Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/09/09

ပြည်တွင်းစစ်တွင် ဆုတံဆိပ်များပေးခြင်းသည် စည်းလုံးမူကို ထိခိုက်နိုင်


လက်ရှိဖြစ်နေသည့် ပြည်တွင်းစစ်များတွင် အစိုးရတပ်မတော် စစ်သည်များကို ဘွဲ့၊ ဆုတံဆိပ်များ ပေးအပ်ခြင်းသည် ရေရှည် တိုင်းရင်းသား စည်းလုံးမူကို ထိခိုက်စေပြီး ပြည်တွင်းစစ်ကို ပိုမို ကြာစေ လိမ့်မည် ဖြစ်ကြောင်း ဗိုလ်ကြီးဟောင်း ကိုနေမျိုးဇင်က ပြောသည်။

“အရင် စစ်အာဏာရှင်စနစ် တည်ထောင်တဲ့အခါ မက်လုံးပေးတဲ့ အနေနဲ့ အသုံးပြုခဲ့တဲ့ဟာတွေပါ။ နိုင်ငံခြား ကျူးကျော်မူ မရှိတော့တဲ့နောက်ပိုင်း သူရဘွဲ့ ပေးသင့်တာလည်း မရှိသလောက် ဖြစ်သွားတယ်။ နဂိုကမှ ဗမာဆိုရင် အမြင်မကြည်တဲ့ တိုင်းရင်းသား ကလေးငယ်တွေအတွက်တော့ သူရဘွဲ့ထပ် ပေးမယ်ဆိုရင် ပိုပြီး ဆိုးသွားနိုင်ပါတယ်။ ကိုယ့်သွေးချင်းချင်း သူတပြန် ကိုယ်တပြန် သတ်လို့ရတာက ဂုဏ်ယူစရာလည်း မဟုတ်ပါဘူး ” ဟု ၄င်းက ဆိုသည်။

သူရဘွဲ့များကြောင့် တိုင်းရင်းသားများနှင့် ဗမာတို့အကြား စည်းလုံးရေးကို ပိုမို ပျက်ပြားစေနိုင်ပြီး အမုန်းတရားများကို ပံ့ပိုးသကဲ့သို့ ဖြစ်စေနိုင်ကြောင်း ကိုနေမျိုးဇင်က ဆက်ပြောသည်။

လက်ရှိ ကချင်ပြည်နယ်တွင် ဖြစ်ပွားနေသည့် ပြည်တွင်းစစ်တွင် ပါဝင် တိုက်ခိုက်နေသူများကို ဘွဲ့တံဆိပ်များ ပေးနိုင်ရန်အတွက် အစိုးရဘက်မှ စာရင်းကောက်ယူမူများ ရှိနေသည်ဟု ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွန်မော်က ပြောသည်။
KNU နှင့် အစိုးရ၏ သတင်းစာရှင်းပွဲ အပြည့်အစုံ။ (KIC ရုပ်သံ) ဒီဗီဒီယိုဖိုင်က ပို၍ ပြည့်စုံပါသည်။
 ပုဒ်မ ၁၇/၁ နှင့်ပါတ်သက်၍ ၀န်ကြီးဦးအောင်မင်း ရှင်းလင်းချက်ကို တွေ့ ရမှာဖြစ်ပါတယ်။


2012/09/07

ဖားကန့်ဒေသခံတစ်ဦး အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး


 
 
06 September 2012 

ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းကျေးရွာမှ ရွာသား ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အသက် (၂၇) နှစ်ကို မြန်မာ အစိုးရစစ်တပ်မှ ယမန်နေ့ ပစ်ခတ်လိုက်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများ ပြောသည်။
 
မော်ဝမ်း (Maw Wan) ကျေးရွာမှ ဦးကရဲန်နော်ကျန်းနှင့် ညီဖြစ်သူ ကရဲန်မာလတို့ နှစ်ဦးသည် ဖားကန့်ကျောက်စိမ်း တူးဖော်ရာနေရာသို့ ကုမ္မဏီက ကျန်ရှိနေသော ဆန်၊ ဆီ၊ ဆား စားစရာများကို ခွင့်ပြုချက်ဖြင့် သွားယူနေစဉ် လမ်းတွင် အစိုးရတပ်မှ ပစ်ခတ်လိုက်ခြင်း ဖြစ်ကြောင်း ဒေသခံများ ပြောသည်။
တိုင်းရင်းသားရေးရာ ဝန်ကြီးများ သမ္မတ ဦးသိန်းစိန်ကို တင်ပြမယ့် အချက်အလက် ဆွေးနွေးပွဲ

2012/09/04

KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ ဖားအံတွင် ဆွေးနွေးပွဲစတင်

စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)

