင်ကြပြီး ဘေးတဖက်တချက်က ဂျပန် မြန်မာ စစ်ဗိုလ်များ တယောက်ခြားစီ ထိုင်ကြရာ ဗိုလ်တေဇဘေးက ဗိုလ်မိုးကြိုး၊ ဗိုလ်တေဇဘေးက ကာဝါရှီးမားတို့ နေရာ ယူထားကြလေသည်။
ကျန်အခြား မြန်မာ စစ်ဗိုလ် ဂျပန် စစ်ဗိုလ်များသည် အရှေ့ဘက် စားပွဲကြီးသို့ ထိပ်တိုက် ခင်းထားသော စားပွဲသုံးလုံး၌ ဂျပန် မြန်မာ စစ်ဗိုလ်များ တယောက်ခြားစီ အတူယှဉ်တွဲ နေရာယူ ထိုင်ကြသည်။

ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ချီးကျူး နှုတ်ဆက်ပွဲ ဖတ်ကြားသည့် ချီးကျူး သြဘာစာတမ်း

ဗမာ လူမျိုးများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၅ဝဝ ကျော်က စ၍ မြို့တော် အသီးသီးတွင် ရွှေထီး ရွှေနန်း ရွှေကြငှန်း စိုက်ထူကြကာ မင်းအဆက်ဆက်တို့ဖြင့် အုပ်ချုပ် စိုးမိုးခဲ့ကြ၍ လွတ်လပ် ယဉ်ကျေးသည့် သခင် လူမျိုးများ ဖြစ်ခဲ့ကြပါသည်။ ဤကဲ့သို့ ယဉ်ကျေးသည့် သခင် လူမျိုးများ ဖြစ်ခဲ့ကြသော်လည်း လွန်ခဲ့သည့် နှစ်ပေါင်း တရာကျော်လောက်က အင်္ဂလိပ်တို့ လက်အောက် ကျရောက် က္ဆွန်သားပေါက် အဖြစ်သို့ ရောက်ရှိ လာခဲ့ကြရသည်။
ဤသို့ အင်္ဂလိပ်တို့ လက်အောက် က္ဆွန်သားပေါက် အဖြစ်သို့ ကျရောက် ခဲ့ကြရသဖြင့် မြန်မာ လူမျိုးတို့၏ ယဉ်ကျေးမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေး၊ သာသနာရေး စသည်တို့ နာလန် မထူနိုင်ကြအောင် ဖိနှိပ် ချုပ်ချယ် ဖျက်ဆီးခြင်း ခံခဲ့ကြရသောကြောင့် လူမျိုး မပျောက်ကြရ ရုံသာ ကျန်ရှိ နေခဲ့ကြ ရတော့သည်။
အင်္ဂလိပ်တို့ ရက်စက် ပြင်းထန်သော ဖိနှိပ် ချုပ်ချယ်မှုအောက် ပြားပြားမှောက် ကျရောက် နေခဲ့ကြရာ အားကိုးရာ မမြင် တွယ်ရာမဲ့ ဖြစ်နေကြရသည့် အခိုက် လွန်ခဲ့သည့် ၃၇ နှစ်က ဂျပန်တို့သည် စစ်အင်အား ဗိုလ်ပါများစွာ ကြီးမားလှသော ရုရှားတို့ကို တိုက်ခိုက် အောင်မြင် ခဲ့ကြလေရာ အာရှတိုက်သားတို့ စိတ်အား တက်ွ့က လာခဲ့ကြ ရလေသည်။
ထို့နောက် ဂျပန် လူမျိုးတို့သည် ကြီးကျယ် ဖွံ့ဖြိုး တိုးတက် လာခဲ့ကြသည့် အလျှောက် ကမ္ဘာ့ထိပ်တန်း နိုင်ငံအဆင့်သို့ တဟုန်ထိုး မြင့်မား တက်ွ့က လာခဲ့ကြရာ ဥရောပ ဒုတိယ ကမ္ဘာ့စစ်ကြီး ဖြစ်ပွားလာခဲ့ သဖြင့် အင်္ဂလိပ် အမေရိကန် မဟာမိတ် နိုင်ငံများ အပေါ် စစ်ကြေညာ၍ အရှေ့ အာရှဘက် မင်းမူလျက် ရှိနေကြသော အင်္ဂလိပ် အမေရိကန်တို့ကို မောင်းနှင် တိုက်ထုတ် ဖြိုခွင်း နိုင်ခဲ့ကြလေသည်။
အရှေ့အာရှဘက် ပစိဖိတ် ရေပြင်အတွင်းရှိ က္ဆွန်းငယ် နိုင်ငံကလေးများအပေါ် ဗိုလ်ချဲ့ အုပ်စိုးကြလျက် ရှိနေကြသော အင်္ဂလိပ် အမေရိကန်တို့ကို ချေမှုန်း တိုက်ခိုက် မောင်းနှင် လိုက်ကြပြီးနောက် က္ဆွန်ုပ်တို့ ဗမာပြည်၏ လွတ်လပ်ရေး ခေတ်သစ် ထူထောင်ရေး တို့ကိုလည်း စွမ်းစွမ်းတမန် ဆောင်ရွက်နိုင်ကြရန် မိနာမိ အမည်ရှိသော ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး ထမြောက် အောင်မြင်အောင် ဖွဲ့စည်း ပေးလိုက်လေသည်။
