အစိုးရ သတင်းစာ ရေးသားဖော်ပြချက် KNU ငြင်းဆို
(၆၁)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် တွေ့မြင်ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-ကေအိုင်စီ)
မေလ 24 ရက် 2011 ခုနှစ် ။မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များ သည် ခရီးသည်တင် မှန်လုံယာဉ်များ ပစ်ခတ်၊ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ရေးသား ဖော်ပြမှုနှင့် ပတ် သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာဖြစ် သည်ဟု ကေအဲန်ယူက တုန့်ပြန် ပြောဆိုလိုက် သည်။
ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မ လိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။
ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ဖော်ပြသည်။
ပြီးခဲ့သည့် မေလ ၂၃ရပ်နေ့ မနက် ၇နာရီခွဲခန့်တွင် ရေးမှ သံဖြူဇရပ်ဘက်သို့ မောင်းနှင်လာသော ရွှေမြင်းပျံ၊ ရွှေဝယ်ရတနာ၊ ရွှေဝါဖူး၊ ကြယ်စင်ဟိန်း၊ ရာဇာမင်း ယာဉ်လိုင်းများမှ ခရီးသည်တင် မှန်လုံ ယာဉ် ၅စီးအနက် ရှေ့ဆုံးမှ မောင်းနှင်လာသော ရွှေမြင်းပျံ ခရီးသည်တင်ယာဉ်၏ ဘီးအား အင်အား ၃၀ခန့်ရှိ KNUတပ်ဖွဲ့ဝင်များ က ပစ်ခတ်ဖော်ခွဲ၍ ယာဉ်တန်းကို ရပ်တန့်စေပြီး ဆက်ကြေး ကောက်ခံခဲ့ဟု မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
ထို့အပြင် KNU တပ်ဖွဲ့ ၀င်များက ထားဝယ်-ရန်ကုန် မှန်လုံ ယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၁၀ သိန်းနှင့် ထားဝယ်-မော်လမြိုင် မှန်လုံယာဉ်တစ်စီးလျှင် တစ်နှစ်အတွက် ကျပ် ၃သိန်းဖြင့် ဆက်ကြေး အဖြစ်ကောက်ခံ ခဲ့ပြီး ၎င်းဖြစ်စဉ်နှင့် စပ်လျဉ်း၍ နယ်မြေခံ အစိုးရ စစ်ကြောင်း၏ လိုက်လံ ရှင်းလင်းမှု ကြောင့် ဖမ်းဆီးခံရသူများ အနက် ၄ဦးသည် ထွက်ပြေးလွှတ် မြောက်လာခဲ့ပြီး ၂ဦးသာ ကျန်ရှိသည်ဟု ဖော်ပြသည်။
KNU တပ်ဖွဲ့ဝင်များသည် အပြစ်မဲ့ ပြည်သူများထံမှ ဆက်ကြေး ကောက်ခံခြင်း၊ ဆန်စပါး အပါအ၀င် ရိက္ခာ များအဓမ္မ တောင်းခံခြင်းစသည့် အကြမ်းဖက် လုပ်ရပ်တို့ကိုသာ တစိုက်မတ်မတ် လုပ်ဆောင် လျှက်ရှိ သဖြင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးက စက်ဆုပ် ရွံ့ရှာလျှက် ရှိသည်ဟု ရေးသား ဖော်ပြချက်သည် သတင်းဖြစ်စဉ် မဟုတ်ဘဲ အစိုးရ၏ အာဘော်သာ ဖြစ်သည်ဟု KNU က တုန့်ပြန်သည်။
ကရင်အမျိုးသားအစည်းအရုံး (KNU) သည် ၁၉၄၉ခုနှစ်မှစ၍ ယနေ့အချိန်ထိ မြန်မာအစိုးရ အဆက် ဆက်ကို ခုခံ တော်လှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်သည်။
သတင်းရင်းမြစ် - (စောသိန်းမြင့်) ကေအိုင်စီ
0 件のコメント:
コメントを投稿