၃ရက်၊ အောက်တိုဘာလ ၊၂၀၁၀ခုနှစ် တွင် ဂျပန်နိုင်ငံရှိ မြန်မာ့ဒီမိုကရေ အင်အားစုများ စုပေါင်းဖွဲ့စည်းထားသော 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ လပါတ် အစည်းအဝေးကို ဂျပန်နိုင်ငံရှိ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(AUN)ရုံးခန်း၌ပြုလုပ်ခဲ့ပါသည်။
အစည်းအဝေးတွင် 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်)၏ ရွေးကောက်ပွဲနှင့် ပါတ်သက်သည့် သဘောထားများကို ထုတ်ပြန် ရေးသားထားသော စာတမ်း တစ်စောင်အား မြန်မာ-အင်္ဂလိပ်- ဂျပန်(၂) ဘာသာဖြင့် ရေးသား၍ ဂျပန်နိုင်ငံ အစိုးရ၏ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနသို့ ပေးပို့သွားရန်၊ ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီ အရေးကို ကူညီ အားပေးလျက်ရှိကြသော ဂျပန်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ဂျပန်အစိုးရ လွှတ်တော်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာနတို့သို့ 2010 ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းများတွင် ကူညီ ထောက်ခံ အားပေးရန် စည်းရုံးရေး လုပ်ငန်းစဉ်များကို ပြုလုပ်ရန်အတွက် တာဝန်များခွဲဝေခြင်း၊ ဂျပန်နိုင်ငံအခြေစိုက် နိုင်ငံတကာသံရုံးများသို့လည်း 2010 ရွေးကောက်ပွဲနှင့် ပါတ်သက်၍ ထောက်ခံခြင်း မပြုလုပ်ကြရန်နှင့် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ မဟုတ်ကြောင်းကို သက်ဆိုင်ရာသံရုံးများသို့ သွားရောက် ရှင်းလင်း ပြောဆိုသွားမည့် တာဝန်များ ခွဲယူကြခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။
သတင်းမှတ်တမ်း ။ LAN PYA KYE ။ PNS-Japan
သတင်းဓါတ်ပုံ ။ Moe Min Thu KNU (Japan)
0 件のコメント:
コメントを投稿