Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/12/31

ဘာတွေဖြစ်ကုန် ကြ ပြီလဲ အပိုင်း ၁

မိတ္ထီလာ အကျဉ်းထောင်ကို ကျပ်သိန်းပေါင်း နှစ်သောင်းဖြင့် ဝယ်ယူ

မိတ္ထီလာထောင် (ပုံ - Google Earth)စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေး လုပ်ငန်းရှင် ဦးတေဇက မန္တလေးတိုင်း မိတ္ထီလာမြို့ရှိ မိတ္ထီလာ အကျဉ်းထောင်ကို ကျပ် သိန်းပေါင်း နှစ်သောင်း ဖြင့်ဝယ်ယူ၍ ဈေးဝယ် စင်တာ (Shopping Mall) ဆောက်မည် ဖြစ်ကြောင်း အကျဉ်းဦးစီးဌာနနှင့် စီးပွားရေး လုပ်ငန်းရှင် အသိုင်းအ၀ိုင်းက ပြောသည်။ ထို့အပြင် မိတ္ထီလာမြို့ရှိ ရွှေဘို ရုပ်ရှင်ရုံကိုလည်း ဦးတေဇက ကျပ်သိန်း ခုနစ်ထောင့်ရှစ်ရာနှင့် ၀ယ်ထားသေးသည်ဟု မိတ္ထီလာ မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးက ပြောပြသည်။

News-Irrawaddy
အာဏာရှင်ကြီး ချောင်ဆက်စကူး နဲ့ ဇနီးတို့ အကြောင်းကို ဖတ်ပြီး အာဏာရှင်တို့ရဲ့ စရိုက် နဲ့ သဘောထားကို သိနိုင်ပါတယ်



“Merry Christmas” ပျော်ရွှင်ဖွယ် ခရစ္စမတ်နေ့ မှာမပျော်ရွှင်နိုင်ဘဲ မိမိတို့ ကျုးလွန်ခဲ့သော အကုသိုလ် အပြစ် များ ကြောင့် ၁၉၈၉ ခုနှစ်မှာ လင်မယား နှစ်ယောက်စလုံး သေဒဏ် စီရင်ခြင်းခံခဲ့ရသူတွေကတော့ ရိုမေးနီးယား အာဏာရှင်ကြီး ချောင်ဆက်စကူး (Nicolas Ceausescu) နဲ့ ဇနီးဖြစ်သူ အဲလ်လီနာ (Elena) တို့ဘဲ ဖြစ်ပါတယ်။

အာဏာရှင်ကြီး ချောင်ဆက်စကူး ဆိုသူဟာ ဘယ်သူလဲ။ သူဘာတွေ လုပ်ခဲ့သလဲ။ ပြည်သူက သူ့ကိုဘာကြောင့် ရွံ့ရှာမုန်းတီး နာကျည်းကြတာလဲ။ အထူးသဖြင့် အာဏာရှင်စနစ်ကို ရက် ပိုင်းအတွင်းဖြုတ်ချပြီး ဒီမိုကရေစီစနစ် ကိုပြောင်းလဲ ကျင့်သုံးနိုင်ခဲ့သော ရိုမေးနီးယားနိုင်ငံရေး ဖြစ်စဉ်တစ်ခုကို တင်ပြလိုခြင်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း နအဖ တပ်သားတစ်ဦး DKBA ဖမ်းမိ

၂၀၁၀ ခုနှစ် ဒီဇင်ဘာ(၃၀)ရက်။

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ဝေါ်လေ ဒေသတွင် ယမန်နေ့က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖ တပ် စကခ ၁၉ လက်အောက်ခံ ခြေလျင်တပ်ရင်း ခလရ ၂၉၉ တို့ တိုက်ပွဲငယ် ဖြစ်ပွားရာ နအဖ တပ်သား တဦးကို DKBA က ဖမ်းမိထားကြောင်း သိရသည်။ ယင်းဖမ်းမိ တပ်သားကို မသတ်ပစ်ဘဲ စစ်သုံ့ပန်း အနေနှင့် ထိန်းသိမ်း ထားမည်ဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်မှူးကြီး စောကျော်သက်က ပြောသည်။

နောက်ဆုံးရ သတင်းတိုများ _ ဧရာဝတီ

2010/12/30

ဒုက္ခသည်တွေ လုံခြုံမှုကင်းတဲ့အတွက် နေရပ်ရင်းကို မပြန်လို


ရွေးကောက်ပွဲအပြီး နိုဝင်ဘာလဆန်း ကတည်းက DKBA ကရင်ဗုဒ္ဓဘာသာ အဖွဲ့နဲ့ မြန်မာစစ်အစိုးရတို့ ကြားက တိုက်ပွဲတွေကြောင့် ထိုင်း၊ မြန်မာ နယ်စပ်ဘက်ကို ထွက်ပြေးလာခဲ့ကြတဲ့ တိုင်းရင်း ကရင် ဒုက္ခသည်တွေကို ထိုင်းအစိုးရက နေရပ်ရင်း ပြန်ပို့နေခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီ ဒုက္ခသည်တွေရဲ့ နေရပ်တွေမှာ မြန်မာစစ်တပ်ဘက်က တပ်စွဲထားပြီး ရွာသူရွာသားတွေရဲ့ ရိက္ခာတွေကိုလည်း ယူငင် စားသောက်နေတာကြောင့် ဒုက္ခသည်တွေဟာ နေရပ်ရင်းကို မပြန်ချင်ကြဘဲ ရှိနေပါတယ်။ ဒါကြောင့် ထိုင်းဘက်ကို ထွက်ပြေးလာကြတဲ့အခါ ဒုက္ခသည်တွေဟာ စခန်းတွေကို သွားကြရမယ့်အစား နီးစပ်ရာ နေရာတွေမှာ ပုန်းအောင်းနေကြရတယ်လို့ သိရပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မယ်လ ဒုက္ခသည် စခန်း၌ အတုဟုယူဆရသော ၅၀၀၀ တန်များ ဖမ်းမိ

အတုဟု ယူဆရသော ၅၀၀၀ ကျပ် တန် ငွေ စက္ကူများ(ဓာတ်ပုံ - ဧရာဝတီ)
28 December 2010

ထိုင်း-မြန်မာ နယ်စပ် မယ်လ ဒုက္ခသည် စခန်း၌ မြန်မာနိုင်ငံသား တဦးထံတွင် ကျပ်ငွေ သိန်း ၃၀ ခန့်ရှိ အတုဟု ယူဆ ရသော ၅၀၀၀ တန် ငွေစက္ကူများကို စခန်း အာဏာပိုင်များက ယမန်နေ့က ဖမ်းဆီး လိုက်သည်။

2010/12/28

ဒေါ်ခင်ကြည် ကွယ်လွန်မှု ၂၂ နှစ်မြောက် အမှတ်တရ


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကွယ်လွန်သူ မိခင်ကြီး၏ အုတ်ဂူတွင် ဂါရ၀ပြုနေစဉ်။ ဒီဇင်ဘာ ၂၇၊ ၂၀၁၀။

လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိခင်လည်းဖြစ်တဲ့ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တာ ဒီကနေ့ဆို ၂၂ နှစ် ရှိခဲ့ပါပြီ။ ဒီနှစ်ပတ်လည် အခမ်းအနားကို တက္ကသိုလ်ရိပ်သာလမ်းမှာရှိတဲ့ ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ သံဃာတွေကို နေ့ဆွမ်း ကပ်လှူခဲ့သလို ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေ အပြင် မိခင်ကြီး ဒေါ်ခင်ကြည်ရဲ့ အုတ်ဂူမှာလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ လွမ်းသူ့ပန်းခြင်းချ ဂါရ၀ပြု နှုတ်ဆက်တာတွေ ပြုလုပ်ခဲ့ပါတယ်။ ဒီသတင်း အပြည့်အစုံအပြင် ဒေါ်ခင်ကြည်ရဲ့ ဘ၀ဖြတ်သန်းမှု ပုံရိပ်တချို့ကို မသင်းသီရိက တင်ပြပေးထားပါတယ်။
လွတ်လပ်ရေး ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဇနီးလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိခင်လည်းဖြစ်တဲ့ ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့တာ ဒီနေ့ဆိုရင် ၂၂ နှစ်ပြည့်ပြီမို့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ သံဃာတော်တွေကို ဆွမ်းကပ်တဲ့ အလှူဒါနတွေ ပြုလုပ်ခဲ့သလို ဘာသာပေါင်းစုံ ဆုတောင်းပွဲတွေလည်း ပြုလုပ်ခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောပါတယ်။
ဘက်မလိုက် ကြားနေမူဝါဒဖြင့် ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးဆက်လက် အကောင်အထည်ဖော်မည်

UWSP ပါတီ ဒု အတွင်းရေးမှူး ရှောက်မင်လျဲန်
27 December 2010

ယခုလ ၂၀ ရက်မှ ၂၉ ရက်နေ့အထိ ကျင်းပနေသည့် ၀ ပြည်သွေးစည်း ညီညွှတ်ရေးပါတီ ခရိုင်အဆင့် ပါတီအတွင်းရေးမှူး၏ ညီလာခံ မိန့်ခွန်း အတိုင်း ဘက်မလိုက် ကြားနေ၀ါဒမူ အတိုင်းရပ်တည် သွားမည်ဖြစ်ပြီး ၀ ပြည်ဖွံ့ဖြိုး တိုးတက်ရေးကိုသာ လက်တွေ့ အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ၀ ခေါင်း ဆောင်ပိုင်းတဦးက သျှမ်းသံတော်ဆင့်အား ပြောပြသည်။

“၀ ပြည်အုပ်ချုပ်ရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ ဆွေးနွေးတယ်။ ရှေ့လုပ်ငန်းစဉ်တွေချတယ်။ ကိုယ့်ဒေသဖွံ့ဖြိုးတိုးတက်ရေး အဓိကထားလုပ်သွားမယ်။ အပြောထက် အလုပ်နဲ့သက်သေပြသွားမယ် ။ ရပ်တည်ချက် ၆ ချက်ကို အကောင်အထည် ဖော်သွားမယ်။ အရင်က တင်ပြခဲ့ဖူးတဲ့ ၉ ချက် ၈ ချက်တွေနဲ့ လုံးဝ ကွဲပြားသွားပါပြီ ” ဟု အစည်းအဝေး တက်ရောက်သူ ၀ ခေါင်းဆောင်တဦးက သျှမ်းသံတော်ဆင့်သို့ပြောပြသည်။
ဒုတိယ ပင်လုံညီလာခံဟာ ပြည်ထောင်စု ပြိုကွဲရေး မဟုတ်ဘူးလို့ ဦးဝင်တင်ပြော

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီဇင်ဘာ ၂၄ ရက်နေ့က ကျင်းပတဲ့ တပ်မတော် ဆေးတက္ကသိုလ် ဗိုလ်သင်တန်း ကျောင်းဆင်းပွဲမှာ ပြည်ထောင်စု ပြိုကွဲမယ့် စိတ်ကူးမှန်သမျှ မကြံစည် မိကြဖို့ သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်သွင်းပြောကြား သွားတာနဲ့ ပတ်သက်ပြီး အဓိက အတိုက်အခံ ပါအတီကြီး ဖြစ်တဲ့ NLD ပါတီက ပြည်ထောင်စုနဲ့ ပတ်သက်ပြီး ဒုတိယ ပင်လုံညီလာခံ ဆိုတာကို ပြောနေတာမို့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒါကို ရည်ညွန်း ပြောဆို သတိပေးတဲ့ သဘော ဖြစ်နေတယ်လို့ ယူဆရမလို ရှိပါတယ်။

ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဒီလိုပြောတာဟာ NLD ကပြောနေတဲ့ ဒုတိယ ပင်လုံညီလာခံ ဆိုတာကိုပဲ ရည်ညွန်းတယ်လို့ ယူဆမိလို့ ဒါကိုတော့ NLD အနေနဲ့ ပြန်လည် ရှင်းပြဖို့ လိုအပ်လိမ့်မယ် ထင်တဲ့အကြောင်း NLD ခေါင်းဆောင် ဦးဝင်းတင်က ပြောပါတယ်။

ဒုတိယ ပင်လုံဆိုတာ ပြည်ထောင်စု ပြိုကွဲရေး သဘောမဟုတ်တဲ့အကြောင်း ပထမ ပင်လုံဆိုတာ ပေါင်းစည်းမှုကို ကိုယ်စားပြုခဲ့လို့ ဒုတိယ ပင်လုံဆိုတာကလည်း ပေါင်းစည်းမှု အင်အားကြီးတခု ပေါ်ပေါက်လာနိုင်မယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးဝင်းတင်က ရှင်းပြပါတယ်။

