Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/13

အစိုးရတပ်က ဓာတုလက်နက်တွေ ပိုမို သုံးစွဲ

အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို အသုံးပြုလာကြောင်း ကေအိုင်အိုက စွတ်စွဲထားပြီး စစ်အတွင်း ဓာတ်ငွေ့ကာ မျက်နှာဖုံးသုံးရန် တပ်သားများကို ဖြန့်ဝေနေစဉ်။ (Photo courtesy of Kachin News Group)
2011-11-11
မိုးမောက်မြို့နယ်အတွင်း ဖကွန်ကျေးရွာ အနီးက တောင်ကုန်းကို မနေ့က တိုက်ခိုက်ရာမှာ အစိုးရတပ်က ဓာတု အဆိပ်ငွေ့ ပါတဲ့ လက်နက်တွေကို ပိုမို အသုံးပြု လာတယ်လို့ ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပါတယ်။
“တပ်ဖွဲ့တွေကတော့ ခလရ ၂၃၇ နဲ့ ခမရ ၃၂၀။ မနက် ၉နာရီခွဲ လောက်မှာ တိုက်ပွဲက စတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတိုင်းမှာ တော်တော် များများ အဲလို လက်နက်တွေ သုံးကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေက အခါတိုင်း ရိုးရိုးပုံစံ ဖြစ်နေတော့ မာ့စ်က်တွေ တပ်မသွားဘူး။ ဗိုလ်ကလေး တစ်ယောက်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်တော့ နောက်တန်းကို ပြန်ပို့ထားတာ ရှိတယ်။ အခုတော့ ဖြစ်တဲ့ဖြစ်စဉ် သက်သေ ပစ္စည်းတွေကိုတော့ စုတော့ စုခိုင်းထားတယ်”
ဖကွန်ကျေးရွာဟာ ကေအိုင်အို တပ်မဟာ ၃ ဆန်ဂန် တပ်စခန်းရဲ့ အထက်ဘက်မှာ ရှိပါတယ်။ နှစ်ဘက် ရင်ဆိုင် တိုက်ပွဲမှာ ကေအိုင်အေ တပ်တွေ ရှိတဲ့ဘက်ကို ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေထဲမှာ အဲဒီ ဓာတုလက်နက်တွေ ပါလာတာ ဖြစ်ပါတယ်။
အဲဒီ လက်နက် ကျည်ဆံ ကျတဲ့အခါ တခြား လက်နက်တွေလို အသံမြည်တာ မတူတဲ့ အပြင် မီးခိုးထွက်တာလည်း မတူဘူးလို့ သိရပါတယ်။ ဗိုလ်တစ်ယောက် အပါအ၀င် ရဲဘော် လေးငါးယောက်လောက်ဟာ မူးမေ့ အော့အန်ပြီး လမ်းမလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီဓာတု အငွေ့တွေ ဒဏ်ခံနိုင်ဖို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ကေအိုင်အိုက ရှေ့တန်း စခန်းတွေကို ဖြန့်ဝေ ထားတယ်လို့ ဦးလနန်က ပြောပါတယ်။

NLD ရွေးကောက်ပွဲဝင်ရေးအပေါ် ဦးဝင်းတင်အမြင်

စနေ, 12 နိုဝင်ဘာ 2011

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အနေနဲ့ ပါတီ မှတ်ပုံတင်ရေး ကိစ္စနဲ့ ပတ်သက်လို့ ဘာမှ ပြောစရာ မရှိပေမဲ့ ရွေးကောက်ပွဲဝင်ရေး ကိစ္စကိုတော့ အများကြီး စဉ်းစား ရလိမ့်မယ်လို့ NLD ထိပ်တန်း ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောပါတယ်။ ရွေးကောက်ပွဲ ၀င်ရေး ကိစ္စဟာ ၂၀၀၈ အခြေခံ ဥပဒေအပေါ် သဘောထားနဲ့ သက်ဆိုင် တယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
NLD ပါတီ မှတ်ပုံတင်ရေး ကိစ္စနဲ့ တပါတည်း ပါတီရွေးကောက်ပွဲ ၀င်သင့်မ၀င်သင့် ဆိုတဲ့ အကြောင်းအရာတွေက မြန်မာ့နိုင်ငံရေး အသိုင်းအ၀ိုင်းမှာ အခုတလော အတော်လေး လူပြော များလာနေတဲ့ ကိစ္စပါ။ ဒီကိစ္စကို NLD ဗဟို ကော်မီတီဝင်တွေ စည်းဝေးထိုင်ပြီးမှ ဆုံးဖြတ်မှာ ဖြစ်ပေမဲ့ ပါတီမှတ်ပုံ တင်ရေး ကိစ္စအတွက် ဘာမှ အငြင်းပွားစရာ မရှိပေမဲ့ မှတ်ပုံတင်ပြီး နောက်ဆက်တွဲ ဖြစ်လာမယ့် ရွေးကောက်ပွဲ ၀င်ရေး မ၀င်ရေး ဆိုတဲ့ကိစ္စကတော့ အများကြီး စဉ်စားကြရမယ်လို့ ဗဟိုကော်မီတီဝင် တစ်ဦးဖြစ်သူ ဦးဝင်းတင်က သူ့သဘောထားကို အခုလို ထုတ်ဖော် ပြောဆိုလာတာပါ။

