Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/05

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ဗွီအိုအေ

 

ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက တာဝန်သိမှုနဲ့အတူ စာပေလွတ်လပ်ခွင့်တွေ ရှိလာတာနဲ့အမျှ နောက်ဆုံးမှာ စာပေစိစစ်ရေးအဖွဲ့ဆိုတာ စာပေရေးသားမှုတွေကို စောင့်ကြည့်တဲ့အဖွဲ့ အဖြစ်နဲ့သာ ရှိကောင်းရှိတော့မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးဖို့ရှိမရှိနဲ့ ပတ်သက်လို့ မှတ်ချက်မပေးပေမဲ့ နယ်ဝေးထောင်ရောက် အကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့အရပ်တွေကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေတယ်လို့ ၀န်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဘန်ကောက်ကနေ ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဒီကနေ့ သီးသန့်တွေ့ဆုံ မေးမြန်ထားပါတယ်။
ကမ္ဘာပေါ်မှာ စာပေလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံ မပါဝင်တော့အောင် တာဝန်အရှိဆုံး ပြန်ကြားရေးဝန်ကြီးတစ်ယောက် အနေနဲ့ ဘယ်လိုကိုင်တွယ်နေလဲဆိုတာ မေးဖြစ်ခဲ့ပါတယ်။ ဝန်ကြီးဦးကျော်ဆန်းကတော့ သူရဲ့ဆောင်ရွက်ချက်တွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးခဲ့ပြီးတော့ စာပေစိစစ်မှု ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးနေပြီးတော့ သတင်းလွတ်လပ်ခွင့်တွေ ပိုပြီးရှိလာအောင်လည်း ကြိုးပမ်းနေတယ်တဲ့အကြောင်းကို အခုလို ပြောပြ ပါတယ်။

ပြည်တွင်းစစ် ပေတံ

 

ပြည်တွင်းစစ် အစ
၁၉၄၈ ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့မှာ ဗမာပြည် လွတ်လပ်ရေး ရခဲ့တာ အားလုံး အသိပင်။ ဗမာပြည်သူတွေရဲ့ ဘဝ သမိုင်းကလည်း အဆိုးဇာတာ ပါခဲ့သလား မသိ။ လွတ်လပ်ရေး အကြောင်း ပြောလို့ မဝသေးခင်မှာပဲ ပြည်တွင်းစစ် အကြောင်း ပြောကြရတော့တယ်။
လွတ်လပ်ရေးလည်း ရ၊ ပြည်တွင်းစစ်လည်း ဖြစ်ကရောလို့ ဆိုရမှာပါ။
လွတ်လပ်ရေးရပြီး (၂) လကျော်မှာပဲ လက်နက်ကိုင် တော်လှန်ရေးတွေ ဗမာပြည်အနှံ့ ပေါ်လာခဲ့တာပါ။ ၁၉၄၈ ခုနှစ် မတ် လ (၂၈) ရက်နေ့မှာ ဗမာပြည် ကွန်မြူနစ်ပါတီရဲ့ လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၄၈ ခုနှစ် သြဂုတ်လ (၉) ရက်နေ့မှာ ကရင်နီ လက်နက်ကိုင် တော်လှန်ရေး၊ မြန်မာ သက္ကရာဇ် ၁၃၁၀ ခုနှစ် ဝါခေါင် လပြည့်နေ့ (၁၉၄၈ ခုနှစ် သြဂုတ်လ ၁၉ ရက် နေ့) မှာ မွန် လက်နက်ကိုင် တော်လှန်ရေး၊ ၁၉၄၉ ခုနှစ် ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ကရင် လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၅၈ ခုနှစ် မေလ (၂၁) ရက်နေ့မှာ သျှမ်း လက်နက်ကိုင်တော်လှန်ရေး၊ ၁၉၆၁ ခုနှစ် ဖေ ဖေါ်ဝါရီလ (၅)  ရက်နေ့မှာ ကချင်လက်နက်ကိုင် တော်လှန်ရေး စတဲ့ ဗမာပြည် လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်ပေါက် လာခဲ့ရပါတယ်။
လူမျိုးပေါင်းစုံ ပြည်သူတွေရဲ့ လက်နက်ကိုင် တော်လှန်ရေးတွေနဲ့ ပတ်သက်လို့ ဖောက်ပြန်တဲ့ အစိုးရ အဆက်ဆက်နဲ့ အဲဒီ့ ဘက်က ရပ်တည် ခဲ့ကြတဲ့ သမိုင်း မှတ်တမ်းတွေ စာတွေမှာ ပြည်တွင်းစစ်  စဖြစ်ခဲ့ရတာနဲ့ ပတ်သက်ရင် လက်နက်စွဲကိုင် သူတွေဟာ အစွန်း ရောက်လို့ ရန်လိုလို့  ပြည်တွင်းစစ် ဖြစ်ခဲ့ရတယ် စသဖြင့် အမျိုးမျိုး ရေးသားပြောဆိုထားတာတွေ ရှိပါ တယ်။ တဖက်သတ် ဘယ်လိုပဲ ပြောကြ ရေးကြပါစေ၊ အခု ဖေါ်ပြထားတဲ့ အမှန်တကယ် ဖြစ်ပျက်ခဲ့တဲ့ နေ့စွဲ မှတ်တမ်းတွေကို ကြည့်လိုက်ရင်ပဲ ပြည်တွင်းစစ်ဆိုတာ တရွာလုံးနဲ့ တယောက်ဖြစ်တဲ့ စစ်ပွဲဆိုတာ ရှင်းနေပါတယ်။
ဒါကို နိုင်ငံရေး စကားလုံးနဲ့ ပြောရရင်တော့ ဗမာပြည် ပြည်တွင်းစစ်ဟာ လူမျိုးပေါင်းစုံ ပြည်သူတွေနဲ့ ဖေါက်ပြန်တဲ့ အစိုးရကြားမှာ ဖြစ်တဲ့စစ်၊ အဲသလို ပြောရပါလိမ့်မယ်။

