Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/10/31

ငြိမ်းချမ်းရေး ဆွေးနွေးသည့် နေ့ ဖားကန့် တွင် တိုက်ပွဲဖြစ်

ရန်ကုန်၊ အောက်တိုဘာ ၃ဝ

ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ နှင့် ကေအိုင်အို ဗဟို ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့ တို့ ရွှေလီမြို့ တွင် တွေ့ဆုံ ဆွေးနွေး သည့် နေ့တွင် ဖားကန့် မြို့နယ် မှော်လဂင် ကျေးရွာ အနီးတွင် တပ်မတော် နှင့် ကေအိုင်အေ တို့ တိုက်ပွဲ များ ဖြစ်ပွား နေကြောင်း ထွက်ပြေး တိမ်းရှောင် လာရသည့် ဒေသခံ တို့က The Voice weekly သို့ ဆက်သွယ် ပြောကြားသည်။

“ သေနတ်သံ ရော အမြောက်သံ ရော အကုန် ကြားရတယ်” ဟု မှော်လဂင် ကျေးရွာမှ အသက် ၃ဝ အရွယ် တိမ်းရှောင် လာသူ တစ်ဦးက ဆိုသည်။

ယင်းတိုက်ပွဲ ကြောင့် ထွက်ပြေး တိမ်းရှောင် လာသူ တို့သည် ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာ အုပ်စု မှော်ရှန် ရပ်ကွက် ဘုန်းတော်ကြီး ကျောင်း တွင် ခိုလှုံ နေကြပြီး လူဦးရေ ၅ဝခန့် ရှိကြောင်း ယင်း ကျေးရွာရှိ လက်ဖက်ရည် ဆိုင်ပိုင်ရှင် တစ်ဦး က ပြောကြား သည်။
ထွက်ပြေး တိမ်းရှောင် လာသူ တစ်ဦး ကမူ “စစ်တပ် (တပ်မတော်) က ရွာကနေ အကုန် တိမ်းရှောင်ဖို့ လာပြော လို့ပါ”ဟု ဆိုသည်။

ရွှေလီမြို့ ဆွေးနွေးပွဲ သည် ယနေ့ နေ့လည် ၁ နာရီ ၂ဝ မိနစ်တွင် ရပ်နား ခဲ့သည် ဟု The Voice Weekly သတင်းထောက် က သတင်း ပေးပို့ ပြီးနောက် နေ့လည် ၂ နာရီခွဲ ဝန်းကျင် အချိန်တွင် ဖားကန့် တွင် တိုက်ပွဲ ဖြစ်ပွား နေကြောင်း ဒေသခံ များက ဆက်သွယ် ပြောကြားသည်။

The Voice Weekly

2012/10/30

တိုင်းရင်းသား တပ်ဖွဲ့များ တပ်ပေါင်းစု စစ်ဆင်ရေးကို အဆင့်မြှင့်နေ

 
ကချင် လွတ်လပ်ရေး တပ်မတော် (KIA)၊ တအာင် (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)နှင့် ရှမ်းပြည် တိုးတက်ရေး တပ်မတော် (SSA) တို့ ပူးပေါင်း တပ်ဖွဲ့က အစိုးရ ခမရ (၅၀၁)နှင့် ခလရ (၁၄၄) ပူးပေါင်း စစ်ကြောင်းကို ရှမ်းပြည် မြောက်ပိုင်း နမ့်ခမ်း မြို့နယ်နှင့် ကွပ်ခိုင်မြို့နယ်ခြားရှိ စယ်နေ ကျေးရွာ အနီးတွင် ယမန်နေ့ (၉) နာရီတွင် တိုက်ခိုက် ခဲ့ကြောင်း တအာင် (ပလောင်) ပြည် လွတ်မြောက်ရေး တပ်မတော် ပြောခွင့် ရသူ မိုင်ဖုန်းကျော်က ဆိုပါသည်။
 
“ကျနော်တို့ တပ်ပေါင်းစုက နယ်လှည့် စည်းရုံးရေး ဆင်းနေတဲ့ အချိန်မှာ အစိုးရ စစ်ကြောင်းက နောက်ကနေ လိုက်လာလို့ တိုက်ပွဲတွေ ဖြစ်ပွား ခဲ့တာပါ။ တိုက်ပွဲကတော့ (၅) နာရီခန့် ကြာသွားတယ်။ ကြိုကြားပေါ့။ ဒီတိုက်ပွဲမှာ အစိုးရ ဖက်က (၃) ဦး သေပြီး (၈) ဦး ဒါဏ်ရာ ရတယ်လို့ မိုင်းဝီးဆေးရုံမှာ တွေ့ကြတယ်လို့ မျက်မြင် ရွာသား တွေက ကျနော်တို့ကို ပြောပါတယ်” ဟု ဆိုပါသည်။
 
တိုင်းရင်းသား တပ်ပေါင်းစု တပ်ဖွဲ့သည် နမ့်ခမ်းမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ် ဒေသတခွင်၌ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုများ ပြုလုပ် နေစဉ် အစိုးရ စစ်ကြောင်း တို့က နောက်ယောင်ခံ လိုက်လာ သောကြောင့် ထိပ်တိုက် ရင်ဆိုင် တိုက်ပွဲဖြစ်ပွား ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။

မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်

မြန်မာအစိုးရတပ်နှင့် KIA တပ်များ လက်နက်ကြီးဖြင့် အပြန်အလှန်ပစ်ခတ်

Post 29 October 2012 Kachin News Group

ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ်ဖက်တပ်များသည် လက်နက်ကြီးများအသုံးပြု၍ အသီးသီးတပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများပြုလုပ်နေကြသည်။

မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆ တပ်ကို KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့က ၆၀ မမနဲ့ ၁ ကြိမ်ပစ်တယ်။ အခုအချိန်က သူတို့ အခြေအနေကို ကြည့်ပြီး ကျနော်တို့ ပစ်တာ။ သူတို့လဲ ၁ ကြိမ် ပြန်ပစ်လာတယ်။ သူတို့ အမြောက်ဆံက ချုံထဲကျပေါက်ကွဲသွားတယ်။”

KIA တပ်ဖွဲ့မှ လက်နက်ကြီးဖြင့် အစိုးရတပ်အတွင်းအထဲသို့ ပစ်ခတ်ပေးခြင်းကြောင့် သေဆုံး ဒဏ်ရာရရှိမှုရှိနိုင်သော်လည်း အတိအကျမသိရကြောင်းပြောသည်။

ယနေ့ နံနက် မိုးမလင်းမီ ၂ နာရီချိန်နှင့် ၄ နာရီချိန်ကြားတွင်မူ မြန်မာအစိုးရတပ်ဖက်မှ ခလရ ၁၀၅ ဆားမော်တပ်သည် KIA ထိန်းချုပ်နယ်မြေ လိုင်စင်ဘွမ်အနီး နာဖော့တပ်စခန်းတွင် KIA တပ်ရင်း (၁၈) နယ်မြေ ကန်းဘွမ် (Kang Bum) သို့ စက်လက်နက်များဖြင့် ၂ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။

“ညအချိန် ဘာတွေ့ပြီး ဘာတွေမြင်ပြီး ပစ်ကြတာလဲမသိဘူး။ ထင်ရာမြင်ရာ ရမ်းပြီးပစ်ကြတာ။” KIA တပ်ဖွဲ့မှပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ၀ိုင်းမော်မြို့နယ် ဂန်ဒေါင်ယန် (Gangdau Yang) ရှိမြန်မာအစိုးရတပ်သည် အောက်တိုဘာ၂၇ ရက် ည ၈ နာရီမှ ၁၀ နာရီထိ နမ်ဆန်ယန် (Nam San Yang) ကျေးရွာသို့ ၁၂၀ မမ အမြောက်များဖြင့် ၅ ကြိမ် ပစ်ခတ်ခဲ့ကြောင်းသိရသည်။
 
၎င်းအစိုးရတပ်သည် နေ့ညအချိန်အခါမရွေး ၄င်းတို့ ထင်ရာမြင်ရာများသို့ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်လျက်ရှိနေကြောင်း KIA တပ်ဖွဲ့ဝင်များပြောသည်။

“အချို့က ဒုက္ခသည်စခန်းကနေ စပါးရိတ်ဖို့ ရွာပြန်လာတယ်။ အစိုးရတပ်က နေ့စဉ်လို ရမ်းတန်းပြီး ပစ်တယ်ဆိုတော့ စိုးရိမ်နေရတယ်။” ဟု ဒေသခံတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

မြစ်ကြီးနား-ဗန်းမော်လမ်း ရှန်တွမ်ဘွမ် (Shan Tum Bum) စခန်း အင်အား ၂၀ ကျော်ရှိသည့် မြန်မာအစိုးရတပ် ခလရ ၁၄၂ အနီးသို့ အောက်တိုဘာလ၂၄ ရက် နေ့လည်တွင် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ တပ်မဟာ (၅) အောက် တပ်ရင်း (၂၄) မှ မိုင်းထောင်၍တိုက်ခိုက်ရာ အစိုးရတပ်မှ ၁ ဦးသေဆုံးပြီး ၆ ဦးဒဏ်ရာရရှိကြောင်း မျက်မြင်တဦး KNG ကချင်သတင်းဌာန သို့ပြောသည်။

ထိုအစိုးရတပ်သည် ၎င်းတို့၏တပ်ရင်းအနီးနေရာသို့ လှုပ်ရှားနေစဉ် ပေါက်ကွဲမှုကြောင့် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသည့် တပ်သားများကို ၎င်းတို့၏ နမ်လန် (Num Lang) တပ်ရင်း ခမရ ၄၃၈ သို့ အောက်တိုဘာ၂၇ ရက် ညအချိန်တွင် ပို့ဆောင်ခဲ့ကြောင်းသိရသည်။

နှစ်ဖက်တပ်ဖွဲ့များ တိုက်ပွဲအဆက်မပြတ်ဖြစ်ပွားနေသော်လည်း အစိုးရနှင့် ကချင်လွတ်မြောက်ရေးအဖွဲ့ သည် နှစ်ဖက်ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရန် တွေ့ဆုံဆွေးနွေးမှုကို မကြာမီ တရုတ်ပြည် ရွှေလီတွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
29 October 2012


