Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/04/30

စစ်အစိုးရနှင့် သဘောတူညီချက်များကို ဒေါ်အောင်ဆန်းစုကြည် ပထမဆုံး ထုတ်ဖော်ပြောကြား

ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စည်းရုံးရေးခရီးစဉ်အတွင်း အနှောင့်အယှက်ပေးခဲ့ကြသည့် လက်နက်ကိုင်လူတစုကို ဒီပဲယင်း အကြမ်းဖက်တိုက်ခိုက်မှု မဖြစ်ပွားမီ ဒီပဲယင်းမြို့နယ် ကျည်တောက်ပေါက် ကျေးရွာအနီးတွင် ၂၀ဝ၃ ခုနှစ် မေလ ၂၅ ရက်နေ့က တွေ့မြင်ရသည့် မှတ်တမ်းဓာတ်ပုံ ဖြစ်ပါသည်။
(Photo: Ad Hoc Commission on Depayin Massacre- Burma)
2011-04-29,

၂၀၀၃ မေလ ၃၀ ရက်နေ့မှာ ဖြစ်ပွားခဲ့တဲ့ ဒီပဲယင်း အကြမ်းဖက် တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး၊ အဲဒီ အရေးအခင်း နောက်ပိုင်း၊ ၂၀၀၄ ခုနှစ် မေလ အမျိုးသားညီလာခံ ပြန်မစမီ ကာလအတွင်း စစ်အစိုးရ အာဏာပိုင်တွေနဲ့ ညှိနှိုင်း ဆွေးနွေးရရှိခဲ့တဲ့ သဘော တူညီချက်တွေကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပထမဦးဆုံး အကြိမ်အဖြစ် RFA ကနေ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

ဒီပဲယင်း အဖြစ်အပျက် အပြီး စစ်အစိုးရ ကိုယ်စားလှယ်အဖွဲ့နဲ့ NLD ခေါင်းဆောင်တွေအကြား လျှို့ဝှက် ဆွေးနွေးပွဲတွေ အကြိမ် တော်တော်များများ ရှိခဲ့ပါတယ်။ ထိခိုက် နစ်နာသူတွေကို ထိုက်သင့်တဲ့ နစ်နာကြေး ပေးရေး အပါအဝင် အချက် ၄ ချက်ကို အာဏာပိုင်တွေက သဘောတူညီခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

ဗြီတိသျှ တော်ဝင်မင်္ဂလာပွဲ မြန်မာများလည်း စိတ်ဝင်စား




ယနေ့ ကြီးကျယ်ခမ်းနားစွာ လက်ထပ်မင်္ဂလာပွဲ ကျင်းပခဲ့သည့် ဗြီတိသျှ တော်ဝင် ဇနီးမောင်နှံ
မင်းသား ၀ီလျံ နှင့် ကိတ် မစ်ဒယ်လ်တန် (Photo - AP)






Friday, 29 April 2011,

တကမ္ဘာလုံးမှ စိတ်ဝင်တစား စောင့်ကြည့်နေကြသည့် ဗြိတိန်ထီးနန်း၏ ဒုတိယမြောက် တော်ဝင် မင်းသား ဝီလျံ နှင့် ကိတ် မစ်ဒယ်လ်တန် တို့၏ မင်္ဂလာပွဲကို ၀က်စ်မင်စတာ ဘုရားကျောင်းတွင် ယနေ့ ပြုလုပ်ခဲ့ရာ လန်ဒန်ရောက် မြန်မာများလည်း သွားရောက်ကြည့်ရှုခဲ့သည်ဟု သိရသည်။

“လောလောဆယ် ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့ဆုံးမှာရောက်နေတယ်။ ဒီနေ့ အစ်မနဲ့ အတူ အောက်စ်ဖို့ တက္ကသိုလ်၊ လန်ဒန် တက္ကသိုလ်နဲ့ တခြား တက္ကသိုလ်တွေက မြန်မာ သူငယ်ချင်း ၄၀ လောက် ပွဲလာကြည့်ကြတယ်။ နေရာတွေကတော့ တယောက်နဲ့ တယောက် မတူဘူးပေါ့”ဟု လန်ဒန်မြို့တွင် နေထိုင်သည့် မသင်းမာ က ဧရာဝတီကို ပြောပြသည်။

အောက်စ်ဖို့် တက္ကသိုလ်တွင် Nursing Management ဘာသာရပ်သင်ကြားနေသည့် မသင်းမာက“တော်ဝင် ဘုရင်မကြီးရဲ့ မြေး မင်္ဂလာဆောင်ဖြစ်သလို ၊ ဘုရင်စနစ်ကိုလေးစားတဲ့ သူတွေက စိတ်ဝင်တစား စောင့်ကြည့်တဲ့ပွဲပေါ့။ သတင်းပေါင်းစုံကို နေ့တိုင်းကြည့်နေရတော့ အခု အရှေ့အလယ်ပိုင်းမှာဆိုရင်လည်း အာဏာလုပွဲတွေ အမျိုးမျိုးဖြစ်နေတယ်။ စိတ်ညစ်စရာ သတင်းတွေရှိရင်လည်း စိတ်ညစ်ရပြီးတော့ တခါတလေ အခုလိုပျော်စရာ မင်္ဂလာသတင်းကို ကြားချင်တယ်ပေါ့”ဟု ပြောသည်။

အကြီးကျယ်ဆုံးသော မင်္ဂလာပွဲ ဖြစ်သောကြောင့် လန်ဒန်ရှိ လူပေါင်း အားလုံးနီးပါး တက်ရောက် ခဲ့ကြကြောင်း၊ အိုင်ယာလန် ကဲ့သို့ အနီးအနား နိုင်ငံများမှလည်း မင်္ဂလာပွဲသို့ လာရောက် ကြည့်ရှုသူများ တွေ့ရကြောင်းလည်း သူက ပြောဆိုသည်။

“မင်းသား ၂ ယောက်လုံးကို ကလေးဘ၀ကတည်းက ချစ်တယ်။ ဒါ့အပြင် အင်္ဂလန်ရဲ့ဘုရင်စနစ်ကို လေးစားတာရယ်၊ သူတို့ရဲ့ အစဉ်အလာကြီးမားလွန်းတာတွေကြောင့် ဒီပွဲကို လာကြည့်တာ။ သက်ဦးဆံပိုင် ဘုရင်စနစ်ကနေ ဒီမိုကရေစီ ဘုရင်စနစ်ကို ပြောင်းတဲ့နေရာမှာလည်း လူတွေသတ်တာ ဖြတ်တာမရှိဘဲ ညင်ညင်သာသာကူးပြောင်းခဲ့တာတွေကြောင့် လေးစားတယ်”ဟု မသင်းမာက ဆိုသည်။

အဆိုပါ တော်ဝင်မင်္ဂလာပွဲသို့ တက်ရောက်သည့် မြန်မာ အနည်းဆုံး ၅၀၀ မှ ၁၀၀၀ ကြားတွင် ရှိနိုင်သည်ဟု လန်ဒန် အနောက် ဘက်တွင် နေထိုင်သည့် မဖြူ ကလည်း ဧရာဝတီကို ပြောသည်။

“နှစ်ပေါင်း ၃၀ အတွင်းမှာ တော်ဝင်မင်္ဂလာပွဲကို ပထမဆုံး ကိုယ်တိုင် မြင်ရတော့မယ်ဆိုတော့ အရမ်းပျော်မိတယ်။ ဒီနေ့ ပိတ် ရက်ဖြစ်တော့ တချို့ကလည်း နန်းတော် ရှေ့မှာ၊ တချို့ကြတော့လည်း ဘုရားကျောင်းရှေ့မှာ တော်တော်များများကိုယ့် အစီ အစဉ်နဲ့ လာကြည့်ကြမယ်လို့ထင်တယ်”ဟု သူက ပြောပြသည်။

မနက် ၇ နာရီကတည်းက ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့ကို ရောက်ရှိနေသည့်အတွက် ရှေ့ဆုံးနေရာရရှိနေသော်လည်း များပြားလွန်းသည့် လူအုပ်ကြောင့် မတ်တတ်ရပ်ရုံမှ လွဲ၍ လှုပ်ရှားမရဟု သူက ဆက် ပြောသည်။

“၀ီလျံက ဘုရင်ဖြစ်မယ့်သူဆိုတော့ အားလုံးက နဂိုကတည်းက စိတ်ဝင်စားနေတာ၊ သူ့ မင်္ဂလာပွဲဆိုတော့ ပိုစိတ်ဝင်စားကြ တာပေါ့။ ကျမ ဘေးနားက လူတွေဆိုရင် အိုင်ယာလန်ကနေ လွန်ခဲ့တဲ့ တပတ်လောက်ကတည်းက ပွဲလာကြည့်ဖို့ ရောက် နေ တာ။ ကိုယ်တွေက နိုင်ငံခြားသား အနေနဲ့ စိတ်ဝင်စားပြီး ဗဟုသုတ ရအောင် လာကြည့်တာ”ဟု မဖြူက ဆိုသည်။

မင်္ဂလာပွဲ ကျင်းပမည့် ၀က်စ်မင်စတာ ဘုရားကျောင်းရှေ့တွင် နေရာကောင်းရရှိရန် ယမန်နေ့ကတည်းက ညအိပ်စောင့် ယာ ယီတဲများဖြင့် အုပ်စုလိုက် စောင့်အိပ်နေကြသည်ကို တွေ့ရသည်။

ဗြိတိန်နိုင်ငံ အခြေစိုက် မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign - UK )မှ နိုင်ငံတကာ ဆက်ဆံရေး တာဝန်ခံ ဇိုရာ ဖန်းက“လူအရမ်းများတော့ ကိုယ်တိုင်သွားမကြည့်ဖြစ်တော့ဘူး။ အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ စုပြီး တီဗီကနေ စောင့်ကြည့် မယ်။ လန်ဒန်မှာကတော့ ဟိုးရက်တွေကတည်းက လန်ဒန်တမြို့လုံးမှာ မင်္ဂလာပွဲအတွက် ပြင်ဆင်နေတာတွေကို တွေ့နေရ တယ်။ ဒီပွဲနဲ့ ပတ်သက်ပြီး မြန်မာ လူငယ်တွေလည်း တော်တော်စိတ်ဝင်စားနေကြတယ်”ဟု ပြောသည်။

“ကျမသူငယ်ချင်းတွေကတော့ ဒီမင်္ဂလာဆောင်ပွဲကို ကိုယ်တိုင်သွားကြည့်မယ်လို့ ပြောတယ်။သူတို့ကတော့ ပြီးခဲ့တဲ့ ဒိုင်ယာ နာမင်းသမီးနဲ့ ချား မင်းသား မင်္ဂလာပွဲကို ကြားပဲ ကြားခဲ့ဖူးတယ်။ ကိုယ်တိုင်မမြင်ဘူးတော့ လက်ရှိသူတို့လည်း ဒီမှာရောက် နေ တော့ မင်္ဂလာဆောင်ကို သွားကြည့်ပြီး ခံစားမယ်လို့ ပြောကြတယ်”ဟု သူကဆက်လက် ပြောဆိုသည်။

မြန်မာပြည်တွင်း၌လည်း တော်ဝင်မင်္ဂလာသတင်းနှင့် ပတ်သက်၍ ဂျာနယ်အများအပြားတွင် ဖော်ပြကြသကဲ့သို့ အဆိုပါ သတင်း အား ပြည်တွင်းစာဖတ်ပရိသတ်များလည်း စိတ်ဝင်စားနေသည်ဟု သိရသည်။

“တခြား နိုင်ငံရေးအရ အကြီးကျယ်ဆုံး လက်ထပ်ပွဲ ဖြစ်လာမှာမို့ စိတ်ဝင်စားတာထက် စာရင် မြန်မာမှာ အများစုက မင်းသမီး ဒိုင်ယာနာကို ပိုသိကြတာလေ။ သူ့သား ရဲ့ မင်္ဂလာဆောင်ပွဲဆိုတော့ လူတွေက ပိုစိတ်ဝင်စားကြတယ်”ဟု ရန်ကုန်မြို့ရှိ ခရီးသွား ကုမ္ပဏီတခုတွင် လုပ်ကိုင်နေသူ တဦးက ပြောပြသည်။

သူက ဆက်၍“ပြည်တွင်းမှာ တိုက်ရိုက် အင်တာနက်ကနေ လွှင့်တာကို ကြည့်ဖို့ လိုင်းက အရမ်းနှေးတယ်လေ။ စလောင်း လွှင့် တဲ့ ဆိုင်ကို သွားရမှာဆိုတော့ အရင်နေ့က ပြည်ပ သူငယ်ချင်း ဒေါင်းလော့လုပ်ပြီး ပို့ပေးတဲ့ သူတို့ ၂ ယောက် အကြောင်း ဖိုင် ကို ကြည့်နေတယ်”ဟု သူက ဆက်ပြောသည်။

ဗြိတိန် ဘုရင်မကြီး ဒုတိယမြောက် အဲလိဇဘက်(Queen Elizabeth II)၏ မြေးအကြီးဆုံး ဖြစ်သကဲ့သို့ အိမ်ရှေ့ စံ မင်းသားကြီး ချားစ်နှင့် မင်းသမီး ဒိုင်ယာနာ တို့၏ သားနှစ်ယောက်အနက် အကြီးဆုံးသားဖြစ်သည့် ဒုတိယမြောက် တော်ဝင်မင်းသား ၀ီလျံ (၂၈ နှစ်)သည် တွဲဖက် လေယာဉ်မှူး (Co-Pilot) အဖြစ် တော်ဝင်လေတပ်၏ ရှာဖွေ ကယ်ဆယ်ရေး ရဟတ်ယာဉ် အုပ်စုတွင် တာဝန် ထမ်းဆောင်နေသူ ဖြစ်သည်။

ကိတ် မစ်ဒယ်လ်တန် (၂၈ နှစ်) သည် အွန်လိုင်းပေါ်မှာ ပါတီပွဲအတွက် ပြင်ဆင်သည့် ပစ္စည်းများ ရောင်းချသူ ဖခင် နှင့် လေ ယာဉ်မယ် မိခင်တို့မှ မွေးဖွားလာသည့် သာမန် မိသားစုဝင်တဦး ဖြစ်ပြီး မွေးချင်းညီအစ်မ သုံးယောက်ထဲတွင် သမီး အကြီးဆုံး ဖြစ်သည်။ ယခင်က ကိတ် သည် Jigsaw အဝတ်အစား ကုမ္ပဏီတွင် အဝယ်တော်လုပ်ပြီး ယခု ကျွမ်းကျင်သည့် ဓာတ်ပုံဆရာဖြစ် ရန် ကြိုးစားနေသူ ဖြစ်သည်။

