Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/07

အစိုးရ စစ်သည် ၂ ဦး KNLA ထံ လက်နက်ချ

မေလ ၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် ကော့ကရိတ်မြို့အခြေစိုက် အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၂) လက်အောက်ခံ ခမရ(၂၃၁) တပ်ရင်းမှ စစ်သည် ၂ဦးသည် ယမန်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)ထံသို့ လာရောက်လက် နက်ချခဲ့သည်ဟု KNLAက ပြောသည်။

KNLA တပ်ရင်း ၂၀၁ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောဖောဒိုက “မနေ့က ကော့ကရိတ်အခြေစိုက် ခမရ(၂၃၁)တပ်ရင်းက တပ်ဖွဲ့ ၀င် ၂ဦး ကျနော်တို့ KNLA တပ်ရင်း(၂၀၁)ကို လာပြီး လက်နက်ချတယ်။ တပ်ကြပ်တစ်ယောက်နဲ့ တပ်သားတစ်ယောက် ဖြစ် တယ်။ သူတို့နဲ့အတူ MA-1 ၁လက်၊ MA-2 ၂လက်၊ MA-4 ၁လက်။ စုစုပေါင်း လက်နက် ၄လက်နဲ့ လမ်းလျှောက် စကားပြော စက်တစ်လုံး ပါတယ်။”ဟု ပြောသည်။

အဆိုပါ လက်နက်ချလာသည့် အစိုးရစစ်သည် ၂ဦးအား လက်ရှိအချိန်တွင် KNLA တပ်ရင်း(၂၀၁) ထိန်းချုပ်ရာ နယ်မြေတနေ ရာတွင် လက်ခံထားခဲ့ပြီး ရှေ့ဆက် ၎င်းစစ်သည်များ၏ဆန္ဒအတိုင်း စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုဗိုလ်မှူးကြီးစော ဖောဒိုက ပြောသည်။

ယခုနှစ် ၂၀၁၁ခုနှစ်တွင် KNLA တပ်ရင်း(၂၀၁)ထံသို့ အစိုးရစစ်သည်များ မကြာခဏ ထွက်ပြေးရောက်ရှိလာသော်လည်း အ ဆိုပါစစ်သည် ၂ဦးမှာ မေလထဲတွင် ဦးဆုံးထွက်ပြေးရောက်ရှိလာသည့် အစိုးရစစ်သည်များဖြစ်သည်။

ပြီးခဲ့သည့် ဧပြီလက ကော့ကရိတ်မြို့တွင် ပြန်လည် အနားယူခဲ့သည့် ဝေါ်လေဒေသ လှုပ်ရှားတပ်ရင်း ခလရ(၉၇)မှ ဗိုလ်ကြီး တစ်ဦးနှင့် တပ်ကြပ်ကြီးတစ်ဦး အပါအ၀င် စစ်သည် ၂၀ကျော်သည် လစာဖြတ်တောက်ခံရမှုနှင့် ဝေါ်လေဒေသတွင် ဆက် လက် မလှုပ်ရှားလိုတော့သည့်အတွက် တပ်တွင်းမှ ထွက်ပြေးခဲ့ကြောင်း ကော့ကရိတ်မြို့ရှိ အစိုးရစစ်တပ်နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။ 


သတင်း ရင်းမြစ် ကေအိုင်စီ

တိုင်းရင်းသားဒေသထိုးစစ်ရပ်ရေး ဖိအားပေးဖို့ ဗြိတိသျှအစိုးရကို တိုက်တွန်း

Map by Shan Human Rights Foundation

2011-05-05,

မြန်မာအစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ အပစ်အခတ် ရပ်စဲရေးအတွက် နိုင်ငံတကာနဲ့ အတူ မြန်မာ အစိုးရကို တိုက်တွန်းပေးဖို့ လန်ဒန် အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့ (Burma Campaign UK) က ဗြိတိသျှ အစိုးရကို မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆို လိုက်ပါတယ်။