ကချင်ပြည်နယ် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ဗဟိုဌာနချုပ် နယ်မြေနှင့် အနီးတ၀ိုက်တပ်များတွင် လတ်တလော အစိုးရတပ်နှင့် နှစ်ဖက်တပ်များသည် လက်နက်ကြီးများအသုံးပြု၍ အသီးသီးတပ်ချထား သောနေရာသို့ အပြန်အလှန် ပစ်ခတ်မှုများပြုလုပ်နေကြသည်။

မြစ်ကြီးနား-ဒေါ့ဖုန်းယန်မှ ၆ မိုင်အကွာရှိ အင်အား ၅၀ ကျော်ရှိသည့် လွယ်မောက် (Loi Mawk) မြန်မာအစိုးရတပ် ခလရ ၅၆ တပ်ကို KIA တပ်မဟာ (၅) တပ်ရင်း (၂၄) မှ ယနေ့ နံနက်တွင် လက်နက်ကြီးဖြင့် သွားရောက် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

2012/10/28

ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဗဟိုအမြဲတမ်းကော်မတီ အထူးအရေးပေါ်အစည်းအဝေး၏ သဘောထားထုတ်ပြန်ချက်
 KNU statement _Burmese_

KNU statement Eng.

2012/10/27

ခေါင်းဆောင်တွင်း သဘောထားကွဲလွဲမှု သင်ပုန်းချေလိုက်ကြောင်း KNU ထုတ်ပြန်ပြောဆို။

အောက်တိုဘာလ ၂၇ရက်၊ ၂၀၁၂ခုနှစ်။

အမျိုးသားစည်းလုံးညီညွှတ်မှုကို ရှေးရှု၍ အဖွဲ့အစည်းအတွင်း ဖြစ်ပေါ်နေသော ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးပြီး သင်ပုန်းချေလိုက်ပြီးဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU က ယနေ့ သဘောထား ထုတ်ပြန်လိုက်သည်။
 
ကရင်ပြည်နယ်၊ ဖားအံခရိုင် ကေအဲန်ယူထိန်းချုပ်နယ်မြေ လေးဝါးစခန်း၌ အောက်တိုဘာလ ၂၅ရက်မှ ၂၆ရက်နေ့အထိ ပြုလုပ် သော ကေအဲန်ယူ၏ အထူးအရေးပေါ် အစည်းအဝေးသို့ ဗဟိုအမြဲတမ်းကော်မတီနှင့် ဗဟိုအရံအမြဲတမ်း ကော်မတီဝင် ၄၀ဦးတို့ တက်ရောက်ခဲ့ကြပြီး ထုတ်ပယ်ခံရသော ခေါင်းဆောင် ၃ဦး၏ ကိစ္စကို အချေအတင် ဆွေးနွေးခဲ့ကြပြီးနောက် ယင်းသို့ သင်ပုန်း ချေခဲ့ကြခြင်းဖြစ်သည်။

 
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ထုတ်ပယ်ခံ ရတဲ့ ခေါင်းဆောင်ကိစ္စကို ဆွေးနွေးတဲ့အခါမှာ သူ့ ဘက်က သူမှန်၊ ကိုယ့်ဘက်က ကိုယ်မှန်နဲ့ အပြန်အလှန် ပြောဆိုလို့ မဆုံးနိုင်ဘူး။ ဒါကြောင့် စည်းလုံးညီညွှတ်ရေးကို ရှေ့ရှုပြီး သင်ပုန်းချေလိုက်တာ အကောင်းဆုံးပဲဆိုပြီးတော့ အဲဒီခေါင်းဆောင်တွေကို မူလ တာဝန်ပြန်ပေးပြီး ၁၅ကြိမ်မြောက် ကွန်ဂရက် အထိ ဆက်လက် တာဝန် ယူသွားဖို့ သဘောတူခဲ့ကြတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

2012/10/26

ကရင်ပြည်နယ်ဒေသတွင်းကူညီထောက်ပံ့ရေးဂျပန်NGOအဖွဲ့ ကြီးဖြစ်သော JAPAN PLATFORMနှင့်ဂျပန်နိုင်ငံအခြေစိုက် ကရင်အမျိုးသားအဖွဲ့ များဆွေးနွေး