ဤကဲ့သို့ ဖွဲ့စည်း တည်ထောင်ပြီးနောက် ဗိုလ်တေဇ အမည်ခံ သခင်အောင်ဆန်း အမှူး ရှိသော အာဇာနည် ယောက်ျား မြန်မာ လူငယ်များ၏ အကူအညီဖြင့် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီးကို ကြီးမှူး ဦးဆောင်ကာ ဂျပန်ဘုရင် တပ်မတော်များနှင့် အတူ မြန်မာပြည် အတွင်းရှိ အမေရိကန် အင်္ဂလိပ် တရုတ် စစ်သည်များကို ထုံးလိုမွှေ ရေလိုနှောက်ကြပြီး တိုက်ခိုက် နှိမ်နင်း ခဲ့ကြလေသည်။
မောင်းနှင် တိုက်ခိုက်ကြပြီးနောက်ွ့ကင်းကျန်နေသော မိစ္စာကောင်များကိုလည်း မြန်မာပြည်မှ အပသို့ ရက်ပေါင်း ၇ဝ အတွင်း ခါးဝတ် ဘောင်းဘီကိုမျှ အစိုးမရကြစေပဲ အတင်းတရကြမ်း မောင်းနှင် တိုက်ခိုက်ကြသည်ကို တကမ္ဘာလုံး သိရှိကြပြီး ဖြစ်ခဲ့ကြသည့် အတိုင်း ဗမာ့ လွတ်လပ်ရေး ရာဇဝင် အတွင်း မော်ကွန်း တင်သွင်းရမည် ဖြစ်သော အကြောင်းကြီး တရပ် ဖြစ်ပေသည်။
ထို့ပြင်တဝ အဘဖြစ်သူသည် မိမိ၏ ရင်နှစ် သားချစ်၊ သမီးချစ်တို့ကို မကောင်းမြစ်တာ ကောင်းရာညွှန်ပြ ဆုံးမ သွန်သင်ကာ စောင့်ထိမ်း အုပ်ချုပ်ဘိ သကဲ့သို့ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည်လည်း ဗမာ့ လွတ်လပ်ရေး တပ်မတော်သားများ အပေါ် ထူးကဲ မွန်မြတ်သော စေတနာ ထား၍ ဆုံးမသွန်သင် ပဲ့ပြင်လျှက် အုပ်ထိမ်း စောင့်ရှောက် ခဲ့သည်ကိုလည်း ဗမာ ပြည်သူပြည်သား အပေါင်းတို့သည် မည်သည့်အခါမျှ မေ့ပျောက် နိုင်ကြမည် မဟုတ်ကြပေ။
ထိုမှတပါး ကမ္ဘာပေါ်တွင် မြန်မာနိုင်တည်း ဟူသော လွတ်လပ်သော နိုင်ငံတခု အဖြစ်ဖြင့် တည်တံ့ ခိုင်မြဲနိုင်ရေး မျှော်တွေးလျှက် ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး ကဲ့သို့သော ကုန်းတပ်ကြီး တခုတည်းဖြင့် တောင့်တင်း ခိုင်လုံပြီဟု စိတ်ချရသည် မဟုတ်သောကြောင့် ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်ကြီးကိုလည်း မကြာမီကပင် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးက စတင် တည်ထောင် ဖွဲ့စည်း ပေးခဲ့လေသည်။
ဤသို့လျှင် ဗမာပြည်၏ အကျိုးစီးပွားများကို အားကြိုး မာန်တက် ဆောင်ရွက် သည်ပိုး ခဲ့ပေသော ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးသည် မကြာမီ ဂျပန်ပြည်သို့ ပြန်လည်ရတော့မည် ဖြစ်ရာ ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီး၏ မိဘ အသွင် ကျေးဇူးရှင် ဗိုလ်ချုပ်ကြီးအား က္ဆွန်ုပ်တို့သည် အမြဲအစဉ် သတိရကြမည် ဖြစ်သည့်အပြင် ဗမာပြည် အတွက် ဗိုလ်ချုပ်ကြီး ဆောင်ရွက် ခဲ့သမျှသော အကျိုးကျေးဇူး တရားတို့သည် ကမ္ဘာကြေသော်လည်း ဥဒါန်း ကြေတော့မည် မဟုတ်တော့ပေ။
ဂျပန်ပြည်သို့ ဗိုလ်ချုပ်ကြီး ပြန်လည် ဆိုက်ရောက်သည့် အခါ၌လည်း က္ဆွန်ုပ်တို့ ဗမာ လူမျိုး အပေါင်းတို့၏ ဧည့်ဝတ် ကြွေ့ပန်မှု၊ သစ္စာရှိမှု၊ သူရသတ္တိ ပြည့်စုံမှု ဂျပန် စစ်သည်တော်များကို အားပေး ကူညီမှု ဂျပန်များ အပေါ် ဗမာလူမျိုးတို့ ချစ်ခင် ရင်းနှီး ပေါင်းသင်း ဆက်ဆံမှုတို့ကို ဗိုလ်ချုပ်ကြီး မြင်တွေ့ခဲ့ရသည့် အတိုင်း ဂျပန် ဘုရင်မင်းမြတ်နှင့် တကွ နန်းရင်း ဝန်ကြီး တိုဂျို စသော ထိပ်တန်း စစ်ခေါင်းဆောင်များ ဂျပန် အမျိုးသား အမျိုးသမီးများသို့ တဆင့် စကား ပြောကြားကာ ဗမာပြည်၏ လွတ်လပ်ရေးကို မနှေးအမြန် ရရှိစေရန် အတွက်။
