၆၂ ကြိမ်မြောက် ကရင်အမျိုးသားတော်လှန်းရေးနေ့  ဂုဏ်ပြုသ၀ဏ်လွှာ ဂျပန်(တိုကျို)
2011/01/31
(၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ နှင့် ၆၄ နှစ်ပြည့် ကရင်အမျိုးသားအစည်းအရုံးနေ့ အထိမ်းအမှတ်အခမ်းအနား တိုကျိုတွင် ကျင်းပပြုလုပ်။
၂၀၁၁ ခုနှစ် ဇန္န၀ါရီလ(၃၀)ရက်။
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် (၆၂)နှစ်မြောက် ကရင်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား နှင့် (၆၄)နှစ်ပြည့် ကရင်အမျိုးသား အစည်း အရုံး နေ့  အထိမ်းအမှတ် အခမ်းအနားကို Takadanobaba ရှိ Recycle 4F မှာ ညနေ ၆း၃၀ နာရီ မှ ၉း၀၀ နာရီအထိ KNU-Japan အဖွဲ့ သူ အဖွဲ့ သား နှင့် အခမ်းအနားဖြစ်မြောက်ရေး တာဝန်ခံ များမှ တာဝန်ယူ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ကေအဲန်ယူ(ဗဟို)မှ ပေးပို့လာသည့် သ၀ဏ်လွှာ ကို ကရင်၊မြန်မာ၊အင်္ဂလိပ် သုံးဘာသာဖြစ် ဖတ်ကြားပြီးသည်နောက် ကရင်အမျိးသား တော်လှန်ရေးနေ့ ဖြစ်ပေါ်လာပုံ နောက်ခံ သမိုင်းကြောင်းကို ရှင်းလင်း တင်ပြသွားပါသည်။ ကေအဲန်ယူ နယ်မြေသို့ သွားရောက်ခဲ့သော ကေအဲန်ယူ(ဂျပန်) တာဝန်ခံ စောမျိုးခိုင်ရှင်းမှ အတွေ့အကြုံနှင့် တော်လှန်ရေးဒေသမှ လက်ရှိ ဖြစ်ပေါ်နေသော အခြေအနေများကို ဗီဒီယို မှတ်တမ်းဖြင့် ရှင်းလင်း တင်ပြသွားပါသည်။ ထို့ နောက် အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများမှ ကရင်အမျိုးသား တော်လှန်ရေး ဂုဏ်ပြု အထိမ်းအမှတ် အမှာစကား ပြောကြား ပြီးသည့်နောက် မှတ်တမ်းဓါတ်ပုံ ရိုက်ကူးကာ အခမ်းအနားကို ညနေ ၉း၀၀ နာရီတွင် ပြီးဆုံးခဲ့ပါသည်။ှ
သတင်းမှတ်တမ်းဓါတ်ပုံ ။ ။ မိုးမင်းသူ KNU(Japan)
နအဖ တပ်ဖွဲ့ဝင် ၃ဦး ရင်ဆိုင်တိုက်ပွဲတွင် ကျဆုံး
၂၀၁၁ ဇန်န၀ါရီလ ၂၉ရက်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖ ခမရ(၃၄၃)နှင့် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (ကေအဲန်အယ် လ်အေ) တပ်ရင်း(၂၁)တို့ ယနေ့မနက်တွင် ရင်ဆိုင် တိုက်ပွဲဖြစ်ပွားရာ နအဖဘက်မှ တပ်ကြပ်တဦး အပါအ၀င် ၃ဦး ကျဆုံးခဲ့ သည်ဟု သိရသည်။
“ဖြစ်တာက ဒီမနက် ၆နာရီ ၀၅မိနစ်မှာပဲ လှိုင်းဘွဲမြို့နယ်၊ တရေဖိုးကွီးနဲ့ ရှမ်းရွာသစ်ကြားက မဲ့တော်ဒေး နေရာမှာ မိနစ် ၂၀ လောက် ကြာတယ်။ နအဖ ရဲဘော်တွေလည်း တိုက်ပွဲဖြစ်တာနဲ့ ကစဥ့်ကလျားကို ထွက်ပြေးကြတယ်။ ကျနော်တို့ လူတွေက ၁၅ ယောက်ပဲ။ သူတို့ဘက်က အယောက် ၃၀လောက်ရှိတာ။ ဒီတိုက်ပွဲမှာ နအဖဘက်က တပ်ကြပ် ၁ဦးနဲ့ တပ်သား ၂ဦးကျတယ်။ ဒဏ်ရာရသူကတော့ ကျနော်တို့ ယူလို့မရဘူး။”ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှ တပ်မှူးတဦးက ပြောသည်။
