Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/10

ငြိမ်းချမ်းရေးအကောင်အထည်ဖော်မှုလုပ်ငန်း အောင်မြင်မယ်လို့ မျှော်လင့်

Published on April 9, 2012 by နော်နိုရင်း

ကရင့်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့ ပဲခူးတိုင်းနဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့ကို နှစ်ဖွဲ့ခွဲပြီး သွားရောက်ခဲ့ကြပါတယ်။

ကေအန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်အပါအ၀င် ၁၇ ဦးက ပဲခူတိုင်းဘက်ကို သွားရောက်ပြီး ကျောက်ကြီးမြို့နယ်ဘက်မှာ ဆက်ဆံရေးရုံးခန်း ဖွင့်လှစ်သလို အပြန်မှာ ပဲခူးမြို့မှာ ပဲခူးတိုင်း ၀န်ကြီးချုပ်အပါဝင် တိုင်းမှူးနဲ့ ညနေပိုင်းမှာ တွေ့ဆုံခဲ့ပြီး ဧပြီ ၁၀ ရက်နေ့မှာတော့ ပဲခူးတိုင်းဝန်ကြီးချုပ်အပါအ၀င် တိုင်းမှူးနဲ့ တွေ့ဆုံဆွေးနွေးမှာဖြစ်ပါတယ်။

ကျောက်ကြီးမြို့နယ်ကို ရောက်နေချိန် လူထုနဲ့ တွေ့ဆုံစကား ပြောခွင့်ရခဲ့ပြီး လူထုအခက်အခဲ တင်ပြပြောဆိုလာတာနဲ့ပတ်သက်ပြီး ကေအန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ရဲ့ ပြောခွင့်ရသူ နော်မေဦးကို မေးမြန်းထားပါတယ်။

“ကျမတို့ ကရင်အမျိုးသား အစည်းအရုံးကိုယ်စားလှယ်အဖွဲ့က ကျောက်ကြီးမြို့ကို မနက် ၁၀ နာရီလောက်ရောက်တယ်။ ကျောက်ကြီးမြို့က ဆက်ဆံရေးရုံးကိုဖွင့်လှစ်ခဲ့တယ်။ ၀န်ကြီးအဖွဲ့က ၀န်ကြီး ၃ ယောက်၊ ၀န်ကြီး ဦးအောင်မင်း၊ ၀န်ကြီး ဦးခင်ရီ၊ ၀န်ကြီး ဦးစိုးသိမ်းတို့ တက်ရောက်ပြီးတော့ ကျမတို့ ကေအန်ယူ ကရင်အမျိုးသား ကိုယ်စားလှယ်အဖွဲ့ကတော့ ဆရာမ နော်စီဖိုးရာစိန်နဲ့ အဖွဲ့တွေပေါ့။ ဆက်ဆံရေးရုံးဖွင့်လှစ်ခဲ့ပါတယ်။ ဆက်ဆံရေးရုံး ဖွင့်လှစ်ပြီးတော့ တပြိုင်နက်တည်းမှာပဲ ဒေသခံ ကရင်လူထုနဲ့ ကျောက်ကြီးမြို့နယ် ဘေးပတ်ဝန်းကျင်တလျှောက် ကျေးရွာတွေက ကရင်အမျိုးသားထုနဲ့ ကျမတို့ကိုယ်စားလှယ်အဖွဲ့ကို ကြိုဆိုတာ ပျှမ်းမျှဆိုရင် ၂၀၀၀ ကျော် ၃၀၀၀ ၀န်းကျင် လူထုအင်အား အဲဒီလောက်ရှိတယ်။ ဆက်ဆံရေးရုံးဖွင့်ပြီးနောက်မှာ လူထုတွေနဲ့ ဆွေးနွေးပွဲလေးတခု လုပ်ခဲ့ပါတယ်။”

ကျောက်ကြီးမြို့နယ်မှာ ရုံးဖွင့်တော့ ကေအန်ယူဘက်က ရုံးတာဝန်ခံအနေနဲ့ ဘယ်သူက ထိုင်ပေးမှာလဲ။ ဘယ်သူ့ကို တာဝန်ပေးထားလဲ။

