Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/03

စစ်တကောင်း တောင်တန်းနယ် အရေးအတွက် ဂျပန်နိုင်ငံတွင် ဆန္ဒပြ


5/3/2011
Adjust font size:  

ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ခါကာဆိုးရီ ခရိုင် (ဖလံထောင်) ၌ များမကြာမှီက ဖြစ်ပွားခဲ့သော ဒေသခံ မာရမာများနှင့် ဘင်္ဂလီ အခြေချသူများ အကြား ဖြစ်ပွားခဲ့သော အဓိဂရုဏ်းကို ဆန့်ကျင် ရှုတ်ချ သည့် ဆန္ဒပြပွဲ တစ်ခုကို မေလ ၂ ရက်နေ့က ဂျပန်နိုင်ငံတွင် ပြုလုပ်ခဲ့ကြောင်း သတင်း ရရှိသည်။

The-World-Jummo-Voice-of--Japan
ယင်းဆန္ဒပြပွဲကို The World Jummo Voice of Japan က ဦးဆောင်ကျင်းပခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ဂျပန်ရောက် မာရမာ၊ သက်၊မြို၊ မြုံ စစ်တကောင်းတောင်တန်းနယ်သားများအပြင် ဂျပန်ရောက် ရခိုင်များလည်း ပူးပေါင်း ပါဝင်ခဲ့ကြသည်။

ဆန္ဒပြပွဲသို့ လူ ၅၀ ခန့် ပူပေါင်း ပါဝင်ခဲ့ပြီး နံနက် ၁၀ နာရီတွင် Godenta ဘူတာအနီးရှိ ပန်းခြံမှ ကြွေးကြော်သံများ ကြွေးကြော်ပြီး တိုကျိုမြို့ Meguro ရပ်ကွက်ရှိ ဘင်္ဂလာဒေခ်ျ့သံရုံးသို့ စတင် ချီတက် ခဲ့ကြသည်ဟု သိရသည်။

သူတို့ ကြွေးကြော်သော ကြွေးကြော်သံများမှာ


The-World-Jummo-Voice-of--Japan
(၁) ဘင်္ဂလာဒေရှ်အစိုးရမှ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ အတိုင်း စစ်တကောင်း တောင်တန်း ဒေသတွင် မြေပြန့်ဒေသမှ ဘင်္ဂါလီများ အခြေစိုက်ခြင်းကို ချက်ချင်း ရပ်တန့်ပေးရန်။
(၂)ယခုဖြစ်ပွားသော လူမျိုးရေးအဓိကရုဏ်းတွင် တာဝန်ရှိသူများကို အရေးယူပေးရန်။
(၃)လူမျိုးရေးနှင့်ဘာသာရေးအရ အနိုင်ကျင့်မှုကို ချက်ချင်းရပ်တန့်ရန် စသည်တို့ ဖြစ်သည်။

နေ့လည် ၁၂ နာရီတွင် ဘင်္ဂလာဒေခ်ျ့ သံရုံးသို့ ရောက်ရှိခဲ့ပြီး The World Jummo Voice of Japan ၏ သဘောထား ကြောငြာချက်ကို သံအမတ်မှ တဆင့် ဘင်္ဂလာဒေခ်ျ့ ၀န်ကြီး ချုပ်ထံသို့ ပေးပို့ ခဲ့ကြောင်း သတင်း ရရှိသည်။ 

သတင်းရင်းမြစ် နိရဉ္စရာ

လွတ်ငြိမ်းချမ်းသာခွင့် မကြာခင် ပေးဖွယ်ရှိ

2011-05-02
အစိုးရသစ် အနေနဲ့ လွတ်ငြိမ်းချမ်းသာခွင့်အမိန့် ထုတ်ပြန်ဖို့ စီစဉ်နေတယ်လို့ ရန်ကုန်က လာတဲ့ AFP သတင်းတရပ်က ဖော်ပြပါတယ်။

အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့မှ ဦးဆောင်ကာ မြန်မာနိုင်ငံမှ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတခု အဖြစ် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့ရှိ မြန်မာစစ်အစိုးရ သံရုံးရှေ့တွင် ဆန္ဒပြ တောင်းဆိုနေသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: AFP)
ဒါပေမဲ့ အဲဒီလွတ်ငြိမ်းချမ်းသာခွင့်မှာ နိုင်ငံရေးအကျဉ်းသားတွေ ပါမပါတော့ မသေချာကြောင်း အစိုးရအရာရှိတဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး သတင်းမှာ ဖော်ပြထားပါတယ်။
သမတ ဦးသိန်းစိန်ဟာ ကြာသပတေးနေ့ အင်ဒိုနီရှားနိုင်ငံမှာ ကျင်းပမဲ့ အာဆီယံ ထိပ်သီး အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။ သမတသစ်အနေနဲ့ ပထမဆုံး နိုင်ငံတကာ ခရီးစဉ်အဖြစ်နဲ့ အချိန်ကိုက် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်နိုင်ဖွယ် ရှိတယ်လို့ အမည်မဖော်လိုတဲ့ မြန်မာအစိုးရအရာရှိတဦးက ပြောဆိုခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာချိန် လွတ်ငြိမ်းချမ်းသာခွင့် ပေးဖို့ အစီအစဉ် ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေး မပေးဆိုတဲ့အပေါ် သံသယ ရှိနေကြပါတယ်။
လန်ဒန်အခြေစိုက် အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) အပါအဝင် နိုင်ငံရေး စောင့်ကြည့်အဖွဲ့တွေရဲ့ အဆိုအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ၂,၂၀၀ ကျော် ရှိပြီး ကမ္ဘာပေါ်မှာ နိုင်ငံရေးအကျဉ်းသား အများဆုံး ရှိနေတဲ့ နိုင်ငံ ဖြစ်ပါတယ်။
ဘင်လာဒင် အိမ်ကို ဘယ်လိုဝင်စီးလဲဆိုတာ CNN က တင်ပြ (ရုပ်သံ)


Miyagi Kan, Ishinomaki မြို့ရှိ ဒေသခံ ဂျပန် ငလျင် ဒုက္ခသည်များအား မြန်မာထမင်း ဟင်းလျှာများကို ချက်ပြုတ်ကျွေးမွေးခဲ့သည့် လုပ်အားပေး မြန်မာများ အဖွဲ့(၁) ကို TV ASAHI မှ မှတ်တမ်းတင်(ရုပ်သံ)




E-mail ဖြင့်ပေးပို့ လာသော ကိုတင်ဝင်းအားကျေးဇူးအထူးတင်ရှိပါသည်။

2011/05/02

ကရင်အမျိုးသား အစည်းအရုံး(ဂျပန်) လပတ်အစည်းအဝေး




၂၀၁၁ မေလ ၁ ရက်နေ့ 
ကေအဲန်ယူ(ဂျပန်) ၅လပတ် လုပ်ငန်း ညှိနှိင်းအစည်းအဝေး ကို ညီညွတ်သောတိုင်းရင်းသားအစည်းအရုံး (ဂျပန်) ရုံးခန်း တွင် နေ့ လည် ၁ နာရီ မှ ညနေ ၅ နာရီထိ အဖွဲ့ သူ အဖွဲ့ သား စုံညီစွာ ဖြင့် တက်ရောက် ဆွေးနွေးတင်ပြခဲ့ကြသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ။           ။ မိုးမင်းသူ