အဆိုပါ ရင်ဆိုင်တိုက်ပွဲတွင် ကေအဲန်အယ်လ်အေဘက်မှ ထိခိုက်မှုမရှိဘဲ နအဖတပ်ဖွဲ့၏ ၆၀-မမ ၁လက်၊ အမ်အေ-ဖိုး ၁ လက်၊ အမ်အေ-၀မ်း ၁လက်နှင့် ကျည်ဆံ အတော်များများကို သိမ်းဆည်း နိုင်ခဲ့သည်ဟု သိရသည်။
ကေအဲန်အယ်လ်အေ တပ်ရင်း(၂၁)သည် တပ်မဟာ(၇) လက်အောက် ခံတပ်ရင်းဖြစ်ပြီး ခမရ(၃၄၃)မှာ နအဖ စစ်ကွပ်ကဲရေး ဌာနချုပ်(၁၉)၏ လက်အောက်ခံ တပ်ရင်းဖြစ်သည်။
သတင်းရင်းမြစ် _ (ကေအိုင်စီ)
နိုဘဲလ် ဆုရှင် ဦးဆောင်မှု ဖြင့် အီဂျစ် တော်လှန် ရေး အောင်မြင်မှု ဆီလှမ်း
အီဂျစ် အာဏာရပါတီ ဌာနချုပ် ကို ဆန္ဒပြ သူ များ မီးတင်ရှို့ ထားစဉ် Photo - AP
Copy from ,You Tube video _ RussiaToday
နိုဘဲလ် ငြိမ်းချမ်းရေး ဆုရှင် မိုဟာမက် အယ်(လ)ဘရာဒီ တိုင်းပြည် သို့ ပြန်လာပြီး ဦးဆောင်မှု ဖြင့် အီဂျစ် ပြည်သူများ သည် စိတ်အားတက်ကြွကာ မူဘာရက် ဆန့် ကျင်ရေး ဆန္ဒပြ ပွဲ များကို ဆက်လက် ပြုလုပ်သဖြင့် အီဂျစ် တော်လှန်ရေး မှာ လျှင်မြန်စွာ ခရီးရောက်သည့် အီဂျစ်ဆန္ဒပြသူများ ၏ Facebook စာမျက် နှာ ဖြစ်သည့် Day of Revolt တွင် ဖော်ပြထားသည်။
အီဂျစ် အစိုးရ ၏ ညမထွက်ရ အမိန့် ကို တစ်နိုင်ငံလုံး က အန်တုဆန္ဒပြမှု များ ဖြစ်ပေါ်ပြီး နောက် အီဂျစ် သမ္မတ မူဘာရက်ခ် က အစိုးရ အဖွဲ့ ကို ဖျက်သိမ်းပေး မည် ဟု တိုင်းပြည် သို့ ရုပ်သံမှကြေငြာခဲ့သည်။ယမန့်နေ့ညက ကာဖျူး အမိန့်ကို ဆန့်ကျင်ပြီး မြို့တော် ကိုင်ရိုနှင့် နိုင်ငံတ၀ှမ်းဉ် ဆန္ဒပြကြရာတွင် ပြည်သူများ က အာဏာရ ပါတီ ဌာနချုပ် (National Democratic Party) ဌာနချုပ် နှင့် မြို့ တော် ကိုင်ရို၊ဆူအက်(ဇ) နှင့် အလက်ဇန္ဒြီးယား ရှိ အခြား ပါတီ ဌာန ချုပ် များ ကို မီးတင် ရှို့ ခဲ့ကြသည်။
နိုင်ငံတကာ အဏုမြူ စွမ်းရည် ဧဂျင်စီ ဥက္ကဌ ဟောင်း အရပ်ဝတ် ရဲတပ် ဖွဲ့ ဝင် အချို့ က ဆန္ဒပြမှု အတွင်း ဖမ်းဆီးရန် ကြိုးစားသော် လည်း မအောင်မြင် ဟု သိရသည်။အယ်(လ)ဘရာဒီ သည် ဆန္ဒပြမှု ကို ဦးဆောင် သဖြင့် မီးသတ် ပိုက် နှင့် ထိုးခြင်း၊အီးနံ (မစင်နံ့ ) ထွက်သည့် ဗုံးများ ဖြင့် ပြစ်ပေါက် ခြင်း ခံရသည်။
