Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/05/31

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)။




၂၀၁၁ ခုနှစ် မေလ(၃၀)ရက်။


မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၈)နှစ်ပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားကို တိုကျိုမြို့ ရှီနာဂါဝါ အရပ်ရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် နေ့လည် ၃း၀၀ နာရီမှ ၄း၄၅ နာရီ အထိ ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ပူးပေါင်း ကျင်းပပြုလုပ်ခဲ့ပါသည်။

အခမ်းအနားမှူးအဖြစ် မြန်မာ့ဒီမိုကရေစီကွန်ယက်(ဂျပန်) တာဝန်ခံ တဦးဖြစ်သူ ကိုမြတ်သူ မှ တာဝန်ယူ ဆောင်ရွက်ပြီး ဒီပဲယင်းလုပ်ကြံမှုနှင့် ပတ်သက်၍ အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီးသည့်နောက် ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြသည်။ ယနေ့အခမ်းအနားတွင် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများနှင့် ဂျပန်နိုင်ငံသို့ ခေတ္တ ရောက်ရှိလာသော ABSDF အထွေထွေအတွင်းရေးမျူး ရဲဘော် ဆန်နီ တို့မှ အမှာစကား ပြောသွားခဲ့ကြပါသည်။

ဒီင်္ပဲယင်းမြို့နယ် ကျည်ရွာအနီးတွင် စနစ်တကျ ချုံခိုတိုက်ခိုက်သည့် နိုင်ငံတော် လုပ်ကြံမှုကြီးကို ကျုးလွန်ခဲ့ကြပါသည်။ အဖွဲ့ချုပ်ကားတန်းကြီးကို စနစ်တကျ စီစဉ်ထားသည့် လူတစုမှ တားဆီးပြီး ဒုတ်တွေ၊ ဓားတွေ ၀ါးချွန်တွေနဲ့ ရုတ်တရက် ထိုးခုတ် လုပ်ကြံခဲ့ကြပါသည်။ ကျောင်းသား လူငယ်တစုက ဦးတင်ဦး နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ စီးနင်းလိုက်ပါလာတဲ့ ကားတွေပေါ်မှာ မှောက်ပြီး ကာကွယ်ခဲ့ကြပါတယ်။ လုပ်ကြံ သူ တွေကြောင့် လူပေါင်း ရာကျော် အသက်ဆုံးခဲ့ရပါသည်။ အချို့မှာ ထိုနေရာတွင်ပင် သေကြေ ပျက်စီး ဖျောက်ဖျက်ခြင်း ခံခဲ့ရသည်။

ဒီပဲယင်းလုပ်ကြံမှုကြီး၏ အသက်မသေပဲ ထွက်ပြေးလွတ်မြောက်ကာ ကိုယ်တွေ့ အတွေ့အကြုံများကို ကမ္ဘာသို့ တင်ပြနိုင်ခဲ့ပြီး စစ်အုပ်စုမှ စနစ်တကျ ကျုးလွန်ခဲ့တဲ စစ်အုပ်စု၏ လက်ကိုင်တုတ် ကြံ့ဖွတ် အပေါင်းအပါ လက်နက်ကိုင် အကြမ်းဖက်တို့၏ မင်းမဲ့စရိုက်နှင့် ရာဇ၀တ်မှုကြီးများကို ပြည်သူနှင့် ကမ္ဘာကပင် သိရှိနိုင်ခြင်း ဖြစ်သည်။ လက်ရှိ စစ်အုပ်စု၏ အစိုးရသည် ဒီပဲယင်း လုပ်ကြံမှုကြီးနှင့် ပတ်သက်ပြီး ဖြေရှင်း အရေးယူရန်၊ တရားဥပဒေနှင့်အညီ ဆောင်ရွက်ရန် မည်သည့် လက္ခဏာမျှ မပြဘဲ နှုတ်ပိတ် လျက်ရှိသည်။

မေ(၃၀) ဒီပဲယင်း လုပ်ကြံမှုတွင် ပါဝင်ခဲ့ကြသည့် သူများကိုလည်း ယနေ့အထိ တစုံတရာ အရေးယူ ဖြေရှင်းပြေးသည်ကိုလည်း မတွေ့ရသည့်အတွက် အရေးယူ ဖြေရှင်းပေးရန် မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက်ကို စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် စစ်အစိုးရအား ပေးပို့ခဲ့ပြီး လွမ်းသူ့ ပန်းခွေချခြင်း အစီအစဉ်ပြုလုပ်ကာ အခမ်းအနားကို ပြီးဆုံးခဲ့ပါသည်။ ယနေ့အခမ်းအနားတွင် မြန်မာနိုင်ငံသားများ စုစုပေါင်း အင်အားစု ၂၀၀ ကျော် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ဘုရားသုံးဆူ စခန်းထိုင်တပ် တိုက်ခိုက်ခံရ

ဒုတိယအကြိမ် ပင်လုံညီလာခံအတွက် ပြင်ဆင်မှုတွေ စတင်

မြန်မာ့ လွတ်လပ်ရေးအတွက် အရေးပါသော ခြေလှမ်းတရပ်အဖြစ် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်က ရှမ်းပြည်နယ်၊ ပင်လုံမြို့တွင် ဗိုလ်ချုပ် အောင်ဆန်း (ဝဲမှ ဒုတိယ) နှင့် တိုင်းရင်းသား ခေါင်းဆောင်များ ပင်လုံသဘောတူညီချက်ကို လက်မှတ်ရေးထိုးနေသည့် သရုပ်ဖော် ပန်းချီ ဖြစ်ပါသည်။ (RFA)
2011-05-29

‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်နဲ့ စာတမ်းတွေ ပြုစုရေးသားဖို့ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPP က ပြည်တွင်းပြည်ပ လူငယ်တွေနဲ့ ပညာရှင်တွေကို တိုက်တွန်းထားပါတယ်။

၂၁ ရာစု ပင်လုံညီလာခံကို ရည်ရွယ်ပြီး စာတမ်းဖတ်ပွဲ ကျင်းပဖို့ အခုလို စုဆောင်းနေတာလို့ CRPP အတွင်းရေးမှူး ဦးအေးသာအောင်က RFA ကို ပြောပါတယ်။

“ဒုတိယပင်လုံအတွက် ‘ပင်လုံစာချုပ်နဲ့ ပြည်ထောင်စုစိတ်ဓာတ်’ ဆိုတဲ့ ခေါင်းစဉ်ပေးပြီးတော့ စာတမ်းတွေ ရေးခိုင်းထားတယ်၊ လူငယ်တွေ ပညာရှင်တွေနဲ့ ပြည်ပကိုပါပေါ့။ အဲဒါတွေ ရရင်တော့ စာတမ်းဖတ်ပွဲတခု လုပ်မယ်။ နိုင်ငံခြားသား ပညာရှင်တွေကိုတော့ ဒေါ်အောင်ဆန်းစုကြည်က သူကိုယ်တိုင် တောင်းမယ်လို့ ပြောတယ်။ ပြည်တွင်းမှာတော့ သက်ဆိုင်ရာ နီးစပ်ရာ နီးစပ်ရာ ကမ်းလှမ်းတယ်။ တိုင်းရင်းသားတွေ ကိစ္စကတော့ ရခိုင်ဆိုရင်တော့ ကျနော်က တာဝန်ယူတာပေါ့။ ချင်း ဆိုရင်တော့ ပူကျင်ရှင်းထန် ကပေါ့။ ရှမ်း ဆိုရင်တော့ စိုင်းထွန်းအောင်တို့ ဘာတို့ ဒီလိုပေါ့ဗျာ”

စာတမ်း ပေးပို့ရမယ့် နောက်ဆုံးရက်ကိုတော့ မသတ်မှတ်ထားသေးဘူးလို့ သိရပါတယ်။ ဒါပေမယ့် လာမယ့် CRPP အစည်းအဝေးမှာ ဒီကိစ္စကို ဆွေးနွေးဆုံးဖြတ်မယ်လို့ ဦးအေးသာအောင်က ပြောပါတယ်။

နိုင်ငံခြားသား ပညာရှင်တွေဆီက စာတမ်းကို မျှမျှတတရေးမယ့် ပုဂ္ဂိုလ်မျိုးတွေကို ကမ်းလှမ်းမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

လူမျိုးမတူ၊ ဘာသာစကား မတူ၊ ယဉ်ကျေးမှု မတူတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး၊ တန်းတူညီမျှရေး တွေအတွက် ခေတ်နဲ့ ပိုပြီးလျှော်ညီမယ့် ပြည်ထောင်စုတခု တည်ဆောက်ဖို့ ဒုတိယ ပင်လုံ ညီလာခံတခု ကျင်းပနိုင်အောင် ပြင်ဆင် နေတာလို့လည်း သိရပါတယ်။

Copy from - rfa.org/

2011/05/30

နယ်ခြားစောင့် DKBA တပ်တွင်း ပစ်ခတ် ဖမ်းဆီးမှုများ ဖြစ်ပွား


မြန်မာအစိုးရရဲ့ နယ်ခြားစောင့်တပ် ၁၀၁၂ တပ်ရင်းမှူး ဦးဆောင်တဲ့ တပ်ဖွဲ့တွေဟာ အရင် သူတို့ရဲ့ ခေါင်းဆောင်ပိုင်းတွေကို မြိုင်ကြီးငူ ဌာနချုပ်မှာပဲ အခုရက်ပိုင်းတွေအတွင်း ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်ခဲ့ရာမှာ DKBA ရဲ့ စစ်ဦးစီးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးတဲ့ ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်ပါတယ်။ နယ်ခြားစောင့်တပ် ၁၀၁၂ ဟာ အရင် DKBA တပ်ဖွဲ့ ဖြစ်ပြီးတော့ နောက်ပိုင်းမှာ နယ်ခြားစောင့်တပ်ဖွဲ့အဖြစ် အသွင်ပြောင်းခဲ့တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက တင်ပြပေးထားပါတယ်။

မြန်မာအစိုးရက DKBA တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ်ကို နယ်ခြားစောင့်တပ် လုပ်ခိုင်းရာကစလို့ DKBA တပ်ဖွဲ့ဝင်တွေ၊ ခေါင်းဆောင်ပိုင်းတွေကြားမှာ သဘောထား ကွဲလွဲမှုတွေ ဖြစ်လာခဲ့ရတာပါ။ နယ်ခြားစောင့်တပ်အဖြစ် လက်ခံခဲ့တဲ့ DKBA တပ်မှူးတွေဟာ ပြီးခဲ့တဲ့ ၂ ရက်ကစပြီး သူတို့ရဲ့ ခေါင်းဆောင်တွေကို ပစ်ခတ် ဖမ်းဆီးမှုတွေ လုပ်လာခဲ့တာလည်း ဖြစ်ပါတယ်။
တိုးတက်သော ကရင်ဗုဒ္ဓဘာသာတပ် ကလိုထူးဘောဗျူဟာ ဌာနချုပ်က ဗိုလ်မှူး ရွှေဝကတော့ နယ်ခြားစောင့်တပ်က တပ်ရင်းမှူး ဗိုလ်ဘိ ဦးဆောင်ပြီး စစ်ဦးစီးချုပ် ဗိုလ်ချုပ် ကျော်သန်းကို ဖမ်းဆီးလိုက်တာ ဖြစ်တယ်လို့ အခုလို ပြောပြပါတယ်။

2011/05/29

photo by .. http://www.demotix.com
ကရင်ပြည်နယ် မြဝတီမြို့နဲ့ ကော့ကရိတ်မြို့ အကြားက ကြံ့ဖွတ်အစိုးရ စစ်တပ်ထိုင်တဲ့ သစ်ခြောက်ပင် စခန်းကို ဗိုလ်ကျော်သက် ဦးစီးတဲ့ ဒီကေဘီအေ စစ်ကြောင်းမှ မေလ ၂၈ ရက် ညနေ ၄ နာရီခွဲမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲဖြစ်ပွားချိန် နာရီဝက် ကြာမြင့်ခဲ့ပါတယ်။
သစ်ခြောက်ပင် စခန်းဟာ တောင်သုံးလုံးနဲ့ တောင်ပြတ်ကြားက မြဝတီနဲ့ ကော့ကရိတ် ကုန်သည်ကားလမ်းပေါ်မှာ ရှိပြီး စကခ ၁၂ လက်အောက်ခံ ခမရ ၅၄၁ တာဝန်ယူထားတဲ့ နေရာ ဖြစ်ပါတယ်။

copy rights_http://www.naytthit.net/?p=13471

AUN – Japan ပြန်လည်ပြင်ဆင် ဖွဲ့စည်းခြင်း။


၂၀၁၁ ခုနှစ် မေလ ၂၉ ရက်။


ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan ၏ မူဝါဒရေးရာနှင့် စည်းမျဉ်း စည်းကမ်းများ ပြန်လည်ပြင်ဆင် ညှိနှိုင်းသည့် အစည်းဝေးကို Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ယနေ့ နံနက် ၉း၃၀ နာရီ မှ ၁၂း၀၀နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)၊ Association of United Nationalities in Japan, AUN-Japan, သည် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့(၈)ဖွဲ့ဖြစ် ၂၀၀၃ ခုနှစ်မှ စတင်ဖွဲ့စည်းစဉ်က သဘောတူညီခဲ့သော စည်းမျဉ်းစည်း ကမ်းများမှာ ၂၀၁၀ခုနှစ် ဒီဇင်ဘာလတွင် သက်တမ်း ကုန်ဆုံးခဲ့ပြီ ဖြစ်ပြီး AUN-Japan ဆက်လက် ရပ်တည်ရေးကို အဖွဲ့ဝင်အများစုက သဘောတူညီမှုရှိကြပြီး ပြင်ဆင်မှုကာလကို (၆) လသတ်မှတ်ခဲ့ကြကာ အောက်ဖေါ်ပြပါ နိုင်ငံရေး ဦးတည်ချက်ဖြစ် AUN-Japan ကို ပြင်ဆင် ဖွဲ့စည်းလိုက်ပါသည်။

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ပေါ်ထွန်းရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များကို စုပေါင်းအကောင်အထည် ဖေါ်ဆောင်ရန်၊ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

