Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/11/29

စစ်ပွဲကြောင် ပြည်သူများ ထိုင်းဘတ်သို့  ဒုက္ခသည် အဖြစ် တကျော့ ပြန် ရောက်ရှိလာ




မြ၀တီ မြို့ တောင်ဘက်တွင် ဒီကေဘီအေ နှင့် နအဖ စစ်တပ် ၏ တိုက်ပွဲ များ ကြောင့် ဒေသခံ ပြည်သူ လေးထောင် ကျော် ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ရဲ့ တောင်ဘက် က ဖုတ်ဖရ နဲ့  မယ်ကု စတဲ့ထိုင်း ကျေးရွာ တွေ ကို ထွက်ပြေး ခိုလှုံ ရောက် ရောက်ရှိ လာတယ် လို့  FNG မှ သတင်းရရှိသည်။

နိုဝင်ဘာလ ၈ ရက်နေ့ က ဖြစ်ပွား ခဲ့တဲ့ ဒီကေဘီအေ အဖွဲ့ ရဲ့ သုံးရက်ကြာ နယ်စပ် မြ၀တီ မြို့ သိမ်းတိုက်ပွဲ အတွင်း ဒေသခံ ပြည်သူ လေးသောင်း ကျော်ဟာ ထိုင်း နိုင်ငံ မဲဆောက် မြို့ ထဲမှာ ဒုက္ခသည်အဖြစ် ခိုလှုံ ခဲ့ရသည်။ထိုင်း နယ်စပ် မြ၀တီ ဘက် အခြမ်း တွင် တကျော့ ပြန် ဖြစ်ပွား လာသည့် စစ်ပွဲ များ မှာ မြန်မာစစ်တပ် မှ ဒီကေဘီအီ တပ်ဖွဲ့ ဝင် များ နှင့် KNU တပ်ဖွဲ့ ၏ စခန်းများ ကို သိမ်းပိုက် ရန် အတွက်အလုံး အရင်း ဖြစ် ထိုးစစ်ဆင် လာခြင်းကြောင့် ဖြစ်သည် ဟု ထွက်ပြေး လွတ်မြောက်လာသော မြန်မာ ဒုက္ခ သည် တစ်ဦးက Freedom News Group သို့ ပြောသည်။

http://freedomnewsgroup.com/ မှကူးယူဖေါ်ပြသည်။

ဒါရိုက်တာ နှစ်ဦး နှင့် သရုပ်ဆောင်၊အဆိုတော်များ မီဒီယာ တွင် ဖော်ပြ ခွင့် ပိတ်ပင်

Quantcast


 
 
အောင်မြင်၊               ၊၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၂၂ ရက် နံနက် ၁၁း၀၀ နာရီအချိန်တွင် ရုပ်ရှင်သရုပ်ဆောင် ဒါရိုက်တာ ဦးကျော်သူ နှင့် ဇနီးဒေါ်ရွှေဇီးကွက်၊ စာရေးဆရာမ သန်းမြင့်အောင်၊ အဆိုတော် အနဂ္ဂ၊ သံသာဝင်း၊ဟန်ထူးလွင် (ကျားပေါက်) နှင့် ဇနီး၊ ဒါရိုက်တာ မင်းထင်ကိုကိုကြီး စသည့် စာပေ၊ ရုပ်ရှင်၊ ဂီတအနုအညာမောင်နှမများသည် တောင်ဒဂုံရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်အမျိုးသမီးခေါင်းဆောင် မဖြူဖြူသင်း ထူထောင်ဖွင့်လှစ်ထားသော HIV ရောဂါဝေဒနာရှင် များနားခိုရာဂေဟာသို့သွားရောက်လှူဒါန်းခဲ့ပြီး ရက်သတ္တပါတ်အတွင်းမှာပင်အခုလို ပိတ်ပင်ခံရတာ ဖြစ်ပါတယ်။
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)နှစ်ပတ်လည်း အစည်းအဝေး

၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၈၊




ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan အား ပိုမို ကျယ်ပြန့် ခိုင်မာသည့် တိုင်းရင်း သား အဖွဲ့အစည်း တရပ် ပေါ်ပေါက်ရေးအတွက် ညီလာခံ အခမ်းအနားတရပ်ကို တိုကျို Toshima-ku Eco- Toshima Plaza 8F မှာ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၀၉/၂၀၁၀ အလုပ်အမှုဆောင်ကော်မတီမှ တာဝန် ကုန်ဆုံးပြီးသည်နောက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ရေး နိုင်ငံရေး ရည်မှန်းချက်များတို့ကို ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၌ ၂၀၁၀/၂၀၁၁ အလုပ်အမှုဆောင် ကော်မတီသစ်များကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီ၏ သက်တမ်းကို ယာယီအားဖြင့် ၆ လ သက်တမ်း သတ်မှတ်ခဲ့ပြီး တာဝန်ခံ ၃ ဦးကိုလည်း ရွေးချယ် တာဝန်ပေးအပ်ခဲ့ပါသည်။

ယနေ့ ဖွဲ့စည်းလိုက်သည့် ကော်မတီသည် ဂျပန်နိုင်ငံ ရောက်တိုင်းရင်းသား မည်သည့် အဖွဲ့ အစည်း နှင့် တိုင်းရင်းသား မည်သူမဆို တစ်ဦးတယောက်မကျန်အောင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။ မူအားဖြင့် ၆ လသက်တမ်းအတွင်း လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်မှုများ စည်းမျဉ်း စည်းကမ်းများတို့ကို ညှိနှိုင်း ရေးဆွဲသွားမည် ဖြစ်ပါသည်။ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတို့ကိုလည်း အရှိန်မပျက် ဆက်လက် ဆောင်ရွက်သွားရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများကို တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ ဆက်လက် အကောင် အထည်ဖေါ် ဆောင်ရွက်သွားကြရန် ဆုံဖြတ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)
EBC ရွေးကောက်ပွဲ ဆန့် ကျင်ရေးကော်မတီ မှ
ရှေ့ ဆက်လုပ်ငန်းစဉ် များကို ဆွေးနွေး

နိုဝင်ဘာ ၂၈ ရက် ၂၀၁၀



ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ရှေ့လုပ်ငန်းစဉ်များ သုံးသပ်ဆွေးနွေးသည့် ညှိနှိုင်းဆွေးနွေးပွဲကို တိုကျို Takadanobaba, Recycle Center 4 F, မှာ နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှေ့ဆက် စုပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များထဲမှ မတရားအဖမ်းဆီးခံနေရသောတိုင်းရင်းသားခေါင်ဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေး အကျဉ်းသား များလွတ်မြောက်ရေးအတွက် လှုပ်ရှားကို နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျင်းပ ပြုလုပ်သွားရန် ဆုံဖြတ်ခဲ့ပါသည်။

ဆက်လက်ပြီး ဂျပန်နိုင်ငံ၊ ဟီရိုရှီးမားမြို့တွင် ကျင်းပပြုလုပ်သည့် ၁၁ ကြိမ်မြောက် နိုဘယ်လ်ငြိမ်းချမ်းရေး ဆုရှင်များ တွေ့ဆုံဆွေးနွေးပွဲသို့ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)EBC ကိုယ်စား ဦးကျော်ကျော်စိုး မှ တက်ရောက်ခဲ့သည့် အတွေ့အကြုံများထဲတွင် ဒေါ်အောင်ဆန်းစုကြည် မြန်မာနိုင်ငံတွင် ဘယ်လောက် အရေးပါပုံ နှင့် နိုင်ငံတကာမှ နိုဘယ်လ်ဆုရှင်များကပါ အရေးတယူ ဆက်ဆံပုံမျာကို ရှင်းလင်း ပြောကြား သွားပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)

နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ကျောက်ဖြူတွင် တကိုယ်တော် ဆန္ဒပြသူ ပြင်းထန်စွာ ရိုက်နှက်ခံရ click
ဗုံးတွေ့မှုအတွက် သံဃာတော်တပါးကို ဖမ်းဆီးထား click
ရန်ကုန်မှာ ဆွဲပြီ ...ပေါ်တာ click
လူမှုထူးချွန်ဆုရ ဌာနေပြည်သူ့စစ်ခေါင်းဆောင်နယ်မြေ၌ ဘိန်းစိုက်ပျိုးမှု ပိုများလာ click
အိန္ဒိယရှိ တော်လှန်ရေးသမား (၃၄) ဦးကို မြန်မာပြည် ပြန်ပို့မှာ စိုးရိမ်နေရ click
ဖာပွန်ခရိုင်တွင် ရွှေတူးလုပ်ငန်း တိုးချဲ့လုပ်ဆောင်ရန် KNU လက်မခံ
click
နယူးယောက်ပြည်နယ်တ၀ှမ်းက မြန်မာမိတ်ဆွေများက မြန်မာပြည်တွင်းရှိ HIV/AIDS ဝေဒနာရှင်များအ တွက် စုပေါင်းရန်ပုံငွေ ဈေးရောင်းကြမည် click
အမေရိကန်ပြည်၊ ဖို့တ်ဝိန်းက ‘မာရသွန်နှင်းဆီ’ ကဗျာရွတ်ဆိုပွဲဖြင့် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်မှု ကို ဂုဏ်ပြု click