ဆန္ဒပြမှု များ အတွင်း အီဂျစ် နိုင်ငံ ၏ အကြီး ဆုံးသော အတိုက်အခံ နိုင်ငံရေး အဖွဲ့ အစည်းများကလည်း ပြည်သူ ကို ဦးဆောင်မှု ပေးခဲ့သည်။
ယနေ့ တွင် သမ္မတ ရာထူးမှား နှုတ်မထွက် ချင်သည့် မူဘာရက် ကလည်း အစိုးရ အဖွဲ့ သစ်နာမည် စာရင်း ကို ကြေငြာမည် ဟု ဆိုသော် လည်း ပြည်သူများက ဆက်လက် ဆန္ဒပြကြ အုံးမည် ဟု သတင်းရရှိသည်။အသက် ၈၃ နှစ် အရွယ်ရှိပြီ ဖြစ်သည့် မူဘာရက်သည် နိုင်ငံအာဏာကိုနှစ် ၃၀ ကျော်ချုပ် ကိုင်ထားသည်။
Copy from _ freedomnewsgroup.com
ရင်းနှီးမြှုပ်နှံမှုတွေ နိုင်ငံတကာကျင့်ဝတ်နဲ့ညီရေး ဒေါ်စုတိုက်တွန်း
28 ဇန်နဝါရီ 2011,မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံမှာ ခေတ်မီနည်းပညာရပ်တွေနဲ့ အခြေခံ အဆောက်အဦးတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေ လိုအပ်နေပါတယ်လို့ ကမ္ဘာ့ဦးဆောင် စီးပွားရေး လုပ်ငန်းရှင် တွေနဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို မေတ္တာရပ်ခံလိုက်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံ ထားကြသူတွေ အနေနဲ့ရော၊ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်တစား စဉ်းစားနေကြသူတွေ အနေနဲ့ပါ တရားဥပဒေကို လေးစား လိုက်နာရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ကူညီရေး၊ အလုပ်သမား အခွင့်အရေး အပြည့်အ၀ ပေးရေးနဲ့ အလုပ်အကိုင် ဖန်တီးရေး စတာတွေကို အာမခံချက် ပေးရပါလိမ့်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။
သဘာဝ သယံဇာတတွေ အလျှံပယ်အောင် ပေါကြွယ်ဝပေမဲ့ အိမ်နီးချင်း နိုင်ငံတွေနဲ့ စာရင် အများကြီး ခေတ် နောက်ကျ ကျန်နေတဲ့ မြန်မာပြည်သူပြည်သား ၅၅ သန်းရဲ့ကိုယ်စား မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်တာပါ။ မြန်မာနိုင်ငံ ဖွံ့ဖြိုးရေး အတွက် ရင်းနှီးမြှုပ်နှံ ကြပါရန် ဆွစ်ဇာလန်နိုင်ငံ Davos မြို့မှာ ပြုလုပ်နေတဲ့ ကမ္ဘာ့စီးပွားရေးရာ နှစ်ပတ်လည် ညီလာခံ (World Economic Fourm) ကို ဒေါ်အောင်ဆန်းစုကြည်က မေတ္တာရပ်ခံ လိုက်တာပါ။ ဒါပေမဲ့ ဖွံ့ဖြိုးမှုအတွက် ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူမှုရေးမှာ ပေးဆပ်ရမယ့် ပျက်စီးဆုံးရှုံး နစ်နာမှုတွေ မဖြစ်ရအောင် ကြိုတင် အစီအစဉ် ချဖို့လိုတယ်လို့ အခုလိုပြောပါတယ်။
2011/01/28
အစိုးရသစ်နဲ့ ဆွေးနွေးဖို့ ဒေါ်စု အသင့်
27 ဇန်နဝါရီ 2011