2011/11/12

မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် Amnesty International တို့မှ နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆို



၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၁)ရက်။


 နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးနှင့် တိုင်းရင်းသားဒေသ ထိုးစစ်ဆင် တိုကိခိုက် နေမှုများကို ချက်ချင်း ရပ်ဆိုင်းပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဆုံး ဖေါ်ဆောင်ပေးဖို့ တိုက်တွန်း တောင်းဆိုသည့် လက်မှတ်ရေးထိုး လှုပ်ရှားမှုကို  ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများတို့မှ သုံးရက် ဆက်တိုက် ကျင်းပခဲ့ကြပြီး ယနေ့ တတိယနေ့တွင် တိုကျိုမြို့ မြန်မာ သံရုံးရှေ့၌ ကောက်ခံ ရရှိသည့် လက်မှတ်များကို မြန်မာသံရုံးမှတဆင့် သမတကြီး ဦးသိန်းစိန်နှင့်တကွ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ ပေးပို့ခဲ့ကြပါသည်။

ယနေ့ အခမ်းအနားသို့ Amnesty International -Japan အဖွဲ့မှလည်း လာရောက် ပူးပေါင်းပါဝင် ခဲ့ကြပြီး  မြန်မာနိုင်ငံတွင် နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေးအတွက် Amnesty International -Japan မှတာဝန်ယူပြီး နိုင်ငံပေါင်း ၇၇ နိုင်ငံမှ ကောက်ခံရရှိသည် လက်မှတ်ပေါင်း (၃၀၀၇၅)ဦး၏ လက်မှတ်များကို လာရောက် ပေးပို့ခဲ့ပါသည်။ မြန်မာသံရုံး တာဝန် ရှိသူများမှ လက်ခံရယူခြင်း မရှိသည့်အတွက် အမြန်ချောပို့ စာတိုက်စနစ်ဖြစ် မြန်မာသံရုံးသို့ ဆက်လက် ပေးပို့သွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Mai Kyaw Oo

KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ် ဖွဲ့စည်း

By featured, ဧရာဝတီ on November 11, 2011 3:56 pm
 
အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် ကရင်အမျိုးသား အစည်းအရုံး (KNU) က ၇ ဦးပါ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ကို ယမန်နေ့က ကျင်းပပြီးစီးခဲ့သည့် အရေးပေါ် ညီလာခံတွင် ရွေးချယ်ဖွဲ့စည်း လိုက်သည်။
လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
၃ ရက်ကြာ ကျင်းပသည့် ညီလာခံမှ ရွေးချယ်ခဲ့သော ကိုယ်စားလှယ်များမှာ ဒု ဥက္ကဌ ပဒိုဒေးဗစ် သာကဘော၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ သစ်တောဌာနမှူး ပဒိုစောအားတိုး၊ တရားရေးဌာနမှူး ပဒိုဒေးဗစ်ထော၊ ကျန်းမာရေးဌာနမှူး ဗိုလ်မှူးစောရောဂျာခင်နှင့် ဘားအံခရိုင် ဥက္ကဌ ပဒိုအောင်မော်အေးတို့ ဖြစ်သည်။
ယင်း ကိုယ်စားလှယ်အဖွဲ့ကို အရေးပေါ် ညီလာခံတက်ရောက်လာသည့် ဗဟိုကော်မတီဝင် ၃၀ နှင့် အရံ ဗဟိုကော်မတီဝင် ၁၅ ဦး တို့ အကြေအလည်ဆွေးနွေးပြီး ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ ညီလာခံကို ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်း ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး KNU လက်အောက်ခံ ခရိုင် ၇ ခုနှင့် တပ်မဟာ ၇ ခု မှ စစ်ဘက်နှင့် အရပ်ဘက်မှ ခေါင်းဆောင်များ စုံညီစွာတက်ရောက်ခဲ့ကြသည်ဟု KNU နှင့် နီးစပ်သူ တဦးက ပြောသည်။
KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ အစိုးရ ကိုယ်စားလှယ်များနှင့် တွေဆုံဆွေးနွေးရန်ရှိပြီး ရက်အတိအကျသတ်မှတ်ထားခြင်း မရှိသေးသော်လည်း ယခုနှစ်ကုန်ပိုင်းတွင်ဖြစ်နိုင်ခြေရှိသည်ဟု KNU ခေါင်းဆောင်တဦး၏ အဆိုအရ သိရ သည်။
ငြိမ်းချမ်းရေး ဆွေးနွေးရန်အတွက် အစိုးရ မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သည့် ပဏာမ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့သည် ယခင်လက ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် KNU ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့ကြသည်။
ထိုတွေ့ဆုံမှုတွင် KNU အဖွဲ့က ကရင်ပြည်နယ် အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးမည်မဟုတ်ဘဲ ဗဟိုအစိုးရနှင့်သာ ဆွေးနွေးနိုင် မည်ဟု ပြောကြားခဲ့သည်ကို မြန်မာကိုယ်စားလှယ်အဖွဲ့ က သဘောတူခဲ့သည်ဟု သိရသည်။
KNU သည် နှစ်ပေါင်း ၆၀ ကျော် အစိုးရကို ဆန့်ကျင်တော်လှန်ခဲ့သော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ ဖြစ်သည်။
KNU အဖွဲ့နှင့်နားလည်မှုရယူထားသည့် ဗိုလ်ချုပ် စောလားပွယ်(နှုတ်ခမ်းမွေး) ဦးဆောင်သည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော်(DKBA) ကလို့ထူးဘော အဖွဲ့သည် ယခုလဆန်း ၃ ရက်က ဘားအံမြို့တွင် ကရင်ပြည်နယ် အစိုးရ တာဝန် ရှိသူများနှင့် ယာယီ အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကြသည်။

copy rights_http://burma.irrawaddy.org/archives/2177

2011/11/11

နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေး လက်မှတ်ရေထိုး လှုပ်ရှားမှု


၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၀)ရက်။


မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေး လက်မှတ်ရေထိုး တောင်းဆိုသည့် လှုပ်ရှားမှုကို ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများတို့မှ တိုကျိုမြို့ မြန်မာ သံရုံးရှေ့၌ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ဆက်လက် တောင်းဆိုခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး လွတ်မြောက်ရေး ဆက်လုပ်မယ်

88 Generation Students Group
၂၀၁၁ ခုနှစ် အောက်တိုဘာလ အတွင်း ပြန်လည် လွတ်မြောက်လာသော ၈၈ မျိုးဆက် ကျောင်းသားများ၏ ဆွမ်းကပ် လှူဒါန်းပွဲ ဖိတ်ကြားလွှာ။
2011-11-09
ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် အကျဉ်းထောင် အသီးသီးမှာ ကျခံနေရဆဲ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် အားလုံး အမြန်ဆုံး လွတ်မြောက်ရေး ဆက်လုပ်သွားမယ်လို့ မကြာသေးမီက ပြန်လည် လွတ်မြောက်လာတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေက ဒီကနေ့ ပြောဆိုလိုက်ပါတယ်။
၂၀၀၇ ခုနှစ် အတွင်း အကျဉ်းချခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့ဝင် ၃၇ ဦး အနက် လွတ်မြောက် လာသူ ၁၁ ဦးက ရန်ကုန် စမ်းချောင်း မြို့နယ် တိုက်ကြီး ဓမ္မာရုံမှာ သံဃာတော်တွေကို ဒီကနေ့ ဆွမ်းကပ် လှူဒါန်းရင်း အကျဉ်းထောင်အ သီးသီးမှာ ကျန်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ မိသားစုဝင်တွေနဲ့ တွေ့ဆုံ အားပေးခဲ့တယ်လို့ မကြာမီက ပြန်လည် လွတ်မြောက်လာသူ စမ်းချောင်း ကိုကိုကြီးက ပြောပါတယ်။
 
