Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/03/08

KNPP အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး

2012-03-07
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ အစိုးရတို့ဟာ ဒီကနေ့ အချက်သုံးချက်ကို သဘောတူညီပြီး ပြည်နယ်အဆင့် ပဏာမအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ်။
အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမမှာ ဒီကနေ့ မနက်ကိုးနာရီခွဲကနေ မွန်းလွဲ နှစ်နာရီခွဲအထိ ဆွေးနွေးခဲ့ကြပါတယ်။
အပစ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ နောင်ဆွေးနွေပွဲတွေအတွက် အဖွဲ့ဖွဲ့စည်းရန် ရက်သတ်မှတ်ရေး အချက်သုံးချက် သဘောတူညီခဲ့တယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နောင်ဆက်လက် ဆွေးနွေးမယ့်ပွဲတွေမှာ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် တဖွဲ့ချင်းးမဆွေးနွေးဘဲ တိုင်းရင်းသားအားလုံးပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီပုံစံမျိုးနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ KNPP အဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးပွဲမှာ သဘောထားတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး ခူးဦးရယ်က အခုလို ပြောပြပါတယ်။
“သူတို့ပြန်လည်ဆွေးနွေးတဲ့ အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်၊ သူတို့ လက်ခံတွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပဲ နားလည်လို့ရတယ်။ ဒါပေမယ့် အခြေခံအားဖြင့် UNFC နဲ့ သွားမယ်ဆိုတဲ့ နာမည် နာမတပ်ပြီး ပြောတဲ့ဟာမျိုးတော့ မဟုတ်ဘူးပေါ့”
ဆွေးနွေးပွဲမှာ KNPP ဘက်က တင်ပြတဲ့ အချက်ပေါင်း ၂၀ ကို ဆွေးနွေးခဲ့ကြပြီး အချက်တွေထဲမှာ နယ်မြေပိုင်းခြားရေး ကိစ္စများအပါအ၀င် ကရင်နီ ဒုက္ခသည်အရေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
copy rights_http://www.rfa.org/burmese/news/knpp-government-cease-fire-03072012105349.html

2012/03/07

အပစ်ရပ် ဆွေးနွေးရန် လွိုင်ကော်သို့ ရောက်လာသော ကေအဲန်ပီပီအား လူဦးရေ တစ်သောင်းကျော် ကြိုဆို

 
ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်သော ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီမှ ကိုယ်စားလှယ် ၁၁ ဦးနှင့် မှတ်တမ်း အဖွဲ့ဝင် ၄ ဦးတို့သည် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်ကနေ တာချီလိတ်မှတဆင့် လွိုင်ကော်မြို့သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခြင်း ဖြစ်သည်။
ကေအဲန်ပီပီအား လွိုင်ကော် လေယာဉ်ဆိပ်မှ အောက်ဘက် လမ်းမ တလျှောက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် အဖွဲ့၊ ပြည်ထောင်စု ၀န်ကြီး နှစ်ဦး၊ ဘာသာရေး အဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ ကရင်နီ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး (ကလလတ ခေါ် ကြယ်နီ)၊ ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)၊ ကရင်နီသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို ခေါ် ကြည်ဖြူ)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (ကေအဲန်ဒီပီ ခေါ် နဂါး)နှင့် ကရင်နီ မျိုးနွယ်စု ပေါင်းစုံတို့က  လာရောက်ကြိုဆိုကြသည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်က ပြောသည်။
ထို့အပြင် ကေအဲန်ပီပီအား ရိုးရာ ၀တ်စုံများ ၀တ်ဆင်ခြင်း၊ ရိုးရာ အတီးအမုတ်များ တီးမုတ်ခြင်း၊ ရိုးရာ အကများ ကခြင်းနှင့် အလံများ ဝှေ့ယမ်းခြင်းများဖြင့် ကြိုဆိုကြကြောင်း ကေအဲန်ပီပီအား လာရောက်ကြိုဆိုသူ လွိုင်ကော်မြို့ခံ တဦးက ပြောသည်။
"ရွာက လူတွေ အများကြီး လာကြိုကြတယ်။ ပြည်သူလူထုတွေလည်း အားလုံး စိတ်ဝင်စားနေကြတယ်လေ။ ကယား ၀တ်စုံနဲ့ သွားကြတယ်။ ကယားလီဖူး ဆိုတော့" ဟု ၎င်းက ပြောသည်။
ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ ကိုယ်စားလှယ်များသည် လွိုင်ကော်မြို့၏ အစိုးရ ဧည်ဂေဟာတွင် တည်းနေကြပြီး မနက်ဖြန် ၇ ရက်နေ့တွင်လည်း ထိုနေရာ၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမည်ဟုအောင်ဆန်းမြင့်ကပြောသည်။

ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်အား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)
                                               ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်အား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)
၎င်းက "သူတို့ကတော့ ကျနော်တို့ကို ဒီတခေါက် ဆွေးနွေးပွဲမှာဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ကို ထိုးစေချင်တဲ့ သဘောပေါ့နော့်။ အရင်တခေါက် ကျနော်တို့ သွားတို့ကတော့ ဦးအောင်မင်ကတော့ အဲလို အတင်း ဖိအားပေးတာတွေ ရှိတယ်လေနော့်။ ဒါပေမဲ့ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထားကတော့ ကျနော်တို့ ယူဆောင်သွားတဲ့ အချက်တွေ အပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုက အများကြီး မူတည်တယ်။ သူတို့ အဲဒါတွေ လုပ်နိုင်မှာပဲ ကျနော်တို့ အဲဒါတွေ လုပ်နိုင်မယ့် အနေအထား ရှိတယ်လေနော့်" ဟု ဆက်ပြောသည်။ ကေအဲန်ပီပီနှင့်အစိုးရတို့သည် ယင်းအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတွင် ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်က အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း ၃ လ အကြာတွင် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။

ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)

ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)
 copyrights_http://www.ktimes.org

တိုင်းရင်းသား လွှတ်တော်အမတ်တွေနဲ့ ဒေါ်စု တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီ အမတ်များ နေပြည်တော်တွင် တွေ့ဆုံစဉ်
(ဓာတ်ပုံ- ရိုက်တာ)
(ဓာတ်ပုံ- Ap)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက လွတ်တော် ကိုယ်စားလှယ်တချိုနဲ့  နေပြည်တော်မှာ ဒီကနေ့ မနက်က တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေတွင်း ငြိမ်းချမ်းရေး ၊ တန်းတူညီမျှ အခွင့်ရေး ခံစားခွင့်တွေရှိရေး ကိစ္စအပြင် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု  နိုင်ငံကြီး ဖြစ်လာရေး အခြေအနေတွေပေါ် ဆွေးနွေး ပြောဆို ခဲ့ကြပါတယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံမှု အခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီး အဖြစ် နေပြည်တော်ကို ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၆ရက် အင်္ဂါနေ့ မနက် ၇ နာရီက နေပြည်တော်မှာရှိတဲ့ ကုမုဒြာ ဟော်တယ်မှာ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ၊  ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလနေပြည်တော် အစီအစဉ်ထဲမှာ မပါဘဲ ကြားဖြတ် အစီအစဉ်တခုအနေနဲ့ အခုလို တိုင်းရင်းသား အဖွဲတွေနဲ့ တွေ့ဖို့ စီစဉ်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်၊
တိုင်းရင်းသား အဖွဲ့တွေထဲကဆိုရင် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ၊ ပအို့ အမျိုးသား အဖွဲ့၊ ပလောင်ပါတီ၊ ၀- ဒီမိုကရေစီ ပါတီ၊  ချင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံစဝေါပါတီတွေက လွှတ်တော်ကိုယ်စားလှယ် နဲ့အတူ ရှမ်းကျားဖြူပါတီက လွတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခဲ့ကြတာပါ၊
ဒီတွေ့ဆုံမှုတွင်း တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး၊ ပြည်မ ပြည်နယ်မခွဲခြားဘဲ တန်းတူညီမျှတဲ့ အခွင့်အရေး ခံစားပိုင်ခွင့်ရှိရေးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားတွေကို ရှင်းပြခဲ့တယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်၊

