တိုကျိုတွင် ကျင်းပပြုလုပ်သည့် “ ဧရာဝတီကို ကာကွယ်ကြစို့ ”ဆွေးနွေးပွဲ အခမ်းအနား
၂၀၁၁ ခုနှစ် စက်တင်ဘာလ (၁၉)ရက်။
SAVE THE IRRAWADDY “ ဧရာဝတီကို ကာကွယ်ကြစို့ ”ဆွေးနွေးပွဲ အခမ်းအနားကို
တိုကျို TOSHIMA-KU Otsuka DaIchi ခမ်းမ၌ မြန်မာနိုင်ငံ ဒီမိုကရေစီ
ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)-Japan မှ ဦးစီး၍
ယနေ့ နေလည် ၁း၀၀ နာရီမှ ၅း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဆွေးနွေးပွဲတွင် ဧရာဝတီ မြစ်ဆုံဒေသနှင့် ပတ်သက်သည့် အကြောင်းအရာများနှင့်
မြန်မာပြည်ရဲ့ သဘာဝ ဘေးအန္တရာယ်သာမက တမျိုးသားလုံးရဲ့ လူမှုဘ၀တွေ၊
အနာဂတ်တွေပါ ထိခိုက် ပျက်စီးသည့် မြစ်ဆုံ ရေကာတာ တည်ဆောက်နေမှု
ဆိုးကျိုးများ၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့် ပြည်သူလူထု၏ သဘောထား အသံ
လှုပ်ရှားမှု များတို့ကို တာဝန် ရှိသူများတို့မှ ဆွေးနွေး သွားခဲ့ကြပါသည်။
ဧရာဝတီ မြစ်ဆုံမှာ တည်ဆောက်သွားမည့် ဆည်ကြီးသည် ပြည်သူလူထု တရပ်လုံးအတွက်
အကျိုး တစုံတရာမှ မရရှိကြပဲ အာဏာရှင် လူတစုနဲ့ တရုတ်အစိုးရ၊ တရုတ်ကုမ္ပဏီ
တွေသာလျှင် အကျိုးအမြတ်တွေ ခံစားရတာ ဖြစ်သည့်အတွက်ကြေင့် တရုတ်အစိုးရနဲ့
တရုတ်ကုမ္ပဏီတွေကို ဆည်တည်ဆောက်မှုလုပ်ငန်း ရပ်တန့်ရန်အတွက် နိုင်ငံတကာ
လှုပ်ရှားမှုအဖြစ် ဖိတ်ခေါ်ပြီး နိုင်ငံတကာရှိ တရုတ်သံရုံးများကို ဆန္ဒပြ
ဆန့်ကျင်ကန့်ကွက် သွားကြမည့် လုပ်းငန်းစဉ်များနှင့် ဧရာဝတီကို ကာကွယ်
လှုပ်ရှားနေကြသည့် ပြည်တွင်း လှုပ်းရှားမှုများတို့ကို ပံ့ပိုးကူညီ ဆောင်ရွက်
သွားကြမည့် လုပ်ငန်းစဉ်များပါ ဆွေးနွေး ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
http://hdvideonewsjp.blogspot.com/ ရဲ့ LIVE NEW မှကြည့်နိုင်ပါပြီ
0 件のコメント:
コメントを投稿