Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/02

စစ်နှင့် လူ့အခွင့်အရေးချိုးဖောက်မှု ရပ်စဲရေး ကမ္ဘာအနှံ့ရှိ ကရင်များ တောင်းဆို

တိုက်ပွဲကြောင့် ၂၀၁၀ နိုဝင်ဘာ လကုန်ပိုင်းက ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေးလာရသော စစ်ပြေး ဒုက္ခသည်များ
(ဓာတ်ပုံ - ဧရာဝတီ)
01 March 2011 ,

စစ်အစိုးရက ကရင်ပြည်သူများအား တိုက်ခိုက်နေမှုနှင့် လူ့အခွင့်အရေး ချိုးဖောက်နေမှုများ အမြန်ဆုံး ရပ်စဲရေးအတွက် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်း အပါအ၀င် နိုင်ငံတကာ အစိုးရများက ပူးပေါင်းဆောင်ရွက်ရန် ကမ္ဘာတ၀န်းရှိ ကရင်တိုင်းရင်းသား ၈၄၀၀၀ က လက်မှတ်ထိုး တောင်းဆိုသည့် လှုပ်ရှားမှုတခုကို မကြာသေးခင်က ပြုလုပ်လိုက်သည်။

ယင်း လှုပ်ရှားမှုကို ကရင်အမျိုးသား အစည်းအရုံး(KNU) က ဦးဆောင်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၁၅ နိုင်ငံရှိ ကရင်တိုင်းရင်းသား အဖွဲ့ ၃၀ ပါဝင်ကြောင်း နှင့် ပထမဆုံး အကြိမ်ဖြစ်ကြောင်း KNU က ပြောသည်။

ဗုံးကွဲအပြီး လုံခြုံရေး တင်းကျပ်မှုကြောင့် ရန်ကုန်မြို့ခံတွေ စိတ်ပျက်


လူတချို့ ထိခိုက်ဒဏ်ရာတွေ ရခဲ့တဲ့အထိ ဖြစ်ခဲ့တဲ့ ရန်ကုန်မြို့က ပေါက်ကွဲမှုအပြီး လုံခြုံရေး အစီအမံတွေ တိုးမြှင့် ဆောင်ရွက်ရာမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အလွန်အကျွံ လုပ်ဆောင်မှုတွေ ရှိနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။ ခရီးသည်တင်ကားတွေ၊ လူနေရပ်ကွက်တွေမှာ ရှောင်တခင် စစ်ဆေးတာတွေ၊ ဖမ်းဆီးတာတွေအထိ လုံခြုံရေး အာဏာပိုင်တွေက လုပ်နေတယ်လို့လည်း ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

တရုတ်မှာ ဆန္ဒမပြနိုင်ရေး လုံခြုံရေး တိုးချ


အရှေ့အလယ်ပိုင်း ဒေသမှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအတိုင်း တရုတ်နိုင်ငံမှာလည်း ဆန္ဒပြကြဖို့ ပြည်ပ အင်တာနက် ၀က်ဘ်ဆိုက်တွေက တိုက်တွန်းနေတာကြောင့် တရုတ်အစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို မြို့တော်တော်များများမှာ တနင်္ဂနွေနေ့က ချထားလိုက်ပါတယ်။
ဘေဂျင်းနဲ့ ရှန်ဟိုင်းမြို့တွေမှာ အရပ်ဝတ်နဲ့ ယူနီဖောင်းဝတ် ရဲတပ်ဖွဲ့ဝင်တွေကို တိုးမြှင့် ချထားပြီး ဈေးဝယ်သူတွေ အနေနဲ့လည်း လူအုပ်စုလိုက် မစုဝေးနိုင်အောင် လူတွေကို အတင်း ရွှေ့သွားခိုင်းနေပါတယ်။

