Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/04

လူထု နိုင်ငံရေး ခံစားချက် လေ့လာဖို့ ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

03 မတ် 2011 ,

မြန်မာပြည်သူလူထု လက်ရှိ ခံစားနေရတဲ့ နိုင်ငံရေး ခံစားချက်တွေကို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ ပိုပြီးသိအောင် တိုးမြှင့် လုပ်ဆောင်ကြဖို့ NLD ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ ဒီကနေ့ NLD ဗဟိုအလုပ်အမှုဆောင်တွေနဲ့ ရန်ကုန်တိုင်းထဲက မြို့နယ်နဲ့ တိုင်း စည်းရုံးရေးမှူးတွေ NLD ရုံးချုပ်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြတဲ့ပွဲမှာ အခုလို ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့တာလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။

လက်ရှိ မြန်မာ့နိုင်ငံရေး အခြေအနေတွေပေါ်မှာ ပြည်သူလူထုတွေရဲ့ ခံစားနေရမှုတွေကို NLD ပါတီက ပိုပြီး သိရအောင် လူထုဆီက အသံတွေ နားထောင်ဖို့၊ တုံ့ပြန်ချက်တွေ ပေးနေတဲ့ လူထုဆီကို NLD ပါတီဝင်တွေ အရောက်သွားဖို့ ကိစ္စတွေကို ဒီကနေ့ အဓိက ဆွေးနွေးခဲ့ကြတယ်လို့ NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးဉာဏ်ဝင်းက ပြောပါတယ်။

ကဒါဖီ သင်ခန်းစာနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ

ဗိုလ်မှူးဟောင်း အောင်လင်းထွဋ် တန်ပြန်ထောက်လှမ်းရေး အရာရှိ မှ ပြန်လည်စုစည်းတင်ပြသည် 

03 March 2011,

လစ်ဗျားခေါင်းဆောင် ကဒါဖီနဲ့တူသော ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမျိုးသား ညီလာခံမှာ ထည့်သွင်း ဆွေးနွေးခြင်း မရှိဘဲ ကိုယ့်ကိုယ်ကိုယ် လွတ်ငြိမ်းချမ်းသာခွင့် ပေးထားတဲ့ ဥပဒေကို ၂၀၀၈ အခြေခံဥပဒေမှာ ဘာကြောင့် ထည့်သွင်းခဲ့ရပါသလဲ။ ဘယ်သူကိုမှ မတိုင်မပင်ဘဲနဲ့ ကော်မရှင်အဖွဲ့ဝင် ဦးသောင်းညွန့် (ဥပဒေပညာရှင်နှင့် အငြိမ်းစား ညွှန်ကြားရေးမှူးချုပ်) ကို သူ့အခန်းထဲခေါ်ပြီး ဘာဖြစ်လို့ ရေးခိုင်းရပါသလဲ။

ဘုရားတရား ကြည်ညိုတဲ့ ဦးသောင်းညွန့် ငါးပါးသီလကံကို ချိုးဖောက်ခဲ့ရလို့ စိတ်မကောင်း ဖြစ်ခဲ့ရတဲ့ အကြောင်း နေပြည်တော် အတွင်းစည်းထဲက သတင်းတွေ ကျနော့်ထံ ရောက်လာခဲ့ပါတယ်။

(၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၄၊ ကူးပြောင်းရေးကာလ ပြဋ္ဌာန်းချက်များ၊ အပိုဒ် ၄၄၅ မှာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သည် နဝတနှင့် နအဖတို့၏ ဆောင်ရွက်ချက်များ၊ တာဝန်များနှင့် ရပိုင်ခွင့်များကို ဆက်ခံသည်။ ယင်းအဖွဲ့၊ သို့မဟုတ် အဖွဲ့ဝင်တဦးဦး သို့မဟုတ် အစိုးရအဖွဲ့ဝင် တဦးဦး၏ တာဝန်အရ ဆောင်ရွက်ချက်များ အပေါ် အကြောင်းပြုလျက် ယင်းတို့အား တရားစွဲဆိုခြင်း၊ အရေးယူခြင်း မရှိစေရလို့ ဖော်ပြထားပါတယ်။)

ဒီသတင်းတွေနဲ့ ပတ်သက်ပြီး ကျနော် အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ မြန်မာသံရုံးမှာ တာဝန် ထမ်းဆောင်နေစဉ် ကာလက အဖြစ် အပျက်လေး တခုကို သွားပြီး သတိရမိပါတယ်။

