Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/03/05

TNLA,KIA,SSA တို့ပူးပေါင်းပြီး မြန်မာတပ်ရင်း(၁၃၀)အား မိုင်းခွဲတိုက်ခိုက်

၂၀၁၂ခုနှစ်၊ မတ်လ (၂) ရက်နေ့ ညနေ-၄နာရီ အချိန်တွင် မန်တုံ အခြေစိုက် ခလရတပ်ရင်း(၁၃၀)မှ မိုးမိတ်သို့ စစ်ကြောင်း ထိုးနေစဉ် မိုင်းခွဲ တိုက်ခိုက်ခံခဲ့ရပြီး တပ်ရင်းမှူး ဒဏ်ရာအပြင်းအထန် ရရှိသွားသည့် အပြင် တပ်သား တော်တော်များများ ဒဏ်ရာ ရရှိသွားကြောင်း သိရှိရသည်။
''ကျတော်တို့ တအာင်းအမျိုးသား လွပ်မြောက်ရေးတပ်မတော်-TNLAနှင့် KIA,SSA တို့ကနေ ပူးပေါင်း ပြီးတိုက် တာဖြစ်တယ်၊ မန်တုံနှင့် မိုးမိတ် အကြားမှာရှိတဲ့ မိုးနွယ်ရွာလေးမှာ သူတို့ ကား နှစ်စီးနဲ့ လာနေစဉ်မှာ မိုင်းခွဲ တိုက်တာ ဖြစ်တယ်။ တပ်ရင်းမှူး အပါဝင် တပ်သား ၁၀-ဦး ကျော်က ဒဏ်ရာ အပြင်းအထန် ရရှိပြီးတော့ ၂-ဦးကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်''ဟု(တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော်) TNLAမှ တာဝန်ရှိသူ တစ်ဦး က ဆိုပါသည်။
...
ဒဏ်ရာ အပြင်းထန် ရရှိသောတပ်ရင်းမှူးကို ဟယ်ရီကော်ပီတာဖြင့် လာရောက် သယ်ဆောင်သွားကြောင်း မျက်မြင် သက်သေကပြောဆိုပြီး ဘယ်နေရာကို သယ်ဆောင်သွားသည်ကိုအတိကျ မသိသော်လည်း လားရှိုး တပ်မတော် ဆေးရုံကို ပို့ဆောင်လိုက်တာ ဖြစ်နိုင်ကြောင်းလည်း သူကပြောဆိုသွားပါသည်။

''အခု (ပလောင်ကိုယ်ပိုင် အုပ်ချုပ်ရဒေသ) မန်တုံမြို့မှာ လုံခြုံရေး လုံးဝကို တင်းကြပ်နေတယ်၊ တမြို့လုံး စစ်သားတွေနဲ့ စိမ်းနေတာပဲ ဟိုဘက်သွားလိုက် ဒီဘက်သွားလိုက်နဲ့ မြို့ထဲကို ၀င်လာတဲ့ လူစိမ်းတွေကို လည်း ပေါက်ပေါက်စေ့စေ့ကို စစ်ဆေး မေးမြန်းနေတယ်၊ အခြေအနေတွေကို ပိုရှုပ်လာမည့် သဘောရှိမယ် ထင်တယ်ဗျာ'' မန်တုံ ဒေသခံတစ်ဦးမှ ပြောဆိုသည်။

မြန်မာစစ်ကြောင်း လွယ်ယားဘက်သို့ ကားနှစ်စီး ဆင်းသွားစဉ် မိုးနွယ်ရွာ၁၂-မိုင်တွင် တိုက်ခိုက်ခံရပြီး တပ်ရင်းမှူး၏ ညာလက်ရုံးဖြစ်သူ သုံးပွင့်ဗိုလ်ကြီး ၁ ဦး ကျဆုံးသွားကြောင်း နှင့်လက်ရှိ မန်တုံဆေးရုံ တွင် တပ်သား ၃-ဦး ဆေးဝါး ကုသမှု ခံယူနေရကြောင်းလည်း ဆေးရုံ ၀န်ထမ်းတစ်ဦး၏ ပြောဆိုချက်အရ သိရ သည်။

မန်တုံဒေသ အတွင်းစစ်ရေး လှုပ်ရှားမှုများ နှစ်(၂၀)ကျော်တွင်း ပြန်လည် ထကြွပြီး ဒေသမတည်ငြိမ်မှုမှာ ပိုမို စိုးရိမ်ရသည့် အနေအထား ရောက်ရှိနေပြီး ယခုလို တပ်ရင်းမှူးကြီး ဒဏ်ရာရရှိ သွားသည့် အတွက် ပြဿနာ ပိုကြီးမားလာမည်ကို ဒေသခံပြည်သူများ တထိတ်တလန့် ဖြစ်နေကြောင်း သိရှိရသည်။

