Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/15

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

KIA စစ်သား(Photo by-Jade Land)
“မနက် ၈ နာရီခွဲလောက်မှာ မိုင်း အရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲ စဖြစ်တယ် ၃ နာရီ လောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူး တစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာ ရတယ်။ KIA ဘက်က အထိအခိုက် မရှိဘူး ” - ဟု သူက ဆိုသည်။
 
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသော မန့်ဝိန်းကြီး ကျေးရွာ အုပ်စု ကောင်းခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက် လှိုဏ်ခေါင်း ဖေါက်ထား ခြင်းဖြစ်ပြီး ၎င်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချ နေထိုင်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်း ဖေါက်ပြီး တပ်စခန်း ဆောက်ထားတာ  စစ်တပ်လည်း အမြဲတမ်း ရှိနေတယ်။ ပြောနေ တာတော့ လက်နက် ခဲယမ်းတွေလည်း သိုလှောင် ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင် လောက်ဝေးတဲ့ ကောင်းခါ ရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့ နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရ စစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှ ထွက်ခွာသွား ကြောင်း သိရသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့် 

မြန်မာအစိုးရသစ် နှင့်တွ့ဆုံဆွေး နွေးရန်ကေအဲန်ယူ ပြင်ဆင်

Submitted by admin on Monday, 14 November 2011--
မြန်မာအစိုးရသစ် နှင့်တွ့ဆုံဆွေး နွေးရန်ကေအဲန်ယူ ပြင်ဆင်
နိုဝင်ဘာလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရသစ်၏ ဗဟိုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကမ်းလှမ်းမှုကို လက်ခံသောအားဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ယနေ့ ပြောကြားလိုက်သည်။
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမည့် ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ကေအဲန်ယူဘက်က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်ခေါင်းဆောင် ၇ဦးပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို ပြီးခဲ့သည့်အပတ်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းရေးကော်မတီတွင် ပါဝင်သည့် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ ကော်မ တီ ဖွဲ့ထားတာက အစိုးရနဲ့ သွားတွေ့ဖို့တော့ မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ပါ။ အစိုးရသစ်ဖြစ်ဖြစ်၊ စစ်အစိုးရပဲဖြစ်ဖြစ် နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံအဖြေရှာဖို့ဆိုရင် ကေအဲန်ယူကတော့ ပြင်ဆင်မှုလုပ်ထားတယ်။ တံခါးဖွင့်ထား တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် အာဏာရ အစိုးရနှင့် တွေ့ဆုံစကားပြော ရန် ကေအဲန်ယူ ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ မူဝါဒများ ချမှတ်ထားရှိပြီးသား ဖြစ်သည်ဟု သူမက ဆက်လက် ပြောဆိုသည်။
ထို့အပြင် ကေအဲန်ယူသည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သည့်အ တွက် အစိုးရနှင့် တွေ့ဆုံပါက တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ခတ်ရပ်စဲရေးဖြစ်ရန် အရေးကြီးသကဲ့သို့ နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြရန် ဆွေးနွေးမည်ဟု ကေအဲန်ယူဘက်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် အာဆီယံအမတ်တွေ တိုက်တွန်း

၁၄ ရက် နိဝင်ဘာလ ၂၀၁၁ခုနှစ်။
မြန်မာပြည်က စစ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေက ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံ အနေဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ထူထောင်နိုင်အောင် ကြိုးစား လုပ်ဆောင် သင့်တယ်လို့ မြန်မာ့ အရေးဆိုင်ရာ အာဆီယံ ပါလီမာန် အမတ်အဖွဲ့ AIPMC ကနေ အာဆီယံ ကိုယ်စားလှယ် တွေကို တိုက်တွန်း လိုက်ပါတယ်။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဒေသတွင်း အစည်းဝေးတွေကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်ထိ ကျင်းပဖို့ ရှိပြီး အဲဒီမတိုင်ခင် ရက်ပိုင်း တွေမှာလည်း အာဆီယံ အဆင့်မြင့် အရာရှိ အစည်းဝေးတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းဝေးတွေ ရှိနေပါတယ်။
အဲဒီအချိန်ကြရင် မြန်မာပြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရတို့ ပဋ္ဋိပက္ခ ဖြစ်နေတာ မဖြေရှင်း နိုင်သေးတာတွေကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ AIPMC အာဆီယံ အမတ်တွေက တိုက်တွန်းလိုက်တာပါ။
မြန်မာပြည်မှာ ရွေးကောက်ပွဲ လုပ်ခဲ့တာ အခုဆိုရင် တစ်နှစ် ရှိလာပေမယ့် မြန်မာပြည်မှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာပါ အခြေအနေတွေက တိုးတက် မလာသေးဘူး။ ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေ မခံစားနိုင်ကြသေးဘူးလို့ AIPMC အဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှား ပါလီမန်အမတ် မစ္စ လီလီ ၀ါဟစ်က ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး အခုကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ၂၀၁၄ မှာ မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးကိုလည်း ဆွေးနွေးဖွယ် ရှိတာမို့ ဒီအခြေအနေတွေကို အခွင့်ကောင်း တရပ်အဖြစ် ရယူပြီး မြန်မာပြည်မှာ လက်ဆုတ် လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ အမြန်ဖြစ်လာအောင် ပြောဆို စည်းရုံးကြဖို့ AIPMC က တိုက်တွန်း ထားပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ

2011/11/14

မနက်ဖြန် နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်မည်

 