မြန်မာနိုင်ငံမှာ ကုန်ဈေးနှုန်းတွေ မြင့်တက်


တူနီးရှားနဲ့ အီရန်ကစပြီး လက်ရှိ လစ်ဗျားနိုင်ငံမှာ အစိုးရဆန့်ကျင် ဆန္ဒပြမှုတွေကြောင့် ကမ္ဘာ့ကုန်ဈေးနှုန်းတွေ တက်လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာလည်း လအနည်းငယ်ကြာ အေးစက်စက် ဖြစ်နေခဲ့တဲ့ အမေရိကန် ဒေါ်လာငွေဈေးနဲ့ ရွှေဈေးတွေဟာ ဖေဖော်ဝါရီ လလယ်ပိုင်းလောက်စပြီး တဖြည်းဖြည်းနဲ့ ဈေးနှုန်း ပြန်လည်မြင့်တက်ခဲ့ပါတယ်။ ရွှေဈေး၊ အမေရိကန် ဒေါ်လာဈေးနဲ့ လောင်စာဆီဈေးတွေဟာ တခုနဲ့တခု ချိတ်ဆက်နေတာဖြစ်ပြီး အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေပါ လိုက်ပါ မြင့်တက်လာတာ ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ဒါပေမဲ့ ကုန်ဈေးနှုန်း မြင့်တက်လာတာကြောင့် ၀င်ငွေနည်း မြန်မာပြည်သူလူထု အကျပ်အတည်းတွေ တစထက်တစ ပိုပြီး ကြုံလာရတဲ့အကြောင်း မသိင်္ဂီထိုက်က စုစည်း တင်ပြပေးထားပါတယ်။
ဒီရက်ပိုင်းအတွင်းမှာပဲ ဆန်ကြမ်းတပြည်ကို ၇၀၀ ကျပ်ကနေ ၁,၀၀၀ ကျပ်အထိ မြင့်တက်လာပါတယ်။ ဆန်ချောဈေးတွေလည်း အမြင့်ဘက်ကို ရောက်လာပါတယ်။ ဆန်ချောတအိတ်ကို အရင်ဈေးထက် ၅,၀၀၀ ကျပ်လောက် မြင့်တက်လာတာပါ။ ရန်ကုန်မြို့ခံ အိမ်ရှင်မတဦးကတော့ အထွေထွေ စားသောက်ကုန် ဈေးနှုန်းတွေ တက်လာတဲ့အတွက် ၀င်ငွေနဲ့ ထွက်ငွေ မျှတအောင် သုံးစွဲရတာ မလွယ်ဘူးလို့ ပြောပါတယ်။

2011/03/03

သားကို စစ်တပ်ထဲမှ ရွေးထုတ်ရမည်


နယူးဒေလီ (မဇ္ဈိမ) ။       ။ ၁၆ နှစ်အရွယ် သားငယ်ကို စစ်တပ်ထဲမှ ပြန်ထုတ်ရန် လျော်ကြေးပေးရမည်ဟု ပဲခူးတိုင်း ဝေါမြို့ရှိ မိဘနှစ်ပါးက ပြောဆိုသည်။

ဝေါမြို့ အေးချမ်းသာယာကွက်သစ် ၂ လမ်း (ခတ္တာလမ်း)၊ အိမ်အမှတ် ၅၈၉ နေ ဖခင် ဦးအောင်နိုင်နှင့် မိခင် ဒေါ်ညိုညိုလွင်က ပြီးခဲ့သည့်လ ၂၈ ရက်နေ့တွင် မန္တလေးတိုင်း ခြေမြန်တပ်ရင်း ခမရ ၁၅ဝ တွင် စစ်မှုထမ်းနေသော သား မောင်အောင်ဇင်ထက်က သူ့ကို လျော်ကြေးငွေပေး၍ စစ်တပ်ထဲမှ ရွေးထုတ်ရမည်ဟု ဖုန်းဆက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“အမေတဲ့၊ သား လျော်ရမယ်တဲ့။ အဲဒါပဲ ကြားတယ်။ ကြားတော့ ကျမကနေ သူ့ကို မေးတယ်။ သားက ဘာလျော်ရမှာလဲ၊ ပိုက်ဆံလျော်ရမှာလား၊ ဘယ်လောက်လျော်ရမှာလဲ၊ အမေ့ကို ပြော။ အမေ ပြောတာတွေလည်း သား ကြားလားလို့ဆိုတော့ သူကနေပြီးတော့ အမေပြောတာ သားကြားတယ်တဲ့။ အဲဒီလို တလုံးပြောပြီး ဖုန်းက ပြန်ကျသွားတယ်။ နောက်တခါ သူက ထပ်ခေါ်တယ်။ ထပ်ခေါ်တဲ့အချိန်က ပြန်ကျပြီးတော့ ဘာမှ မသိလိုက်ရဘူး” ဟု မိခင် ဒေါ်ညိုညိုလွင်က မဇ္ဈိမကို ပြောသည်။

