မူလစာမျက်နှာ
သတင်းကဏ္ဍ
ရုပ်/သံကဏ္ဍ
ကဗျာကဏ္ဍ
ချိတ်ဆက်ပေးရာ
မီဒီယာကဏ္ဍ
မြန်မာဖောင့်
ဆက်သွယ်ရန်
စာဖတ်ခန်း
ကြေငြာချက်
နှိုးဆော်ချက်
ဆောင်းပါး
ဂျာနယ်ကဏ္ဏ
ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့ 
ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 
2010/11/29
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်)နှစ်ပတ်လည်း အစည်းအဝေး
၂၀၁၀ ခုနှစ် နိုဝင်ဘာ ၂၈၊
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan အား ပိုမို ကျယ်ပြန့် ခိုင်မာသည့် တိုင်းရင်း သား အဖွဲ့အစည်း တရပ် ပေါ်ပေါက်ရေးအတွက် ညီလာခံ အခမ်းအနားတရပ်ကို တိုကျို Toshima-ku Eco- Toshima Plaza 8F မှာ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး ၂၀၀၉/၂၀၁၀ အလုပ်အမှုဆောင်ကော်မတီမှ တာဝန် ကုန်ဆုံးပြီးသည်နောက် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံ ပေါ်ပေါက်ရေး နိုင်ငံရေး ရည်မှန်းချက်များတို့ကို ပိုမိုတက်ကြွစွာ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၌ ၂၀၁၀/၂၀၁၁ အလုပ်အမှုဆောင် ကော်မတီသစ်များကိုလည်း ပြင်ဆင်ဖွဲ့စည်းခဲ့ပါသည်။ ယင်းကော်မတီ၏ သက်တမ်းကို ယာယီအားဖြင့် ၆ လ သက်တမ်း သတ်မှတ်ခဲ့ပြီး တာဝန်ခံ ၃ ဦးကိုလည်း ရွေးချယ် တာဝန်ပေးအပ်ခဲ့ပါသည်။
ယနေ့ ဖွဲ့စည်းလိုက်သည့် ကော်မတီသည်
ဂျပန်နိုင်ငံ ရောက်တိုင်းရင်းသား မည်သည့် အဖွဲ့ အစည်း နှင့် တိုင်းရင်းသား မည်သူမဆို တစ်ဦးတယောက်မကျန်အောင်း ပူးပေါင်းဆောင်ရွက်နိုင်မည်ဖြစ်သည်။
မူအားဖြင့် ၆ လသက်တမ်းအတွင်း လိုအပ်သည့် ပြင်ဆင် ဖြည့်စွက်မှုများ စည်းမျဉ်း စည်းကမ်းများတို့ကို ညှိနှိုင်း ရေးဆွဲသွားမည် ဖြစ်ပါသည်။ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်များတို့ကိုလည်း အရှိန်မပျက် ဆက်လက် ဆောင်ရွက်သွားရန်နှင့် မတရား ဖမ်းဆီးခံနေရသော ဦးခွန်ထွန်းဦးအပါဝင် တိုင်းရင်းသာခေါင်းဆောင်များ၊နိုင်ငံရေး အကျဉ်းသားများ အားလုံးလွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများကို တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ ဆက်လက် အကောင် အထည်ဖေါ် ဆောင်ရွက်သွားကြရန် ဆုံဖြတ်ခဲ့ကြပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ KNU (Japan)
0 件のコメント:
コメントを投稿
登録:
コメントの投稿 (Atom)
0 件のコメント:
コメントを投稿