ရှေ့လုပ် လုပ်ငန်းစဉ်များ ၊ အဖွဲ့ဝင် အဖွဲ့အစည်းအသီးသီးတို့မှ စေလွတ်သော ကိုယ်စားလှယ်များနှင့် AUN ဦးဆောင် ကော်မတီ ဖွဲ့စည်းသွားရန် ဆွေးနွေးခဲ့ကြပြီး လာမည် ဇွန်လတွင် ကျင်းပပြုလုပ်မည့် ညီလာခံ၌ ဆုံဖြတ်ချက်များကို အတည်ပြုသွားရန်နှင့် အများဆန္ဒနှင့်အညီ ဦးဆောင်ကော်မတီများကိုလည်း ရွေးချယ် တင်မြောက်သွားမည် ဖြစ်ပါသည်။ ယခုအချိန်မှာ တိုင်းရင်းသားအအဖွဲ့ (၁၂)ဖွဲ့ဖြင့် ဖွဲ့စည်းထားပြီး ပါဝင်လာခြင်း မရှိသေးသည့် အဖွဲ့အစည်းများကိုလည်း ပူးပေါင်း ပါဝင်လာအောင် ဆက်လက် ဖိတ်ခေါ် သွားမည် ဖြစ်ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ ဒေါ်အောင်ဆန်းစုကြည် ပြော

2011-05-28,

နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့နဲ့ တိုးတက်ဖို့ဆိုရင် အစိုးရတရပ်ဟာ ပြည်သူလူထုရဲ့ ဆန္ဒကို လေးစားဖို့ လိုအပ်ကြောင်း မေလ ၂၇ ရက်နေ့မှာ ကျရောက်တဲ့ ၁၉၉ဝ ရွေးကောက်ပွဲ နှစ်ပတ်လည် နေ့ အခမ်းအနားမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။

“၁၉၈၈ ခုနှစ် ပြည်သူလူထုရဲ့ အုံကြွမှုကြီးကနေ ပေါက်ဖွားလာတဲ့ အဲဒီရွေးကောက်ပွဲကို ကျင်းပစဉ် အခါတုန်းက ကျမတို့ကို ပေးခဲ့တဲ့ကတိတွေ၊ အဲဒီတုန်းက နဝတ ပေါ့နော်။ ပေးခဲ့တဲ့ကတိ ဆိုတာဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေ။ ပြီးတော့ နိုင်ငံတနိုင်ငံဟာ သိက္ခာရှိဖို့၊ နိုင်ငံတနိုင်ငံဟာ တိုးတက်ဖို့ ဆိုတာဟာ အခြေခံအားဖြင့် ပြည်သူလူထုကို လေးစားရမယ်။ ပြည်သူလူထုကို လေးစားရမယ်ဆိုတာ ပြည်သူလူထုကို မလှည့်ဖျားရဘူး။ ပြည်သူလူထုကို အခု စကားတမျိုးပြောပြီး နောက် စကားတမျိုး မပြောရဘူး။ ဒါကြောင့်မို့လို့ ကျမတို့အနေနဲ့ ၁၉၉ဝ ရွေးကောက်ပွဲရဲ့ ရလဒ်ကို အသိအမှတ် မပြုတာကို ကျမတို့ အမြဲ ကန့်ကွက်တယ်။ အမြဲ ကန့်ကွက်တဲ့အကြောင်းက NLD ကို အာဏာ မလွှဲလို့ မဟုတ်ဘူး၊ ပြည်သူလူထုကို မလေးစားလို့”

ရန်ကုန်မြို့ ရွှေဂုံတိုင် NLD ပါတီဌာနချုပ်မှာ မနေ့က ကျင်းပတဲ့ အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ပြောဆိုခဲ့တာပါ။

၉၀ ရွေးကောက်ပွဲရလဒ်ကို ဆက်လက်ကိုင်စွဲသွားမည် (ဦးအေးသာအောင်နှင့် မေးမြန်းခန်း)

2011/05/28

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် မေလ ၂၇ ရက်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချူပ်၏ ၁၉၉၀ ခုနှစ် အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ (၂၁)နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် လက်ရှိ သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရအဖွဲ့သစ် စစ်အုပ်စုအား လုံးဝ အသိအမှတ်မပြု ဆန့်ကျင် ကန့်ကွက်သည့် အခမ်းအနားကို တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့တွင်  ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီးကျင်းပ ပြုလုပ်ပြီး ဒီမိုကရေစီ နည်းလမ်းမကျ တရားမျှတမှုမရှိသော ရွေးကောက်ပွဲ စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု အစိုးရသစ်ကို အသိအမှတ်မပြုရန်၊ နိုင်ငံရေး အကျဉ်းသားတွေကို ချက်ခြင်း လွတ်ပေးရန်၊ တိုင်းရင်းသား  ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ပြည်တွင်းစစ် ရပ်စဲရန်အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုခဲ့ကြပြီး မြန်မာနိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို ခိုင်မြဲ စေချင်တယ်ဆိုရင် မြန်မာ ပြည်သူတွေရဲ့ အသံ ဆန္ဒကို လေးစားနားထောင်ပေးရန် ၊ မြန်မာပြည်သူတွေရဲ့ ရွေးကောက်ထားသည့် NLD ပါတီရဲ့ လုပ်ဆောင်မှုတွေကို တိကျခိုင်မာတဲ့ ထောက်ခံ အားပေးမှုတွေ ပြုလုပ်ပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသွား ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ရာဇသံကုန်ဆုံးပြီးနောက် KIAနှင့် မြန်မာတပ် ပထမဆုံး ပစ်ခတ်မှုဖြစ်ပွား

မေလ 27 ရက် 2011 ခုနှစ် ။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA)မှ ပေးသော နောက်ဆုံးရက် ရာဇသံ ကုန်ဆုံးသွားပြီးနောက် ကချင်ပြည် နယ်တွင် မြန်မာစစ်တပ်နှင့် KIA ကြား ပထမဆုံးကြိမ်ပစ်ခတ်မှု စစ်ပွဲငယ် ယနေ့ နံနက် ၁၀ နာရီ ခွဲခန့် တွင် ဖြစ်ပွားခဲ့သည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIA) က ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ၎င်းတို့တပ်စခန်းများအနီး ပို့ထားသည့် မြန်မာစစ်သားများ မေ ၂၅ ရက်နောက်ဆုံးထားပြီး တပ်ဆုတ်ခွာရန် ရာဇသံ ပေးပြီးနောက် နှစ်ရက်အကြာတွင် ယင်းပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ပစ်ခတ်မှုသည် မိနစ် အတော်ကြာသည်ဟု ပစ်ခတ်မှုဖြစ်ပွားရာ အနီးရောက်ရှိနေသည့် ကချင်သတင်းဌာန သတင်း ထောက်က ပြောသည်။ နေရာမှာ ဗန်းမော်ခရိုင် အရှေ့တောင်ဘက် မံဂျေ (မံစီ)မြို့နယ်၊ ရှဒန်ဂါးဂေါ့ ဒေသ၊ ၀မိကောင် တွင် ဖြစ်သည်ဟု ဆိုသည်။

တတိယ အကြိမ်မြောက် ပဒိုမန်းရှာ လူငယ်ခေါင်းဆောင်ဆု နော်ဒီဇင်ဘာဖော ရရှိ

မေ ၂၇။ စောသိန်းမြင့်(ကေအိုင်စီ)
ကွယ်လွန်သူ ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ) အထွေထွေအတွင်းရေးမှူးချုပ် ဟောင်း ပဒိုမန်းရှာလားဖန်း၏ တတိယအကြိမ်မြောက် လူငယ်ခေါင်းဆောင်ဆုကို ဘိတ်ထား ၀ယ်ခရိုင်မှ နော်ဒီဇင်ဘာဖော ရရှိသွားသည်ဟု ဖန်းဖောင်ဒေးရှင်းမှ ယနေ့ သတင်းထုတ်ပြန် သည်။
၂၀၁၀ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆုကို အဆိုတင်သွင်းခံရသူ များ စွာအနက်မှ ကော်သူးလေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်(FTUK) စည်းရုံးရေးနှင့် သတင်း ရေးရာ တာဝန်ခံ စောလေးစေးတင်သွင်းပြီး ထားဝယ်ခရိုင်မှ ထီးမိုပွာဒေသ ဥက္ကဌ စောကြည် ဒို့ ထောက်ခံသည့် အသက် ၂၆နှစ်အရွယ်ရှိ ကေအဲန်ယူ ဘိတ်ထားဝယ်ခရိုင်၏ ဆေးရုံနှင့် ကျန်းမာရေး စောင့်ရှောက်ရေး တာဝန်ခံဖြစ်သူ နော်ဒီဇင်ဘာဖောက ရရှိသွားခြင်းဖြစ်သည်။
   ပထမအကြိမ် ပဒိုမန်းရှာလားဖန်း လူငယ်ခေါင်းဆောင်ဆု ရရှိသည့် နော်ဖောကဘလာထူးနှင့် ဖန်းဖောင်ဒေးရှင်းတည်ထောင်သူများ

အစိုးရကို စမ်းသပ်မယ့် ဒေါ်စု နယ်ထွက်ခရီး

 
(သတင်းသုံးသပ်ချက်)

ချင်းမိုင် (မဇ္ဈိမ) ။        ။ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့အပြင်ဘက်သို့ ခရီးထွက်ရန် ပြင်ဆင်လျက်ရှိရာ အစိုးရသစ်ကို စမ်းသပ်ချက်တခု ဖြစ်လာမှာ ဖြစ်သည်။

သြဂုတ်လသို့မဟုတ် နောက်ပိုင်းမှသာ ခရီးထွက်နိုင်မည်ဟု ယူဆရပြီး၊ ဒေါ်အောင်ဆန်းစုကြည် အထိန်းသိမ်းခံမှ လွတ်မြောက်ပြီးနောက် ပထမဆုံးဖြစ်လာမည့် ခရီးစဉ်နှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ခေါင်းဆောင်များက ယခုထိထုတ်ဖော်ပြောဆိုခြင်း မပြုသေးပေ။ သို့သော် ဧရာဝတီတိုင်းဘက်သို့ စတင်မည်ဟု ပါတီတွင်း သတင်းရပ်ကွက် အချို့က မဇ္ဈိမကို ပြောသည်။
ဤအတိုင်းသာ ဟုတ်မှန်ခဲ့သော် သူ၏နိုင်ငံရေးကို
ဒေါ်အောင်ဆန်းစုကြည် ရန်ပြုခံရသည့် အဖြစ်များ
၁၉၈၉ ဧပြီ ၅ ရက်နေ့တွင် - NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို ပစ်ရန် ဗိုလ်ကြီးမြင့်ဦးမှ စစ်သား ၆ ယောက်ကို အမိန့်ပေးခဲ့ရာ ဗိုလ်မှူး ၂ ဦးက ဝင်ရောက်တားမြစ်၊
၁၉၉၆ မတ် ၁၃ - မန္တလေးသို့သွားရန် စီစဉ်ရာ အာဏာပိုင်တို့မှ ဒေါ်အောင်ဆန်းစုကြည် လိုက်ပါမည့် ရထားတွဲကို ပြင်ဆင်ရန်ဟု အကြောင်းပြ ဖြုတ်သိမ်းပြီး ခရီးစဉ်ကို တားဆီးခဲ့၊
၁၉၉၆ နိုဝင်ဘာ ၉ - ရန်ကုန်မြို့ကမ္ဘာအေးဘုရားလမ်းတွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူ ၂ဝဝ ခန့်၊ ဒေါ်အောင်ဆန်းစုကြည်ယာဉ်တန်းကို တိုက်ခိုက်ခဲ့၊
၁၉၉၈ ဇူလိုင် ၂၃ - ဦးတင်ဦးနှင့်အတူ ဇူလိုင်၊ သြဂုတ်လများတွင် ပဲခူးတိုင်း၊ ဧရာဝတီတိုင်းသို့ သွားရောက်ရန် ကြိုးပမ်းရာ တားဆီးခံရ၊ ဇူလိုင် ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့အနီး ၁၃ ရက်ကြာ ပိတ်ဆို့ခံရ၊
၂ဝဝဝ သြဂုတ် ၂၄ - ရန်ကုန်မြို့တဖက်ကမ်း ဒလမြို့နယ်သို့ သွားရောက်ရာ တားဆီးခံရ၊ စက်တင်ဘာ ၂ ရက်နေ့တွင် နေအိမ်သို့ ပြန်ပို့ခံခဲ့ရ၊
၂ဝဝဝ စက်တင်ဘာ ၂၁ - မန္တလေးသို့ ခရီးထွက်ရန် စီစဉ်ရာ ရန်ကုန်ဘူတာကြီး၌ တားဆီးခံရ၊ နေအိမ်သို့ ပို့ဆောင်ခံရပြီး၊ ၂ နှစ် နီးပါး အကျယ်ချုပ်ချခံရ၊
၂ဝဝ၃ မေ ၃ဝ - အထက်မြန်မာပြည် စည်းရုံးရေး ခရီးစဉ်အတွင်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ကျည်ရွာအနီး အတိုက်ခိုက်ခံရ၊ ကားမောင်း ထွက်နိုင်ခဲ့သဖြင့် အသက်ဘေးမှ လွတ်မြောက်ခဲ့၊ သို့သော် ရေဦးမြို့၌ အဖမ်းခံရပြီးနောက် အင်းစိန်ထောင်သို့ ပို့ဆောင်ခံရ၊ ထိုမှတဆင့် နေအိမ် အကျယ်ချုပ် ကျခံရ၊
(အကျယ်ချုပ်သက်တမ်း ၆ နှစ်အကြာ၂ဝဝ၉ ခုနှစ် မေလအတွင်း အမေရိကန်နိုင်ငံသား ဂျွန်ယက်တောဆိုသူ နေအိမ်ထဲ ခိုးဝင်ခဲ့သည်ကို လက်ခံမှုဖြင့် နေအိမ် အကျယ်ချုပ် စည်းကမ်းဖောက်ဖျက်မှုဖြင့် ဆက်လက်၍ ထိန်းသိမ်းခံခဲ့ရသည်။ ၁၈ လအကြာ ၂ဝ၁ဝ နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လွတ်လာခဲ့သည်။)
မှတ်ကျောက်တင်ပေးခဲ့သည့် နေရာတခုကို
သွားရောက်ခြင်း၊ သို့မဟုတ် မအောင်မြင်ခဲ့သည့် ခရီးကို တတိယအကြိမ်မြောက် ကြိုးစားသည့် ခရီးစဉ် ဖြစ်လာမည်။

