မဲမပေးပဲနေနိုင်သည် .... အရေးလှုပ်ရှားသူများ တားမြစ်ခံရ
အန်အယ်လ်ဒီ လူငယ်တွေ နဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေဟာ ဒီနေ့မနက်ခင်းက တောင်ဒဂုံ၊ ရပ်ကွက် ၂၀၊ အဝေရာ ၁လမ်းထဲက အိမ်တခုမှာ လုပ်တဲ့ သက်ကြီးပူဇော်ပွဲအပြီးမှာ သခင်ကိုယ်တော်မှိုင်း၊ ဦးဝင်းတင်နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပုံတွေပါတဲ့ တီရှပ်အဖြူတွေဝတ်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ကြေငြာထားတဲ့ “နိုင်ငံသားတယောက်ဟာ မဲပေးပိုင်ခွင့်ရှိသလို မဲမပေးပဲလည်း နေထိုင်ခွင့်ရှိသည်” ဆိုတဲ့စာတွေ ရိုက်နှိပ်ထားတဲ့ စာရွက်တွေ လိုက်ဝေတယ်လို့ ဆိုပါတယ်။
အဲ့ဒီအချိန်မှာ ရဲတွေရောက်လာပြီး စာရွက်တွေကိုသိမ်း၊ ၃ ယောက်တတွဲ လမ်းလျှောက်ခိုင်း၊ နာမည်စာရင်းတွေယူနေပြီး ရှေ့ဆက်မသွားဖို့ တားခဲ့တယ်လို့ အဖွဲ့ဝင် လူငယ်တဦးက ဧရာဝတီကို ပြောပါတယ်။
“နာမည်တွေ၊ မှတ်ပုံတင်နံပါတ်တွေ ပေးခဲ့ရတယ်။ ဆက်မသွားနဲ့လို့ တားပေမယ့် ကျမတို့က အတင်းတိုးထွက်လာတာ။ အခု မြောက်ဥက္ကလာဖက် ဆက်သွားမယ်။ သူတို့ ဒီလိုလုပ်တာဟာ နိုင်ငံသားတယောက် ရသင့်ရထိုက်တဲ့ အခွင့်အရေးကို ဖောက်ဖျက်တာပဲ” လို့ လူငယ်တဦးက ပြောပါတယ်။
အခုအချိန်မှာတော့ လူငယ်တွေ အားလုံးက တားနေတဲ့ရဲတွေကို အတင်းတိုးထွက်ပြီး ရှေ့ဆက်သွားနေကြပြီလို့ ဆိုပါတယ်။
အန်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်တွေနဲ့ တက်ကြွလှုပ်ရှားသူ လူငယ်တွေက မဲမပေးပဲ နေနိုင်တယ်ဆိုတဲ့ စာရွက်တွေကို အရင်နေ့တွေက ရန်ကုန်တိုင်းအတွင်း ဒေါပုံ၊ သာကေတ၊ သင်္ကန်းကျွန်း၊ မင်္ဂလာဒုံ၊ အင်းစိန် မြို့နယ်တွေမှာ ဖြန့်ဝေရင်း ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့အချက်အလက်တွေကို ရှင်းပြကြပြီး ဒီနေ့မှာလည်း မြောက်ဥက္ကလာ၊ စမ်းချောင်းနဲ့ တခြားမြို့နယ်တွေမှာလည်း လိုက်ဝေဦးမယ်လို့ သိရပါတယ်။
သတင်မှတ်တမ်း။ ။IRRAWADDY'S မှ တဆင့်ကူးယူဖော်ပြသည်။
ဓါတ်ပုံ။ ။MIZZIMA
0 件のコメント:
コメントを投稿