“ရုံးတာဝန်ခံကိစ္စကို ကျမတို့ပြန်ပြီးတော့ ဆွေးနွေးရမယ်။ ကျမတို့ကိုယ်စားလှယ် အဖွဲ့က ပြည်တွင်းထဲကို ရောက်နေတဲ့အချိန်နဲ့ ဒီရုံးဖွင့်ဖြစ်ဖို့ကို ကျမတို့ လူကိုယ်တိုင် ရှိနေတုန်းမှာ ဖွင့်လှစ်ခဲ့တာပဲဖြစ်တယ်။ ရုံးကိုယ်စားလှယ်နဲ့ ဒီရုံးမှာ အမှုထမ်းမယ့်လူရဲ့ တာဝန်ခံမယ့်လူရဲ့ လုပ်ငန်းဆောင်တာတွေ လုပ်ပိုင်ခွင့်တွေအားလုံးက ကျမတို့ ဆက်ပြီးတော့ လုပ်ရဦးမှာဖြစ်ပါတယ်။”

KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေဆဲ

  
ချင်းမိုင်(မဇ္စျိမ) ။       ။ အစိုးရဘက်မှ စစ်တပ်များ လှုပ်ရှားမှု ပိုမိုများပြားလာသည့်အတွက် ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား စစ်ရေးအခြေအနေ တင်းမာနေလျက်ရှိကြောင်း KIO ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြော သည်။

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် KIO ခေါင်းဆောင်များ သုံးကြိမ်တိုင်တိုင် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေး ခဲ့သော်လည်း ပြေလည်မှုမရသေးဘဲ တိုက်ပွဲများ ဆက်လက် ဖြစ်ပွားနေပြီး အစိုးရဘက်မှ စစ်ရေးလှုပ်ရှားမှုများကြောင့် တိုက်ပွဲကြီးများလည်း ဖြစ်ပွားလာနိုင်သည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။

“ကြည့်ရတာ ဒီရက်ပိုင်းအတောအတွင်းမှာ သူတို့ စစ်ဆင်ရေးကို ပြင်းပြင်းထန်ထန် လုပ်လာမယ့် အခြေအနေ၊ ပုံစံ၊ အရိပ်အယောင်လည်း တွေ့ရတယ်။ သူတို့တပ်ရဲ့ လှုပ်ရှားမှုမှာ ခါတိုင်းထက် မတူဘဲ ထူးထူးခြားခြားဖြစ်လာလို့ ကျနော်တို့ ခန့်မှန်းလို့ ရသွားတဲ့အချက်ပေါ့။ စစ်ရေးလှုပ်ရှားမှု ပိုပြီးတော့ များလာတဲ့ သဘောပါ။ ညဘက် တပ်တွေ လှုပ်ရှားမှုတွေ၊ ညအချိန်မှာ တပ်တွေ ပြောင်းရွှေ့တာမျိုးတွေ လုပ်တယ်”ဟု ဦးလနန် က မဇ္စျိမကို ပြောသည်။

ယခုရက်ပိုင်းအတွင်း မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်၌ အစိုးရ၏ စစ်ကားများ အသွားအလာ ရှိလာပြီး KIO အဖွဲ့များရှိရာ ဒေသအနီး ချဉ်းကပ်လာသည့် အနေအထားများလည်း တွေ့ရသည်ဟု ဦးလနန်က ပြောသည်။

အလားတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဆဒုံးဒေသသို့ သွားသည့်ကားလမ်း၊ ဝိုင်းမော်-ဗန်းမော်သွားရာ ကားလမ်းပေါ်တွင် အစိုးရ စစ်ကားများ ညအချိန်တွင် တကြိမ် ဖြတ်သန်းသွားပါက ကား ၁ဝ စီးကျော်မှ ၂ဝ စီးထိ စစ်ကားများ ရွှေ့ပြောင်း သွားမှုများ ယခုရက်ပိုင်းအတွင်း နှစ်ကြိမ်ထက်မနည်း ရှိနေသည်ဟု မြစ်ကြီးနားမြို့ခံ တဦးက ပြောသည်။