(က) ဗိုလ်ချုပ်ကြီး ဦးစီး တည်ထောင်ခဲ့သော ဗမာ့ လွတ်လပ်ရေး တပ်မတော်ကြီးလည်း ယခုထက် လက်နက် အင်အား ပြည့်စုံ တောင့်တင်း လာစေရန်။
(ခ) ဗမာ့ လွတ်လပ်ရေး ရေတပ်မတော်ကြီးလည်း တည်ထောင် ဖွဲ့စည်းပေးရန် စစ်သင်္ဘော ကြီးငယ်တို့ဖြင့် တင့်တယ် ခန့်ငြားစွာ မားမားမတ်မတ် ရပ်တည် နေနိုင်ရန်။
(ဂ) မကြာမီအတွင်း ဗမာ့ လွတ်လပ်ရေး လေတပ်မတော်ကြီး တည်ထောင် ဖွဲ့စည်း ပေးစေရန် ကြံဆောင် ကြိုးစား လိမ့်မည်ဟု က္ဆွန်ုပ်တို့ အထူးမျှော်လင့် ယုံကြည်လျှက် ရှိနေကြပါကြောင်း ထပ်လောင်း၍ မျှော်လင့် တောင်းတ ကြပါကြောင်း။
ဤချီးကျူး သြဘာ စာတမ်းကို ဖတ်ကြားပြီးနောက် အင်္ဂလိပ် မြန်မာ နှစ်မျိုး ရေးသား ရိုက်နှိပ်ထားသော ထိုစာတမ်း ၂ စောင်ကို ကောင်းမွန် သပ်ယပ် လှပ တင့်တယ်စွာ ပြုလုပ်ထားသော ငွေကြုပ်အတွင်း ထည့်သွင်း၍ ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးလက်သို့ လေးစားစွာ ဆက်သ လိုက်ကြပေသည်။
ဤကဲ့သို့သော ချီးကျူး နှုတ်ဆက်ပွဲ အခမ်းအနား ပြုလုပ်ချီးကျူး သြဘာစာတမ်း ဖတ်ကြား ပြီးနောက် ဗမာ့လွတ်လပ်ရေး တပ်မတော်၏ တာဝန်ရပ်များ ရုပ်သိမ်း၍ ဂျပန်ပြည်သို့ ပြန်လည် ထွက်ခွာ သွားရတော့မည့် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးနေရာ ဆက်ခံရမည့် သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇသည် နှုတ်ခွန်းဆက် စကား ပြောကြားသွား လေသည်။

ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဧည့်ခံ နှုတ်ဆက်ပွဲ၌ ဗိုလ်တေဇ ပြောစကား

က္ဆွန်တော် ဂျပန်ပြည်ကို ရောက်စက က္ဆွန်တော်တို့ရဲ့ အကြံအစည်များကို အောင်မြင်အောင် ကြိုးစား ခဲ့ပါတယ်၊ ကြိုးစား ခဲ့သော်လည်း ပထမ ဂျပန်ဘုရင်က က္ဆွန်တော်ရဲ့ အကြံအစည်ကို သဘောမတူ အသိအမှတ် မပြုခဲ့ပါဘူး၊ က္ဆွန်တော်တို့ဟာ ဂျပန်ပြည်မှာ သောင်မတင် ရေမကျ အခြေဆိုက်တော့မလို ဖြစ်ခဲ့ပါတယ်၊ သို့သော်လဲ နောက်ဆုံး မိနာမိ ခေါ် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုးရဲ့ ဆောင်ရွက် စေ့စပ်ချက်ကြောင့် က္ဆွန်တော်ရဲ့ အကြံအစည်များကို အသိအမှတ်ပြုကာ က္ဆွန်တော်တို့အား လိုလေသေးမရှိ ကူညီခဲ့ပါတယ်။
ဟိုတုန်းက အကြံအစည်ဟာ ဘာလဲဆိုရင် ဗမာပြည်တွင်းက သူပုန်ထပြီး က္ဆွန်တော်တို့က ဗမာပြည်ကို လွတ်လပ်ရေး ရအောင် ဝင်တိုက်ဖို့ပါပဲ၊ ဒါကို ဗိုလ်မိုးကြိုးအား ရှင်းပြပြီး သူက တဖန် စေ့စပ်ပေးသည့် အတွက် ဒီလို အခြေ ရောက်ခဲ့ပါတယ်။ ဒီအချိန် အခါမှာ အင်္ဂလိပ် အမေရိကန်တို့နှင့် ဂျပန်ဟာ စစ်ရေး မစရသေးပါ၊ တိုင်းပြည် အားလုံး အေးအေးဆေးဆေး နေတဲ့အခါ ဖြစ်ပါတယ်၊ ဒီတော့ က္ဆွန်တော်တို့ရဲ့ အကြံဟာလဲ ပျက်ရတော့မလို ဖြစ်နေတဲ့ အတောအတွင်း ဗိုလ်မိုးကြိုးရဲ့ ကျေးဇူးကြောင့် ဒီအခြေအနေ ရောက်ခဲ့ရပါတယ်။