မြန်မာအစိုးရကို ဖိအားပေးဖို့ ကုလကို KNU တောင်းဆို

ကြာသပတေး, 03 နိုဝင်ဘာ 2011
ဒီအကြောင်းစုံ ကိုတော့ ဆက်သွယ် မေးမြန်းထားတဲ့ ဦးစံမိုးဝေက အပြည့်အစုံ တင်ပြပေးထားပါတယ်။
ကုသမဂ္ဂအပါဝင် နိုင်ငံတကာ အဖွဲ့အစည်းတွေ အနေနဲ့ မြန်မာအစိုးရက လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် ထိုးစစ်ဆင် တိုက်ခိုက် နေတာကို ရပ်တန့် သွားအောင် ဖိအားပေးပေးဖို့ ကရင်အမျိုးသား အစည်းရုံး KNU အဖွဲ့က ကြေညာချက် ထုတ်ပြီး တောင်းဆို လိုက်တာဖြစ်ပါတယ်။
အစိုးရ စစ်တပ်က တိုက်ပွဲ ဖြစ်ပွားနေတဲ့ အရပ်ဒေသတွေမှာ လက်နက်ကိုင် တိုက်ခိုက် နေသူ အချင်းချင်း သာမကဘဲ အပြစ်မဲ့ ရွာသူရွာသား တွေကိုပါ သတ်ဖြတ် နေတာတွေ ကြုံတွေ့ နေရတယ်၊ လူတွေ ဒုက္ခရောက် နေကြတယ်၊ ဒါကြောင့် နိုင်ငံတကာကို အကူညီ တောင်းခံရတာ ဖြစ်တယ်လို့ KNU အဖွဲ့ရဲ့ အမေရိကန်ပြည်ထောင်စု ကိုယ်စားလှယ် မိုင်ရာ ဒါဂေးဖေါ ကပြောပါတယ်။
“International Community ကိုအကူညီတောင်းမယ် ဥပမာ UN တို့ US တို့ EU တို့ပေါ့နော်။ တခုရှိတာကတော့ အစိုးရကို ဖိအားပေးပါ။ အဲဒီအပစ်အခတ် ရပ်စဲရေးကို လုပ်ကို လုပ်သင့်ရမယ်။ အခု သူတို့ရန်သူကို သူတို့ သတ်ပစ်မှာမှ မဟုတ်ပဲ၊ အဲဒီမှာ ရွာသားတွေက ရွာသားတွေက သူတို့ရန်သူ မဟုတ်ဘဲနဲ့ အသတ်ခံရတယ်။ အဲဒါကြောင့် ဘာပဲဖြစ်ဖြစ် International Community ကတော့ အစိုးရကို ဖိအားပေးတာ လုပ်ပေးရမယ်၊ အပစ်အခတ် ရပ်စဲတာ ရှိကိုရှိရမယ်”
အခုအချိန်မှာ ကရင်လူမျိုးစုနဲ့သာမကဘဲ ကချင်၊ ရှမ်းအစရှိတဲ့ လူမျိုးစု ဒေသတွေမှာပါ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး စစ်ကြောင့် အတိဒုက္ခရောက်နေတဲ့ ပြည်သူလူထု အရေအတွက်ဟာ ၂၀,၀၀၀ ကျော် ရှိနေပြီး ခိုကိုးရာမဲ့ အကူညီမဲ့ ဖြစ်နေကြရှာတယ်လို့လည်း သူကပြောပါတယ်။
“အခုကတော့ ဒို့ကရင်ပြည်နယ် တပြည်နယ်ထဲ မဟုတ်ပဲနဲ့ ကချင်ပြည်နယ်တို့ ရှမ်းပြည်နယ် တောင်ပိုင်းတို့ မှာလည်း တော်တော် များများ ရှိတယ်။ ပြီးတော့ internally displace တွေလည်း တော်တော် များလာတယ်၊ ပြီးတော့ အဲဒီ ရင်ဆိုင်နေရတဲ့ လူတွေမှာ ဒုက္ခသည် စခန်းထဲ ၀င်ရအောင်လည်း နေရာမရှိ၊ ပြီးတော့ အစားအသောက်တွေ ရဖို့ လမ်းတွေ ဘာတွေကလည်းမရှိ၊ အဲဒီလိုမျိုးကြောင့် ကျမတို့လည်း သူတို့ကိစ္စ စိတ်ပူတာပေါ့နော်”