သတင်းနှင့်သုတေသနာဌာန
တအာင်းကျောင်းသားနှင့်လူငယ်များအစည်းအရုံး

2012/03/04

KNU_Statement_on_meeting_between_the_KNU_leaders_and_the_Burmese_Government_Peace_Delegation

2012/03/02

မန်းငြိမ်းမောင်အမှု ထောင်ပိုင်နှစ်ဦးကို ဒီကနေ့ စစ်ဆေး

2012-03-01
အင်းစိန်ထောင်မှာ အဖမ်းခံနေရတဲ့ KNU ဗဟိုကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်ကို KNU နဲ့ ငြိမ်းချမ်းရေး စကားပြောဖို့ အကြံဥာဏ် လာတောင်းတယ်ဆိုတဲ့ နေပြည်တော်က လာရောက်တဲ့ အရာရှိကြီးများ အင်းစိန်ထောင်တွင်း လာရောက်ခဲ့တဲ့ မှတ်တမ်းမရှိကြောင်း အင်းစိန် ထောင်ပိုင်နှစ်ဦးက ဒီကနေ့ ထွက်ဆိုသွားတယ်လို့ မန်းငြိမ်းမောင်ရဲ့ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

RFA
KNU ဗဟို ကော်မတီဝင် ဖဒိုမန်းငြိမ်းမောင်
KNU ကရင်အမျိုးသား အစည်းအရုံး ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖဒိုမန်းငြိမ်းမောင်အမှုကို အင်းစိန်ထောင် အထူးတရားရုံးမှာ ဒီနေ့ ဆက်လက် စစ်ဆေးရာမှာ တရားခံပြသက်သေအဖြစ် ထောင်ပိုင်နှစ်ဦးကို စစ်ဆေးခဲ့တာပါ။ လက်ရှိထောင်ပိုင်ကြီး ဦးမိုးဇော်နဲ့ အငြိမ်းစားယူသွားတဲ့ ထောင်ပိုင် ဦးသက်ရှည်တို့ရဲ့ ထွက်ဆိုချက်နဲ့ ပတ်သက်ပြီး ရှေ့နေ ဦးကြီးမြင့်က ၅ ရက်နေ့မှာ ဖဒိုမန်းငြိမ်းမောင်ကို စအဖကို လွှဲပေးခဲ့ရပြီး ၂၅ ရက်နေ့မှာ မိမိတို့ဆီကို ပြန်ရောက်လာတဲ့ မှတ်တမ်းပဲရှိကြောင်း၊ ထောင်မှာ လာတွေ့တဲ့မှတ်တမ်းတော့ မိမိတို့ဆီမှာ မရှိကြောင်း ထွက်ဆို သွားကြတယ်လို့ ပြောပါတယ်။ ဒါ့အပြင် တရားခံပြသက်သေ နောက်တစ်ဦးဖြစ်တဲ့ ငြိမ်းချမ်းရေးအကျိုးဆောင် တောင်ကလေးဆရာတော် ဘဒ္ဒ န္တ ပညာသာမိ ဒီနေ့ ရုံးချိန်း ကြွရောက် မလာနိုင်တာကြောင့် နောက်တစ်ပတ်ရုံးချိန်းမှာ ကြွရောက်လာနိုင်ရင် ဆရာတော်ကို သက်သေအဖြစ် စစ်ဆေးမယ်လို့လည်း ပြောပါတယ်။ 
 

လူငယ်တွေ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်စေလိုသည်ဟု သမ္မတဦးသိန်းစိန်ပြောကြား

မြန်မာအစိုးရအဖွဲ့သစ် တာဝန်ယူခြင်း သက်တမ်း တစ်နှစ်ပြည့်မြောက်သည့် အထိမ်းအမှတ်အနေဖြင့် သမ္မတဦးသိန်းစိန်က ပြည်ထောင်စုလွှတ်တော်တွင် ယနေ့ နံနက် ၁၀ နာရီတွင် မိန့်ခွန်းပြောကြားခဲ့သည်။ မြန်မာ့ရုပ်သံ MRTV လိုင်းများနှင့် Skynet ရုပ်သံလိုင်းများမှ တိုက်ရိုက်လွှင့်တင်ခဲ့သည်။
လူငယ်များ၊ အထူးသဖြင့် တိုင်းရင်းသားလက်နက်ကိုင်လူငယ်များ၊ ပြည်တွင်း ငြိမ်းချမ်းရေးတို့နှင့် ပတ်သက်၍ ပြောကြားရာတွင် " တိုင်းရင်းသား ခေါင်းဆောင်တစ်ဦးပြောသည့်စကားကို ပြန်လည်မျှဝေလိုကြောင်း၊ တိုင်းရင်းသား လူငယ်များအနေဖြင့် သေနတ်မကိုင်လိုပဲ လပ်တော့ကိုသာ ကိုင်လိုသည်ဟု ပြောဆိုခဲ့ကြောင်း ထိုစကားရပ်ကို မိမိအနေဖြင့် ခံစားရပါကြောင်း၊ တိုင်းရင်းသားလူငယ်များ သေနတ်မကိုင်ဘဲ လပ်တော့ကိုင်နိုင်ရန် ဖြည့်ဆည့်းပေးဖို့ တာဝန်ရှိကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားများဆန္ဒပြည့်ဝရေးမှာ သမိုင်းပေးတာဝန်ပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် အောင်မြင်အောင် ဖော်ဆောင်ဖို့ ယုံကြည်ချက်ခိုင်မာအောင် ထားရှိပါကြောင်း၊ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးတွင် ယုံကြည်မှုက အရေးကြီးကြောင်း၊ မိမိတို့အစိုးရအနေဖြင့် ပရိယာယ်မရှိဘဲ ပင်လုံစိတ်ဓါတ်ကို အခြေခံကာ ယုံကြည်မှုဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတက ပြောကြားခဲ့ပါသည်။

