Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/04/13

ဒေါ့ဖုန်းယန် KIA တပ်စခန်း မြန်မာအစိုးရတပ် သိမ်းပိုက်

မြန်မာအစိုးရတပ်က ကချင်ပြည်နယ် ဗန်းမော် (မန်မော်)ခရိုင် ဒေါ့ဖုန်းယန်မြို့နယ်ခွဲရှိ KIO ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်၊ တပ်ရင်း ၁၉ နယ်မြေသို့ နာရီပေါင်းများစွာ လက်နက်ကြီးများ အဆက်မပြတ်ပစ်ခတ်ပြီးနောက် ရှေ့တန်းစခန်းတခုကို သိမ်းပိုက်ခဲ့ကြောင်း ၄င်းတပ်စခန်းအနီးရှိ KIA အရာရှိတစ်ဦးကပြောသည်။

ဧပြီ ၁၁ ရက် ဗုဒ္ဓဟူးနေ့ ဒေါ့ဖုန်းယန်ရှိ အစိုးရတပ် ခလရ (၁၄၂)မှ စစ်အင်အား ၂၀၀ ခန့်ရှိသော တပ်ဖွဲ့များ နှင့် KIA တပ်ဖွဲ့များ၂ နာရီကြာ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာ လုံခြုံရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၁၉)၊ လနားခက် (Lana Hkyet) ပန်စွန်စခန်း (Pan Tsun post) အား နောက်ဆုတ်ပေးခဲ့ရသည်ဟု သူကပြောသည်။

ပြီးခဲ့သည့် ဇန်န၀ါရီလမှ မြန်မာအစိုးရက KIO/KIA ဗဟိုဌာနချုပ် လိုင်ဇာကိုသိမ်းပိုက်ရန် စစ်မျက်နှာ ၃ ခုဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။
တုန့်ပြန်မှုအနေဖြင့် KIA က ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း ၎င်း၏ တပ်ရင်း၊ တပ်ဖွဲ့ဝင်အားလုံး “မြန်မာအစိုးရတပ်အား စတင်ပစ်ခတ်ခွင့်” အမိန့်ပေးလိုက်ပြီဖြစ်ကြောင်း ရှေ့တန်းအရာရှိတစ်ဦး ကပြောသည်။
“အစက မြို့ပေါ်တွေမှာတော့ မပစ်ခိုင်းဘူးပေါ့နော် ဒါပေမဲ့ ဒီတစ်ခါတော့ သူတို့ပစ်ရင် ကျနော်တို့ကိုလည်း ပစ်ဖို့ပြောတယ်။” ဟု သူကပြောသည်။
ယခင်က အချို့ရှေ့တန်းနေရာနှင့် အစိုးရထိန်းချုပ်သည့် မြို့ပေါ်တွင် အစိုးရပစ်မှတ်များအား တိုက်ခိုက်ခြင်း မပြုရန် KIA တပ်ဖွဲ့များ ညွှန်ကြားထားခံရသော်လည်း ယခုချိန်မှာ အစိုးရတပ်များကို နေရာမရွေး တိုက်ခိုက်ရန် အမိန့်ပေးလိုက်ခြင်းဖြစ်သည်။
အစိုးရတပ်နှင့် KIA တပ်ဖွဲ့တို့သည် တိုက်ပွဲများနေ့တိုင်းဖြစ်ပွားနေပြီး တပ်မဟာ ၅ နယ်မြေတွင် ပိုပြင်းထန်နေသည်ဟု KIO ပြောရေးဆိုခွင့်ရှိသူ အထွေထွေအတွင်းရေးမှူး-၂ ဆလန်ကဘား လာနန် ကပြောသည်။
ယခုလို မြန်မာအစိုးရက လိုင်ဇာ စစ်ဆင်ရေး စတင်လာချိန်မှာ ကချင်ပြည်နယ် အရှေ့ဘက် တရုတ်နယ်စပ်ကုန်သွယ်ရေးလမ်းမ ဗန်းမော်(မန်မော်)-လွယ်ဂျယ်သွားလမ်းကို KIA မှ ဧပြီ ၁၂ ရက်နေ့မှစပြီး ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
http://burmese.kachinnews.com