ဂျပန်နိုင်ငံတိုကျိုမြို့ တွင်ဂျပန်အစိုးရမှဂျပန် NPO (NON PROFIT ORGANIZATION )JAPAN PLATFORM အဖွဲ့ ကြီးအားတိုင်းရင်း သားဒေသများသို့သွားရောက်ကုညီထောက်ပံ့အထောက်အကုပြုရန်
တိုက်တွန်းထောက်ပံ့ထားပါသည်။၎င်းအဖွဲ့ ကြီးတွင်ပါဝင်သောအဖွဲ့ များသည်တိုကျိုမြို့ အခြေစိုက်ကရင်အမျိုးသားအဖွဲ့များဖြစ်သော ကရင်အမျိုးသားအဖွဲ့ ချူပ် KAREN NATIONAL LEAGUE JAPAN-KNL ,KAREN NATIONAL FOUNDATION JAPAN -KNF မှတာဝန်ခံများဖြစ်သောစောကျော်ထင်ထူး၊စောဘလှသိန်း၊ နော်လှဥမ္မာဝင်း၊ KAREN NATIONAL UNION KNU-JAPAN ကရင်အမျိုးသားအစည်းအရုံးဂျပန်ဋ္ဌာနခွဲတာဝန်ခံ များဖြစ်သော စောမျိုးခိုင်ရှင်း၊ ကိုမိုးမင်းသူ နှင့်ပြည်ပရောက်ကရင်အမျိုးသားများ အဖွဲ့ အစည်းဖြစ်သော OVERSEA KAREN ORGANIZATION-JAPAN OKOJ မှတာဝန်ခံစောဒယ်နီယယ်လင်းစိန်တို့ မှလက်ရှိ ကရင်ပြည်နယ်အခြေအနေ ၊ကရင်အမျိုးသားများအခြေအနေ၊ ဒေသတွင်းအခြေအနေ၊ ဒုက္ခသည်များနေရာပြန်လည်ချထားရေး ၊ကျေးရွာများပြန်လည်ထူထောင်ရေးနှင့်  ကရင်ပြည်သူများ အားထောက်ပံ့ရေး အစီအစဉ်များနှင့်ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးရှင်းလင်းပွဲ တရပ်ကို 13-10-2012 တွင် 2 နာရီကျော်ကြာပြုလုပ်ခဲ့ပါသည်။ အဆိုပါအဖွဲ့ အစည်းများသည်ယခု အောက်တိုဘာလ 25 ရက်စတင်၍သက်ဆိုင်ရာ တာဝန်ကျသောနေရာဒေသ များသို့စတင်သွားရောက်မည်ဖြစ်သည်။
NPO JAPAN PLATFORM ၏ ခြေလှမ်းအစသည်ကရင်ပြည်နယ်သို့ စတင်ဝင်ရောက်ထောက်ပံ့ကူညီဆောင်ရွက်မှုများကိုပြည်တွင်းသက်ဆိုင်သောအဖွဲ့ အစည်းများနှင့် ညှိနှိုင်းပြီး လက်တွဲပြီး အဆင့်ဆင့်ပြုလုပ်သွားမည်ဖြစ်သည် NPO JAPAN သည် JAPAN NGOအဖွဲ့ ပေါင်း(25) ခုနှင့်ဖွဲ့ထားသောအဖွဲ့ ကြီးဖြစ်သည်။


ဒုတိယ အကျော့ ရခိုင် မငြိမ်သက်မှု သေဆုံးသူ ၆၀ နီးပါးရှိ

www.trust.org
 
တနင်္ဂနွေနေ့  ညကစတင် ဖြစ်ပွားခဲ့သည့် ရခိုင် ပြည်နယ် မငြိမ်သက် မှုများ အတွင်း သေဆုံးသူ ၅၀ ကျော် ရှိသွားပြီ ဖြစ်ကာ ၎င်းတို့ အထဲတွင် အမျိုးသမီး ၃၁ ဦး ပါဝင်သည်ဟု CNN သတင်း ရုပ်သံမှ ထုတ်လွှင့် သွားသည်။
 
တနင်္ဂနွေနေ့  ညက စတင်ခဲ့သည့် မင်းပြားမြို့ မှ တစ်ဖက်နှင့် တစ်ဖက် တိုက်ခိုက်မှုမှသည် မြေပုံနှင့် ကျောက်ဖြူမြို့  များကို နောက်တစ်ရက်တွင် ကူးစက်ပြီး နောက်ကြာသပတေးနေ့  နံနက်ပိုင်းတွင် သံတွဲမြို့ပေါ်တွင်လည်း မတည်ငြိမ်မှုများ စတင်ဖြစ် လာခဲ့သည်။
 
...ဘင်္ဂါလီတွေ ကိုယ့်အိမ်ကို မီးရှို့ပြီး ထွက်ပြေးတော့ ရခိုင်အိမ်တွေပါ ကုန်ရော...
 
မင်းပြားနှင့် မြေပုံမြို့ တွင် ဘင်္ဂါလီများ၏ မီးရှို့မှုကြောင့် ရခိုင်ကျေးရွာ ၊ ရပ်ကွက်များ မီးလောင်ပြီး အိမ်ခြေ ၄၀၀ ကျော် ပျက်စီး ဆုံးရှုံးခဲ့သည်။
 
Copy from - freedomnewsgroup

ဆူးလေစေတီတော်ရင်ပြင်မှာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုစည်းပြီး အကြမ်းဖက်မှုအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသည့် ရုပ်သံသတင်း