2010/11/28

ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချတာလား (သို့) အင်းစိန်ထောင်သို့ ခေါ်ယူဖမ်းဆီးခံရတာလား

ဆုံဆည်းရာ၊ ၂၇ ရက် နိုဝင်ဘာလ ၂၀၁၀ ခုနှစ်။ မြန်မာစံတော်ချိန် (၈ နာရီ)

“ခင်ညွန့်ဘာတွေဖြစ်နေပြီလဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ Facebook စာမျက်မှာ ဗွီဒီယိုကလစ် ထွက်ပေါ်လာ ခဲ့ပါတယ်။ ထိုဗွီဒီယိုက စိတ်ဝင်စားစရာကောင်းပြီး ရဲချုပ်ခင်ရီအဖွဲ့လို့ ထင်ရတဲ့ အဖွဲ့တဖွဲ့က ခင်ညွန့်အိမ်က နေ တနေရာကို ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။ ထောက်လှမ်းရေးဟောင်း ဗိုလ်ခင်ညွန့်ကို သူ့အိမ် ၀န်းကျင်မှာ မတွေ့တာ တလလောက်ရှိပြီလို့ အိမ်နီးနားချင်းများက ပြောဆိုနေကြပါတယ်။ ငြိမ်းချမ်းအရေး အဖွဲ့တွေနဲ့ ဖြစ်ပေါ်နေတဲ့ ပြသနာတွေကြောင့် ဗိုလ်ခင်ညွန့်ကို ပြန်အသုံးချနေပြီလို့ ပြောဆိုနေကြတာ တွေလည်း ရှိပါတယ်။  ဒါအပြင် သူ့ထောက်လှမ်းရေးကွန်ယက်ကို ပြန်လည်ဖွဲ့စည်းခဲ့တာကြောင့် အင်းစိန် ထောင်သို့ ခေါ်ယူဖမ်းဆီးခြင်းခံရတာလို့ ပြောဆိုနေကြတာတွေလည်း ရှိနေပါတယ်။


FNG မှတ်ချက်

   Freedom News Group သည် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့်  ၏ အင်းစိန်ထောင် သို့  ပြောင်းရွှေ့ 
ခံရခြင်း နှင့် ပတ် သက်၍  ဗီဒီယို ဖိုင်များ နှင့် ဆက်စပ် သတင်းများ ကို ထုတ် လွှင့် ခဲ့ ပါသည်။
သို့ ပါသော်လည်း  Freedom News Group ၏ Founder တစ်ဦး ဖြစ်သူ ငြိမ်းချမ်းငြိမ်း က ထိုဗီဒီယို ဖိုင်တွင်
သံသယဖြစ်ဖွယ်ရာ အချက် အလက်များ ပါဝင်နေ၍ အဆိုပါ  ဗီဒီယို  ဖိုင် ကို University of Colorado
(Film Department) ဉ်   ထို ဗီဒီယို ဖိုင်ဉ် ပါဝင်သည့် Cut များ Element များ ကို တစ်စက္ကန့် ၏ အပုံ
တစ်ရာ ပုံ တစ်ပုံ ထိ လိုက်လံ စစ်ဆေးနေပါသည်။   စစ်ဆေးတွေ့ ရှိချက်များမှာ အောက်ပါအတိုင်းဖြစ်
ပါသည်။ 
အမေ့ မခံလိုသူများရဲ့ လက်ဆောင်နဲ့ အမေ့ရဲ့ရုံးခန်း
ခင်နှင်းလွင် ၊ ရန်ကုန်
နိုဝင်ဘာ ၂၇၊ ၂၀၁၀
ထိုနေ့ တစ်နေ့လုံး မျှော်လင့်ချက်အပြည့်နဲ့ လမ်းမပေါ်မှာရော NLD ရုံးချုပ် ရှေ့တွင် မှာပါ လူအုပ်စုကြီးက စိတ်အား ထက်သန်စွာဖြင့် စောင့်ဆိုင်း နေသကဲ့သို့ အန်အယ်ဒီ ရုံးချုပ်ရဲ့ အပေါ်ထပ် ဒေါ်အောင်ဆန်းစုကြည် အတွက် ပြင်ဆင်ပေးထားတဲ့ ၈ ပေ x ၁၄ ပေ သာသာ အကျယ် ရုံးခန်းလေး အတွင်းမှာလည်း ပိတ်ဖြူစ ပန်းချီကားချပ် တစ်ခု ….ထို့နောက် ကမ္ဘာ့မိတ်ဆွေ ဗမာ့ကျက်သရေ ဆိုတဲ့ ကဗျာ ခေါင်းစဉ်နှင့် အန်တီ့ပုံကို ကမ္ဘာ့နိုင်ငံ အလံများအလယ်တွင် ထည့်သွင်းထားတဲ့ ဓါတ်ပုံကားချပ်တစ်ခုတို့က ပြည်သူများနှင့်အတူ ထိုရုံးခန်းငယ်ကလေးထဲမှ စောင့်ကြိုနေခဲ့သည်။

2010/11/27

နိုင်ငံတကာ ခုံရုံးတင်ရေးကိစ္စ ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုခြင်းမရှိ
“ဒေါ်အောင်ဆန်းစုကြည် ပြောတာက ကိုယ့်ကို ထောက်ခံတဲ့လူတွေ ဆောင်ရွက်တဲ့ လုပ်ငန်း တစုံတခုကို သူတဦးတည်း သဘောနဲ့ မထောက်ခံဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ဖူးပါဘူးတဲ့”
2010-11-26

စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးတင်ဖို့ ကြိုးစားမှုအပေါ် ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံကြောင်း New York Times သတင်းစာရဲ့ ဖော်ပြချက်ကို အာအက်ဖ်အေက ထုတ်လွှင့်ခဲ့တာနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်က မိမိ အဲဒီလို ပြောဆိုခဲ့ခြင်း မရှိဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ မြန်မာ စစ်အစိုးရအနေဖြင့် ဒီမိုကရေစီ အင်အားစုများနှင့် စစ်မှန်သော တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ နိုင်ငံတကာမှ ထပ်ခါတလဲလဲ တောင်းဆိုနေပါသည်။ (Photo: AFP)
New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြချက်ဟာ ဒေါ်အောင်ဆန်းစုကြည် အမှန်တကယ် ပြောကြားတာနဲ့ ကွဲလွဲနေတယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။


ဒုတိယပင်လုံညီလာခံမှာ စစ်အစိုးရ ပါဝင်လာရေး ကြိုးပမ်းမည်



စက်တင်ဘာ ၁၆ ရက်က NLD ဒု ဥက္ကဌ ဦးတင်ဦး အိမ်၌ ကျင်းပသော CRPP ၁၂ နှစ်မြောက် အခမ်းအနားတွင် တွေ့ရသည့် CRPP အဖွဲ့ဝင်များ (ဓာတ်ပုံ - myatlayngon.blogspot.com)



26 November 2010


ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အချိန်အတိအကျ မသတ်မှတ်ရသေးပေမဲ့ ဒီမိုကရေစီအင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအပြင် လက်ရှိအာဏာကို ချုပ်ကိုင်ထားတဲ့ စစ်အစိုးရပါ ပါဝင်နိုင်အောင် ကြိုးစားလုပ်ဆောင်သွားမယ်လို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP) က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ NLD ရုံးချုပ်မှာ ကျင်းပတဲ့ CRPP ကြားဖြတ်အစည်းဝေးအတွင်း NLD ရဲ့ နိုင်ငံရေး ရပ်တည်ချက်ကိစ္စကိုပါ ဆွေးနွေးဖြစ်ခဲ့တယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က အခုလို စပြောပြပါတယ်။





တိုက်ပွဲဖြစ်ပွားနိုင်သည့်အတွက် ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး



ဒီကေဘီအေ တပ်မဟာ(၅) တပ်ဖွဲ့ဝင်များ



26 November 2010


မြ၀တီခရိုင်၊ ဝေါ်လေဒေသတွင် နအဖနှင့် နယ်ခြားစောင့်တပ်တို့ ပိုမိုရောက်ရှိ လာသည့်အတွက် နယ်မြေခံ ကရင်တပ်ဖွဲ့များ နှင့် တိုက်ပွဲအကြီးအကျယ် ဖြစ်ပွားလာနိုင်သည့် အခြေအနေကြောင့် ယနေ့မွန်းလွဲပိုင်းတွင် ဝေါ်လေ ဒေသရှိ ဖလူးကျေးရွာမှ ပြည်သူ ၁,၀၀၀ခန့် ထိုင်းဘက်ခြမ်းသို့ ထပ်မံ ထွက်ပြေး တိမ်းရှောင်ကြသည်ဟု သိရသည်။