ဒီမိုကရေစီ လိုလားတဲ့ အဖွဲ့အစည်းအချို့ကလည်း ဒုတိယ ပင်လုံညီလာခံ ကိစ္စဟာ အင်မတန် သိမ်မွေ့တဲ့ ကိစ္စဖြစ်ပြီး နှစ်ဦးနှစ်ဖက်ကြားမှာ နားလည်မှုတွေ ပိုလွဲနိုင်တယ်ဆိုပြီး ပြောနေတာတွေ ရှိပေမယ့် ဒီ ဒုတိယ ပင်လုံ ညီလာခံ လမ်းကြောင်းဟာ မှန်ကန်တဲ့ လမ်းကြောင်း တခုဖြစ်တယ်လို့ NLD အနေနဲ့ ယူဆတဲ့အကြောင်း ပြည်တွင်းစစ် ပြန်ဖြစ်လာမယ့် အနေအထားကို အခြေအနေတွေက ဦးတည်နေတာ အထင်အရှားဖြစ်လို့ NLD ရဲ့ ဒီလမ်းကြောင်းကို တိုင်းရင်းသား ခေါင်းဆောင်တွေက မီဒီယာတွေမှာ တွေ့ဆုံတဲ့အခါ ထောက်ခံတဲ့ သဘောပြောဆို နေကြတာကို ထောက်ရင် သူတို့လည်းပဲ ဒီလမ်းကြောင်းကို ထောက်ခံကြတယ်လို့ ပြောနိုင်တဲ့အကြောင်း ဦးဝင်းတင်က ဘီဘီစီ ကို ပြောပါတယ်။

သတင်းရင်းမြစ် _ ဘီဘီစီ

2010/12/27

O.K.O.J ဗဟိုအလုပ်အမှုဆောင်သစ် ရွေးချယ်တင်မြှောက်ပွဲအခမ်းအနား


၂၀၁၀ ဒီဇင်ဘာလ ၂၆



၂၀၁၀ ခုနှစ်မှာ လက်ရှိ ဗဟိုအလုပ် အမှုဆောင်သက်တမ်းကုန်ဆုံးပြီးဖြစ်၍ ၂၀၁၁. ၂၀၁၂ ဗဟိုအလုပ်အမှုဆောင် သစ် ရွေးချယ်တင်မြှောက်ပွဲ အခမ်းအနား ကို ဂျပန် နိုင်ငံ (တိုကျို) တခါဒါနိုဘာဘာ တွင် ညနေ ၃ နာရီ မှ ၆ နာရီထိ ကျင်ပခဲ့သည်။ ထိုအခမ်းအနားတွင် အဖွဲ့ ဝင် အသင်းသူ၊ အသင်းသား များစုံညီစွာ တက်ရောက်ကြပြီး ဧည့်သည်တော်များ ဖြစ်ကြသော KNU-Japan. KNL-Japan.KNC-Japan အဖွဲ့ များမှ တာဝန်ရှိသူများမှ လာရောက်ပူးပေါင်း အားပေးကူညီလုပ်ဆောင်ကြသည်။

သတင်း မှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ (KNU-Japan)

လေယဉ်တင်သင်္ဘောနဲ့ ပထ၀ီပါဝါချဲ့မယ့် တရုတ်


တရုတ်နဲ့ပတ်သက်ရင် များသောအား ဖြင့် မြန်မာ၊ မြောက်ကိုရီယား၊ ဆူဒန် လို အာဏာရှင် နိုင်ငံတွေကို နောက်က မြှောက်ပေးနေတဲ့ အကြောင်းသာ ပြောကြသည်။ တရုတ်ပထ၀ီနဲ့ တရုတ် မြေပုံအကြောင်း သိပ်ပြောဆိုမှု မရှိလှ။
ရုရှားက ကမ္ဘာ့အရှေ့ခြမ်းမှ အေးခဲတဲ့ အာတိတ် ဇုံ အများစုကို စိုးမိုးထားသည်။ တရုတ်က တွင်းထွက်နဲ့ လောင်စာစွမ်းအင်သိုက်ရှိရာ သမ နွေးပိုင်း ဗဟိုအာရှကို ထိန်းချုပ်ထားသည်။ နောက် အိန္ဒိယပင်လယ်က အပူပိုင်းဇုံ မျက်နှာစာ မိုင် ၉၀၀၀ ကျော်ကိုလည်း ရရှိထားသည်။
တရုတ်ရဲ့ အဓိကပါဝါက ၁.၂ ဘီလီယံရှိ လုပ် သားအင်အားစု၊ ကုန်သွယ်ရေး၊ ကော်ပိုရေးရှင်း၊ ကွန်ဖျုးရှပ် စီမံခန့်ခွဲမှုတို့မျှ မဟုတ်။ ဩဇာလွှမ်းဖို့ တနံတလျား ချဲ့ကားလာတဲ့ နယ်နမိတ်ဇုံများ အပေါ် အများကြီး ပိုတည်လာသည်။ ရုရှား အရှေ့ဖက်စွန်း၊ မွန်ဂိုလီယား၊ ဗဟိုအာရှ၊ အရှေ့တောင်အာရှ တို့အထိ သူ့ပထ၀ီလက်တံ ဖြန့်ကျက်ထားသည်။ အိန္ဒိယပင်လယ်တလျှောက် ဆိပ်ကမ်းတွေ တည်ဆောက်နေသည်။ တောင်တရုတ်ပင်လယ်နဲ့ အရှေ့တရုတ် ပင်လယ်ကို ထိန်းချုပ်နိုင်ဖို့ ခေတ်မှီရေတပ်ကို ပြင်ဆင်နေသည်။

စစ်ပြေးဒုက္ခသည်များကို ဆေးစစ်၊ တိုက်ပွဲများ ဆက်ဖြစ်ဆဲ

25 December 2010

နယ်စပ်တိုက်ပွဲ များကြောင့် ထိုင်းနိုင်ငံဘက်သို့ ထွက်ပြေး တိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည် ၂၀၀ ကျော်ကို ထိုင်းဒေသခံ ရွာသားများက ကူးစက်ရောဂါပိုးများ ပါရှိနိုင်သည်ဟူသော အကြောင်းပြချက်ဖြင့် မြန်မာဘက်သို့ ပြန်ပို့ရန် တောင်းဆိုကြောင်း သိရသည်။

စစ်ပြေးဒုက္ခသည်များသည် ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အတွင်းရှိ ဝေါ်လေဒေသတွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) နှင့် နအဖတပ်များ အကြား ယခင်လ ဆန်းပိုင်းမှ စတင်ဖြစ်ပွားနေသည့် ရက်ရှည်တိုက်ပွဲများကြောင့် ထွက်ပြေးလာသူများ ဖြစ်သည်။

စစ်အစိုးရကို ဆက်လက်တိုက်ပွဲဝင်ဖို့ KNU ဆုံးဖြတ်

ကရင် အမျိုးသားအစည်းအရုံး (KNU) အခမ်းအနားတခုတွင် စစ်ရေးပြနေသော ကရင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ ဖြစ်ပါသည်။ (Photo: AFP)
2010-12-25

မကြာသေးခင်က ကျင်းပခဲ့တဲ့ KNU ထိပ်ပိုင်းခေါင်းဆောင်တွေရဲ့ နှစ်ပတ် လည် အစည်းအဝေးမှာ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ ညီညွတ်ရေး၊ ကရင်ပြည်နယ်အတွင်း စစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရပ်စဲရေးကိစ္စတွေ ဆွေးနွေးခဲ့သလို၊ နိုင်ငံရေးအကျဉ်းသားအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေးအတွက် စစ်အစိုးရကို တိုက်ပွဲဝင် ဖိအားပေးဖို့ ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

ဒီအစည်းအဝေးမှာ ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးဆိုင်ရာ သုံးသပ်ချက်တခုကို KNU ဒုဥက္ကဋ္ဌ ဖဒို ဒေးဗစ်တာကပေါ က RFA ကို အခုလို ပြောပါတယ်။

2010/12/26

နအဖ တပ်က စခန်းကာရန် သစ်၊ ၀ါးတောင်းခံ

ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်အတွင်းရှိ နအဖတပ်က ၎င်းတို့၏ တပ်စခန်း ကာရံရေးအတွက် တရွာလျှင် ရာနှင့်ချီသည့် သစ်ချောင်းများနှင့် ၀ါးချောင်းများကို ကျေးရွာ ၅ရွာမှ အဓမ္မ တောင်းခံခဲ့ရာ ရွာသူရွာသားများက ဒီဇင်ဘာလ ၂၄ရက်နေ့က သွားရောက်ပို့ပေးခဲ့ရသည်ဟု သိရသည်။
နအဖ ခလရ(၆၂)မှ စစ်ကြောင်းမှူး ဗိုလ်မှူးကိုကိုဆင့်သည် ကမာခို့တပ်စခန်းကို ကာရံရန် ၅လက်မပတ်လည်၊ အရှည် ၅တောင်ရှိသည့် သစ်ချောင်းနှင့် ၅လက်မပတ်လည်၊ အရှည် ၁၀တောင်ရှိသည့် ၀ါးချောင်းများကို တရေဖိုးကွီး၊ မဲ့တမူး၊ တမား ထာ၊ ထီးသဘလူးထာ့နှင့် ကျော်သလေးခို့ရွာများမှ ဒီဇင်ဘာလ ၂၂ရက်နေ့က တောင်းယူခဲ့ခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
“ဗိုလ်မှူးကိုကိုဆင့်က မိုးပျံစခန်းအနားက သူတို့ရဲ့ ကမာခို့စခန်း ကာဖို့အတွက် သစ်နဲ့ ၀ါးချောင်းတွေကို ဒီဇင်ဘာလ ၂၂ရက် နေ့က တောင်းတယ်လေ။ တရေဖိုးကွီးရွာက သစ် ၈၀၀၊ ၀ါး ၂၀။ မဲ့တမူးရွာက သစ်ချောင်း ၈၀၀၊ ၀ါးချောင်း ၂၀။ ကမားထာရွာ က သစ်ချောင်း ၆၀၀၊ ၀ါးချောင်း ၂၀။ ထီးသဘလူးထာ့ရွာက သစ် ၆၀၀၊ ၀ါး ၂၀နဲ့ ကျော်သလေးခို့ရွာက သစ် ၅၀၀၊ ၀ါး ၂၀ ချောင်းကို ၂၄ရက်နေ့အရောက်ပေးရမယ်ဆိုလို့ သွားပေးလိုက်ပြီးပြီ။”ဟု ဆိုသည်။
သို့သော် တပ်စခန်း ကာရံဆောက်လုပ်ရေးတွင် အဆိုပါကျေးရွာများမှ ရွာသူရွာသားများအား ယနေ့အထိ လုပ်အားပေး ခေါ်ယူ ခိုင်းစေခြင်း မရှိသေးကြောင်း သိရသည်။
ခလရ(၆၂)တပ်ရင်းသည် လှိုင်းဘွဲမြို့နယ်အတွင်းရှိ မာနယ်ပလောဂွင်၌ စစ်ရေးလှုပ်ရှားနေသည့် နအဖ အရှေ့တောင်တိုင်းစစ် ဌာနချုပ်(ရတခ) လက်အောက်ခံတပ်ရင်းများအနက် တရင်းဖြစ်သည်။

ကေအဲန်ယူ၏ စောင့်ကြိုတိုက်ခိုက် မှုကြောင့် ရက်ပိုင်းအတွင်း နအဖ နှင့် BGF ကျဆုံးထိခိုက်မှုရှိ

Sat, 25/12/10 – 6:36

ဒီဇင်ဘာလ ၂၅ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)

လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလောဒေသတွင် ယခု ရက်ပိုင်းအတွင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်ဖွဲ့ KNLA ၏ စောင့် ကြိုတိုက်ခိုက်မှုကြောင့် နအဖ ခလရ(၁၀၆)တပ်ဖွဲ့မှ ကျဆုံးပြီး နယ်ခြားစောင့်တပ် BGF မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း ကေအဲန်ယူ တပ်မဟာ(၇)က ပြောသည်။

ဒီကေဘီအေနှင့် ပစ်ခတ်မှုတွင် နအဖဘက်မှ ထိခိုက်သေဆုံးမှု များပြားနေ

Sat, 25/12/10 – 5:05

ဒီဇင်ဘာလ ၂၅ရက်။ စောသိန်းမြင့် (ကေအိုင်စီ)

ကရင်ပြည်နယ် မြ၀တီခရိုင် ဝေါ်လေဂွင် ဖလူးလေးကျေးရွာရှိ နအဖတပ်ဖွဲ့အား ယမန်နေ့မနက်က ဒီကေဘီအေ တပ်မဟာ(၅)တပ်ဖွဲ့ဝင်များ သွားရောက်ပစ်ခတ်ခဲ့ရာ နအဖဘက်က ၆ဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။


