မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး
Wednesday, 19 October 2011,
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ်
ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်နက် တင် သဘောင်္ ၂ စီးအား KIA မှ
အောက်တိုဘာ ၁၇ က ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း KIA သတင်း ရပ်ကွက်မှ သိရသည်။
အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက် တင်ဆောင် လာသော သဘောင်္ ၂ စီးအား စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ဧရာဝတီမြစ် တဘက်တချက် လုံခြုံရေး ယူထားသည့်ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ် အကွာတွင် ယခုလို KIA မှ ပစ်ခတ် ဖျက်ဆီးခဲ့သည်။
ထိုသဘောင်္ ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သား အားလုံးလည်း သေဆုံးပြီး သဘောင်္ ၂ စင်းလည်း ပေါက်ကွဲကာ ရေထဲနှစ်မြုပ်သွားသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။
အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကို အသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက်ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။
Copy from - kachinnews.com
0 件のコメント:
コメントを投稿