ကချင်ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု စရဖ ခြိမ်းခြောက်

မတ်လ ၀၂ ရက် ၂၀၁၁ ခုနှစ်။


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ကို စစ်အင်အားသုံး ဖြေရှင်းမည်ဟု မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် စစ်ဘက်ရေးရာ လုံခြုံရေးတပ် ဒုဗိုလ်မှူးကြီးသက်ပုံက အကြိမ်ကြိမ် ခြိမ်းခြောက်ပြောဆိုကြောင်း KIO သတင်းရပ်ကွက်က ပြောသည်။

ဒုဗိုလ်မှူးကြီး သက်ပုံက မြစ်ကြီးနားရှိ KIO ဆက်ဆံရေးရုံး တာဝန်ခံ ဗိုလ်မှူးကြီး ဂျီးနောင်ကို ဖေဖော်ဝါရီ ၂၈ ရက်နေ့ ညနေပိုင်းတွင် မြစ်ကြီးနားမြို့ပြင်ရှိ စရဖ ရုံးတွင် တွေ့ဆုံကာ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကချင်ပြည်နယ် ဗန်းမော်ခရိုင် လွယ်ဂျယ်မြို့ အကောက်ခွန်ရုံးရှေ့တွင် အဝေးထိန်းခလုတ်ဖြင့် ဖောက်ခွဲ နိုင်သော အပြင်းစား TNT ယမ်းမှုန့်ဖြင့် ပြုလုပ်ထားသော မိုင်းဗုံး ၁ဝ လုံးကို တွေ့ရှိပြီးနောက် KIO လက်ချက်ဟုလည်း ဒုဗိုလ်မှူးကြီးသက်ပုံက စွပ်စွဲလိုက်သည်။

“KIO က အခုလို လုပ်လာတဲ့အတွက် နိုင်ငံတော် အစိုးရအနေနဲ့ စစ်အင်အားသုံး ဖြေရှင်းမယ်ဆိုတာ အကြိမ်ကြိမ် ပြောတယ်။ ဒီဗုံးက KIO လုပ်ဗုံးဖြစ်တယ်၊ အစိုးရကို ရန်စတာဖြစ်တယ်၊ (KIO လက်အောက်ခံတပ်) KIA တပ်မဟာ ၃ ရဲ့ လက်ချက်ဖြစ်တယ်ဆိုပြီး စွပ်စွဲတာ” ဟု KIO အရာရှိတဦးက မဇ္ဈိမကို ပြောသည်။

ကော့ကရိတ်မြို့ လူထုကို ဒီကေဘီအေ ဆက်ကြေး ကောက်မယ်လို့ နအဖ က ဝါဒဖြန့် ခြိမ်းခြောက်


ဒီကေဘီအေ တပ်မှူးတွေ ဓါတ်ပုံနဲ့အတူ တွေ့ရင် အကြောင်းကြားပေဖို့ စကခ ၁၂ ဖုန်းနံပါတ်ပါတဲ့  ကြော်ငြာ စာတွေကို မတ်လ ၁ ရက်နေ့က ကော့ကရိတ်မြို့နေရာ အတော်များများမှာ ကပ်ထားတာတွေ့ရတယ်လို့ ကုန် သည်တွေထံမှ တဆင့် ကြားသိရပါတယ်။

ကော့ကရိတ်မြို့က ကပ်ထားတဲ့ စာတွေကို တွေ့ခဲ့တဲ့ ကုန်သည်တဦး ပြောပြတာကတော့ …
“ကျနော်တို့တွေ့ခဲ့တာ ကော့ကရိတ် ၇ ရပ်ကွက်မှာ၊ သူတို့ ကပ်ထားတဲ့ပုံတွေက ပြန်တိုက်တဲ့ ဒီကေဘီအေအဖွဲ့ က ဗိုလ်မှူး ကျော်သက်နဲ့ ဗိုလ်မှူးဆန်းအောင် တို့ရဲ့ ပုံတွေပါ၊ ဒီနှစ်ယောက်ကို တွေ့ရင် စကခ ၁၂ ကို အ ကြောင်းကြားဘို့ ဖုန်းနံပါတ် တခုလည်းပါ ပါတယ်။ ရေးထားတဲ့ စာတွေကတော့ဗျာ ဒီအဖွဲ့တွေဟာ ငတ်နေပြီ လူထုဆီက အတင်းခြိမ်းခြောက်ပြီး ဆက်ကြေးကောက်တာ လုပ်လိမ့်မယ် ဘာညာပေါ့နော်။ အဲဒီလောက်ပါပဲ” လို့ ပြောပြသွားပါတယ်။