ဒီမိုကရေစီနည်းကျ အလုပ်သမားသမဂ္ဂ NLD ဖွဲ့မည်

2011-05-01
(Photo: AFP)
မြန်မာနိုင်ငံတွင် ကလေးသူငယ်များ အရွယ်နှင့်မမျှ ဤကဲ့သို့ အလုပ်လုပ်နေကြရသည်မှာ အလုပ်သမား ပြဿနာကြီးတခု ဖြစ်ပါသည်။ (Photo: AFP)
မြန်မာနိုင်ငံမှာ နိုင်ငံရေးစနစ် ပြောင်းလဲလာတာနဲ့ အမျှ အလုပ်သမားတွေရဲ့ အခွင့်အရေးတွေ ပြန်လည် ရရှိလာဖို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် က ဦးဆောင်ပြီး နိုင်ငံလုံးဆိုင်ရာ အလုပ်သမား အစည်းအရုံး အဖွဲ့ချုပ် Trades Union Congress ဖွဲ့စည်းထူထောင်မယ့်အကြောင်း မေလ ၁ ရက် နေ့စွဲနဲ့ ကြေညာ ခဲ့ ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ မိန့်ခွန်းတွေအရ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်လာတဲ့အတွက် အလုပ်သမားနဲ့ လယ်သမား အခြေခံ အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်နိုင်ဖို့ အလုပ်သမား အဖွဲ့အစည်းတွေ လိုအပ်လာကြောင်း၊ ဒီလိုအပ်ချက်ကို ILO ပြဋ္ဌာန်းချက်တွေနဲ့ အညီ နိုင်ငံလုံးဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ်ကို ထူထောင်ပြီး အလုပ်သမားထု အကျိုးကို ကာကွယ် စောင့်ရှောက်သွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီကြေညာချက်ဟာ မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ အလုပ်သမားရေး ဆိုင်ရာ အဖွဲ့အစည်းတရပ် ပေါ်လာဖို့ ရည်ရွယ်သလို မြန်မာအစိုးရသစ်ရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုအပေါ် စမ်းသပ်ချက်လည်း ဖြစ်တယ်လို့ NLD က ပြောပါတယ်။

အလုပ်သမားနဲ့ လယ်သမားရေး ဆောင်ရွက်နေတဲ့ NLD ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဦးသန်းထွန်းကို RFA က ကိုကျော်မင်းထွန်းက ဆက်သွယ် မေးမြန်းထားပါတယ်။

copy_rights RFA

၁၂၁ ကြိမ်မြောက် မေဒေးနေ့ အခမ်းအနားများ ကျင်းပ

၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃)

၁၂၁ ကြိမ်မြောက် မေဒေးနေ့ ကျင်းပနေစဉ် (ဓါတ်ပုံ-ရိုးမ ၃)
ယနေ့ကျရောက်သည့် (၁၂၁) ကြိမ်မြောက် ကမ္ဘာ့အလုပ်သမားနေ့ (မေဒေး) အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တွင် (၃)နေရာခွဲ၍ ဒီကနေ့ မနက်ပိုင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
ယင်းအခမ်းအနားများကို ထိုင်း-မြန်မနယ်စပ်အခြေစိုက် အလုပ်သမားရေးဆောင်ရွက်နေကြသည့် အဖွဲ့အစည်းများ၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (၁၅) ခုတို့က ပူးပေါင်းကာ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သလို မြန်မာနိုင်ငံ အလုပ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ (BLSO) ကလည်း မေဒေးနေ့ အခမ်းအနားကျင်းပခဲ့သည်။
မဲဆောက်မြို့လယ် အစိုးရအထက်တန်းကျောင်းတွင် (၁၂၁) ကြိမ်မြောက် မေဒေးနေ့ အထိမ်းအမှတ်အခမ်းအနား တရပ်ကို တပ်ခ်ခရိုင်ဝန်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ပြီး အလုပ်သမားအရေး လုပ်ဆောင်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် ထိုင်းစက်မှုလုပ်ငန်းရှင်များအသင်းတို့က ကျင်းပခဲ့သည်။
ယင်းအခမ်းအနားတွင် ရွေ့ပြောင်းမြန်မာအလုပ်သမားများအတွက် ဘောလုံးပွဲ၊ ပိုက်ကျော်ခြင်းစသည့် အားကစားပြိုင်ပွဲများအပြင် မြန်မာ့ရိုးရာ အဆိုအကများနှင့် ပျော်ရွှင်စွာကျင်းပခဲ့ပြီး မြန်မာရွေ့ပြောင်း အလုပ်သမား (၆၀၀)ကျော် တက်ရောက်ခဲ့သည်။