ဒီကနေ့ အောက်တိုဘာလ ၂၅ ရက်နေ့ နေ့လယ် ၁း၀၀ နာရီမှ စတင်ပြီး ရန်ကုန်မြို့ ဆူးလေ စေတီတော်ရင်ပြင်မှာ သံဃာတော်များနှင့် လူပုဂ္ဂိုလ်များ စုစည်းပြီး အကြမ်းဖက် ဘင်္ဂါလီ ကျူးကျော်သူများကြောင့် ရခိုင်ပြည်သူလူထု တရပ်လုံး၏ အသက်အိုးအိမ် စည်းစိမ် လုံခြုံမှု ကင်းမဲ့နေသည့်အပေါ် ဆန္ဒ ထုတ်ဖော်ခဲ့ကြပါသည်။ လက်ရှိ ရခိုင်ပြည်နယ် အရေးနှင့် ပတ်သတ်ပြီး ဘင်္ဂါလီ ကျူးကျော်သူများအပေါ် သမ္မတကြီး ဦးသိန်းစိန်၏ သဘောထား တည်ဖို့ကို အဓိကထား တောင်းဆိုထားပြီး၊ တရားမ၀င် ခိုးဝင်လာသူ ဘင်္ဂါလီ လူမျိုးများကို အခုချက်ချင်း မောင်းထုတ်ဖို့၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်းဝင် မောင်တော လွှတ်တော်ကိုယ်စားလှယ်နှင့် ဘူးသီးတောင် လွှတ်တော်ကိုယ်စားလှယ် လေးယောက်ကို နိုင်ငံသားဖြစ်မှု ဟုတ် မဟုတ် စစ်ဆေးပေးဖို့ စသည့် အချက်များကိုလည်း တောင်းဆိုခဲ့ကြပါသည်။
နေ့လယ် ၁း၃၀ နာရီအချိန်မှာတော့ ဆူးလေ စေတီတော်ရင်ပြင်မှနေ မြို့တော်ခန်းမရှေ့သို့  သွားရောက် ခဲ့ကြပြီး ဆက်လက် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည်ဟု သတင်းရရှိပါသည်။
Copy from - BurmaVJMedia

2012/10/25

ကျောက်ဖြူတွင် ရခိုင်အိမ်များကို ဘင်္ဂလီများမီးရှို့ 
Written by ခိုင်ခိုင်    Tuesday, 23 October 2012 23:51   



\Kyauk Phu 2 fire
Kyauk Phu  1ယနေ့ ည(၇)ကျော်မှစ၍ ကျောက်ဖြူမြို့ မြစ်နားတန်း (ပိုက်သည်) ဘင်္ဂလီရပ်ကွက်နှင့် ထိစပ်လျှက်ရှိသော ရခိုင်နေအိမ်များကို ဘင်္ဂလီအကြမ်းဖက်များက မီးရှို့နေမှုများကြောင့် ယခုအချိန်ထိ မီးလောင်ကျွမ်းလျှက်ရှိကြောင်း သိရသည်။ မီးငြိမ်းသတ်ရန် ဝင်ရောက်လာသော ရခိုင်လူထုကို ဘင်္ဂလီတို့က ဗလီကို အကာအကွယ်ယူ၍ ဂျင်ကလိများဖြင့် ပစ်ခတ်မှုကြောင့် အနည်းဆုံး ရခိုင်(၄)ဦးခန့် ဆေးရုံသို့ ရောက်ရှိနေသည်။
" ကုလားပိုက်ဆိပ်နှင့် ရခိုင်ပိုက်ဆိပ်ကြားတွင် ရှိနေတဲ့ ရခိုင်အိမ်တွေကို ဘင်္ဂလီတွေက ည(၇)နာရီ၊ (၄၅)မိနစ်ကတည်းက မီးစတင်ရှို့ကြပါတယ်။ မီးငြိမ်းသတ်ဖို့လာကြသော ရခိုင်များကို ဘင်္ဂလီတွေက ဗလီကို အကာအကွယ်ယူပြီးတော့ ဂျင်ကလိများနှင့် ပစ်ခတ်နေကြပါတယ်။ ဆေးရုံမှာ ဂျင်ကလိထိလို့ ဒဏ်ရာရသူ အနည်းဆုံးလေးယောက်ရောက်ရှိနေပါတယ် " လို့ ကျောက်ဖြူဒေသခံ ဦးလှမျိုးနောင်က Arakan Times သို့ပြောကြားသွားသည်။

2012/10/24

ဗဟိုအထူးအရေးပေါ် အစည်းအဝေး ကျင်းပရန် KNU ညှိနှိုင်းဆွေးနွေးပြီးစီး

အောက်တိုဘာလ ၂၃ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)


