Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/02/05

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဂျပန်အလုပ်သမား သမဂ္ဂ မြန်မာ့အရေး ဆွေးနွေး



သတင်းရင်းမြစ် - ဒီဗီဘီ

2011/02/04

ပူတာအိုထောင်ရောက် နိုင်ငံရေးအကျဉ်းသူ ထောင်ဝင်စာအပိတ်ခံနေရ

2011-02-03

ကချင်ပြည်နယ် ပူတာအိုထောင်မှာ အပို့ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့် ပိတ်ထားတဲ့အတွက် မိသားစုဝင်တွေ မတွေ့ခဲ့ရဘူး လို့ RFA က စုံစမ်း သိရှိရပါတယ်။

(Photo: AFP)

မြန်မာနိုင်ငံမှ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု နှစ်နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဖိလိပိုင်နိုင်ငံ မနီလာမြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ၂၀ဝ၉ စက်တင်ဘာ ၂၅ ရက်နေ့က ဖိလိပိုင် လူမျိုးများ စုရုံးဆန္ဒပြကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆိုနေခြင်း ဖြစ်ပါသည်။ (Photo: AFP)

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်ထက်ထက်ဦးဝေရဲ့ သမီးဖြစ်တဲ့ မအေးချမ်းပြည့် က RFA ကို အခုလို ပြောပါတယ်။

“မတွေ့ရဘူးရှင့်၊ တိုက်ပိတ်ထားပါတယ်ရှင်။ ၁၉ ရက်နေ့ကနေ ပိတ်တာရှင့်။ ၁၄ ရက် ပိတ်ထားတာ။ သမီးတို့ စုံစမ်းသလောက်တော့ ထောင်ထဲမှာတဲ့ နည်းနည်း ဆူညံပူညံ လုပ်လို့ လို့ ပြောတယ်ရှင့်။ အခုတခေါက် တော်တော် ဆိုးတာပါ။ အဲဒီမှာ တပွင့်နဲ့လူကလည်း တော်တော် ခြယ်လှယ်နေတာ အဲဒီ ဝန်ထမ်းတွေပဲ။”

ဒေါ်ထက်ထက်ဦးဝေဟာ ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ဝင် တဦး ဖြစ်ပြီး ထောင်ဒဏ် ၅ နှစ်ချမှတ်ခံထားရတာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်တွေကလည်း နိုင်ငံရေးအကျဉ်းသား မိသားစုဝင်တွေကို ထောင်ဝင်စာတွေ့ခွင့် မိနစ် ၂၀ ပဲ ပေးတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတချို့နဲ့ ထောင်အာဏာပိုင်တွေကြားမှာ တင်းမာမှုတွေ ရှိခဲ့ပါတယ်။

ပူတာအိုထောင်ထဲမှာ ဒေါ်ထက်ထက်ဦးဝေအပြင်၊ ကျောင်းသား ကိုမျိုးမင်းဇော်၊ NLD က ဒေါ်ဝင်းမြမြ၊ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုအောင်သူ၊ ရှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးတို့လည်း ရှိနေပြီး၊ စုစုပေါင်း နိုင်ငံရေးအကျဉ်းသား ၁၆ ဦး ရှိနေတယ်လို့ သိရပါတယ်။

ဒေါ်ထက်ထက်ဦးဝေကို ထောင်ဝင်စာ တွေ့ခွင့်မရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သမီးဖြစ်သူ မအေးချမ်းပြည့်ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ် မေးမြန်းထားပါတယ်။

copy_rights RFA News

2011/02/01

နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်သည့် အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနား(တိုကျို)





၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၁)ရက်။
ယနေ့ နေပြည်တော် တွင် ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်အား ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ လုံးဝ အသိအမှတ် မပြုကြောင်း ဆန့်ကျင် ကန့်ကွက်သည့် ဆန္ဒပြ အခမ်းအနားကို တိုကျိုရှိ နအဖ စစ်အခွန်ရုံ (သံရုံး)ရှေ့တွင် ညနေ ၃း၀၀ နာရီ မှ ၄း၃၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရစီကွန်ယက် (ဂျပန်)NDB-Japan မှ ဦးစီး၍ ကျင်းပပြုလုပ်ပြီး အဆိုပါ လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရအပေါ်ကို လုံးဝ အသိအမှတ် မပြုကြောင်းနှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေးအကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းဖို့ လုပ်ဆောင်ရန် နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ တိုက်တွန်းတောင်းဆိုသည့် စာတစောင်ကို စစ်အခွန်ရုံ(သံရုံး)ကနေတဆင့် ပေးပို့ခဲ့ပါသည်။
ဟန်ပြ အရပ်သား အစိုးရအပေါ်ကို ကုလသမဂ္ဂ အပါဝင် အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းက လက်ခံ အသိအမှတ်မပြုရန် အတွက် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုကို ဖေဖေါ်ဝါရီလ ( ၁ရက် မှ ၄ ရက်နေ့ )အထိ Shibuya UN ရုံးရှေ့၌ ဆက်လက် ကျင်းပ ပြုလုပ်သွားမည် ဖြစ်ကြောင်းကို နိုးဆော်ကြေညာသွားပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။မိုးမင်းသူ KNU (Japan)


၆၂ ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်းရေးနေ့  ဂုဏ်ပြုသီချင်း