2011/03/01

ကရင် ၈၄,၀၀၀ ထိုးစစ်ရပ်ရေးတောင်းဆို

ကိုဝိုင်း | တနင်္လာနေ့၊ ဖေဖေါ်ဝါရီလ ၂၈ ရက် ၂၀၁၁ ခုနှစ် ၁၅ နာရီ ၂၅ မိနစ်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး မစ္စတာဘန်ကီမွန်းမှ ကရင်ပြည်နယ်အတွင်း စစ်အစိုးရ၏ထိုးစစ်များနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ရပ်စဲရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှု ပြုလုပ်ပေးရန် ကရင်လူထု ၈၄,ဝဝဝ ဦးက လက်မှတ်ရေးထိုး တောင်းဆိုလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) မှ ဦးဆောင်ပြီး ဥရောပ၊ အာရှနှင့် အမေရိကတိုက်တို့မှ နိုင်ငံပေါင်း ၁၆ နိုင်ငံရှိ ကရင်လူမှုအဖွဲ့အစည်း ၃၁ ခု ပူးပေါင်းဆောင်ရွက်ထားသည့် တောင်းဆိုမှုကို မစ္စတာဘန်ကီမွန်းနှင့် ဗြိတိန်ဝန်ကြီးချုပ် မစ္စတာဒေးဗစ်ကင်မရွမ်း၊ သြစတြေးလျဝန်ကြီးချုပ် မစ္စဂျူလီယာ ဂေးလဒ်တို့ အပါအဝင် နိုင်ငံ ၈ နိုင်ငံမှ ခေါင်းဆောင်များထံ ယနေ့ ပေးပို့မည်ဟု ကေအန်ယူက ထုတ်ပြန်သည်။
ကရင်ပြည်နယ်အတွင်း နအဖ ထိုးစစ်ဆင် တိုက်ခိုက်နေမှုအား ရှုတ်ချကန့်ကွက် ဆန္ဒပြ



၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ(၂၈)ရက်။


ကရင်ပြည်နယ်အတွင်း၌ နအဖ စစ်အုပ်စုမှ ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ဆိုင်းရေး တောင်းဆို လှုပ်ရှားမှုနှင့် လစဉ်(၃၀)ရက်နေ့တွင် ကျင်းပ ပြုလုပ်နေသော ဒီပဲယင်း ဆုတောင်းသည့် အခမ်းအနားမှ အမျိုးသား ပြန်လည်သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်ရောက် ကရင်တိုင်းရင်းသားများနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ တို့မှ ပူးပေါင်း၍ တိုကျိုရှိ နအဖ စစ်အခွန်ရုံးရှေ့မှာ ယနေ့ ညနေမှာ ကျင်းပပြုလုပ်ခဲ့ပါသည်။

ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုကို ကရင်အမျိုးသားများ အားလုံး၏ ကမ္ဘာလုံးဆိုင်ရာ တောင်းဆိုလှုပ်ရှားမှု အဖြစ် နိုင်ငံအသီးသီးတွင် တပြိုင်တည်း ကျင်းပ ပြုလုပ်ခဲ့ကြကြောင်းကို KNU-Japan ကိုယ်စားလှယ် စောမျိုးခိုင်ရှင်းမှ ရှင်းလင်းပြောကြား သွားပါသည်။ ဆက်လက်ပြီး NLD-LA(JB) ဒု ဥက္ကဌ ဦးသောင်းလှိုင် မှ ထိုးစစ်ဆင် တိုက်ခိုက်မှုများ အမြန်ဆုံး ရပ်ဆိုင်ပြီး လက်ရှိ မြန်မာနိုင်ငံ၏ အထွေထွေ အကျပ်အတည်းများကို  ကျော်လွှားနိုင်ရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ  ဖြစ်ပေါ်လာစေရန် နအဖ စစ်အုပ်စုအား တိုက်တွန်း ပြောဆိုသွားပါသည်။

တိုင်းရင်းသား ဒေသ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ်နေမှုများ ရှုတ်ချကန့်ကွက်ကြောင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေး အတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် နအဖ စစ်အစိုးရအား တိုက်တွန်းတောင်းဆိုသည့် စာတစောင်ကို ဂျပန်ရောက် ကရင်တိုင်းရင်းသားများတို့မှ နအဖ စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ရှုတ်ချ ကန့်ကွက်သည့်စာကို ပေးပို့ခဲ့ပါသည်။ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပြီး အင်အား ၁၀၀ ခန့် ပူးပေါင်း ပါဝင်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Lian Kham Sum/Moe Min Thu

နအဖစစ်အုပ်စုမှ ထိုးစစ်ဆင်နေမှုအပေါ် ဂျပန်လွတ်တော်အမတ်များ သမဂ္ဂအား သွားရောက် ရှင်းလင်းတင်ပြ။