2012/04/12

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များထိုင်း-မြန်မာ နယ်စပ်သို့ ပြန်လည်ရောက်ရှိ

ဧပြီလ ၁၁ရက်။ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ပြည်တွင်းငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရနှင့် သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ)ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယနေ့ နေ့လည်ပိုင်းတွင် ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည် ရောက်ရှိလာပြီဟု သိရသည်။
ယနေ့မနက် ၇နာရီအချိန်တွင် ဘားအံမြို့ရှိ ဇွဲကပင်ဟိုတယ်မှ စတင်ထွက်ခွာခဲ့ပြီး နေ့လည် ၁၂နာရီဝန်းကျင်းတွင် နယ်စပ်ဒေသသို့ ပြန်လည်ရောက်ရှိလာသည့် အဆိုပါ ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များသည် ယခုခရီးစဉ်အပေါ် အားရပ်ကျေနပ်မှု ရှိသည်ဟု ဆိုသည်။
အဆိုပါ ကိုယ်စားလှယ်အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နော်မေဦးက “အစိုးရနဲ့ ကျမတို့ အရေးကြီးတဲ့ အချက်တွေကို လိုအပ်သလောက် ကျမတို့ ဆွေးနွေးနိုင်ခဲ့တယ်။ နောက်ဆက်တွဲ အကောင်အထည်ဖော်ရမယ့်ဟာ တွေတော့ ရှိတာပေါ့။ ဒီခရီးစဉ်တစ်ခုလုံးခြုံပြီး ပြောရရင်တော့ ကျမတို့ ကျေနပ်အားရပ်မှုရှိတယ်။”ဟု ပြောသည်။
KNU ထုတ်ပြန်ကြေငြာချက် - 10/04/2012
  KNU_press_release_on_division_and_state_level__meetings_April_4___10_2012

မြန်မာ့တပ်မတော်ရဲ့ စစ်ရေးလေ့ကျင့်နေမှုက KIA အတွက် ဖြစ်နေသလား

ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ တင့်ကားတပ်ဖွဲ့၏ စွမ်းရည်ပြသမှု
Tuesday, 10 April 2012

(၂၀၁၂) ခုနှစ် မတ်လ ၆ ရက်နေ့က မိတ္ထီလာမှာ တပ်မတော်ရဲ့ ခြေလျင်၊ တင့်နဲ့ အမြောက် ပူးပေါင်း စစ်ဆင်ရေး လေ့ကျင့်မှုကို ဆောင်ရွက် ခဲ့ကြောင်း စစ်ဘက် နီးစပ်သူများက သတင်း ပေးပို့ လာပါတယ်။ ဒီလို လေ့ကျင့်မှုကို တပ်မတော်ကွယ်ရေး ဦးစီးချူပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်မှ တက်ရောက် ကြည့်ရှု ခဲ့ပါတယ်။
ဒီလို လေ့ကျင့်တဲ့ နေရာမှာ မြေပုံတုကို ကချင်ပြည်နယ် အတွင်းက KIA စခန်း နေရာတစ်ခုအား ပုံစံတူ သဲမြေပုံခင်း ဆောင်ရွက် ခဲ့ပါတယ်။ ဒီစစ်ရေး လေ့ကျင့်မှုကို မြဝတီရုပ်သံမှာ ထုတ်လွှင့် ပြသ ခဲ့တာဟာ ထူးခြားမှု တစ်ခုအနေနဲ့ တွေ့ရှိရပါတယ်။ လက်ရှိ အခြေအနေမှာ မြန်မာ အစိုးရဟာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လမ်းစဉ်ကို ဆွေးနွေး နေပါတယ်။
ခြေလျင်-အမြောက်-တင့် ပူးပေါင်းစစ်ဆင်ရေးကြီးထဲမှ မြဝတီရုပ်မြင်သံကြားအင်တာဗျူး မြင်ကွင်း
တိုင်းရင်းသား အဖွဲ့အများစုက အပစ်အခတ်ရပ်စဲရေးကို လက်ခံ ခဲ့ကြပေမယ့် KIA ကတော့ အပစ်အခတ် ရပ်စဲရေးကို လက်မခံသေးပဲ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးပြီးမှ အပစ် ရပ်ချင်တာကြောင့် တိုက်ပွဲတွေ ဒီနေ့အထိ ဖြစ်နေပါတယ်။ အစိုးရ ကိုယ်စားလှယ် အဖွဲ့ခေါင်းဆောင် ဦးအောင်သောင်းဟာ ကျောင်းဆရာမှ စစ်တပ်ထဲ ဝင်လာသူဖြစ်ပြီး ဝေ့လည်ကြောင်ပတ် လုပ်တတ်တာမို့ KIA ဘက်ကလည်း အဆင့်တူ ပညာရေး လောကမှ ကျောင်းအုပ်ကြီး တစ်ဦးကို စေလွှတ်ခဲ့ တာကြောင့် ဆွေးနွေးပွဲ ရလဒ် ရေရေရာရာ မရှိဘဲ ယခုအချိန်ထိ အောင်မြင်မှု မရရှိသေးတာ တွေ့ရပါတယ်။