စစ်ဘေးဒဏ်ခံနေရတဲ့အရပ်မှာ လူသားတွေကို အကာအကွယ်အဖြစ် အသုံးချတာ၊ အတင်းအဓမ္မ အလုပ်စေခိုင်းတာ အဓမ္မပြုကျင့်တာ အစရှိတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကြုံနေကြရတယ်လို့ ဆိုပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်းနေချင်တဲ့ တိုင်းရင်းသားတွေ လူနည်းစုတွေ အတွက် အမျိုးသား ရင်ကြားစေ့ရေး ဆွေးနွေးပွဲ ဖြစ်မြောက်အောင် ဖိအားပေးကြဖို့လည်း တောင်းဆိုပါတယ်။
“နောက်တခုကတော့နော် ငြိမ်းငြိမ်းချမ်းချမ်းနေထိုင်ချင်လို့ ethnic reconciliation မလုပ်ဘူးဆိုရင် ဘာပဲဖြစ်ဖြစ် မြန်မာပြည် နောက်ဆက်တွဲအတွက် ငြိမ်းချမ်းရေးလည်းမရှိနိုင်ဘူး၊ အဲဒါကြောင့် political အနေနဲ့ ထိုင်ပြီးတော့ ဆွေးနွေးကြပါ၊ အဲလိုမျိုးလည်းသူတို့ မလုပ်ချင်ဘူး။ ဒါပေမယ့် အဲဒီလို national reconciliation လုပ်ကို လုပ်သင့်တယ်။ အဲဒါကြောင့် အဲဒီတခုကိုလည်း မြန်မာပြည်အစိုးရကို ကျေးဇူးပြုပြီး ဖိအားပေးပါလို့ အဲဒါလည်း တောင်းဆိုချင်ပါတယ်”
KNU ရဲ့ ကိုယ်စားလှယ် မိုင်ရာ ဒါဂေးဖေါ ပြောသွားတာပါ။
တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လတုန်းက သမ္မတကြီး ဦးသိန်းစိန် ထံကို ငြိမ်းချမ်းရေး စကားပြောဆိုဖို့ ကမ်းလှမ်း တောင်းဆိုခဲ့ပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး စကား ပြောဆိုဖို့ ကမ်းလှမ်းတာကို လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ် အရှိန်ဟုန်မြှင့်ပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုနဲ့ တုံ့ပြန်ခဲ့တယ်လို့ ကရင်အမျိုးသား အစည်းအရုံး KNU အဖွဲ့ကပြောပါတယ်။
Copy from - voanews.com/

2011/11/04

ဂျပန်ရောက် ကရင် ဒုက္ခသည် မိသားစုအချို့ နေရပ်ပြန်လိုကြ

ဂျပန်လေဆိပ်၌ တွေ့ရသည့် မြန်မာဒုက္ခသည် မိသားစုများပုံ (ဓါတ်ပုံ - အင်တာနက်)