မင်္ဂလာပွဲ ကျင်းပပြီးပါက မင်းသား ၀ီလျံသည် Cambridge မြို့စားနေရာကို ရရှိမည်ဖြစ်ပြီး ကိတ် မစ်ဒယ်လ်တန်သည် Camb ridge မြို့စားကတော် နေရာရရှိမည်ဖြစ်သည်ဟု ဂါးဒီယန်း သတင်းစာတွင် ရေးသား ဖော်ပြထားသည်။

တော်ဝင်မင်းသားကို လက်ထပ်ပြီးပါက ကိတ်သည် မင်းသမီး နေရာရလာမည်ဟု ထင်ခဲ့ကြသော်လည်း ယခုလောလောဆယ် တွင် မြို့စားကတော် နေရာနှင့်သာ ကျေနပ်လိုက်ရမည်ဖြစ်ကြောင်း ယင်း သတင်းစာတွင် ဖော်ပြထားသည်။

အဆိုပါ မင်္ဂလာပွဲကို အင်္ဂလန်နိုင်ငံဆိုင်ရာ မြန်မာ သံအမတ်ကြီးကိုလည်း ဖိတ်ကြားကြောင်း သိရသည်။

မြန်မာ့အရေး လှုပ်ရှားမှုအဖွဲ့(Burma Campaign - UK )မှ Mark Farmaner က “တော်ဝင်မိသားစု မင်္ဂလာပွဲကို မြန်မာပြည်လို တိုင်းရင်းသား အမျိုးသမီးတွေကို အဓမ္မ ကျင့်တဲ့ ၊ အတိုက်အခံတွေကို ညှဉ်းပန်း နှိပ်စက်တဲ့ ဒီလို နာမည်ဆိုးနဲ့ ကျော်ကြား တဲ့ အစိုးရ တရပ်ကို ဖိတ်တာ ရှက်စရာ ကောင်းတယ်”ဟု ပြောသည်။

Copy from - irrawaddy.org

2011/04/29

လွတ်ငြိမ်းချမ်းသာခွင့်အတွက် ပြည်သူလူထု ကိုယ်စားပြုသူများ လက်မှတ်ထိုးပြီး သမ္မတထံတောင်းဆို



နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံတင်တဲ့ ဒီစာကိုတော့ ဒါရိုက်တာ ချိုတူးဇော်ရဲ့ facebook ကရယူပါတယ်

နယ်စပ်အခြေစိုက် အတိုက်အခံများ ထိုင်း နှိမ်နင်းဖွယ်ရှိ

28 April 2011 ,


ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့အခြေစိုက် မြန်မာ အတိုက်အခံ အဖွဲ့အစည်းများ၏ ရုံးများနှင့် လူနေအိမ်များကို ထိုင်း ရဲတပ်ဖွဲ့က မကြာမီ ၀င်ရောက် ဖမ်းဆီးမှုများ ပြုလုပ်နိုင်သည်ဟု ကရင်ပြည်နယ် မြ၀တီခရိုင် ရဲ တပ်ဖွဲ့နှင့် နီးစပ်သည့် အစိုးရ ၀န်ထမ်း တဦးက ပြောသည်။

မြန်မာနိုင်ငံ မြ၀တီမြို့တွင် ယမန်နေ့က ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ရဲချုပ် ဦးဆောင်သည့်အဖွဲ့နှင့် မြ၀တီခရိုင် ရဲမှူး ဦးဆောင် သော အဖွဲ့တို့ ပြုလုပ်သည့် နှစ်နိုင်ငံ နယ်စပ်ဆိုင်ရာ ပူးတွဲ မှုခင်းတိုက်ဖျက်ရေး စည်းဝေးပွဲတွင် ယင်းသို့ မြန်မာ အတိုက် အခံများနှင့် ပတ်သက်၍ ထည့်သွင်း ဆွေးနွေးခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့က မြ၀တီမှာ ထိုင်းနဲ့ မြန်မာရဲတွေ အထူးစည်းဝေးပွဲ လုပ်ကြတယ်၊ လူကုန်ကူးမှု တိုက်ဖျက်ရေး၊ မူးယစ်ဆေးဝါး နှိမ်နင်းရေး ကိစ္စ၊ နယ်စပ်ရေးရာနဲ့ မဲဆောက်မှာရှိနေတဲ့ မြန်မာ အတိုက်အခံ အဖွဲ့တွေကို ထိုင်းဘက်က အရေးယူပေးဖို့ ကိစ္စတွေ ပါတယ်၊ မြန်မာရဲဘက်က ထိုင်းရဲကိုပေးတဲ့ သက်သေခံ အထောက်အထားတွေထဲမှာ မြန်မာ အတိုက်အခံတွေရဲ့ရုံး တွေနဲ့ လူနေအိမ်တွေကို ရပ်ကွက်အလိုက် လမ်းအလိုက် ဓာတ်ပုံအထောက် အထားတွေနဲ့ ပေးလိုက်တယ်”ဟု အထက်ပါ အစိုးရ ၀န်ထမ်းက ပြောသည်။

မြန်မာနှင့် စစ်ရေး ပူးတွဲ လေ့ကျင့်ရန် အိန္ဒိယ စစ်သင်္ဘောနှစ်စီး ထွက်ခွာ

Indian-navy

4/27/2011

မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်ရန်အတွက် အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် ယနေ့နံနက်ပိုင်းက ဘင်္ဂလာဒေခ်ျ့ နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမှ မြန်မာနိုင်ငံသို့ ထွက်ခွာ သွားကြောင်း သတင်း ရရှိသည်။
ထွက်ခွာ သွားသော စစ်သင်္ဘော နှစ်စီးမှာ Vajra နှင့် Razia Sultana တို့ ဖြစ်သည်။

“ ဒီ သင်္ဘော နှစ်စီးက လွန်ခဲ့တဲ့ တနင်္ဂနွေနေ့က ဘင်္ဂလာဒေခ်ျ့ကို ရောက်ရှိလာတာ ဖြစ်ပါတယ်။ ဘင်္ဂလာဒေခ်ျ့မှာ ၄ ရက်ကြာ စစ်ရေး ပူးတွဲ လေ့ကျင့်မူ ပြုလုပ်ပြီးနောက် ကြာသပတေးနေ့ နံနက်မှာ ထွက်ခွာသွားတာ ဖြစ်ပါတယ်” ဟု ဘင်္ဂလာဒေခ်ျ့ ကမ်းခြေ စောင့်တပ်ဖွဲ့ တာဝန်ရှိသူ တစ်ဦးက သတင်းထောက် များသို့ ပြောသည်။

အိန္ဒိယ စစ်သင်္ဘော နှစ်စီးသည် မြန်မာ ရေတပ်နှင့် ဘင်္ဂလာဒေခ်ျ့တွင် ပြုလုပ်ခဲ့သော အလားတူ စစ်ရေး ပူးတွဲ လေ့ကျင့်မူကို မြန်မာ့ ပင်လယ်ပြင်တွင် ၄ ရက်ကြာ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်္ဘော နှစ်စီးမှာ အိန္ဒိယနိုင်ငံ Orisa ပြည်နယ်မှ ထွက်ခွာလာသော ကမ်းခြေစောင့် စစ်သင်္ဘောများ ဖြစ်ပြီး မြန်မာနှင့် ပူးတွဲ စစ်ရေး လေ့ကျင့်မူ ပြုလုပ်ပြီးနောက် အန်ဒမန် ပင်လယ်ပြင်သို့ ပြန်လည် ထွက်ခွာပြီး ပုံမှန် ကင်းတာဝန်ကို ဆောင်ရွက်မည် ဖြစ်သည်။

စစ်ရေး လေ့ကျင့်မည့် အစီအစဉ်နှင့် ပတ်သက်ပြီး မြန်မာဘက်မှ ယခုအချိန်ထိ တစုံတရာ ထုတ်ဖေါ် ပြောကြားခြင်း မရှိသေးကြောင်း သိရသည်။

သတင်းရင်းမြစ် _ narinjara.com

အစိုးရတပ်က နေရာရွှေ့ခိုင်းခြင်းကို ကချင်တပ်ဖွဲ့များ လက်မခံ


2011-04-27

ရှမ်းပြည်မြောက်ပိုင်း ဓာတ်ငွေ့ ပိုက်လိုင်း ဖြတ်သန်း ဖောက်လုပ်မဲ့ နေရာမှာ တပ်စွဲထားတဲ့ ကချင်တပ်မတော် KIA တပ်မဟာ(၄) လက်အောက်ခံ တပ်များကို အစိုးရတပ်တွေက ဧပြီလ ၂၅ ရက်နေ့က တပ်စွဲထားတဲ့ နေရာတွေက ပြောင်းရွှေ့ခိုင်းတာမှာ တပ်မဟာ ၄ က ငြင်းဆိုလိုက်တယ်လို့ စုံစမ်းသိရှိရပါတယ်။

အခုလို KIA တပ်တွေကို ရွှေ့ခိုင်းတာဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်ပြည်ကို ဖောက်လုပ်မဲ့ ဓာတ်ငွေ့ပိုက်လိုင်း ဖြတ်သန်းမဲ့ နေရာကို အစိုးရတပ်တွေက ရှင်းလင်းရေး အစီအစဉ်အရ ဖြစ်တယ်လို့ သိရပါတယ်။

အခုလို အစိုးရဖက်က ပြောဆိုလာတာနဲ့ ပတ်သက်ပြီး KIA တပ်မဟာ ၄ ဦးစီးမှူး ဗိုလ်မှူးကြီး ဇော်ရော်က အစိုးရဖက်က တရားဝင် ပြောဆိုလာတာ ခုတကြိမ်ဟာ ပထမဆုံး ဖြစ်တယ်လို့ ဆိုပါတယ်။

“အဲဒီ တပ်ခွဲကို လာရွှေ့ခိုင်းတယ်ဆိုတာ မနေ့တနေ့ကပဲ ကျွန်တော့ကို တင်ပြလာတယ်။ အဲဒါကျတော့ ကျွန်တော်တို့လည်း ဘယ်လိုမှ အဲဒါ အရင်က ရှိပြီးသား တပ်စခန်းတွေ ဘာတွေ ရွှေ့ဖို့ အစီအစဉ်တော့ မရှိဘူး။ သူတို့ ဒီ ဂက်စ်ပိုက်လိုင်း လုံခြုံရေး ဆိုပြီးမှ အဲဒါ အစီအစဉ် ရှိကြတယ်ထင်တယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ တိုက်ရိုက် ပြောဆိုလာတာကတော့ ဒီတကြိမ်ပေါ့နော်၊ တပ်စခန်းကို အဲလို ရွှေ့ခိုင်းတယ်ဆိုတာကတော့ တပ်မှူးတွေက ကျွန်တော့ဆီ တင်ပြလာတာပေါ့။”

အလားတူ ဧပြီလ ၂၀ ပတ်ဝန်းကျင်ကလည်း တပ်မဟာ ၄ဒေသ လွိုင်ကန်ဖက်ကို အစိုးရတပ်များ SSA-မြောက်ပိုင်းတပ်များကို တိုက်ခိုက်ရင်း နယ်ကျွံလာတာ ရှိသလို တပ်မဟာလေးရဲ့ တခြားနယ်မြေ တွေမှာလည်း တပ်တွေ တိုးချဲ့လာတာ ရှိတယ်လို့ သိရပါတယ်။ တပ်မဟာ ၄ နယ်မြေမှာ အစိုးရဖက်က တိုးချဲ့လာတဲ့ တပ်တွေဟာ ကွတ်ခိုင် ဗျူဟာ လက်အောက်ခံ တပ်တွေ ဖြစ်တယ်လို့ သိရပါတယ်။


Copy from - rfa.org/

2011/04/27

ကရင် နယ်ခြားစောင့် ၂၀ ကျော် KNU နှင့် ပူးပေါင်း


ကရင်နယ်ခြားစောင့်တပ် အမှတ် ၁၀၁၂ မှ တပ်ခွဲမှူး ဗိုလ် စောဖားမီး အပါအ၀င် တပ်ဖွဲ့ဝင် ၂၈ ဦးက လက်နက်များနှင့် အတူ ကရင်ပြည်နယ် ဖာပွန်ခရိုင်ရှိ ကရင် အမျိုးသား အစည်းအရုံး (KNU) တပ်မဟာ ၅ ထိန်းချုပ်ဒေသသို့ ယခု ရက်ပိုင်း အတွင်း လာရောက်ပူးပေါင်းခဲ့သည်။   

ဗိုလ်ဖားမီးသည် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့ မြိုင်ကြီးငူ အထူးဒေသတွင် လှုပ်ရှားနေသော အခြား နယ်ခြားစောင့်တပ်ဖွဲ့ တဖွဲ့ ကို ပြီးခဲ့သည့် သောကြာနေ့ မွန်းလွဲပိုင်းက ၀င်ရောက်ပစ်ခတ်ခဲ့ပြီးနောက် KNU ဘက်သို့ လာရောက်ပူးပေါင်းခဲ့ကြောင်း ကရင် အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ ၇ မှ ဗိုလ်မှူးချုပ် စောဂျော်နီက ဧရာဝတီသို့ ပြောသည်။  

ယင်း တပ်ဖွဲ့ဝင်၂၈ ဦးတို့က လက်နက် ကိုယ်စီ အပြင် အပိုလက်နက်များကို ယူဆောင်ပြီး လာရောက်ပူးပေါင်းခဲ့ခြင်း ဖြစ်သည် ဟုလည်း ၎င်းက ဆိုသည်။

ဗိုလ်စောဖားမီး အဖွဲ့က တိုက်ပွဲဖြစ်ပွားမှုကြောင့် တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့ကြောင်း၊ စစ်လက်နက် ပစ္စည်းများ သိုလှောင်ထား သော ဂိုဒေါင်တခုနှင့် စစ် တန်းလျား တခုကိုလည်း မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက်ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ရန် ဆန္ဒပြ