ဒီအပြင် ဗိုလ်မိုးကြိုးနဲ့ ဂျပန်ပြည်ရှိ ဂျပန်များ အားလုံးဟာ က္ဆွန်တော်တို့ကို သားအရင်းပမာ ပြုစု စောင့်ရှောက် ခဲ့ကြပါတယ်။ ဒီနောက် ဗိုလ်မိုးကြိုး ခေါင်းဆောင်ပြီး ယိုးဒယားမှာ လူအနည်းငယ်နှင့် ဘီအိုင်အေ စတင် ဖွဲ့စည်းကာ တောတောင်တို့ကို ဖြတ်ကျော်ပြီး များစွာ အပင်ပန်းခံရ ဆင်းဆင်းရဲရဲနှင့် ထမင်းအငတ်ငတ်၊ မစားရတနပ်၊ စားရတနပ်နဲ့ ထမင်းတွေ့လဲ ထမင်းချည်းပဲ စားရပြီး ဒုက္ခကြီးစွာ ခံခဲ့ရပါတယ်။
ရှေးတုန်းက အလောင်းဘုရား၊ ဆင်ဖြူရှင်၊ ဘုရင့်နောင် စတဲ့ ရှေးမြန်မာ ဘုရင်တွေဟာ ယိုးဒယားကို စစ်ချီတက်တာကို စာမှာ တွေ့ရတော့ ဒီလောက် ဒုက္ခရောက်မယ် မထင်ခဲ့မိဘူး၊ အခုလို ကိုယ်တိုင် တောတောင်များကို ဖြတ်ကျော်ခဲ့ရတော့ တတောင် တက်မိတိုင်း ရှေးမြန်မာ ဘုရင်တွေရဲ့ ဇွဲသတ္တိ၊ စစ်သည်များရဲ့ စွမ်းရည်များကို ချီးကျူးမိပါတယ်။
ဒီလိုအခါမှာ လမ်းတလျှောက်လုံး က္ဆွန်တော်နဲ့ ပါလာခဲ့ကြတဲ့ ရဲဘော်တွေဟာ အချို့လည်း ဖျားသူဖျား၊ သေသူသေ၊ ဖျားတဲ့ လူကိုလဲ ပြုစုစရာ ဘာမျှမပါ၊ ဆေးရုံမရှိ ဘာမရှိနဲ့ ဒီလို ဖျားခဲ့ကြတော့ လမ်းမှာပဲ ပစ်တန် ပစ်ခဲ့ရတယ်၊ အချို့လဲ ရန်သူတွေနဲ့ တွေ့ကြရပြီး အသတ်ခံ ခဲ့ကြရတယ်၊ အချို့လဲ ဗမာပြည်တွင်း သတင်းယူ သတင်းပို့ကြတဲ့ ရဲဘော်တွေလဲ ရန်သူ ဖမ်းမိပြီး အသတ်ခံ ခဲ့ကြရတယ်။
သို့သော်လဲ က္ဆွန်တော် တခု မြင်ရတာတော့ ခေါင်းပေါင်းစ ထောင်ပြီး ရာထူးရဖို့ အရေး အတွက် ကြိုးစား နေကြတာ တွေ့မြင်ရတယ်၊ အချို့ လူကြီး လူကောင်းတွေက ဘီအိုင်အေကို တို့မီး ရှို့မီး လုပ်တာ တွေတွေ့ရ၊ ဟိုရှုပ် ဒီရှုပ် လုပ်ကြတာတွေ မြင်ရကြားရတော့ အများကြီး ဝမ်းနည်းမိတယ်၊ ဒီလို လူမျိုးတွေသာ များနေရင် ဗမာပြည်ဟာ လွတ်လပ်ရေး ရမှာ မဟုတ်ဘူး။
အခုလို မကြုံစဖူးအောင် ပေါ်ပေါက် လာခဲ့ရတဲ့ အခါ အခွင့်ကောင်း အချိန်ကြီးမှာ လူကြီးတွေဟာ ဒီလို လိုက်ပြီး ရှုပ်နေကြမဲ့ အစား ညီညီညွတ်ညွတ်နဲ့ တိုင်းပြည် လွတ်လပ်ရေး အတွက် စုပေါင်းပြီး ဆောင်ရွက်ကြဖို့ကို က္ဆွန်တော် တိုက်တွန်း လိုပါတယ်။
ဗမာပြည် ခေါင်းဆောင်ကြီးများဟာလဲ ဗမာပြည် လွတ်လပ်ရေး အတွက် မိမိတို့ တာဝန်ကို ကြိုးစားကြပြီး ဆောင်ရွက် သင့်ပါတယ်။ ဗမာတွေ အရင်က စိတ်မျိုး မထားကြဘဲ အားလုံး စုပေါင်းကြပြီး ညီညီညွတ်ညွတ် ဆောင်ရွက်ကြပါ၊ ညီညွတ်ဖို့ဟာ အရေးကြီးဆုံး အချက် ဖြစ်ပါတယ်၊ စစ်ဘက် တာဝန်ကတော့ မလစ်ဟင်းရအောင် က္ဆွန်တော် ဆောင်ရွက်ပါမယ်၊ က္ဆွန်တော်ဟာ ဗမာပြည်ကြီးကို ဘယ်တော့မှ သစ္စာ မဖောက်ပါဘူး၊ နိုင်ငံရေးဘက်က ဆိုရင် တိုင်းပြည် ခေါင်းဆောင် လူကြီးတွေရဲ့ တာဝန်ပဲ၊ ကိုယ့်တာဝန်ကိုယ် ကျေပွန်အောင် လုပ်သွားကြဖို့ ပါပဲ။