ကေအန်ယူ ပထမဦးဆုံး ဆက်ဆံရေးရုံး ကျောက်ကြီးမှာ ဖွင့်


ဓာတ်ပုံ ASSOCIATED PRESS
ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နှင့် ငြိမ်းချမ်းရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန် (ညာ) ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီး သတင်းစာ ရှင်းလင်းပွဲမှာ စကားပြောနေပုံ
တနင်္လာ, 09 ဧပြီ 2012
ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ဒီကနေ့ဘဲ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်မှာ ဆက်ဆံရေးရုံး ဖွင့်လှစ် လိုက်ပါတယ်။ မြန်မာအစိုးရနဲ့ အပစ်အခတ် ရပ်ဆဲရေး သဘောတူညီမှု ရပြီး နောက်ပိုင်း ပထမဆုံး ဖွင့်တဲ့ ဆက်ဆံရေးရုံး ဖြစ်ပါတယ်။  ဒီရုံးကနေ စစ်ရေး ပဋိပက္ခတွေ ဖြေရှင်းဖို့ နောက် အိုးအိမ်စွန့်ခွာ ထွက်ပြေး နေရတဲ့  ရွာပုန်းရွာရှောင် ကရင် ပြည်သူတွေကို ပြန်လည် ထူထောင်ရေး လုပ်ငန်းတွေ လုပ်ဆောင် မယ်လို့လည်း ကေအန်ယူက ဆိုပါတယ်။
မြန်မာ အစိုးရနဲ့ ပြည်ထောင်စု အဆင့် ဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ ရန်ကုန်ကို ရောက်ရှိလာတဲ့ ကရင့်အမျိုးသား အစည်းအရုံး ကေအန်ယူက ပဲခူးတိုင်း ညောင်လေးပင် ခရိုင် အတွင်းက ကျောက်ကြီး မြို့နယ်မှာ ပထမဆုံး ဆက်ဆံရေးရုံးကို တနလာင်္နေ့မှာ ဖွင့်လှစ် လိုက်ပါတယ်။ ကေအန်ယူရဲ့ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန် သွားရောက် ဖွင့်လှစ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆက်ဆံရေးရုံးကို ကေအန်ယူ တပ်မဟာ ၃ က တာဝန်ယူသွားမှာ ဖြစ်တယ်လို့ ကေအန်ယူ ကိုယ်စားလှယ် အဖွဲ့ရဲ့  ပြန်ကြားရေး တာဝန်ခံ နော်မေဦး ကပြောပါတယ်။
“ပဲခူးတိုင်း ကျောက်ကြီးမြို့ မှာ ဆက်ဆံရေး ရုံးပေါ့နော်။ ကေအန်ယူ နဲ့ မြန်မာ အစိုးရ ဆက်ဆံရေး ရုံးကို ကျမတို့ သွားပြီး ဖွင့်လှစ်တာ ဖြစ်ပါတယ်။ နောက် ခရီးစဉ် တစ်ခုကတော့ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထုများ နေရပ်ဒေသ ကို သွားဖို့ပေါ့လေ။ ဒီကျောက်ကြီး သုံးနာရီ အကွာအဝေး မူပယ် ဆိုတဲ့ နေရာ ကို သွားဖို့ ကျမတို့ အစီအစဉ် ရှိပါတယ်။ ပြည်တွင်း ဌာနေမဲ့ ပြည်သူ လူထုတွေ ရဲ့ အခြေအနေနဲ့ အဲဒီမှာ လူမှုရေး ရုံးတစ်ရုံး ဖွင့်ဖို့ အတွက် ဖြစ်ပါတယ်။”

ဗိုလ်ချူပ်မူတူးစေးဖိုးမွေးနေ့ ၊ ကေအဲန်ယူ ထားဝယ် ဆက်ဆံရေရုံး (The voice weekly သတင်းမှ)

ပထီးပကော်ဘလော့မှ ထပ်ဆင့် ပြန်လည်ကူးယူသည်။




ပဲခူးတိုင်း ကျောက်ကြီးနှင့် တနင်္သာရီတိုင်း ထားဝယ်မြို့တို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) ၏ ဆက်ဆံရေး ရုံးများကို ဧပြီ ၉ ရက်နေ့တွင် ဖွင့်လှစ်လိုက်သည်။

ယင်းအပြင် KNU အဖွဲ့သည် သက်ဆိုင်ရာ တိုင်းဒေသကြီး နယ်ဘက်၊ စစ်ဘက် တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံရန်ရှိသည်။

KNU စစ်ဦစီးချုပ် စောမူတူးဆေးဖိုး၏ ဧပြီလ ၁၃ ရက်နေ့တွင် ကျရောက်မည့် အသက် ၈၀ ပြည့်မွေးနေ့ကို ဂုဏ်ပြုသောအားဖြင့် အကြို ညစာစားပွဲကို ဆီဒိုနားဟိုတယ်တွင် ယမန်နေ့က ကျင်းပခဲ့သေးသည်။ ယင်းအခမ်းအနားတွင် အစိုးရတာဝန်ရှိသူများက Laptop ၂၁ လုံးကို KNU သို့ ပေးအပ်ခဲ့သည်။

(KNU အဖွဲ့ ထားဝယ်မြို့သို့ ယနေ့ရောက်ရှိစဉ် တနင်္သာရီတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြတ်ကိုက Golden Guest ဟိုတယ်တွင် ကြိုဆိုနှုတ်ဆက်စဉ်။ ဓါတ်ပုံ - Dawei Watch)

