2011/02/12
၁၃ နှစ် အကျဉ်းချခံ မြန်မာ ၃၄ ဦးကို လွှတ်ပေးရေး အိန္ဒိယ အစိုးရထံ တောင်းဆို
ဇာနည်မာန် Friday, 11 February 2011 18:03
အိန္ဒိယနိုင်ငံ ကာလကတ္တား အကျဉ်းထောင်တွင် မြန်မာ တော်လှန်ရေးသမား ၃၄ ဦးကို ထိန်းသိမ်း ထားသည်မှာ ယနေ့ဆိုလျှင် ၁၃ နှစ် ပြည့်မြောက်ပြီဖြစ်၍ ချွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးရေးအတွက် အိန္ဒိယနိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက နယူးဒေလီမြို့ ဂျန်တားမန်တား ပန်းခြံတွင် ဆန္ဒပြ တောင်းဆိုကြသည်။
သံဃာများကို ပစ်ခတ်ရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမိန့်ပေး
သံဃာများ ဦးဆောင် ဆန္ဒပြသည့် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးကို ပစ်ခတ်နှိမ်နှင်းရန် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက အမိန့်ပေး ခဲ့ကြောင်းနှင့် ၂၀၀၈ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းအပြီးတွင် ပြည်သူလူထုကို အကူအညီ မပေးခဲ့ကြောင်း ဝီကီလိစ်ခ်တွင် ပေါက်ကြားလာသည့် အမေရိကန် သံတမန်ပေးစာများတွင် ဖော်ပြထားသည်။
နော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။
နော်ဝေနိုင်ငံမှ ထိပ်တန်းသတင်းစာကြီး တစောင်ဖြစ်သော Aftenposten ၏ ဖေဖော်ဝါရီလ ၄ ရက်နေ့ထုတ် သတင်းစာတွင် ရန်ကုန် အမေရိကန်သံရုံးမှ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သော လျှို့ဝှက်ပေးစာကို ဖော်ပြထားရာ “ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒု ဗိုလ်ချုပ်မှူးကြီး မောင်အေး နှစ်ဦးစလုံးသည် သံဃာများကို နှိမ်နှင်းရန်နှင့် လိုအပ်ပါက ပစ်ခတ်ရန် အမိန့်ပေးခဲ့သည်” ဟု ရေးသားထားသည်။
တိုက်ပွဲပေါင်း ၁၀၈၃ ဟု KNU ပြော
ဖေဖေါ်ဝါရီလ 11 ရက် 2011 ခုနှစ်။ကရင် အမျိုးသား အစည်းအရုံး KNU နှင့် စစ်အစိုးရ တပ်အကြား ပြီးခဲ့သည့် တနှစ်တာအတွင်း တိုက်ပွဲပေါင်း ၁ဝ၈၃ ပွဲ ဖြစ်ပွားခဲ့ကြောင်း KNU နှစ်ချုပ် အစီရင်ခံစာအရ သိရသည်။
၎င်းတိုက်ပွဲများသည် KNU ပိုင် တပ်မဟာ ၇ ခု အတွင်း ဖြစ်ပွားခဲ့ပြီး၊ နအဖ တပ်မှ ၆၁၈ ဦး ကျဆုံးခဲ့ကာ ဒဏ်ရာရသူ ၁၃ဝ၄ ဦး၊ အသက်ရှင်လျက် ဖမ်းမိသူ ၁၆ ဦး ရှိကြောင်းနှင့် KNU ဘက်မှ ၉ ဦး ကျဆုံးကာ ၉ ဦး ဒဏ်ရာရရှိခဲ့ကြောင်း နှစ်ချုပ် အစီရင်ခံစာက ဆိုသည်။ အစီရင်ခံစာကို ပြီးခဲ့သည့်နှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ထိ ပြုစုထားခြင်း ဖြစ်သည်။
KNU ဘက်မှ အကျအဆုံး နည်းရခြင်းမှာ နယ်မြေ ကျွမ်းကျင်မှုနှင့် ပြောက်ကျား တိုက်စစ် စနစ်ကြောင့်ဟု KNU အထွေထွေ အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေက မဇ္ဈိမကို ပြောသည်။
“ကမ်းတက် တိုက်ပွဲတွေနဲ့ ထိပ်တိုက် စစ်ကြောင်း တိုက်ပွဲတွေ ကျနော်တို့က မလုပ်သလောက်ပဲ။ နိုင်ခြေ ပိုင်ခြေရှိမယ့် ပြောက်ကျား တိုက်ပွဲတွေကိုပဲ လုပ်တာပေါ့။ နယ်မြေကို ပိုင်တာရယ်၊ နေရာကောင်းကနေ စောင့်ပြီးတော့ ပိုင်ချက်ရှိမှ လုပ်တာရယ်ကြောင့် ကျနော်တို့ဘက်က အကျအဆုံး ဒဏ်ရာရ နည်းတာ ဖြစ်တယ်” ဟု သူက ဆိုသည်။
နအဖ တပ်မှ အသက်ရှင်လျက် ဖမ်းဆီးရမိခဲ့သူများအနက် အချို့ကို မြန်မာနိုင်ငံအတွင်း ဘေးကင်းရာသို့ လွှတ်ပေးခဲ့ပြီး၊ စစ်တပ်က ဒဏ်ပေးမည်ကို ကြောက်ရွံ့၍ မပြန်ရဲသူအချို့ကိုမူ ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်း အလုပ်သမားအဖြစ်နှင့် အလုပ်လုပ်ကိုင်ရန် KNU က လမ်းညွှန် စီစဉ်ပေးခဲ့သည်ဟု သူက ဆက်ပြောသည်။
