2011/01/06
ထောင်သားများ ပါဝင်သည့် စစ်ကား များ နယ်စပ်ဘက်ရောက်လာ
ဇန်န၀ါရီလ ၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ထောင်အကျဉ်းသားများနှင့် နအဖ စစ်သားများ အပြည့်တင်ဆောင်လာသည့် စစ်ကားများ မြ၀တီမြို့ကို ဖြတ်ဝင်လာပြီး ဝေါ်လေဒေသဘက်သို့ မောင်းနှင်ထွက်သွားနေသည်မှာ နှစ်ရက်ရှိပြီဖြစ်ကြောင်း မြို့ခံများက ပြောဆိုနေကြသည်။
မြို့ခံတစ်ဦးက “ဒီနေ့မွန်းလွဲ ၃နာရီကျော်လောက်မှာ စစ်သားနဲ့ ထောင်သားတွေပါတဲ့ စစ်ကား ၅စီး ဝေါ်လေဘက်ကို ထွက် သွားတာ တွေ့လိုက်ရတယ်။ ထောင်သားတွေကလည်း ထောင်ဝတ်စုံအပြာတွေ ၀တ်ထားတယ်လေ။ စစ်သားတွေကတော့ လက်နက်ကိုယ်စီနဲ့ပေါ့။”ဟု ကေအိုင်စီကို ပြောသည်။
နအဖ စစ်စခန်းကို ALA မှတိုက်ခိုက်၍ နအဖ တပ်သား ၄ ဦး ကျဆုံး
January 5, 2011
ရခိုင်ပြည် လွတ်မြောက်ရေး တပ်မတော် ALA မှ ၀င်ရောက် တိုက်ခိုက်မူကြောင့် ပလက်ဝမြို့နယ် အခြေစိုက် စစ်စခန်း တစ်ခုမှ နအဖ စစ်သား ၄ ဦးကျဆုံးသွားကြောင်း ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ၏ ပြန်ကြားရေး ဌာန ထုတ်ပြန်ချက်တွင် ဖေါ်ပြသည်။ အဆိုပါ စခန်းမှာ ပလက်ဝမြို့နယ် လက်ဘ၀ ကျေးရွာတွင် တည်ရှိပြီး နအဖ စစ်သား ၃၀ ခန့် စခန်း ထိုင်နေသော စခန်းဖြစ်သည်။ ဘင်္ဂလာဒေခ်ျ့ နယ်စပ်မှ ၅ မိုင်အကွာတွင် တည်ရှိကြောင်း ဒေသခံများက ပြောသည်။
ကျိုင်းတုံလွယ်မွေ ရေဒါစခန်းပေါ် ပျံဝဲသော လေယာဉ်ထပ်တွေ့က ပစ်ချရန် အမိန့်ချ
Igla Missile အစ်ကလာ မစ်ဆိုင်း ပုခုံးထမ်းဒုံးလက်နက် (ဓါတ်ပုံ- Google )
05 January 2011 သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့နယ် လွယ်မွေ အခြေစိုက် နအဖ ရေဒါတပ်စခန်းမှ အမည်မသိ UAV Unmanned Aerial Vehicle လေယာဉ်တစီး တွေ့ရှိ သဖြင့် နောက်တကြိမ် တွေ့ရှိပါက ပစ်ချရန် လေကြောင်းရန် ကာကွယ်ရေး စစ်ဌာနချုပ်က အမိန့်ထုတ်ထား ကြောင်း ကျိုင်းတုံ သတင်းရပ်ကွက်က ဆိုသည်။
မြန်မာစစ်တပ်နဲ့ DKBA အကြား တိုက်ပွဲတွေ ထပ်ဖြစ်
By မအေးအေးမာ ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011
ကရင်နှစ်သစ်ကူးနေ့ ညမှာပဲ ထိုင်း၊ မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီခရိုင် ဖလူးကြီး၊ ဖလူးလေး ရွာအနီးမှာ ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ မြန်မာစစ်တပ်တို့အကြား ၃ နာရီကျော်ကြာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး ဒီမနက်မှာလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ အလုပ်အကိုင်တွေ ရပ်နားခဲ့ကြရပါတယ်။ ညဘက်မှာ ဖြစ်တာကြောင့် ပြေးလွှားချိန် မရဘဲ အိမ်အောက်က ဗုံးခိုကျင်းတွေမှာ နေထိုင်နေခဲ့ကြရပြီး တိုက်ပွဲတွေအတွင်း မြန်မာစစ်တပ်ဘက်က ရာနဲ့ချီရှိတဲ့ အပြာရောင် ၀တ်ထားတဲ့ အရပ်သား ပေါ်တာတွေကို ၅ ယောက်စီ ကြိုးနဲ့ချည်ပြီး လက်နက်ခဲယမ်း အပါအ၀င် စစ်ပစ္စည်းတွေကို ထမ်းခိုင်းနေတာ မြင်ရတယ်လို့ DKBA နဲ့ ဒေသခံတွေက ပြောပြပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။
ဖြိုးဝေအောင်အတွက် ကြားဝင်ဆောင်ရွက်ပေးဖို့ ALRC ကုလကို တိုက်တွန်း
By ဦးသားညွန့်ဦး ဗုဒ္ဓဟူး, 05 ဇန်နဝါရီ 2011
ပြီးခဲ့တဲ့နှစ် သင်္ကြန်ပွဲတော်အတွင်း ဗုံးကွဲမှုနဲ့ ဆက်စပ်လို့ သံသယနဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဖြိုးဝေအောင်ကို အာဏာပိုင်တွေဘက်က နှိပ်စက်ညှဉ်းပန်းပြီး ဖြောင့်ချက် အတင်းပေးခိုင်းခဲ့တာကြောင့် အခုလို ဖမ်းဆီးခံရသူတွေအပေါ် ညှဉ်းပန်း နှိပ်စက်မှုတွေ ကိစ္စ ထိထိရောက်ရောက် ကိုင်တွယ် ဖြေရှင်းပေးဖို့ အာရှဒေသ ဥပဒေရေးရာ အဖွဲ့တဖွဲ့ကနေ ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိတွေကို တိုက်တွန်းလိုက်ပါတယ်။ အပြည့်အစုံကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
登録:
投稿 (Atom)