၁၉၈၉ ဧပြီ ၅ ရက်နေ့က ကွယ်လွန်လေပြီးသော NLD ဒုဥက္ကဋ္ဌ ဦးကြည်မောင်နှင့် ဧရာဝတီတိုင်း စည်းရုံးရေး ခရီးထွက်ရာ ဓနုဖြူတွင် စစ်တပ်က ဟန့်တားခဲ့သည်။ ပစ်ခတ်ရန် အသင့်အနေအထား နောက်ဆုံးမိနစ်ကျမှ ပစ်မိန့်ပြန်လည် ရုပ်သိမ်းခဲ့သည်။ အခင်းဖြစ်ချိန်တွင် တည်တည်ငြိမ်ငြိမ်နှင့် သူရင်ဆိုင်ခဲ့ပုံက မြန်မာ့နိုင်ငံရေးတွင်
 ပြောစမှတ် တွင်ရစ်သည်။

၁၉၈၉ ခုနှစ်နှင့် ၁၉၉၈ ခုနှစ်များတွင် ဧရာဝတီတိုင်းဘက်သို့ သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် အာဏာပိုင်များက ပိတ်ဆို့ဟန့်တားခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ အင်လျားကန်စောင်း တက္ကသိုလ် ရိပ်သာလမ်း နေအိမ်သတင်းစာ ရှင်းလင်းပွဲအတွင်း သတင်းထောက်တဦး၏ အမေးကို "တလ၊ နှစ်လလောက် ကျရင်တော့ သွားဖြစ်မယ်လို့ မျှော်လင့်တယ်။ အခု နည်းနည်း အလုပ်တွေ၊ ရန်ကုန်က အလုပ်တွေ ပြီးအောင်တော့ တခါထဲ ကြိုးစားပြီး အမြန်ဆုံး ပြီးအောင်တော့ လုပ်နေတယ်။ ဒါပေမဲ့ အလုပ်ကြွေးတွေက နည်းနည်းများနေတော့" ဟု သူက ပြန်ဖြေခဲ့သည်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ လူမှုရေးအဖွဲ့ပုံစံ ရှိနေသည့်ကာလ ၂ဝဝ၃ ခုနှစ် မေ ၃ဝ ရက်နေ့တွင် တုတ်၊ ဓား လက်နက် ကိုင်ဆောင်ထားသူများက ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ထောက်ခံသူများကို အကွက်ချ အကြမ်းဖက် တိုက်ခိုက်ခဲ့သည် ။  နောက်ဆက်တွဲအဖြစ်  နေအိမ်အကျယ်ချုပ် ၆ နှစ်ကျော် ကျပြန်သည်။

အခုတဖန် ခရီးထွက်မည်ဟုဆိုပြန်ရာ ပါတီဒုဥက္ကဋ္ဌ ဦးတင်ဦး အပါအဝင် ထိပ်တန်းခေါင်းဆောင်များအကြား သူ၏ လုံခြုံရေးအတွက် စိုးရိမ်နေကြပြန်သည်။

"အစိုးရတာဝန်ယူထားတဲ့ ပုဂ္ဂိုလ်တွေက ပြည်သူလူထုရဲ့ လုံခြုံရေးကို တာဝန်ယူရမယ့် တာဝန်ရှိနေတာပဲဗျာ။ အဲဒီတော့ အစွမ်းကုန်၊ အထက်မြက်ဆုံး၊ အန္တရာယ် အကင်းရှင်းဆုံး သူတို့တာဝန်ယူရမှာပေါ့။ တာဝန်ယူရမယ့်ကိစ္စက သူတို့တာဝန်ပဲလေ” ဟု ဦးတင်ဦးက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်၏ ရုံးအဖွဲ့မှူးဖြစ်သူ အသက် ၇ဝ နှစ်အရွယ်ရှိ စစ်တပ်အရာရှိဟောင်း ဦးဝင်းထိန်က “ဘာလက်နက်မှ ပါတဲ့လူတွေ မဟုတ်ဘူး။ အဲဒါမျိုးကြုံလာရင် ကျနော်တို့ဘက်က ခံဖို့ပဲရှိတယ်။ ခံဖို့လည်း မကြောက်လို့ လိုက်သွားကြတာပေါ့ဗျာ” ဟု ကြုံခဲ့ရသည့် အဖြစ်အပျက်များကို နှိုင်းယှဉ်ရင်း ပြောပြသည်။

သို့သော် ယခုတဖန် ခရီးထွက်မည်လျှင် “ဒီတခါသွားလို့ ကျနော်လိုက်မယ်ဆိုရင် အရင်ကလို သွက်သွက်လက်လက်နဲ့ မလုပ်ကိုင်ပေးနိုင်မှာဘဲ အားမလို အားမရ ဖြစ်မိတာ။ ကျန်တာကတော့ မစိုးရိမ်ပါဘူး” ဟု ဦးဝင်းထိန်က ဆက်ပြောသည်။
 

2011/05/27

KIA နယ်မြေအနီးမှ အစိုးရတပ်များ ဆုတ်ခွာ


ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ထိန်းချုပ်နယ်မြေအနီး နယ်ကျွံလာသော မြန်မာအစိုးရ တပ်များ နောက်ပြန်ဆုတ်သွားကြောင်း သိရသည်။
၎င်းတို့၏ နယ်မြေအနီးမှ တပတ်အတွင်း ဆုတ်ခွာပေးရန် မေလ ၁၉ ရက်နေ့က စာရေးသား တောင်းဆိုပြီးနောက်ပိုင်း ထိုသို့ ထွက်ခွာသွားခြင်း ဖြစ်သည်ဟု KIA ၏ နိုင်ငံရေး ဦးဆောင်အဖွဲ့ဖြစ်သော ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) မှ တွဲဖက်အတွင်းရေးမှူး ဦးလနန်က ယနေ့ ဧရာဝတီကို ပြောသည်။

“ရှေ့တန်း အနီးကပ် လှုပ်ရှားနေတဲ့ တပ်တွေ ပြန် နောက်ဆုတ်ပေးတာ ရှိတယ်။ တင်းမာမှုတွေ လျော့သွားတဲ့ သဘော ရှိတယ်” ဟု ဦးလနန်က ရှင်းပြသည်။

KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၅ အနီးမှ ဆုတ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

KIA တွင် စစ်သည် အင်အား တသောင်း ၀န်းကျင် ရှိပြီး  ကချင်ပြည်နယ်နှင့် ရှမ်းပြည်မြောက်ပိုင်းတွင် စခန်းချထားသည်ဟု သိရသည်။

၁၉၉၄ ခုနှစ်မှ စတင်ပြီး KIA သည် စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲခဲ့သည်။ သို့သော်လည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ နယ်ခြားစောင့်တပ်များအဖြစ် အသွင်ပြောင်းရေး အစီအစဉ်ကို KIA က လက်မခံသဖြင့် အစိုးရနှင့် ဆက်ဆံရေးပျက်ပြားလျက်ရှိသည်။
နှစ်ဘက် စစ်ရေးပြင်ဆင်သည့် သတင်းများလည်း ပြီးခဲ့သည့်နှစ်က ပေါ်ထွက်လာသည်။

ဤအတောအတွင်း KIA ကို “သောင်းကျန်းသူ” အဖွဲ့ဟု အစိုးရပိုင် သတင်းစာများတွင် မကြာခဏ သုံးနှုန်း ဖော်ပြသည်အထိ နှစ်ဘက် ဆက်ဆံရေး ဆိုးရွားလျက်ရှိသည်။
 
copy rights_http://www.irrawaddy.org/bur/index.php/news/6471-kia---

ကော့ကရိတ်မြို့ ချက်ပွိုင့်ကို ဒီကေဘီအေ ဝင်ရောက်တိုက်ခိုက်

DKBA နဲ့ ပူတွဲတိုက်ပွဲဝင်နေတဲ့ ABSDF ရဲဘော်
May 26, 2011,

ဒီကနေ့ ညနေ ၅ နာရီ မိနစ် ၂၀ လောက်မှာ ကော့ကရိတ်မြို့ အဖွဲ့ပေါင်းစုံ ထိုင်တဲ့ ဂိတ်နဲ့ ခလရ ၂၃၁ ကို ဒီကေဘီအေ တပ်ဖွဲ့ဝင်တွေက ဝင်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ဝင်ရောက် တိုက်ခိုက်ရာတွင် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးကျော်သက် ဦးဆောင်တယ်လို့ ဒေသခံ ပြည်သူများ ပြောပြချက်အရ သိရှိရပါတယ်။ တိုက်ပွဲအတွင်း ထိခိုက် ဒဏ်ရာ ရရှိမှုတွေကိုတော့ မသိရှိရသေးပါ။

မေလ ၁၁ နေ့ကလည်း ကော့ကရိတ်မြို့ပတ်လည်က နေရာအတော်များများက ကြံ့ဖွံ့ အစိုးရတပ်တွေ ရှိတဲ့ နေရာတွေ ကို ဒီကေဘီအေတပ်တွေ ဝင်ရောက် တိုက်ခိုက်တဲ့ ဖြစ်စဉ်တွေမှာ ကြံ့ဖွံ့အစိုးရ စကခ (၁၂) လက်အောက်ခံ ခမရ ၂၃၀ က အရာရှိတဦး သေဆုံးခဲ့ကြောင်း သိရှိရပါတယ်။

Copy from - naytthit.net

ကရင်ပြည်သူ ၂ထောင်ကျော်အား စစ်တပ်က အကာအကွယ်အဖြစ် အသုံးပြုကြောင်း KNU ထုတ်ပြန်

၂၀၁၀ခုနှစ်က နအဖစစ်တပ်၏ အတင်းအဓမ္မ လုပ်အားခိုင်းစေခံရသည့် တောင်ငူဒေသခံအချို့(ပုံ-CIDKP)

မေလ 26 ရက် 2011 ခုနှစ်။

ကရင်အမျိုးသား အစည်းအရုံး(KNUထိန်းချုပ်နယ် မြေ ၅ခုအတွင်းရှိ လှုပ်ရှားနေသည့် မြန်မာ စစ်တပ် များက လေးလတာ ကာလအတွင်း ကရင်ပြည်သူ ၂ထောင်ကျော်အား အကာအကွယ် အဖြစ်အသုံးပြု ကြောင်း KNU က ယနေ့ မေလ ၂၆ ရက် နေ့စွဲဖြင့် ကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်သည်။

၂၀၁၁ခုနှစ် ဇန်န၀ါရီလမှစ၍ ဧပြီလကုန်အထိ အဆိုပါ ခရိုင် ၅ခုမှ မြန်မာစစ်တပ်၏ အတင်း အဓမ္မဖမ်းဆီး ခေါ်ဆောင်ခြင်းကို ခံနေရသူများသည် စစ်တပ်အတွက် အကာအကွယ် အဖြစ်သော်လည်းကောင်း၊ မိုင်းရှင်း ပေးသူ အဖြစ်သော်လည်းကောင်း အသုံးပြုခံရကာ ထိုအထဲ၌ ရွာသားပေါင်း ၂,၀၅၁ဦး ပါဝင်ပြီး ၁,၂၂၀ဦးသည် အမျိုးသမီးများဖြစ်သည်ဟု ကြေညာချက်ထဲ တွင် ဖော်ပြထားသည်။

KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အခုအစိုးရကတော့ ဒီမိုကရေစီဘက်ကို ဦးတည်သွားမယ်လို့ ပြောပေမဲ့ နိုင်ငံရေးအကျဉ်းသားတွေကို မလွတ်ပေးသေးသလို တိုင်းရင်းသား ဒေသမှာလည်း ထိုးစစ်တွေ ရပ်သွားတာ မရှိဘဲ ဥပဒေမဲ့ သတ်ဖြတ်မှု၊ အမျိုးသမီးတွေကို အကြမ်းဖက်မှု၊ ကလေးပါမကျန် တပ်ရိက္ခာ ထမ်းခိုင်းမှု၊ ခိုင်းလို့ မတတ်နိုင်ဘူးဆိုရင် အကြပ်ကိုင်ပြီး ရွာသားတွေရဲ့ ပစ္စည်းတွေကို ဖျက်ဆီး၊ ယာခင်းမီးရှို့ စတာတွေ လုပ်လာတဲ့အပေါ်မှာ အများက အဖြစ်မှန် တွေကို သိဖို့ဆိုပြီး ကျနော်တို့ ဒီကြေညာချက်ကို ထုတ်ရတာပါ။”ဟု ကေအိုင်စီကို ပြောသည်။ ဆက်လက်၍ သူက ယခုအချိန်၌ မြန်မာပြည် အခြေအနေသည် မြန်မာအစိုးရ ပြောသလို ကုလသမဂ္ဂ အထူးသံ တမန်ရေးက တိုးတက်မှု ရှိကြောင်း မြင်သော်လည်း ကုလသမဂ္ဂ လူ့အခွင့်အရေး ဆိုင်ရာ ပုဂ္ဂိုလ်က ၎င်းရရှိသည့် အချက်အလက်များအရ မပြောင်းလဲသေးကြောင်း ပြောသည်။

2011/05/26

သိန်းစိန် အစိုးရကို အသိအမှတ်မပြုဖို့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ


may_2027_20demostration_20invitation_2Epdf

မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း တွင် လူဦးရေ စစ်ဆေး

မေလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)

ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ ထမ့်ဆောင်ယန်းမြို့နယ်နှင့် ဖုတ်ဖရမြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူ ထိုင်းအာဏာပိုင်များက ထိုင်း-မြန်မာ နယ်စပ်အခြေစိုက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်းရှိ လူဦးရေစာရင်း အမှန်သိလိုသည့် အ ကြောင်းပြချက်ဖြင့် ယမန်နေ့မှစ၍ အဆိုပါ စခန်းနှစ်ခု၏ လူဦးရေစာရင်းကို စတင်စစ်ဆေးခဲ့သည်။
မယ်လစခန်း ဥက္ကဌ စောထွန်းထွန်းက “စခန်းထဲမှာ လူဦးရေစာရင်းတွေကို NGOs တမျိုး၊ KRC က တမျိုး၊ သူတို့(ထိုင်းအာ ဏာပိုင်)တွေတမျိုး မတူတဲ့အခါကျတော့ ဒီလို စစ်ဆေးမှုတွေ လာလုပ်တာဖြစ်တယ်။ ထိုင်းအစိုးရညွှန်ကြားလို့ မဟုတ်ဘဲ ဒုက္ခသည်စခန်းကို ကိုင်တွယ်နေတဲ့ ခရိုင်နဲ့ မြို့နယ်အဆင့်ရှိသူ ထိုင်းအာဏာပိုင်တွေရဲ့ အစီအစဉ်သာဖြစ်ပါတယ်။ လူဦး ရေလာစစ်တာတခုတည်းနဲ့တော့ ဘာမှ အကျိုးသက်ရောက်မှု မရှိနိုင်ပါဘူး။ နောက် လူစစ်ဆေးစဉ် စခန်းအတွင်းမှာ မရှိဘဲ ခရီးလွန်နေတဲ့သူတွေကို နာမည်စာရင်းမှတ်ထားပါတယ်။ လုံးဝဖျက်လိုက်တာတော့ မရှိဘူး။”ဟု ကေအိုင်စီကို ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်း ၇ခုရှိသည့်အနက် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်း နှစ်ခုကိုသာ လူဦး ရေစစ်ဆေးမှုများ ပြုလုပ်နေခြင်းသည် သက်ဆိုင်ရာ ဒုက္ခသည်စခန်းများကို တာဝန်ယူပေးနေသည့် ဒေသခံ ထိုင်းအာဏာ ပိုင်များ၏ အပေါ်တွင် မူတည်သည်ဟု သူက ဆက်ပြောသည်။
သို့သော် မယ်လနှင့် အုန်းဖျန်ဒုက္ခသည်စခန်းအတွင်း နေထိုင်သည်သည့် လူများကို ယခုလို ထိုင်းအာဏာပိုင်များ၏ လာ ရောက်စစ်ဆေးခြင်းနှင့်ပတ်သက်၍ မည်သည့် အကြောင်းကြောင့်ဖြစ်ကြောင်း တပ်အပ် မပြောနိုင်ဟု ကရင်ဒုက္ခသည်များ ကော်မတီ (KRC) က ပြောသည်။
မယ်လဒုက္ခသည်စခန်း(ကေအိုင်စီ)

လူဦးရေစစ်ဆေးရာ၌ စခန်းအတွင်းရှိ နေထိုင်သည့်သူ ဒုက္ခသည်များထဲတွင် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်း ကြီးရုံး(UNHCR) မှတ်ပုံ တင်ထားသူ လူဟောင်းများကို ဦးစွာ စစ်ဆေးသွားမည်ဖြစ်ပြီး ထိုမှတဆင့် UNHCR မှတ်ပုံမတင်ရ သေးသူ လူသစ်များကို ဆက်လက်စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထို့အပြင် အုန်းဖျန်စခန်း၌ ဒုက္ခသည်ဦးရေ လာစစ်ဆေးနေသည့် ထိုင်းအာဏာပိုင်များသည် တလအတွင်းပြီးစေရန် မြန် သထက်မြန်အောင် စစ်ဆေးပေးနေသော်လည်း မယ်လစခန်းမှာမူ ၄လသတ်မှတ်ထားပြီး တရက်လျှင် အိမ်ထောင်စု ၅၀ သာ စစ်ပေးမည်ဖြစ်သည်ဟု သက်ဆိုင်ရာ ရပ်ကွက်ရုံးတွင် စာကပ်ထားကြောင်း မယ်လဒုက္ခသည်များက ဆိုသည်။ သို့ သော် လူဦးရေအမြန်စစ်ဆေးပြီးစေရန် လာမည့်ရက်များအတွင်း မယ်လစခန်းတွင် လူစစ်ဆေးခြင်း အစီအစဉ်ပြောင်းလဲ ပေးမည်ဟု ထိုင်းအာဏာပိုင်များက ပြောကြောင်း မယ်လစခန်း တာဝန်ရှိသူများက ဆိုသည်။
အုန်းဖျန်စခန်း လူမှုရေးတာဝန်ခံ စောထူးကလယ်က “ကျနော်တို့ စခန်းမှာတော့ ရပ်ကွက် ၁၆ခုရှိပြီးတော့ အခုဆိုရင် တရက်ကို ရပ်ကွက် ၂ခု စစ်တယ်။ ဒီနေ့ ရပ်ကွက် ၄ခု ပြီးနေပြီ။”ဟု ရှင်းပြသည်။
မယ်လစခန်း ဇုံအေ ရပ်ကွက်(၁)တွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက “ ကျမတို့ရပ်ကွက်မှာကျတော့ တရက်ကို အိမ် ထောင်စု ၇၄စု သတ်မှတ်ထားပြီးစစ်တယ်။ စစ်တာကတော့ အမြန်နည်းနဲ့ပဲစစ်တယ်။ အိမ်ထောင်စုတစုလုံးကို တခါတည်း စုပြီး ဓါတ်ပုံလိုက်တာပဲ။ ကျမတို့အိမ်ထောင်စုက တယောက်မရှိတော့ စားရင်းကနေ ပယ်ဖျက်ခံရ လိုက်ရတယ်”ဟု ပြော သည်။
ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ မြောက်ဘက်မှ ၄၅ ကီလိုမီတာ ကွာဝေးသည့် ရပ်ကွက်ပေါင်း (၂၂)ခုရှိ မယ်လဒုက္ခ သည်စခန်းသည် လူဦးရေ ၄ သောင်းကျော် ရှိပြီး မဲဆောက်မြို့တောင်ဘက်မှ ၇၅ ကီလိုမီတာ ကွာဝေးသည့် ရပ်ကွက်(၁၆) ခုရှိ အုန်းဖျန်ဒုက္ခသည် စခန်းသည် လူဦးရေ ၂ သောင်းကျော်ရှိသည်ဟု KRC ၏ လစဉ်အစီရင်ခံစာ ဒုက္ခသည်လူဦးရေ စာရင်းတွင် ဖော်ပြထားသည်။

copy rights_http://www.kicnews.org/?p=5608#more-5608

မြန်မာပြည်မြောက်ပိုင်းရှိ KIA တပ်အားလုံး တပ်လှန့်ထား

ကချင်ပြည်နယ်အရှေ့ဘက် ရှေ့တန်းတစ်နေရာတွင် ရောက်ရှိနေတဲ့ KIA စစ်သားများ။
မေလ 25 ရက် 2011 ခုနှစ်။

ရှမ်းပြည်မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ ရှေ့တန်း တပ်အားလုံးကို တပ်လှန့်ထားပြီး ရှေ့တန်းရှိ မြန်မာတပ်များ အားလုံး မေ ၂၅၊ ယနေ့ နောက်ဆုံးထား ဆုတ်ခွာပေးရန် KIA ၏တောင်း ဆိုချက်ကို မြန်မာအစိုးရက မည်သို့ တုန့်ပြန်မည် ကို စောင့်ကြည့် နေသည်ဟု KIA က ဆိုသည်။

မိုးညှင်းမြို့နယ်၊ ဆင်ဘိုမြို့နယ်ခွဲ၊ ပန်ခေါန် အခြေစိုက် KIA တပ်ရင်း ၅ ကို ၀န်းရံ ထားသည့် မြန်မာ တပ်စခန်း ၃ ခုပါ တပ်ဆုတ်ပေးရန် သတိပေးထားသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဗဟိုကော်မတီ၏ ထူးခြားသော ယင်းသတိပေးချက်မှာ တာပိန်မြစ် ရေး အားလျှပ်စစ် စက်ရုံ နှစ်ခုအနီးရှိ ဒွမ်ဘွမ်ကရုန် အခြေစိုက် KIA တပ်ရင်း ၂၅ သို့ မြန်မာ စစ်တပ်က ၇၅ မမ အမြောက်ဖြင့် ပစ်ခတ်ပြီးနောက် မေလ ၁၉ ရက်တွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

၎င်းကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဇေယျာအောင်နှင့် ကချင်ပြည်နယ် ၀န်ကြီးချုပ် မဂျွယ်မရိုင်ဒူဝါ လဂျွန်ငန်ဆိုင်းထံ ပေးပို့ခဲ့သည်ဟု ဆိုသည်။

ဗဟိုမြန်မာအစိုးရက စစ်ရေးအရ တုန့်ပြန်လျှင် ပြည်တွင်းစစ် ဖြစ်လာမည်ဟု လိုင်ဇာ ဌာနချုပ်မှ KIA အရာရှိများ ပြောသည်။

သတင်းရင်းမြစ် - ကချင်သတင်းဌာန

2011/05/25

NLD လူငယ်နှစ်ဦး ရဲခေါ်စစ်

အောင်မြတ်စိုး | အင်္ဂါနေ့၊ မေလ ၂၄ ရက် ၂၀၁၁ ခုနှစ် ၁၆ နာရီ ၅၉ မိနစ်

ဘန်ကောက် (မဇ္ဈိမ) ။      ။ သမ္မတကို ဆဲဆိုထားသည့် ဆေးနီပက်ဖျန်းမှုများ ရန်ကုန်တိုင်း ဒဂုံမြို့သစ်တောင်ပိုင်း လမ်းမများ၌ တနင်္လာညတွင် ဖြစ်ပွားခဲ့ပြီးနောက် အင်္ဂါမနက်တွင် တောင်ဒဂုံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လူငယ်နှစ်ဦးကို ရဲက ခေါ်ယူမေးမြန်းမှုအချို့ ပြုလုပ်ခဲ့သည်။ 

မြို့နယ်တွင်း ၅၄၊ ၅၃၊ ၁၈ နှင့် ၁၉ ရပ်ကွက်၌ ယမန်နေ့ညဦးပိုင်းတွင် ဆေးနီများဖြင့် ဆဲရေးတိုင်းထွာစာများအား ကွန်ကရစ်ခင်း လမ်းမတလျှောက် ပက်ဖျန်းမှုအပြီး၊ ရဲက လုံခြုံရေးအကြောင်းပြချက်ဖြင့် တောင်ဒဂုံ အမှတ် ၅၃ ရပ်ကွက်မှ ကိုဇေယျနှင့် ကိုဖိုးဇော်တို့ကို ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ခေါ်ယူစစ်ဆေးခဲ့ခြင်း ဖြစ်သည်။

“ညက မင်းတို့ ထိန်ဝင်းနဲ့ အတူရှိလားပေါ့၊ တောင်ဒဂုံစခန်းက နယ်ထိန်းတာဝန်ခံက မေးတယ်တဲ့။ ... ရဲက ဆေးမှုတ်တဲ့ ကိစ္စနဲ့တော့ မဆိုင်ပါဘူး၊ ရန်ကုန်ကို ဖောက်ခွဲရေးသမားတွေ အယောက် ၅ဝ လောက် ရောက်နေတယ်၊ တောင်ဒဂုံမှာ တယောက်ရှိတယ်ဆိုလို့ ဧည့်စာရင်း စစ်တာပါလို့ ပြောတယ်” ဟု တောင်ဒဂုံ NLD မြို့နယ်လူငယ်တာဝန်ခံ ကိုထိန်ဝင်းက မဇ္ဈိမကို ပြောသည်။

လူငယ်နှစ်ဦး မိနစ်ပိုင်းအကြာ စစ်ဆေးခံရခြင်းနှင့် ပတ်သက်၍ ကိုထိန်ဝင်း၊ မြို့နယ်စည်းရုံးရေးအဖွဲ့မှ ဦးကြည်လင်းနှင့် လူငယ်အချို့က ရပ်ကွက်အုပ်ချုပ်ရေးရုံးသို့ သွားရောက်စုံစမ်းရာမှ သိခဲ့ရခြင်း ဖြစ်သည်။

၎င်းတို့က ဆေးဖျန်းပက်မှု၊ ဖောက်ခွဲမှုများနှင့် မသက်ဆိုင်သလို၊ NLD အနေဖြင့် ထိုလုပ်ရပ်မျိုး မလုပ်ဆောင်ကြောင်း အာဏာပိုင်များကို ပြန်လည် ပြောကြားခဲ့သေးသည်။

ဆေးဖျန်းခံရသည့် နေရာများအား ဒေသအာဏာပိုင်များက ယခုအခါ ဘိလပ်မြေဖြင့် ဖုံးအုပ်ခဲ့ပြီးဖြစ်သည်။

“၅၄ ရပ်ကွက်က ဇေယျာမြိုင်လမ်းမှာ ရှိတယ်ဗျာ၊ ကျွန်းရွှေမြိုင်လမ်းမှာ ရှိတယ်ဗျာ။ ကျနော်တွေ့တာတော့ ၃ နေရာ ရှိတယ်ဗျ။ နောက်ပြီးတော့ တချို့တွေက တွေ့တာကတော့ ၄-၅ နေရာလောက် ရှိမယ်လို့ ဆိုတယ်။ လမ်းတွေက ကွန်ကရစ်လမ်းတွေဆိုတော့ သူတို့ အဲဒါတွေကို ဘိလပ်မြေနဲ့ အပေါ်ကနေ ထပ်မံလိုက်တယ်” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။
 
copy rights_http://www.mizzimaburmese.com/news/breaking-newsbrief/7604-nld--.html

ထောင်တွင်း အစာငတ်ခံ ဆန္ဒပြသူများ ပြစ်ဒဏ်ပေးခံရ


ရန်ကုန် အင်းစိန်ထောင်တွင်း အစာငတ်ခံ ဆန္ဒပြနေကြသော နိုင်ငံရေး အကျဉ်းသားများ ၏ တောင်းဆိုချက်များကို မလိုက်လျောသည့်အပြင် တချို့ကို ပြစ်ဒဏ်တိုက်သို့ပို့၍ တချို့ကို  ထောင်ပြောင်းရွှေ့ကာ လူစုခွဲလိုက်ကြောင်း သတင်း ရရှိသည်။

Family_members_of_prisoners_wait2
ရန်ကုန် အင်းစိန်အကျဉ်းထောင်ရှေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်နှင့် လွတ်မြောက်လာမည့်သူကို စောင့်နေသော မိသားစုဝင်များ (ဓာတ်ပုံ - Reuters)
အစာငတ်ခံ ဆန္ဒပြသူများထဲမှ တချို့ကို စစ်ခွေးတိုက်သို့ ပို့၍အရေးယူပြီး တချို့ကို ယနေ့ နံနက်စောစောက ထောင် ပြောင်း ရဲကားများနှင့် ထုတ်သွားကြောင်း အင်းစိန်ထောင်နှင့် နီးစပ်သူ တဦးက ဧရာဝတီကို ပြောသည်။