2011/03/02

 Just Do it against Military Dictatorship 
အာဏာရှင်ကိုဆန့်ကျင်ဖို့ အခုပဲစကြစို့
Tuesday, 01 March 2011
အာဏာရှင်ကိုဆန့်ကျင်ဖို့ အခုပဲစကြစို့
Just Do it against Military Dictatorship
မောင်မောင်ဝမ်း
မတ် ၂၊ ၂၀၁၁
          Facebookစာမျက်နှာမှာလူငယ်တဖွဲ့ကနေ တော်လှန်ရေးတပ်လှန့်သံတခုနဲ့ ပေါ်ထွက်လာတော့ အဲဒီလူငယ်တွေကို ချီးကျူးမိပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ စစ်အာဏာရှင်များဟာ နိုင်ငံရေးကို ဇက်ကြိုးပြတ်အောင်လုပ်နေတဲ့ အချိန်ကာလများမှာ တိုင်းပြည် ဒီမိုကရေစီလွတ်မြောက်ရေးတိုက်ပွဲအတွက် တတပ်တအားပါဝင်လာတာကို တွေ့ရလို့ပါ။
           အခုဆိုရင် သူတို့ရဲ့စည်းရုံးလှုံ့ဆော် ဆောင်ရွက်ချက်တွေဟာ တော်တော်တောင်ခရီးပေါက်နေပြီ၊ တော်တော်များများ ရင်ထဲမှာ JD (just-Do-it အတိုကောက်) ဆိုတာ သန္ဓေတည်နေပြီ။ တချို့အမြင်လေးတွေကိုလည်း တွေ့ရတယ်။ တွေ့ဆုံဆွေးနွေးရေးလမ်းစဉ်ကိုတောင် သူတို့က အယုံကြည်မရှိတော့ဘူး။
ဒီနေရာမှာ ကျနော်လည်း ဒီသဘောထားဝင်နေတာ ကာလတခု ရှိသွားပြီဗျ။ မူလအစက တွေ့ဆုံဆွေးနွေးရေးဆိုတာ ကျနော့်နိုင်ငံရေးယုံကြည်ချက်ထဲမှာ သံမှိုစွဲထားသလို ရှိနေတဲ့အရာတွေပါ။ ဒါ့အတွက် ကိုယ့်ဘ၀ကို ကာလတခုမှာ ပေးဆပ်ခဲ့ဘူးပါတယ်။ ဒါပေမဲ့ အခု သိပ်မယုံကြည်တော့ဘူး။ (စွန့်ပယ်ဆုံးဖြတ်တယ် လို့တော့ မဆိုလိုပါဘူး)။ အလုပ်သိပ်မဖြစ်တော့ဘူးလို့ ထင်လို့ပါ။ တကယ်လည်း အခုထိ အလုပ်မဖြစ်ပါဘူး။ အားမလိုအားမရစိတ်နဲ့ ပြောတာပါလို့ စွပ်စွဲမယ်ဆိုလည်း ခံဖို့ အသင့်ပါပဲ။
တိုင်းပြည်လူထုက တဖြည်းဖြည်းနဲ့ ဆင်းရဲတွင်းနက်လာလိုက်တာ ၁၉၈၈ မတိုင်မီကထက်တောင် ပိုဆိုးလာတယ်။ စစ်အာဏာရှင်များဖက်က သိသာတဲ့နိုင်ငံရေးပြုပြင်ပြောင်းလည်းမှု မပြောနဲ့ နောက်ဆုံးထွက်သက်တွေအထိ အာဏာကို ဆုပ်ကိုင်သွားကြဖို့ကိုတောင် အတည်ပြု ဆုံးဖြတ်ပြီးနေကြပြီ။ ဒီတော့ ကျနော်တို့မှာ ရွေးချယ်စရာလမ်းက သိပ်များ များစားစား မကျန်တော့ဘူး။
တခုတည်းသောနည်းလမ်းပဲ ကျန်တော့တယ်။ ဒါကတော့ လူထုတိုက်ပွဲ … … ။ နိုင်ငံတကာက  လွတ်မြောက်လာတဲ့ တိုင်းပြည်တော်တော်များများကို လေ့လာကြည့်တဲ့အခါ အာဏာရှင်ကို လူထုတိုက်ပွဲနဲ့ အောင်ပွဲဆင်လာတာပဲ များတယ်။ ဟိုးလွန်ခဲ့တဲ့ နှစ်များစွာကစလို့ ဒီကနေ့လွတ်မြောက်ရေး တိုက်ပွဲဆင်နွဲနေတဲ့ နိုင်ငံတွေအဆုံး … လူထုတိုက်ပွဲနဲ့ပဲ အဆုံးသတ်သွားကြတယ်။