နအဖစစ်တပ်မှ ခလရ(၆၂)နှင့် နယ်ခြားစောင့်တပ်(BGF)များ ပူးပေါင်းသည့် တပ်အင်အား ၁၀၀ကျော်ရှိ တပ်ဖွဲ့သည် ကနဲ လေး၊ ဘုရင့်နောင်ကုန်း စသည့်နေရာများသို့ တက်လာရန် စီစဉ်နေသည်ဟု ဖလူးကျေးရွာတွင် တာဝန်ကျနေသော ကေအဲန် အယ်လ်အေ ဆေးမှူးတဦးက ပြောသည်။
သတင်း

2010/11/26

အိမ်ပြန်ချင်တယ်.... အိမ်ပြန်ပို့ ပေးပါ

ဒီသီချင်းဖိုင်မှာပါတဲ့ ပုံရိပ်တွေ အားလုံးဟာ ဗမာ့တပ်မတော်မှ ရွာတွေကို မီးရှို့ ဖျက်ဆီးပြီး တောထဲမှာ ကရင်ရွာသားတွေ ထွက်ပြေးပုန်းအောင်းနေရတဲ့ ၂၀၁၀ နှစ်ဦးပိုင်း မြင်ကွင်းတွေ ဖြစ်ပါသည်။ မွေးကင်းစကလေးငယ်၏ မိခင်တစ်ဦး ထွက်ပြေးရင်း လဲကျသွားတဲ့ မြင်ကွင်းဟာ ရင်ထဲကို အရာတစ်ခု စူးနစ်ဝင်သွားသလိုပဲ ခံစားရပါသည်။ လဲကျသွားသူ ကို စိုးရိမ် စိတ်ဖြင့် ပြေးလားသူ မှာ လည်း ဒုက္ခရောက်သူကို ကူညီးရမည် အကြီးဖြစ်သူ၏မွေးရာပါ အတွေးစိတ်ကို ဂုဏ်ယူပီတိဖြစ်မိပါသည်။ ဒါဟာ သက်သေပါပဲ ဗမာ့တပ်မတော်မှ ရွာတွေကို မီးရှို့ ဖျက်ဆီးပြီးအပြစ်မဲ့ကလေးငယ်တွေနှင့် ပြည်သူတွေကို သက်ဖြတ် စိတ်ဓါတ်ကို ချိုးနှိမ်ပေမယ့်  ကရင်လူမျိုးများ ၏ စိတ်ဓါတ်ကိုတော့ ချိုးဖြတ်လို့  မရနိုင်ပါ၊ ၀ါးတလုံး ကိုတော့ဖြင့် ချိုးဖြတ်လို့ ရနိုင်ပေမယ်. ၀ါးတစည်းလုံးကို တော့ဖြင့် ချိုးဖြတ်ရန် အလွန်းခတ်ခဲသည်ကိုသာဓကရှိ ခဲ့ပါသည်။ ဒါကြောင့် ကရင်လူမျိုးအချင်းချင်း စည်းလုံးကြဖို့  အဓိကပင်ဖြစ်ပေသည် ကို ဖော်ပြရင်းအလေးပေး တိုက်တွန်း အပ်ပါသည်။





သောသီခို မှတဆင့် ကူးယူဖော်ပြပြီး ၊ ထပ်ဆင့်ပြုပြင်ရေးသားပါသည်။

DKBA နှင့် KNU တပ်ဖွဲ့များက နအဖတပ် လာရာလမ်းကြောင်းတွင် ခြေကုပ်ယူထား

နိုဝင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

အင်အား ၁၀၀နီးပါးရှိ နအဖ တပ်ဖွဲ့ဝင်များသည် ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဒေသရှိ နယ်မြေခံ တပ်များအား လစာလာ ပေးရန်အတွက် ယနေ့မနက် ရောက်ရှိလာရာ ၎င်းတို့လာရာ လမ်းကြောင်းများကို ဒီကေဘီအေနှင့် ကေအဲန်ယူတပ်ဖွဲ့များက ခြေ ကုပ်နေရာယူထားသောကြောင့် နအဖစစ်တပ်များ တက်လာရန် အခက်ကြုံနေရသည်ဟု သိရသည်။

ဒီကေဘီအေ (၉၀၉)တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောစတီးက “အခု သူတို့ (နအဖ)ဖလူးရွာကို ရောက်ပြီးလို့ သိရတယ်။ တပ်ရင်းတစ် ရင်းပဲတဲ့။ အင်အား (၇၀-၈၀)ကျော်လောက် ရှိတယ်။ အခုသူတို့ လာမယ့်လမ်းကြောင်းတလျှောက်မှာ ကျနော်တို့လူတွေ အကုန် လုံး စောင့်နေတယ်ဆိုတော့ တက်လာဖို့ အခက်တွေ့နေတယ်။ ကျနော်တို့နယ်မြေထဲကို ၀င်လာရင်တော့ ထိပ်တိုက်ပဲ။

မိဘ နှစ်ပါးအားပစ်သတ်၍ အသက် ၁၆ နှစ်ကလေးမအား နအဖ စစ်သားမုဒိန်းကျင့်

Thursday, 25 November 2010 22:35 သျှမ်းသံတော်ဆင့်

သျှမ်းပြည်တောင်ပိုင်း လင်းခေအခြေစိုက် ခမရ ၅၇၈ နအဖ တပ်သားတဦးကနောင်လုံကျေးရွာအုပ်စု ဟွေ့ဆင်မ် ရွာသူတဦး၏ မိဘနှစ်ပါးကိုပစ်သတ်၍ (၁၆ နှစ်အရွယ်) မိန်းခလေးအား မုဒိန်းကျင့်ပြီးခဲ့သည်ဟု စုံစမ်းသိရှိရ ပါသည်။

“စနေနေ့ကလေ ဗမာစစ်သားက ကောင်မလေးကိုဆွဲခေါ်သွားတော့ မိဘတွေဝင်တားလို့ အဲဒီစစ်သားက မိဘ နှစ်ယောက် စလုံး ကိုသေနတ်နဲ့ ပစ်တော့ပွဲချင်းပြီးသေတာ။ ကောင်မလေးကိုဆွဲဖမ်းပြီး တခြားနေရာသွား မုဒိန်းကျင့်တယ်။ အဲ့ကောင် အိပ်ပျော် နေတုန်းကောင်မလေးက ထွက်ပြေးပြီး
မြန်မာနိုင်ငံသားဟု ယူဆရသူ သုံးဦးကို ထိုင်းအာဏာပိုင် အသေဖမ်းမိ click
SSA တောင်ပိုင်းနှင့် စစ်အစိုးရ တိုက်ပွဲဖြစ်၊ (၂) ဦး ကျဆုံး click

2010/11/25

ဘုရားသုံးဆူတွင် ညမထွက်ရ 
“နအဖ က ည ၈ နာရီ နံနက် ၅နာလုံးဝသွားလာခွင့်မပြုဘူး။ မသင်္ကာဘူးဆိုရင် သူတို့ ပစ်မယ်”

ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်၌ လုံခြုံရေး အကြောင်းပြ၍ ဒေသ အာဏာပိုင်များက ယမန်နေ့က စတင်ပြီး ည မထွက်ရ အမိန့် ထုတ်ပြန်ထားကြောင်း သိရှိရသည်။

အာဏာပိုင်များက ည ၈ နာရီမှ နံနက် ၅ နာရီအထိ အပြင်မထွက်ရန် မြို့ထဲတွင် အသံချဲ့စက်ဖြင့် လိုက်လံကြေညာထား ကြောင်း ဘုရားသုံးဆူမြို့ ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။
ဒေါ်အောင်ဆန်းစုကြည် သားငယ်နှင့်အတူ ရွှေတိဂုံစေတီကို သွားရောက်ဖူးမြော်

   
ယနေ့ နံနက် ၇ နာရီ ဝန်းကျင်က ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ္စ တို့သည် NLD လူငယ်များနှင့် အတူ ရွှေတိဂုံဘုရားကို သွားရောက် ဖူးမြော်ခဲ့သည်။

dssk-shwe-dagon-2010-nov
ရွှေတိဂုံဘုရားတွင် မြင်တွေ့ရသော ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်း (ခေါ်) ကင်မ်အဲရစ္စ
မြောက်ဘက် မုခ်မှ တဆင့် ဘုရားဖူးရန် လာရောက်မည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ်တို့၏ သတင်းကို ရယူရန် သတင်းထောက်များမှာ နံနက် ၅ နာရီကတည်းက လာရောက် စောင့်ဆိုင်းနေကြပြီး အရပ်ဝတ်ရဲများနှင့် ဘုရား လုံခြုံရေးများလည်း  အဆင်သင့် စောင့်ဆိုင်း နေသည်ကို တွေ့ရသည်။
ဒေါ်အောင်ဆန်းစုကြည်နှင့် သားငယ် ကိုထိန်လင်းတို့ နှစ်ဦး မြောက်ဘက်မုခ်မှ တဆင့် NLD လူငယ်များ ဝန်းရံကာဘုရား ရင်ပြင်ပေါ်သို့ တက်လာကြသည်။ ဒေါ်အောင်ဆန်းစုကြည်က အညိုရောင် အင်္ကျီနှင့် ကြက်သွေးရောင်နှင့် အညိုရောင်စပ် ထဘီ ကို ၀တ်ဆင်ထားပြီး ပုခုံးပေါ်တွင် ယောဂီပ၀ါ တထည် တင်ထားသည်။ ကိုထိန်လင်း က အဖြူရောင် လည်ကတုံး အင်္ကျီနှင့် အပြာရောင်ပုဆိုးကို ဝတ်ထားကြောင်း တွေ့ရသည်။
မဖြူဖြူသင်း ကူညီနေသည့် လူနာများအကြောင်း စစ်အစိုးရ သတင်းစာတွင် ရှင်းလင်း click
HIV/AIDS ဝေဒနာရှင်များ ပြောင်းရွှေ့ရန် အစိုးရသတင်းစာ ဖိအားပေး click
NLD ရပ်တည်ခွင့် နောက်ဆုံး အထူးအယူခံ တင်မည် click