Photo Burma VJ Media Network 
မြန်မာ အစိုးရက မနက်ဖြန် နိုင်ဝင်ဘာလ ၁၄ ရက်နေ့ တနင်္လာနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ် ပေးအုံးမယ်လို့  ဒီနေ့ မြန်မာ အစိုးရ တာဝန်ရှိသူ တစ်ဦးက AFP သတင်းဌာန ကို တရားဝင် ပြောကြား ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောခွင့်ရ အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောရာမှာတော့ ယုံကြည် ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးမယ် ၊ ဒီတစ်ရက် နှစ်ရက် အတွင်းအသေးစိတ် သိရ လိမ့်မယ် ၊ အချို့ကတော့ တင်္နလာနေ့  အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေငြာ ပြီးတာနဲ့  လွှတ်မယ်လို့  ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ပေးရာမှာ ကိုဇာဂနာ အပါဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားအချို့  ပြန်လည် လွှတ်ပေး ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါတဲ့အတွက် ကန့်ကွက်မှု ဝေဖန်မှုတွေ ပေါ်ထွက် ခဲ့ပါတယ်။
လတ်တလေ ဟာဝိုင်ယီမှာ ကျင်းပနေတဲ့ အာရှ-ပိစိဖိတ် အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ အတွက် ဒီထက် ပိုလုပ်ရမယ်လို့  ပြောခဲ့ပါတယ်။ နောက် သူမက မြန်မာ ပြည်သူအားလုံး တိုင်းပြည်ရဲ့  နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့  မျှော်လင့်တယ်လို့  ဆိုပါတယ်။
ဒီနေ့  တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှာလည်း မြန်မာ အစိုးရက ဖွဲ့  စည်းထားတဲ့ လူ့အခွင့် အရေး ကော်မရှင်က နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်ရဲ့  အာဆီယံ ဥက္ကဌ နေရာကို ဒေသတွင်း နိုင်ငံတွေက မဆုံးဖြတ်ခင် အတွင်းမှာနဲ့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မယ့် အင်ဒိုနီးရှား ဘာလီကျွန်းက အာဆီယံ အစည်းအဝေး မစခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ ဒီကြေငြာချက်ကို ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။
Copy from - freedomnewsgroup.com

ပြည်နယ် အစိုးရ ကမ်းလှမ်းချက် အပေါ် မွန်ပြည်သစ် ပါတီ၏ တုန့် ပြန်ချက်

 


ဒီဇင်ဘာလ (၁၅) ရက်နေ့၌ မွန်ပြည်သစ် ပါတီ၏ (၈) ကြိမ်မြောက် ပါတီညီလာခံ ကျင်းပရန် ရှိသည့်အတွက် နအဖနှင့် တွေ့ ဆုံဆွေးနွေးရန် အချိန် မပေးနိုင်သေးကြောင်း၊ ယမန်နေ့ ညနေက မွန်ပြည်သစ် ပါတီ ဗဟို ဌာချုပ်သို့ ရောက်လာသော မွန်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်းစားလှယ် အဖွဲ့ အား ပြောကြားခဲ့သည်ဟု အမည်မဖေါ်လိုသော မွန်ပြည်သစ် ပါတီ အရာရှိ တဦးက ပြောပါသည်။

၁၉၉၅ ခုနှစ် အပစ်ခတ်ရပ်စဲခဲ့စဉ်က မွန်ပြည်သစ်ပါတီ (ဓါတ်ပုံ - အင်တာနက်)

“ လောလောဆယ်တော့ မအားဘူးလေ၊ ဒါပေမဲ့ သူတို့လာတာကို ကြိုဆိုပါတယ်။ သူတို့ဘာပြောမလဲ ဆိုတာကိုလည်း နားထောင်ချင်ပါတယ်။ လာတဲ့လူတွေကလည်း သိနေတဲ့ လူတွေဘဲလေ။ မလာတာကြာတော့ အလည်လာဖြစ်တာလည်း ကောင်းပါတယ်။ အဲဒီထဲမှာ မွန်ပြည်နယ် ကျိုက္မရောမြို့ နယ် ကော့ပလိုင်ရွာ ကျောင်းထိုင် ဆရာတော်ရယ်၊ မွန်ပြည်သစ် ပါတီ အလုပ် အမှုဆောင်ဟောင်း နိုင်တင်အောင်ရယ် ပြီးတော့ ဗဟိုကော်မီတီဝင်ဟောင်း ကိုစိုးမြင့်တို့က အဓိကပါဘဲ၊ သူတို့က နောက်ထပ် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ လာတောင်းဆိုသွားတာပါဘဲ” ဟု မွန်ပြည်သစ် ပါတီ ထိပ်တန်းအရာရှိ တဦးက ပြောခဲ့ပါသည်။
THE LADY ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်း Trailor အသစ်များ(ရုပ်/သံ) 


VIDEOအပိုင်း (၄)ပိုင်းတဆက်တည်းကြည့်နိုင်ပါသည်.. Copy from - dawnmanhon.com

2011/11/13

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော



AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။



2011-11-12
နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်လာ ပေမဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်များနေပြီး အခြေအနေ ဆိုးရွား လာနေတယ်လို့ အောက်တိုဘာလ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၄ဝ လောက် ပါဝင်ခဲ့ကြောင်း၊ ဒီအကျဉ်းသားတွေ လွှတ်ပေးရာမှာ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင့်တဲ့သူတွေကို ဦးစားပေး လွှတ်ပေးခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပေမဲ့ အကျဉ်းထောင်တွေထဲမှာ အရှင်ဂမ္ဘီရလို ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင်တဲ့သူတွေ အများအပြား ရှိနေသေးကြောင်း အေအေပီပီက ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင် အခြေအနေ ဆိုးရွားမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရသူတွေရဲ့ ကျန်းမာရေး ဆိုးရွားလာရတာ ဖြစ်ကြောင်းကို အဓိကထား ထောက်ပြထားပါတယ်။