တတိယအကြိမ်မြောက် မြန်မာအစိုးရနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU တို့ မနက် ၈နာရီ၌ ဆွေးနွေးမှုကို ကရင်ပြည်နယ်၊ ဖားအံမြို့၊ ဇွဲကပင်ဟိုတယ်တွင် စတင်ခဲ့ကြသည်။

ယင်းဆွေးနွေးတွင် KNU ဘက်မှ ဗဟိုအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်၊ တွဲဖက်စစ် ရေးချုပ် ဗိုလ်မှူးချုပ် စရှာထုဝေါ်၊ ဂျီသရီး ဗိုလ်မှူး စောတာမလာသော၊ တပ်မဟာ(၅)ရုံးထိုင်မှူး ဗိုလ်မှူး စောကလယ်ဒို့၊ ပဒို အားတိုး၊ စောအောင်ဝင်းရွှေ၊ စောလှထွန်း၊ ပဒိုသောသီဘွဲ၊ နော်မေဦး စုစုပေါင်း ကိုယ်စားလှယ်(၉)ဦးပါဝင်ဆွေးနွေးခဲ့သည်။ ထို့အပြင် KNU ဘက်မှ နိုင်ငံတကာ လေ့လာသူ ၂ဦးနှင့် ပြည်ထဲလေ့လာသူ စုစုပေါင်း ၆ဦးတက်ရောက်ခဲ့သည်။

အစိုးရဘက်မှ ငြိမ်းချမ်းရေးကိုယ်စားလှယ် ၀န်ကြီး ဦးအောင်မင်းဦးဆောင်သည့်အဖွဲ့တွင် သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း အပါအ၀င် ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ လ၀က ၀န်ကြီး ဦးခင်ရီ၊ ပြည်ထောင်စု သစ်တောဝန်ကြီး ဦးဝင်းထွန်း၊ တိုင်းမှူး ဗိုလ်ချုပ် ခင်မောင်ဝင်း၊ ပြည်ထောင်စု နယ်စပ်ရေးရာနှင့် လုံခြုံရေး ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်း၊ စရခ မှ ဗိုလ်မှူးကြီး ကျော်ဝင်းဌေး၊ ဖာပွန်မြို့နယ် အငြိမ်းစားလွှတ်တော်ကိုယ်စားလှယ် စောထွန်းမြအောင်၊ ကရင်ပြည်နယ် ပြည်သူ့လွှတ်တော် ကော်မရှင် ဥက္ကဌ စောအောင်ကျော်မင်းနှင့် ဒုဥက္ကဌ မန်းလှမြိုင်၊ ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်၊ ကရင်ပြည်နယ်၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် နန့်စေအွာ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စောသိန်းအောင် နှင့် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းတို့ တက်ရောက်ခဲ့ကြသည်။

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ

 

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။

ယခုလ ၁ ရက် နေ့မှစတင်၍ အစိုးရတပ်အင်အား မြစ်ကြီးနား၊ ဖားကန့်ကားလမ်းအတိုင်း အရပ်ဝတ်ဖြင့် လာရောက်ဖြည့်တင်းနေပြီး ဖားကန့်၊ ဆိုင်းတောင်၊ လောန်ခန် စသည့်နေရာများ အပါအဝင် နေရာအနှံ့ အနည်းဆုံး စစ်သား ၅ဝ မှ ၂ဝဝ ကြား ရှိနေသည်ဟု KIA စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

“တရက်နေ့ နှစ်နာရီကနေ အစိုးရတပ် ၆ဝ လောက် ကားနှစ်စီးနံ့ မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လာတယ်။ ဘယ်တပ်ရင်းဆိုတာ မသိသေးဘူး။ အားလုံးအင်အား ဘယ်လောက်ဆိုတာ ခန့်မှန်းရခက်တယ်။ တနေရာမှာ ၅ဝ ကနေ ၂ဝဝ ကြားရှိတယ်။ သူတို့က အရပ်ဝတ်နဲ့ ဒေသခံတွေနဲ့ရောပြီး တက်လာတာ”ဟု KIA တပ်သားတဦးက ပြော သည်။

ယမန်နေ့ကလည်း ရဟတ်ယာဉ်များဖြင့် အစိုးရတပ်ဖွဲ့ အင်အား ၂ဝဝ ထက်မနည်း လက်နက်ကြီးများနှင့် အတူဖြည့်တင်းထားသည်ဟု သိရသည်။

KIA ဘက်မှလည်း မိုးကောင်းမြို့နယ် အထက်ပိုင်းမှ ဖားကန့်၊ လောန်ခန် စသည့် လမ်းတလျှောက်တွင် KIA တပ်သားများ နေရာယူထားပြီး ဖြစ်ပြီး အသင့်အနေအထား တပ်လှန့်ထားသည်ဟု ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့က နှစ်ဘက်တိုက်ပွဲကြောင့် ဝေအောင်ကမ္ဘာ ကုမ္ပဏီ၏ လောင်စာဆီသိုလောင်ရုံထဲ လက်နက် ကျသဖြင့် ပေါက်ကွဲမှုတခု ဖြစ်ပွားစဉ် အစိုးရဘက်မှ အကျအဆုံး အနည်းဆုံး ၅ဝ ခန့် သေဆုံးနိုင်သည်ဟု KIA ဘက်မှ ခန့်မှန်း ပြောဆိုသည်။