နိုဝင်ဘာလ 03 ရက် 2011 ခုနှစ်။

ဂျပန်နိုင်ငံကို ရောက်ရှိသွားသော မယ်လ ဒုက္ခသည် အိမ်ထောင်စု တစ်ချို့ နေရပ်ကို ပြန်ချင် နေသည်ဟု ဂျပန်နိုင်ငံ ချီဘာ ဒုက္ခသည် စခမ်းနေ ဒုက္ခသည် မိသားစုမှ ပြောပါသည်။ ၄င်းတို့ အနေနှင့် စိုက်ပျိုးရေး လုပ်ငန်းတွင် နားရက်မရှိ အလုပ် လုပ်ကိုင်နေရပြီး လုပ်အားခ အနည်းအကျဉ်းသာ ရရှိနေသလို ဘ၀ ဆက်လက် ရပ်တည်ရေး အတွက် အဆင်မပြေမှုကြောင့် ပြန်လိုခြင်း ဖြစ်သည်ဟု အဆိုပါ ဒုက္ခသည် မိသားစုမှ ပြောသည်။
ပြန်လိုသည့် ဒုက္ခသည် မိသားစုမှာ (၂၀၁၀) ခုနှစ် စက်တင်ဘာလတွင် ထွက်ခွါ သွားသူများ ဖြစ်သည်။ မယ်လ ဒုက္ခသည် စခန်းမှ ပထမ အသုတ်အဖြစ် ဂျပန်ကို ထွက်သွားသည့် ဒုက္ခသည် ဦးရေမှာ (၂၇) ဦး ရှိပြီး ဒုတိယ အသုတ်အဖြစ် (၂၀၁၁) စက်တင်ဘာလတွင် တဖန် ထပ်မံ ထွက်သွားသည့် ဦးရေမှာ (၁၈) ဦး ရှိသည်ဟု မယ်လ ဒုကသည်စခန်းမှ တာဝန်ရှိသူ တစ်ဦးမှ ပြောပါသည်။ ဒုက္ခသည်များကို ဂျပန်နိုင်ငံ တိုကျိုမြို့ မီယာကန်နှင့် ချီဗါကန် ဒုက္ခသည် စခမ်းတွင် နေရာ ချထားပေးသည်။ ရောက်ရှိလာသော ဒုက္ခသည်များကို ပထမ (၆) လအတွင်း ဂျပန်အစိုးရမှ လိုအပ်သော ကူညီ ထောက်ပံ့မှု ပေးထားသည်ဟု ချီဗါကန် ဒုက္ခသည် စခန်းမှ နေစောကျော်စိန်က ယခုလိုပြောပါသည်။
"ဒီကို ရောက်တော့ လူကြီး တစ်ယောက်ကို တရက် ယမ်းငွေ (၁၅၀၀) ခလေးဆိုရင် (၇၅၀) ထောက်ပံ့ ပေးတယ်။ စာတွေ စကားတွေနဲ့ အခြား လိုအပ်မယ့်ဟာတွေ သင်ပေးတယ်။ ဒုက္ခသည် ကူညီပေးရေး အဖွဲ့တွေကနေ ၀ိုင်းကူ ပေးတယ်ပေါ့။ နောက် (၆) လ ကျရင် အလုပ်ဝင်ရမယ်။ အများအားဖြင့်တော့ စိုက်ပျိုးရေး လုပ်ငန်းမှာပေါ့။ အလုပ်သင် အနေနဲ့ စလုပ်ရတယ်။ နားရက် မရှိဘူး။ တလကို ယန်းငွေ တစ်သိန်း နှစ်သောင်း ရတယ်။ တချို့က အလုပ် ပင်ပန်းတော့ မလုပ်နိုင်တော့ ပြန်ချင်ကြတယ်။ တချို့က ဂျပန် နေထိုင်မှုပုံစံနဲ့ ကိုယ်နဲ့ မကိုက်တော့ ပြန်ချင်သူတွေလဲ ရှိတာပေါ့"

တိုင်းရင်းသားများအား အစိုးရသစ် နည်းနှစ်သွယ်ပူး၍ သုတ်သင်ဟု ENC ပြော

Discrimination, Conflict and Corruption; The Ethnic States of Burma စာအုပ်မျက်နှာဖုံး