2012/04/11

ဒီမိုကရေစီခရီးစဉ် လွယ်ကူဖွယ်ရာမရှိ

2012-04-10
မြန်မာ့ဒီမိုကရေစီအရေးမှာ"လူထုခေါင်းဆောင်" အဖြစ်ကနေ လွှတ်တော်ထဲ ၀င်ရောက်ပြီး "နိုင်ငံရေးသမား" အဖြစ်ရပ်တည်တော့မှာ ဖြစ်တဲ့အတွက် ရှေ့လာမယ့် ခရီးလမ်းဟာ မလွယ်ကူဘူးဆိုတာ ဒေါ်အောင်ဆန်းစုကြည်ကို အကြံပြု သတိပေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton ကမနေ့က ပြောကြားလိုက်ပါတယ်။
AFP
၂၀၁၂ ခုနှစ် ဧပြီလ ၄ ရက်က ဝါရှင်တန် ဒီစီတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးပိတ်ဆို့ အရေးယူမှု လျော့ချရေး ပြင်ဆင်နေကြောင်း ကြေညာချက် ထုတ်ပြန်နေစဉ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ တလောက သူတယ်လီဖုန်းပြောခဲ့စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်ထဲဝင်ရောက်ပြီး ဆောင်ရွက်ရမယ့် နိုင်ငံရေးဟာ "စေ့စပ်ညှိနှိုင်း ဆွေးနွေးပြီး အဖြေရှာခြင်း တနည်းအားဖြင့် နိုင်ငံရေးမှာ အပေးအယူလုပ်ရမယ့်" နိုင်ငံရေးသဘောမျိုး အဓိကဖြစ်လာလိမ့်မယ်။ ဒါကလည်း ဒီမိုကရေစီရဲ့ အနှစ်သာရ သဘောတရားလည်းဖြစ်တယ်။ စေ့စပ်ညှိနှိုင်းအဖြေရှာခြင်း၊ အပေးအယူလုပ်ခြင်းဟာ ညစ်ညမ်းတဲ့ ဝေါဟာရမဟုတ်ပါဘူးလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။
Motion Picture Association of America အမေရိကန်ရုပ်ရှင်လုပ်ငန်း အသင်းကြီးမှာ မနေ့က ပြင်သစ်ဒါရိုက်တာ Luc Besson ရဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘ၀ပုံရိပ်ကို ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ကား ပြသတဲ့ပွဲမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားတာပါ။
ဒီမိုကရေစီဆိုတာ မိမိနဲ့အမြင်သဘောထား လုံးဝမတူညီသူတွေနဲ့ အတူတကွ လက်တွဲလုပ်ဆောင်ရမှာ ဖြစ်တယ်လို့ မစ္စစ် ကလင်တန်က ပြောပါတယ်။ ဒါ့အပြင် လက်ရှိ မြန်မာနိုင်ငံက ဒီမိုကရေစီ အသွင်ကူးပြောင်းရေးဟာ အချိန်မရွေး ပျက်စီးသွားနိုင်တယ်ဆိုတာ မြန်မာပြည်သူတွေကရော အားလုံးကပါ လက်ခံထားပြီးသားဖြစ်သလို၊ တစ်ချိန်တည်းမှာလည်း ဒီမိုကရေစီခရီးစဉ်မှာ အားလုံးနဲ့ လက်တွဲလုပ်ဆောင်မယ်ဆိုတဲ့ သံဓိဋ္ဌာန်ဟာ နိုင်ငံရေးသမား တစ်ဦးအနေနဲ့ ဆုံးဖြတ်ထားရမယ့် အချက်ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။
copy rights_http://www.rfa.org/burmese/news