မေတ္တာဖြင့် နှောင်ဖွဲ့သော ကရင်ရိုးရာ လက်ချည်ပွဲ

နှင်းပန်းအိမ် | တနင်္လာနေ့၊ စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၁၈ မိနစ်
.
“ကျေးရွာရှိရင် ရိုးရာရှိတယ်။ ရိုးရာရှိရင် ယဉ်ကျေးမှုရှိတယ်။ ယဉ်ကျေးမှုရှိရင် အဆင့်အတန်း ရှိတယ်” လို့ ကျမ မှတ်သားခဲ့ဖူးပါတယ်။ သဘာဝတရားနဲ့ ယှဉ်တဲ့ အရာတွေနဲ့ ရင်းနှီးကျွမ်းဝင်ပြီး ဒီသဘာဝတရားတွေကို ယဉ်ကျေးမှု ဓလေ့ထုံးစံနဲ့တွဲပြီး ယဉ်တွဲဖေါ်ပြခဲ့တဲ့ ဝါခေါင်လပြည့် ကရင်ရိုးရာ လက်ချည်ပွဲကို ထိုင်းနိုင်ငံ၊ နို့ဖိုးဒုက္ခ သည်စခန်းထဲ မှာ ကျင်းပခဲ့ပါတယ်။

မိုးဖွဲ မှုန်မှုန်တွေကြားမှာ ရိုးရာဝတ်စုံ ဝတ်ထားတဲ့ အဘိုးအဘွားတွေ လူကြီးလူငယ် ပျိုရွယ်သူတွေ စခန်းရုံးထဲမှာ ကျင်းပမယ့် လက်ချည်ပွဲအတွက် အဆင်သင့် ဖြစ်နေပါပြီ။ စခန်းရုံးထဲမှာ လူတွေ အပြည့်ပါပဲ။ နိုင်ငံခြားသားတွေလည်း ကရင်ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားပြီး ဝိဉာဉ်ခေါ်မယ့် စကောတွေရှေ့မှာ အဘိုးအဘွားတွေနဲ့ လူငယ်ယောက်ျားလေး မိန်းကလေးတွေနဲ့ အတူ ထိုင်နေကြပါတယ်။

စားပွဲရှည်ကြီးပေါ်မှာ စကောအချပ်ပေါင်း ၃ဝ လောက် ရှိပါတယ်။ ကြံကို အခွံခွာပြီး ပိုင်းထားတဲ့ ကြံဆစ်ပိုင်းတွေ၊ ငှက်ပျောတဖီး၊ ထမင်း ခုနှစ်ဆုပ်၊ ကောက်ညှင်းထုပ်၊ ဝါးရေခွက်၊ ဝါးယောက်မ၊ ချည်ဖြူလုံးတွေ ပန်းနုနွယ်အညွှန့်တွေကို စကောထဲ စုထည့်ထားတယ်။

စခန်းရုံးထဲမှာ ကလေးငယ်တွေကလည်း လူကြီးတွေကြားထဲမှာ “ဘယ်သူရေ ဘယ်ဝါရေ” လို့ အော်ဟစ်ပြီး အတင်းတိုးဝှေ့လို့ စားပွဲပေါ်က စကောတွေကို ကြည့်ပြီး သွားရည် ကျနေကြတယ်။ ဝိဉာဉ်ခေါ်ပြီး ချည်ဖြူချည်ပြီးရင် စားရမယ်ဆိုတာ သိလို့ အနားက မခွာနိုင်ကြပါဘူး။ ဖိနပ်မပါတဲ့ ခြေထောက်ကို မြဲအောင်ရပ်ပြီး စောင့်နေကြတယ်။

ကရင့်ရိုးရာတွေ မွှန်းထုံနေတဲ့ စခန်းရုံးထဲမှာ စခန်းလုံခြုံရေးတာဝန်ရှိသူ တီးလှရွှေ က “ဝါလေးဂေ” မင်္ဂလာနံနက်ခင်း ပါ လို့ နှုတ်ဆက်လိုက်တဲ့အခါ လူထုပရိတ်သပ်ကလည်း “ဝါလေးဂေ” လို့ ပြန်နှုတ်ဆက်လိုက်တဲ့ အသံက စခန်းရုံး တခုလုံး ဟိန်းထွက်သွားတယ်။ ဝါခေါင်လပြည့် ချည်ဖြူပွဲအတွက် အမှတ်တရစကား ပြောပြီး အခမ်းအနားကို ဖွင့်လှစ်လိုက်ပါတယ်။