က္ဆွန်တော်တို့ ဘီအိုင်အေ ထဲမှာလဲ ဝင်လာကတည်းက ဗိုလ်ချုပ် ဖြစ်ချင်တဲ့ လူတွေ တွေ့ရတယ်၊ က္ဆွန်တော်တို့ ဗမာတွေဟာ အင်္ဂလိပ် လက်ထက်က ဆိုရင် အင်္ဂလိပ်အတု အတော် ခိုးခဲ့ကြတယ်၊ အခု ဒီ အင်္ဂလိပ် အတွေး အင်္ဂလိပ် အယူ မကုန်ကြသေးတဲ့ အတွက် ဒီလို စိတ်တွေ များနေတာကို တွေ့ရတယ်၊ အချို့ တပ်မတော်သားတွေနဲ့ ဗိုလ်တွေကလဲ ဟိုက မော်တော်များ သိမ်း ဒီမှာ သွားရောင်းနဲ့ ရှုပ်ကြ ပွေကြတာတွေ အားလုံးကို က္ဆွန်တော် သိပါတယ်၊ ဒီလူတွေ ၁၄-၅ ယောက် အပြစ်ကို ကြည့်ပြီး က္ဆွန်တော်တို့ ဂျပန်ပြည်က စပြီး အနစ်နာ ခံခဲ့တာတွေကို မထောက်ထားကြဘဲ တပ်မတော်ကြီး တခုလုံးကို ပုံပြီး အပြစ် ပြောကြတာတွေ၊ အကြည်ညို ပျက်အောင် လုပ်တာတွေကို ကြားရတော့ အများကြီး ဝမ်းနည်းမိပါတယ်။
အရင်က လူကြီးတွေကိုသာ အထင်အမြင် သေးခဲ့ပေမယ့် အခု လူငယ်တွေကိုလဲ အထင်အမြင် မကြီးတော့ဘူး၊ စစ်ထဲ ဝင်လာကြပြီး ရှုပ်နေတာကိုလဲ ဒီကနေ့က စပြီး ရှင်းလင်း ပစ်လိုက်ပါမယ်။ ဘီအိုင်အေကိုလဲ အသစ် ပြန်လည် ဖွဲ့စည်း တည်ထောင်ဖို့ဟာ စီစဉ်ပြီး ဖြစ်ပါတယ်။ ခင်ဗျားတို့ကလဲ က္ဆွန်တော်တို့ရဲ့ စစ်တပ်ကို ဗမာပြည်ကြီး လွတ်လပ်ရေး အတွက် ဆောင်ရွက် နေတဲ့တပ် (သို့) အမျိုးအတွက် တည်ထောင်ထားတဲ့ တပ်တို့နဲ့ ဆိုင်တဲ့ တပ်လို့သာ အောက်မေ့ ထားကြပါ၊ အခြား ဟိုတွေး ဒီတွေး အထင်မှား မနေကြပါနဲ့ ဒီစစ်တပ်ဟာ ဗမာပြည်ကြီးရဲ့ လွတ်လပ်ရေးနဲ့ ကာကွယ်ရေး အတွက် တည်ထားတဲ့ တပ်ဖြစ်ကြောင်း လေးလေးနက်နက်ကြီး သိထားကြဖို့ပါပဲ။
ယခု က္ဆွန်တော်လဲ ဗမာပြည်မှာရှိတဲ့ ဂျပန်ဘုရင် တပ်မတော်ရဲ့ စစ်ဗိုလ်ချုပ်ကြီးနဲ့ ဘီအိုင်အေ အတွက် ရှေ့ကို ဘယ်လို စခန်းသွားကြမယ် ဆိုတာကို တိုင်ပင် ဆွေးနွေး နေပါတယ်။ အမှန်တော့ က္ဆွန်တော်တို့ တပ်မတော်ကြီးဟာ ဂျပန် တပ်မတော်ကြီးရဲ့ ညီရင်းသဖွယ် ဖြစ်ရမယ်၊ ညီ ဆိုတာတောင် အားမကိုးရတဲ့ ကလေးသူငယ်လို မဟုတ်ဘဲ အားကိုးလောက်တဲ့ ညီ ဖြစ်ရမယ်။ သူတို့နဲ့ ရင်ဘောင်တန်း တိုက်ပေးရမယ့် ညီ ဖြစ်ရမယ်၊ ဂျပန်ဟာ က္ဆွန်တော်တို့ရဲ့ ကျေးဇူးရှင် ဖြစ်တယ်။ ကျေးဇူး သိတတ်တဲ့ အနေနဲ့ သူတို့ကို တိုက်ရာ လိုက်တိုက် ပေးရမယ်။ ဒါမှ သူတို့ရဲ့ စိတ်ထဲမှာ အားကိုးလောက်တဲ့ ညီရယ်လို့ ထင်မှတ်မယ်။
ဂျပန်ပြည်မှာ ရာထူးကြီးသည် ငယ်သည်မဟုတ် ဥပဒေအတိုင်း စစ်ထဲ မဝင်မနေရ လိုက်ကြရတယ်။ က္ဆွန်တော်တို့ ဗမာတွေဟာ ဂျပန်တွေရဲ့ ဝီရိယ ရှိကြပုံ၊ လုပ်ကြပုံ၊ ကိုင်ကြပုံ တွေကို နည်းယူဖို့ ကောင်းတယ်။ စင်စစ်အားဖြင့် အင်္ဂလိပ်နဲ့ အမေရိကန်ဟာ လက်နက်အား လူအား ဂျပန်ထက် သာပေမယ့် စိတ်ဓာတ်၊ ဝီရိယ သတ္တိတို့မှာ ကွာခြားသွားတော့ အပြတ်အသတ် ရှုံးကြရတာပဲ၊ ဂျပန်တွေဟာ ဖြစ်သလိုနေ၊ ဖြစ်သလိုထိုင်၊ ဖြစ်သလို စားကြပြီး တွေ့ကြုံ ကြရတဲ့ အခက်အခဲ ဟူသမျှ ကြိုးစား ကျော်လွန်နိုင်ကြအောင် အလုပ်လုပ် ခဲ့ကြတယ်။ သူတို့တတွေ လုပ်ကြပုံ၊ ကိုင်ကြပုံများကို များများကြီး အတုခိုးဖို့ ကောင်းတယ်။
ဗမာပြည်မှာ ပြုပြင်ကြဖို့ အချက်တွေ အများကြီး ရှိသေးတယ်။ ဒါတွေဟာ သူတို့ကို နည်းယူကြပြီး ပြုပေမယ့် ဘုရင်ရှေ့တော်မှောက် ကျရင် ဒါတွေအကုန် ပျောက်ကြပြီး ပြန်လည် တည့်ကြရတယ်။ ဒါလောက်အထိ သူတို့ဟာ တိုင်းပြည်နဲ့ ရှင်ဘုရင်ကို သစ္စာ စောင့်ကြတယ် ဆိုတာ သိကြရမယ်။ က္ဆွန်တော်တို့ဟာ ဒီလို တိုးတက် ကြီးပွားနေတဲ့ ဂျပန်ပြည်ကြီးရဲ့ နည်းစနစ် အမျိုးမျိုးကို နည်းယူ အတုခိုးကြပြီး ဗမာပြည်ကြီးရဲ့ တိုးတက်ရာ တိုးတက်ကြောင်းများကို ဆောင်ရွက် သင့်ကြပါတယ်။