ကရင်အမျိုးသားအစည်းအရုံး(ကေအဲန်ယူ)၏ ကြီး ၅ ကြီးအဖွဲ့နှင့် တဘက်မှ ပဒိုရောဂျာခင် အပါအ၀င် ခရိုင် ခေါင်းဆောင်အချို့တို့သည် ကေအဲန်ယူအတွင်း ဖြစ်ပွားခဲ့သည့် သဘောထားကွဲလွဲမှုများကို နှစ်ရက်ကြာ ညှိနှိုင်းဆွေးနွေးပြီး လာမည့် အောက်တိုဘာလ ၂၅ရက်နေ့တွင်ဗဟိုအထူးအရေးပေါ် အစည်းအဝေးကျင်းပရန် သဘောတူညီမှု ရရှိခဲ့ သည်။
ကေအဲန်ယူ တပ်မဟာ(၇) ဘားအံခရိုင်၊ လေးဝါးတပ်စခန်း၌ ယမန်နေ့ကစတင်၍ နှစ်ရက်ကြာပြုလုပ်သည့် ယင်းဆွေးနွေးပွဲတွင် ကြီး ၅ ကြီးဘက်မှ ကေအဲန်ယူ ဒုဥက္ကဌ ပဒိုဒေးဗစ်သာ့ကပေါ၊ အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်၊ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေ၊ တွဲဘက်အတွင်းရေးမှူး(၂)ပဒိုစောဒေါ့လေးမူတို့နှင့် တဘက်မှ ပဒို စောရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဌ ပဒိုစောရွှေမောင်း၊ ဘိတ်/ထားဝယ်ခရိုင် ဥက္ကဌ ပဒိုစော ကွယ်ထူးဝင်း၊ ပဒိုစောလေးလော်ဆော၊ ဗိုလ်မှူးကြီး စောထူးထူးလေးတို့က ညှိနှိုင်းဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။
ထို့အပြင် ဆွေးနွေးပွဲတွင် ကြားခံအဖြစ် ကေအဲန်ယူ ဗဟိုတရားသူကြီးချုပ် ပဒိုမန်းရင်စိန်၊ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီ၊ တပ်မဟာ(၅) မှူး ဗိုလ်မှူးချုပ် စောဘောကျော်ဟဲနှင့် အရံဗဟိုကော်မတီဝင် စောစေး လယ်တောတို့က တက်ရောက်နားထောင်ခဲ့သည်။
ဆွေးနွေးမှုတွင် ပါဝင်သည့် ကေအဲန်ယူ တွဲဘက်အတွင်းရေးမှူး(၁) ပဒိုစောလှငွေက “ဗဟိုကော်မတီ ပုံမှန် အစည်းအဝေး ကျင်းပဖို့အတွက် အစည်းအဝေးမှာ လူတွေစုံစုံလင်လင်နဲ့။ နောက် ကျင်းပနိုင်အောင်ဆိုလို့ရှိရင် အထူးဗဟိုကော်မတီအစည်းအဝေး ခေါ်မှဖြစ်မယ်ဆိုတာကို Agenda(အစီအစဉ်)ဆွဲပြီး ဆွေးနွေးခဲ့ကြတာပါ”ဟု ကေအိုင်စီသို့ ပြောသည်။

မြေမြှုပ်ထားခဲ့သော ကမ္ဘာစစ် တိုက်လေယာဉ် အစီး ၆၀ ပြန်လည်တူးဖော်မည်


ရန်ကုန် (မဇ္ဈိမ) ။          ။ ဒုတိယ ကမ္ဘာစစ်အတွင်း မြန်မာ့မြေတွင် မြှုပ်နှံထားခဲ့သည့် မဟာမိတ် လေယာဉ်များကိုပြန်လည်တူးဖော်လျက်ရှိရာ Spitfire အမျိုးအစား တိုက်လေယာဉ် အစီး ၆ဝ ဆက်လက်တူးဖော်သွားရန်ရှိကြောင်း သိရှိရသည်။

အောက်တိုဘာလ ၁၆ ရက်နေ့က မြန်မာ့လေကြောင်း ပို့ဆောင်ရေး ဦးစီးဌာန၊ ရွှေတောင်ပေါ်ကုမ္ပဏီလိမိတက် (STP)နှင့် ဗြိတိန်နိုင်ငံမှ DJC ကုမ္ပဏီတို့ နေပြည်တော်ရှိ တော်ဝင်ကုမုဒ္ဒြာဟိုတယ်၌ လက်မှတ်ရေးထိုးလိုက်သည့် စာချုပ်မှာ စစ်အတွင်း မြန်မာနိုင်ငံတွင် မြှုပ်နှံထားခဲ့သည့် လေယာဉ်၊ လေယာဉ်နှင့် ဆက်စပ်ပစ္စည်း ကိရိယာများကို
ပြန်လည်တူးဖော်၍ ပြုပြင်တပ်ဆင်ရန် ဖြစ်သည်။

“လေယာဉ်တွေကို ပြန်လည်တူးဖော်ခဲ့တာ ဟိုး လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းကပါ။ အဲဒီတုန်းက လေယာဉ်ရဲ့ အစအနတွေလောက်ပဲ ရှာနိုင်ခဲ့တယ်။ စာချုပ်မချုပ်ခင်အထိ အစီး တရာခန့် ရှာဖွေနိုင်ခဲ့တယ်။ အဲဒီတုန်းက နည်းပညာတွေရယ် နောက်ပြီး Apple ကုမ္ပဏီက နည်းပညာတွေရယ် ပေါင်းလိုက်တော့ ရှာရတာ ပိုပြီးလွယ်သွား တယ်” ဟု လေယာဉ်တူးဖော်ရေးတွင် ပါဝင်သည့် မြန်မာပညာရှင် ဦးစိုးသိန်း က ပြောသည်။