၂ဝ၁၁ ခုနှစ် မတ်လ ၁၃ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ ရှမ်းပြည်တပ်မတော် (မြောက်ပိုင်း) တပ်ဖွဲ့အပေါ် မြန်မာ အစိုးရတပ်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည့် ဒေသများကို Shan Human Rights Foundation က မြေပုံအညွှန်းဖြင့် ပြသထားပုံ ဖြစ်ပါသည်။ (Map by Shan Human Rights Foundation) ရှမ်းပြည်နယ်တွင်းက တိုက်ပွဲတွေရဲ့ လက်ရှိအခြေအနေကို မီးမောင်းထိုးပြထားတဲ့ " ရှမ်းပြည်နယ်က ပဋိပက္ခများ " ဆိုတဲ့ခေါင်းစဉ်နဲ့ Burma Campaign UK က မေလ ၅ ရက် ဒီကနေ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုတာ ဖြစ်ပြီး မြန်မာအစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အရေးယူ ဆောင်ရွက်နိုင်အောင် တိုက်တွန်းရတာ ဖြစ်ကြောင်း Burma Campaign UK ရဲ့ အမှုဆောင် ညွှန်ကြားရေးမှူး မစ္စ အင်နာ ရောဘတ်စ်က ပြောပါတယ်။
အကျဉ်းသားပေါ်တာအတွေ့အကြုံ

တပ်အတွက် ရိက္ခာ ထမ်းရင်း နှိပ်စက် ညှဉ်းပန်း ခံရသလို လူသား မိုင်းရှင်း ကိရိယာ အဖြစ်လည်း အသုံးချ ခံကြရပါတယ်




Copy from - RFABurmeseVideo

2011/05/06

နာရေးကူညီမှုအသင်းက လွတ်ငြိမ်းချမ်းသာခွင့် လက်မှတ်ကောက်ယူ

လူမှုရေးလုပ်ငန်း ဆောင်ရွက်နေသူ ရုပ်ရှင်မင်သား အကယ်ဒမီ ကျော်သူ
နိုင်ငံရေး အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် အတွက် လက်မှတ်ထိုး ဆန္ဒပြုပြီး နိုင်ငံတော် အစိုးရဆီ တင်ပြကြရာမှာ နာရေးကူညီမှု အသင်းလည်း ပါဝင်လာပါတယ်။ နိုင်ငံရေး အကျဉ်းသား လွတ်မြောက်စေလိုတဲ့ ဆန္ဒ ရှိသူတွေဆီက လက်မှတ်တွေကို နာရေးကူညီမှု အသင်းက စုဆောင်းပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တဆင့် အစိုးရဆီ ပေးပို့မယ် ဆိုပါတယ်။

နိုင်ငံရေး အကျဉ်းသား လွတ်မြောက်ရေး ပြည်တွင်း ငြိမ်းချမ်းရေး တောင်းဆိုချက်တွေကို တိုင်းပြည် ငြိမ်းချမ်း စေလိုတဲ့ ဆန္ဒကြောင့် တောင်းဆို ခဲ့တယ်လို့ နာရေးကူညီမှု အသင်းရဲ့ ဥက္ကဌ ကိုကျော်သူက ဘီဘီစီ ကို ပြောပါတယ်။ နာရေးကူညီမှု အသင်းဟာ ဒုက္ခရောက်နေသူတွေကို ကုညီဖို့ ဖွဲ့စည်း ထားတဲ့အတွက် နိုင်ငံရေး အကျဉ်းသားတွေရဲ့ ဒုက္ခကိုလည်း စာနာမိလို့ အခုလို သူတို့ လွတ်မြောက်ရေးအတွက် ဆန္ဒသဘောထား စုစည်း ပေးပို့တာလည်း ဖြစ်တယ်လို့ ကိုကျော်သူက ဆိုပါတယ်။

နာရေးကူညီမှု အသင်းဟာ ရန်ကုန်မြို့မှာ အခမဲ့ အသုဘ ပို့ဆောင် ပေးရာကစပြီး မရှိမဖြစ် လိုအပ်တဲ့ အသင်းကြီးတခု ဖြစ်လာခဲ့ပါတယ်။ အများပြည်သူရဲ့ ယုံကြည်အားကိုးမှု အရဆုံး လူမှုရေး အသင်းတသင်းလည်း ဖြစ်ပါတယ်။