ဖာပွန်မြို့နယ်အခြေစိုက် နယ်ခြားစောင့်တပ်ရင်းတရင်း မာနယ်ပလောဒေသသို့ စစ်ကူအဖြစ်သွား

Sat, 25/12/10 – 5:04

ဒီဇင်ဘာလ ၂၅ရက်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဒွယ်လိုးမြို့နယ် ကတိုင်တိ(ကတဲတိ)ကျေးရွာအုပ်စုတွင် အခြေစိုက် လှုပ်ရှားနေသည့် အင်အား ၂၀၀၀န်းကျင် ရှိ နယ်ခြားစောင့်တပ်(BGF) (၁၀၁၄)တပ်ရင်းသည် ယွန်းစလင်းချောင်း အရှေ့ဘက်ခြမ်းကို ဖြတ်ကူး၍ မာနယ်ပလောဒေသ သို့ စစ်ကူအဖြစ် ယမန်နေ့က စတင် ထွက်ခွာသွားသည်ဟု သိရသည်။

2010/12/23

မာနယ်ပလောတွင် KNU နှင့် စစ်အစိုးရ တိုက်ပွဲဖြစ်

22 December 2010 18:17 .


စစ်အစိုးရတပ်နှင့် ကရင်အမျိုးသား အစည်းအရုံ (KNU )တပ်ဖွဲ့ဝင်များ ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ် အတွင်းရှိ မာနယ်ပလော ဒေသတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွားလျက် ရှိကြောင်း KNU တာဝန်ရှိသူများက ပြောသည်။

မာနယ်ပလောဒေသတွင် ယနေ့ နံနက် ၇ နာရီခန့်က ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) တပ်ရင်း ၂၀၂ တပ်ဖွဲ့ဝင်များနှင့် နအဖ ခြေမြန်တပ်ရင်း(ခမရ) ၆၁ တပ်ဖွဲ့ဝင်များသည် ပြောက်ကျား တိုက်ပွဲငယ်များ ဖြစ်ပွားခဲ့ကြောင်း KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။

ယင်း တိုက်ပွဲတွင် ဒဏ်ရာရ ကျဆုံးမှု ရှိကြောင်းလည်း သိရသည်။

မာနယ်ပလော ဒေသတွင် KNLA တပ်မဟာ ၅ နှင့် တပ်မဟာ ၇ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လှုပ်ရှားနေ သကဲ့သို့ နအဖ ၏ ခြေ မြန် တပ်ရင်း(ခမရ) ၃၃၈ မှ တပ်ဖွဲ့ဝင်များနှင့် ကြယ်ပြောင်ကုန်း အခြေစိုက် နအဖ စစ်မြေပြင် အင်ဂျင်နီယာ တပ်ဖွဲ့ အမှတ် (၉၁၃) တပ်ဖွဲ့ဝင်များ လှုပ်ရှားနေကြောင်း သိရသည်။

KNU ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောကို ၁၉၉၄ ခုနှစ်ကုန်ပိုင်းက ဖြစ်ပွားခဲ့သည့် ခွဲထွက် DKBA နှင့် နအဖ ပူးပေါင်း တပ်များ၏ တိုက်ခိုက်ခြင်းခံရပြီး ၁၉၉၅ ခုနှစ် ဖေဖေါ်ဝါရီလတွင် နအဖ လက်အောက်သို့ ကျရောက်ခဲ့သည်။

ပြီးခဲ့သည့် တနင်္ဂနွေနေ့ကလည်း ကရင်ပြည်နယ် မြ၀တီတောင်ဘက်ရှိ ဖလူးကျေးရွာ ဒေသတ၀ိုက်တွင် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) နှင့် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ် ရင်း (ခမရ) ၅၄၇ တပ်များ တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

တိုက်ပွဲတွင် နအဖ ဘက်မှ ၇ ဦး ကျဆုံး၍ ၁၃ ဦးခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦးကျဆုံး၍ တပ်မှူး ၁ ဦး အပါအ၀င် ၅ ဦး ခန့် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

နိုဝင်ဘာလ ၇ ရက်နေ့က ရွေးကောက်ပွဲ ကျင်းပနေစဉ် မြ၀တီမြို့နယ် အပါအ၀င် ဘုရားသုံးဆူမြို့နှင့် ကြာအင်းဆိပ်ကြီးမြို့ နယ်များတွင် စစ်အစိုးရတပ်နှင့် DKBA တပ်မဟာ ၅ တို့ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ပြီးနောက် နေ့စဉ်နီးပါး တိုက်ပွဲများ ဆက်တိုက် ဖြစ်ပွားလျက်ရှိသည်။

တိုက်ပွဲများသည် ကရင်ပြည်နယ် မြ၀တီနှင့် ကော့ကရိတ်မြို့နယ်ရှိ ဝေါ်လေ၊ ဖလူး၊ မင်းလက်ပံ၊ မေတ္တာလင်းမြိုင် စသည့် ကျေးရွာ ဒေသများ ကဲ့သို့ ယခုအခါ မာနယ်ပလော ဒေသများတွင်လည်း ဖြစ်ပွားနေခြင်း ဖြစ်သည်။

သတင်းရင်းမြစ် _ ဧရာဝတီ

တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ်

ကန့် ကွက်ကြောင်း။

Wednesday, December 22, 2010

တိုင်းရင်းသားဒေသများတွင် နအဖမှ ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းအပေါ် ကန့် ကွက်ကြောင်း ဗမာနိုင်ငံဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူများတပ်ပေါင်းစုမှ ကြေညာလိုက်သည်နှင့်အတူ ရန်ကုန်တိုင်းနှင့် ပဲခူးတိုင်းရှိ မြို့ နယ်ပေါင်း (၂၀) ကျော်တွင် အောက်ဖေါ်ပြပါ စာရွက်များအား ဖြန့် ဝေခဲ့ကြပါသည်။

Copy from _ niknayman
ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆှိုဆန္ဒပြပွဲ (တိုကျို)


၂၀၁၀ ခုနှစ် ဒီဇင်ဘာလ(၂၁)ရက်။

နအဖ စစ်အုပ်စု၏ တရားဥပဒေမဲ့ လုပ်ဆောင်နေမှုများကို ဆန့်ကျင်လှုပ်ရှားသည့် ဆန္ဒပြပွဲနှင့် မတရား ဖမ်းဆီးခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး အပါအ၀င် တိုင်းရင်းသား ခေါင်းဆောင်များ နှင့်နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့ ၌ ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဒီဇင်ဘာလ(၂၁)ရက်နေ့  နေလည် ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ကိုမင်းကိုနိုင် အပါအ၀င် ကျောင်းသား ခေါင်းဆောင်များ ၂၀၀၇ ခုနှစ် သြဂုတ်လ ၂၁ ရက်နေ့တွင် ဒုတိယအကြိမ်မြောက် မတရား အဖမ်းဆီးခံကြရသည့် လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ် လာခဲ့တာဖြစ်ပါသည်။ အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် တောင်းဆိုသည့် ဆန္ဒပြ လှုပ်ရှားမှုများကို ဆက်လက် လုပ်ဆောင်သွားကြမည် ဖြစ်ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
ကိုနေဇော်နိုင်ရဲ့ ကျွန်တော် ဆွဲ့မိသော တံခါးများ။

နအဖ တရားမျှတမှုမရှိတဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပြည်သူတွေကို မတရားပြုလုပ်ပုံ ပြည်သူတွေရဲ့ ရင်ဖွင့်သံကို ဖော်ပြထားပါတယ်......

2010/12/21

လူထုအခြေပြု အဖွဲ့များ၏ လိုအပ်ချက် ဒေါ်အောင်ဆန်းစုကြည် ကူညီနိုင်မည် မျှော်လင့်


ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လူထုအခြေပြု လူမှုရေး အဖွဲ့အစည်း (Community Based Organization - CBO) များ၏ လိုအပ်ချက်များကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ၎င်းအဖွဲ့အစည်းများမှ လူငယ်များက ပြောသည်။

ကမ္ဘာ့ AIDS နေ့က NLD ရုံးချုပ်တွင် ဝေဒနာရှင်ကလေးများကြားတွင် ဒေါ်အောင်ဆန်းစုကြည် ကို ဤသို့ တွေ့ရသည် (ဓာတ်ပုံ - Getty Images)
ဒေါ်အောင်ဆန်းစုကြည်သည် လူငယ်များ ဦးဆောင် ပါဝင်သည့် လူမှုရေး အဖွဲ့ အစည်းများနှင့် မကြာမီ တွေ့ဆုံ သွား လိမ့်မည် ဖြစ်ကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ခေါင်းဆောင် တဦးဖြစ်သည့် ဦးအုံးကြိုင်က ဆိုသည်။

ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း မြို့နယ်တွင် ဖွဲ့စည်းထားသည့် The Green One သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး အဖွဲ့မှ ကိုပြည့်စုံထက်က “ဒေါ်အောင်ဆန်းစုကြည် လွတ်လာ ပြီးနောက် လူမှုရေးနဲ့ နိုင်ငံရေး ခွဲခြားလို့မရဘူး၊ အဖွဲ့ချုပ် သည်လည်း လူမှုရေး လုပ်ငန်းတွေကို ဆက်ပြီး အရှိန်မြှင့် လုပ်ကိုင်သွားမယ် ဆိုပြီး ပြောလာတော့ ကျနော်တို့ အဖွဲ့အနေနဲ့ အားတက်မိ တာပေါ့။ နောက်ပိုင်း မှာ ကျနော်တို့ အဖွဲ့အနေနဲ့ သူတို့နဲ့ ချိတ်ဆက်ပြီး လုပ်ရမှာ တွေလည်း ရှိကောင်း ရှိလာ နိုင်တယ်လေ” ဟု ဧရာဝတီသို့ ပြောသည်။
စစ်အစိုးရနှင့် DKBA တိုက်ပွဲထပ်ဖြစ်၊ ၈ ဦး ကျဆုံး


နအဖ စစ်တပ်နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) တပ်ဖွဲ့ဝင်များနှင့် ယမန်နေ့က တိုက်ပွဲ ဖြစ်ပွားခဲ့ရာ နအဖ ဘက် မှ ၇ ဦး ကျဆုံး၍ ၁၃ ဦးခန့် ဒဏ်ရာရရှိပြီး DKBA က ၁ ဦး ကျဆုံး၍ တပ်မှူး တဦး အပါအ၀င် ၅ ဦးခန့် ဒဏ်ရာရရှိ သွားကြောင်း သိရှိရသည်။

DKBA-dec-20-2010
မကြာသေးမီ ရက်ပိုင်းက နအဖ တပ်မှ သိမ်းဆည်းရမိသော လက်နက်ကြီး ကျည်များနှင့်အတူ တွေ့ရသည့် ဖလူးစခန်းရှိ DKBA တပ်မဟာ (၅) မှ တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ကရင်ပြည်နယ် မြ၀တီမြို့နယ် တောင်ဘက်ရှိ ဖလူးကျေးရွာ ဒေသတ၀ိုက်တွင် နအဖ၏ အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ) ၅၄၇ တပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု DKBA တပ်မဟာ ၅ မှ ဗိုလ်ကြီး စောသရီးထူးက ဧရာဝတီသို့ ပြောသည်။

ယမန်နေ့ နံနက် ၉ နာရီ ခန့်က ဖလူး ကျေးရွာထိပ်ရှိ နအဖ တပ်စွဲထားသည့် တောင်ကုန်း တခုကို သိမ်းယူရရှိရန် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ ပူးပေါင်း ပါဝင်မှုဖြင့် DKBA တပ်ဖွဲ့ဝင်များ က တိုက်ခိုက်ခြင်း ဖြစ်ပြီး နှစ်ဘက် တပ်များ ပြန်လည် ဆုတ်ခွာခဲ့ ကြကြောင်း၊ တိုက်ပွဲ ဖြစ်ပွားချိန်မှာ နံနက် ၉ နာရီမှ ၁၁ နာရီ ခန့်အထိ ဖြစ်ကြောင်း၊ ယနေ့တွင် နအဖ တပ် (ခမရ) ၅၄၇ တပ် နေရာ၌ (ခမရ) ၃၀၆ တပ်ကို အစားထိုး ပြောင်းလဲ ထားကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် ရုပ်သံ တွင် ကြော်ငြာ ထည့်ချင် သူများပြား

The Lady ဇာတ်ကား တွင် ဒေါ်အောင်ဆန်းစုကြည်အဖြစ် သရုပ်ဆောင် သည် မစ်ချယ်ယိုး ဓာတ်ပုံ - Guardian