၂၀၁၀ ခုနှစ် ဖေဖေါ်ဝါရီလ ၂၈ ရက်နေ့တွင် ကရင်အမျိုးသား အစည်းအရုံး (ဂျပန်)၊ အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု (ဂျပန် ကိုယ်စားလှယ်)နှင့် မြန်မာ့ရေးရာရုံး စီမံခန့်ခွဲရေး ကော်မတီ အဖွဲ့ဝင်များနှင့်အတူ ဂျပန်လွတ်တော်သို့ သွားရောက်၍ ကရင်ပြည်နယ် ဒေသအတွင်း နအဖ စစ်အုပ်စုမှ ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်တန့် ပေးရန်အတွက် အမတ်များ သမဂ္ဂအား သွားရောက် ရှင်းလင်း တင်ပြခဲ့ပါသည်။

ထိုသို့ သွားရောက် တွေ့ဆုံရာမှာ မြန်မာ့အရေးအား ကူညီထောက်ပံ့ပေးနေသော ဂျပန်အမတ်များ သမဂ္ဂ(GIREN)၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ အထက်လွတ်တော် အမတ် (ဂျပန် ဒီမိုကရက်တစ်ပါတီ) Mr.Azuma KONNO မှ လက်ခံတွေ့ဆုံပြီး ကရင်ပြည်နယ်အတွင်း နအဖ၏ ထိုးစစ်ဆင် တိုက်ခိုက် မှုတွေကြောင့် အပြစ်မဲ့ဒေသခံ ပြည်သူများ အိုးအိမ်ခြံမြေတို့ကို စွန့်ခွါပြီး စစ်ပြေးဒုက္ခသည်များအဖြစ် တောတောင်တွေမှာရော ဒုက္ခသည်စခန်းတွေမှာပါ ထွက်ပြေးနေခဲ့ကြရကြောင်း စစ်ဆင်ရေးများတွင် ဒေသခံများကို ရိက္ခာသယ်ရန် ပေါ်တာစွဲခြင်း၊ လူသားမိုင်းရှင်းကိရိယာအဖြစ် အသုံးပြုခြင်း စသည့် လူမျိုးတုံး မျိုးဖြုတ်သတ်ဖြတ်မှုများ ရပ်တန့်ပေးရန် ဂျပန်နိုင်ငံ အစိုးရနှင့်တကွ အပြည်ပြည်ဆိုင်ရာ လူ့အဖွဲ့အစည်းမှ တားဆီးပေးရန် သွားရောက် ရှင်းလင်းတင်ပြခဲ့ပါသည်။

အမတ်သမဂ္ဂမှ တိုင်းရင်းသား ဒေသအတွင်း ဖြစ်ပျက်နေသော အခြေအနေ အရပ်ရပ်ကို ပိုမိုနားလည် သဘောပေါက် စေရန်အတွက် နိုင်ငံခြားရေးဌာန အဆင့်မြင့်ပုဂ္ဂိုလ်များ ဂျပန်လွတ်တော် အမတ်များတို့ ဖိတ်ခေါ်ပြီး မြန်မာနိုင်ငံအရေးနှင့် ပတ်သက်သည့် ကြားနားမှုကို ပြုလုပ်သွားမည်ဖြစ်ပြီး နိုင်ငံတကာ များနှင့်အတူ ထိရောက်သည့် တိုက်တွန်း တောင်းဆိုမှုများ ကူညီ ဆောင်ရွက်မှုများ စီစဉ်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Moe Min Thu

ပြည်တွင်းစစ် ရပ်ဆိုင်းရန် KNU တောင်းဆို


နယူးဒေလီ (မဇ္ဈိမ)။   ။  ပြည်တွင်းစစ်ပွဲများ ရပ်ဆိုင်းပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အားလုံးပါဝင်သည့် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပေါ်လာစေရန် စစ်အစိုးရကို နိုင်ငံတကာက ဖိအားပေးရန် ကရင်အမျိုးသားအစည်းအရုံး KNU က တောင်းဆိုလိုက်သည်။

တိုင်းရင်းသားဒေသများတွင် စစ်အစိုးရတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုများကြောင့် ဒေသခံလူထု ထိခိုက်နေရပြီး၊ တွေ့ဆုံဆွေးနွေးရေးဖြင့်သာ နိုင်ငံရေးပြဿနာများကို ဖြေရှင်းနိုင်လိမ့်မည်ဟု ယုံကြည်သောကြောင့် ယခုတပတ် ကြာသပတေးနေ့တွင် ကြေညာချက်ထုတ်ကာ တောင်းဆိုလိုက်ခြင်း ဖြစ်သည်။