လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးချခံရသော အကျဉ်းသားများ၏ ဘ၀နေ့စွဲများ (ရုပ်သံ)
2011/02/07
ဒီမိုကရေစီရေး မြှင့်တင် လုပ်ဆောင်ဖို့ ဂျပန်ဝန်ကြီး တိုက်တွန်း
ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara
2011-02-05
အငြိမ်းစား ဗိုလ်ချုပ်ကြီး ဝန်ကြီးချုပ် ဦးသိန်းစိန်ကို နိုင်ငံတော် သမ္မတအဖြစ် ရွေးချယ်လိုက်တဲ့သတင်း ထွက်လာချိန် မှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး Seiji Maehara က မြန်မာ့ဒီမိုကရေစီရေး မြှင့်တင် ဆောင်ရွက်ပါလို့ တိုက်တွန်း လိုက်ပါတယ်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်မှုအောက်က မြန်မာအစိုးရသစ်ဟာ မြန်မာနိုင်ငံကို ပိုမို ပွင့်လင်းပြီး ဒီမိုကရေစီ နည်းကျအောင် လုပ်ဆောင်သွားနိုင်မယ်လို့ မျှော်လင့်ကြောင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ကြေညာချက်မှာ ဖော်ပြလိုက်တာပါ။
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး အခုထက် ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယေဘုယျအားဖြင့် ပိုအားကောင်းမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ တချို့ အင်အားကြီး အနောက်နိုင်ငံတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ကုန်သွယ်နေပြီး ဆက်လက်ပြောဆို ဆွေးနွေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာရ စစ်အစိုးရအပေါ် သဘောထား တင်းမာရင် နိုင်ငံရေးအရ အဓိက ထောက်ခံပြီး အဓိက ကုန်သွယ်ဘက် ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပိုနီးစပ်အောင် တွန်းပို့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်က သတိပေးပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူမှုရေးနဲ့ အရေးပေါ် အကူအညီ ကလွဲလို့ စီးပွားရေး အကူအညီပေးတာကို ၂ဝဝ၃ ခုနှစ် ကတည်းက ဆိုင်းငံ့ထားပါတယ်။
တချိန်တည်းမှာပဲ ဂျပန်နိုင်ငံနဲ့ ဆက်ဆံရေး အခုထက် ပိုမို အားကောင်းလာမယ်လို့ မျှော်လင့်ပြီး နိုင်ငံတကာ ဆက်ဆံရေးမှာလည်း ယေဘုယျအားဖြင့် ပိုအားကောင်းမယ်လို့ မျှော်လင့်တယ်လို့ ဆိုပါတယ်။
ဂျပန်နိုင်ငံဟာ တချို့ အင်အားကြီး အနောက်နိုင်ငံတွေလို မဟုတ်ဘဲ မြန်မာနိုင်ငံနဲ့ ဆက်လက် ကုန်သွယ်နေပြီး ဆက်လက်ပြောဆို ဆွေးနွေးတဲ့နိုင်ငံ ဖြစ်ပါတယ်။ အာဏာရ စစ်အစိုးရအပေါ် သဘောထား တင်းမာရင် နိုင်ငံရေးအရ အဓိက ထောက်ခံပြီး အဓိက ကုန်သွယ်ဘက် ဖြစ်တဲ့ မြန်မာ့အိမ်နီးချင်း တရုတ်နိုင်ငံနဲ့ မြန်မာနိုင်ငံ ပိုနီးစပ်အောင် တွန်းပို့နိုင်ဖွယ်ရှိတယ်လို့ ဂျပန်က သတိပေးပါတယ်။
ဒါပေမယ့် ဂျပန်နိုင်ငံဟာ မြန်မာနိုင်ငံကို လူမှုရေးနဲ့ အရေးပေါ် အကူအညီ ကလွဲလို့ စီးပွားရေး အကူအညီပေးတာကို ၂ဝဝ၃ ခုနှစ် ကတည်းက ဆိုင်းငံ့ထားပါတယ်။
Copy from _ rfa.org/
တိုက်တွန်းနှိုးဆော်ချက်
| ကိုလှအေားမောင်၏ နေအိမ်ပုံ |