2010/11/24

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံကြိုဆိုပွဲ
ဂျပန်နိုင်ငံ တိုကျိုမြို့  တွင် ကျင်းပခြင်း



ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ၁၃ ရက်နေ့ တွင် လွတ်မြောက်ပြီဖြစ်၍ ပြည်တွင်း၊ပြည်ပ၊ နိုင်ငံတကာမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်စွာ ကြိုဆိုကြပါသည်။

မိခင်ဖြစ်သူကို ကြင်ကြင်နာနာနဲ့ ထွေးပွေ့ နှုတ်ဆက်ခဲ့တဲ့ ကိုထိန်လင်းနဲ့ သားအမိနှစ်ဦးရဲ့ ကြည်နှုးဖွယ်ရာ ပုံရိပ်...(AP, ITN ရုပ်သံ)

Photobucket

အမေစုနဲ့ သားကိုထိန်လင်းတို့ရဲ့ ကြည်နှုးဖွယ် သားအမိနှစ်ဦးရဲ့ ပုံရိပ်တွေပါ..။ ကျွန်တော်တို့ အမိမြန်မာပြည်မှာလည်း ခေတ်အဆက်ဆက် စံနစ်ဆိုးတွေအောက်မှာ သားပျောက်အမေတွေ အမေပျောက်သားတွေ ပြန်လည်ဆုံဆည်းနိုင်မယ့် မိတကွဲ သားတကွဲ ဘဝတွေ ကင်းဝေးပြီး ငြိမ်းချမ်း၊ အေးချမ်းသာယာတဲ့ ခေတ်တစ်ခေတ်ကို ပြန်ရောက်နိုင်အောင် အမေစုရဲ့ ဦးဆောင်မှုအောက်မှာ ကျွန်တော်တို့ တိုင်းသူပြည်သားတွေ ညီညီညွတ်ညွတ်တည်း လက်တွဲ ဆောင်ရွက်ကြပါစို့ဗျာ....



Photobucket
အမေ့သားလက်မောင်းမှာ ခွပ်ဒေါင်းပုံပါတဲ့ အဖွဲ့ချုပ် အလံနဲ့ဗျို့(မိခင်ဖြစ်သူအား သားဖြစ်သူ ကိုထိန်လင်းမှ အမှတ်တရထိုးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တံဆိပ်ပါတဲ့ Tatoo အားဂုဏ်ယူစွာ ပြသခဲ့ပါတယ်) (ပုံ Reuters)

အမေဝမ်းသာကြည်နှူးသလို ကျွန်တော်တို့ အားလုံးဝမ်းသာ ကြည်နှူးမိလို့ မျက်ရည်ဝဲရပါတယ်.. အမေ
မိခင်ဖြစ်သူအား လက်မောင်းမှာ ထိုးထားတဲ့ NLD တံဆိပ် Tatoo အားဂုဏ်ယူစွာပြသနေစဉ်..
Photobucket၁၀နှစ်ကျော်ကြာ ကွဲကွာနေတဲ့ လူထုခေါင်းဆောင် အမေစုနဲ့ သားငယ်ကိုထိန်လင်း ခေါ် Kim Aris တို့ ယနေ့မနက် ၉နာရီခန့်က ရန်ကုန်လေဆိပ်မှာ ပြန်လည်ဆုံတွေ့ကြပါပြီ..(ဓာတ်ပုံများ APနှင့် Reuters)
သတင်း

2010/11/22

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရေး ဒေါ်အောင်ဆန်းစုကြည်ကို တာဝန်ပေးအပ်


မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)

အမျိုးသား ပြန်လည်သင့်မြတ်ရေး လိုလားသူများနဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေ၊ ဒီမိုကရေစီ အင်အားစုတွေက ခေတ်အဆက်ဆက် နိုင်ငံရေးမှာ ပါဝင်ခဲ့တဲ့ သက်ကြီးဝါကြီး မျိုးချစ်ပုဂ္ဂိုလ်တွေကို ကန်တော့တဲ့ပွဲ ဒီကနေ့ ကျင်းပခဲ့ကြသလို၊ ၂၁ ရာစု ပင်လုံညီလာခံနဲ့ တိုင်းရင်းသားအရေး ဆောင်ရွက်ဖို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကို ခေါင်းဆောင်အဖြစ် တာဝန် ပေးအပ် လိုက်ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှ စီးပွားရေး ဦးမော့နိုင်မည်


ဒေါ်အောင်ဆန်းစုကြည်၊ တိုင်းရင်းသား အဖွဲ့များနှင့် စစ်အစိုးရတို့အကြား တွေ့ဆုံဆွေးနွေးပြီး နိုင်ငံရေး ပြဿနာများ အဖြေ ရှာမှသာ မြန်မာ့ စီးပွားရေး တိုးတက်နိုင်မည် ဖြစ်ကြောင်း ရန်ကုန်မြို့ရှိ စီးပွားရေး လုပ်ငန်းရှင်များက ပြောဆိုလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည်ကို ထောက်ခံပွဲ ဂျပန်နိုင်ငံတွင် ကျင်းပပြုလုပ်မည်

ဒေါ်အောင်ဆန်းစုကြည်က ဒီမိုကရေစီ ပန်းတိုင်သို့ လူထုတရပ်လုံးနှင့်အတူ မှန်ကန်သော နည်းလမ်းဖြင့် ချီတက်ပါတော့မည်။ ဒီမိုကရေစီ ဆိုသည်မှာ ပြည်သူတို့အတွက်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်သူများ မပါဝင်ပဲ မည်သည့်ကိစ္စမျှ ပြီးနိုင်မည် မဟုတ်သောကြာင့် ဒီမိုကရေစီအရေးတွင် ပြည်သူတို့က ဝိုင်းဝန်းကြိုးပမ်းသည့် နည်းလမ်းကသာ မှန်ကန်သည်၊ ဤသို့သောစိတ်ဓါတ်ဖြင့် ကြိုးပမ်းသွားကြရမည်ဟု ၁၄-၁၁-၂ဝ၁ဝ နေ့ လူထုမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က အလေးအနက် ထည့်သွင်းပြောကြားသွားသည်။

ဤမျှတန်ဖိုးရှိလှသော လမ်းညွှန်ချက်ကို ပြောဆိုသွားသည့် ဒေါ်အောင်ဆန်းစုကြည်၊ မြန်မာ့ဒီမိုကရေစီအရေး အတွက် နှစ်ပေါင်းများစွာ အကျဉ်းကျခံရသည့်တိုင်၊ မိသားစုနှင့် ရှင်ကွဲသေကွဲ ကွဲရသည့်တိုင် စိတ်ဓါတ်မကျပဲ လူထုနှင့်အတူ ပန်းတိုင်ရောက်အောင် ကြိုးစားနေသော ဒေါ်အောင်ဆန်းစုကြည်အား ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက တခဲနက် ကြိုဆိုထောက်ခံမည့် လှုပ်ရှားမှုကို အောက်ပါအစီအစဉ်အတိုင်း ကျင်းပပါမည်။
၂၀၁၀ နိုဝင်္ဘာလ KNU - Japan လပတ်အစည်းအဝေး