တိုင်းရင်းသားအရေး ဖြေရှင်းပေးရန် ကုလ အထူးကိုယ်စားလှယ်ကို တောင်းဆို


ချင်းမိုင် (မဇ္ဈိမ) ။      ။ တိုင်းရင်းသားလူမျိုးစုများကောင်စီ (ENC) ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ဒေါက်တာရွှေခါး က ထိုင်းနိုင်ငံ တွင် အင်္ဂါနေ့ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲမှ ကုလသမဂ္ဂ၏ မြန်မာပြည်အရေးဆိုင်ရာ အထူးသံ ကိုယ်စားလှယ် ဗီဂျေး နမ်ဘီးယားအနေဖြင့် မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုများ အရေးကို ကူညီဖြေရှင်းပေးရန် တောင်းဆိုလိုက်သည်။

လက်ရှိတိုင် အပစ်အခတ်ရပ်စဲခြင်း မရှိသေးသည့် ချင်းအမျိုးသားတပ်ဦး (CNF) ၏ ခေါင်းဆောင်တဦးလည်းဖြစ်သည့် ဒေါက်တာရွှေခါးက တိုင်းရင်းသားလူမျိုးစုများ၏ ရပ်တည်ချက်ကို ထုတ်ဖော်ပြောကြားခဲ့ပြီး၊ ၎င်းတို့၏တော်လှန်ရေးလှုပ်ရှားမှုသည် နိုင်ငံအတွင်း ဒီမိုကရေစီထွန်းကားရေးနှင့် တည်ငြိမ်မှု အတွက် ပင်မပြဿနာ တခုအဖြစ် တည်ရှိနေသည် ဟုဆိုသည်။

"အကယ်၍ သူ့ရဲ့ အခုမစ်ရှင်မှာ တိုင်းရင်းသားအရေးကိစ္စကို ထည့်သွင်းဆောင်ရွက်ခြင်း မရှိဘူး ဆိုရင်တော့အောင်မြင်မှု ရမှာမဟုတ်ဘူး" ဟု ဒေါက်တာရွှေခါးက မစ္စတာနမ်ဘီးယားသို့ ဦးတည်၍ ပြောကြားခဲ့သည်။ သူက ယခုကဲ့သို့တောင်းဆို ပြောကြားလိုက်သည့် အချိန်သည် ယခုနှစ်အတွင်း မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်မြောက် မစ္စတာနမ်ဘီးယားသွားရောက်နေသည့်အချိန်နှင့် တိုက်ဆိုင်ပြော ဆိုလိုက်ခြင်းလည်း ဖြစ်သည်။

2011/11/03

အချက်သုံးချက်အပေါ်ကြည့်ပြီး မြန်မာကို ပိတ်ဆို့ဒဏ်ခတ်မှု လျှော့ချသွားမည်ဟု အမေရိကန်ပြော


မိုက်ကယ် ပို့စနာ
November 2, 2011

အမေရိကန်အနေနဲ့ အချက် သုံးချက်ပေါ် ကြည့်ပြီး မြန်မာနိုင်ငံအပေါ် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ် အရေးယူ ထားတာကို လျှော့ချ သွားဖို့ ရှိတယ်လို့ သိရပါတယ်။
အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပို့စနာ (Michael Posner) နဲ့ ရန်ကုန် အခြစိုက် ဒီမိုကရက်တစ်ပါတီ ၇ ခုက ခေါင်းဆောင်တွေ မနေ့က ရန်ကုန်မှာ တွေ့ဆုံခဲ့ကြရာ လက်ထောက် ၀န်ကြီးက  ဆွေးနွေး ပြောကြားသွားတာလို့ ဆွေးနွေးပွဲ တက်ခဲ့တဲ့ ဒီမိုကရက်တစ်ပါတီ (မြန်မာ) ဥက္ကဋ္ဌ ဦးသုဝေက ပြောပါတယ်။

“သူတို့ကတော့ အချက်သုံးချက်ကို ကြည့်ပါတယ်။ အချက်သုံးချက်ဆိုတာက နိုင်ငံရေးပါတီတွေရဲ့ လှုပ်ရှားမှု၊ နိုင်ငံရေး Space ဘယ်လောက် ကျယ်ကျယ် ရလာသလဲ၊ ဘယ်လောက် လုပ်နိုင်သလဲဆိုတာ နံပါတ်တစ်၊ နံပါတ်နှစ်ကတော့ အကျဉ်းသားတွေ အကုန်လုံး လွှတ်ပေးဖို့ ကိစ္စ၊ နောက်တချက်က ငြိမ်းချမ်းရေး၊ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်တွေ ဘယ်လိုလုပ်မယ် ဆိုတဲ့ ဆောင်ရွက်ချက်ပေါ့။ အဲဒီသုံးချက်ပေါ်မှာ အဓိက ထားပြီးတော့ စဉ်းစားမှာပါတဲ့။”