ဘုရားသုံးဆူ စခန်းထိုင်တပ် တိုက်ခိုက်ခံရ
http://www.taifreedom.com
May 30, 2011 ,
ကရင်ပြည်နယ် မြဝတီမြို့ အနီး ကော့ကရိတ်၊ ဝေါ်လေ နဲ့ မြိုင်ကြီးငူ ဒေသတွေမှာ ဒီကေဘီအေ၊ ကေအန်ယူ ပူးပေါင်း တပ်ဖွဲ့တွေနဲ့ ကြံ့ဖွံ့အစိုးရ စစ်တပ်အပြင် နယ်ခြားစောင့်ကို လက်ခံတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ ဒီရက်ပိုင်းထဲမှာ ပိုမိုများ လာတာကို ပြည်ပ သတင်းဌာနတွေမှာ တွေ့မြင် နေရပါတယ်။
မွန်၊ ကရင် ပူတွဲ ဒေသတခုဖြစ်တဲ့ ဘုရာသုံးမှာ ဒီကနေ့ မနက်ကပဲ ဘုရားသုံးဆူ စခန်းထိုင် ကြံ့ဖွံ့အစိုးရ စစ်တပ် ခလရ ၂၈၄ တပ်စခန်းကို ကေအန်ယူ တပ်မဟာ ၆၊ တပ်ရင်း ၁၆ တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခဲ့ပါတယ်။ တိုက်ပွဲ ပြီးဆုံးချိန်မှာ ကြံ့ဖွံ့အစိုးရ တပ်ဆီက လက်နက်ငယ် တလက် သိမ်းဆီးရရှိခဲ့ပြီး၊ ထိခိုက် ကျဆုံးမှုကိုတော့ မသိရှိရသေးပါ။
ဘုရားသုံးဆူ ဒေသဟာ ဒီကေဘီအေနဲ့ နအဖ စစ်အစိုးရတို့ အပစ်ခတ် ရပ်စဲရေးတွေ ပျက်ပြားပြီး ၂၀၁၀ နိုင်ဝင်ဘာလ အတွင်းက တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့တဲ့ ဒေသတွေထဲက တခုအပါအဝင် ဖြစ်ပါတယ်။
Copy from - naytthit.net
0 件のコメント:
コメントを投稿