ပေါ်ပေါက်လာမယ့် အစိုးရသစ်နဲ့ တွေ့ဆုံဆွေးနွေးဖို့ အဆင်သင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည်က ထိုင်းနိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်း (Kasit Pironmya) ကို ပြောကြားခဲ့တယ်လို့ ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောပါတယ်။ နိုင်ငံခြားရေးဝန်ကြီး ကဆစ် ပီရွန်းနဲ့ မကြာခင် ရက်ပိုင်းအတွင်းက ရန်ကုန်မြို့မှာ တွေ့ဆုံစဉ် ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောကြားလိုက်တာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
ချောင့်ခက်အနီးက ၂၆ ရက်နေ့ တိုက်ပွဲ
January 26, 2011,
Copy from _ naytthit.net/
ဒီကေဘီအေ ကလိုထူးဘောစစ်ဗျူဟာမှ နေရာယူတပ်စွဲထားတဲ့ ချောင့်ခက်အနီးက ဘောပူကျိုးနေရာကို ဒီမနက်မှာ နအဖတပ်တွေ ထပ်မံထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပါတယ်။
ဒီမနက်မှာ လက်နက်ကြီး အလုံရေ ၁၀၀ လောက်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ တိုက်ပွဲဟာ မိုးချုပ်ခါနီးအထိ တိုက်နေ တုန်းဖြစ်တယ်။ ပထမပိုင်း လက်နက်ကြီးတွေနဲ့ ဖိပစ်ပြီး မြေပြင်က သူတို့တပ်တွေတက်လာကြတယ်။ နအဖ ဘက်က စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၆၊ ၅၄၈၊ ၅၄၉ နဲ့ စကခ ၉ က ၃၅၆ နဲ့ ၃၅၇ တပ်ရင်းတွေပေါင်းပြီး လာတိုက်ကြတာ ဖြစ်တယ်။ ခု ညနေပိုင်း ကျနော်တို့ ကြာသိရသလောက်တော့ နအဖ ဘက်က ၂၀ ဦးခန့် ဒါဏ်ရာရပြီး ၁၀ ဦးလောက် သေတယ်လို့ ကြားသိရတယ် လို့ ဒီကေဘီအေ တပ်မဟာ ၅ စစ်ဆင်ရေးမှူး ဗိုလ်ဆန်းအောင် က ပြောပြပါတယ်။
ဒီနေ့ မနက် ဝေါ်လေနားက မော်ခီးဘက်မှာလည်း ဒီကေဘီအေနဲ့ နအဖတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အဲဒီပွဲမှာ တော့ နအဖ ဘက်က ၂ ဦး သေဆုံးပါတယ်။ ဒီကေဘီအေ ဘက်က ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဗိုလ်ဆန်းအောင် က တဆက်တည်း ပြောပြပါတယ်။
နှစ်ဘက်တပ်တွေရဲ့ တိုက်ပွဲတွေကြောင့် ဝေါ်လေနဲ့ ကျောက်ခက်အနီးဝန်းကျင်က ဒေသခံရွာသားတွေဟာ ဘေလွတ်ရာ ထိုင်းနိုင်ငံထဲ ထွက်ပြေးခိုလှုံနေရပါတယ်။ နအဖ ဘက်က ထိုးစစ်မှာ အသုံးပြုဖို့ခေါ်လာတဲ့ မြန်မာနိုင်ငံအနှံ့ထောင်တွေက အကျဉ်းသားပေါ်တာတွေဟာလည်း နအဖ စစ်ကြောင်းတွေဆီကနေ အဆက်မပြတ် ထွက်ပြေးပြီး နီးစပ်ရာ ထိုင်းနိုင်ငံရဲ့ တောတောင်တွေထဲမှာ ပြန့်နှံ့ရောက်ရှိနေကြပါတယ်။
Copy from _ naytthit.net/
登録:
投稿 (Atom)