2012/04/09

ဒေါ်အောင်ဆန်းစုကြည်နှင့် ကေအဲန်ယူငြိမ်းကိုယ်စားလှယ်အဖွဲ့ (ရုပ်သံ)

mizzima သတင်းမှ ထပ်ဆင့် ဖြန့် ဝေပါသည်။

KNU ခေါင်းဆောင်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တွေ့ဆုံ

2012-04-08

တိုင်းရင်းသားတွေနဲ့ တွေ့ဆုံနိုင်တယ်ဆိုရင် တဦးနဲ့တဦး အမြင်ချင်းဖလှယ်နိုင်ပြီး တဦးနဲ့တဦးပို ရင်းနှီးလာနိုင်တဲ့အတွက် အမျိုးသားရင်ကြားစေ့ရေးဖြစ်စဉ်ကို အများကြီး အထောက်အကူ ဖြစ်နိုင်တယ်လို့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။













 
 
 
KNUကရင်အမျိုးသားအစည်းအရုံးအထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်ဦးဆောင်တဲ့အဖွဲ့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ၂၀၁၂ ခုနှစ် ဧပြီလ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်။

ရန်ကုန်မြို့ကို ရောက်ရှိနေတဲ့ KNU ကရင်အမျိုးသား အစည်းအရုံး အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နဲ့ အဖွဲ့ကို တက္ကသိုလ်ရိပ်သာလမ်းနေအိမ်မှာ ဒီကနေ့ ၂ နာရီလောက် တွေ့ဆုံ ဆွေးနွေး ပြီးတဲ့နောက် ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလို ပြောလိုက်တာပါ။

"ကျွန်မတို့ အမျိုးသားဒီမိုကရေဒီအဖွဲ့ချုပ်ရဲ့ ဦးတည်ချက်ဟာ စစ်မှန်တဲ့ ဒီမိုကရေးစီ ပြည်ထောင်စုဖြစ်တာမို့လို့ တိုင်းရင်းသားများအားလုံးဟာ စုစုစည်းစည်းနဲ့ ဒီဖြစ်စဉ်ထဲမှာ ပါဝင်ရမယ်ဆိုတာ ကျွန်မတို့ရဲ့ ယုံကြည်ချက်လည်း ဖြစ်ပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံအပြီး သတင်းထောက်တွေရဲ့ မေးမြန်းချက်ကို ဖြေကြားရာမှာ လက်နက်စွန့်ပြီး နိုင်ငံရေးလောကထဲ ၀င်မ၀င် ကိစ္စနဲ့ ပတ်သက်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ ခေါင်းဆောင် နော်စီဖိုးရာစိန်က ကရင်ဘာသာနဲ့ ဖြေဆိုတာကို အဖွဲ့ပြောခွင့်ရ နော်မေဦးက မြန်မာဘာသာပြန်ပြပါတယ်။

"ဘယ်လိုပုံစံနဲ့ ဆက်ပြီး ရပ်တည်သွားမှာလဲ ဆိုတဲ့ဟာက နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အများကြီး ပတ်သက်ပါတယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေက ကျွန်မတို့ လက်ခံနိုင်တဲ့ အနေအထားမှာရှိတယ်ဆိုရင် အဲဒီမေးခွန်းက သူ့ဖာသာ ဖြေသွားပါလိမ့်မယ်။"

KNU ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ဟာ သမ္မတ ဦးသိန်းစိန်နဲ့ နေပြည်တော်မှာ ပထမဆုံးအကြိမ် မနေ့က တွေ့ဆုံပြီး ဒီနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံတာလည်း ဖြစ်ပါတယ်။
http://www.rfa.org/burmese/news/ass-knu-peace-delegation-04082012095428.html

2012/04/08

AUN-Japan ၏ ပုံမှန်လပတ် အစည်းဝေးကျင်းပ။


၂၀၁၂ ခုနှစ် ဧပြီလ (၈)ရက်။


ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan ၏ ပုံမှန်လပတ် အစည်းအဝေးနှင့် နိုင်ငံရေး ဆွေးနွေးသည့် အခမ်းအနားကို Takadanobaba ရှိ AUN ရုံးခန်း၌ ယနေ့ ညနေ ၆း၀၀ နာရီမှ ၉း၃၀ နာရီအထိ ကျင်းပ ခဲ့ကြပြီး လက်ရှိဖြစ်ပေါ် ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေများအပေါ် အဖွဲ့ဝင်အဖွဲ့အစည်း အသီးသီးမှ တာဝန်ခံ ကိုယ်စားလှယ်များ မိမိတို့ ပံ့ပိုးကူညီ လုပ်ဆောင်နိုင်မည့် လုပ်းငန်းစဉ်များတို့ကို သုံးသပ် ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ။   ။ Moe Min Thu