KNU (Japan) အောင်တိုဘာ လပတ်အစည်းအဝေးကို ဂျပန်နိုင်ငံ တိုကျို ၊ တခါဒါနိုဘာဘာ တွင် ၂၂-၁၁-၂၀၁၀ နေ့ လည် ၁ နာရီ မှ ညနေ ၅ နာရီထိ ကျင်ပခဲ့သည်။ အစည်းအဝေး၏ရည်ရွယ်ချက်မှာမြန်မာ နိုင်ငံဒီမိုကရရှိရေး၊ လူ့ အခွင့်အရေးတန်းတူရရှိရေး၊ ဖဒယ်ရယ်ပြည်ထောင်စုတည်ဆောက်ရေး၊ စစ်အာဏာ ရှင် စနစ် ဆန့် ကျင် ဖြုတ်ချရေးအတွက် အခြားသော ဒီမိုကရေစီ အရေးလှုပ်ရှားသော အဖွဲ့ အစည်းများနှင့် ပူပေါင်းပါဝင်လှုပ်ရှားရန်၊ ကရင်တိုင်းရင်းသားအချင်းချင်းပြန်လည်စည်းရုံးရေး၊ ဗဟို ကရင်အမျိုးသား အစည်း ရုံးချုပ်ကို ဂျပန်ရောက် ကရင်လူမျိုးတိုင်ရင်းသားမျာအနေဖြင့် ပံ့ပိုးမူများကို ယခင်ကထက်ပို၍ အားတက် သယောကူညီပူးပေါင်းပါဝင် ကြရန်၊ ရှေဆက်အဖွဲ့ အစည်း၏ လုပ်ငန်စဉ် များနှင် ပတ်သက်ပြီး အစည်ဝေးကိုကျင်ပခဲ့ပါသည်။ ထိုအစည်းဝေးပွဲတွင် အခမ်းအနားမှုးအဖြစ် နော်မယ်လိုဒီ မှ တာဝန်ယူပြီး သဘာပတိအဖြစ် ကေအမ်ယူ (ဂျပန်) လက်ရှိ ယာယီတာဝန်ခံ နော်အယ်မူး က ဦးဆောင်ကာ မိမိ၏ လက်ရှိယာယီ တာဝန်ခံ ရာထူးကို KNU ကိုယ်စားလှယ် စောမျိုးခိုင်ရှင်အား ပြန်လည်လွှဲပြောင်းပေးအပ်ခဲ့သည်။ ထိုနောက် ဗဟိုသို့ ဆက်လက်ပံ့ပိုးမူများကို အဖွဲ့ ဝင်များ အပြင် ဧည့်သည်တော်များမှ တဦးချင်မှ မိမိတို၏တာဝန် နှင့် ဆက်လက် လုပ် ဆောင် မည် လုပ်ငန်းစဉ်များနှင် ပူပေါင်းလုပ်ဆောင်မည် သဘော ထားများကိုပွင့် လင်းစွာဖြင့် ပါဝင် ပြောကြားခဲ့ပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)
သတင်း

2010/11/21


ဝေါလေတွင် နအဖတပ်များက လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိ




ထိုင်း- မြန်မာနယ်စပ်ဒေသ ကရင်ပြည်နယ်၊ ဝေါလေဂွင်အတွင်း ဒီကေဘီအေတပ်များ ဝန်းရံထားသည့်အတွက် နအဖစစ်တပ်များ ရွာထဲမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ်နေလျှက်ရှိကာ ဒေသခံ ရွာသားများ ဆက်လက်တိမ်းရှောင်နေရသည်။


 ဗိုလ်မှူးချုပ် စောလားပွယ်

ယနေ့ မနက် (၃) နာရီခန့်တွင် စစ်အစိုးရတပ်များက ဝေါလေဂွင်၊ ထိပလယ်ရွာအခြေစိုက် စခန်းကနေ လက်နက်ကြီးများဖြင့် ပစ်ခတ်နေခြင်းဖြစ်ကြောင်း ဒီကေဘီအေ တပ်မဟာ (၅) တပ်ရင်းမှူး ဗိုလ်မှူးချုပ် စောလားပွယ်က ပြောသည်။

“ကျနော်တို့ ထွက်ခွင့်မပေးတဲ့အတွက် သူတို့ ကြောက်ကြောက်နဲ့ လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာ၊ ဝေါလေဂွင် ထိပလယ်ကနေ လှမ်းပစ်တာ၊ (၁၅) လုံးလောက်ရှိတယ်၊ ရွာသားတွေကတော့ ထွက်ပြေးနေတယ်” ဟု ပြောသည်။

မြဝတီမြို့တိုက်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့ DKBA အဖွဲ့မှ ဗိုလ်စန်းအောင် ရဲ့ နှုတ်ခွန်းဆက်စကား








ဗွီဒီယိုပေးပို့လာသူ ကိုယမုံနာအားကျေးဇူးတင်ပါသည်။
သတင်း

2010/11/20

နအဖ စစ်အုပ်စု ချုပ်ငြိမ်းဖို့ အတွက်
သွေးစည်းဖို့ အချိန်တန်ပြီး ပြည်ထောင်စုဖွား တိုင်းရင်းသား အပေါင်းတို

“မတရားမှုတွေကြောင့် တရားသော စစ်ကို ဆင်နွှဲရပြီဖြစ်တယ်။ ဗမာလူမျိုးအများစု အ ပါအ၀င် ကျနော်တို့ တိုင်းရင်းသားအားလုံး ညီညီညွတ်ညွတ်နဲ့ တောင်တန်းပြည်မ မကျန် ပူးပေါင်းတော်လှန်ဆောင်ရွက်မှ ကျ နော်တို့ လိုချင်တဲ့ စစ်မှန်တဲ့ ဒီမိုကရေစီကို ရမယ်။ ကျနော်တို့နဲ့အတူတူ ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေး၊ ဒီမိုကရေစီနဲ့ အမှန်တရား ကို မြတ်နိုးတဲ့ တပ်မတော်သားများလည်း အမိမြေရဲ့နေရာအနှံ့က ပူးပေါင်းပါဝင်ကြပါ လို့ ဖိတ်ခေါ်ပါတယ်” (ဒီကေဘီအေဗိုလ်မှူးကြီး စောလားပွယ်)

အင်အား အလုံးအရင်း တိုးချဲ့လာသည့် နအဖတပ်များကြောင့် ဒေသခံရွာသားများ စိုးရိမ်ထိတ်လန့်

နိုဝင်ဘာလ 19 ရက် 2010 ခုနှစ်


ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယခုရက်ပိုင်းအတွင်း နအဖ စစ်တပ်များ အင်အား အလုံးအရင်းဖြင့် တိုးချဲ့လာပြီး ကေအဲန်ယူနှင့် တိုက်ပွဲ ဖြစ်ပွားလာနိုင်သည့် အရေးကို ရွာသားများ အလွန် စိုးရိမ်ထိတ်လန့်ကြသည်ဟု သိရသည်။

နိုဝင်ဘာလ ၁၄ရက်နေ့နှင့် ၁၅ရက်နေ့တွင် မြိုင်ကလေး၊ သက်ကယ်၊ ကျောက်ခွဲ၊ ကျောက်ပူ၊ တာ့ဒေး၊ အပလုံ စသည့်ကျေးရွာ များမှ ရွာသားတချို့သည် ရွာထဲတွင် တိုက်ပွဲ တစုံတရာဖြစ်ပွားပါက နအဖစစ်တပ်၏ ပေါ်တာချောဆွဲခံရမည်ကို စိုးရိမ်ကြ သဖြင့် တမိချောင်းတဘက်ကမ်းသို့ ယနေ့အထိ ကူးလာနေကြောင်း နယ်မြေခံ ကရင်ရဟန်းပျိုသမဂ္ဂအဖွဲ့ဝင်တပါးက မိန့်ကြား သည်။

မျိုးချစ် ၃၄ ဦး မြန်မာပြည် ပြန်မပို့တော့

နိုဝင်ဘာလ ၁၉ ရက် ၂၀၁၀ ခုနှစ်

နယူးဒေလီ (မဇ္ဈိမ)။ ။ အမှုပြီးသော်လည်း အိန္ဒိယနိုင်ငံ ကာလကတ္တားထောင်တွင် ထိန်းသိမ်းခံရဆဲ ရခိုင်နှင့် ကရင် တော်လှန်ရေးသမား ၃၄ ဦးကို မြန်မာပြည် ပြန်ပို့ရန် အမိန့်ပေးခဲ့ခြင်းကို အနောက်ဘင်္ဂလား အစိုးရက နိုဝင်ဘာ ၁၁ ရက်တွင် ပြန်လည် ရုတ်သိမ်းလိုက်သည်။

အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ တွဲဖက်အထွေထွေ အတွင်းရေးမှူးက အမှုပြီးစီးသည့် မြန်မာမျိုးချစ် ၃၄ ဦးကို မြန်မာပြည်ပြန်ပို့ရန် ပြီးခဲ့သည့်လလယ်က ထုတ်ပြန်ခဲ့သည်။

“ အခုတော့ ပြန်ရုတ်သိမ်းလိုက်ပါပြီ” ဟု ယင်း ၃၄ ဦး၏ ကိုယ်စားလှယ်တဦးဖြစ်သူ ဒေါက်တာတင့်ဆွေက ပြောသည်။
HIV/AIDS ဝေဒနာရှင်များ မထားရန် အာဏာပိုင်များ ခြိမ်းခြောက် click