ထာဝရငြိမ်းချမ်းရေးပန်းတိုင် လျှောက်လှမ်းရာတွင် ပရိယာယ်မရှိဟု သမ္မတဦးသိန်းစိန်ပြော

president-Thein-S

“ထာဝရငြိမ်းချမ်းရေး ပန်းတိုင်ကို လျှောက်လှမ်းနေတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့မှာ ပရိယာယ်တွေ မရှိပါဘူး။ ပင်လုံ စိတ်ဓါတ်ကို အခြေခံပြီး ယုံကြည်မှုနဲ့ပဲ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”ဟု ၎င်းတို့ အရပ်သား အစိုးရသစ် အာဏာရ တနှစ်ပြည့်မြောက်သည့်နေ့ မိန့်ခွန်းတွင် သမ္မတ ဦးသိန်းစိန်က ထိုသို့ ပြောကြား ခဲ့ခြင်းဖြစ်သည်။

လက်ရှိ တိုင်းရင်းသား အဖွဲ့များနှင့် ထာဝငြိမ်းချမ်းရေး တည်ဆောက်ရာတွင် ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်နှင့် တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င်နိုင်ငံရေး အင်အားစု အားလုံးပါဝင်သည့် လွှတ်တော် တွင်သဘောတူ လက်မှတ်ရေးထိုးရေး အဆင့်စသည့် အဆင့်၃ဆင့်ဖြင့် ဆောင်ရွက် နေခြင်းဖြစ်သည်ဟု သမ္မတက ပြောသည်။

ထို့အပြင် အစိုးရသစ် လက်ထက်တွင် တိုင်းရင်းသား ခေါင်းဆောင်များနှင့် ထိတွေ့ဆက်ဆံမှုများ ရှိလာပြီး နောက် ယုံကြည်ချက်များ ပို၍ ခိုင်မာလာပြီဟုလည်း သမ္မတက ဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ဒု-ဥက္ကဌ ပဒိုစောဒေးဗစ်သာ့ကဘောက “သမ္မတအနေနဲ့ တိုင်းရင်းသားအဖွဲ့တွေနဲ့ ပရိယာယ် မရှိဘူးဆိုတာ ဖြစ်ရင်ဖြစ်မယ်။ ဒါပေမယ့် သူ့ရဲ့ ညွှန်ကြားမှုတွေက သိပ်ထိရောက်တာတော့ မဟုတ်ဘူး။ အခု တိုင်းရင်းသား ဒေသတချို့မှာ တိုက်ပွဲ ဖြစ်နေတုန်းပဲ။”ဟု ထောက်ပြ ပြောဆိုသည်။

ဆက်လက်၍ KNU ခေါင်းဆောင်ဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို လွတ်ပေးမည်ဟု ကတိ ပေးထားသော်လည်း ယခုထိ မလွတ်လာသေးသည်မှာ ပေးထားသည့်ကတိနှင့် ဆန့်ကျင် နေကြောင်းသူက ဖြည့်စွက် ပြောဆိုသည်။