၂၀၁၁ ခုနှစ် ဧပြီလ ၂၆ ရက်။


နအဖ စစ်အုပ်စု ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်မှ မြန်မာနိုင်ငံတွင် အစိုးရ ပြောင်းလဲ သွားပြီဖြစ်၍ ဂျပန် စီးပွါးရေး လုပ်ငန်းရှင်များအား မြန်မာပြည်သို့ ၀င်ရောက် စီးပွားရေး ရင်းနှီးမြုပ်နှံမှုများ ပြုလုပ်ရန် ဆွဲဆောင် ဟောပြောပွဲကို ဂျပန်ရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုတို့မှ သွားရောက် ကန့်ကွက် ဆန္ဒပြခဲ့ကြပါသည်။

ဟောပြောပွဲကို တိုကျို ကုန်သည်ကြီးများအသင်း အဆောက်အဦး-၇ ထပ်-အပြည်ပြည်ဆိုင်ရာကွန်ဖရင်၌ ယနေ့ နံနက် ၁၀း၀၀ နာရီမှာ ကျင်းပပြုလုပ်ခဲ့ပြီး ဂျပန်စိုက်ပျိုးရေးဝန်ကြီးဌာန ပြည်ပ ကုန်သွယ်ရေးအဖွဲ့မှ စီမံကိန်းဌာနခွဲ-မစ္စတာ ကိုဇိမ အဲတာရော နဲ့ မြန်မာသံအမတ်ကြီး ဦးမောင်တင် တို့မှဟောပြော သွားတယ်လို့ သိရပါသည်။ “ လူ့အခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ပြုလုပ်နေသည့် မြန်မာအစိုးရသစ်နှင့် စီးပွါးရေး ရင်းနှီးမြုပ်နှံမှု မပြုလုပ်ပါနဲ့ ” ဂျပန်သာဘာဖြစ် ဟောပြောသည့် ခမ်းမရှေ့၌ ဆန္ဒပြ ကြွေးကျော်ခဲ့ကြပါသည်။
လက်ရှိ နအဖ အစိုးရအသစ်ဟာ စစ်ယူနီဖေါင်းလဲ ဟန်ပြ အရောင်ဆောင်ထားသော အစိုးရသာဖြစ်ပြီး မပြောင်းလဲ သေးကြောင်း လူ့အခွင့်အရေး လှုပ်ရှားသူများ အပါအ၀င်နိုင်ငံရေးအကျဉ်းသားများအား ယနေ့ထိတိုင် အကျဉ်းထောင်များတွင် ဆက်လက် ဖမ်းဆီးချုပ်နှောင်ထားခြင်း၊ လူအခွင့်အရေး ချိုးဖေါက်မှု ဆက်လက် ရှိနေဆဲဖြစ်ကြောင်း တိုင်းရင်းသား ဒေသတွေမှာလဲ ထိုးစစ်ဆင် တိုးက်ခိုက်နေမှုဟာ ယနေ့ချိန်ထိ ပြုလုပ်နေဆဲ ဖြစ်ကြောင်းကို အင်္ဂလိပ် ဂျပန် နှစ်ဘာသာဖြစ် ဖြန့်ဝေခဲ့ပါတယ်။ မြန်မာပြည်ရဲ လက်ရှိပကတိ အနေအထားကို သိရှိစေရန်အတွက် ပြည်တွင်း NLD မှ ပညာရှင်များ သုံးသပ်ထားသည့် စီးပွါးရေး စစ်တမ်းကို ဆန္ဒပြပွဲတွင် ဖြန့်ဝေခဲ့ပါသည်။

သတင်းမှတ်တမ်း ။           ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။          ။ Moe Min Thu်

2011/04/25

ဂျပန်ရောက် တိုင်းရင်းသားများမှ လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနား






၂၀၁၁ ခုနှစ် ဧပြီလ ၂၄ ရက်။


လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား လုံးဝ အသိအမှတ်မပြု ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း၌ ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) AUN-Japan မှ ယနေ့ ညနေ ၁၈း၀၀ နာရီမှ ၂၁း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ဂျပန်ရောက် တိုင်းရင်းသား အင်အားစုများတို့သည် နအဖ စစ်အုပ်စုမှ ရေးဆွဲခဲ့သည့် ROAD MAP ၇ ချက် အဆင်ဆင့်ကို ကန့်ကွက်ခဲ့ပြီး ဖြစ်သလို ROAD MAP ၇ ချက် အရ ပေါ်ပေါက်လာသော လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ်အား လုံးဝ အသိအမှတ်မပြု ကြောင်းကို AUN-Japan အဖွဲ့ဝင် အဖွဲ့အစည်း အသီသီးမှ ကိုယ်စားလှယ်များတို့ တက်ရောက် ရှုတ်ချ ကန့်ကွက် ခဲ့ကြပါသည်။

နိုင်ငံရေး အကျဉ်းသားများ အားလုံးချက်ခြင်း လွတ်ပေးရန်၊တိုင်းရင်းသား ဒေသအတွင်း ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်ဆိုင်းပြီး စစ်မှန်သည့် ငြိမ်းချမ်းရေးအား အမြန်ဆုံးဖေါ်ဆောင်ပေးရန်။ အမျိုးသား ပြန်လည် သင်မြတ်ရေးအတွက် တိုင်းရင်းသား အားလုံး ကိုယ်စားပြုပြီး ပါဝင်ဆွေးနွေးသွားနိုင်မည့် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို အမြေန်ဆုံး ခေါ်ယူကျင်းပဖို့ ဂျပန်ရောက် တိုင်းရင်းသား အင်အားစု များတို့မှ တိုက်တွန်း တောင်းဆို သွားခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

လက်တော့ပ်ကို ရထားပေါ်သယ်ရင် တန်ဆာဆောင်ဖို့လို

စစ်အစိုးရတက်မှပြောင်လည်းနေပါလား
Friday, 22 April 2011 18:53

(ခေတ်မှီစက်မှု့နိုင်ငံထူထောင်ရေးနှင့်ခေတ်ကျော် ၀န်ဆောင်မူ အခြားစီးပွါးရေးကဏ္ဍများကိုလည်း

ဘက်စုံ ဖွံ့ဖြိုး တိုးတက်အောင်တည်ဆောက်ရေး….ဒို့အရေး…ဒို့အရေး…ဒို့အရေး)

မြန်မာနိုင်ငံက ရထားပေါ်ကို သင်၏ ခရီးဆောင် ကွန်ပြူတာ လက်တော့ပ်အား ယူသွားပါက လက်မှတ်စစ် တွေ့ရှိလျှင် တန်ဆာမဆောင်ဘဲ သယ်ဆောင်မှုဖြင့် ဒဏ်ငွေဆောင်ရမှာ ဖြစ်သည်။

မြို့ပတ် ရထားပေါ်ဖြစ်စေ၊ နယ်ဝေးပြေးဆွဲနေသည့် ရထားများ အပေါ်တွင်ဖြစ်စေ ကွန်ပြူတာတွေ့လျှင် ဒဏ်ငွေ ၄၈ဝဝ ကျပ်အထိ ဒဏ်တပ်ခံရမည်ဟု နေပြည်တော်ရှိ ရထားပို့ဆောင်ရေး စီးပွားရေးဌာနက တာဝန်ရှိသူတဦးက အတည်ပြုပြောကြားသည်။

”ကွန်ပြူတာ လက်ပ်တောပ့်ကတော့ Personal Use လည်း မရဘူးခင်ဗျ။ တလုံးထဲလည်း ဒဏ်ရိုက်ပါတယ်” ဟု သူက မဇ္ဈိမကို ပြောသည်။
  1. ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် Miyagi Kan ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားသွားသွားရောက်မည့် ခရီးစဉ်အတွက် ပြင်ဆင်။




၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ဂျပန်အရှေ့မြောက် ငလျင်နှင့် ဆူနာမိ သဘာဝဘေးဒဏ်သင့် ဒေသသို့ မြန်မာနိုင်ငံသားများမှ စေတနာ အလှူနှင့် လုပ်အားအလှူမှာ ဒုတိယ အကြိမ်မြောက် ခရီးစဉ် ဖြစ်ပြီး ယခုသွားရောက်မည့် ခရီးစဉ်ကို ဧပြီလ ၃၀ ရက်နေ့ည တွင် စတင်ထွက်ခွာပြီး Miyagi Kan, Ishinomaki Volunteer Center သို့ တရက်သာ သွားရောက် လုပ်အားပေးမည်ဖြစ်ပါသည်။

ဤခရီးစဉ်သည် ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ် သန့်ရှင်းသော စေတနာ သက်သက် ခရီးစဉ် တခုဖြစ်ပါသည်။ သွားရောက်မည့် ခရီးစဉ်တွင် အစီအစဉ် (၁) မြန်မာနိုင်ငံသားများ၊ အဖွဲ့အစည်းများမှ စုပေါင်း လှူဒါန်းထားသော ငွေများကို ပေးအပ်ခြင်း၊ (၂) ကယ်ဆယ်ရေး စခန်းများတွင် နေထိုင်နေရသူများ လူဦးရေ ၃၀၀ ကို နေ့လည်စာ ထမင်းတနပ် ချက်ပြုတ် ကျွေးမွေးခြင်းနှင့် (၃) လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်ခြင်းအစီအစဉ် ၃ ခု ပါဝင်ပါသည်။

ယနေ့ သွားရောက် လုပ်အားပေး နိုင်ရန်အတွက် မှတ်ပုံတင် စာရင်းသွင်းလုပ်ငန်းများ Takadanobaba အရပ်ရှိ SHiokatsu Center 5f, မှာ လက်ခံဆောင်ရွက်ပြီး လာရောက် စာရင်းပေသွင်းသူ စုစုပေါင်း(၉၀)ဦး ရှိကြောင်း သိရှိရပါသည်။ ၁၆ ဦးမှာ ချက်ပြုတ် ကျွေးမွေးရေးတွင် တာဝန်ယူသွားမည်ဖြစ်ပြီး ကျန် ၇၄ ဦးမှာ လိုအပ်သော အဆောက်အဦး နေရာတခုခုတွင် တနေ့တာ သန့်ရှင်းရေး၊ ပြင်ဆင်ရေး လုပ်အားပေး ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ ချက်ပြုတ် ကျွေးမွေးရန် ပစ္စည်းတင်ကား အပါအ၀င် ကား (၅)စီး စီစဉ်ထားပြီး တိုကျိုသို့ မေလ ၂ ရက်၊ တနင်္လာနေ့ နံနက် ၄ နာရီခန့်တွင် ပြန်ရောက်မည် ဖြစ်ကြောင်းသိရပါသည်။

တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် လက်ပါခြင်း မရှိသော်လည်းပဲ မိမိတတ်နိုင်သည့်ဘက်က အလှူငွေ ထည့်ဝင်ခြင်း၊ အစားအသောက် ပစ္စည်းများ ပေးပို့လှူဒန်းခြင်းများ ပြုလုပ်ကြပြီး နောက်ထပ်တကြိမ် လုပ်အားပေး ခရီးစဉ်အား စီစဉ် ဆောင်ရွက်ပေးပါရန် စသည့် တိုက်တွန်းသူများလဲ များစွာတွေ့ရကြောင်း ဂျပန်ရောက် မြန်မာနိုင်ငံသားများ အားလုံး၏ မွန်မြတ်သန့်ရှင်းသော စေတနာ နှင့် ဒုက္ခရောက်နေသူကို ကူညီတတ်သည့် မြန်မာများတို့၏ စိတ်ဓါတ်ကို အခုလို မြင်တွေ့လိုက်ရသည့်အတွက် ၀မ်းမြောက်ဝမ်းသာ ဖြစ်မိပါကြောင်း တင်ပြအပ်ပါသည်။

သတင်းမှတ်တမ်း။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum
ဂျပန်ငလျင်နဲ့ဆူနာမီအတွက်လုပ်အားပေးလိုက်မည့်သူများသိစေရန်

Volunteer Trip Principle

2011/04/24

မြိုင်ကြီးငူစခန်း တိုက်ခိုက်ခံရ

April 23, 2011
ကရင်ပြည်နယ် ကမမောင်းမြို့နယ် အနီးက ဒီကေဘီအေ ဌာနချုပ်ဖြစ်ခဲ့တဲ့ မြိုင်ကြီးငူစခန်းကို အခု နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) တပ်ဖွဲ့မှ ဗိုလ်ဖားဘိ ဦးဆောင်ကာ ဧပြီလ ၂၂ ရက်နေ့ ညနေ ၃ နာရီလောက်မှာ ဝင်ရောက်တိုက်ခိုက် ရှင်းလင်းခဲ့ပါတယ်။

နယ်ခြားစောင့်တပ် (ယခင် ဒီကေဘီအေ ၃၃၃) ဟာ ဗိုလ်ချုပ်မောင်ကြည် ဦးဆောင်နေတဲ့ တပ်ဖွဲ့ဖြစ်ပြီး မြိုင်ကြီးငူစခန်း မှာရှိတဲ့ လက်နက်တိုက် ရယ် ပစ္စည်းဂိုဒေါင်တွေရယ်ကို မီးရှို့ဖျက်စီးခဲ့တယ်လို့လည်း သိရှိရပါတယ်။ တိုက်ပွဲဖြစ်ချိန် ဟာ ၂ နာရီလောက်ကြာခဲ့ပြီး အတည်ပြုမရတဲ့ သတင်းအရ တိုက်ပွဲမှာပါတဲ့ အဖွဲ့တဖွဲ့မှာ အဖွဲ့ဝင် သုံးဦး ထိခိုက်သေ ဆုံးခဲ့တယ်လို့လည်း ကြားသိရပါတယ်။

မြိုင်ကြီးငူမှာဖြစ်တဲ့အခြေအနေကို ရွှေကုက္ကို နယ်ခြားစောင့်တပ်စခန်းမှ အမည်မဖေါ်လိုတဲ့ (ယခင် ဒီကေဘီအေ ၉၉၉) တပ်မှူးတဦး ပြောပြတာက ….