မေလ ၁၆ ရက်နေ့က သမ္မတဦးသိန်းစိန်၏ လွတ်ငြိမ်းချမ်းသာ အမိန့် ထုန်ပြန်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးသည် မေလ ၁၈ ရက်နေ့ စနေနေ့မှ စတင်ကာ အကျဉ်းသား အခွင့်အရေးဆိုင်ရာ ရပိုင်ခွင့်များ တောင်းဆိုခဲ့ရာ ထောင် အာဏာပိုင်များက မည်သို့မျှ မတုန့်ပြန်သောကြောင့် ၎င်းတို့အထဲမှ ၁၇ ဦးက အစာငတ်ခံဆန္ဒပြခဲ့ခြင်းဖြစ် သည်။

မြန်မာ့အရေးလှုပ်ရှားသူ နန့်ဇိုယာဖန်းနှင့် တွေ့ဆုံမေးမြန်းခန်း(ရုပ်သံ)




Video by- DVBBurmese

အစိုးရ သတင်းစာ ရေးသားဖော်ပြချက် KNU ငြင်းဆို

(၆၁)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့တွင် တွေ့မြင်ရသည့် KNU တပ်ဖွဲ့ဝင်များ (ဓါတ်ပုံ-ကေအိုင်စီ)
မေလ 24 ရက် 2011 ခုနှစ် ။

မွန်ပြည်နယ်၊ ရေးမြို့နယ်တွင် KNU တပ်ဖွဲ့ဝင်များ သည် ခရီးသည်တင် မှန်လုံယာဉ်များ ပစ်ခတ်၊ဆက် ကြေးတောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက် များအား ဖမ်းဆီး ခေါ်ဆောင်ခဲ့သည်ဟု အစိုးရပိုင် သ တင်းစာတွင် ယနေ့ရေးသား ဖော်ပြမှုနှင့် ပတ် သက်၍ မဟုတ်မမှန်သည့် သတင်းတရပ်သာဖြစ် သည်ဟု ကေအဲန်ယူက တုန့်ပြန် ပြောဆိုလိုက် သည်။

ကရင်အမျိုးသားအစည်းရုံး-KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ဒါဟာ သက်သက်စွပ်စွဲတာ ပဲ။ ကျနော်တို့ ကေအဲန်ယူက သူများပစ္စည်းတွေကို အတင်းအဓမ္မ လိုက်တောင်းဖို့အတွက် ပေါ်လစီမရှိ ဘူး။”ဟု တန့်ပြန်ပြောဆိုသည်။

ယမန်နေ့ နံနံက် ၉နာရီခန့်တွင် မွန်ပြည်နယ်၊ ရေးမြို့နယ် ကနင်ကမော့ရွာနှင့် လိမ္မော်ခြံရွာအကြား ရေး-သံဖြူဇရပ်ကားလမ်းပေါ်၌ ရေးဘက်မှ မောင်းနှင်လာသည့် ခရီးသည်တင်ယာဉ် ၅စီးအား KNU တပ်ဖွဲ့ဝင်များ ပစ်ခတ်တားဆီးကာ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ဖမ်းဆီးခေါ်ဆောင်သွား သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာတွင် ယနေ့ဖော်ပြသည်။

တောင်မြောက် မခွဲခြား SSA တခုတည်းသာရှိတော့ကြောင်း တော်လှန်ရေးနေ့၌စဝ်ယွက်စစ်ကြေငြာ

သတင်းစာရှင်းလင်းပွဲ၌ ဖြေကြားပေးနေသောRCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီးယွက်စစ် နှင့် SSPP/SSA ဒုတိယအတွင်းရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး (ဓာတ်ပုံ -S.H.A.N.)
မေလ 23 ရက် 2011 ခုနှစ်။

မေလ ၂၁ ရက် ကျရောက်သော ၅၃ နှစ်မြောက် သမိုင်းဝင် သျှမ်းပြည် တော်လှန်ရေးနေ့၌သျှမ်းပြည် တပ်မတော် SSA တောင်/မြောက်တပ်ဖွဲ့မရှိတော့၊ SSA တခုတည်းသာ ရှိတော့သည်ဟု ဗိုလ်ချုပ်ကြီး ယွက်စစ် ကြေငြာ ကြောင်း သိရှိရပါ သည်။

“ဒု ဗိုလ်မှူးကြီး ယွက်စစ်က- သတင်းကောင်း ၂ ရပ်ကြေငြာတယ်။ ၁- ယခုချိန်ကစပြီး သျှမ်းပြည် တပ်မတော်မှာ SSA-S တို့ SSA-N တို့ဆိုတာ မရှိတော့ဘူး။ ပူးပေါင်းလိုက် ကြပြီ။ SSA သျှမ်းပြည် တပ်မတော်တခုတည်း ဖြစ်သွား ပြီ။ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေ SSA-S တို့ SSA-N တို့ မရေးသင့်တော့ဘူး- တဲ့။ နောက်နံပါတ် ၂ အချက်- အခုလ ၂၀ ရက်နေ့က နမ့်လန့် တုံလောဖက်မှာ သျှမ်းပြည် တပ်မတော်က ၂ နေရာ အလစ် တိုက်ခိုက်လို့ မြန်မာ စစ်တပ်ဖက် အများအပြားကျဆုံးတယ်တဲ့။ သျှမ်းပြည် တပ်မတော် SSPP/SSA ဖက် က ဗိုလ်မှူးကြီး စိုင်းထူး၊ ဒုဗိုလ်မှူးကြီး ဆိုင်ဖှါ့၊ ဒုဗိုလ်မှူးကြီးခမ်းတီ၊ ဗိုလ်မှူးကျော်လ၊ ဗိုလ်မှူးကြီးဆိုင်မိန်း၊ ဗိုလ်ကြီးဖုန်းနွံ၊ ဗိုလ်ကြီး ကမ့်မိန်း စတဲ့ ခေါင်းဆောင်တွေလဲ တက်ရောက်ကြတယ် ” ဟု ပွဲတက်ရောက်ခဲ့သူ ကေဒါဟောင်း တဦးကပြောပြသည်။

သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားကို မနက် ၉ နာရီမှ ၁၁ နာရီခွဲအထိ ကျင်းပရာသဘာပတိ အဖြစ် ဗိုလ်ချုပ်ကဏ်းစစ်၊ စဝ်ပိုင်းမိန်း၊ စဝ်နန္ဒဦးတို့ သဘာပတိ ဆောင်ရွက်ကြ၏။ RCSS ဒု ဥက္ကဌ ၁ ဗိုလ်ချုပ် စိုင်းယီ၊ PNLO ဒု ဉက္ကဌ ခွန်တီဆောင်နှင့် WNO မှ ဗိုလ်မှူး လှထွေး တို့က မိန့်ခွန်း ပြောကြားပြီး မဟာမိတ် တပ်ဖွဲ့များဖြစ်ကြသော KNPP, KNU, PSLF နှင့် Burma Campaign UK တို့ ပေးပို့သော သဝဏ်လွှာများကို ဖတ်ကြားကြ၏။ စစ်ရေးပြ အခမ်းအနား၌ ချီတက်အလေးပြုကြသူများမှာ တပ်မဟာ ၂ ခု၏ ၅ တပ်ရင်းမှ အင်အား ၁၇၇၆ ဦးရှိစစ်သည် များဖြစ်ကြောင်းသတင်း ပေးပို့ အစီရင်ခံစာအရ ကြားသိရသည်။

အခမ်းအနား စစ်ရေးပြ SSA တပ်မတော်သားများ (ဓာတ်ပုံ - S.H.A.N.)
အခမ်းအနားအပြီး မွန်းလွဲပိုင်း၌်ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်မူ ဧရာဝတီသတင်းဌာန၊ ဒီမိုကရက်တစ် မြန်မာ့ အသံ (ဒီဗွီဘီ) ၊ Shan Youth Power ခေါ် သျှမ်း လူငယ့်အင်အားအဖွဲ့၊ သျှမ်းသံတော်ဆင့် အပြင် ပြည်ပ ရုပ်မြင်သံကြား သတင်းဌာန များဖြစ်သော ထိုင်း NBT –TV ၊ Thai PBS ၊ ပရချားထိုင်း၊ Taiwan ၏ NEXT –TV တို့ တက်ရောက်ကြကြောင်း သိရသည်။

“ ဖြေကြား ပေးကြတာက လက်ရှိ RCSS/SSA ဥက္ကဌ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်နဲ့ SSPP/SSAရဲ့ဒုတိယ အတွင်း ရေးမှူး ဗိုလ်မှူးကြီးစိုင်းထူး ။ သျှမ်းသံတော်ဆင့်အနေနဲ့ မေးဖြစ်တာက တရုတ်ပြည်ကို မေ ၂၆ ရက်မှာ သွားမယ့် ဗိုလ်သိန်းစိန် တို့အဖွဲ့အပေါ် အမြင်။ စဝ်ယွက်စစ် ပြန်ဖြေတာက တရုတ်က မြန်မာရဲ့အတွင်းအဇ္ဈိတကိုကောင်း ကောင်းမြင်တယ်။ မြန်မာကလည်း တရုတ်ရဲ့ဆန္ဒနဲ့လိုလားမှုကို ကောင်းကောင်း သိတယ်။ အမျိုးသားရေး အတွက် လက်နက်ကိုင် တိုက် ခိုက်နေတဲ့ ကျနော်တို့ တိုင်းရင်းသားအဖွဲ့တွေကို တရုတ် က ဖိအားပေးမှာ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ ကိုးကန့် အရေးအခင်းတုန်းက အတွေ့အကြုံ ရှိပြီးသားလေ- လို့ပြန်ဖြေတယ်။ နောက်တခု မေးဖြစ်တာက- စည်းလုံးညီညွတ် ရေးဘယ်အဆင့် ရောက်ပြီလဲ။ ဥက္ကဌက - အခု ကျနော်တို့ စည်းလုံး မှုရနေပြီတဲ့။ ရန်သူကလဲ ဘုံရန်သူ ဖြစ်နေပြီဆို တော့ ကျန်တဲ့ အသေးစိတ် ပေါ်လစီပိုင်း ဆက်ညှိတာလောက် ဘဲကျန်တယ် - လို့ပြန်ဖြေတယ်” ဟု အခမ်းအနား တက် ရောက်ခဲ့သည့် သျှမ်းသံတော်ဆင့် မှ ဦးစိန်ကြည်က ပြောသည်။

2011/05/24

အင်းစိန်ထောင်၌ အစာငတ်ခံ ဆန္ဒပြ


ရန်ကုန်မြို့ရှိ အင်းစိန်ထောင်တွင် အကျဉ်းသား ရပိုင်ခွင့်များနှင့် ပတ်သက်ပြီး မကျေနပ်မှုကြောင့် နိုင်ငံရေး အကျဉ်းသားများက အစာငတ်ခံ ဆန္ဒပြမှု ဆက်လက် လုပ်ဆောင်နေကြောင်း သိရသည်။

front-of-Insein-Prison-in-Yangon
လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီးနောက် မေလ ၁၇ ရက်က အင်းစိန်ထောင်ရှေ့၌ ကလေးငယ်များနှင့် အတူ လာရောက် စောင့်ဆိုင်းနေသော အကျဉ်းသား မိသားစုတစု (ဓာတ်ပုံ - Reuters)
“အင်းစိန် အမျိုးသမီးဆောင်က ၇ ယောက်က စပြီး အစာငတ်ခံဆန္ဒပြတယ်။ အမျိုးသားဆောင်က နိုင်ငံရေးအကျဉ်းသား ၂၀ လောက်ကလည်း အစာငတ်ခံဆန္ဒပြနေဆဲပဲ”ဟု အင်းစိန်ထောင်နှင့် နီးစပ်သူတဦးက ပြောသည်။

ယခုကဲ့သို့ အစာငတ်ခံဆန္ဒပြမှုဖြစ်ပေါ်လာရခြင်းမှာ မေလ ၁၆ ရက်နေ့ကကြေညာခဲ့သော သမ္မတ ဦးသိန်းစိန်၏ လွတ်ငြိမ်း ချမ်းသာခွင့်အမိန့်ကြောင့် မတရားဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ကျခံနေကြရသည့် နိုင်ငံရေးအကျဉ်းသားများနှင့် တချို့သော နှစ်ကြီးထောင်ကျ အကျဉ်းသားများက မကျေမနပ်ဖြစ်ကြခြင်းမှစတင်သည် ဟုဆိုသည်။

“ဆန္ဒပြတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အခုထိတော့ ထောင်က ဘာမှ အရေးမယူသေးဘူး၊ ဒါပေမယ့် စစ်ခွေးတိုက် ပို့ဖို့နဲ့ထောင်ပြောင်းဖို့လည်း စီစဉ်နေတယ်လို့ ထောင်ဝန်ထမ်းတချို့ဆီက သိရတယ်”ဟု ရန်ကုန်မြို့နေ အမည်မဖော်လို သည့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူ တဦးက ပြောသည်။

အင်းစိန်ထောင်တွင်း ဆန္ဒပြသူများ၏ အဓိက တောင်းဆိုချက်များမှာ သင့်တင့်ကောင်းမွန်သော အစားအသောက် လုံလောက်စွာ ရရှိရေး၊ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာရရှိရေး စသည့် နိုင်ငံရေးအကျဉ်းသားများ၏ ရပိုင်ခွင့် များကို တောင်းဆိုခြင်းဖြစ်ကြောင်း သိရသည်။
front-of-Insein-Prison-in-Yangon-00
နိုင်ငံရေး အကျဉ်းသားများ စားသုံးနေရသည့် ထောင်ပုံစံ ထမင်းနှင့် တာလဘော ဟင်းရည်။ ယင်း တာလဘော ဟင်းရည်များကို မြင်တွေ့ရသည့် အတိုင်း သံပုံးနှင့် ထည့်ပြီး ယောက်ကော်ဇွန်းနှင့် ခတ်၍ ကျွေးသည် (ဓာတ်ပုံ - ဧရာဝတီ)
“ပြီးခဲ့တဲ့ လွတ်ငြိမ်းချမ်းသာအမိန့်ကြောင့် နိုင်ငံရေးအကျဉ်းသားလွတ်လာတာက ၄၀ ကျော်ပဲ ရှိတယ်။ အခုက အင်းစိန်ထောင် နိုင်ငံရေး အကျဉ်းသားတွေကလည်း သူတို့ဆက်ပြီး ဆန္ဒပြနေကြသေးတယ်၊ ကျနော်တို့ ဒီကိစ္စ အပေါ်လည်း ကြေညာချက်လည်း ထုတ်ထားတယ်”ဟု ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) အတွင်းရေးမှူး ကိုတိတ်နိုင်က ပြောသည်။