သောကြာနေ့ (၅.၂.၂၀၁၁) မနေ့ည သန်းခေါင်းယံ အချိန်က Arakawa ku- Nisshi Nippori ရှိ ရပ်ကွက်တခုတွင် ၃-ထပ်အိမ် (တိုက်) တခုလုံး ပြာကျခဲ့သော အပြင်းစား မီးလောင်ကျွမ်းမှုတခု ဖြစ်ပွားခဲ့ရာ လူ (၇) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုတွင် ရခိုင်အမျိုးသားရေးနှင့် မြန်မာ့ ဒီမိုကရေစီအရေး ကြိုးပမ်း ဆောင်ရွက်နေသူ တစ်ဦးဖြစ်သော ကိုလှအေးမောင်(ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်-ဥက္ကဌ -ပြည်ပဂျပန်)၏ အိမ်လည်း မီးလောင်ခံ ခဲ့ရကြောင်း သိရှိရပါသည်။ အဆိုပါ မီးလောင်ကျွမ်းမှုမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ-ဂျပန်ဌာနခွဲ)အဖွဲဝင် မမေသင်္ကြန်၏ အိမ်လည်း မီးလောင်ခံရသည့် ကိုလှအေးမောင်အိမ်အနီး ၀န်းကျင်တွင် ရှိသည်အတွက် ပျက်စီးဆုံရှုံးမှု တချို့တွင် ပါဝင်ခဲ့ကြာင်း သိရှိရပါသည်။ အနီးအနားရှိ မြန်မာမိတ်ဆွေများအိမ်တွင် ယာယီခိုလှုံနေ ရပြီး ကျနော်တို့ရဲ့ လုပ်ဖေါ် ကိုင်ဘက်တွေကို မြန်မာနိုင်ငံသားအခြင်း တတ်နိုင်သည့် အကူအညီများ ကူညီပေးကြပါရန် တိုက်တွန်းအပ်ပါသည်။
PNS-Japan
ဆက်သွယ်ရန် ကိုလှအေးမောင် (ဖုန်း) 090-2525-1966
ပြောက်ကျားတိုက်ပွဲကြောင့် နအဖ တပ် အထိနာ
February 6, 2011,
ဝေါ်လေနဲ့ ဖလူး နေရာတွေမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ ပူးပေါင်း တပ်ဖွဲ့အင်းအား တွေဟာ ပြောက်ကျားနည်းကိုသုံးပြီး တိုက် ခိုက်နေတဲ့အတွက် နေ့စဉ်ဆိုသလို့ နအဖတပ် တွေနဲ့ ပြောက်ကျား တိုက်ပွဲ ထိတွေမှုတွေ ရှိနေ ပါတယ်။ ယမန်နေ့က ဝေါ်လေနဲ့ ပလောတပို့ ကြားနေ ရာမှာ ဒီကေဘီအေနဲ့ ကေအန်အယ်အေ အဖွဲ့ က နအဖ စစ်တပ်ကို အလစ် အငိုက် ဖမ်းတိုက် ခိုက်ခဲ့လို့ နအဖ ဘက်မှ ၃ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရခဲ့ပါတယ်။ အလားတူ ဖေဖော်ဝါရီလ ၄ ရက်နေ့ ကလည်း သေ့ဘောပိုး ရွာနားမှာ စ ခန်းချထားတဲ့ နအဖ စစ်တပ်ကို ဒီကေဘီအေ ဘက်က ပြောက်ကျား တိုက်ခဲ့တဲ့အတွက် နအဖ ဘက်က ၆ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ကရင်သတင်းစဉ် သတင်းများအရ ဒီနေ့မှာ လည်း ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေ သ ကနဲလေး စခန်းရှိ စကခ (၈) လက်အောက် ခံ ခမရ (၄၀၄) တပ်ရင်းကို KNLA တပ်ရင်း (၁၀၃) မှ ဒီနေ့ နံနက်နဲ့ မွန်းလွဲပိုင်းမှာ နှစ်ကြိမ် ပြောက်ကျားနည်းနဲ့ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ နအဖဘက်မှ ၆ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ တယ်လို့ သိရှိရပါတယ်။ ဖေဖော်ဝါရီ ၃ ရက် နေ့နဲ့ ၄ ရက်နေ့တွေမှာလည်း ဒီအေဘီအေ ဗိုလ်မှူး ကျော်သက်အဖွဲ့က ဖလူးမှာရှိတဲ့ နအဖ လက်နက်ကြီး နေရာတွေကို ပြောက်ကျားနည်းနဲ့ တိုက်ခိုက် ခဲ့တယ်လို့ သိရှိရပါတယ်။
ဝေါ်လေနဲ့ ဖလူး ဒေသတွေမှာ နအဖနဲ့ ဒီကေဘီအေ တို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ရာမှာ ၂၀၁၀ နိုဝင်ဘာ ရ ရက်နေ့ ကစလို့ ၂၀၁၁ ခုနှစ် ဇန်နဝါရီ လကုန်အထိ ထိတွေမှုတိုက်ပွဲပေါင်း အကြိမ်ရေ ၈၅ ကြိမ်ကျော်ခန့်ရှိခဲ့ပါတယ်။ ဒီတိုက်ပွဲတွေအတွင်း နအဖ ဘက်က အသေ၊ ဒဏ်ရာပေါင်းက ၆၃၃ ဦးဖြစ်ပြီးတော့။ အဲဒီထဲက အသေ ၂၄၄ ဦး နဲ့ ထိခိုက်ဒဏ်ရာ ၃၈၉ ဦး ဖြစ်တယ်လို့ ဒီကေဘီအေ တပ်မဟာ ၅ မှ ဗိုလ်ဆန်းအောင်က ရရှိထားတဲ့ စာရင်းတွေထဲက ခန့်မှန်းပြောပြသွားပါတယ်။
Copy from _ naytthit.net
2011/02/05
နအဖ အတုအယောင် ပါလီမန် လွှတ်တော်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနားကို UN ရုံးရှေ့ တွင် ကျင်းပပြုလုပ်သည့် သတင်းဓါတ်ပုံ။