သိသာထင်ရှားတဲ့ အပြောင်းအလဲ

ယခင် (နအဖ) စစ်အစိုးရ


မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၀ ရက်)

ယခု သမ္မတဦးသိန်းစိန်အစိုးရ


မြန်မာ့အလင်းသတင်းစာ (၂၀၁၁ ခုနှစ်၊ ဧပြီလ ၁၁ ရက်)

အထက်မှာဖေါ်ပြထားတဲ့ သတင်းစာဖြတ်ပိုင်း ၂ ခု နှိုင်းယှဉ်ကြည့်ပါ။ ထင်ရှားတဲ့အပြောင်းအလဲကို သင်မုချတွေ့ပါလိမ့်မယ်။

ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲ အရှိန်မြင့်


ထိုင်း-ကမ္ဘောဒီးယား နယ်စပ်တိုက်ပွဲတွင်း ဒဏ်ရာရ ထိုင်းစစ်သားတဦးကို Surin ခရိုင်၊ Phnom Dongrak ဒေသ ဆေးရုံကိုပို့ဆောင်နေစဉ် (ဧပြီလ ၂၂၊ ၂၀၁၁)
 
 
"မူယယ်ဖဲ" အလှဘုရင်မလေးရဲ့ ကျိမ်စာ များ သင့်ခဲ့ပြီလား ကို ရွှေထိုင်းတို့ ရယ်... ကျနော်တို့ ဒုက္ခသည်တွေ အိမ်ပြန်ဖို့  အထုပ်တောင် မပြင်ရသေးဘူးနော်...... ရာဇ၀င်ထဲက ပေးခဲ့တဲ့ကတိတွေကို မင်းတို့  ဖျက်မယ်လုပ်တိုင်း ခင်ဗျားတို့ တိုင်းပြည်မှာ ဆူပူမှုတွေပေါ်ပေါက်ပြီး အစိုးရအပြောင်းအလည်းတွေနဲ့ ကြုံတွေ့  နေရမြဲ၊ အကြိမ်ပေါင်းလည်း မနည်းတော့ဘူးဆိုတာ သတိမူပါ။

ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံအကြား ဘုရားကျောင်းတခုကို သူပိုင်ငါပိုင် အငြင်းပွားရာကနေ နယ်စပ်ပြဿနာတွေ အထိ ပေါ်ပေါက်ခဲ့တဲ့ မကြာသေးခင်က တိုက်ပွဲတခုမှာ နှစ်ဖက် တပ်ဖွဲ့တွေကြား ပစ်ခတ်မှုတွေ ပြင်းထန်ခဲ့ပါတယ်။

ကမ္ဘောဒီးယားဘက်က စစ်သား ၃ ယောက် ကျဆုံးပြီး ၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ကမ္ဘောဒီးယား တပ်မတော် တာဝန်ရှိသူတွေက ပြောပါတယ်။ ထိုင်းဘက်မှာလည်း စစ်သည် ၂ ဦး ကျဆုံးပြီး အနည်းဆုံး ၈ ဦး ဒဏ်ရာရခဲ့တယ်လို့ ထိုင်းတပ်မတော် အကြီးအကဲတွေက ပြောပါတယ်။

ထိုင်းနိုင်ငံ ဆူရင်း (Surin) ပြည်နယ် ဖနွမ်ဒွန်ရက်ခ် (Pa Nom Dong Rak) ဒေသက တာမူဝမ်တွမ် (Ta Muen Tom) ဘုရားကျောင်းနားမှာ ဒီတိုက်ပွဲတွေ ဖြစ်ခဲ့တာဖြစ်ပါတယ်။ တိုက်ပွဲကို ဘယ်သူ့ဖက်က စတင်ခဲ့တယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်လို့ ထိုင်းနဲ့ကမ္ဘောဒီးယား နှစ်ဖက်လုံးရဲ့ တပ်မတော်အကြီးအကဲတွေက တဘက်နဲ့တဘက် အပြန်အလှန် စွပ်စွဲပြောဆိုနေကြပါတယ်။
http://www.voanews.com/burmese/news/Thai-Cambodia-border-dispute-04-22-11-120463084.html

ဒေါ်စု၏ ကမ္ဘာတွင်းသို့ ခေတ္တ ဝင်ရောက်ခြင်း

ဧပြီလ ၂၂ ရက် ၂၀၁၁ ခုနှစ် ။

(Laila de Champfleury သည် သူတို့၏ နိုင်ငံတကာ နိုင်ငံရေး ကောလိပ်သင်ရိုး သင်ခန်းစာအတွက် မြန်မာနိုင်ငံသို့ ဧပြီလဆန်းတွင် သွာရောက်လေ့လာခဲ့ကြသော ဒိန်းမတ်ကျောင်းသား ၁၁ ဦးမှ တဦးဖြစ်ပါသည်။ ထိုအဖွဲ့တွင် ဆရာနှစ်ဦးလည်း အတူလိုက်ပါသွားခဲ့သည်။ မဇ္ဈိမ အင်္ဂလိပ်ပိုင်း အတွက် Laila de Champfleury ရေးသားသော Stepping into the world of Aung San Suu Kyi ကို ဘာသာပြန် ဆိုထားခြင်း ဖြစ်သည်။)

အမကြီးဟာ တော်လှန်ရေးသမားတဦး မဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီ လှုပ်ရှားမှုရဲ့ သူရဲကောင်းဖြစ်တဲ့ သူဟာ စားပွဲပေါ် သူ့လက်တွေကို ခပ်ဖွဖွ ယှက်ထားပြီး အေးအေးဆေးဆေး ထိုင်နေတာပါ။ မြန်မာပြည်ရဲ့ ဆိုးရွားကြမ်းတမ်းလှတဲ့ ဒီမိုကရေစီခရီးနဲ့ သူ့ရဲ့ နိုင်ငံရေး အကြောင်း ဆွေးနွေးဖို့ ရောက်လာကြတဲ့ ဧည့်သည်တွေကို စကားထိုင်ပြောနေပါတယ်။

တော်လှန်ရေးဆိုတာ `ရင်ခုန်စရာ သိပ်မကောင်းလှပါ´ လို့ သူထင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က အံ့အားသင့်စရာ ပြောကြား လိုက်ပါတယ်။
ပညာရေးဝန်ထမ်းများနှင့် ကျောင်းသူကျောင်းသားများ စစ်တပ်ရိက္ခာ ထမ်းပိုးပေးနေရ

၂၀၁၁ ဧပြီလ ၂၂ရက်။


ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်ခရိုင် ဒွယ်လိုးမြို့နယ်ရှိ ၀ါ့မူ့ကျေးရွာအုပ်စုမှ ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများသည် စာမေးပွဲဖြေပြီး ချိန်မှစ၍ ယခုအချိန်ထိ ထိုဒေသတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ်များ၏ ရိက္ခာများကို ထမ်းပိုး ပေးနေရသည်ဟု ဒေသခံ ကျောင်းဆရာများက ပြောသည်။

ဝါ့မူ့ကျေးရွာအုပ်စုတွင် လှုပ်ရှားနေသည့် မြန်မာစစ်တပ် တပ်မ(၁၁)လက်အောက်ခံ ခလရ(၉၆)တပ်ရင်းသည် ၀ါ့မူ့၊ မယ်တိုးထာ၊ ကေကော်နှင့် မယ်ဝေစခန်းများတွင် အခြေချသည့် ၎င်းတို့တပ်ဖွဲ့ဝင်များအတွက် ဆန်ရိက္ခာများ ထမ်းပိုးပေးရန် ပြီးခဲ့သည့် ဖေဖော်ဝါရီလကုန် စာမေးပွဲ ဖြေဆိုပြီးချိန်မှ ယနေ့အချိန်ထိ ယင်းသို့ ခေါ်ယူ ခိုင်းစေခဲ့ခြင်းဖြစ်သည်ဟု ၀ါ့မူ့ကျေးရွာအုပ်စု မှ ကျောင်းဆရာတစ်ဦးက ပြောသည်။

၎င်းကျောင်းဆရာက “ရိက္ခာထမ်းပို့ခိုင်းတာက စာမေးပွဲဖြေတဲ့အချိန် ကတည်းကပါ။ စာမေးပွဲအချိန်ဆိုတော့ ဘယ်သူမှ မသွား ကြသေးဘူး။ စာမေးပွဲပြီးမှ ဆရာဆရာမ၊ ကျောင်းသူ ကျောင်းသားတွေ အကုန်စုပေါင်းပြီးတော့ သွားထမ်းပို့ပေးကြတယ်။ နေ့တိုင်း မခိုင်းပေမယ့် တရက်ခြား နှစ်ရက်ခြားတခါ အခုထက်ထိ သွားနေရတုန်းပဲ။”ဟု ပြောသည်။

2011/04/22

ရှမ်းပြည်မြောက်ပိုင်းရှိ KIA တပ်ထံ မြန်မာစစ်တပ်များ တပ်အင်အားဖြင့်ချဉ်းကပ်လာ

Thursday, 21 April 2011 14:15 KNG 
 
ရှမ်းပြည်မြောက်ပိုင်းအခြေစိုက် ကချင်ပြည်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်မဟာ (၄)နှင့် မြန်မာအစိုးရတပ်တို့ကြား စစ်ရေးပြင်ဆင်မှုများတိုးချလာခြင်းကြောင့် တိုက်ပွဲဖြစ်မည့်အခြေအနေ ဦးတည်နေကြောင်း KIA အရာရှိများပြောသည်။

SSA-N (ရှမ်းပြည်တပ်မတော်မြောက်ပိုင်း) တွင် မြန်မာစစ်တပ်နှင့် တိုက်ပွဲများဖြစ်ပွားနေချိန်မှစ၍ အနီးတ၀ိုက်တွင် အခြေစိုက်ထားသော ‘၀’ နှင့် ကချင်လက်နက်ကိုင်တပ်တို့ဆီ ပြန်လည် စစ်ရေးပြင်ဆင်မှုလုပ်လာခြင်းဖြစ်ကြောင်း KIA အရာတစ်ဦး ပြောသည်။
burmese_soldier
ရှမ်းမြောက် KIA တပ်မဟာ ၄ နှင့်ဆက်သွယ်ထားသော တာမိုးညဲ-မုန်းစီ ကြားရှိ နမ်းဆာ မြန်မာစစ်စခန်း။

“အဲလိုဖြစ်နေတဲ့အချိန်မှာပဲ ခုတပ်မဟာ (၄)ဘက်မှာလည်း သူတို့တအားချဉ်းကပ်လာတာပေါ့ မနေ့ညနေက စပြီးတော့။ တပ်မဟာ (၄)ရဲ့ အနီးတ၀ိုက်မှာ တော်တော်လေး မြန်မာစစ်ကြောင်း ၃ ခု ၀င်ရောက်လာတယ်လို့ ပြောတယ်။ အခုအဲ ဒါကြောင့်အခုအခြေအနေက စစ်ဒီနေ့ဖြစ်မလား ဒီညဖြစ်မလား အဲဒါ အရမ်းအလုပ်များနေ ကြတယ်။”

ရှမ်းလက်နက်ကိုင်တပ် ၀မ်စောဌာနချုပ်ကိုလည်း ၃ နေရာမှ ၀ိုင်းရံတပ်ချထားသကဲ့သို့ KIA တပ်မဟာ (၄)ဌာနချုပ်ကိုလည်း ၃ နေရာမှာ ၀ိုင်းရံ၍ ချဉ်းကပ်လာနေသောကြောင့် တိုက်ပွဲဖြစ်လာမည့်အခြေအနေထိ ခန့်မှန်းနေကြောင်း ပြောသည်။

“အထက်ကနေ အမိန့်ကတော့ သူကနေစပြီး မပစ်ရင်တော့ ကျွန်တော်တို့လည်း မပစ်ဘူး။ သူတို့ဖက်က ဒီမှာဆွေးနွေးဖို့ ကိစ္စပြော လာရင်တော့ KIO (ကချင်လွတ်မြောက်ရေးအဖွဲ့) ကလည်း အချိန်မရွေး ဆွေးနွေးမယ်ဆိုတဲ့ အစီစဉ်ရှိတယ်။ ဒါမဲ့ အခုရှေ့တန်းမှာတော့ ဒီနေ့တွင်း တပ်မဟာ (၄) ဖက်ကို သူတို့ကျူးကျော်ဝင်ရောက်လာရင်တော့ ပစ်ဖို့အမိန့်ပေးထားပြီး ဖြစ်တယ်လို့ပြောပါတယ်။”

မြန်မာစစ်တပ်တိုးချဲ့မှုအခြေအနေကို စောင့်ကြည့်ခြင်းအားဖြင့် ရက်ပိုင်းတွင်း တိုက်ပွဲဖြစ်လာ နိုင်ခြေ ရှိသည်ဟု လည်း ခန့်မှန်းပြောဆိုနေကြသည်။

ထို့ကြောင့် ရှမ်းပြည်မြောက်ပိုင်း KIA တပ်ဘက်မှ တာဝန်ရှိသူ အရာရှိများအား ဗဟိုဌာနချုပ်မှ တပ်ပြင်သို့သွားလာခြင်းမပြုပဲ အနီးကပ် အချိန်ပြည့် သတိနှင့်စောင့်ကြည့်နေရန် အမိန့်ပေးထားကြောင်း တပ်ဖွဲ့ဝင်များမှသိရသည်။
 
copy_rights kachinnews.com

ဂျပန် နျူကလီးယားဇုံထဲဝင်ရင် အရေးယူမည်

21 ဧပြီ 2011 ,

ဂျပန်နိုင်ငံမှာ ထိခိုက်ပျက်စီးနေတဲ့ ဖူကူရှီးမား (Fukushima) နျူကလီးယား ဓါတ်အားပေးစက်ရုံနဲ့ ၁၂ မိုင်ခွဲ ပတ်လည်ကို လူတွေမလာနိုင်အောင် ဥပဒေအရ တားမြစ်ချက်ကို ဒီကနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အဲဒီဒေသမှာနေထိုင်ကြတဲ့ ဒေသခံ ၇ သောင်းလောက်ရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးကို ကာကွယ်ဖို့အတွက် အမေရိကန်ဒေါ်လာ ၁,၂၀၀ နဲ့ညီမျှတဲ့ လျော်ကြေးပါဝင်တဲ့ တားဖြစ်ချက်ကို ထုတ်ပြန်ရတာ ဖြစ်တယ်လို့ ဝန်ကြီးအဖွဲ့ အတွင်းဝန်ချုပ် ယုကိအို အိဒါးနို က ပြောပါတယ်။