သီရိထက် ၊ ၊အင်တာနက် ဗီဒီယို ဆိုတ် တစ်ခု ဖြစ်သည့် ယူတု တွင် တင်ထား သော ဗီဒီယို များ အနက်လေဒီဂါဂါ ၊ ရီဟာနာ ၊ ဂျပ်စတင် ဘီဘာတို့ ကဲ့သို့ ပင် ဒေါ်အောင်ဆန်းစုကြည် ဗီဒီယိုများ တွင်လည်း ကြောငြာ ထည့်ချင် သူများပြား ကြောင်း အမေရိကန် နိုင်ငံ တွင် အခြေစိုက်သည့် ယူတု ရုပ်သံ မှ ကြော်ငြာဌာန တာဝန်ခံ ဒေးဗစ် လီမွန် က Freedom News Group သို့ ပြောသည်။

ထိုင်းနယ်စပ် နအဖလှုပ်ရှားစစ်ကြောင်းအား သျှမ်းပြည်တပ်မတော်က ခြုံခိုတိုက်ခိုက်

သျှမ်းပြည်တပ်မတော်သားများ
20 December 2010

အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်စခန်းအား နအဖစစ်တပ်က အလစ်တိုက်ခိုက်နေချိန်တွင် သျှမ်းပြည် တပ်မတော်က နအဖ နယ်လှည့် စစ်ကြောင်း အား သျှမ်းပြည်အရှေ့ပိုင်း၌ ခြုံခို တိုက်ခိုက်ခဲ့ကြောင်း နယ်စပ် သတင်း ရပ်ကွက်ကဆိုပါ သည်။

2010/12/20

မြန်မာ့ တပ်မတော် ကြည်၊ရေ၊လေ စစ်သည်များသို့ ပန်ကြားလွှာ
Request
သတင်းရင်းမြစ် _ ဒီဗီဘီ သတင်း
ကလေးအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားများ ကျန်မာရေးဆိုးဝါး

2010-12-18

စစ်ကိုင်းတိုင်း ကလေးမြို့ အကျဉ်းထောင်မှာ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ဦးဆောင်ဆရာတော် တပါးဖြစ်တဲ့ အရှင်ဂန္ဘီရ ကျန်းမာရေး အခြေအနေ ဆိုးဝါးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံရေးအကျဉ်းသား ကိုနိုင်လင်းဟာလည်း သွေးသွင်း ကုသနေရကြောင်း ကလေးမြို့ အကျဉ်းထောင်ကနေ မနေ့က လွတ်မြောက်လာတဲ့ ဦးရောဘတ်ဆန်းအောင်က အာအက်ဖ်အေကို ပြောပါတယ်။

“ကလေးထောင်မှာ ဆရာတော် ဦးဂန္ဘီရ ကျန်းမာရေးအခြေအနေ အလွန် ဆိုးဝါးနေတယ်။ ငှက်ဖျားရောဂါ အပြင်းအထန် ပြန် ဖြစ်နေတယ်။ ဆေးဝါး လုံလောက်မှု မရှိဘူး။ နောက်တယောက် ဖြစ်တဲ့ ကိုနိုင်လင်း၊ သွေးကင်ဆာ သဘောမျိုး ဖြစ်နေတယ်။ သွေးသွင်းပေးနေရတဲ့ ဘဝ ရောက်နေတယ်။ ကျန်းမာရေး အလွန် ဆိုးဝါးနေတယ်။ ဆေးဝါးကုသမှု အပိုင်းမှာ အလွန်အား နည်းနေတယ်”

ဒါ့အပြင် ကလေးမြို့ အကျဉ်းထောင်ဝန်ထမ်းတွေဟာ အကျဉ်းသားတွေဆီက ငွေညှစ်တာတွေ၊ မတရား အမှုတွေ လုပ်ဆောင်ပြီး ငွေမရရင် ရိုက်နှက် တောင်းယူနေတယ်လို့ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

အဖမ်းဆီးမခံရခင်က ရှေ့နေတဦး ဖြစ်ခဲ့တဲ့ ဦးရောဘတ်ဆန်းအောင်ဟာ ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ပွဲကို သွားရောက် တက်ရောက်စဉ်မှာ အာဏာပိုင်တွေက ၀ိုင်းဝန်း ရိုက်နှက်တာ ခံခဲ့ရပြီး ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ် ခံခဲ့ရတာ ဖြစ်ပါတယ်။

Copy from _ rfa.org/

2010/12/16

ဗိုလ်ချုပ်မှူးကြီးကို ထုံပေပေဟု လီကွမ်ယု ပြော


ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် ထိပ်ပိုင်း စစ်ခေါင်းဆောင်များသည် “မိုက်မဲသောသူများ”၊ “ထုံပေပေ နိုင်သောသူများ” ဖြစ်သည်ဟု စင်ကာပူနိုင်ငံ၏ သြဇာတိက္ကမကြီးသော နိုင်ငံရေးခေါင်းဆောင် လီကွမ်ယုက ပြောကြောင်း ၀ီကီလိစ်က ပေါက်ကြားသည့် လျှို့ဝှက်စာတစောင်တွင် ဖော်ပြလိုက်သည်။

SM_Myanmar_LHZB_10Jun091
၂၀၀၉ ခုနှစ် ဇွန်လက နေပြည်တော်၌ စင်ကာပူ ဝါရင့်ဝန်ကြီး ဂိုချုပ်တောင်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့ တွေ့ဆုံကြစဉ် (ဓာတ်ပုံ - Lianhe Zaobao)
၂၀၀၇ ခုနှစ်က အမေရိကန်အစိုးရ အရာရှိများနှင့် မစ္စတာ လီကွမ်ယုတို့ တွေ့ဆုံ ရာတွင် ယင်းသို့ ပြောကြောင်း အမေရိကန် သံတမန် လျှို့ဝှက်ပေးစာတွင် ရေးသားထားခြင်းဖြစ်သည်။

မြန်မာစစ်ခေါင်းဆောင်များနှင့် ဆက်ဆံ ရခြင်းမှာ “လူသေများနှင့် စကားပြော ရသလိုပဲ” ဟုလည်း မစ္စတာလီကွမ်ယုက ပြောထားသည်။

တရုတ်အစိုးရသည်မြန်မာစစ်ခေါင်းဆောင်များ အပေါ် သြဇာလွှမ်းမိုးမှု အရှိဆုံးဖြစ်ကြောင်း၊ အခြား တဖက်တွင်လည်း မြန်မာနိုင်ငံ တည်ငြိမ်မှုမရှိလျှင် ၎င်း၏ ရင်းနှီးမြုပ်နှံမှုများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်နေကြောင်း မစ္စတာ လီကွမ်ယုက ပြောကြောင်း စင်ကာပူဆိုင်ရာ အမေရိကန်သံအမတ်ကြီး ပက်ထရစ်ရှာ ဟာဘိုးလ် (Patricia L. Herbold) က အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနထံ ပေးပို့သည့်စာတွင် ဖော်ပြထားသည်။

လက်နက်ချ ဒီကေဘီအေ တပ်မှူးအချို့ စစ်အစိုးရ အရေးယူ ခံရနိုင်သည်ဟု သတင်းထွက်ပေါ်

စာလားဘွယ် (ခေါ်) ဗိုလ်မှူးချုပ် နှုတ်ခမ်းမွေး

ယခု ရက်ပိုင်းအတွင်း စစ်အစိုးရထံ လက်နက်ချ အညံ့ခံခဲ့ကြသည့် ဒီကေဘီအေ တပ်မှူးအချို့ အရေးယူ ခံရနိုင်သည်ဟု ယင်းအဖွဲ့အစည်းနှင့် နီးစပ်သည့် ကရင် အမျိုးသားတစ်ဦးက ပြောသည်။

“လက်နက်ချ တပ်မှူးတချို့ကို အရှေ့တောင်တိုင်းက ခေါ်ထားတယ်၊ အခြေအနေ သိပ်မကောင်းဘူးလို့ ပြောနေကြတယ်” ဟု အဆိုပါ ကရင်အမျိုးသားက ပြောသည်။
ဒေါ်အောင်ဆန်းစုကြည်နဲ့ အမေရိကန် ကျောင်းသားများ အမေးအဖြေ


Aung San Suu Kyi Speaks with US students from Peter Serko on Vimeo.

ဒီဇင်ဘာ ၁၀ ရက်နေ့က ဝါရှင်တန် Vashon Island အထက်တန်းကျောင်းက ကျောင်းသား ကျောင်းသူတွေ ဒေါ်အောင်ဆန်းစုကြည်ကို ဖုန်းကနေတဆင့် သူတို့သိချင်တာတွေကို မေးခဲ့ကြပါတယ်။ ကျောင်းသား ကျောင်းသူတွေ မေးသမျှကို ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၂၀ ကြာ ဖြေကြားပေးပါတယ်။

မိုဘိုင်းဖုန်းကို စပီကာနဲ့တွဲပြီး ကျောင်းသား၊ ကျောင်းသူတွေ တယောက်တလှည့် မေးကြပါတယ်။ အဲဒီလို မေးမြန်းတာကိုလည်း ဗီဒီယိုနဲ့ မှတ်တမ်းတင်ထားပါတယ်။ ဗီဒီယိုမှတ်တမ်းတင်မှု အစပိုင်းမှာ ဦးဆောင်သူ ကျောင်းသူ နှစ်ဦးက နောက်ခံနဲ့ သူတို့ ခံစားမှုတွေကို ပြောသွားပါတယ်။

ကျောင်းသား ကျောင်းသူတွေ မေးမြန်းသွားတာမှာ ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျနေစဉ် နေ့စဉ် လှုပ်ရှားမှု၊ လွတ်မြောက်ပြီး ဒီမိုကရေစီအရေး ဆောင်ရွက်မှု၊ တိုင်းရင်းသားအရေး၊ အမေရိကန်ရောက် ဒုက္ခသည်များကိစ္စ၊ မိသားစု တကွဲတပြားစီ ဖြစ်ရတဲ့အပေါ် ခံစားချက်၊ ဒီလိုထူးခြား ပြောင်မြောက်တဲ့ အလုပ်တွေကို လုပ်ကိုင်ဖို့ ဘယ်လို တွန်းအားတွေ ရလာသလဲ၊ ဘားမားနဲ့ မြန်မာ အသုံးအနှုန်း မေးခွန်း တွေအထိ ပါဝင်ပါတယ်။

Copy from _ irrawaddyblog.com

ဒု-ပင်လုံညီလာခံ၊ ဒေါ်စုနှင့်အပြန် အလှန်မေးဖြေ


ဒေါ်အောင်ဆန်းစုကြည် ( ဓါတ်ပုံ- www.rfa.org/burmese )
15 December 2010

သျှမ်းတေးသံရှင် ဆခဟဟာ တော်လှန်ရေးသမား တယောက်ဖြစ်သလို လက်ရှိမှာ သျှမ်းသံတော်ဆင့် သတင်းစဉ်ရဲ့ လက်ထောက် အယ်ဒီတာလဲဖြစ်ပါတယ်။ သူ့ရဲ့ ဒေါ်စုလွတ်လပ်မှုသင်္ကေတ ဆိုတဲ့သီချင်းကို ဒီရက်ပိုင်းမှာ RFA ကနေ မကြာခဏ ထုတ်လွှင့် ပေးတာ သောတရှင်များ မှတ်မိကြမှာပါ။


ဒေါ်စုအတွက် သျှမ်းတော်လှန်ရေးသမားတယောက်ရဲ့မေးခွန်းက ဒီလိုပါ။

2010/12/15

ပြည်တွင်းမီဒီယာများ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံမေးမြန်းခန်း ဖော်ပြရန် စီစဉ်


ပြည်သူ့ခေတ် ဂျာနယ်နှင့် ဗီးနပ်စ် ဂျာနယ်တို့က “တွေ့ဆုံမေးမြန်းခန်း” ထည့်သွင်းဖော်ပြရန် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရုံးချုပ်၌ ယနေ့တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် သွားရောက် တွေ့ဆုံကြောင်း သတင်းရရှိသည်။

journals-dec-14-2010အဆိုပါဂျာနယ် နှစ်စောင်အား ဒေါ်အောင်ဆန်းစုကြည်က မိနစ် ၃၀ ခန့် တွေ့ဆုံမေးမြန်းခွင့် ပေးခဲ့ကြောင်း၊ ဂျာနယ် အတော်များများလည်း တွေ့ဆုံခွင့် တောင်းထားကြောင်း NLD ပါတီ ခေါင်းဆောင်တဦး ဖြစ်သည့် ဦးအုန်းကြိုင်က ဧရာဝတီသို့ ပြောသည်။

“ဂျာနယ်မှာ ထည့်ဖို့ အင်တာဗျူး တောင်းတာပါ။ သူတို့ တွေ့ခွင့် တောင်းထားတာ ကြာပါပြီ။ ဒီစာစောင် ၂ စောင်ကို အခု စတွေ့တာပါ” ဟု ဦးအုန်းကြိုင်က ဆိုသည်။

စစ်အစိုးရက ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၃ ရက်နေ့ ညနေ ၅ နာရီ ၁၅ မိနစ်ခန့်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်မှ လွှတ်ပေးခဲ့သည်၊၊