2012/10/23

နှစ်မကုန်မီ UNFC နှင့် နှစ်ကြိမ် တွေ့နိုင်ရန် ဦးအောင်မင်း ကမ်းလှမ်းထား

 
 
ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့အား ၂ဝ၁၂ ခုနှစ် အတွင်း နှစ်ကြိမ် တွေ့ဆုံနိုင်ရန် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒု-ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်း ထားကြောင်း သိရှိရသည်။

နိုဝင်ဘာလ ၅ ရက်နေ့ နောက်ပိုင်း၌ တကြိမ်နှင့် ဒီဇင်ဘာလ ခန့်တွင် တကြိမ် နိုင်ငံရေး ဆွေးနွေးပွဲအသွင် အလွတ်သဘော တွေ့ဆုံနိုင်ရန် သမ္မတရုံးဝန်ကြီး ဦးအောင်မင်း က ကမ်းလှမ်းထားကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ဦးညိုအုန်းမြင့် က ပြောသည်။

2012/10/21

ဂျပန် ဖောင်ဒေးရှင်းက တိုင်းရင်းသား ဒေသများသို့ အစားအသောက် များနှင့် ဆေးဝါးများ ကူညီမည်

UNFC နှင့် The Nippon Foundation ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲပြုလုပ် ဓာတ်ပုံ- Nippon foundation
တိုကျို၊ အောက်တိုဘာ ၂ဝ

မြန်မာနိုင်ငံတွင်း ပဋိပက္ခ ဖြစ်ပွားနေသော တိုင်းရင်းသား ဒေသများ အတွက် ကန်ဒေါ်လာ သုံးသန်းနှင့် တန်းဖိုး ညီမျှသော အစားအသောက် နှင့် ဆေးဝါးများ ကို ဂျပန်နိုင်ငံ နိပွန် ဖောင်ဒေးရှင်း က ကူညီမည် ဖြစ်ကြောင်း Japan Today သတင်းစာက ဖော်ပြ ထားသည်။ အဆိုပါ ကိစ္စကို ဂျပန်နိုင်ငံ တိုကျို မြို့၌ အောက်တိုဘာ ၁၉ ရက် နေ့တွင် ပြုလုပ်သော နိပွန် ဖောင်းဒေးရှင်း နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ ဝင် ၁ဝဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးပွဲ တွင် ပြောကြား လိုက်ခြင်း ဖြစ်သည်။

ပြည်ထောင်စု ကြံ့ခိုင်ရေးကတော့ လုပ်ချလိုက်ပြန်ပြီ

ပြည်ထောင်စု ကြံ့ခိုင်ရေး ပထမအကြိမ် ညီလာခံမှာ အလံတော်ကို ပြောင်းပြန်လွှင့်ထူပြီး ရတြာချေလိုက်ပြန်ပါပြီ ....
သတင်းဓါတ်ပုံ , Hlaing Bwa အင်တာနက်စာမျက်နှာမှ

Miss International People Choice Award 2012 မယ်မြန်မာ မှ ပထမဦးဆုံး ဆု၇

2012/10/20

ကချင်လူမျိုးများ ရည်ရွယ်ချက်ရှိရှိ ဖိနှိပ်ခံရခြင်းလော

၁၈/၁၀/၂၀၁၂
 
အောက်တိုဘာလ ၁၇ ရက်နေ့ ည ၁၀ နာရီခွဲအချိန်တွင် ဗမာအစိုးရတပ် ဗျူဟာကုန်းမှ မမ ၈၁ လက်နက်ကြီး ဖြင့် ၁၂ လုံးခန့် ပစ်ခတ်ခဲ့ပါသည်။ လက်နက်ကြီးအများစုမှာ မော်မောကုန်း လူနေရပ်ကွက် အတွင်းသို့ ကျရောက် ပေါက်ကွဲခဲ့ပြီး၊ အပြစ်မဲ့ ပြည်သူ ၃ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာ ရရှိခဲ့ပါသည်။ ဗမာအစိုးရ သမ္မတဦးသိန်းစိန်နှင့် ၀န်ကြီးဦးအောင်မင်းတို့ KIA အား တိုက်ခိုက်ခြင်း မရှိကြောင်း၊ ရိက္ခာပို့ဆောင်ခြင်းသာ ဖြစ်ကြောင်းဟု ကမ္ဘာပတ်ပြီး လိမ်လည် လှည့်ဖျားခဲ့ပါသည်။
ယခုလက်နက်ကြီးပစ်ခတ်မှုဖြစ်ရပ်အတွက် သမ္မတနှင့် ဦးအောင်မင်းတို့ မည်သို့သော ဆင်ခြေပေး မည်နည်းဟု စာရေးသူအလွန်သိလိုပါသည်။ တဖက်တွင်လည်း ဗမာအစိုးရတပ်နှင့် KIA တို့ရွှေလီမြို့တွင်တွေ့ဆုံဆွေးနွေးရန် ကမ်းလှမ်းထားချိန်နှင့်လည်း တိုက်ဆိုင်နေပါသည်။ အမေရိကန် စစ်ဖက်အရာရှိကြီးများ နေပြည်တော်သို့ ရောက်ရှိနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးရန်အစီအစဉ်ရှိသဖြင့် လှိုင်ဇာဌာနချုပ်မှလည်း KIA တပ်များအား အပစ်အခတ်ရပ်စဲထားရန် ညွန်ကြားထားပါသည်။ ယခုကဲ့သို့ နှစ်ဖက်တပ်များအပစ်ရပ်ထားရန်ဖြစ်သော်လည်း ဗမာစစ်တပ်မှ စတင်ပစ်ခတ်လိုက်ခြင်း ဖြစ်သဖြင့် ဗမာအစိုးရသည် အမှန်တကယ်ငြိမ်းချမ်းရေးကိုမလိုလားသည်မှာ လယ်ပြင်တွင်ဆင်သွားသကဲ့သို့ ထင်ရှား နေပါသည်။ ဤကဲ့သို့အခြေအနေဖြစ်နေသော်လည်း ဗမာအစိုးရမှာ KIO/KIA သည် ငြိမ်းချမ်းရေးကို မလိုလားသယောင် ၀ါဒဖြန့်နေသည်မှာ အရုပ်ဆိုး လှပါသည်။ ပို၍ဆိုးသည်မှာ KIA ထက် ကချင်ပြည်သူ အရပ်သားများအား ပစ်မှတ်ထား တိုက်ခိုက်နေခြင်းဖြစ်သဖြင့် လူမျိုးရေး သုတ်သင် ရှင်းလင်းရေးဖြစ် ကြောင်းပို၍ ပေါ်လွင်လာပါသည်။