ဖြတ်သန်းမသွားရလို့ သတ်မှတ်ထားတဲ့ နယ်မြေထဲမှာ နေထိုင်ကြသူအနေနဲ့ သူတို့ရဲ့ တန်ဖိုးရှိတဲ့ ပိုင်ဆိုင်နိုင်မှုတွေကို ပြန်ယူနိုင်ဖို့ အိမ်ထောင်စုတခုက မိသားစုဝင် ၁ ယောက်ကို အိမ်ကို ခဏပြန်နိုင်ရေး စီစဉ်ပေးမယ်လို့လည်း မစ္စတာအိဒါးနို က ပြောပါတယ်။ ဒါပေမဲ့ ဘေးကင်းရာမှာ ပြောင်းရွှေ့နေထိုင် နေကြသူတွေက အိမ်နဲ့ အဝေးမှာ ဆက်ပြီး မနေချင်ကြတော့ပါဘူး။ အန္တရာယ်ရှိတာမို့ အရင်ထဲက မသွားရလို့ အစိုးရက သတိပေးထားပေမဲ့ တချို့လဲ နေအိမ်တွေမှာ ပြန်နေကြတာရှိပါတယ်။

အခုတော့ အစိုးရက ဥပဒေနဲ့အညီ အရေးယူမယ်လို့ သတိပေး တားမြစ်ချက် ထုတ်လိုက်တာဖြစ်ပါတယ်။ ဂျပန်ဝန်ကြီးချုပ် နာအိုတိုခန် ကယ်ဆယ်ရေးစခန်းကို သွားရောက်စဉ်ကလည်း နျူကလီးယား ပြဿနာကို အမြန်ဆုံး ဖြေရှင်းပေးဖို့အတွက် ဒုက္ခသည်တွေက တောင်းဆိုခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ကတော့ အခြေအနေကို နားလည်ပေးဖို့ ပန်ကြားခဲ့သလို ခုလို ဘေးကင်းရာ ပြောင်းရွှေ့ နေနေကြရသူတွေရဲ့ လိုအပ်ချက်ကို သူ့အနေနဲ့ အချိန်ယူ စဉ်းစားပေးဖို့ လိုတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Copy from- voanews.com/

ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များကို မြန်မာများ သွားရောက်ကျွေးမွေးလှူဒါန်း

日本・ミャンマー>在日ミャンマー人難民 陸前高田市の避難所で炊き出し

twitter.gif facebook.gif
ငလျင်နဲ့ ဆူနာမိ ဘေးဒဏ်သင့် ဒုက္ခသည်များရှိရာ အီဝါးတဲ့ခရိုင် ခိုလှုံရေးစခန်း( ၉၂ )အနက် တခုဖြစ်သော ရိကုဇဲန်းတာကာတာမြို့နယ်ရုံးမှာ ရှိတဲ့ ခိုလှုံရေးစခန်းမှ ဘေးသင့်သူ ဒုက္ခသည်ဦးရေ ၃၀၀ ခန့်ကို မြန်မာ ထမင်းဟင်း နေ့လယ်စာ ချက်ကျွေးသည့် မြန်မာနိုင်ငံသားများရဲ့ အလှူတခုကို သွားရောက်ပြုလုပ်ခဲ့ကြပါသည့် သတင်းကို Asiapress သတင်းဌာနမှ ဂျပန်ဘာသာဖြစ် သတင်းဖြန့်ဝေခဲ့ပါသည်။



【在日ミャンマー(ビルマ)人難民らが9日、岩手県陸前高田市の被災者のためにミャンマー料理の炊き出しをおこなっ た。写真はたまごを煮込んだもの。同市の避難所のひとつ、下矢作コミュニティセンターで300人分の料理を準備した。彼らの多くは都内の飲食店で働いて生 計を立てながら、母国の民主化のための活動を続けている。(4月9日 写真:マイチョーウー氏提供)】
日本に暮らすミャンマー(ビルマ)人難民が9日、岩手県陸前高田市の避難所を訪れ、ミャンマー料理の炊き出しをおこなった。
訪問したのは、東京で母国の民主化運動を続けるミャンマー人難民ら12人。水やプロパンガス、調理器具などすべて自前で用意し、トラックで10時間かけて 陸前高田市矢作町の避難所を訪問した。ミャンマー風チキンカレーなどのミャンマー料理300人分を調理し、被災者に振る舞った。久しぶりの肉料理に喜び、 お代わりする子どももいたという。
炊き出しグループのひとりマイチョーウーさん(44歳)は、「これまで日本人や日本政府に助けてもらってきた。地震発生直後から、被災した日本の人たちのために何か役に立ちたいと思っていた。今回温かい料理を食べてもらうことができて嬉しい」と語った。

【津波で破壊し尽くされた陸前高田市海岸部。(4月9日 写真:マイチョーウー氏提供)】
炊き出し訪問は、在日ミャンマー人難民を支援してきたNGOと陸前高田市の避難所でボランティアとして働く青年との縁で実現。当初、約40人のミャンマー人難民が訪問を希望したが、移動手段の制限から今回は12人が訪問することになった。
マイチョーウーさんたちは、避難所の被災者と交流した後、津波の被害を受けた同市海岸部を訪れた。破壊し尽くされた町の光景にがく然とし、言葉を失った。

【線路もねじまがり寸断されていた。(4月9日 写真:マイチョーウー氏提供)】
「テレビではたくましく頑張ろうとする被災者の姿ばかりが映し出されていたが、多くの人はつらそうで沈痛な面持ちだった。津波に家を流され、家族を流され、すべてを失った人たちの心の傷はとても深いと感じた」
帰京した10日には、在日ミャンマー人難民らによる震災犠牲者のための追悼集会が都内で開かれ、義援金約140万円が集まった。
4月下旬に再び現地を訪れ、炊き出しのほかにがれきの撤去や精神的な面での支援をおこなう予定だ。
一方で、先月母国ミャンマーで起きた地震の被災者支援も進められている。
タイ国境に近いシャン州東部で3月24日、マグニチュード6.8の地震が発生。75人以上が死亡し、約18,000人が被災した。現在、被災地ではトタン 屋根と飲み水が特に不足しているとみられ、在日ミャンマー人難民たちは、義援金を呼びかけるなど、母国の被災地支援にも乗り出している。【赤津陽治】


【陸前高田市ボランティアセンター本部で(4月9日 写真:マイチョーウー氏提供)】

2011/04/21

ဒုက္ခသည်လျှောက်သည့်ကိစ္စ ပြန်လည်ဆောင်ရွက်ရန် ဖြစ်နိုင်ခြေနည်းသေးဟု KRC ဆို

ဧပြီလ ၂၀ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
မြန်မာဒုက္ခသည်အဖြစ် လျှောက်ထားသူများကို လက်ခံစဉ်းစားသည့် အစီအစဉ်ကို မကြာခင်ကာလတွင် ထိုင်းအစိုးရက ပြန် လည် စတင်တော့မည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ထိုကိစ္စမှာ လက်ရှိအချိန်တွင် ဖြစ်နိုင်ခြေနည်းပါးသေးကြောင်း ကရင်ဒုက္ခသည်ကော်မတီ(KRC) က ပြောဆိုသည်။
KRC ဥက္ကဌ စောရောဘတ်ထွေးက “UNHCRက လူတွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ လက်ခံရင်တောင် မှ အလွန်ဆုံး Pre(အကြို)အဆင့်လောက်ပဲ ရမယ်။ ထိုင်းအစိုးရ ခွင့်ပြုချက်မရဘဲ လုပ်လို့မရပါဘူး။ ကျနော်တို့ သိရသ လောက်ဆိုလို့ရှိရင် ထိုင်းအစိုးရက ဒုက္ခသည်တွေကို ထပ်ပြီးလက်ခံဖို့ဆိုတာ အစီအစဉ်မရှိပါဘူး။ လက်ရှိ ထိုင်းနယ်စပ်မှာရှိတဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ အန်ဂျီအိုအဖွဲ့အစည်းတွေကိုတောင်မှ ထောက်ပံ့မှုတွေ လျှော့ခိုင်းထားတယ်။”ဟု ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ဒုက္ခသည်အဖြစ် လျှောက်ထားခွင့်ကို ထိုင်းအစိုးရက အချိန်အတန်ကြာ ရပ် ဆိုင်းထားရာကနေ မကြာခင် ပြန်စတော့မည်ဟု ဘန်ကောက်ရှိ ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး(UNHCR)၏ ပြောရေးဆို ခွင့်ရှိသူ Kitty Mckinsey က ပြီးခဲ့သည့် တနင်္လာနေ့တွင် လွတ်လပ်သည့် အာရှအသံ (RFA)မြန်မာပိုင်းအစီအစဉ်ကို ပြောကြား ခဲ့ခြင်း ဖြစ်သည်။

ဌာနေ ပြန်ရမည့် ရွှေ့ ပြောင်း ကရင် များ ကို အစိုးရသစ် လက်ခံမည်

April 20, 2011

ဟိန်းခိုင်ထွန်း၊ ၊အနောက် နိုင်ငံကြီးများ၏ အကူအညီ လျှော့ကျသွားခြင်းကြောင့် ထိုင်းအစိုးရ၏ မူဝါဒ အပြောင်းအလဲ ဖြစ်ပေါ်ပြီး ၎င်းတို့၏ မြေပေါ်တွင် မရှိချင်တော့သည့် မြန်မာနိုင်ငံဘက်ခြမ်း ကရင်ဒေသမှ ကရင် ရွှေ့ပြောင်း ပြည်သူများ ဌာနေ ပြန်မည်ဆိုလျှင် မြန်မာအစိုးရသစ်က လက်ခံကြိုဆိုပြီး နေရာ ချထားပေးမည် ဖြစ်ကြောင်း နေပြည်တော်ရှိ လူမှု ၀န်ထမ်း ကယ်ဆယ်ရေးဌာနနှင့် ပြန်လည် နေရာချထား ရေး ၀န်ကြီး ဌာနမှ အဆင့်မြင့် အရာရှိတစ်ဦးက FNG သို့ ပြောသည်။

ပြန်လည် လက်ခံမည့် အစီအစဉ်တွင် ထိုင်းအစိုးရ တာဝန်ရှိသူများ ၊ မြန်မာအစိုးရ တာဝန်ရှိသူများနှင့် တတိယ နိုင်ငံအချို့ မှ အကူအညီပေးရေး ဧဂျင်စီများနှင့် စတင် ဆွေးနွေးနေပြီ ဖြစ်ကြောင်း သတင်း ရရှိသည်။

ပြန်လည် ကြိုဆို လက်ခံခြင်း အစီနှင့် ပတ်သက်ပြီး ” ကျွန်တော်တို့ တိုင်း ရင်းသားတွေပဲဗျာ၊ ဘာလက်မခံ နိုင်စရာ အကြောင်း မရှိပဲ နေမလဲ ၊ တတိယနိုင်ငံတွေမှာ သူတို့ အဆင်မပြေကြဘူး၊ ဟို ရိုမေးနီးယား ရောက်သွားတဲ့ လူတွေဆို လမ်းပေါ်ရောက် သွားတာတို့ ၊ တစ်ချို့ နိုင်ငံတွေမှာ ဆိုလည်း ကိုးကွယ်တဲ့ ဘာသာ ပြောင်းမှအဆင်ပြေတာတို့  ဖြစ်ကုန်ကြတယ်။ ကျွန်တော်တို့ သိပါတယ်။ အခု သူတို့ရဲ့ အခြေခံ လိုအပ်ချက်အပြင် ပညာရေး၊ ကျန်းမာရေး စတဲ့ စောင့်ရှောက်မှုတွေပါ လုပ်ပေးမှာပါ ၊ သူတို့ကို ဆက်ပြီး အကူအညီ ပေးချင် သပဆိုတဲ့ NGO တွေလဲ ပြည်တွင်းမှာ ဆက်ပေးလို့ ရပါတယ်”ဟု အဆိုပါ ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ပြောသည်။

တပ်မတော်သားများ၏ ကွန်ရက် ကိုကြိုဆို


မြန်မာ့တပ်မတော်မှာ လက်ရှိ တာဝန် ထမ်းဆောင်နေတဲ့ တပ်မတော်သားတချို့ ဦးဆောင်ပြီး လျှို့ဝှက်ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ထောက်ခံ ကြိုဆိုကြောင်းနဲ့ တပ်မတော်သားများ အားလုံး အနေနဲ့လည်း ဒီကွန်ရက်မှာ ပူးပေါင်း ပါဝင်ကြဖို့ ဗြိတိန်အခြေစိုက် မြန်မာ့ ဒီမိုကရေစီ အင်အားစု ( Burma Democratic Concern ) အဖွဲ့က တိုက်တွန်းနှိုးဆော် လိုက်ပါတယ်။

မြန်မာ့သမိုင်းမှာ ပြည်သူ အရေးတော်ပုံအတွင်း တပ်မတော်နဲ့ ပြည်သူ လက်တွဲ ပူးပေါင်း ပါဝင်မှုတွေ ရှိခဲ့တာကြောင့် အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလိုက်တဲ့အပေါ်မှာ ထောက်ခံ ကြိုဆို ရတာဖြစ်တယ်လို့ BDC အဖွဲ့ရဲ့  ညွှန်ကြားရေးမှူး ဦးမျိုးသိန်းက RFA ကို ပြောပါတယ်။

“မြန်မာ့ သမိုင်းကို ပြန်ကြည့်လိုက်လို့ရှိရင် ၁၉၈၈ ခုနှစ် ပြည်သူ့ အရေးတော်ပုံကြီးမှာ ကြည်း၊ ရေ၊ လေ တပ်မတော်သားတွေဟာ ပြည်သူနဲ့ လက်တွဲပြီးတော့ တက်တက်ကြွကြွ ပါဝင်ခဲ့တယ်၊ ရလဒ်အဖြစ် ကျွန်တော်တို့ တပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချ နိုင်ခဲ့တယ်ခင်ဗျ။”“ဒါ့အပြင်၊ ၁၉၉၀ ရွေးကောက်ပွဲမှာ ဆိုလို့ရှိရင်လည်း စစ်တပ်မြို့တွေလို့ ပြောလို့ရတဲ့ ဗထူးတပ်မြို့တို့၊ မင်္ဂလာဒုံ တပ်မြို့တို့၊ မှော်ဘီတပ်မြို့တို့ အဲဒီ မြို့တွေမှာကိုက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ကျွန်တော်တို့ အပြတ်အသတ် မဲပေးပြီးတော့ NLD ပါတီက လွှတ်တော် အမတ်တွေကနေပြီးတော့ ဒီ အနိုင်ရရှိခဲ့တယ်။”