ကဲ - ဒီတော့ကာ က္ဆွန်တော် တွေ့ကြုံ သိရှိခဲ့ရတဲ့ ဂျပန် လူမျိုးတွေ အကြောင်းများရော ဂျပန်တွေ အဖက်ဖက်က တိုးတက် ကြီးပွားလာ ခဲ့ကြတဲ့ အကြောင်း၊ စစ်ရေးအရ အောင်မြင်စွာ အနိုင် ရရှိလာကြတဲ့ အကြောင်းများရော ခင်ဗျားတို့ တတွေ ကောင်းကောင်းသိရှိ ကြရပြီး မဟုတ်လား။
အဲဒီလို သိရှိကြရ ပြီးတော့ကာ က္ဆွန်တော်တို့ ဗမာ လူမျိုးတွေဟာ အလွန်တိုးတက် ထွန်းကား ကြီးပွားလာ ခဲ့ကြတဲ့ အကြောင်း၊ ကမ္ဘာ့ စစ်ရေးအရ နေရာတကာ အောင်မြင် နေကြတာများကို အားကျ အတုယူကြပြီး က္ဆွန်တော်တို့ ဗမာပြည်ကြီးတွင် လွတ်လပ်ရေး ရရှိအောင် အထူး ကြိုးစား၍ တကယ် ကြီးပွား တိုးတက်အောင် အားထုတ်ကြပါလို့ က္ဆွန်တော် တိုက်တွန်းရင်း နိဂုံး ချုပ်ခဲ့ပါတယ်။
သခင်အောင်ဆန်း ခေါ် ဗိုလ်တေဇ ချီးကျူး နှုတ်ဆက်ပွဲ စကား ပြောကြားပြီးနောက် ဗိုလ်ချုပ်ကြီး ဗိုလ်မိုးကြိုး ဂျပန်နိုင်ငံသို့ အပြန် မြန်မာ့ လွတ်လပ်ရေး တပ်မတော် ဂျပန်ပြန် ရဲဘော် သုံးကျိပ်တို့ သီးသန့် ချီးကျူး နှုတ်ဆက်ပွဲ အခမ်းအနားကို ရုပ်သိမ်း လိုက်လေသည်။

မြန်မာ့ သတင်းဆက်သွယ်ရေး နည်းပညာအဖွဲ့
နည်းပညာနှင့် မြန်မာ့ ကွန်ရက် မော်ကွန်းတိုက်
စာပေ၊ သတင်းနည်းပညာနှင့် လွတ်လပ်ငြိမ်းချမ်းသော နိုင်ငံတော်

Posted in မှတ်သားစရာ by ရဲရင့်(ကနေဒါ)


1 အကြံပြုခြင်း>: to “ ဗိုလ်မိုးကြိုး အပြန် နောက်ကြောင်း လှန်လိုက်သည့် ဗိုလ်အောင်ဆန်း မိန့်ခွန်း ”

*
Anonymous
26/3/09 20:22

(မှတ်ချက)်ကျွန်တော်သည် ဧရာဝတီမဂ္ဂဇင်းနှင့်သော်လည်းကောင်း ၊ ကိုတင်မောင်ထူး (ကနေဒါ) နှင့်သော်လည်းကောင်း၊ အခြားနိုင်ငံရေးအဖွဲ့ အစည်းများ ။ စာစောင်များ နှင့်သော်လည်းကောင်း လုံးဝပါတ်သက်ခြင်းမရှိပါ၊ ၈၈ကျောင်းသားဟောင်းတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံရေးကိစ္စများကို အစဉ်တစိုက်လေ့လာခဲ့သူတစ်ဦးဖြစ်သည်။
ကျွန်တော်သည် မနေ့ တနေ့ ကမျှ ဤ ၈၈ရာဟုအုပ်စုတွင် မိတ်ဆွေတစ်ဦး၏ နာမည်ကို အလွဲသုံးစားပြုလုပ်ကာ အများထင်ယောင်ထင်မှား ဖြစ်စေရန် စာရေးသားဖြန့်ဝေနေခြင်းကို ရှင်းလင်းရန်ရောက်လာခြင်းဖြစ်သည်။ ကျွန်တော်၏မိတ်ဆွေသည် အော်တိုဝါ မြန်မာသံရုံးတွင်၂၀၀၀ပြည့်အစောပိုင်းကာလများအထိ တာဝန်ထမ်းဆောင် ခဲ့ပြီး ယခုအခါနေပြည်တော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူဖြစ်သည်။