2010/11/19

နောက်ဆုံးတော့ ကရင်လူမျိုးများသည် ကရင့် အလံတော်အောက်တွင်သာ ရပ်တည်မြဲပင်သည်။





mizzima သတင်းမှ တဆင့် ထပ်မံဖြည့်စွပ်ရေးသားသည်။
အမျိုးသားပြန်လည်သင့်မြတ်မှုကိုလိုလားသော ဒီကေဘီအေ
တပ်ဖွဲ့  ၀င်များအား ကရင် လူထုက နွေးထွေးစွာကြိုဆို


ဓါတ်ပုံ + သတင်း = နန်းဖေါခလိန်း

ယနေ့  ၁၇၊ ၁၁၊ ၂၀၁၀ ရက်နေ့ တွင် ကရင်ပြည်နယ်တွင်းတစ်နေရာ၌ ၁၅ နှစ်ကျော်ကြာ နအဖ စစ်အစိုးရ၏ အစီအစဉ်ရှိရှိ ကရင်အချင်းချင်း အိုးမဲသုတ် ရန်တိုက်ပေးပြီး တိုက်ခိုက်သတ်ဖြတ် မှုများ၊ နအဖ စစ်အစိုးရ၏ သပ်လျှိုဖြိုခွဲမှုများကို သဘောပေါက်နားလည်လာပြီး အမျိုးသားပြန်လည်သင့်မြတ်မှုကို ရှေ့ ရှုလျက် ဘုံရန်သူ နအဖ စစ်အစိုးရအား မိခင် ကေအဲန်ယူအစည်းအရုံးနှင့်အတူ ပြန်လည် လက်တွဲ တိုက်ပွဲဝင်လာသော ဒီကေဘီအေ တပ်ဖွဲ့ ဝင်များအား ဒေသခံပြည်သူများ နှင့်နိုင်ငံတကာမှ ကရင်ပြည်သူများက ဂုဏ်ပြုကြိုဆိုပွဲတစ်ခုကို ယနေ့  ကျင်းပကြောင်း သတင်းရရှိပါသည်။

၎င်း ကြိုဆိုပွဲတွင် ဒီကေဘီအေ တပ်ကို ဦးဆောင်သူများမှာ အမှတ်(၉၀၉)တပ်ရင်းမှူး ဗိုလ်မှူးစတီးနှင့် ဌာနချူပ်တပ်မှူးတစ်ဦးဖြစ်သူ ဗိုလ်ရွှေဝ တို့ ဖြစ်ကြောင်းသတင်းရရှိပါသည်။ ယနေ့ ပြည်သူများ၏ ထောက်ခံဂုဏ်ပြုကြိုဆိုပွဲကို တက်ရောက်ခံယူသော ဒီကေဘီအေ တပ်သားအင်အားမှာ ၁၅၀ ကျော်ရှိကြောင်းနှင့် ကျန်ရှိသော တပ်သားအများစုမှာ လှူံခြုံရေးတာဝန်ယူထားရပါသဖြင့် လူမြင်ကွင်းတွင် မတွေ့  ရပါဟု နန်းဖေါခလိန်း မှ သတင်းပေးပို့ လာပါသည်။


၁၅ နှစ်ကျော် လျှောက်သွားနေတဲ့ အမေ့သားငယ်များရဲ့ အိမ်အပြန်လမ်းခရီးကို စောင့်ကြိုနေသူများ




သွေးရင်းညီကိုယ်တွေ ပြန်ဆုံပြီ



ဒီတခါ ငါတို့ ကို သွေးခွဲခဲ့တဲ့ ခွေးတွေကို အပြတ်ပြန်ဆော်မယ် လို့  တိုးတိုးလေး ပြောသံ ကြားလိုက်ရတယ်




သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။


သတင်း

2010/11/18

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး

2010-11-16
ဒေါ်အောင်ဆန်းစုကြည်ကို တိုင်းရင်းသားခေါင်းဆောင်တွေ ပထမဆုံးအကြိမ် နိုဝင်ဘာ ၁၆ ရက် ဒီကနေ့ တွေ့ဆုံနှုတ်ဆက်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပပြုလုပ်နိုင်ရေး တင်ပြခဲ့တယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို မိမိတို့ အနေနဲ့ ပဏာမ တွေ့ဆုံတာဖြစ်ပြီး ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပနိုင်ရေး ဘာကြောင့် လိုအပ်တယ်ဆိုတာ အချက်ငါးချက်ကို ကိုးကား တင်ပြခဲ့တာလို့ ဇိုမီ အမျိုးသား ကွန်ဂရက်က ဥက္ကဋ္ဌ ဦးပူကျင်ရှင်းထန်က ခုလို ပြောပါတယ်။

“တမျိုးနဲ့တမျိုး မယုံသင်္ကာမရှိအောင် စိတ်ထဲမှာ ရှိသမျှကို ဖော်ဆောင်ပြီးတော့မှ ဆွေးနွေးနိုင်ဖို့ အခွင့်အရေးရှိမှ ဖြစ်မယ်ဆိုတဲ့ အနေမျိုးနဲ့ ဒါလုပ်တယ်။ အဲဒီဥစ္စာကို ခင်ဗျားလည်း လက်ခံတဲ့အပြင်၊ ဒီဥစ္စာကို ၂၁ ရာစု ပင်လုံညီလာခံမျိုး ဖြစ်အောင်ဆိုတာ ဆိုတော့ ကျွန်တော်တို့ ထင်တာထက် ပိုပြီးတော့ ကျယ်ပြန့်အောင် လက်ခံသွားတယ်လို့ ကျွန်တော်တို့ သဘောပေါက်တဲ့အတွက်ကြောင့် အဲဒါလည်းပဲ ဝမ်းသာပါတယ်ဆိုတာ။”
ဒေါ်အောင်ဆန်းစုကြည်က ဒုတိယအကြိမ် ပင်လုံညီလာခံ ကျင်းပရေးနဲ့ ပတ်သက်ပြီး ၂၁ ရာစုနဲ့ ကိုက်ညီတဲ့ ပင်လုံညီလာခံ ကျင်းပသင့်တယ်လို့ တနင်္ဂနွေနေ့က သတင်းစာရှင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဒီကနေ့ အစည်းအဝေးကို တက်ရောက်တဲ့ UNLD အဖွဲ့က ၉၀ ခုနှစ် ရွေးချယ် တင်မြှောက်ခံ အမတ် ဦးထောင်ခိုထန်း ကလည်း ခုလိုပြောပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပမယ်ဆိုတဲ့ဟာက သူက သဘောတူတယ်၊ ဘယ်လိုလုပ်မလဲ လုပ်နည်းလုပ်ဟန်တော့ စဉ်းစားရမယ်တဲ့။ ဒါကြောင့်မို့  ကျွန်တော်တို့က ဒီဟာက ကျွန်တော်တို့ တိုင်းရင်းသားတွေရဲ့ လိုအပ်ချက်ဖြစ်တယ်။ နောက် မြေပေါ်မြေအောက် နိုင်ငံရေးပါတီ အုပ်စုတွေကလည်း ဒီဟာတွေကို အကုန်လုံးက ထောက်ခံတဲ့အခါကျတော့ ဒီဟာက မရှိမဖြစ် လိုအပ်တဲ့ ဒုတိယ ပင်လုံညီလာခံ ဖြစ်တယ်ဆိုတာ ဒေါ်အောင်ဆန်းစုကြည်က လက်ခံတယ်။ အကောင်အထည် မပေါ်ပေါ်အောင် ဖော်မယ်ဆိုတဲ့သဘော  တွေ့ရတဲ့အခါကျ ကျွန်တော်တို့  တော်တော်လေးကို အားရပါတယ်။”


အစည်းအဝေးကို ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးဝင်းတင်၊ ဦးသန်းထွန်း၊ ဦးလှဖေ တို့ တက်ရောက်ကြသလို တိုင်းရင်းသားတွေဖက်က ဦးပူကျင်ရှင်းထန်၊ ဦးထောင်ခိုထန်း၊ နိုင်ငွေသိန်း၊ နိုင်ထွန်းသိန်း၊ ဦးသာဘန်း၊ ဦးရွှေကြူးနဲ့ ဦးစိုင်းတင်လှိုင်တို့ တက်ရောက်ကြတာပါ။
ဒုတိယအကြိမ် ပင်လုံညီလာခံကျင်းပရေးနဲ့ ပတ်သက်ပြီး အသေးစိတ်တိုင်ပင်မှုတွေ ဆက်လက် လုပ်ဆောင်သွားဖို့ ရှိတယ်လို့ သိရပါတယ်။
Copy from _ rfa.org/

2010/11/17

DKBA ဗိုလ်မှူးချုပ် စောလားဘွယ် နှင့် ပါတ်သက်သည့် ထုတ်ပြန်ချက် အတုအယောင်အပေါ် KNU တြုံ့ပန်