“ဒါတွေကို ကြည့်ခြင်းအားဖြင့် တပ်မတော်သားတွေရဲ့ စိတ်ထဲ အသည်းထဲမှာလည်း ကျွန်တော်တို့ ဒီမိုကရေစီ၊ လူ့အခွင့်အရေး ဆိုတာ သူတို့ဆီမှာ ရှိတယ်ဆိုတာ မြင်ရတယ်ခင်ဗျ။ ဒါကြောင့်မို့ ကျွန်တော်တို့ ပြည်သူနဲ့ တပ်မတော်နဲ့ ကြည်ကြည်ဖြူဖြူ လက်တွဲပြီးတော့ စစ်အာဏာရှင်စနစ်ကို ဖယ်ရှားပစ်ဖို့ပေါ့နော်၊ ဒီယနေ့ ဖွဲ့စည်းလိုက်တဲ့ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆို ထောက်ခံခြင်း ဖြစ်ပါတယ်ခင်ဗျ။”NLD ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးလို မျိုးချစ် တပ်မတော်သားတွေ မြန်မာစစ်တပ်တွင်း အများအပြား ရှိနေတယ်လို့ ယုံကြည်တဲ့အတွက် တိုက်တွန်းရတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီ မျိုးချစ် တပ်မတော်သားများ ကွန်ရက်ကို ပြီးခဲ့တဲ့ နှစ်ဆန်းတရက်နေ့က ဧရာဝတီတိုင်းတွင်း တနေရာမှာ လက်ရှိ တပ်ကြပ်အဆင့် တာဝန်ယူထားတဲ့ စစ်သည် ၁၁ ဦးက ဦးဆောင်ပြီး လျှို့ဝှက် ဖွဲ့စည်းခဲ့တာ ဖြစ်အခုလို တပ်မတော်သားတွေ ကွန်ရက် ဖွဲ့စည်းလာတာနဲ့ ပတ်သက်ပြီး မကြာသေးခင်က ပြည်ပကို ထွက်ပြေး ရောက်ရှိလာတဲ့ မြန်မာ့ တပ်မတော် အရာရှိ ဗိုလ်မှူး စိုင်းသိန်းဝင်းကို RFA မှ ဒေါ်ခင်ခင်အိ က ဆက်သွယ် မေးမြန်းထားပါတယ်။

-------------------အသံနားထောင်ရန်----------------

သင်္ကြန်ကာလအတွင်း SSPP/SSA တိုက်ပွဲ ဗမာ့တပ်ရင်းမှူးအပါအဝင် ၁၀ ယောက်သေ

19 ရက် 2011 ခုနှစ်။


သင်္ကြန်အတက်နေ့ နှင့် နှစ်သစ်ကူးနေ့တန့်ယန်းမြို့ နယ်အတွင်း ဖြစ်ပွားခဲ့သော ဗမာစစ်တပ် နှင့် သျှမ်း ပြည် တပ်မတော် SSPP/SSA အကြား တိုက်ပွဲတွင် တပ်ရင်းမှူးအပါဝင် ဗမာစစ်တပ်ဘက်မှ ၁၀ ယောက် ထက်မနည်းသေဆုံးကြောင်းဒေသခံ သတင်းရပ်ကွက် ကဆိုပါသည်။

ဧပြီ ၁၆ ရက် နှင့် ၁၇ ရက် တန့်ယန်းတောင်ဖက် မိုင် ၂၀ ကျော်ရှိတောင်ဟျိုးအုပ်စု တောင်ဟျိုးရွာတွင် ဖြစ်ပွါး သော သျှမ်းပြည် တပ် မတော်တပ်မဟာ ၃၆ နှင့် ဗမာစစ်တပ် ခမရ ၅၁၃ ခမရ ၅၄၂ တို့၏ တိုက်ပွဲများတွင် ဗမာစစ် တပ်ဖက်မှ ၁၀ ယောက် ကျကာ ၁၅ ယောက် ဒဏ်ရာရရှိကြောင်း အာဖီဂျီ လောင်ချာဗုံးသီး ၅ လုံးနှင့် ကျောပိုးအိတ် ၆ လုံးကို SSPP/ SSA ကသိမ်း ဆည်းရမိခဲ့ကြောင်း တန့်ယန်း ဒေသခံ ဝန်ထမ်းတဦး က သျှမ်းသံ တော်ဆင့်သို့ ဤကဲ့သို့ပြောပြပါသည်။

မြန်မာ အာဆီယံဥက္ကဌဖြစ်မှာ အမေရိကန်စိုးရိမ်


မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် မြန်မာနိုင်ငံဟာ ဒေသတွင်း ဦးဆောင်မှုနေရာ ယူလာမယ့် ကိစ္စကို အမေရိကန်ပြည်ထောင်စု စိုးရိမ်မကင်း ဖြစ်ရတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ အရေးယူဒဏ်ခတ်တာအပြင် ထိစပ် ဆက်ဆံရေး မူဝါဒ နှစ်ခုလုံး ကျင့်သုံးနေပေမဲ့ အခုအချိန်အထိတော့ မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ အပြောင်းအလဲ ရလဒ်တွေ များများစားစား မတွေ့ရသေးဘူးလို့လည်း ပြောပါတယ်။ အကြောင်းစုံကို ကိုသားညွန့်ဦးက တင်ပြထားပါတယ်။

လာမယ့် ၂၀၁၄ ခုနှစ် အရှေ့တောင်အာရှ နိုင်ငံများအသင်း အာဆီယံရဲ့ အလှည့်ကျ ဥက္ကဌဖြစ်နိုင်ဖို့ မြန်မာနိုင်ငံ ကြိုးပမ်းနေတယ် ဆိုတဲ့သတင်းအပေါ်မှာ အမေရိကန် နိုင်ငံခြားရေးဌာနက အခုလို တုံ့ပြန် ပြောဆိုသွားတာပါ။ မြန်မာနိုင်ငံထဲမှာ လက်ရှိ အခြေအနေမျိုး ရှိနေသ၍တော့ နိုင်ငံတကာမှာပဲဖြစ်ဖြစ်၊ ဒေသတွင်းမှာပဲဖြစ်ဖြစ် ဘယ်လို ခေါင်းဆောင်မှုမျိုးမဆို မြန်မာနိုင်ငံ ယူလာမှာကို စိုးရိမ်မကင်းရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန ပြောခွင့်ရသူ မာ့ခ် တိုနာ (Mark Toner) က ပြောပါတယ်။

2011/04/20

တရားမဝင်သူများနှင့် မဆက်သွယ်ရန် နိုင်ငံရေးပါတီများကို သတိပေး

19 April 2011,


တရားမ၀င် အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်မှု မပြုကြရန် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၃၇ ခုကို အစိုးရသစ်၏ ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၅ ရက်နေ့စွဲဖြင့် အကြောင်းကြားစာ ပေးပို့ သတိပေး လိုက်ကြောင်း သိရသည်။

“တရားမ၀င် အဖွဲ့အစည်းဆိုတာက ဘာလဲ၊ ဘယ်လိုအဖွဲ့ကို ပြောတာလဲဆိုတာ သေချာရှင်းပြထားတာ မရှိဘူး။ ကျနော်တို့နဲ့ ဆက်သွယ်နေတဲ့ အထဲမှာ တရားမ၀င်တာ တခုမှမရှိပါဘူး” ဟု ဒီမိုကရက်တစ်ပါတီ (မြန်မာ) ၏ ဥက္ကဋ္ဌ ဦးသုဝေက ဧရာဝတီ ကိုပြောသည်။

တရားဝင် မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီများသည် တရားမ၀င်သော အဖွဲ့အစည်းများနှင့် မဆက်သွယ်ရဟူ၍ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်တွင် ဖော်ပြထားသည်ကို အခြေခံကာ ယခုအကြိမ် ထပ်မံအသိပေးလိုက်ခြင်း ဖြစ်သည်။

မည်သည့်အတွက်ကြောင့် ယခုကဲ့သို့ သတိပေးသည်ကို မသိရသော်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) နှင့် မဆက်သွယ်ရန် ရည်ရွယ်သည်ဟု ယူဆရကြောင်း နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောသည်။

စစ်မက်ဖြစ်ပွားသည့် ကရင်ဒေသတွင် ၃လအတွင်း အရပ်သား ၈ဦးသေဆုံး

ဧပြီလ ၁၉ရက်။ နန်းထူးစံ (ကေအိုင်စီ)
စစ်ရေးပဋိပက္ခဖြစ်ပွားနေသည့် ကရင်ဒေသများတွင် ယခုနှစ် ဇန်န၀ါရီလမှ မတ်လအထိ ၃လအတွင်း မြန်မာအစိုးရ စစ်တပ် များ၏ ပစ်ခတ်၊ သတ်ဖြတ်ခြင်းကြောင့် အရပ်သားလူ ၈ဦး သေဆုံးခဲ့ပြီး အမျိုးသမီး ၁ဦး အဓမ္မပြုကျင့်ခံရသည်ဟု ယနေ့ထုတ် ပြန်သည့် ကရင်အမျိုးသားအစည်းအရုံး(KNU)၏ လူ့အခွင့်အရေးချိုးဖောက်မှု အစီရင်ခံစာအရ သိရသည်။ 
 
copy_rights kicnews.org

2011/04/18

တိုကျိုတွင် ကျင်းပပြုလုပ်သော သဘာဝ ဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့် အလုပ်ရုံဆွေးနွေးပွဲ




သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ပတ်သက်သည့်  အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ ဧပြီလ ၁၇ ရက်နေ့ နံနက် ၁၀ နာရီ မှ ညနေ ၁၆း၃၀ နာရီအထိ Okubo Chiiki Center တွင် Japan Association for Refugees နဲ့ AUN-Japan တို့မှ ပူးပေါင်းကျင်းပ ပြုလုပ်ခဲ့ပါသည်။

(CNIC) Mr.Phillip White မှ ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ကို ရှင်းလင်းတင်ပြမှု
ယင်းအလုပ်ရုံ ဆွေးနွေးပွဲမှာ ဖူကူရှီးမား နျူကလီယား ဓါတ်အားပေး စက်ရုံမှ မတော်တဆ ဖြစ်မှုနှင့် မလိုလားအပ်သော ဓါတ်ရောင်ခြည်များ၏ ဆိုးကျိုးသက်ရောက်မှု ခေါင်းစဉ်နှင့် ပတ်သက်ပြီးတော့ ဂျပန်နိုင်ငံ အခြေစိုက် NGO အဖွဲ့တစ်ခုဖြစ်သည့် နိုင်ငံခြားသားများ၏ အနုမြူ ပြန်ကြားရေး စင်တာ Citizen's Nuclear Information Center(CNIC)ှ Mr.Phillip White မှ သင်တန်း ပို့ချသွားပါသည်။

(CNIC) အဖွဲ့သည် နျူကလီယားပညာရှင် ၃ ဦးတို့မှ လွန်ခဲ့သည့် ၃၅ နှစ်ခန့်က စတင်ဖွဲ့စည်း တည်ထောင်ခဲ့သည့် အနျူမြူနဲ့ ပတ်သက်သော သတင်းများကို ပြည်သူလူထုအား အသိပေးသော NGO အဖွဲ့အစည်း တခုဖြစ်ပါသည်။ ရှင်းလင်းတင်ပြရာမှာ အနုမြူစွမ်းအင် သုံးစွဲမှုသည် လုံခြုံမှု မည်မျှရှိသည်ကို အာမခံစေကာမူ မမျှော်မှန်းနိုင်သော ဘေးအန္တရာယ် ဖြစ်ပေါ်စေနိုင်ကြောင်း၊ နျူကလီယား၏ ဆိုးကျိုးများ လူသားများအပေါ် အန္တရာယ်ကျရောက်နိုင်သည့် အကြောင်းကိုပါ ယခုလက် ဂျပန်နိုင်ငံတွင် ဖြစ်ပျက်နေသည့် အဖြစ်အပျက်နှင့်တကွ အကြယ်တ၀င့် ရှင်းလင်း ဟောပြောသွားပါသည်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဋ္ဌါန(MOFA) ရဲ့ International Nuclear Energy Cooperation Division မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Mr.Takashi Hatori မှ နျူကလီယား မတော်တဆ ဖြစ်မှုနှင့် ပတ်သက်၍ ဂျပန်တွင် နေထိုင်ကြသည့် နိုင်ငံခြားသားများအတွက် သက်ဆိုင်ရာ နိုင်ငံများမှ ဂျပန်နိုင်ငံရှိ နိုင်ငံခြား သံရုံးများအား ဖိတ်ခေါ်ပြီး  သတင်းအချက်အလက်များကို ပုံမှန် ထုတ်ပြန်ခဲ့ကြောင်း ပြောကြားခဲ့ပါသည်။ ဂျပန်အစိုးရမှ အစားအသောက် ဘေးအန္တရာယ်ကင်းမှုနှင့် ကျမ္မာရေးအတွက် အနျူမြူ ဓါတ်ရောင်ခြည်၏ ပြန်ပွားမှုကို နေ့စဉ် ဒေသအနှံမှာ ၁ နာရီခြားတခါ တိုင်းထွာပြီး စောင့်ကြည့်နေကြောင်းကို ရှင်းလင်း ပြောကြား သွားပါသည်။

NHK TV သတင်းကို အရေးပေါ်အခြေအနေတွင် ထုတ်လွှင့်မှုကို အထူးဂရုစိုက် ကြည့်ရန်

(JAR) Eiji Otsuka မှ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့လာပါက
နောက်ဆုံး အစီအစဉ် အနေနဲ့ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး တာဝန်ခံ Eiji Otsuka,(JAR)မှ သဘာဝ ဘေးအန္တရာယ်ကြုံတွေ့လာပါက မည်သို့ ကြိုတင်ပြင်ဆင် ကာကွယ် ဆက်သွယ် ဆောင်ရွက်ရမည့် အသေးစိတ် အစီအစဉ်များကို ပရိုဂျက်တာဖြင့် အကျယ်တ၀င့် ရှင်းလင်း တင်ပြသွားပြီး အကယ်၍ ဘေးအန္တရာယ် ကြုံတွေ့လာပါက မိသားစုများအတွင်း ဆက်သွယ် တွေ့ဆုံနိုင်ရန်အတွက် ဆုံရပ်ကို ကြိုတင် သတ်မှတ်ထားရန် လိုအပ်ကြောင်းကို ရှင်းလင်းပြောကြားသွားပါသည်။ ဟောပြောပွဲကို ညနေ ၄း၃၀ တွင် ရုပ်သိမ်းခဲ့ပါသည်။