အဆိုပါနာမည်ဝှက်များနှင့် စာရေးသားသူသည် ၄င်းနှင့် ရင်းနှီးသော၊ သို့ တည်းမဟုတ် ၄င်းမုန်းတီးသော နာမည်ထင်ရှားသည့် လူ၎ယောက်ခန့် ၏အမည်ကို အသုံးပြုကာ ဧရာဝတီမဂ္ဂဇင်းကို တိုက်ခိုက်ခြင်း၊ ယူဒီပီပါတီ (ကျုံယွမ်ကျော်မြင့်) ကို ချီးမွမ်းထောပနာပြုထားသော ၀ါဒဖြန့် စာပေများ၊ နှင့် ဗိုလ်မှူးအောင်လင်းထွတ်ကို ပုဂ္ဂိုလ်ရေးအရတိုက်ခိုက်ထားသော စာများဖြန့် ချီခြင်းကို အစဉ်တစိုက် ပြုလုပ်ခဲ့သည်၊ အဆိုပါ ပုဂ္ဂိလ်သည် အဂ်လိပ်စာတွင်သာ ချာတူးလန်ရုံသာမဟုတ်၊ မြန်မာစာကိုလည်း ကောင်းမွန်ကျေညက်အောင်ရေးသားနိုင်ခြင်းမရှိပါ၊ ဦးဏှောက်ဥာဏ်နည်းလေစွတကား။ ယူဒီပီ ကောင်းဋ္ဌေကာင်းကို ဖြန့် ချီသူသည် မည်သူဖြစ်မည်နည်း။ ဥိးကျော်မြင့်ကို ကာကွယ်သူသည် မည်သူဖြစ်မည်နည်း။ လူတိုင်းသိပါသည်။ အဘယ်ဋ္ဌေကာင့်ဆိုသော် ယူဒီပီမှာ ဦးကျော်မြင့် အပါအ၀င် လူသုံးယောက်သာကျန်တော့၍ဖြစ်သည်။ ကျန်အရန်ပါတီဝင်များမှာ နိုင်ငံခြားမှာ အနေဋ္ဌကာသော မြန်မာများ၊ ဦးကျော်မြင့်အကြောင်း တစ်လုံးတပါဒမျှ မရိပ်မိမသိရှိသောသူများဖြစ်ကြသည်။

ယူဒီပီကျော်မြင့် ခေါ် ကျုံယွမ်းကျော်မြင့် သည် မနေ့ တနေ့ ကပင် Irrawaddy magazine ကို တရားစွဲမည်ဖြစ်ကြောင်း ဗွီအိုအေမှ အသံကောင်းဟစ်ခဲ့သည်။ ၄င်းအနေ ဖြင့် Irrawaddy ကို တရားစွဲမည့်အစား Janes Intelligence Agency; Vancouver Sun သတင်းစာမှ David Baines နှင့် CIA တို့  ကို အရင် တရားအရင်စွဲသင့် ဋ္ဌေကာင်း အဋ္ဌကံပေးလိုသည်။ အဘယ်ဋ္ဌေကာင့်ဆိုသော် ၄င်းတို့ မှ ဦးကျော်မြင့်နှင့် ပါတ်သက်၍ ဖြန့် ချီထုတ်ဝေထားသော စာရွက်စာတမ်းများ ယနေ့ တိုင် အင်တာနက်စာမျက်နှာများတွင် ဖတ်ရှုနိုင်သေး၍ ဖ်ြစ်သည်။

ဦးကျော်မြင့်ကို ကျုံယွမ်းကျော်မြင့်ဖြစ်ကြောင်းသိသောအခါ ဦးကျော်မြင့်ရန်ကုန်ပြန်ရန် စဉ်းစားသညကိစ္စကို အလွန်အံ့သြောမိပါသည်။ သူလုပ်ခဲ့သောပြစ်မှုမှာ များပြားလွန်းသဖြင့် သူ့ ကို အစိုးရက မည်သို့ ပြန်လည်လက်ခံမည်ကို စဉ်းစား၍မရနိုင်အောင်ရှိသည်။ ဥိးကျော်မြင့်၏ တခုတ်တရ ငွေလိမ်လည်မှုဇာတ်လမ်းကရန်ကုန် လူလတ်တန်းစားများ၊ အစိုးရအရာရှိများ၊ စီးပွားရေးသမားများ၊ ဥပဒေအကျိုးဆောင်များ၊ တရားသူဋ္ဌြကီးများအားလုံး မေ့မရနိုင်အောင်ရှိနေပါသေးသည်။
အစိုးရက ၂၀၁၀ ရွေးကောက်ပွဲအတွက် ကောင်းကောင်းမွန်မွန် ပြန်လည်လက်ခံလိုသည်မှာ နိုင်ငံရေးသမားများကိုသာဖြစ်သည်။သူတို့ လက်ခံလိုသည်မှာ ပြည်သူ့ ငွေကို လိမ်လည်ထွက်ပြေးသွားသော ရာဇ၀တ်သား မဟုတ်ရပါ။ ထိုစဉ်က ငွေကြေးဆုံးရှုံးခဲ့သူများ ကို ဦးကျော်မြင့်အနေနှင့် မေ့ မပြစ်သင့်ပါ။
ဦိးကျော်မြင့်သည် လိမ်လည်ခြင်းကို တဖက်ကမ်းခပ်အောင် တတ်မြောက်ပြီး အရှက်အကြောက်တရား ငါးပြားဖိုးမျှ မရှိသူဖြစ်ကြောင်း ဗွီအိုအေ အင်တာဗြူးကို နားထောင်ရုံနှင့်ပင် သိနိင်သည် ။ ထိုသူသည် အရှက်အကြောက်တရားမရှိရုံသာမက ပညာဥာဏ်နည်းပါးလှကြောင်း၊ ကျောင်းပညာ ကောင်းကောင်း မတတ်ဋ္ဌေကာင်း၊ သူပြောသော စကားများနှင့် သူ၏လုပ်ရပ်များကိုကြည့်ယုံနှင့်သိနိုင်ပါသည်။ Janes Intelligence Agency ၏စကားကို ငှား၍သုံးရမည်ဆိုလျှင် ဥိးကျော်မြင့်သည် ယခုအချိန်အထိ Jungle Boots style အဆင့်သာရှိပါသေးသည်။