၁၆၊ ၁၁၊ ၂၀၁၀ နေ့ စွဲဖြင့် ဒီကေဘီအေ ဗိုလ်မှူးချူပ်စောလားပွယ် နှင့် ပါတ်သက်ပြီး ထုတ်ပြန်ချက် အတု တစ်စောင်ထွက်ပေါ်လာပါသည်။ ၄င်းထုတ်ပြန်ချက်တွင် ကေအဲန်ယူ ဗဟိုမှ ထုတ်ပြန်သည် ဟုရေးသားပြီး ဗိုလ်မှူးချူပ် စောလားပွယ်ကို တိုက်ခိုက်ရေးသားသလို ကေအဲန်ယူမှ သူ့ ကို လက်မခံကြောင်း စသဖြင့် ရေးသားထားပါသည်။ ယခုဖေါ်ပြသော အီးမေးမှတဆင့် saw kyaw – sawbamaw@gmail.com လက်ခံရိပါသည်။ ထုံးစံအတိုင် ဖဒိုအောင်သိန်း၊ saw jetsin အစသဖြင့် ကရင်နာမည်အတုတွေနှင့် ဗမာလို ကရင်လို ဘာသာနှစ်ခုလုံးပါ ခုတလော ဗိုလ်မှူးချူပ် စောလားပွယ်ကို တိုက်ခိုက်ရေးသားနေဒါ တွေ့ ရပါသည်။

ယင်းကိစ္စနှင့် စပ်လျဉ်း၍ ကေအဲန်ယူ ဗဟိုမှ အောက်ပါအတိုင်း ချက်ချင်း တုံ့ ပြန် အီးမေးပို့ လာပါသည်။


Statement -

သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။
တိုင်းရင်းသားတွေ မြင်တဲ့ဒေါ်အောင်ဆန်းစုကြည်

နိုဝင်ဘာ ၁၃ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက် လာခဲ့ပြီး ၁၄ ရက်နေ့တွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးရှေ့တွင် ပြည်သူလူထုအား မိန့်ခွန်းပြောခဲ့ရာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ကိစ္စရပ်ကို ထည့်သွင်း ပြောဆိုသွားခဲ့သည်။


ယနေ့ နေ့လယ်ကလည်း တိုင်းရင်းသား ခေါင်းဆောင် တချို့နှင့် တွေ့ဆုံ၍ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စကို ထောက်ခံကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

ဧရာဝတီ မဂ္ဂဇင်းက ရွေးကောက်ပွဲ ဝင်ခဲ့သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၊ အပစ်အခတ် ရပ်စဲထားသော်လည်း ရွေးကောက်ပွဲ မဝင်သည့် တိုင်းရင်းသား ခေါင်းဆောင်တချို့နှင့် အပစ်အခတ် မရပ်စဲသေးသည့် တိုင်းရင်းသား ခေါင်းဆောင် တချို့ကို မေးမြန်းခဲ့ရာ အားလုံးက ဒုတိယ ပင်လုံညီလာခံခေါ်ယူရေး ကိစ္စကို ထောက်ခံကြောင်း၊ ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ပြည်သူလူထုက ထောက်ခံအားပေးသည့် ခေါင်းဆောင်တဦးအဖြစ် ကြိုဆိုကြောင်း ပြောဆိုကြသည်။

ထို့ကြောင့် ဧရာဝတီ မဂ္ဂဇင်းက မေးမြန်းထားသည့် တိုင်းရင်းသား ခေါင်းဆောင်တချို့၏ သဘောထားများကို ဖော်ပြလိုက်ပါသည်။

ရှမ်း
ဦးစစ်ဆောင်ဆီ
ဒုဥက္ကဋ္ဌ - ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (သို့မဟုတ်) ကျားဖြူပါတီ (SNDP)

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်လာရေး လုပ်ဆောင်မှုကို အပြည့်အ၀ ထောက်ခံပါတယ်။ ဖြစ်အောင်လုပ်ဖို့လည်း လိုအပ်တယ်။ ဒါ့အပြင် ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ဖြစ်ပေါ်မှသာ တိုင်းရင်းသား အားလုံးအတွက် တန်းတူအခွင့်အရေး၊ ကိုယ်ပိုင် ပြဌာန်းခွင့်၊ မျှတတဲ့ အာဏာခွဲဝေမှုနဲ့ မြန်မာနိုင်ငံ ရေရှည် ဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်ဆောင်နိုင်မှာပါ။

ဖက်ဒရယ်ပြည်ထောင်စု စစ်စစ်ဖြစ်မှာသာ အနာဂတ် မျိုးဆက်သစ်တွေ အတွက်ပါ အာမခံချက် ရရှိမှာ ဖြစ်ပြီး လူမျိုးတမျိုးနဲ့ တမျိုးအကြားမှာလည်း ယုံကြည်မှု တည်ဆောက်ပြီးသား ဖြစ်ပါလိမ့်မယ်။ ဒေါ်အောင်စုကြည် ပြန်လည် လွတ်မြောက် လာတာကို ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူ ဒီမိုကရေစီ ရရှိရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးတို့ အတွက် ပူးပေါင်း လုပ်ဆောင်သွားပါမယ်။

ချင်း
ဦးလုံစီ
ဥက္ကဋ္ဌ - ချင်း တိုးတက်ရေးပါတီ

ပင်လုံညီလာခံကြီး ပေါ်ပေါက်လာမှ တိုင်းရင်းသားတွေ အားလုံးနဲ့ မြန်မာနိုင်ငံသားတွေ အားလုံးဟာ တန်းတူညီမျှ အခွင့်အရေး ရမှာမို့လို့ အမြန်ဆုံး ခေါ်ယူသင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် လွတ်လာတဲ့ အတွက် ကြိုဆိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပင်လုံကိစ္စကို ပြောတဲ့ အတွက် အပြည့်အ၀ ထောက်ခံ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုကိုလည်း ထောက်ခံပါတယ်။


Naing-Ngwe-Thein-Credit-IMNA
နိုင်ငွေသိန်း (ဓာတ်ပုံ - IMNA)

မွန်
နိုင်ငွေသိန်း
ဥက္ကဋ္ဌ - မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ

ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက် လာရေးကို ကြိုဆိုပါတယ်။ ညီလာခံ ပေါ်ပေါက်ရေးအတွက် အားလုံးက ၀ိုင်းဝန်း ကြိုးပမ်းကြဖို့ လိုပါတယ်။ အမှန်တကယ် ဖြစ်မြောက်လာဖို့လည်း ကြိုးစား စေချင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် ဒီမိုကရေစီအင်အားစုတွေ အားလုံးနဲ့ ပူးပေါင်းသွားမှာပါ။

Dr.Aye-Maung-RNDP-narinjara
ဒေါက်တာအေးမောင် (ဓာတ်ပုံ - Narinjara)

ရခိုင်
ဒေါက်တာအေးမောင်
ဥက္ကဋ္ဌ- ရခိုင်တိုင်းရင်းသားများတိုးတက်ရေးပါတီ (RNDP)

ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးအတွက် အားလုံးက ပူးပေါင်း ပါဝင်စေလိုပါတယ်။ ဒါပေမယ့် ညီလာခံ ကနေ ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် ရရှိမှသာ တိုင်းရင်းသား တွေအတွက် တန်းတူ အခွင့်အရေး၊ လွတ်လပ်စွာ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ရရှိမှာပါ။

အားလုံးပါဝင်တဲ့ ညီလာခံတခု မရှိမဖြစ် လိုအပ်ပါတယ်။ အားလုံး ဆိုတဲ့ နေရာမှာ တိုင်းရင်းသား အားလုံး၊ လက်ရှိ အာဏာရ သူတွေ၊ တိုင်းရင်းသား လက်နက်ကိုင်တွေက အစ ပါရမှာပါ။ ဒေါ်အောင်ဆန်းစုကြည် ဟာလည်း ပြည်သူ အားလုံးရဲ့ ချစ်ခင် ထောက်ခံမှု ရထားတဲ့သူ ဖြစ်တဲ့အတွက် ကြားခံ ပုဂ္ဂိုလ် တဦးအနေနဲ့ ပါဝင်မှ ရပါမယ်။ အဲဒီလို အားလုံးပါဝင် ဆွေးနွေးမှ အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ နိုင်ငံ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

Dr.-Lahkyen-La-Ja-Credit-KNG
ဒေါက်တာ လဂျန်း လှဂျာ (ဓာတ်ပုံ - KNG)

ကချင်
ဒေါက်တာ လဂျန်း လှဂျာ
ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO)

ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာမှုကို ကြိုဆိုပါတယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစစ်စစ် တခု ပေါ်ပေါက်ရေးနဲ့ အမျိုး
သား ရင်ကြားစေ့ရေး တည်ဆောက်ဖို့က အရေးကြီးပါတယ်။ ဒါမှပဲ တိုင်းရင်းသား အားလုံး အချင်းချင်း ယုံကြည်မှု တည်ဆောက် နိုင်မှာဖြစ်ပြီး ရေရှည် တည်တံ့မှာပါ။

naing-han-tha-Irawaddy
နိုင်ဟံသာ (ဓာတ်ပုံ - ဧရာဝတီ)