ပြည်တွင်းပြည်ပမှ မီဒီယာများသည် ဒေါ်အောင်ဆန်းစုကြည် မလွတ်မြောက်မီကတည်းကပင် ၎င်း၏ နေအိမ်ရှေ့နှင့် NLD အဖွဲ့ချုပ်ရုံးရှေ့တွင် ရာဂဏန်းခန့် စုရုံးကာ သတင်းယူရန် စောင့်စားခဲ့ကြသည်။

စစ်တပ်က မီးရှို့မည်ဆို၍ ရွာခံများ တိမ်းရှောင်ရ


ကရင်ပြည်နယ် ဘုရားသုံးဆူ မြို့နယ်ရှိ မဲကသာရွာအား နအဖစစ်တပ် ခြေမြန်တပ်ရင်း (ခမရ) ၄၀၂ စစ်ကြောင်း ၂ မှ ဒု တပ်ရင်းမှူး ဗိုလ်မှူး အာကာ ဆိုသူက မီးရှို့ရန် စီစဉ်မှုကြောင့် ဒေသခံ ရွာသားများ တိမ်းရှောင်နေရကြောင်း သိရ သည်။ 

thai-burma-border-01တိမ်းရှောင်နေကြရသည့် မဲကသာရွာသား ၅၀၀ ခန့် ရှိသည်ဟုလည်း ဒေသခံ တဦးက ပြောသည်။

ဒီဇင်ဘာ ၁၁ ရက်နေ့က ၎င်း အား သေနတ်ဖြင့် ချောင်းမြောင်း ပစ်ခတ်ခံရသောကြောင့် မဲကသာရွာကို မီးရှို့ ရန် ဗိုလ်မှူး အာကာ က တပ်ဖွဲ့ဝင်များကို အမိန့်ပေး စီစဉ်ခြင်းဖြစ်သည်ဟု ဘုရားသုံးဆူ ဒေသရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၆ မှ ဗိုလ်ကြီး စောထဲနေက ဧရာဝတီသို့ ပြောသည်။ ပစ်ခတ်မှုကြောင့် ဗိုလ်မှူး အာကာ၏ ဘယ်ဘက် လက်ကောက် ၀တ် ကို သေနတ် ထိမှန် သွားကြောင်း သိရသည်။

ဂီရိလေဘေး ဒေါ်စု သိန်း ၁ဝဝ လှူ

၁၄ ရက် ၂၀၁၀ ခုနှစ်

 မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ် ဂီရီမုန်တိုင်းဒဏ်သင့် ပြည်သူများ အတွက် ငွေကျပ်သိန်း ၁၀၀ မနေ့က လှူသည်ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။

“ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် လှူဒါန်းတဲ့ ပိုက်ဆံတွေ၊ သူ့အတွက်ရထားတဲ့ ကိုယ်ပိုင် ပိုက်ဆံတွေကို ဘယ်မှာမှ မသုံးဘူး၊ အဖွဲ့ချုပ်အတွက်ပဲ သုံးတယ်။ အဖွဲ့ချုပ် သုံးတာကလဲ ပြည်သူလူထု အကျိုးအတွက်ပဲ သုံးနေတာပဲ။ အဲဒါကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည် လှူတယ်ပဲ ပြောပြော၊ အဖွဲ့ချုပ်က လှူတယ်ပဲ ပြောပြော အတူတူပဲ” အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က ပြောသည်။
သတင်းရင်းမြစ်_ ဒီဗီဘီ,သတင်း

စစ်အစိုးရ တပ်ခေါ်ကျိုးခြေကုပ် စခန်းကို ဒီကေဘီအေက သိမ်းပိုက်

ဒီကေဘီအေ (၉၀၉) ဒုတပ်ရင်းမှူး ဗိုလ်မှူး စောချမုစေး
ဒီဇင်ဘာလ 13 ရက် 2010 ခုနှစ်။

စစ်အစိုးရတပ်များ ခြေကုပ်ယူထားရာ မြ၀တီခရိုင်၊ ဖလူးလေးတောင်ဘက် တပ်ခေါ်ကျိုး တောင်တန်းကို ဒီဇင်ဘာလ(၉)ရက် မနက်(၁၀)နာရီအချိန်မှာ ဒီကေဘီအေတပ်မှ ၀င်ရောက် သိမ်းပိုက်ခဲ့သည်ဟု ဒီကေဘီအေ ဗျူဟာ(၁)စစ်ဆင်ရေးမှူး ဂျီထူး ဗိုလ်မှူး စောဆန်းအောင်မှ ပြောပါသည်။

နအဖ တပ်ရင်း(၅၄၇) ၊ (၂၃၀) ဆုတ်ကုန်ပြီးနော်၊ တိုက်ပွဲ ကြီးကြီး (၂) ရက် ဆက်တိုက် ဖြစ်တယ်နော်။ (၂)ရက်ဆက်တိုက် အကြိတ်အနယ် ဖြစ်ကြတယ်နော်။ ဒီနေ့ကျနော်တို့ (၁၀) နာရီလောက်မှာ ၀င်ရှင်းတယ်၊ ကျနော်တို့ တက်ရှင်းတာ အလောင်းတစ်ခုရတယ်။ မြေပုံရတယ်၊ မှတ်တမ်းမှတ်ရာရတယ်၊ နောက်သူတို့ ဆက်သွယ်ရေးစက်ပြောတဲ့ လက်လှည့် လျှပ်စစ်ဓါတ်အားပေးစက်ရတယ်။ သူတို့ကျန်နေတဲ့ ရိက္ခာတွေကိုတော့ ကျနော်တို့ မီးရှို့လိုက်ပြီး။”

နှစ် ၆၀ ပြည့် UNHCR အခက်အခဲများနှင့် ရုန်းကန်


ဒုတိယကမ္ဘာစစ်အပြီး ဥရောပမှာ အိုးမဲ့အိမ်မဲ့ ဖြစ်နေတဲ့ ဒုက္ခသည် ၁,၀၀၀,၀၀၀ လောက်ကို အကူအညီ ပေးဖို့အတွက် UNHCR ရုံးကို ၁၉၅၀ ဒီဇင်ဘာလ ၁၄ ရက်နေ့မှာ ယာယီ စတင် ဖွင့်လှစ်ခဲ့ပါတယ်။ ဒုတိယကမ္ဘာစစ်ပွဲက ဒုက္ခသည်တွေကို ၃ နှစ်လောက် ကူညီပြီးသွားရင် လုပ်ငန်းတွေကို အဆုံးသတ်လိုက်ဖို့ ဖြစ်ပေမဲ့ နှစ်ပေါင်း ၆၀ ကြာလာတဲ့အထိ ကမ္ဘာတ၀န်းက ဒုက္ခသည်တွေကို အကူအညီ ပေးနေဆဲ ဖြစ်တဲ့အကြောင်း UNHCR ရုံးချုပ်ရှိတဲ့ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကနေ ဗွီအိုအေ သတင်းထောက် လီဆာ ရှလိုင်း (Lisa Schlein) က သတင်းပေးပို့ထားပါတယ်။ အကြောင်းစုံကို မမိုးဖြူက တင်ပြပေးထားပါတယ်။

2010/12/14

နအဖ က ကုန်စည်စီးဆင်းမှု ပိတ်ပင်သော်လည်း မိုင်းလားတပ်ဖွဲ့ ရပ်တည်နေနိုင်

13 December 2010


သျှမ်းပြည်အရှေ့ပိုင်း အထူးဒေသ ၄ မိုင်းလားတွင် နိုဝင်ဘာလ ၂၃ ရက်မှစ၍ တာ့ပင်းတံတား အ၀င်အထွက် ကုန်စည် တင်ဆောင်မှုကို နအဖတို့ ပိတ်ပင် လိုက်သော် လည်း အခြေခိုင်နေပြီးသော ၎င်းတို့၏ကိုယ်ပိုင် စီးပွါးရေး စနစ်ကြောင့် ထိခိုက်မှုမရှိ ကြောင်း မိုင်းလား သျှမ်းနှစ်သစ်ကူးပွဲသွားလာခဲ့သည့် တာချီလိတ် အခြေစိုက် သျှမ်းလူငယ်တဦး ပြန်လည်ပြောပြချက်အရ သိရသည်။
တာ့ဆွပ်လွေကူးတို့ဆိပ်

“ ပြီးခဲ့တဲ့လ ၂၃ ရက် ကစပြီး မိုင်းလားမြို့အ၀င် တာ့ပင်းဂိတ် ကုန်စည်အ၀င်အထွက်ကိုနအဖဖက်က လုံးဝ ပိတ်လိုက် တယ်။ ၂၆ ရက်ကျ တော့မိုင်းလားကိုသွားလည်တဲ့ ခရီးသွားဧည့်သည် (အများအားဖြင့် ထိုင်းပေါ့) တွေကိုထပ်ပိတ်လိုက် တယ် ဒီနေ့အထိဘဲ။ ဒါပေမယ့် မိုင်းလား မှာ ထိုင်းပစ္စည်းကုန်ဈေးနှုန်း အနည်းအကျဉ်း တက်တာကလွဲလို့ သူတို့အတွက် ဘာမှမထိခိုက်ပါဘူး။ သူတို့ဝင်ငွေအတွက် မက္ကနီဆီယံသတ္တုတွင်း ရှိတယ်။ ရွှေရှိတယ်။ ငှက်ပျော၊ ရာဘာစိုက်တယ်။ မော်တော်ကားခွန် ကောက်တာရှိတယ်။ ကာစီနို လောင်းကစား ၀ိုင်းရှိတယ်။ - ဟု နိုဝင်ဘာ ၃၁ မှ ဒီဇင်ဘာ ၇ ရက်အထိ ကျင်းပသော မိုင်းလားမြို့သျှမ်းနှစ်သစ်ကူး ပွဲ သွားရောက်ဆင်နွဲခဲ့သည့် အဆိုပါလူငယ်က ပြောပြသည်။

ဒုတိယပင်လုံနဲ့ တပ်မတော်အခန်းကဏ္ဍ သဘောပေါက်လွဲနေကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် ပါတီတာဝန်များကို ပြန်လည်စတင်သော နိုဝင်ဘာ ၁၅ ရက်က ဌာနချုပ်ရုံးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
2010-12-12

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး အတွက် ပြုလုပ်ဖို့ ပြင်နေတဲ့ ၂၁ ရာစု ဒုတိယ ပင်လုံညီလာခံ သဘောထားနဲ့ ပတ်သက်လို့ အများက သဘောပေါက်နားလည်မှု လွဲနေကြောင်း မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

မနေ့က နေ့လယ်ခင်းက ပြုလုပ်ခဲ့တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း ၁၆ ဖွဲ့နဲ့ တယ်လီဖုန်းကတဆင့် တိုက်ရိုက် မေးမြန်းဆွေးနွေးခန်းမှာ ဒုတိယပင်လုံ သဘောထားရပ်တည်ချက်၊ တပ်မတော်အခန်းကဏ္ဍ စတာတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က အခုလို ဖြေကြားလိုက်တာ ဖြစ်ပါတယ်။

“ဒီ ဒုတိယပင်လုံ ကိစ္စကို စပြီးတော့ လုပ်နေပါတယ်။ စပြီးတော့ လုပ်တဲ့အခါမှာ အန်တီတို့ရဲ့ ရည်ရွယ်ချက်ကို ထင်ရှားအောင်လို့ ပထမဦးဆုံး လုပ်ရမှာပါ။ စောစောက ပြောခဲ့သလိုပဲ ဒုတိယပင်လုံအတွက် အကြီးဆုံး ပြဿနာက နားလည်မှု လွဲမှားနေခြင်းပဲ။ ဒုတိယပင်လုံကို ဒါ သက်သက် စိမ်ခေါ်တာ၊ ဒါဟာ ထိပ်တိုက်ရင်ဆိုင်မှု လမ်းကို သွားတာ၊ အဲဒီလိုမျိုးတွေ ပြောနေတာကို အန်တီတို့က ဒါ မဟုတ်ပါဘူးလို့ သေချာ ရှင်းလင်းအောင်လို့ လုပ်ရမှာ ဒါ ပထမခြေလှမ်း ဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီ ဒုတိယပင်လုံ၊ ၂၁ ရာစုနှစ် ပင်လုံ ဆိုတာဟာ စင်ပြိုင်အစိုးရလည်း မဟုတ်ဘူး၊ စင်ပြိုင်လွှတ်တော်လည်း မဟုတ်ဘူး၊ စင်ပြိုင်ညီလာခံလည်း မဟုတ်ဘူး၊ စင်ပြိုင် ဘာမှ မဟုတ်ဘူး။ တကယ်တော့ အမျိုးသား ရင်ကြားစေ့ရေးအတွက် အထောက်အကူ ဖြစ်မယ့် စုစည်းမှုတခု ဖြစ်တယ်ဆိုတာကို တပ်မတော်ကရော၊ တခြား အစုအဖွဲ့တွေကရော နားလည်အောင် အန်တီတို့ ကြိုးစားရမှာ ဒါက ပထမအဆင့်ပါ။ အဲဒီလို နားလည်မှု ရသွားပြီဆိုမှ ပူးပေါင်းဆောင်ရွက်မှု အတွက် အန်တို့ ဆက်ပြီး ကြိုးစားရမှာပါ”