ထောင်မှထွက်ပြေးပြီး အမေရိကသို့ ရောက်ခဲ့သော၊ သူ့ ကိုယ်သူ ဟားဗတ်တက္ကသိုလ်သို့ တစ်နှစ်တက်ခဲ့ သည်​ ဟုပြောသော၊ မြန်မာနိုင်ငံတွင် စီးပွားရေးဆိုင်ရာ ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြငှ့်ခံရသည်ဟု ပြောသော ဦးကျော်မြင့်၏ လူနေမှုဘ၀ပုံစံသည် အလွန်အငြင်းပွားစရာကိစ္စဖြစ်သည်။ သူသည် ချမ်းသာကြွယ်ဝ၍ စီးပွားလုပ်ရပိုမိုလွယ်ကူသော အမေရိကန်သို့  ရောက်ရှိပြီးကာမှ ကနေဒါသို့ ရောက်ရှိလာကာ ကနေဒါနိုင်ငံအတွင်းမှာပင် တမြို့ ပြီးတစ်မြို့ ပြောင်း၍နေရသည်မှာ စဉ်းစားစရာဖြစ်သည်။ ယခုလည်း ဗန်ကူးဗားမှ ထွက်ပြေးပြီး မြန်မာပြည်တွင် နိုင်ငံရေး၊ စီးပွားရေး၊ ပြည်သူအများတိုးတက်ရေးကို လုပ်ချင်သည် ဟု လေသံကောင်းဟစ်ပြန်သည်။ သူလို စီးပွားရေး နကန်းတလုံးမျှ နားမလည်သော၊ ကတုံးပေါ်ထိပ်ကွက် ငွေလျှောက်လိမ်ဘို့ ကိုသာ စဉ်းစား တတ်သောသူ သည် မြန်မာပြည်တွင် မည်ကဲ့သို့ သောစီးပွားရေး ကိုလုပ်မည်နည်း၊
ဗန်ကူးဗားတွင်နေသောမြန်မာမိတ်ဆွေများ အနေဖြင့် ဦးကျော်မြင့် မည်ကဲ့သို့ သောစီးပွားရေး လုပ်သည်ကို လေ့ လာစုံစမ်းသင့်ပါသည်။ ပြောပလောက်စရာ မည်ကဲ့သို့ သောစီးပွားမျှ သူ့ မှာ မရှိပါ။ သူ၏ ရုံးတွင် ရှယ်ယာရောင်းသလိုလို ငွေချေးသလိုလို တရုတ်ပြည်တွင် လုပ်ငန်းဋ္ဌကီးများ ပိုင်ဆိုင်သလိုလို လိုလိုများနှင့်သာပြည့်နေသည်။ သူ၏အေးဂျင့်များမှ ရောင်းချသော ရှယ်ယာများအကြောင်းကိုလည်း မိတ်ဆွေများအလျှင်းသင့်သလို
လေ့ လာဋ္ဌကည့်နိုင်ပါသည်။ ထိုသူတို့ ရောင်းသောရှယ်ယာကို ၀ယ်မိလျှင် နောက်ဆုံးတွင် ငါးပြားတစ်စေ့မျှ ပြန်၍မရနိုင်သော ကျုံယွမ်းအလား တူဇာတ်လမ်းမျိုးနှင့် တည့်တည့်တိုးရမည်သာဖြစ်သည်။

ဦးကျော်မြင့်သည် လူချမ်းသာဟန်ဆောင်နိင်ရန်၊ ထင်ပေါ်ကျော်ကြား၍၊ ရာထူးရှိသောသူများ အဋ္ဌကားတိုးဝင်နိုင်ရန်အတွက် နည်းမျိုးစုံသုံးကာ စားရိတ်ပွန်းနေသူ တစ်ဦးဖြစ်သည်၊ သူသည်ထိုသူများနှင့် ဓါတ်ပုံတွဲရိုက်ပြီး လူတကာလျှောက်ပြ၍တမျိုး၊ အင်တာနက်စာမျက်နှာများတွင် ဋ္ဌေက်ာငြာ၍တဖုံ မျောက်ပြဆန်တောင်းနေသူတစ်ဦးသာဖြစ်သည်။ ဥပမာအားဖြင့်ဆိုလျှင် လူအထင်ဋ္ဌကီးစေရန် သံရုံးအရာရှိများဖိတ်ကြား၍ ညစာကျွေးခြင်း၊ ထင်ရှားသောနိုင်ငံရေးသမားများကို ငွေနှင့်မျှား၍ ခေါ်ယူခြင်းတို့ ကို အစဉ်တစိုက် ပြုလုပ်လျှက်ရှိသည်။ ယူဒီပီနှင့်ပါတ်သက်၍ အင်တာနက်စာမျက်နှာများတွင်တွေ့ ရသော သို့ လောသို့ လော ငွေကြေးထောက်ပံ့မှုများ ဟုတ်မဟုတ်သိလိုလျှင် ပါတီဝင်ဟု ယူဆရသူများကို မေးမြန်းကြည့်စေလိုသည်။ ထိုသူတို့ က အမှန်တရားကို ပြောပြနိုင်ပါသည်။ အဘယ်ဋ္ဌေကာင့်ဆိုသော် ငါးမျှားချိတ်တွင် တွေ့ ရသော ငါးစာမှာ တီကောင်ဖြစ်နိုင်သလို ပလပ်စတိတ်အရုပ်လည်း ဖြစ်နိုင်သောကြောင့်ပင်။ ကျွန်တော့်အထင် ထိုပါတီဝင်ဆိုသူများသည် ဥိးကျော်မြင့် နှင့် ရေရှည်နှစ်ပါးသွားနိုင်မည်မထင်ပါ။ ရေရှည်တွင်ကား ဘီလူးခေါင်းကျွတ်ကျလာမည်မှာ မလွဲမသွေဖြစ်သည်။

အချိန်သည် အကောင်းဆုံးတရားသူဋ္ဌြကီးဖြစ်ပြီးအချိန်က မိတ်ဆွေတို့ ကို ပြောပြပါလိမ့်မည်။ အကျန်ရှိသော ဇာတ်လမ်းကို ဆက်လက် စောင့်ဋ္ဌကည့် ဋ္ဌြကရမည်ဖြစ်သည်။