မွန်
နိုင်ဟံသာ
အတွင်းရေးမှူး - မွန်ပြည်သစ်ပါတီ

ဒုတိယပင်လုံ ညီလာခံတခု ပေါ်ပေါက်လာရေးနဲ့ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ထောက်ခံ အားပေးပါတယ်။ အမျိုး
သား ရင်ကြားစေ့ရေးဟာ ပြည်သူတွေ လိုလားတောင့်တ နေတဲ့ အရာတခုပါ။ ဒါပေမယ့် လူတိုင်း မလုပ်နိုင်ခဲ့ပါဘူး။

အမျိုးသားရင်ကြားစေ့ရေးကို ဒေါ်အောင်ဆန်းစုကြည်က လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်တယ်။ ဘာလို့လဲ ဆိုတော့
ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ ပြည်သူတရပ်လုံး သာမက နိုင်ငံတကာကပါ ထောက်ခံမှု ရရှိထားသူ ဖြစ်တဲ့အတွက် အသင့်လျော်ဆုံး ပုဂ္ဂိုလ် တဦး ဖြစ်လို့ပါပဲ။

ရှမ်း
စိုင်းလာဆိုင်း
ရှမ်းပြည်တပ်မတော် (SSA)

ဗမာလူမျိုးတွေနဲ့ တိုင်းရင်းသားတွေ အကြား ပြန်လည်သင့်မြတ်ရေး၊ အမျိုးသားရင်ကြား စေ့ရေး၊ စည်းလုံးညီညွတ်ရေး တွေကို
ဒေါ်အောင်ဆန်းစုကြည်က ဆောင်ရွက်ပေးနိုင် ပါလိမ့်မယ်။

Zipporah-Sein-Irrawaddy
နော်ဇီပိုးရာစိန် (ဓာတ်ပုံ - ဧရာဝတီ)

ကရင်
နော်ဇီပိုးရာစိန်
အတွင်းရေးမှူး - ကရင်အမျိုးသား အစည်းအရုံး (KNU)

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီမိုကရေစီအရေးနဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲ အတွက် ကြိုးပမ်း ဆောင်ရွက်နေတာကြောင့် သူ့ကို ထောက်ခံပါတယ်။ ပန်းတိုင်က တူညီနေတဲ့ အတွက် လုပ်ရပ်တွေကို ထောက်ခံအားပေး ကြိုဆိုပါတယ်။
http://www.irrawaddy.org/bur/

တိုင်းရင်းသားခေါင်းဆောင်များနှင့် ဒေါ်အောင်ဆန်းစုကြည် ပင်လုံညီလာခံကိစ္စ ဆွေးနွေး click
(၂၁) ရာစု ပင်လုံညီလာခံခေါ်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည် တိုင်းရင်းသားခေါင်းဆောင်များနှင့် တွေ့ ဆုံဆွေးနွေး
click

2010/11/16

ဒေါ်စု ခေါင်းဆောင်မှု တိုင်းရင်းသား အုပ်စုတွေ ထောက်ခံ


ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ဖြစ်ထွန်းလာလိမ့်မယ်လို့ တိုင်းရင်းသား လက်နက်ကိုင်တွေက မျှော်လင့်ထားကြပါတယ်။ အပြည့်အစုံကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တချို့နဲ့ ဆက်သွယ်မေးမြန်းထားတဲ့ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ကြီးတခုဖြစ်တဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာတဲ့အတွက် ကာလရှည် မအောင်မမြင် ဖြစ်နေရတဲ့ တိုင်းရင်းသား ပြန်လည်ရင်ကြားစေ့ရေး လုပ်ငန်းစဉ် ပေါ်ထွက်လာလိမ့်မယ်လို့ ယုံကြည်ကြောင်း ဒီကနေ့ ပြောပါတယ်။ KNU ကရင်အမျိုးသား အစည်းအရုံးက ဒုတိယဥက္ကဋ္ဌ ဖဒို ဒေးဗစ်သာကပေါက အခုလို ပြောပါတယ်။
တိုက်ပွဲ သတင်းများ
ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀
မြ၀တီ
ဝေါလေဒေသမှာ နအဖ စစ်တပ်နဲ့ ဒီကေဘီအေ တပ်တွေ ယမန်နေ့ညနဲ့ ယနေ့မနက် အထိ တိုက်ပွဲတွေ ဆက်လက် ဖြစ်နေပါသေးတယ်။ ဒီကေဘီကေ တပ်များက လောခေါ်ဘက်တွင် အခြေစိုက်ထားပြီး နအဖ စစ်တပ်မှ ဝေါလေရွာဘက်တွင် စခန်းချထားကြောင်း သိရှိရပါတယ်။ ထို ဝေါလေ ဘက်တွင် ဖြစ်ပွားနေသော စစ်ပွဲကြောင့် ထိုင်းနိုင်ငံ မော်လီချိုင်းဘက်သို့ စစ်ပြေးဒုက္ခသည် ၆၀၀ ကျော် ရောက်ရှိနေကြောင်း သိရှိရသည်။

ဘုရားသုံးဆူဒေသ

ဘုရားသုံးဆူဒေသမှာ နအဖ စစ်တပ်မှ တပ်မ ၄၄ လက်အောက်ခံ ခလရ ၂၈၃ နဲ့ ဒီကေဘီအေ တပ်ရင်း ၉၀၆၊ ၉၀၇ တို့ တိုက်ပွဲတွေ ကြို့ကြားကြို့ကြား ဖြစ်နေတယ်လို့ သိရှိရပါတယ်။ ချောင်းဆုံ ဒေသမှာလည်း နအဖ စစ်တပ် ခမရ ၂၁၀ နဲ့ ကေအန်ယူတို့ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်နေတယ်လို့ သိရှိရပါတယ်။

ဆုံဆည်းရာ မှ တဆင်းကူးယူဖော်ပြပါသည်။
ဗိုလ်မှူးချုပ်စောလားဘွယ် အဓိကခံယူချက်ပြောသောစကားမှာ
ကရင်တိုင်းရင်းသာစည်းရုံးမူအတွက် နယ်ခြားစောင့် တပ်တို သတိပြုဘွယ်

သူတို့ မှားနေတယ် ဆိုတာကို သူတို့ သိသင့်တယ်။ ၁၅ နှစ်တောင် သူတို့နဲ့ တွဲလုပ်ခဲတာ ကျွန်တော်တို့ သိပြီ ၊ သူတို့တွေ မရိုးသားဘူး။ သိပ် လူလည်ကျတယ်။

နအဖ က ကျွန်တော်တို့အပေါ်ပေးတဲ့ နိုင်ငံရေး အခွင့်အရေးဆိုတာ အသက်ရှူ ခွင့်ပဲ ပေးတာပါ ။ အသက်ရှည်ခွင့်ပေးတာ မဟုတ်ဘူး။ အခု နယ်ခြားစောင့်တပ် လုပ်လိုက်ရင် အသက်ရှူခွင့်တောင် သေချာမှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ လူထုအတွက် ကောင်းရာကောင်းကျိုး ဘာမှ လုပ်ခွင့်ရှိတော့မှာ မဟုတ်ဖူး။
ဒေါ်အောင်းဆန်းစုကြည်ကို လေးစားယုံကြည်တယ်လို့  ဗိုလ်မှူးချုပ်စောလားဘွယ်ပြောဆို

ဆုံဆည်းရာ၊ ၁၅ ရက် နိုဝင်ဘာလ ၂၀၁၀

ဒေါ်အောင်ဆန်းစုကြည်က အမျိုးသား ရင်ကြားစေ့ရေး ဆက်လုပ်မယ်ဟု ပြောဆိုလိုက်ချိန်မှာ ဒီကေဘီအေမှ ဗိုလ်မှူးချုပ်စောလားဘွယ်က ဒေါ်အောင်ဆန်းစုကြည်ကို လေးစား ယုံကြည် တယ်လို့ ပြောဆိုလိုက်ပါတယ်။

ယခုလတ်တတော့ တိုက်ပွဲအခြေအနေ၊ တိုင်းရင်းသားအရေး၊ နိုင်ငံရေးအခြေအနေကို တွေကို ဗိုလ်မှူးချုပ် စောလားဘွယ်က ယခုလို ပြောဆို လိုက်ပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို ကျွန်တော် ချစ်ခင်လေးစားတယ်။ ယုံကြည်တယ်။ ဒီမိုကရေစီကို ကျွန်တော် ကြိုက်တယ်။ ဒီမိုကရေစီကို အရင်ရအောင် မလုပ်ပဲနဲ့ တိုင်းရင်းသားတွေကို ကိုယ်ပိုင်ပြဒါန်းခွင့်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်တို့၊ တန်းတူ အခွင့်ရေးတို့ဆိုတာ မရနိုင်ဘူး။ အားလုံး ဒီမိုကရေစီ ခေါင်းစဉ်အောက်မှာ ညီညီညွတ်ညွတ်နဲ့လုပ်ရင် အောင်မြင်မူပန်းတိုင် ရကို ရရမယ်။ တိုင်းရင်းသားတွေ ညီညွတ်ပြီး တိုက်ရင် ကောင်းတယ် ။