ကေအဲန်ယူ ငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် အစိုးရတို့ ပဲခူးတိုင်းတွင် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့

ဧပြီလ ၁၀ရက်။ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကေအဲန်ယူ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန် ဦးဆောင်သော ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ သည် ယနေ့မနက် ၉နာရီမှ ၁၁နာရီကျော်အထိ ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ ပြည်ထောင်စု ဝန်ကြီးအချို့နှင့် တိုင်းအဆင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

ယခုတွေ့ဆုံဆွေးနွေးမှုတွင် အစိုးရဘက်မှ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း၊ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီး ဦးခင်ရီ၊ စက်မှုဝန်ကြီး ဦးစိုးသိန်း၊ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဥာဏ်ဝင်း၊ ပဲခူးတိုင်းဒေသကြီး နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း အပါအဝင် တောင်ပိုင်းတိုင်း တိုင်းမှူး၊ တရားဥပဒေချုပ်နှင့် အခြားအကျိုးတော်ဆောင်ပုဂ္ဂိုလ်များ တက်ရောက်ခဲ့သည်။

ကေအဲန်ယူဘက်မှ အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗိုလ်မှူးကြီး မိုးဖြူ၊ ဗိုလ်မှူးချုပ် အယ်ကလူသိန်း၊ ဗိုလ်မှူး ထူးထူးလေး၊ နော်မေဦး၊ ပဒိုစောအားတိုး၊ ပဒိုစောသောသီဘွဲ၊ နော်ဘလူးမေးနိုက်ဇံ၊ ပဒိုစောတာဒိုမူးနှင့် စောအောင်ဝင်းရွှေတို့ တက်ရောက်ခဲ့သည်။

ထိုဆွေးနွေးပွဲတွင် အဓိကအားဖြင့် အပစ်အခတ်ရပ်စဲရေး လုပ်ငန်းစဉ်များအတွက် ဆက်လက် လုပ်ဆောင်ရ မည့် အချက်များကို ဆွေးနွေးခဲ့ကြသလို နှစ်ဖက်တပ်များ၏ နေရာများကို အတိအကျ သတ်မှတ်ဖို့ နှင့် ယမန်နေ့က ဖွင့်လှစ်လိုက်သည့် ပဲခူးတိုင်း ဆက်ဆံရေးရုံးတွင် တာဝန်ယူ အလုပ်လုပ်မည့် ကိုယ်စားလှယ်များ ရွေးချယ်ရာတွင် သြဇာအာဏာရှိပြီး အရည်အချင်းပြည့်ဝသည့် ကိုယ်စားလှယ်များကို ရွေးချယ်ထားရန်အတွက် နှစ်ဦးနှစ်ဖက် အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