သတင်းရင်းမြစ် - ဘီဘီစီ

2011/05/05

အာဆီယံထိပ်သီး အစည်းအဝေး မြန်မာ့အရေး ဆွေးနွေးမည်


ဒေသတွင်း စီးပွားရေးနဲ့ ယဉ်ကျေးမှု ဖွံ့ဖြိုးရေးဆိုင်ရာ ထိပ်သီးစည်းဝေးပွဲ တက်ရောက်ဖို့ အာဆီယံ အရှေ့တောင်အာရှ နိုင်ငံများ အသင်းက ခေါင်းဆောင်တွေ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ရောက်နေကြ ပါတယ်။
ဒီထိပ်သီးစည်းဝေးပွဲအတွင်း မြန်မာနိုင်ငံက လူ့အခွင့်အရေးကိစ္စ အပါအ၀င် ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံ အကြား ဖြစ်ပေါ်နေတဲ့ ပဋိပက္ခနဲ့ တောင်တရုတ် ပင်လယ်ပြင်အတွင်း နယ်မြေပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ကိစ္စတွေကို ဦးစားပေး ဆွေးနွေးကြမယ်လို့ ဆိုပါတယ်။
မြန်မာအစိုးရ အနေနဲ့ စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ ပြုပြင်ပြောင်းလဲ ရေးတွေ မလုပ်ဆောင်သေးသ၍ ၂၀၁၄ ခုနှစ်မှာ အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ ASEAN အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူဖို့ လျှောက်ထားတာကို အာဆီယံ ခေါင်းဆောင်တွေက ပယ်ချပေးဖို့ ဒေသတွင်း လွှတ်တော် အမတ်တွေက တောင်းဆိုလိုက်ပါတယ်။ ပြုပြင်ပြောင်းလဲမှုတွေရဲ့ အစဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသား လွှတ်ပေးတာ အပါအ၀င် ကျန်တဲ့ အခွင့်အရေးတွေကို အကောင်အထည် ဖော်ရမယ်လို့ သူတို့က ဆိုပါတယ်။
ဒါ့အပြင် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ၊ ဒီမိုကရေစီ မူတွေကို အကောင်အထည်ဖော်မယ့် အခြေခံဥပဒေ၊ လွတ်လပ်တဲ့ သတင်းမီဒီယာ၊ စတာတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးမှာ အဓိက လုပ်ရမယ့် ကိစ္စတွေ ဖြစ်တယ်လို့ AIPMC အဖွဲ့ရဲ့ အတွင်းရေးမှူး၊ မလေးရှားနိုင်ငံ Democratic Action Party ရဲ့ လွှတ်တော်အမတ် မစ်စ် ထရီဆာ ကော့ခ် (Teresa Kok) က ပြောပါတယ်။
မြန်မာနိုင်ငံက ဥက္ကဋ္ဌလုပ်ချင်တယ်ဆိုတဲ့ လျှောက်ထားချက်ကို အာဆီယံ ခေါင်းဆောင်တွေ ဘယ်လိုဆုံးဖြတ် မယ် ဆိုတာကတော့ လာမယ့် မေလ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာ ကျင်းပသွားမယ့် ထိပ်သီးအစည်းအဝေးမှာ အဖြေထွက်လာဖွယ် ရှိပါတယ်။