တိုင်းရင်းသား အခွင့်အရေး အစိုးရသစ် ကာကွယ်ဖို့ ပျက်ကွက်


မြန်မာနိုင်ငံမှာ တိုင်းရင်းသား လူနည်းစုတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတဲ့ ပြဿနာတွေကို အစိုးရသစ်က ကိုင်တွယ်ဖြေရှင်းဖို့ ပျက်ကွက်နေတယ်လို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြောလိုက်ပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ဘန်ကောက်မြို့ကနေ သတင်းပေးပို့ထားတာကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မြန်မာအစိုးရသစ်ဟာ ထိုင်း၊ မြန်မာ နယ်စပ်တလျှောက်မှာ နေထိုင်နေကြတဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် စစ်တပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အကာအကွယ် ပေးဖို့အတွက် ဘာမှ လုပ်ဆောင်ပေးနေတာ မရှိဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် တောမတ်စ် အိုဟေး ကင်တားနား (Tomas Ojea Quintana) က ပြောလိုက်ပါတယ်။
မြန်မာစစ်တပ်ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့် လိုချင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ တိုက်ပွဲတွေ ဖြစ်ခဲ့ပြီး စစ်တပ်က တိုင်းပြည်ရဲ့အာဏာ အများအပြားကို ထိန်းချုပ်ထားဖို့ လိုအပ်နေတာဟာ တိုင်းပြည်တွင်းမှာ ဖြစ်နေတဲ့ အဲဒီ ပဋိပက္ခတွေကြောင့် ဖြစ်တယ်ဆိုပြီး အကြောင်းပြလေ့ ရှိပါတယ်။
မြန်မာစစ်အစိုးရဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက နှစ်ပေါင်း ၂၀ အတွင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး ဒါဟာစစ်အစိုးရကနေ အရပ်သားအစိုးရကို ပြောင်းဖို့အတွက် နောက်ဆုံး အဆင့် ဖြစ်တယ်လို့ ပြောပါတယ်။ အများကတော့မြန်မာစစ်အစိုးရက ကျင်းပခဲ့တဲ့ အဲဒီရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ မဟုတ်ဘဲ စစ်တပ်က အာဏာကို ဆက်ထိန်းထားနိုင်ဖို့အတွက် သက်သက် ရည်ရွယ်တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
မြန်မာနိုင်ငံမှာ အရပ်သား အစိုးရသစ် ဖြစ်ပေါ်လာပေမဲ့လည်း နယ်စပ်ဒေသတွေမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီးတော့ ဘာမှ လုပ်ဆောင်ခြင်း မရှိဘူးလို့ မစ္စတာ ကင်တားနားက ပြောပါတယ်။

2011/05/22

ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ်နှင့် အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို တိုကျိုတွင် ကျင်းပပြုလုပ်





၂၀၁၁ ခုနှစ် မေလ (၂၂)ရက်။

၂၅၄-နှစ်မြောက် ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ်နှင့် အလှူဒါနပြု အမျှပေးဝေခြင်း အခမ်းအနားကို တိုကျို WARD KOMAGOME LIBRARY (4-F)တွင် ပုညကာရီ မွန်အမျိုးသားများ အဖွဲ့(ဂျပန်) PMNS(JP)မှ ယနေ့ နေ့လည် ၁း၀၀-နာရီ မှ ညနေ ၄း၀၀-နာရီထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဟံသာဝတီ မွန်နိုင်ငံတော် ပြန်လည်အောက်မေ့ဖွယ် ကျင်းပပြုလုပ်ရခြင်းမှာ မွန်ဗမာ မုန်းတီးရေးအတွက် ကျင်းပရခြင်း မဟုတ်ကြောင်း ရှေးယခင်ကာလ ပဒေသရာဇ် စစ်ဘုရင်တွေ လက်နက်နိုင်ငံတော် အင်အား ပြိုင်ဆိုင် မှုတွေကြောင့် လူမျိုးတမျိုးနှင့်တမျိုး အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုကို သင်းခန်းစာ ယူနိုင်ကြပြီး နောင်တွင် တမြေထဲနေ တရေထဲသောက် တိုင်းရင်းသား ညီအကိုအခြင်းခြင်း တဦးအပေါ်တဥင်္ီး  အနိုင်ကျင့် တိုက်ခိုက် သတ်ဖြတ်မှုမရှိစေဘဲ စည်းလုံးညီညွတ်စွာဖြင့် တန်းတူရည်တူရှိသော ဖက်ဒရယ် ပြည်ထောင်စု စနစ်တို့ အတူတကွ ချီတက် သွားနိုင်ရန်အတွက် ရည်ရွယ်၍ ယခုလို ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်းကို PMNS-Japan ဥက္ကဌ မင်းမျိုးချစ်မှ ရှင်းလင်း ပြောကြားသွားပါသည်.

ယနေ့အခမ်းအနားတွင် ဗုဓ္ဒဘာသာ မွန်လူမျိုးတို့၏ ထုံတမ်းစဉ်လာအရ ကွယ်လွန်သွားခဲ့ကြသည့် မိဘဖိုးဖွါးများကို အလှူဒါနပြုလုပ်ခြင်း ကုသိုလ်အမျှဘါဂ ရေစက်ချ အမျှပေးဝေခဲ့ကြကြောင်းနှင့် တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးတို့အား ကြက်ဆီထမင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။  Moe Min Thu

(၅၃)ကြိမ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနား (တိုကျို)



၂၀၁၁ ခုနှစ် မေလ (၂၂)ရက်။


ဂျပန်ရှိ သျှမ်းပြည်တိုင်းရင်းသားများတို့မှ စုပေါင်း၍ (၅၃)ကြိမ်မြောက် သျှမ်းပြည်အမျိုးသား တော်လှန်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို တိုကျို Takadanobaba Sekatsu Center 4F ၌ ယနေ့ နံနက် ၁၀း၀၀ နာရီ တွင် ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ရခြင်း အကြောင်းနှင့် သျှမ်းပြည် အမျိုးသားတော်လှန်ရေးနေ့ စတင် ပေါ်ပေါက်လာခဲ့ရသည့် အကြောင်းရင်းများကို သဘာပတိ စိုင်းဆိုင်မုဒ်မှ အကျယ်တ၀င့် ရှင်းလင်း ပြောကြားသွားပြီး တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးကိုယ်စားလှယ်တို့မှလည်း ဂုဏ်ပြု အမှာစကားများ ပြောကြားသွားခဲ့ကြပါသည်။

ယနေ့ အခမ်းအနားတွင် အမျိုးတန်းတူရေး အဖိနှိပ်ခံဘ၀ လွတ်မြောက်ရေးအတွက် အသက်ပေါင်းများစွာ ပေးဆပ်စွန့်လှူ တိုက်ပွဲဝင်ခဲ့ကြသည့် တော်လှန်ရေးခေါင်းဆောင် ရဲဘော်ရဲမေ အပေါင်းတို့ကို ဂုဏ်ပြုအမှာစကားကို  ABSDF အထွေထွေအတွင်းရေးမှူး ရဲဘော် ဆန်နီမှ တက်ရောက် ပြောကြား သွားခဲ့ပါသည်။

ယနေ့ချိန်ထိ အခက်အခဲ့ အကြပ်အတည်း အမျိုးမျိုးကြားထဲမှ ကြံ့ကြံ့ခံပြီး အဏာရှင် ဆက်ဆက်ကို ဆက်လက်တိုက်ပွဲဝင်နေသည့် တော်လှန်ရေးခေါင်းဆောင် ရဲဘော်ရဲမေ အပေါင်းတို့ကို လေးစားဂုဏ်ယူသည့်အတွက် ကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း တက်ရောက်လာခဲ့ကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများအား ကျေးဇူးတင်ကြောင်းကို ကျင်းပရေး တာဝန်ခံ စိုင်းဝင်းဖေမှ ရှင်းလင်း ပြောကြားသွားပါသည်။

အခမ်းအနားတွင် သျှမ်းပြည် ပြည်သူ့တော်လှန်ရေးနေ့ သမိုင်းအကျဉ်း ဂျပန်၊ အင်္ဂလိပ်၊ မြန်မာ သုံးဘာသာပါ စာစောင်ကို အခမ်းအနား တက်ရောက်သူများအား အခမဲ ဖြန့်ဝေခဲ့ကြကြောင်း အခမ်းအနားကို ၁၁း၄၀ တွင် ရုပ်သိမ်းခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ  ။ Moe Min Thu

2011/05/21

အကျဉ်းသားရပိုင်ခွင့်များအတွက် အကျဉ်းသားများ ဆန္ဒပြနေ

|

အကျဉ်းသားရပိုင်ခွင့် အခွင့်အရေးများရရှိရန်အတွက် နိုင်ငံရေးအကျဉ်းသား ၂၂ ဦးက ယနေ့မှ စ၍ ဆန္ဒပြတောင်းဆိုမှုများ ပြုလုပ်နေလျှက်ရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က သတင်းထုတ်ပြန် ကြေညာသည်။

နိုင်ငံရေးအကျဉ်းသားများအနေဖြင့် ယနေ့တွင် အခန်းတွင်းမှ အပြင်မထွက်ဘဲ ပထမအဆင့် ဆန္ဒပြနေခြင်းဖြစ်ပြီး မနက်ဖြန် (၂၂) ရက်နေ့မှ စတင်ကာ အစာငတ်ခံဆန္ဒပြတောင်းဆိုသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။

အကျဉ်သားများအနေဖြင့် (၁)ထောင်မှ နေ့စဉ်ကျွေးမွေးသော အစားအစာများကို အကျဉ်းဦးစီးဌာနမှ သတ်မှတ်ထားသော စံနှုန်းများနှင့်အညီ ပြည့်ပြည့်ဝဝ ကောင်းမွန်စွာ ချက်ပြုတ်ကျွေးမွေးရန်နှင့် အသီးအရွက်ကြော် အပတ်စဉ်ကျွေးမွေးရန်။ (၂) လူ့ဂုဏ်သိက္ခာနှင့် လျှော်ညီစွာ စီမံချုပ်လုပ်ထားသော ထောင်တွင်းသတ်မှတ်ပုံစံ ဝတ်စုံအား ၆ လ တစ်ကြိမ် အကျဉ်းသားများအား ထုတ်ပေးရန်။ (၃) ပျမ်းမျှအကျဉ်းသားဦးရေ ၁၁၀ ခန့်ထားရှိသော အခန်း ၃၀ ပေ x ၅၅ ပေ အတွင်း ကြွက်၊ ခြင်၊ ကြမ်းပိုး အန္တရာယ်ကင်းဝေးစေရန်အတွက်  ကောင်းမွန်သော အခင်းထားရှိရန်၊ ခြင်အန္တရာယ် ကင်းဝေးစေရန် ပန်ကာ (သို့မဟုတ်) ခြင်ထောင်ထားရှိပေးရန်။ (၄) တရားဝင် ဗလာစာအုပ်၊ ခဲတံ ကိုင်ဆောင်ထားရှိခွင့်နှင့် ရေးသားခွင့်ပေးရန်။ (၅) လျှော့ရက်ခံစားခွင့်မရရှိသော သီးသန့်/သာမန်သီးသန့် အကျဉ်းသားများအား သီးခြားထားပေးရန်။ (၆) လျှော့ရက်ခံစားခွင့် မရရှိသော သီးသန့်/သာမန်သီးသန့် အကျဉ်းသားများအား ထောင်ဝင်စာတွေ့ဆုံရာတွင် နိုင်ငံခြားသား အကျဉ်းသားများနည်းတူ လွတ်လပ်စွာ တွေ့ဆုံခွင့်ပေးရန် အချက်(၆) ချက်ကို တောင်းဆိုထားသည်။

လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်ဟု ဒေါ်စုပြော

မေလ ၂၀ ရက် ၂၀၁၁ ခုနှစ်။

သမ္မတ အမိန့်ဖြင့် အကျဉ်းသားများ လွှတ်ပေးသည်ကို လွတ်ငြိမ်းချမ်းသာခွင့်ဟု မခေါ်နိုင်ဘဲ ပြစ်ဒဏ်လျှော့ပေးခြင်းဟုသာ ခေါ်ဆိုနိုင်မည်ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြာသပတေးနေ့တွင် ပြောဆိုလိုက်သည်။

အရှေ့အာရှနှင့် ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဝိုင်ယွန်းကို နေအိမ်တွင် ၂ နာရီကျော်ကြာ လက်ခံတွေ့ဆုံအပြီး သတင်းထောက်များ၏ အမေးကို ပြန်ဖြေခဲ့ခြင်း ဖြစ်သည်။

အာဆီယံနိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက လူသတ်သမား နအဖအုပ်စုကို လူသတ်လက်နက်ရောင်းဖို့  မျှော်လင့်နေကြောင်း တရားဝင် ထုတ်ပြောနေတယ်။






 

Friday, May 20, 2011

ရဟန်းရှင်လူပြည်သူလူထုနဲ့  တိုင်းရင်းသားပြည်သူအပေါင်းကို သတ်ဖြတ်နေတဲ့ နအဖအာဏာရူး လူသတ်သမားအုပ်စုကို အင်ဒိုနီးရှားက သူ့ နိုင်ငံမှာ ထုတ်လုပ်တဲ့ SS-2 assault rifles တွေကို ရောင်းချဖို့  မျှော်လင့်နေတယ်လို့  အင်ဒိုနီးရှားနိုင်ငံ ကာကွယ်ရေးဝန်ကြီးဖြစ်သူ Purnomo Yusgiantoro က တရားဝင် ထုတ်ဖေါ်ပြောဆိုလိုက်တာဟာ နအဖလူသတ်အုပ်စုဘက်ကို လူသတ်လက်နက်ပေးပြီး မြန်မာပြည်သူ ပြည်သားတွေကို သတ်ဖို့  အားပေးအားမြှောက်ပြုလိုက်တာပါဘဲ။