2010/12/12

ဗမာ့ တပ်မတော်မှ အရှင်လတ်လတ်မီးရှိ့ သတ်ပစ်လိုက်သော ကရင်ငြိမ်းချမ်းရေးကောင်စီတပ်သားများ၏ ရုပ်အလောင်းမျာပုံ



သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။
သျှမ်းပြည်တပ်မတော်နှင့် တိုက်ပွဲဖြစ်ပြီး မြန်မာ တပ်သား တပ်မှ ထွက်ပြေး


ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် သျှမ်းပြည်တပ်တော်သားများ
11 December 2010

ယခုလအစောပိုင်းက သျှမ်းပြည်တပ်မတော်နှင့် မိုင်းယောင်း အခြေစိုက်မြန်မာစစ်ကြောင်းတကြောင်း ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟု စုံစမ်းသိရှိရပါသည်။

“တိုက်ပွဲမှာ ဗမာတပ်ဘက် နှစ်ယောက် သေတယ် နှစ်ယောက် ဒဏ်ရာရတယ်။ သျှမ်းတပ်ဘက်တော့ မသိဘူး” -ဟု အမည်မဖေါ်လို သည့် မိုင်းယောင်းဒေသခံတဦးက ပြောပါသည်။

ဒီဇင်ဘာ ၃ ရက်၌ သျှမ်းပြည် တပ်မတော် အမှတ် ၁ (ကျိုင်းတုံ) စစ်ဒေသ စစ်ကြောင်းတကြောင်းနှင့် ဒေသအတွင်း လှုပ်ရှား သည့် မြန်မာ့တပ်မတော် စစ်ကြောင်းတခုနှင့် မိုင်းယောင်းမြို့ အရှေ့မြောက်ဘက် ၀မ့်လေးရွာ အနီးတွင် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။

ထို့နောက်ပိုင်း အဆိုပါတပ်မှ တပ်သားနှစ်ဦးကလည်း အဲမ်အေ သေနတ်/မိမိနှင့်ဆိုင်သည့် စစ်လက်နက် ပစ္စည်း များကိုယ်စီယူပြီးတပ်မှ ထွက်ပြေးသွားကြောင်း မိုင်းယန်းမြို့ တပ်အသိုင်းအ၀ိုင်းတဦးက ပြောပါသည်။

အမည်မဖေါ်လိုသည့် ကျိုင်းတုံစစ်ဒေသ စစ်ကြောင်းမှူးတဦးက - တိုက်ပွဲဖြစ်ပွားခဲ့မှု မှန်ကန်ကြောင်း၊ သျှမ်းပြည် တပ်မတော်ဘက် တဦးတယောက်မျှ သေကြေ ဒဏ်ရာရခြင်းမရှိကြောင်း၊ တပ်မှမြန်မာတပ်သား နှစ်ဦးထွက်ပြေး သည်ဆိုသည့်သတင်းလည်း ကြားသိရကြောင်း အတည်ပြုပါသည်။

ဒုတိယ ဗိုလ်ချုပ်ကြီးယွက်စစ်ကလည်း ဒီဇင်ဘာ ၇ ရက်နေ့ သျှမ်းနှစ်သစ်ကူးနေ့၌ အမျိုးသား တန်းတူရေး အတွက် ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သျှမ်းပြည် တပ်မတော်ကြီး အင်းအား ပိုမိုခိုင်မြဲလာစေရန် တပ်သားသစ်လည်း ဆက်တိုက် သင်တန်း ပေးနေကြောင်း၊ အနာဂတ် စစ်ရေး လှုပ်ရှားမှုတွင် တောတွင်း၌ တိုက်ပွဲဖြစ်မည် မဟုတ်တော့ဘဲ မြို့ပေါ်သာ ဆင်နွဲဖွယ်ရှိကြောင်း ထိုင်းတီဗွီ၌ ပြောကြားသွားပါသည်။

သတင်းရင်းမြစ် _ သျှမ်းသံတော်ဆင့်

2010/12/09

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သံဃာတော် များ အား
သင်္ကန်း ကပ်လှူ
ပူဇော်


December 8, 2010 ,

ယနေ့ မနက် ၈ နာရီ အချိန် တွင် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သံဃာတော် များ အား သင်္ကန်း ကပ်လှုရာ ၆ထပ်ကြီး၊ ဗဟန်းတောရ၊ ဗားဂရာ၊ရွှေ ဂုံ တိုင်များ မှသံဃာတော် များသာ မက ထောက်ကြံ့၊ မင်္ဂလာဒုံ နှင့် ပဲခူးကြခတ်ဝိုင်မှ သံဃာတော် များ ပါ ကြွရောက် အလှုခံတော် မူသည်။

ဒေါ်အောင်ဆန်းစုကြည် က သံဃာတော်များ နှင့် ယနေ့ သင်္ကန် ကပ်လှု ပူဇော်ရာ ရန်ကုန်တိုင်းမြို့ နယ် များ မှ သံဃာတော် များ ပင် ဧရာဝတီတိုင်း၊ပဲခူး တိုင်း၊ မန္တလေး တိုင်း နှင့် မွန် ပြည် နယ်မှ သံဃာတော် များ ကြွရောက် အလှုခံတော် မူခဲ့ကြသည်။ မွန်ပြည် နယ် ပေါင်မြို့ မှ ကြွရောက် အလှု ခံတော် မူသည့် ဦးကောမလ က ဒကာမ ကြီး ဒေါ်အောင်ဆန်းစုကြည် ကို တစ်ခါ မှ မမြင် ဖူးဘူး ၊ဦးဇင်းက တောနယ် မှ သီတင်း သုံးတာလေ အခု သင်္ကန်းလှု မယ် ကြားတော့ ချက်ခြင်း တက်လာ တာ ဒကာမကြီး ဒေါ်စု ဒါန မြောက်အောင် ဦးဇင်း ကတော့ ဆုတောင်း ပေးတယ် ဘေးရန် ကင်းကွာ ၍ လိုရာဆန္ဒ ပြီးမြောက်ပါစေလို့ဟု Freedom News သို့ မိန့် သည်။

ပဲခူး နှင့် ဧရာဝတီ တိုင်းမှ သံဃာတော်များ အား သင်္ကန်း ကပ်လှူ ပူဇော်နေစဉ်
ဓာတ်ပုံ AP
ဓာတ်ပုံ AP
Copy from _ freedom news group.com/

2010/12/08


ကမ္ဘာကျော် ဟောင်ကောင် ရုပ်ရှင်မင်းသမီး မီရှဲလ်ယိုး ယမန်နေ့က ရန်ကုန်မြို့သို့ ရောက်ရှိလာပြီး မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့သည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက“မနက်ကတည်းက ရောက်တာအချိန်အကြာကြီး ဒေါ်စုနဲ့နေတယ်၊ တနေ့လုံးလိုလိုပဲ ညစာစားပြီးမှ ပြန်တယ်”ဟု ပြောသည်။

michelle-yeoh-and-nld-members-aung-san-suu-kyi
ရန်ကုန်လေဆိပ်၌ NLD အဖွဲ့ဝင်များနှင်အတူ တွေ့ရသည့် မီရှဲလ်ယိုး (ဓာတ်ပုံ - AP)
မင်းသမီး မီရှဲလ်ယိုးသည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မကြာသေးမီကမှ နာမည်ကြီး ပြင်သစ်လူမျိုး ဒါရိုက်တာ Luc Besson ရိုက်ကူးနေသည့် “Divided Heart”ဟု ယာယီ အမည် ပေးထားသော ဒေါ်အောင်ဆန်းစုကြည်၏ ဘ၀ တစိတ်တပိုင်းကို သရုပ်ဖော် ထားသည့် ရုပ်ရှင် ဇာတ်ကားတွင် ဒေါ်အောင်ဆန်းစုကြည် ဇာတ်ရုပ် နေရာမှ ပါဝင် သရုပ်ဆောင် ထားသည်။

ယင်း ဇာတ်ကားမှ ဇာတ်ဝင်ခန်း တချို့ကို ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အဖွဲ့ဝင်တချို့အား မီရှဲလ်ယိုးက ပြသခဲ့သည် ဟုလည်း ဦးဉာဏ်ဝင်းက ဆက်လက် ပြောပြသည်။

ဖိုးလပြည့်  မျက်နှာမငယ်ရအောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက မန်/ယူ ကလပ်အား ၀ယ်ပေးချင်

 US embassy cables: Burma regime crony picks general's grandson for football team
မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေက အင်္ဂလန် ဘောလုံးကလပ် တစ်ခု ဖြစ်သည့်
မန်ချက် စတာယူနိုက်တက် ဘောလုံးကလပ် အသင်း ကို ၀ယ်ယူရန် စီစဉ် ခဲ့ကြောင်း Wikileaks
၏ Embassy of Rangoon တွင် ယနေ့ ထပ်မံ ပေါက်ကြား မှု ဉ် ဖော်ပြထားသည်။

ဗိုလ်ချုပ်မှုးကြီးက အင်္ဂလန် ကြေးစား ဘောလုံးကလပ် တစ်ခု ဖြစ်သည့် မန်ချက်စတာ ယူနိုက်တက်
အသင်းကိုဝယ်ယူလိုသည် မှာ ၎င်း ၏ မြေးဖြစ်သူ ကို နေရွှေသွေးအောင် အတွက် ဖြစ်ကြောင်း ရန်ကုန်
မြို့ အမေရိကန် သံရုံးက  က သံအမတ်ကြီး အဆင့် သံရုံးယာယီတာဝန်ခံ Larry M. Dinger က ၀ါရှင်
တန် သို့ ပို့ သည့် ကြေးနန်း တွင် ဖော်ပြထားသည်။

မဲ့ကူကင်းရွာမှာရှိတဲ့ စစ်ပြေးဒုက္ခသည်တွေကို ထိုင်းအာဏာပိုင်တွေက နေရပ်ပြန်ခိုင်း


jacba

ဟုတ်ကဲ့ပါခင်ဗျား…“ကူညီတယ်၊ ကယ်ဆယ်တယ်၊ လူသားချင်း စာနာထောက်ထားတယ်” စသဖြင့် လူ့အခွင့်အရေးစာမေးပွဲ ကြီးမှာ အမှတ်ပြည့်နီးပါးရခါနီးတဲ့ ထိုင်းစစ်တပ် အပါအ၀င် ထိုင်းပြည်သူ့စစ်၊ ထိုင်းဒေသခံ မြို့စောင့်တပ်ဖွဲ့၊ ထိုင်းအာဏာ ပိုင် အဖွဲ့အများဟာ ငါ့သမီး လေးတော်လှချည့်၊ ယောက်မမြင်း စီးထွက်ဆိုသလို၊ လူအခွင့်အရေးချိုးဖောက်ခဲ့ကြပါပြီ။

ဒီဖြစ်ရပ်ကတော့ မဲ့ကူကင်းရွာယာယီကယ်ဆယ်ရေး စခန်းထဲကလက်ရှိ နေထိုင်သူ စစ်ပြေးဒုက္ခသည် ၁၀၀၀ လောက်ကို ဒီကနေ့ နေ့လည် ၁၂ နာရီမှာ မြန်မာစစ်တပ်နဲ့ ထိုင်းစစ်တပ် ညှိနှိုင်းပြီးပြီ၊ ဒါကြောင့် နေရပ်ရင်း ကျေးရွာတွေကို ပြန်လို့ရပြီ ဘာညာနဲ့ ဆက်သွယ်ဖြစ်ကြပုံရပါတယ်။ ဒီလိုနဲ့ပဲ ၁၂ နာရီမှာ မဲခေါင်ကင်းရွာ ကယ်ဆယ်ရေးစခန်းကနေ စစ်ပြေး ဒုက္ခသည်တွေ က အထုပ်အပိုးကိုယ်စီနဲ့ သောင်ရင်း မြစ်ကမ်းနား ၁၀-ဘတ်ဂိတ် ကိုပဲ ဆင်းခါရှိသေး တယ်။ ၁၂း၃၀ နာရီမှာ ဖလူးလေးရွာဘက်က လက်နက်ကြီးသံ တချက်ကြားရပြီး ရေ လယ်ကိုရောက်နေတဲ့ စက်လှေတွေကလည်း အခုပဲ နောက်ပြန်လှည့်ရတော့ မလိုလို၊ ၁၀-ဘတ်ဂိတ် ကူတို့ဆိပ်မှာ ထိုင်းစစ်တပ်ခြံရံပြီး လိုက်ပါလာတဲ့ စစ်ပြေးဒုက္ခသည်တွေ မှာလည်း အထိတ်တလန့်နဲ့ ပေါ့ဗျာ။