Copyrights VOA News
နိုင်ငံရေး အကျဉ်းသားအချို့ မကြာမီလွှတ်မည်ဟု သတင်းများထွက်ပေါ်လာပြန်ပြီ
မိုးမခ အထောက်တော်၊ ရန်ကုန်
မေ ၄၊ ၂၀၁၁
ထောင်ဂဏန်း အရေအတွက်ရှိသည့် နိုင်ငံရေး အကျဉ်းသားများထဲမှ အရေအတွက်အချို့ကို မကြာမီလွှတ်ပေးနိုင်ဖွယ်ရှိသည်ဟု အင်းစိန်အကျဉ်းထောင်နှင့် နီးစပ်သည့် သတင်းရပ်ကွက်မှ ပြောသည်။
ယခုရက်ပိုင်းအတွင်း အကျဉ်းဦးစီးဌာနတွင် နိုင်ငံရေး အကျဉ်းသားများ၏ စာရင်းများ ပြုစုလျက်ရှိနေပြီး ထိုသို့သော လုပ်ဆောင်ချက်မှာ အကျဉ်းသားလွှတ်ပေးရန် ပြင်ဆင်သည့် လက္ခဏာဖြစ်သည်ဟု အဆိုပါ သတင်းရပ်ကွက်မှ ပြောသည်။
လွန်ခဲ့သည့် မတ်လ ၃၀ ရက်နေ့တွင် နအဖ စစ်အစိုးရအဖွဲ့မှ ကြံ့ဖွံ့ပါတီခေါင်းဆောင် ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရအဖွဲ့သစ်သို့ အာဏာလွှဲပြောင်းပေးအပြီး နိုင်ငံရေး အကျဉ်းသားများအား လွှတ်ပေးရန် ပြည်တွင်းရှိ နိုင်ငံရေးလှုပ်ရှားသူများနှင့် နိုင်ငံတကာ အစိုးရအဖွဲ့များက တိုက်တွန်းလျက်ရှိသည်။ သို့ရာတွင် အသစ်တက်လာသည့် ကြံ့ဖွံ့ပါတီဝင်များကြီးစိုးသည့် အစိုးရအဖွဲ့အနေဖြင့် ယခုအချိန်ထိ နိုင်ငံရေး အကျဉ်းသားများကိစ္စကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိသေးပေ။
နိုင်ငံရေး အကျဉ်းသားဟောင်း တဦးက ဝေဖန်ပြောဆိုရာမှာ
“သူတို့လွှတ်ပေးမယ် ဆိုရင်တောင် အားလုံးလွှတ်ပေးလိမ့်မယ်လို့ မမျှော်လင့်ဘူး၊ လွတ်နီးတဲ့သူ၊ ပြင်ပကမ္ဘာကို ပြလို့ကောင်းမယ့်သူမျိုးကို လွှတ်မယ်ထင်တယ်။ အဲဒါကြောင့် ရွေးချယ်ပြီးလွှတ်ဖို့ စီစဉ်နေတာထင်တယ်”
ဟု ပြောသည်။
မြန်မာနိုင်ငံတွင်  စစ်အစိုးရနှင့် နိုင်ငံရေး သဘောထားကွဲလွဲသူ၊ လှုပ်ရှားသူများအား ဖမ်းဆီးပြီး  နှစ်ရှည် ထောင်ဒဏ်ချမှတ်ခြင်း၊ မိသားစုဖြင့်ဝေးရာ နယ်အကျဉ်းထောင်များသို့ ဖြန့်ခွဲပို့ခြင်းများ ပြုလုပ်လျက်ရှိသည်။
ယခုလက်ရှိ နိုင်ငံရေး အကျဉ်းသား စုစုပေါင်း ၂၁၀၀ ၀န်းကျင်ရှိသည်ဟု နိုင်ငံရေး အကျဉ်းသား ကာကွယ်စောင့်ရှောက်ရေး အသင်း AAPP ၏ထုတ်ပြန်ချက်အရ သိရှိရသည်။
 
သတင်းရင်းမြစ် မိုးမခ 

2011/05/04

ကျိုက်ဒုံဒေသခံရွာသား ၂၀၀ကျော် တိုက်ပွဲကြောင့် နယ်စပ်သို့တိမ်း ရှောင်

Photo by - irrawaddy.org
၂၀၁၁ ခုနှစ် မေလ ၃ရက်။

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံမြို့နယ်ခွဲတွင် ယနေ့အချိန်ထိ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား နေသောကြောင့် ဒေသခံရွာသား ၂၀၀ကျော်မှာ ထိုင်းနယ်စပ်၊ အုန်းဖန်မြို့နယ်အတွင်းသို့ ထွက်ပြေး တိမ်းရှောင်လာခဲ့သည်ဟု သိရသည်။ ပြီးခဲ့သည့် ဧပြီလ (၂၄)ရက်နေ့က ကျိုက်ဒုံမြို့နယ်ခွဲရှိ မိတန်နှင့် မိနန်းအပ်ကျေးရွာကြားတွင် ဖြစ်ပွားခဲ့သည့် ဒီကေဘီအေ တပ်မ ဟာ(၅)တပ်ဖွဲ့နှင့် အစိုးရ စစ်တပ်တို့ကြား ပစ်ခတ်မှုသည် ယနေ့ အချိန်ထိ ဆက်လက် ဖြစ်ပွားသောကြောင့် ရွာသားများ ယခုလို ပိုင် ခလန် ကျေးရွာနှင့် နို့ဖိုး ဒုက္ခသည်စခန်းအတွင်းသို့ ထွက်ပြေး တိမ်းရှောင်လာခြင်းဖြစ်ကြောင်း နို့ဖိုးစခန်း အတွင်းရေးမှူး စောသူးလေ ဒိုစိုးက ပြောသည်။

၎င်းက “အခု နို့ဖိုးစခန်းမှာရောက်တာ အယောက် (၃၀)ပဲရှိသေးတယ်။ ပိုင်ခလန်ရွာမှာဆို အယောက် ၂၀၀ကျော်လောက် ရှိပြီ။ လောလောဆယ် စခန်းထဲမှာ ရောက်တဲ့လူတွေကိုတော့ အရေးပေါ် အကူအညီ တခုအနေနဲ့ ကျနော်ကူညီ ထောက်ပံ့ပေး ထား တယ်။”ဟု ပြောသည်။