2012/03/06

မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး တွင်KNU ကို ပြည်တွင်းပြည်ပ ကရင်များ ၀ိုင်းရံသွားမည်

မတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရ တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရေးတွင် KNU ကို ၀ိုင်းရံပံ့ပိုးသွားမည်ဟု ကရင်ပြည်နယ် ဖာပွန်မြို့နယ် တနေရာ၌ ပြုလုပ်သည့် နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်လာသူ ကရင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၇ရက်မှ စတင်၍ လေးရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်း ၄၃ခုမှ ကိုယ်စားလှယ်ပေါင်း ၁၆၇ဦး တက်ရောက်ခဲ့ကြပြီး မြန်မာအစိုးရနှင့် ဆက်လက် တွေ့ဆုံရေးတွင် KNU ချမှတ်ထားသည့် အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံကို ထောက်ခံကြိုဆိုသောကြောင့် KNU ကို ၀ိုင်းရံရန် မတ်လ ၁ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နှီးနှောဖလှယ်ပွဲ တက်ရောက်လာသူ ကရင်အဖွဲ့အစည်းများ၏ကိုယ်စား ပြောခွင့်ရသူ နမ့်ဇိုယာဖန်းက “အဓိကတော့ KNU ခေါင်းဆောင် တွေ သိန်းစိန်အစိုးရနဲ့ သွားတွေ့တဲ့အချိန်မှာ ကရင်တမျိုးသားလုံး အကြံဉာဏ်တွေ ထည့်ပြီးတော့ ဆွေးနွေးပေးရမယ်လေ။ ဒါကြောင့် သူတို့ကို ၀ိုင်းရံဖို့က အဓိက လိုအပ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်  

Statement_from_Karen_Worldwide_Conference_-_Burmese

စစ်မှန်သောငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရန် ကမ္ဘာတ၀ှမ်းရှိကရင်အမျိုးသားများတောင်းဆို

 Press_Release_from_Karen_Worldwide_Conference_-_Burmese

သောသီခို မှ တဆင့် ကူးယူဖော်ပြပါသည်။

ငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ကရင်လူထု ကေအန်ယူကို ကူညီမည်

March 5, 2012 by နော်နိုရင်း

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေနဲ့ ကရင်အမျိုးသားတွေရဲ့ အနာဂတ်ရေးကို ဆွေးနွေးတဲ့ နှီးနှောဖလှယ်ပွဲတခု ကရင်ပြည်တွင်းတနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မှ မတ် ၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးအတွင်း ပြည်တွင်းပြည်ပက ကရင်ခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

နန့်ဇိုရာဖန်း

အစည်းအဝေးအပြီး ဒီနေ့မှာတော့ ဘန်ကောက်မြို့ရှိ ဖောရင်းကော်ရင်စပေါ့ဒင်းကလပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကရင်နှီးနှောဖလှယ်ပွဲအတွင်း ဘာတွေ ဆွေးနွေးပြောဆိုခဲ့လဲဆိုတာကို အစည်းအဝေးနဲ့ ပတ်သက်ပြီး ဥရောပ ကရင်ကွန်ယက်ဥက္ကဌလည်းဖြစ် ယူကေကရင်ကွန်မြူနီတီ အကြံပေး တဦးဖြစ်တဲ့ နန့်ဇိုရာဖန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ပြီးခဲ့တဲ့ အပတ်က ကရင်တမျိုးသားလုံးရဲ့ ညီလာခံကြီးမှာတော့ တက်ရောက်တဲ့ ကရင်ကိုယ်စားလှယ်တွေ အသီးသီးက တင်ပြဆွေးနွေးတဲ့ အချက်အလက်တွေ၊ ကရင်တမျိုးသားလုံးအတွက် အခြေအနေတွေရယ်၊ ပြီးတော့ အခုလက်ရှိ ကရင်အမျိုးသားအစည်းအရုံးရယ်၊ ဦးသိန်းစိန် အစိုးရရဲ့ အကြောင်းပါ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ်မှာ ကျမတို့ရဲ့ အမြင်တွေနဲ့ အခြေအနေကို သုံးသပ်ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ဒီနေ့ ပြန်ပြီး တင်ပြတာ ဖြစ်တယ်။”