ဒီလိုနဲ့ အခြေအနေအရပ်ရပ်အပေါ် နားလည်သွားပုံရှိတဲ့ ထိုင်းအာဏာပိုင်တွေဟာ မွန်း လွဲ ၁း၃၀ နာရီကစပြီး ကယ်ဆယ်ရေးစခန်းအနီးက ၀ပ်မဟာဝုန် ဘုန်းကြီးကျောင်း နဂါး နှစ်ကောင်ကျောင်း အတွင်းမှာရော၊ အပြင်မှာပါ ရစ်သီရစ်သီနဲ့ မြန်မာပြည် ဘက်ကမ်း ဖလူးလေးရွာ၊ မင်းလက်ပန် ရွာတွေဆီ မပြန်ဘဲ နေကြသူတွေကို ပြန်ခေါ်ပါတယ်။ ကဲ… ပြောတဲ့စကားက ကြည့်ပါဦး။ ဟိုဘက်ကမ်း မပြန်ရဲ့တဲ့ သူတွေ၊ စခန်းထဲပြန်ဝင်ကြတဲ့ ခင်ဗျ။ဒီလိုနဲ့ လူ ၃၀၀ လောက်ပြန်လာကြပြီး လူ ၁၀၀၀ ကျော်ရှိတဲ့အထဲက လူ ၃၀၀ လောက် ပဲ ယာယီ ကယ်ဆယ်ရေးစခန်းမှာ လက်ရှိ ရှိပါတော့တယ်။
သတင်း၊ ဓါတ်ပုံ JACBA

နေ့ သစ် မှ တဆင့် ကူးယူဖော်ပြသည်။

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင် စီအဖွဲ့ဝင် ၆ဦး၏ အလောင်းပြန်လည် တွေ့ရှိ

ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်းတွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

လက်များကို ကြိုးချည်ထားပြီး မီးရှို့သတ်ထားသည့် အဆိုပါ အလောင်း ၆လောင်းကို ကရင်ပြည်နယ် ပလောတပို့ရွာ ကျေး ရွာနှင့်မနီးမဝေး ပြောင်းခင်းတခင်းတွင် ရွာသူရွာသားများက ယနေ့မနက်၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်ဟု တိုက်ပွဲကြောင့် ထိုင်း ဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်လာသည့် ပလောတပို့ရွာသူတဦးက ပြောသည်။

ဖမ်းဆီးခံ ကရင်ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ ဝင် ၆ဦး ၏ အလောင်းပြန်လည်တွေရှိ

Tue, 7/12/10

ဒီဇင်ဘာလ ၇ရက်။ နန်းထူးစံ (ကေအိုင်စီ)

ပြီးခဲ့သည့် လကုန်ပိုင်းက ဖမ်းဆီးခံခဲ့ရသည့် ကေအဲန်ယူ/ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် ၆ဦး၏အ လောင်းကို ယနေ့မနက်တွင် ကရင်ပြည်နယ် မြ၀တီခရိုင်၊ ပလောတပို့ရွာနှင့် မနီးမဝေး ပြောင်းခင်းတခင်း တွင် ဒေသခံရွာ သားများက တွေ့ရှိခဲ့ကြောင်း သိရသည်။

ကေအိုင်စီ မှ တဆင့်ကူးယူဖော်ပြသည်။

ကေအဲန်အယ်လ်အေ၏ ပြောက်ကျား တိုက်ခိုက်မှုကြောင့် နအဖ ၆ ဦးကျဆုံး ကာ ၄ ဦး ထိခိုက်

ဒီဇင်ဘာလ 07 ရက် 2010 ခုနှစ်

ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပလော နယ်မြေတဝိုက်တွင် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်ဖွဲ့ (KNLA)က နအဖ လှုပ်ရှားတပ်ဖွဲ့များအား နိုဝင်ဘာလ ၅ရက်နေ့မှ ယနေ့အထိ ၄ကြိမ် ပြောက်ကျား တိုက်ခိုက်ခဲ့ရာ နအဖဘက်က ၆ဦး ကျဆုံးပြီး ၄ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ သတင်းအရ သိရသည်။

ထိုသုံးရက်အတွင်း ကေအဲန်ယူ တပ်မဟာ(၇) တပ်ရင်း(၂ဝ၂)မှ ဒုရင်းမှူး ဗိုလ်မှူးစောတာမလာ ဦးဆောင်သည့် တပ်စုတစုနှင့် ကေအဲန်ယူ တပ်မဟာ(၅)အခြေစိုက် ကေအဲန်အယ်လ်အေ အထူး ပြောက်ကျား တပ်ဖွဲ့တို့ ပူးပေါင်းကာ နအဖ အရှေ့တောင် တိုင်း စစ်ဌာနချုပ်-ရတခ လက်အောက်ခံ ခမရ(၃၃၈)၊ ခမရ(၉၁၅)နှင့် ခလရ(၂၈)တပ်ရင်းအား လှိုင်းဘွဲမြို့နယ်ရှိ မာနယ်ပ လော(ယခင် ကေအဲန်ယူ ဗဟိုဌာနချုပ်ဟောင်း) ဒေသတွင် ပြောက်ကျား တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူး စောအယ်ဆဲဆဲက ယခုလို အတည်ပြု ပြောဆိုခဲ့သည်။

2010/12/07

မာနယ်ပလော တွင် KNLA တပ်စခန်း ပြန်ထိုင်

Monday, 06 December 2010
ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
ကရင်ပြည်နယ် မာနယ်ပလော ဒေသကို ယမန်နေ့ မွန်းလွဲပိုင်းက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၅၊ တပ်မဟာ ၇ လက်အောက်ခံ တပ်ရင်း (၂၀၂)၊ တပ်ရင်း (၂၂) တပ်များ ပူးပေါင်း၍ ပြန်လည် စခန်းထိုင်နေကြောင်း KNLA အသိုင်းအဝန်းနှင့် နီးစပ်သူတဦးက ပြောသည်။
ဧရာဝတီ _ သတင်းတိုများ

အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဒေါ်စု နှင့် တွေ့ ဆုံရန် မြန်မာနိုင်ငံ သို့ ထွက်ခွာ


Joseph Y. Yun ဓာတ်ပုံ www.state.gov

December 6, 2010

အရှေ့ အာရှ နှင့် ပိစိဖိတ် ဒေသဆိုင်ရာ ဒု လက်ထောက် အမေရိကန် လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး Joseph Y Yun မြန်မာ ပြည် ခရီးစဉ် ဉ် လွန်ခဲ့သည့် လ နိုဝင်ဘာ ၁၃ ရက်နေ့ က နေ အိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာသည့် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံမည်ဟု သတင်းရရှိသည်။

ဂျိုး ဆက်(ဖ) ၀ိုင်ယွန်း သည် အမေရိကန် နှင့် အရှေ့ တောင်အာရှ နိုင်ငံများ နှင့် အဆီယံ ဆက်ဆံ ရေး အတွက် လည်းတာဝန် ယူထာသူဖြစ်သည်။ သူ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း ဒေါ်အောင်ဆန်းစုကြည် နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ ချုပ် အပါအ၀င် အခြား နိုင်ငံရေး ပါတီ များ အပြင် မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးသန်းရွှေ နှင့် ပါ တွေ့ ဆုံမည် ဟု သတင်းရရှိသည်။

တိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲအား ပူးပေါင်းပါဝင်ကြရန် ဖိတ်ကြားခြင်း။

 


aun-2011
ကရင်ရဲဘော်လေး တူးကီ (ခင်မောင်လင်း) ထောင်သက်၂၈ နှစ်ကျော်၊ နေဆဲ

မဲန်ဒဲလား ထောင်သက် ၂၇နှစ်ကျော်၊ လွတ်။
ကရင်ရဲဘော်လေး တူးကီ ထောင်သက် ၂၈ နှစ်ကျော်၊ နေဆဲ။

နယ်လ်ဆင်မဲန်ဒဲလားက ထောင်ထဲမှာ ၂၇နှစ်ကျော် နေခဲ့ရတယ်။ ထောင်ထဲ နှစ်ရှည်နေရတာကြောင့်ရော၊ သူ့ရဲ့ လေးစားဖွယ်လုပ်ရပ်တွေကြောင့်ရော ကမ္ဘာကျော်ခဲ့တယ်။

ကရင်တော်လှန်ရေး ရဲဘော်လေး တူးကီ ခေါ် ခင်မောင်လင်း ထောင်ထဲ ရောက်နေတာ ၂၈ နှစ် ကျော်လာပြီ ဖြစ်ပေမဲ့ ဒါကို အလွန် လူသိနည်းလှပါတယ်။ သူ့သက် ၂၀ မပြည့်သေးချိန် ၁၉၈၂ ခုနှစ်မှာ စတင် အကျဉ်းချခံရတာပါ။

နိုင်ငံတကာက တောင်းဆိုနေသလို ဦးခွန်ထွန်းဦး၊ ကိုမင်းကိုနိုင်တို့ အပါအ၀င် နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော် လွတ်မြောက်လာရင်တော့ တူးကီလည်း လွတ်နိုင်ကောင်းပါရဲ့။

2010/12/06

ကေအိုင်အေနဲ့ မြန်မာ စစ်အစိုးရတပ်အကြား ပစ်ခတ်မှုဖြစ်

ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) တပ်ဖွဲ့ဝင်များ စစ်ရေး လေ့ကျင့်နေကြစဉ် (ဓာတ်ပုံ - Time)


2010-12-04


ကေအိုင်အို တပ်မဟာ (၃) လက်အောက်ခံ တပ်ရင်း (၁၆) နဲ့ ဗန်းမော်မြို့ အခြေစိုက် စစ်အစိုးရတပ် ခလရ ၂၃၆ တို့ ကချင်ပြည်နယ် လွယ်ကျယ်မြို့ အနီးမှာ ဒီကနေ့ နေ့လည်က ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ဒီအကြောင်းနဲ့ ပတ်သက်လို့ ကေအိုင်အို အရာရှိ တယောက်နဲ့ အာရ်အက်ဖ်အေ သတင်းထောက် ကိုရဲထက် က ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

- လွယ်ကျယ်ဘက်မှာ ပစ်ခတ်မှုဖြစ်တယ်ကြားလို့၊ ဘယ်လိုဖြစ်တာလဲ။

ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့် ဗီဒီယိုမှတ်တမ်း အသံထွက်ပေါ်လာ
 
2010-12-04
ပြီးခဲ့တဲ့အပတ်က ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ပတ်သက်ပြီး အသံမပါတဲ့ ဗီဒီယိုမှတ်တမ်းတခု အင်တာနက်မှာ ထွက်ပေါ်ခဲ့ပြီးနောက် ဒီကနေ့ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်နဲ့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီတို့ အပြန်အလှန် ပြောစကားအသံတွေပါတဲ့ ဗီဒီယိုမှတ်တမ်း ထွက်ပေါ်လာပြန်ပါတယ်။

အခုထွက်ပေါ်လာတဲ့ မှတ်တမ်းမှာ သူဟာ အပြင်နဲ့ ဆက်သွယ်ပြီး ဘာတခုမှ လုပ်ဆောင်ခဲ့တာမျိုး မရှိကြောင်း၊ သူ့အပေါ် လုံခြုံရေးအရ သတ်မှတ်ထားတဲ့အတိုင်း နေနေကြောင်း၊ သူဟာ နိုင်ငံတော် ဆန့်ကျင်နေတဲ့သူ မဟုတ်ပါဘူးလို့ ပြောဆိုသွားသံကို ကြားကြရပါတယ်။

ဒါ့ပြင် သူ့ကို ခေါ်ဆောင်သွားဖို့ ရဲချုပ်ဗိုလ်မှူးချုပ် ခင်ရီက ပြောဆိုတဲ့အခါ ဗိုလ်ချုပ်ကြီးဟောင်း ခင်ညွန့်က “သားနှစ်ယောက်လည်း ခေါ်သွားပြီ။ သားမက်လည်း ထောင်ချထားပြီးပြီ။ အခု ကလေးတွေလည်း တယောက်မှ ကျောင်းမတက်ရဘူး” လို့ ပြောပါတယ်။

2010/12/05

၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ နိုင်ငံတကာလူ့အခွင့်ရေးနေ့ အကြို ဆွေနွေးပွဲ