သတင်းမှတ်တမ်း ။ ။Mai Kyaw Oo
သတင်းမှတ်တမ်းဓါတ်ပုံ၊ဗီဒီယို။ ။Moe Min Thu

သင်္ကြန်နှစ်ကူးမှာ ဒေါ်စု လူထုကိုနှုတ်ဆက်


16 ဧပြီ 2011 ,

မနေ့က မဟာသင်္ကြန် အတက်နေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထူးထူးခြားခြား နေအိမ်ရှေ့ထွက်ပြီး၊ လမ်းသွားလမ်းလာတွေနဲ့ သင်္ကြန် ရေကစားသူတွေကို နှစ်သစ်ကူး နှုတ်ဆက်ခဲ့ပါတယ်။ စနေနေ့ ညနေပိုင်း ၄ နာရီလောက်မှာ သူ့ရဲ့ အနီးကပ် လုံခြုံရေး ဆောင်ရွက် ပေးသူတွေ ၀န်းရံပြီး နေအိမ် ခြံဝန်း ထိပ်ကို ထွက်လာ နှုတ်ဆက်တာပါ။

ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းကျန်းမာမာရှိတာကြောင့် သင်္ကြန်တွင်း အခုလို ကိုယ်တိုင် ခြံပြင်ထွက်ပြီး၊ မြန်မာ နှစ်သစ်ကူး နှုတ်ခွန်းဆက်နိုင်တာလို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်း က ပြောပါတယ်။

လမ်းသွား လမ်းလာအချို့ကတော့ ရုတ်တရက် မမျှော်လင့်ပဲ ဒေါ်အောင်ဆန်းစုကြည်ကို အခုလို တွေ့လိုက်ရလို့ ၀မ်းသာ ၀မ်းနည်းဖြစ်ရတယ်လို့ ပြောကြပါတယ်။ တပြိုင်တည်း အဲဒီ ညနေပိုင်းမှာပဲ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံရှေ့မှာ သင်္ကြန် စတုဒီသာအလှူပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

Copy from -voanews.com/

တရုတ် ငွေကြေး ဈေးကွက် မငြိမ်၊ အာရှ စတော့ဈေး ထပ်မံကျဆင်း

နိုင်ငံ၏ ဆဌမ မြောက်အချမ်းသာဆုံး အမျိုးသမီး စီးပွားရေး လုပ်ငန်းရှင် ကို တရုတ် ကသေဒဏ်ပေး ခဲ့ရာ ရင်းနှီးမြုပ်နှံ သူတို့  လက်တွန့် သွားကြသည်

တရုတ်နိုင်ငံသုံး ရီမင်ဘီ ငွေကြေး ရုတ်တစ်ရက် ဖောင်းပွ လာတာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ငွေကြေး ဈေးကွက် ဈေးကစားသူတွေက သူတို့ရဲ့  ရင်းနှီးမြုပ်နှံမှုတွေကို တရုတ်နိုင်ငံတွင်းမှာ မြုပ်နှံထားရာကနေ ပြန်ထုတ် ယူလိုတဲ့ဆန္ဒ ရှိနေတာကြောင့် ( အချို့ ထုတ်ယူပြီး) တရုတ်နိုင်ငံရဲ့  ငွေကြေး ဈေးကွက်ဟာ အနှေးနဲ့အမြန် အန္တရာယ် ရှိလာနိုင်တယ်လို့ ငွေကြေးဈေးကွက် ကျွမ်းကျင်သူတွေက သုံးသပ် ကြပါတယ်။

တရုတ်နိုင်ငံမှာ  ၂ နှစ်တာ ကာလအတွင်း ငွေကြေး ဖောင်ပွမှု နှုန်းထား အမြင့်ဆုံးကို ရောက်ရှိနေပြီး တရုတ်နိုင်ငံရဲ့  မြို့ ပြဒေသတွေမှာ ကုန်ဈေးနှုန်းတွေ ၅ ရာခိုင်နှုန်းကျော် တက်ပြီး ၊ အိမ်ခြံမြေ ဈေးနှုန်းတွေ ကတော့ မြို့ ပြဒေသတွေမှာ ၈ ရာခိုင်နှုန်းကျော်အထိ တက်တယ်လို့  ဘေဂျင်းကလာတဲ့ ရိုက်တာသတင်း တစ်ပုဒ်မှာ ဖော်ပြထားပါတယ်။


2011/04/15

ဆယ်စု နှစ်ရဲ့ အသံရှင် (ရုပ်သံ)

အရှေ့တောင်အာရှ နိုင်ငံတချို့ သင်္ကြန်ပွဲဆင်နွှဲ

မြန်မာပြည် အပါအ၀င် အိမ်နီးချင်းနိုင်ငံတချို့မှာ သင်္ကြန်ကျနေပါပြီ။ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေ မှာလည်း ရေကစားနေကြပါပြီ။ အရှေ့တောင်အာရှက အခုလို သင်္ကြန်ပွဲတော်တွေဟာ ကမ္ဘာလှည့်ခရီးသည်တွေ အတွက် စိတ်ဝင်စားစရာပါ။ မြန်မာပြည်က ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့နှစ်က ဗုံးကွဲမှုဖြစ်လို့ လူတွေသေဆုံးပြီး အထိတ်တလန့်နဲ့ စည်ကားမှု ပျက်ခဲ့ရတယ်ဆိုပေမဲ့ မနေ့က သင်္ကြန်အကြိုနေ့မှာတော့ ရန်ကုန်သင်္ကြန်မှာ လူစည်တယ်လို့ ရန်ကုန်မြို့ခံတဦးက ပြောပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာလည်း ကမ္ဘာလှည့် ခရီးသွားတွေနဲ့ မြို့ခံပြည်သူတွေ မနေ့က စည်စည်ကားကား ရေကစားကြပါတယ်။ ထိုင်းအစိုးရကလည်း ဘန်ကောက်မြို့မှာ လုံခြုံရေးတွေတိုးပြီး ချထားတာပါ။ ထိုင်းမှာ ရေကစားတာ ၂ ရက် ရှိသွားပါပြီ။ မြန်မာပြည်ထက် တရက်စောပါတယ်။

လမ်းမတွေမှာ မော်တော်ယာဉ် မတော်တဆဖြစ်မှုကြောင့် မနေ့က သေဆုံးသူ ၅၉ ဦး ရှိတယ်လို့ ထိုင်း ပို့ဆောင် ဆက်သွယ်ရေး ၀န်ကြီးက ပြောပါတယ်။ ဒဏ်ရာရသူတွေလည်း ၉၀၀ ကျော်ရှိတယ်လို့ ဆိုပါတယ်။ မော်တော်ယာဉ် မတော်တဆဖြစ်မှုတွေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ဟာ အရက်မူးပြီး ကားတွေ ဆိုင်ကယ်တွေ မောင်းကြလို့ပဲ ဖြစ်ပါတယ်။

copy_rights VOA News

မန္တလေးသင်္ကြန် ၂၀၁၁


နစ်နေမန်း ၊ နေ့သစ်
ဘလောခ့်မှ ကူးယူဖေါ်ပြသည်။

2011/04/14

ကောင်းကင်နိုင်ငံတော် (သို့ မဟုတ်) နိဗာန် - သတိရတယ် ပါးပါး(ဖေဖေ)

နအဖ စစ်တပ်၏ သတ်ဖြတ်မှုကြောင့် တချိန်လုံး ထွက်ပြေးပုန်းအောင်းနေရတဲ့ IDP ခေါ် ဌာနေမဲ့ပြည်သူ နေထိုင်ရာဒေသတွင် ကျန်ရစ်သူ မိဘမဲ့ ကရင်ကလေးငယ်များ၊ မုဆိုးမ များကို ရည်စူးပြီး DJ Sammy ၏ Heaven 911 Remix သီချင်းလေးကို ဘွဲ့ သွေးနီမှ ခံစားတင်ဆက်ပေးထားပါသည်။ သီချင်းစာသား တစ်ချို့ ကို ကရင်ပြည်နယ်မှာ တကယ်ဖြစ်ပျက်နေတာနဲ့  အစားထိုးပြီး ပြောင်းလည်း ဘာသာပြန်ထားပါသည်။ ပြည်တွင်း စစ်ပြေး ကလေးငယ်လေးတွေရဲ့ဘ၀ ကို နားလည်ခံစားနိုင်ကြပါစေ။


Untitled from Thawthikho on Vimeo.

ကောင်းကင်နိုင်ငံတော် (သို့ မဟုတ်) နိဗာန် - သတိရတယ် ပါးပါး(ဖေဖေ)
ဘွဲ့ သွေးနီ - ဘာသာပြန် ဖြည့်စွက်တင်ဆက်သည်။

တနှစ်ကျော် ကြာခဲ့ပြီ
အရမ်းပဲသတိရတယ် ပါးပါး….
မိုးမိုးပြောတယ် ပါးပါးက လှုံခြုံစိတ်ချတဲ့နေရာမှာတဲ့….
အဲဒီနေရာကို ကောင်းကင်နိုင်ငံတော်လို့ ခေါ်တယ်တဲ့….

ဒီနေ့ လေ… ဖိုးမူတို့ သိပ်ကောင်းတဲ့ ညစာ စား ကြတယ်…
ငပိထောင်းနဲ့ မျှစ်စားလို့ မကောင်းပေမယ့်
ဖိုးမူ ဒီနေ့ အကုန်လုံးစားပစ်လိုက်တယ် သိလား…

ဒီနှစ်နွေရာသီမှာ ဖိုးမူ အထမ်းနဲ့ အပြေးလေ့ကျင့်နေတယ်
ဗမာစစ်သားလာရင် မိုးမိုး ကျောပိုးစရာမလိုပဲ ထွက်ပြေးတတ်အောင်လို့ …
မောလွန်းလို့  မျက်လုံးတောင်မဖွင့်နိုင်ဘူး အပြေးလေ့ကျင့်တဲ့အချိန်မှာပေါ….
ဖိုးမူ ကိုတွေ့ လား ပါးပါး…….



ဒီနှစ် ဖိုးမူ မူလတန်းကျောင်း စတက်ပြီ …..
ပုံတွေအများကြီးပဲ ဆွဲတယ် ကျောက်ပြားပေါ်မှာ…
ပါးပါး ဟာ ဖိုးမူရဲ့ အကြီးမြတ်ဆုံးအရာပါ..

အရင်တုန်းကဆို ဗမာစစ်သားလာရင် ဖိုးမူကို ကျောပိုးပြီးထွက်ပြေးခဲ့ကြရတယ်လေ..
အခုဆို ဖိုးမူ တစ်ယောက်တည်းပြေးတတ်ပြီ.. ပါးပါး
ဖိုးမူ ပြေးတတ်ပြီဆိုတာ တွေ့ လား….




ပါးပါးက ဖိုးမူဗိုက်ကို တစ်ခါတစ်ခါ ကလိထိုးဒါ အရမ်းသတိယတယ်…
ဗမာစစ်သားရွာကိုဝင်တော့ ဖိုးမူ ထွက်ပြေးရင်း သူတို့ ပစ်တဲ့ ကျည်ဆံ ဗိုက်ကို မှန်နေတယ်…
ဒါပေမယ့် ဖိုးမူ မငိုဘူးသိလား.. ပါးပါး….
မိုးမိုးပြောတယ် ဘာမှမဖြစ်ဘူး မနာဘူး အိုကေတဲ့…
ဖိုးမူ ငိုတဲ့အခါဆိုရင် ပါးပါး မကြိုက်ဘူးဆိုဒါ ဖိုးမူသိတယ်…
ဖိုးမူ ၀မ်းနည်းတာ ပါးပါး မမြင်ချင်ဘူးဆိုတာသိတယ် …
ဖိုးမူ ကြိုးစားကြည့်ပါတယ်.. တာပေမယ့် ခံစားရတာ နာကျင်လွန်းပါတယ် ပါးပါရယ်…


မိုးမိုးပြောတယ် ပါးပါး အိမ်ပြန်မလာတော့ဘူးဆို.. အဲဒါဟုတ်လား…
တစ်နေ့ နေ့ တော ပြန်လာမှာပေါ့နော်….
ပါးပါးပြန်မလာနိုင်ရင်လည်း ကောင်းကင်နိုင်ငံမှာ ဖိုးမူ လာလည်မယ် သိလား. အိုကေ..?


အိပ်ချင်တန်ပြီ အိပ်တော့မယ်နော် ပါးပါး…
အရမ်းချစ်တယ်… အရမ်းသတိရတယ်.. ပါးပါ…..