ပဲခူးမြို့ရှိ ရွှေဝါထွန်းဟိုတယ်တွင် ပြုလုပ်သည့် ယနေ့ဆွေးနွေးပွဲတွင် ရန်ကုန်မြို့မှ အမေရိကန် အထက်လွတ်တော်အမတ်နှင့်အဖွဲ့ အစည်းအဝေးပြုလုပ်စဉ် လာရောက်လေ့လာခဲ့သလို ထိုအစည်း အဝေးပြီး ၁၁နာရီခွဲခန့်တွင် အဆိုပါ အမေရိကန် အထက်လွှတ်တော်အမတ်အဖွဲ့သည် ကေအဲန်ယူ ငြိမ်းချမ်း ရေးကိုယ်စားလှယ်များနှင့် ၁၅မိနှစ်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

ယင်းတွေ့ဆုံဆွေးနွေးရာတွင် အမေရိကန် လွှတ်တော်အမတ်အဖွဲ့ဘက်မှ ယခုအစိုးရနှင့် တွေ့ဆုံမှုတွင် ဘယ်လောက်အထိ အားရကျေနပ်မှုရိုကြောင်းကို မေးမြန်းခဲ့သလို ကေအဲန်ယူဘက်မှလည်း ယခုလက်ရှိအ ချိန်တွင် အားရကျေနပ်ကြောင်းနှင့် ပဋိပက္ခဖြစ်ပွားသည့်ဒေသများအတွင်းရှိ လူထုများ၊ ဌာနေမဲ့ ပြည် သူများ၏ အခြေအနေများကို ပြန်လည် ဆွေးနွေးတင်ပြခဲ့သည်။
http://www.kicnews.org/?p=10997

KIO ဗဟိုဌာနချုပ် လိုင်ဇာ သိမ်းရန် မြန်မာအစိုးရ စစ်ပြင်

ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြေက်ပိုင်း။
10 April 2012
မြန်မာ အစိုးရတပ်သည် ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ် လိုင်ဇာကို ထိုးစစ်ဆင်ရန် စစ်ရေး ပြင်ဆင် နေသည်ဟု ကချင် လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရာရှိများ ပြောသည်။ လိုင်ဇာမြို့မှ မြေပြင် ခရီးအားဖြင့် ငါးမိုင်အကွာရှိ လဂျားယန် ကျေးရွာတွင် မြန်မာအစိုးရ တပ်က ထိုသို့ ပြင်ဆင် နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ KIA အရာရှိ တစ်ဦးပြောသည်။
လဂျားယန်သို့ ၁၂၀ မမ အမြောက်များ ပို့ဆောင်ထားသည်ဟု ဆိုသည်။ အဖြောင့် တိုင်းလျှင် ၃ မိုင်ခန့်သာ ကွာဝေးသည့် လိုင်ဇာသို့ လဂျားယန်မှ ထိုအမြောက်များ ဖြင့်ပစ်ခတ်လျှင် ပျက်စီးမှု ကြီးမားနိုင်သည်။ လဂျားယန် အပြင် မြစ်ကြီးနား-ဗန်းမော် လမ်းပေါ်က မဟာဗျူဟာ ကျသည့် နေရာများတွင်လည်း  မြန်မာအစိုးရ တပ်များ စစ်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။
ကေအိုင်အို ဗဟိုဌာနချုပ် လိုင်ဇာမြို့၊ မြန်မာပြည် မြေက်ာပိုင်း။
ထိုတပ်စခန်းများသို့ အစိုးရ တပ်သားသစ်များလည်း ရောက်ရှိလာကြခြင်းလည်း ဖြစ်သည်ဟု ဆိုသည်။ လွန်ခဲ့သော ကြာသပတေးနေ့က ဗန်းမော် ဆိပ်ကမ်းသို့ အင်အား ၂၀၀ ကျော်ရှိ မြန်မာအစိုးရ စစ်သားများ စက်လှေဖြင့် ရောက်ရှိ လာကြသည်။ ၎င်းတို့မှာလည်း လိုင်ဇာ စစ်မျက်နှာအတွက် ပို့ဆောင် ကြခြင်း ဖြစ်နိုင်သည်ဟု ဆိုသည်။