ဒီဇင်ဘာလ ၅ ရက်၊ ၂၀၁၀

ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ၏ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ (ဂျပန်)မှ ရှေ့လုပ်ငန်းစဉ်များ သုံးသပ်ဆွေးနွေးသည့် ညှိနှိုင်းဆွေးနွေးပွဲကို တိုကျို Takadanobaba, AUN ရုံးခန်းတွင် နံနက် ၉ နာရီ ၃ဝ မိနစ်မှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပြီး ရှေ့ဆက် စုပေါင်းလုပ်ဆောင်သွားမည့် လုပ်ငန်းစဉ်များထဲမှ ဒီဇင်ဘာလ ၁၀ ရက်နေ့ တွင် ကျရောက်မည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ကျင်းပ ပြုလုပ်သွားမည့် လုပ်ငန်းစဉ်များ ဆွေးနွေးဆုံဖြတ်ခဲ့ပြီး တာဝန်ရှိသူများကလုပ်ငန်းစဉ်များကို တာဝန်ခွဲဝေး ယူခဲ့ပါသည်။ ညှိနှိုင်းစည်းဝေးတွင် ၆၂ နှစ်မြောက် “လူ့အခွင့်အရေးများနေ့” အခမ်းအနားကို ဂျပန်နိုင်ငံရှိ မြန်မာ့ ဒီမိုကရေစီအင်အားစုများ ၊နိုင်ငံခြားသား အဖွဲ့အစည်းများ ၊ ဂျပန် NGO,NPO အဖွဲ့များနှင့်အတူ ပူးပေါင်း ကျင်းပပြုလုပ်သွားရန်နှင့် တာဝန်ခွဲဝေ ဆောင်ရွက်မှုများကိုပါ ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပြီး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အစီအစဉ်ကိုပါ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။


သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU(Japan)

new

2010/12/04

ဒုတိယပင်လုံညီလာခံခေါ်ယူရေး CRPP အဓိကဆွေးနွေး


ဒုတိယပင်လုံညီလာခံခေါ်ယူရေးကိစ္စမှာ ရွေးကောက်ပွဲအနိုင်ရ တိုင်းရင်းသားပါတီတွေနဲ့ တခြား ပြည်တွင်း ပြည်ပက နိုင်ငံရေးအဖွဲ့အစည်း အသီးသီးရဲ့ သဘောထားတွေပါ ပါဝင်နိုင်အောင် ဒီအဖွဲ့အစည်းတွေနဲ့ တွေ့ဆုံ ဆွေးနွေးသွားမယ်လို့ CRPP ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မီတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးအေးသာအောင်က ပြောပါတယ်။ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့ ရွှေဂုံတိုင်မှာရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့တဲ့ CRPP ပုံမှန်အစည်းဝေးအတွင်း ဒီ ဒုတိယ ပင်လုံညီလာခံ ခေါ်ယူရေးကိစ္စကို အဓိက ဆွေးနွေးဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာရောက်နေတဲ့ ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းထားပါတယ်။
CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မီတီရဲ့ လစဉ် ပုံမှန် စည်းဝေးပွဲကို ဒီကနေ့ နေ့လည် ၁ နာရီက NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်မှာ ကျင်းပခဲ့ကြတာပါ။
ပြီးခဲ့တဲ့လကကျင်းပခဲ့တဲ့ အစည်းဝေးတုန်းကလိုပဲ ဒီကနေ့မှာလည်း ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စနဲ့ဆိုင်တဲ့ လုပ်ငန်းရပ်တွေကို အဓိကထား ဆွေးနွေးဖြစ်ကြတယ်လို့ CRPP အတွင်းရေးမှူးလည်းဖြစ်၊ ပြောခွင့်ရပုဂ္ဂိုလ်လည်းဖြစ်တဲ့ ဦးအေးသာအောင်က ပြောပါတယ်။
“ဒီနေ့ ဆွေးနွေးပွဲမှာလည်းပဲ ဒုတိယပင်လုံညီလာခံကိစ္စနဲ့ ပတ်သက်လို့ ထပ်ပြီး ဆွေးနွေးကြပါတယ်။ ဒါပေမဲ့ လုပ်ငန်းအနေနဲ့ကတော့ ဆုံးဖြတ်တာ၊ အသေးစိတ်အချက်အလက်တွေကို ဆွေးနွေးနိုင်တာတွေ မရှိသေးပါဘူး။”
အရင်တခေါက် အစည်းအဝေးတုန်းကတော့ ဒုတိယပင်လုံညီလာခံ ခေါ်ရေးကိစ္စပေါ့နော်။ ရှေ့လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ဆွေးနွေးဖြစ်မယ်ဆိုလို့ပါ။ ဒီနေ့ ဘယ်လောက်အထိများ ဆွေးနွေးဖြစ်ပါသလဲ။ -
“ဟုတ်ကဲ့။ ဆွေးတော့ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာကျတော့ ဘယ်တော့ ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာကိုတော့ ဆွေးနွေးကြတာတွေ ရှိတယ်။ ဒါပေမဲ့ သဘောတူညီချက်တော့ မရသေးဘူး။ ထပ်ပြီးတော့ အကြံဉာဏ်ပေးသင့်တဲ့ပုဂ္ဂိုလ်၊ ဒီလူတွေရဲ့ အကြံဉာဏ်တွေကို ယူပြီးတော့ နောက်တဆင့် ထပ်ပြီးတော့ စဉ်းစားဖို့ကိုတော့ သဘောတူကြပါတယ်။”
အဲဒီဟာတွေက ဘယ်သူတွေပါမလဲ၊ ဘယ်သူတွေ ဖြစ်မလဲ၊ -
“တခြား နိုင်ငံရေးပါတီများ၊ ဒီမိုကရက်တစ် အင်အားစုများ၊ ဒီလို ပြည်တွင်းပြည်ပ အင်အားစုများရဲ့ အကြံဉာဏ်တွေကိုလည်း နားထောင်ဦးမှာပေါ့ဗျာ။ အဲဒီလို နားထောင်ပြီးမှ ဆက်လက်ပြီးတော့ ဆွေးနွေးမယ်။ ဆွေးနွေးပြီးမှ ကျနော်တို့ ရှေ့ဘယ်လို ဆက်လုပ်မလဲဆိုတာတွေကို ဆွေးနွေးဆုံးဖြတ်မှာပါ။”
အတွင်းထဲက နိုင်ငံရေးပါတီတချို့ကလည်း ပြောပါတယ်။ အပြင်မှာလည်း အသံတွေထွက်နေတာက ဘာလဲဆိုတော့ ဒုတိယ ပင်လုံညီလာခံခေါ်ရေးကိစ္စကို တစိုက်မတ်မတ် ဦးတည်လုပ်နေတာဟာ တဘက်မှာ စစ်အစိုးရနဲ့ ထိပ်တိုက်တွေ့ရေးကိုများ ဦးတည်နေသလားဆိုတဲ့ စိုးရိမ်စိတ်တွေ ထွက်နေတာတွေ ရှိပါတယ်။ ဆိုတော့ အဲန်ကယ်လ်တို့ အစည်းအဝေး လုပ်ကြတဲ့အခါမှာရော ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ထည့်သွင်းစဉ်းစားတဲ့ အကြောင်းအရာထဲမှာ ပါပါသလား။ -
“ထိပ်တိုက်တွေ့ဖို့အတွက်လုပ်တာ မဟုတ်ပါဘူး။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို တနည်းနည်းနဲ့ ဆောင်ရွက်နိုင်ဖို့ ကျနော်တို့ ကြိုးပမ်းတာပါ။”
ဆိုလိုတာကတော့ ဒုတိယပင်လုံညီလာခံခေါ်ရေးကိစ္စကို လုပ်ဆောင်နေတာဟာ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဦးတည်တယ်လို့ ယူဆတယ်ပေါ့။ ဆိုတော့ ဒီနေ့အစည်းအဝေးမှာ တခြား အကြောင်းအရာတွေကိုရော ဆွေးနွေးဖြစ်ပါသေးသလားခင်ဗျ။ -
“တခြား အကြောင်းအရာကတော့ အခု ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ တိုင်းရင်းသားပါတီများ၊ အဲဒီပါတီများနဲ့ဆက်သွယ်ပြီးတော့ ဘယ်လိုဘယ်လို ဆွေးနွေးမယ်။ ပြီးတော့ ရေရှည်မှာ ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မယ်၊ အဲဒီတော့ သူတို့သဘောထားတွေ ဘယ်လိုရှိမယ်၊ စသည်အားဖြင့်ပေါ့။ ဒါတွေကိုလည်း အလေးအနက်ထားပြီးတော့ စဉ်းစားပါတယ်။ စဉ်းစားတဲ့အခါမှာ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသားပါတီများရဲ့ သဘောထား ဆိုတာကတော့ မီဒီယာတွေမှာ ပြောတာတွေလောက်ကိုပဲ ကြားနေရတယ်။ ဒါပေမဲ့ ဒီလို ထိတွေ့ပြီးတော့ ဆွေးနွေးပြီးတော့ သူတို့သဘောထားက ဘယ်လိုရှိတယ်၊ သူတို့ရဲ့ ရပ်တည်ချက် အမြင်တွေက ဘယ်လိုရှိတယ်ဆိုတာ မသိရသေးဘူးပေါ့။ အဲဒီလိုဟာတွေကို သိအောင်၊ ရေရှည်မှာရော ဆက်ဆံပြီးတော့ ပူးပေါင်းဆောင်ရွက်နိုင်တာတွေ ဘာတွေရှိမယ်၊ အဲဒါတွေကို ဘယ်လို ဆက်လက်ပြီးတော့ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဆိုတာတွေကို စဉ်းစားဆွေးနွေးကြပါတယ်။”
အခုချိန်ထိတော့ ရွေးကောက်ပွဲ အနိုင်ရတဲ့ တိုင်းရင်းသားပါတီတွေနဲ့ သီးသန့်တွေ့ရတယ်ဆိုတာတော့ မရှိသေးဘူးပေါ့။ -
“ဟုတ်ကဲ့။ ပုဂ္ဂိုလ်ရေး တွေ့တာလောက်တော့ ရှိတယ်။ ဒါပေမဲ့ တရားဝင် တွေ့တာမျိုးတော့ မရှိသေးပါဘူး။”
တကယ်လို့ သူတို့ကသာ ပူးပေါင်းပါဝင်ချင်တယ်ဆိုရင် သူတို့ကိုလည်း ကြိုဆိုဖို့ အဲန်ကယ်လ်တို့ဘက်က အဆင်သင့်ရှိတယ်ပေါ့။ -
“ဟုတ်ကဲ့။ ဒါကို ဆွေးနွေးဖို့။ ပြီးတော့ ရေရှည်မှာ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေကိုတော့ သူတို့နဲ့ ဆွေးနွေးဖို့ သဘောထားရှိပါတယ်။”
တခုရှိတာက အခုလက်ရှိ အဲန်ကယ်လ်တို့ ဖွဲ့စည်းထားတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ ဆိုတာက ၁၉၉၀ ခုနှစ်က အရွေးခံထားရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတယ်။ အခု တိုင်းရင်းသား ကိုယ်စားလှယ်တွေကျတော့ ၂၀၁၀ ခုနှစ်မှာ အရွေးခံနေရတဲ့ ကိုယ်စားလှယ်တွေ ဖြစ်နေတယ်ဆိုတော့ အဲဒီနှစ်ခု ပူးပေါင်းလို့ရပါသလား။ -
“ပူးပေါင်းဖို့ထက်ပေါ့။ ကျနော်တို့က တိုင်းပြည်အကျိုး၊ ပြည်သူတွေရဲ့အကျိုး အတွက် ဘယ်လို ပူးပေါင်း ဆောင်ရွက်နိုင်မလဲ ဆိုတာကို ဆွေးနွေးဖို့ပါ။”
ဒုတိယပင်လုံညီလာခံ ခေါ်ယူရေးကိစ္စအပေါ် အခြေခံတဲ့ တခြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖြစ်တယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။ CRPP ပြည်သူ့လွှတ်တော်ကိုယ်စားပြု ကော်မီတီအနေနဲ့ လစဉ် ပထမ သောကြာနေ့တိုင်းမှာ ပုံမှန် အစည်းဝေး ခေါ်ယူကျင်းပကြတာ ဖြစ်ပါတယ်။

တပ်မတော်ကို စစ်အုပ်စု လက်ကိုင်တုတ် မလုပ်ရန် ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော တိုက်တွန်း

ဗိုလ်မှူးချုပ်ဟောင်း ကျော်ဇော
03 December 2010

မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းတွင်ပါဝင်ခဲ့ပြီး ယနေ့တိုင်သက်ရှိထင်ရှားရှိသူ ရဲဘော်သုံးကျိတ်ဝင် ဗိုလ်မှူးချုပ် ကျော် ဇောက ဗိုလ်ချုပ်အောင်ဆန်းနှင့် ၎င်းတို့ တည်ထောင်ခဲ့သည့် တပ်မတော်ကို ပြည်သူ့တပ်မတော်အဖြစ် မြင်တွေ့လိုကြောင်း တိုက်တွန်း ပြောကြားလိုက်သည်။