သောသီခို မှ တဆင့် ထပ်ဆင့် ကူးယူဖော်ပြပါသည်။

ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာ့အမျိုးသမီးအဖွဲ့ ဂုဏ်ပြု

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ်၏ အသံ (Voice of Decade) ဆု ချီးမြှင့်သော ဧပြီ ၁၂ ရက်နေ့ အခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo Courtesy of Vital Voices)
2011-04-13,

နယ်ပယ်အသီးသီမှာ ဦးဆောင် လှုပ်ရှားခဲ့ကြသူ ကမ္ဘာတဝန်းက အမျိုးသမီးတွေကို အားပေး ဂုဏ်ပြုနေတဲ့ Vital Voices ခေါ် အမျိုးသမီးအဖွဲ့က မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာလုံးဆိုင်ရာ ဦးဆောင် ဦးရွက်ပြုသူဆု ချီးမြှင့်လိုက်ပြီး၊ ဆယ်စုနှစ်ရဲ့အသံ (Voice of Decade) အဖြစ် သတ်မှတ် ဂုဏ်ပြု လိုက်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ဆယ်စုနှစ်၏ အသံ (Voice of Decade) ဆု ချီးမြှင့်သော ဧပြီ ၁၂ ရက်နေ့ အခမ်းအနားတွင် အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန် မိန့်ခွန်း ပြောကြားနေပုံ ဖြစ်ပါသည်။ (Photo Courtesy of Vital Voices)  ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော် ကနေဒီခန်းမ မှာ ဧပြီ ၁၂ ရက် မနေ့က ကျင်းပခဲ့ တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် မတက်ရောက်နိုင်ပေမဲ့ အဲဒီဆုကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က ပေးအပ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ကဏ္ဍပေါင်းစုံမှာ ထူးထူးချွန်ချွန် ဆောင်ရွက်နေတဲ့ နိုင်ငံတကာက အမျိုးသမီးငါးဦးကိုလည်း ကမ္ဘာလုံးဆိုင်ရာ ဦးဆောင်သူတွေအဖြစ် ဆုပေးအပ်ခဲ့ပါတယ်။


ဒီနှစ်ဟာ Vitial Voices အဖွဲ့ ၁၀ နှစ်ပြည့်မြောက်တဲ့နှစ် ဖြစ်တာနဲ့အညီ အမျိုးသမီး ဦးဆောင်မှု ဆု အပြင် ဆယ်စုနှစ်ရဲ့ အသံ အဖြစ် နိုင်ငံတကာ နယ်ပယ်အသီးသီးမှာ ဦးဆောင်နေတဲ့ အမျိုးသမီး ဦးရေ တသောင်းထဲကနေ ဒေါ်အောင်ဆန်းစုကြည်ကို ရွေးချယ် သတ်မှတ်ခဲ့တာဖြစ်ကြောင်း Vital Voices ရဲ့ ဥက္ကဋ္ဌ Alyse Nelson က RFA ကို ပြောပါတယ်။

ထိုင်းက ဒုက္ခသည် တသိန်းကျော် ပြန်ပို့မည်

မယ်လ ဒုက္ခသည်စခန်း (ဓာတ်ပုံ - Getty Images)
 12 April 2011 17:26,

ထိုင်း-မြန်မာ နယ်စပ်ရှိ ဒုက္ခသည် စခန်း ၉ ခုတွင် နေထိုင်လျက်ရှိသော ဒုက္ခသည် တသိန်းကျော်ကို ထိုင်းအစိုးရက မြန်မာနိုင်ငံ သို့ ပြန်ပို့နိုင်ရန် စီစဉ်နေသည်။ ထိုင်းအစိုးရ အနေဖြင့် မြန်မာနိုင်ငံတွင် အစိုးရသစ် ပေါ်ထွန်လာသည့် အတွက် ဒုက္ခသည်များကို ပြန်ပို့ရန် ယခုကဲ့သို့ စီစဉ်နေ ခြင်း ဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် အနှစ်၂၀ ခန့်မှ စတင်၍ မြန်မာ အစိုးရတပ်များက ကရင်ပြည်နယ်နှင့် တခြားသော ဒေသများတွင် ထိုးစစ်ဆင်မှုကြောင့် ထိုင်းနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်လာသော ဒုက္ခသည်များကို နေရပ်သို့ ပြန်ပို့ရန် ထိုင်းအစိုးရ အနေဖြင့် စီစဉ်နေခြင်း ဖြစ် သည်။ ဒုက္ခသည်စခန်းများသည် ထိုင်း - မြန်မာနယ်စပ်ရှိ တာ့ခ်ခရိုင်၊ မယ်ဟောင်ဆောင် ခရိုင်၊ ကန်ကျနဘူရီ ခရိုင်နှင့် Ratchaburi ခရိုင် တို့တွင် ရှိကြောင်း သိရသည်။

ယမန်နေ့ကလည်း ဒုက္ခသည် အရေးနှင့် ပတ်သက်၍ ဘန်ကောက်မြို့တွင် ပြုလုပ်သော ထိုင်းအမျိုးသား လုံခြုံရေး ကောင်စီ အစည်းအဝေး၌ ထိုင်းနိုင်ငံဝန်ကြီးချုပ် အဖိဆစ် ဝေ့ချာချီဝ ဦးဆောင်၍ ထိုင်း အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံ ဆွေးနွေးခဲ့ သည်။

ဒုက္ခသည် စခန်းတွေကို ဘယ်တော့ ပိတ်ပစ်မလဲဆိုတာ ကျနော်တို့ မပြောနိုင်သေးဘူး၊ ဒါပေမယ့် လုပ်ဖို့ အစီအစဉ်တော့ရှိ ပါတယ်၊ အခု အချိန်မှာတော့ မြန်မာ စစ်အစိုးရနဲ့ ဆွေးနွေးနေတုန်း ပါပဲ” ဟု ထိုင်း အမျိုးသား လုံခြုံရေး ကောင်စီမှ မစ္စတာ Thawil Pliensri ကို ကိုးကား၍ ဘန်ကောက်ပိုစ့် သတင်းစာတွင် ဖော်ပြထားသည်။  

2011/04/13

copy_rights DVB News

သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ လက်မခံကြောင်း သွားရောက် ရှင်းလင်းတင်ပြ





၂၀၁၁ခုနှစ်၊ ဧပြီလ၊၁၂ရက်။

မတ်လ(၃၀)ရက်နေ့တွင် ဖွဲ့စည်းခဲ့သော သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရ အဖွဲ့သစ်အား အသိအမှတ် မပြုသည့် ကန့်ကွက်စာကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ နိုင်ငံခြားရေး ၀န်ကြီးရုံးသို့ ယနေ့ သွားရောက် ပေးပို့ခဲ့ပါသည်။

ထိုသို့ သွားရောက် တွေ့ဆုံရာမှာ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး မစ္စတာ ဟီဒဲယူကီ ယဇမ က လက်ခံ တွေ့ဆုံခဲ့ပါသည်။ မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ ဦးသိန်းစိန် ဦးဆောင် အစိုးရ အဖွဲ့သစ်အား ကန့်ကွက်ရသည့် အကြောင်းရင်းများကို ရှင်းပြရာမှာ လွတ်လပ်ပြီး တရားမျှတမှုမရှိသော ရွေးကောက်ပွဲမှ ဖြစ်ပေါ်လာသော စစ်တပ်မှ အသွင်ပြောင်းလာကြသော အစိုးရဖြစ်တယ်။ လူ့အခွင်းအရေး ချိုးဖေါက်မှုများနှင့် သတင်းမီဒီယာလွတ်လပ်ခွင့် ဖိနှိပ်ချုပ်ခံနေရမှုများ ယနေ့ထိတိုင် ရှိနေဆဲဖြစ်သည်။

နိုင်ငံရေး အကျဉ်းသားများကို ယနေ့အချိန်ထိ ဖမ်းဆီး ချုပ်နှောင် ထားဆဲဖြစ်ကြောင်း တိုင်းရင်းသား  ဒေသများတွင်လည်း လူမျိုးစု မျိုးဖြုတ်သတ်ဖြတ်မှုတွေ ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ယနေ့တိုင်  ပြလုပ်လျက်ရှိကြောင်း စသည် အချက်များကို သွားရောက် ရှင်းလင်း တင်ပြီး ဦးသိန်းစိန် ဦးဆောင်သော အစိုးရအား ကန်ကွက်ကြောင်း သဘောထား ကြေညာချက် တစောင် ပေးအပ်ခဲ့ပါသည်။

သတင်းမှတ်တမ်း။ မိုင်ကျော်ဦး၊ အေးန္ဒာအောင်

2011/04/12

အစိုးရသစ်ကို အသိအမှတ်ပြုကြောင်း ဒေါ်အောင်ဆန်းစုကြည် ပြော


ဧပြီလ ၁၀ ရက်နေ့က ရွှေတောင်ကုန်း သာသနာ့ရိပ်သာတွင် NLD အဖွဲ့ဝင် ၅ ဦးကို ဒုလ္လဘ ရဟန်းခံပေးသည့်ပွဲတွင် တွေ့ရသည့် ဒေါ်အောင်ဆန်းစုကြည် (ဓာတ်ပုံ - AP)
11 April 2011,

ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဦးသိန်းစိန် အစိုးရသစ်နှင့် ပတ်သက်၍ ပထမဆုံး အကြိမ်အဖြစ် အရှိကို အရှိအတိုင်း အသိအမှတ်ပြုကြောင်း၊ သို့သော် စောင့်ကြည့်ရန် လိုကြောင်း လွတ်လပ်သော အာရှအသံ (RFA) တွင် ပြောကြားသွားသည်။
RFA က သောကြာနေ့တိုင်း ထုတ်လွှင့်သော “လူထုနှင့် ဒေါ်အောင်ဆန်းစုကြည်” ကဏ္ဍတွင် လက်ရှိ အစိုးရသစ်ကို အသိအမှတ်ပြု မပြုဟူသော ပရိသတ်တဦး၏ မေးခွန်းနှင့် စပ်လျဉ်း၍ “အခု အစိုးရသစ်တခု ရှိနေတယ် ဆိုတာကို အရှိ အရှိအတိုင်းပဲ အသိအမှတ်ပြုပါတယ်။ တကယ့်ကို ပြည်သူတွေရဲ့ဆန္ဒကို လေးစားပြီး ပြည်သူတွေနဲ့ တိုင်းပြည်အတွက် အကျိုးရှိစေမယ့် အစိုးရမျိုး ဖြစ်မဖြစ် ဆိုတာကိုတော့ နည်းနည်းတော့ စောင့်ကြည့်ရဦးမှာပါ” ဟု ဖြေကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပြောရေးဆိုခွင့်ရှိသူ ဦးအုန်းကြိုင်က “ကျနော်တို့ အထွေထွေအတွင်းရေးမှူး ပြောတာက ရှင်းပါတယ်။ အခု သူတို့ဘက်က ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ရွေးကောက်ပွဲ လုပ်ပြီး လွှတ်တော်ကတဆင့် အစိုးရသစ် တက်လာပြီဆိုတာ အရှိတရားပဲ၊ ဒီအရှိတရားကို ရည်ရွယ် ပြောတာပဲဖြစ်တယ်။ တိုင်းပြည်ပြဿနာကို သက်ဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှ ဖြစ်မှာ” ဟု ဧရာဝတီသို့ ရှင်းပြသည်။

အားလုံး ပူးပေါင်း ပါဝင်နိုင်စေရန်နှင့် တွေ့ဆုံဆွေးနွေး အဖြေရှာ နိုင်ရေးတို့အတွက် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည် ပြင်ဆင်ပေးရန် NLD က တောင်းဆိုခဲ့သည်။

ထို့နောက် ၂၀၁၀ ရွေးကောက်ပွဲအတွက် ပြန်လည် မှတ်ပုံမတင်ဘဲ ရွေးကောက်ပွဲကို သပိတ်မှောက် ခဲ့သည်။ NLD သည် ၁၉၉၀ ခုနှစ် ပါတီစုံ အထွေထွေရွေး ကောက်ပွဲ ရလဒ်မှတဆင့် တွေ့ဆုံဆွေးနွေး အဖြေရှာရေးအတွက် တစိုက်မတ်မတ် တောင်းဆိုလာခဲ့သည်။

NLD ပါတီအနေဖြင့် ဦးသိန်းစိန် အစိုးရသစ်ထံ စာတစောင် ရေးသား ပေးပို့ထားကြောင်း၊ စာပါ အကြောင်းအရာ အသေးစိပ်ကို သက်ဆိုင်ရာသို့ ရောက်သောအချိန်တွင် ပြည်သူကို အသိပေးမည် ဖြစ်ကြောင်းလည်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်၏ မှတ်ချက်နှင့် အစိုးရသစ်ထံ စာပေးပို့သည့် ကိစ္စရပ်များနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ (CRPP) မှ ဦးအေးသာအောင်က “လက်တွေ့မှာ၂၀၀၈ ဖွဲ့စည်းပုံအရ အစိုးရသစ်တခုတော့ ဖြစ်လာပြီလို့ ဒေါ်အောင်ဆန်းစုကြည်က ရည်ရွယ်ပုံရတယ်။ ဒီအစိုးရသစ်ဟာ ပြည်သူတွေ မျှော်လင့်သလို အပြောင်းအလဲတခု ဖြစ်လာဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပြည်သူတွေရဲ့ ကောင်းကျိုးကို ဖော်ဆောင် မယ်လို့လည်း မထင်ဘူး” ဟု ဧရာဝတီသို့ ပြောသည်။

ပြည်တွင်း ပြည်ပမှ မြန်မာ့အရေးလေ့လာသူများက ဒေါ်အောင်ဆန်းစုကြည်သည် နိုင်ငံရေး ခေါင်းဆောင် တဦးဖြစ်၍ လက်တွေ့ နိုင်ငံရေးကို ချင့်ချိန် လုပ်ဆောင် ရခြင်းကြောင့်တကြောင်း၊ တွေ့ဆုံ ဆွေးနွေးရေး  ဖြစ်စဉ်မှတဆင့် ငြိမ်းချမ်းစွာ အသွင်ကူးပြောင်းရေးနှင့် တိုင်းပြည်၏ အဖက်ဖက်မှ ဆင်းရဲ ဒုက္ခရောက် နေရခြင်းတို့မှ လွတ်မြောက်စေရန် ရှိနေသော အရှိတရားကို ပြောပြရုံမျှ သာဖြစ်သည့် ချည်းကပ်မှု အသစ်ဖြစ်ကြောင်း သုံးသပ်ကြသည်။

သံတမန်ဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းက “ဒါကလည်း တိုင်းပြည် ငြိမ်းချမ်းမယ်လို့ ယုံကြည်ပြီး တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာဖို့ ကြိုးပမ်း နေတာလို့မြင်တယ်။ တကယ့် လက်တွေ့မှာက ဘယ်လိုပဲဖြစ်ဖြစ် အစိုးရသစ် တက်လာတာကို ရည်ညွှန်းပြောတာပါပဲ။ အစိုးရသစ်အနေနဲ့ တိုင်းပြည်အကျိုး ရှေ့ရှုပြီး နိုင်ငံရေး အဖြေရှာကြဖို့ကို တိုက်တွန်းချင်ပါတယ်” ဟု ပြောသည်။

နိုင်ငံတကာရှိ မြန်မာ့အရေး လှုပ်ရှားနေကြသော အဖွဲ့များကလည်း ဦးသိန်းစိန် အစိုးရသစ်အနေဖြင့် အပြုသဘောဆောင်သော လုပ်ဆောင်မှုများ မရှိလျှင် နိုင်ငံတကာမှ ဖိအားပေးရန် တိုက်တွန်းနေကြသည်။

သတင်းရင်းမြစ် - ဧရာဝတီ