2012/03/01

သဘောတူညီချက်ရရန် တပ်ရုပ်သိမ်းရေး အဓိကကျကြောင်း KIO ပြော

  
ချင်းမိုင်(မဇ္စျိမ) ။        ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နှင့် အစိုးရအကြား နိုင်ငံရေး တွေ့ဆုံဆွေးနွေးရေး ပဏာမ သဘောတူ လက်မှတ်ရေးထိုးရန်အတွက် KIO နယ်မြေအတွင်း ဝင်ရောက်နေသော အစိုးရတပ်များကို ရုပ်သိမ်းပေး ရန် လိုအပ်ကြောင်း KIO က ပြောကြားလိုက်သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်များ၏ စည်းဝေးပွဲအပြီး အင်္ဂါနေ့က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့၌ ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတရပ်တွင် KIO အထွေထွေအတွင်းရေးမှူး ဒေါက်တာ လဂျာက ယင်းသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျနော်တို့ ဒီတခေါက် ပဏာမ သဘောတူညီချက်အနေနဲ့ လက်မှတ်ထိုးကြမယ် ဆိုလို့ရှိရင် ဒီပစ်ကြခတ်ကြတာ ရပ်ဆိုင်းသွားဖို့ အစိုးရတပ်တွေ ကျနော်တို့ ဧရိယာတွေမှာ ဝင်နေတာ၊ နေရာလုနေတာတွေ ရုပ်သိမ်းပါ”ဟု ဒေါက်တာလဂျာက ပြောသည်။

အကယ်၍ အစိုးရတပ်များ ရုပ်သိမ်းပေးမည်ဆိုပါက KIO နှင့် မြန်မာအစိုးရအကြား ၁၉၉၄ ခုနှစ်ကတည်းက အပစ်ရပ် လက်မှတ်ထိုးထားပြီး ဖြစ်သည့်အတွက် နိုင်ငံရေးဆွေးနွေးမှုများ လုပ်နိုင်မည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

“ဒီဟာတွေသာ ရုပ်သိမ်းရင် လက်မှတ်ထိုးစရာ မလိုဘူး။ နိုင်ငံရေး စ ဆွေးနွေးမယ်။ စားပွဲပြင်ဖို့ပဲ ရှိတယ်” ဟု ဒေါက်တာလဂျာက ဆက်ပြောသည်။
 

နိုင်ငံရေးလုပ်ရင် အရေးယူမယ်လို့ ကျောင်းအုပ်ကြီး ပြော

2012-02-29
ရန်ကုန်တိုင်း အရှေ့ပိုင်း တက္ကသိုလ် ပါမောက္ခချုပ်က ကျောင်းသားတွေ နိုင်ငံရေးနဲ့ပတ်သက်ရင် ကျောင်းထုတ်ခံရမယ်လို့ မနေ့က ခေါ်ယူ ပြောဆိုကြောင်း သတင်းရရှိပါတယ်။
RFA
၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ တွေ့ရသော ရန်ကုန် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦ ဖြစ်ပါသည်။ ဇူလိုင်လ ၈ ရက်နေ့တွင် စစ်တပ်၏ ဗုံးဖောက်ခွဲမှုကြောင့် ကျောင်းသားသမဂ္ဂ အဆောက်အဦ ပျက်ဆီးခဲ့ရပါသည်။ (မှတ်တမ်းဓါတ်ပုံ)
ဒီကိစ္စနဲ့ပတ်သက်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီ တွဲဖက်အတွင်းရေးမှူး (၂) ကိုမင်းသွေးသစ်က ပြီးခဲ့တဲ့အပတ်က တောင်ပိုင်းခရိုင် ကျောင်းသားများ သမဂ္ဂကို ဖွဲ့လိုက်ကြောင်း၊ အဲဒီသတင်းကို ကြားပြီး ပါမောက္ခချုပ် ဦးကျော်ရဲထွန်းက ဆရာမတွေရော၊ ကျောင်းသားတွေရော ခေါ်ပြီး ကျောင်းသားနိုင်ငံရေးလုပ်ရင် ကျောင်းထုတ်ခံရမယ်လို့ သတိပေးကြောင်း အာအက်ဖ်အေကို ပြောပါတယ်။ အရှေ့ပိုင်း တက္ကသိုလ်ပါမောက္ခချုပ်က အခုလို ပြောဆိုတာဟာ အသက် ၁၈ နှစ် ပြည့်ပြီးရင် ကြိုက်တဲ့နိုင်ငံရေးပါတီ ဝင်ပြီး နိုင်ငံရေး လုပ်ပိုင်ခွင့်ရှိတယ်ဆိုတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မကိုက်ညီကြောင်း ကိုမင်းသွေးသစ်က ပြောပါတယ်။ တောင်ပိုင်းခရိုင် ကျောင်းသားသမဂ္ဂကို ရေကြောင်းတက္ကသိုလ်၊ သမတက္ကသိုလ်၊ အရှေ့ပိုင်းတက္ကသိုလ်နဲ့ အစိုးရ နည်းပညာတက္ကသိုလ်ဆိုတဲ့ တက္ကသိုလ်လေးခုက ကျောင်းသားတွေ ဖွဲ့စည်းထားတာပါ။ မြန်မာနိုင်ငံ အနှံ့မှာလည်း ကျောင်းသားသမဂ္ဂတွေ ဖွဲ့စည်းနေပြီ ဖြစ်ပါတယ်။ 
copy rights_http://www.rfa.org/burmese/news/university-student-political-02292012105318.html