အာဆီယံ ASEAN နိုင်ငံတစ်နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံက ယခုလို ပြောဆိုရည်ရွယ်တာဟာ နအဖအာဏာရူးလူသတ်သမားအုပ်စုနဲ့  အကျိုးတူ စီးပွားဘက်ဖြစ်တာကို ပြလိုက်တာထက် ကျော်လွန်ပြီး လူသတ်မှုကို ကျူးလွန်ဖို့  ကြံရာပါ ပေါင်းဘက်သူတွေဆိုတာ ပြတာပါဘဲ။

မြန်မာပြည်သူ ပြည်သားတွေအနေနဲ့  နအဖစစ်အုပ်စုကိုရော အာဆီယံ ASEAN ပုလင်းတူ ဗူးဆို့ သမား မြန်မာပြည်ကို ဂုတ်သွေးစုတ်လိုသူတွေကိုရော လက်တွေ့  ဆန့် ကျင်ရပါမယ်။
Copy from - niknayman-niknayman.blogspot.com

လွှတ်မြောက်လာသူ ၃၁ ဦးအား နယူးဒေလီ လေဆိပ်တွင် သောင်းသောင်းဖျဖျ ကြိုဆို

မေလ 20 ရက် 2011 ခုနှစ်။

ကာလကတ္တား အကျဉ်းထောင်မှ လွတ်မြောက်လာသူ ရခိုင်နှင့် ကရင် ၃၁ ဦးအား ယမန်နေ့က နယူးဒေလီ လေဆိပ်တွင် မြန်မာနိုင်ငံသားများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။

" ကျွန်တော်တို့ ညဥ့် ၁၁ နာရီကျော် လောက်မှာ နယူးဒေလီကို ရောက်ပါတယ်။ မြန်မာ နိုင်ငံသားတွေ အတော်များများက ကြွေးကြော်သံ ကြွေးကြော်ပြီး ကြိုဆိုကြတာကို မြင်ရတော့ လူတိုင်း ၀မ်းနည်း ၀မ်းသာ ဖြစ်ကြရပါတယ်။ ၀မ်းသာလွန်းလို့ မျက်ရည် ကျတဲ့သူတွေလည်း ရှိပါတယ်" ဟု ကိုဓညလင်းက ပြောသည်။

သူတို့အား သယ်ဆောင်လာသော လေယျာဉ်သည် ကာလကတ္တား လေဆိပ်မှ ညနေ ၉ နာရီ ၂၀ တွင် ထွက်ခွာခဲ့ပြီး ၁၁ နာရီခွဲခန့်တွင် နယူးဒေလီ လေဆိပ်သို့ ဆိုက်ရောက်ခဲ့သည်။ လေဆိပ်တွင် သူတို့ အမူအား အခမဲ့ အကျိုးဆောင်ပေးသူ ရှေ့နေမကြီး ဒေါ်နန်ဒီတာ၊ ပြည်ထောင်စု ညွန့်ပေါင်း အစိုးရ ၀န်ကြီး ဦးတင့်ဆွေ အပါအ၀င် ခေါင်းဆောင်အများအပြားလည်း လာရောက် ကြိုဆိုခဲ့ကြသည်ဟု သိရသည်။

2011/05/20

တပ်ရုပ်သိမ်းရန် KIO က မပခကို သတိပေး 

kio
စစ်ရေးလေ့ကျင့်နေသော KIO တပ်သားများ

 

ဖနိဒါ | ကြာသပတေးနေ့၊ မေလ ၁၉ ရက် ၂၀၁၁ ခုနှစ် ၁၄ နာရီ ၃၆ မိနစ်

ချင်းမိုင် (မဇ္စျိမ) ။       ။ ကချင်လွတ်မြောက်ရေးအဖွဲ့ ထိန်းချုပ်နယ်မြေ တပ်ရင်း ၅ ဒေသအတွင်း အစိုးရတပ်များ သွားလာလှုပ်ရှားနေသဖြင့် မေလ ၂၅ ရက်နေ့ နောက်ဆုံးထား၍ တပ်ရုပ်သိမ်းရန် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်သို့ ကြာသပတေးနေ့တွင် သတိပေးလိုက်ကြောင်း ကချင်အရာရှိတဦးက ပြောသည်။

 ခလရ ၁၄၂ တပ်ဖွဲ့များသည် မိုးညှင်းမြို့နယ်အရှေ့ဘက်ခြမ်းရှိ KIO တပ်ရင်း ၅ တပ်ရင်းနှင့် တဖာလုံခန့်အကွာတွင် လှုပ်ရှားမှုများ ရှိနေကြောင်းနှင့် ဆိုးကျိုးများ ပေါ်ပေါက်လာနိုင်ကြောင်း စာတွင် ရေးသားထားသည်။
 
“ ပြန်မရုပ်ပေးဘဲနဲ့ ဖြစ်ပေါ်လာတဲ့ ဆိုးကျိုးတွေ ပေါ်ပေါက်လာမယ်ဆိုရင် ကျနော်တို့ KIO ဘက်က တာဝန်မရှိဘူးဆိုပြီးတော့ ကြိုတင်အသိပေးထားတဲ့စာ ပို့ထားတယ်” ဟု အရာရှိ  ဦးလှနန်က မဇ္ဈိမကို ပြောသည်။
 
စစ်ရေးလေ့ကျင့်နေသော KIO တပ်သားများ
မေလ  ၁၅ ရက်နေ့ကတည်းက ရေးသားခဲ့သည့် စာအား ကြာသပတေးမနက်ကျမှ ပေးပို့ခဲ့ကာ၊ မိတ္တူကို ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းထံသို့ပါ ပို့ခဲ့သည်။

“ အခြေအနေတင်းမာလာတဲ့ အခြေအနေထိ ရောက်လာတယ်လို့ သတ်မှတ်လို့ ရတယ်။ အကြောင်းကြားတဲ့စာကို အပြုသဘော လက်ခံပြီး ရုပ်သိမ်းသွားမယ်ဆိုရင် အခြေအနေက အေးသွားမှာပါ” ဟု ဦးလှနန်က ဆိုသည်။
 

copy rights _DVB News

အေအိုင်ဒီအက်စ် ဝေဒနာရှင်များအတွက် သတင်းကောင်း

AIDS ရောဂါကို ပျောက်အောင် ကုသနိုင်သလို ကာကွယ်ဆေး အဖြစ်ပါသုံးနိုင်မည့် ဆေးသစ်တစ်မျိုးစမ်းသပ်အောင်မြင်


စမ်းသပ်ဆဲ ဆေးတစ်မျိုးသည် ခုခံအားကျဆင်းမှု ကူးစက်ရောဂါ (AIDS) ရှိသော မျောက်များကို ရောဂါမှ နိုင်နင်းစွာ ထိန်းချုပ်နိုင်ရန် ကူညီနိုင်ကြောင်း၊ ထိုမှတစ်ဆင့် လူသားများအတွက် HIV ပိုး ကာကွယ်ဆေးနှင့် ကုသဆေးအထိ ဖော်စပ်နိုင်ရန် လမ်းပွင့်သွားခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် ဆေးပညာရှင်များက Daily Mail သတင်းဌာနမှ တစ်ဆင့် ကမ္ဘာသို့ မေလ ၁၂ ရက်နေ့က ကြေညာခဲ့သည်။ 
 
Copy from - komoethee.blogspot.com/

မြန်မာစစ်တပ်နှင့် KIA ကြား ပြည်တွင်းစစ်ဖြစ်ရန် နီးစပ်လာ

18 May 2011 ,

မြန်မာ စစ်တပ်နှင့် ကချင်လွတ်မြောက်ရေး တပ်ဖွဲ့ (KIA)ကြား လတ်တလော စစ်ရေး တင်းမာမှု အခြေအနေများ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်တွင် နေရာ ၃ ခု တွင်ဖြစ်ပွား ခဲ့သည်ဟု KIA အရာရှိများ ပြောသည်။

ယနေ့ ဗုဒ္ဓဟူးနေ့ နံနက် ၅ နာရီခန့်တွင် ဒေါ့ဖွမ်းယန် မြို့နယ်ခွဲ၊ မြို့သစ် အခြေစိုက် ခမရ ၃၂၀ သည် KIA တပ်မဟာ ၅ လက်အောက်ခံ ဗန်းမော်ခရိုင်၊ တာခေါ်ခမြစ် (တာပိန်မြစ်) အနောက်ဘက် ကမ်းရှိ KIA တပ်ရင်း ၂၅ ကို အမြောက်ကျည် (၇၅ မမ) ဖြင့် ၃ ကြိမ် ပစ်ခတ်ခဲ့သည်ဟု KIA အရာရှိများ ဆိုသည်။
အမြောက်ကျည် ၃ ကြိမ် တပ်ရင်းအနီး ကျရောက်ခဲ့ပြီး သေဆုံး ဒဏ်ရာရမှု မရှိဟု KIA တပ်ရင်း ၂၅ အရာရှိများ ကချင် သတင်းဌာနသို့ပြောသည်။

၎င်းနောက် နှစ်ဖက် တပ်လှန့်ထားပြီး KIA တပ်မဟာ ၃ လက်အောက်ခံ မံစီမြို့နယ်ရှိ KIA တပ်ရင်း ၁ အနီးသို့ မြန်မာ စစ်တပ်များ ဖြန့်ချလာကြောင်း ဒေသခံ မျက်မြင်သက်သေများက ဆိုသည်။

ထို့အတူ ဆင်ဘိုအနီး KIA တပ်ရင်း ၅ ကို ယခုနှစ် မေလ ၂၅ ရက်တွင် ပြောင်းရွှေ့ရန် မြန်မာ စစ်တပ်က ဖိအား ပေးလာပြီးနောက် ကချင်ပြည်နယ် တောင်ပိုင်း နှစ်ဖက် စစ်ရေးတင်းမာမှု တိုးလာသည်။

လမ်းတည်ဆောက်နေမှုကို ဟန်ပြ၍ မြန်မာ စစ်တပ်က KIA တပ်ရင်း ၅ အနီး နေရာယူလာသည်။ KIA က တပ်ရင်း နေရာပြောင်းရွှေ့ရေးကို ငြင်းပယ် ထားသည်။

မြန်မာ စစ်တပ်က တပ်ရင်း အနီးချဉ်းကပ်ရန် ကြိုးပမ်းလာပါက စစ်ဖြစ်လာမည်ဟု KIA အရာရှိများ ပြောသည်။

ထို့နောက် ရှမ်းပြည် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ် လွယ်ကန် အခြေစိုက် KIA တပ်မဟာ ၄အနီးသို့ မြန်မာ စစ်အစိုးရ၏ လမ်း တည်ဆောက်နေမှုကြောင့် မြန်မာ စစ်တပ်နှင့် KIA ကြား အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်သည်ဟု ယင်း တပ်မဟာ ၄ အရာရှိ များပြောသည်။

၇ မိုင်ရှည်သည့် လမ်းခွဲသည် KIA တပ်မဟာ ၄ နှင့် ကွတ်ခိုင်-တာမိုးနဲ-မုံစီ လမ်းမကြီးနှင့် ဆက်သွယ် ပေးရန်ဖြစ်သည်။

KIA တပ်မဟာ ၄ နယ်မြေအလည်မှ ဖြတ်ပြီးဖောက်မည့် လမ်းသည် ၎င်းတို့တပ်မဟာ ကို သိမ်းပိုက်ရန် ဗျူဟာ ဖြစ်သည့်အတွက် မြန်မာ အာဏာပိုင်များအား လမ်းဖောက်လုပ်ခြင်း မပြုရန် အကြိမ်ကြိမ် သတိပေးခဲ့သည်ဟု တပ်မဟာ ၄ သဘာပတိ လဖိုင်ဇော်ရော် ပြောသည်။

2011/05/19

ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် 

အိန္ဒိယ နိုင်ငံ ကာလကတ္တားရှိ Presidential အကျဉ်းထောင်တွင် နှစ်ရှည် လများ ထိန်းသိမ်းခံနေရသူ ရခိုင်နှင့် ကရင် တော်လှန်ရေး သမား ၃၁ ဦး မနက်ဖြန် (မေလ ၁၉ ရက်နေ့) တွင် လွှတ်မည် ဖြစ်ကြောင်း သတင်း ရရှိသည်။


34-comrades-footbal-players
အန္ဒိယ ထောင်ထဲတွင် ခြေစွမ်းပြ ကစားနိုင်ခဲ့သည့် 34 freedom fighter ဘော်လုံး အသင်းကို တွေ့ရစဉ်။

သူတို့ ၃၄ ဦးထဲမှ ရဲဘော် သုံးဦးမှာ အန်ဒမန်ကျွန်းရှိ ပို့ဘလေယား အကျဉ်းထောင်တွင် အကျယ်ချုပ်ဖြင့် ရှိစဉ်က ပြဿနာ ဖြစ်ပွားခဲ့သဖြင့် ဆက်လက် စစ်ဆေးရန် ရှိနေ၍ ယခု လွှတ်မြောက်မူတွင် ပါဝင်လာမည် မဟုတ်ကြောင်း သိရသည်။

သူတို့ သုံးဦးကို ပို့ဘလေယားတွင် စစ်ဆေးပြီးနောက် အမူပြီးစီးမှ လွှတ်ပေးမည် ဖြစ်ကြောင်း သိရသည်။

သူတို့လွှတ်မြောက်လာမည့် အကြောင်းကို "kyi phyo" kyiwayphy0@yahoo.com အီးမေးလ် အကောင့်မှ တခြား ၈၈ Yahoo Group သို့ ပေးပို့သော စာတွင်လည်း ရေးသား ဖေါ်ပြထားသည်။

လွတ်ငြိမ်းခွင့်ကို မယုံ၍ ဆွေးနွေးရေးကိစ္စ တိုင်းရင်းသားအဖွဲ့များ သံသယရှိ

(Photo: AFP)
2011-05-18,

ဦးသိန်းစိန်အစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်ဟာ အတုအယောင်သာ ဖြစ်နေတာ တွေ့မြင်ရတဲ့အတွက် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ဆွေးနွေးမယ်လို့ ပြောနေတာဟာလည်း အတုအယောင်ပဲ ဖြစ်လိမ့်မယ်လို့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တချို့က ပြောဆိုနေကြပါတယ်။

စစ်အစိုးရနဲ့ အပစ်ရပ်ခဲ့တဲ့ ဝ ပြည် သွေးစည်း ညီညွတ်ရေး တပ်မတော် (UWSA) ကလည်း အဲဒီလို သံသယ ရှိနေကြောင်း UWSA က အမည်မဖော်လိုတဲ့ အရာရှိတဦးက ပြောပါတယ်။