၂၀၀၇ ခု သြဂုတ်လထဲမှာ စစ်အစိုးရက လောင်စာဆီ ဈေးနှုန်းတွေ ရုတ်တရက် မြှင့်တင်လိုက်တာကြောင့် အခက်အခဲ ဖြစ်နေတဲ့ ပြည်သူတွေ ကိုယ်စား ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့က စီတန်း လမ်းလျှောက် ဆန္ဒပြခဲ့တာကို စစ်အာဏာပိုင်တွေက လိုက်လံ ဖမ်းဆီးပြီး အနှစ် ၆၀ ကျော် နှစ်ရှည် ထောင်ဒဏ်တွေ ချမှတ်ပြီး နယ်ဝေးထောင် အသီးသီးကို ပို့ထားခဲ့ပါတယ်။
 
အဲဒီလို ဖမ်းဆီး ထောင်ချမှု နောက်ပိုင်းမှာတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ဝင် တချို့ဟာ မြေအောက် လှုပ်ရှားမှု ပုံစံနဲ့ ဆက်လက် လှုပ်ရှားနေခဲ့တာပါ။
 
စမ်းချောင်း မြို့နယ်မှာ ဒီကနေ့ ပြုလုပ်တဲ့ တွေ့ဆုံပွဲမှာတော့ ၈၈ မျိုးဆက် ကျောင်းသား အဖွဲ့ အနေနဲ့ လူထုကြားမှာ တရားဝင် ရပ်တည် လှုပ်ရှားသွားမယ်လို့ ပြောဆိုပါတယ်။
 
Copy from - rfa.org/

KNU ထိန်းချုပ်နယ်မြေ ထားဝယ်၌ အစိုးရတပ် အင်အားတိုးချဲ့

ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်ထားသော ကားလမ်း (ဓာတ်ပုံ - ကွယ် ကလူ)
November 10, 2011
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ (၄) ထိန်းချုပ် ဒေသကို မြန်မာ အစိုးရက တပ်အင်အား များစွာ တိုးချဲ့ထားသည်။ ယင်းဒေသတွင် အစိုးရ တပ်ရင်း ၃ ရင်း လှုပ်ရှား နေသည့်အပြင် တပ်ရင်း ၈ ရင်းခန့် ထပ်မံ တိုးချဲ့ထားသောကြောင့် စစ်သည် အင်အား ၈၀၀ ခန့် ရှိနိုင်ကြောင်း သိရသည်။
အောက်တိုဘာ လဆန်းပိုင်းမှ စတင်၍ တိုးချဲ့ ချထားခြင်း ဖြစ်ပြီး တပ်အင်အား တိုးချဲ့ရခြင်း အကြောင်းရင်းကို မသိရသေး ဟု KNU တပ်မဟာ ၄ ဒေသ မှ စောကွယ်ထူးဝင်း က ဧရာဝတီသို့ ပြောကြားသည်။
ထိုင်းနိုင်ငံ ကန်ချနဘူရီ ခရိုင်နှင့် တနင်္သာရီတိုင်း ထားဝယ်မြို့ကို ဆက်သွယ်သော ကားလမ်းကို KNU တပ်မဟာ ၄ လှုပ်ရှားနေ သည့် ဒေသတွင် Italian-Thai Development (ITD) ကုမ္ပဏီက ဖောက်လုပ် နေပြီး ၀န်ထမ်းများ၊ မော်တော်ယာဉ်များ သွားလာခြင်း မပြုနိုင်ရန် KNU က ပိတ်ဆို့ ထားကြောင်း သိရသည်။
သို့သော်လည်း စီမံကိန်းဒေသ အလုပ်သမားများ အတွက် ရိက္ခာ သယ်ပို့ပေးသည့် မော်တော်ယာဉ် တချို့ကို KNUက သွားလာ ခွင့် ပြုထားသည်။ ဤသို့ အစိုးရ စစ်သည် အင်အား တိုးချဲ့နေခြင်းသည် ထားဝယ် ရေနက် ဆိပ်ကမ်း စီမံကိန်း လမ်းလုံခြုံရေး အတွက် KNU တပ် ဖွဲ့ဝင်များအား ဖိအား ပေးနေခြင်းနှင့် ဆက်စပ်မှု ရှိနိုင်သည်ဟု KNU တပ်ဖွဲ့ဝင်ဟောင်းများက သုံးသပ်သည်။