၂၀၁၁ ဖေဖေါ်ဝါရီလ (၄)ရက်။
နအဖ စစ်အုပ်စုမှ ကျင်းပပြုလုပ်နေသည့် အတုအယောင် ပါလီမန် လွှတ်တော်နှင့် ဟန်ပြ အရပ်သား အစိုးရသစ်အပေါ် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို တိုကျို Shibuya, UN ရုံးရှေ့တွင် ဖေဖေါ်ဝါရီလ (၁ ရက် မှ ၄ ရက် )နေ့အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အတုအယောင် ပါလီမန် လွတ်တော်မှတဆင့် ပေါ်ပေါက်လာမည့် ဟန်ပြ အရပ်သား အစိုးရသစ်ဟာ မြန်မာနိုင်ငံရဲ့ လက်ရှိ ကြုံတွေနေရတဲ့ အခက်အခဲ့ အကြပ်အတည်း နိုင်ငံရေး ပြဿနာတွေကို ဖြေရှင်း ပေးနိုင်မည် မဟုတ်ကြောင်း စစ်အာဏာရှင် စနစ်အောက် ဆင်းရဲ ကြပ်တည်းစွာ ဒုက္ခရောက် နေကြရတဲ့ မြန်မာပြည်သူတွေရဲ့ အသံကို နားထောင်ပေးဖို့လိုကြောင်း နှင့် မတရား ဖမ်းဆီးထားသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ချင်းလွှတ်ပေးပြီး အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ဆုံလျှက် မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ဖြေရှင်းမှုများ လုပ်ဆောင်သွားရန် ကုလသမဂ္ဂမှ အထွေထွေ အတွင်းရေးမှူးချုပ်မှ မြန်မာစစ်အုပ်စုကို ထိရောက်တဲ့ တိုက်တွန်း ပြောဆိုမှုတွေ လုပ်ပေးဖို့ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက် (ဂျပန်)၏ တိုက်တွန်း တောင်းဆိုသည့် စာကို ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် UN ရုံး ဂျပန်တာဝန်ခံ Ms.SENO O san မှတဆင့် ပေးပို့ခဲ့ပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ။ ။မိုးမင်းသူ KNU(Japan)
တိုင်းရင်းသားကို လွှတ်တော် ကိုယ်စားမပြုဟု ဝေဖန်
တွေ့ဆုံဆွေးနွေးရေးနှင့် တိုင်းရင်းသား အခွင့်အရေးအတွက် လွှတ်တော်ထဲတွင် ဝိုင်းဝန်းကြိုးစားရန် လိုအပ်ကြောင်း ဗညားအောင် ရေးသားသည့် ဆောင်းပါးတပုဒ် ယမန်နေ့ထုတ် နိုင်ငံပိုင် မြန်မာ့အလင်း သတင်းစာထဲ၌ ဖော်ပြပါရှိခဲ့သည်။
‘နိုင်ငံ့အရေး အလွယ်မတွေးစေချင်ပါ’ ဟူသည့် ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါးတွင် “ယနေ့ ပြောနေသည့် နိုင်ငံရေးပါတီများ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တပ်မတော်တို့ တွေ့ဆုံရေးဆိုသည့် လုပ်ငန်းကို ထိုလွှတ်တော် အဆင့်ဆင့်တွင် လက်တွေ့ဆောင်ရွက်နိုင်ပြီ” ဟု ဗညားအောင်က ဆိုသည်။
စစ်အစိုးရတပ်နှင့် ကေအင်ယူ တိုက်ပွဲ ထပ်မံ ဖြစ်ပွား
နအဖလက်နက်ကြီးတပ်ဖွဲ့
ဖေဖေါ်ဝါရီလ 03 ရက် 2011 ခုနှစ် ။ဂျူရီချိုင်း-ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာ မြိုင်သာကျေးရွာတွင် ဖေဖော်ဝါရီလ ၁ ရက် ညနေ ၄ နာရီခွဲခန့်က စစ်အစိုးရတပ်နှင့် ကေအင်ယူတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့က ပြောသည်။
ထိုဒေသအတွင်း လှုပ်ရှားနေသော ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ် (စကခ) ၈ အောက်ရှိ ခမရ ၄၀၂ တပ်ရင်း စစ်ကြောင်း၊ ခမရ ၄၀၆ တပ်ရင်း စစ်ကြောင်းများနှင့် ကေအင်ယူ၏ လက်နက်ကိုင်အဖွဲ့ ဖြစ်သည့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ ၆၊ တပ်ရင်း ၁၆၊ တပ်ခွဲ ၂ တို့ နာရီဝက်ကျော် တိုက်ပွဲ ဖြစ်ပွားခြင်း ဖြစ်သည်။
登録:
投稿 (Atom)