အစိုးရသစ်မှာ တိုင်းရင်းသားနဲ့ အမျိုးသမီး မပါ
ပြည်ထောင်စု အစိုးရသစ် ဖွဲ့စည်းဖို့အတွက် နိုင်ငံတော် သမ္မတက ၀န်ကြီးခန့်အပ်မယ့် အမည်စာရင်း တင်သွင်းရာမှာ မကြာမီက စစ်တပ်ကနေ အရပ်ဘက် ပြောင်းထားသူတွေနဲ့ စစ်တပ်က အရာရှိတွေ အများစုဖြစ်ပြီး တိုင်းရင်းသားတွေနဲ့ အမျိုးသမီးတွေ ပါဝင်တာ မတွေ့ရပါဘူး။ ဒီလို မပါဝင်တာကြောင့် ပြည်ထောင်စုဆိုတဲ့ အနှစ်သာရနဲ့ အမျိုးသမီးတွေ အပေါ်မှာ ခွဲခြားဆက်ဆံမှု မရှိဘူးဆိုတဲ့ အဓိပ္ပာယ်တွေဟာ အားနည်းချက်တွေ ရှိနေတယ်လို့ သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
2011/02/10
ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။
၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ (၉)ရက်။
ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ဦးစီး၍ မတရား ဖမ်းဆီးခံရသည့်နေ့ လစဉ် (၉)ရက်နေ့  ကျရောက်တိုင်း ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
၂၀၀၅ ခုနှစ် ဖေဖေါ်ဝါရီလ(၉)ရက်နေ့တွင် နအဖ အာဏာရှင်တို့မှ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင် များတို့ကို နှစ်ရှည် ထောင်ဒဏ်ဖြင့် မတရား ဖမ်းဆီးထားသည်မှာ ယနေ့ဆိုလျှင် ( ၆ နှစ်)ပြည့်မြောက်သည့် နေ့ဖြစ်သည်။ ဦးခွန်ထွန်းဦးသည် ကချင်ပြည်နယ် ပူတာအိုထောင်တွင် ဆိုးရွားလှသည့် ရာသီဥတု ဒဏ်တွေကြောင့် လေးဘက်နာ ရောဂါအပြင် ဆီးကျိတ်ရောဂါပါ ခံစားနေရသည့်အပြင် ကျန်းမာရေး အခြေအနေ ဆိုးရွား နေကြောင်း ကြားသိ ရသည့်အတွက် ကျမ္မာစေဖို နှင့် အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ကုလသမဂ္ဂ ရုံးရှေ့၌ ယခုလို တောင်းဆို ဆန္ဒပြပွဲ များ ကျင်းပ ပြုလုပ် ရခြင်းဖြစ်ပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
စစ်ဆင်ရေးမှာ ရှေ့တန်းက တိုက်ခိုက်ဖို့ ကရင် နယ်ခြားစောင့်တပ်များ ငြင်းဆန်
2011-02-08
မြန်မာစစ်အစိုးရတပ်တွေဟာ ကေအန်ယူ ကရင်အမျိုးသား အစည်းအရုံး လက်အောက်ခံ တပ်မဟာ (၇) ဌာနချုပ် နယ်မြေကို အလုံးအရင်းနဲ့ စစ်ဆင်နိုင်ဖို့အတွက် နယ်ခြားစောင့်တပ် ပြောင်းလဲထားတဲ့ DKBA ခွဲထွက် ကရင်တပ်တွေကို ရှေ့တန်းက ထိုးဖောက်ဖို့ ညွှန်ကြားထားပေမဲ့ နယ်ခြားစောင့် တပ်ရင်းတွေက အမိန့် မနာခံပဲ ရပ်တံ့နေကြတယ်လို့ သတင်းရရှိပါတယ်။
RFA
တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်ဖွဲ့ (DKBA) ကို နယ်ခြားစောင့်တပ်အဖြစ် အသွင်ပြောင်းရန် စစ်အစိုးရ၏ ဖိအားပေးမှုကို လက်မခံပဲ ပြန်လည် တိုက်ခိုက်နေသော ဗိုလ်နှုတ်ခမ်းမွေး ခေါ် ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သည့် ခွဲထွက်အဖွဲ့မှ တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (RFA)
အခုလို ရှေ့တိုးဖို့ ငြင်းဆန်နေတဲ့ တပ်တွေကတော့ ဗိုလ်မှူး စောမောင်ဝင်း ခေါင်းဆောင်တဲ့ BGF နယ်ခြားစောင့်တပ်အမှတ် ၁၀၁၉ နဲ့ ဗိုလ်မှူး စောလှိုင်စိမ့် ခေါင်းဆောင်တဲ့ နယ်ခြားစောင့်တပ်အမှတ် ၁၀၁၇ တို့ ဖြစ်ပါတယ်။ ဒီတပ်တွေဟာ မြေမြှုပ်မိုင်း အန္တရာယ်ကို အကြောင်းပြပြီး ရှေ့တိုးဖို့ ငြင်းဆန်နေတာ ဖြစ်တယ်လို့ ကေအန်ယူ ဖားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်ဧက ပြောပါတယ်။
登録:
投稿 (Atom)