“သတင်းစာထဲမှာရော နောက် တီဗီမှာ ကျွန်တော်တို့ ကြည့်တော့ ဗိုလ်ချုပ် ဒီ သမတ သိန်းစိန်ရဲ့ မိန့်ခွန်းပေါ့နော်၊ တိုင်းရင်းသားတွေကို ပြန်လည်ပြီးတော့ သင့်မြတ်ရေးဗျာ၊ အဲဒါ ခေါ်ဖို့တော့ ရှိတယ်လို့ ပြောသံကြားတာပဲ။ ကျွန်တော် ထင်တာက အတု အယောင်ဆောင်ပဲ ဖြစ်ပါလိမ့်မယ်။ ဘာဖြစ်လို့ အခု လွတ်ငြိမ်းချမ်းသာ ပေးတဲ့နေ့ကပဲ ခုန နိုင်ငံရေးသမားတွေ မဟုတ်ပဲနဲ့ ဒုစရိုက်သမားတွေ၊ နောက် အကျဉ်းကျနေတဲ့ လူဆိုတဲ့ ဟန်ပြပြီးတော့ ကမ္ဘာကလည်း ယုံကြည်အောင်ပေါ့ဗျာနော်၊ နောက်ပြီးတော့ တိုင်းရင်းသား လူထုကလည်း ယုံကြည်အောင် သူတို့က ဟန်ပြပြီးတော့ လုပ်တာပဲ ကျွန်တော်တို့ မြင်တယ်လေနော၊ အဲလိုပဲ မြင်တယ်။”

သျှမ်းလက်နက်ကိုင်နှင့် ပတ်သက်သူများအား မွှေနှောက်ဖမ်းဆီးနေ

သျှမ်းပြည်တပ်မတော် SSPP/SSA (ဓါတ်ပုံ SSPP/SSA)

မေလ 17 ရက် 2011 ခုနှစ်။

သျှမ်းပြည် (မြောက်ပိုင်း) မူစယ် ခရိုင်အတွင်း၌ သျှမ်း လက်နက်ကိုင် တပ်နှင့်ပတ်သက်သည်ဟု သင်္ကာမင်းခံ သူများအား အာဏာပိုင်များက ယမန် နေ့မှယနေ့ အထိ ၂ရက်ဆက်တိုက် ရှာဖွေ ဖမ်းဆီးရာ ယခင်သျှမ်း တပ်နှင့် ဆက်နွယ်ခဲ့ဖူးသူ တစ်ဦး ယမန်နေ့ ညနေ ၅ နာရီခန့်က အဖမ်းခံခဲ့ရကြောင်း သိရသည်။

မူစယ်မြို့နယ် မန့်ဟောင်းလွယ်ရွာသား စိုင်းအောင်သန်း ဆိုသူအား ရဲများက ၎င်း၏နေအိမ်အထိ လာရောက် ဖမ်းဆီးခဲ့ ကြောင်း ၎င်း၏ မိသားစုနှင့် နီးစပ်သူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

“သူက ဓါတ်ဆီနဲ့ ကုန်စုံဆိုင် ဖွင့်ထားတယ်။ ပထမ ရဲတစ်ယောက် ဆိုင်ကယ်နဲ့သူ့အိမ် ရောက်လာတယ် ဓါတ်ဆီ ဖြည့်မယ် ဆိုပြီးပြောတော့ ဓါတ်ဆီ လာဖြည့်ပေးတုံး ချက်ခြင်းပဲ တစ်ခါတည်း လက်ထိပ်ခတ် လိုက်တယ် ရဲကား ၂ စီးထပ်ရောက် လာတယ် သူ့မိန်းမနဲ့ ကလေး ဓါတ်ပုံတွေလဲ သိမ်းသွားတယ်၊သူ့ကိုလဲခေါ်သွားတယ်၊ ဘာကြောင့် ဖမ်းလဲတော့ မသိရဘူး” ဟု နီးစပ်သူက ပြောသည်။

နှစ်ရှည်ထောင်ဒဏ် ကျခံနေရသေည့် ဗိုလ်ချုပ်ဆေထင် မျက်စိခွဲစိတ်

Copy from - burmese.dvb

2011/05/16

အကြိမ်(၂၀)မြောက် တိုကျိုမြို့  မြန်မာ့ရိုးရာ သင်္ကြန်ပွဲတော် စည်းကားသိုက်မြိုက်စွာ ကျင်းပ။



၂၀၁၁ ခုနှစ် မေလ(၁၅)ရက်။

မြန်မာရိုးရာ တိုကျို အတာသင်္ကြန်ပွဲတော်ကို မေလ(၁၅)ရက်နေ့ တိုကျိုမြို့  HIBIYA ပန်းခြံ မှာ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၀၀ နာရီအထိ မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) မှ တာဝန်ယူဦးစီး၍ စည်းကား သိုက်မြိုက်စွာ ကျင်းပပြုလုပ် ခဲ့ပါသည်။

(၂၀)ကြိမ်မြောက် အတာသင်္ကြန်ပွဲတော် ဖွင့်ပွဲအစီအစဉ်ကို မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးလှိုင်အေး မှ နံနက် ၁၀း၃၀ နာရီမှာ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပါသည်။

တိုကျိုအတာသင်္ကြန်ပွဲတော်မှာ ရေက်ပက် ကစားခြင်းမျိုး မရှိသော်လည်း မြန်မာလူမျိုးများအတွက် သင်္ကြန်ယိမ်း အကအလှများ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များ အထူးအငြိမ့်အက အစီအစဉ်များပါ တင်ဆက်သွားပါသည်။

သည်နောက် နှစ်သစ်ကူး ဆုတောင်း အမှာစကားကို မြန်မာ့ပြည်သူ့ရေးရာအဖွဲ (PFB) အထွေထွေ အတွင်းရေးမှူး Mr. Watanabe နှင့် ဂျပန်နိုင်ငံတွင် ရောက်ရှိနေသော အထူးဧည့်သည်တော် ကျောင်းသား တပ်မတော်(ABSDF) အထွေထွေအတွင်းရေးမှူး ရဲဘော်ဆန်နီ နှစ်သစ်ကူး ဆုတောင်း အမှာစကား ပြောကြား သွားပြီးသည့်နောက် မြန်မာ့ဒီမိုကရေစီအဖွဲ့ချုပ်(LDB) ဥက္ကဋ္ဌ ဦးလှိုင်အေး ပြောကြားရာမှာ နှစ်စဉ် တိုကျို မြန်မာရိုးရာ အတာသင်္ကြန်ပွဲတော်ကို ဧပြီလတွင် ကျင်းပခဲ့သော်လည်း မတ်လ(၁၁)ရက်နေ့တွင် လှုတ်ခတ်သွားသော ငလျင်နှင့် ဆူနာမိဒဏ် ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာသောအားဖြစ် ယခုကဲ့သို့ တလ နောက်ကျ၍ ကျင်းပ ပြုလုပ်ရခြင်း ဖြစ်ကြောင်းကို ထည့်သွင်း ပြောကြားသွားပါသည်။

မင်္ဂလာဒိုး၏ ၂၀၁၁ ခုနှစ် သင်္ကြန် သံချပ်များကို တင်ဆက်ရာမှာ မြန်မာပြည်၏ လူနေမှုစနစ် ပတ်ဝန်းကျင် အခြေအနေတွေကို ထင်ဟပ်ပေါ်လွင်စေသော သံချပ်များအစီအစဉ်များကို ထိထိမိမိ တင်ဆက် ဖျော်ဖြေသွားခဲ့သည့်အတွက် ဂျပန်ရောက်ပရိတ်သတ်များ အထူးနှစ်ချိက်အားပေးမူကို ရရှိခဲ့ပါသည်။ တိုကျိုသင်္ကြန်ရဲ ထူးခြားချက် ကတော့ မြန်မာပြည် အလွမ်းပြေသင်္ကြန်မုန့်လုံးရေပေါ် တိုင်းရင်းသား ရိုးရာအစားအစာများ မြန်မာ့ရိုးရာ အစားအသောက်မျိုးစုံ စုံလင်စွာဖြင့် ရောင်းချထားပါသည်။

ထိုအပြင် မြန်မာနိုင်ငံတွင် မတရား အဖမ်းဆီးခံနေကြရသော နိုင်ငံရေးအကျဉ်သား အားလုံး လွတ်မြောက်ရေးအတွက် လက်မှတ်ရေးထိုး တောင်းဆိုသည့် လက်မှတ်များကို ကောက်ခံခဲ့ရာမှာ လက်မှတ်ရေးထိုးသူပေါင်း ၈၀၀ ကျော်ကို ကောက်ခံရရှိခဲ့ပါသည်။ တိုကျိုသင်္ကြန်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများ အပါအ၀င် နိုင်ငံခြားသား အချို့ပါ စုစုပေါင်း(၂၀၀၀)ခန့် ပါဝင် ဆင်နွဲခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Moe Min Thu

မြေငလျင် ဘေးဒဏ်ခံဒေသသို့ လုပ်အားပေး သွားရောက်မည့်သူများအား အလိုရှိနေသည်

ကျနော်၊ ကျမတို့၏ ဒုက္ခသည် ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်း (JAR/ Japan Association for Refu¬gees) သည် ဒုက္ခသည်များက ဂျပန်နိုင်ငံတွင် အေးချမ်းစွာ အခြေချ နေထိုင်သွားနိုင်ရန်အတွက် ဒုက္ခသည် တဦးချင်း ဆီကို အကူအညီ ပေးနေတဲ့ အဖွဲ့အစည်း ဖြစ်ပါသည်။

ထိုကဲ့သို့သော ဒုက္ခသည်များမှ၊ မတ်လ ၁၁ ရက်နေ့တွင် ဖြစ်ပွားသွားသော တိုးဟုတ်ကု ခန်းတိုး မြေငလျှင်ကြောင့် (ငလျှင် ဘေးဒဏ်ခံ ဒေသများကို အကူအညီ ပေးချင်တဲ့အတွက် ဘယ်လို လုပ်ဆောင်ရင် ကောင်းမည်လဲ)ဟု (ထိုဒေ သများသို့ အမြန်သွားရောက်ကာ အကူအညီ ပေးခြင်ကြောင်း) ပြောဆို လာခဲ့တာတွေကို ငလျှင် လှုပ်ပြီးနောက်တွင် JARသို့ အမြောက်အများ ဆက်သွယ် အကြောင်းကြား လာခဲ့ပါတယ်။ မိမိနိုင်ငံကို ပြန်၍မရသော ဒုက္ခသည်များမှာ၊ နေသား ထိုင်သား မကျသော ဂျပန်နိုင်ငံ၏ ယဉ်ကျေးမှု၊ နေထိုင် စားသောက်မှု၊ ကာလ ကြာရှည်သော ဒုက္ခသည် လျှောက်ထားခြင်း အဆင့်ဆင့်၊ နည်းပါးသော ထောက်ပံ့မှု များကြားတွင် ကျပ်ကျပ် တည်းတည်း နေထိုင်လျှက်ရှိနေ ပါသည်။

ထိုအခြေအနေ များကြားမှ ဂျပန်နိုင်ငံကို ဒုတိယ မွေးရပ်ဌာနေလို့ သဘောထားပြီး၊ ဂျပန်လူ့ဘောင် အဖွဲ့အ စည်းအတွင်းမှ တယောက်အနေဖြင့် မိမိတို့၏ တတ်နိုင်သည့်ဘက်မှ အကျိုးပြုခြင် သည်ဟူသော စိတ်ဓာတ်ကို နေ့ စဉ် အမြဲ စိတ်ဝယ်ထားလျှက် ရှိကြပါသည်။ တိုးဟုတ်ကု ခန်းတိုး မြေငလျှင် လှုပ်ပြီး ချက်ခြင်း၊ တချို့သော ဒုက္ခသည်အဖွဲ့ အစည်းများသည် မိမိတို့ အင်အားဖြင့် အလှုငွေများကို ကောက်ခံခြင်း၊ ငလျှင်ဘေးဒဏ်ခံ ဒေသများမှ ပြည်သူများအ တွက် အစားအသောက်များကို ချက်ပြုပ် ကြွေးခြင်းများ ပြုလုပ်ခဲ့ကြပါသည်။

JAR တွင် ငလျှင် ဒုက္ခကြုံဒေသများ၏ လိုအပ်ချက်များကို ပံ့ပိုးခြင်းနှင့် တပါတည်း၊ ဒုက္ခသည်များမှ (ငလျှင်ဘေး ဒဏ်ခံ ဒေသများကို အကူအညီ ပေးခြင်ကြောင်း)၊ (ဂျပန်လူ့ဘောင် အဖွဲ့အစည်းသို့ အကျိုးပြု စေခြင်ကြောင်း) ဆိုသည့် သဘောထားကို အကောင်အထည် ဖော်ဆောင်နိုင်သော လုပ်ငန်းတရပ်အဖြစ် ဒုက္ခသည်များနှင့် အတူ ငလျှင်ဘေး ဒဏ်ခံဒေသများကို ကူညီဆောင်ရွက်ရန် လုပ်ငန်းကို စတင် လုပ်ဆောင် လိုက်ပါသည်။

ဂျပန်နိုင်ငံ လူ့ဘောင်အဖွဲ့အစည်းအတွင်း နေထိုင်နေသော ဒုက္ခသည်များ၏ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားမှုကို ကျိုဆို နေပါသည်။ လုပ်အားပေး လုပ်ဆောင်ခြင်းတွင် ဂျပန်လူမျိုးများအပါအဝင်၊ နိုင်ငံခြားသား ပညာသင် ကျောင်းသားများပါ အတူတကွ ပါဝင်လုပ်အားမည် ဖြစ်ပါသည်။

ဤလုပ်ငန်းကို CIVIC FORCE/ JELA (Japan Evangelical Lutheran Association)/ Refugee Coordination Committee Japan (RCCJ) တို့မှပံ့ပိုးမှုဖြင့် အကောင်အထည် ဖော်လျှက်ရှိပါသည်။

လုပ်အားပေး ပါဝင် ဆောင်ရွက်ရန်အတွက်
လုပ်အားပေးတွင် ပါဝင်ရန်အတွက် ကြိုတင် ပြုလုပ်သော ရှင်းလင်းပွဲသို့ မဖြစ်မနေ တက်ရောက်ရန် လိုအပ်ပါသည်။