2012/10/18

UNFC အဖွဲ့ဝင်များ ဂျပန်နိုင်ငံထွက်ခွာ

Wednesday, 17 October 2012
သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) အဖွဲ့ဝင် များသည် နိပွန် ဖေါင်ဒေးရှင်း၏ ဖိတ်ကြားချက် အရ ဂျပန်နိုင်ငံကို လေ့လာရန် ယနေ့ ညနေပိုင်းတွင် ဘန်ကောက်မှ တဆင့် ထွက်ခွာ သွားသည်ဟု ပြောရေး ဆိုခွင့်ရှိသူ ခွန်ဥက္ကာက ဆိုပါသည်။
“အယောက် (၂၀) သွားမှာ ဖြစ်တယ်။ ခရီးစဉ်က (၇) ရက်ကြာမယ်။ သွားတဲ့ ရည်ရွယ်ချက်ထဲမှာ မြန်မာ တိုင်းရင်းသားတွေကို ဂျပန်က ဘာကြောင့် အကူ အညီပေးရသလဲ ဆိုတာကို ဂျပန် လူထုကို ရှင်းပြ တာလဲ ပါတယ်။ ပြီးတော့ တိုင်းရင်းသားတွေဟာ ဆင်းရဲတယ် ဒုက္ခရောက် နေကြတယ်။ ပြည်တွင်း စစ်ဒဏ်ခံနေရတယ်။ အကူအညီတွေ ပေးသင့်တဲ့ အကြောင်း ပြောပြ မှာပါ” ဟု ဆိုပါသည်။
ဤခရီးစဉ်ကို ဂျပန်နိုင်ငံ နိပွန်ဖေါင်းဒေးရှင်း ဥက္ကဌ (Yohei Sasakawa) က ဖိတ်ကြား ခဲ့ခြင်းဖြစ်သည်။ သူသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အရေးနှင့် ပတ်သက်သည့် အထူး သံတမန် တဦး အဖြစ် ဂျပန် အစိုးရက ခန့်အပ် တာဝန် ပေးထားသူ ဖြစ်သည် ဟုဆိုပါသည်။
 
ခွန်ဥက္ကာသည် UNFC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်သည်။ နိပွန်းဖောင်းတေးရှင်းသည် UNFC အဖွဲ့ဝင်များ ကို အကူအညီ ပေးရန် သဘောတူ စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားများကို ဂျပန် နိုင်ငံမှ အမှန်တကယ် အကူအညီများ ပေးနေပါကြောင်း UNFC အဖွဲ့ဝင်များကို အလည်အပတ် ဖိတ်ကြားခြင်း အားဖြင့် ဂျပန်ပြည်သူများကို ပြသမည်ဟု နိပွန် ဖောင်ဒေးရှင်းဖက်က ဆိုပါသည်။
ပဒိုဒေးဗစ်ထော၏ ဈာပန အခမ်းအနား

ပြည်တော်မြင့် ~
 
(ဓာတ်ပုံများ - ပြည်တော်မြင့်/ဧရာဝတီ)


ယခုလ ၁၄ ရက်နေ့က ရန်ကုန်မြို့ရှိ မင်္ဂလာစစ်ဆေးရုံကြီးတွင် အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားသည့် KNU ဗဟိုတရားရေး တာဝန်ခံ ပဒိုဒေးဗစ်ထော၏ ဈာပန အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လှိုင်းဘွဲမြို့နယ်အတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA စစ်ရုံးချုပ် တည်ရှိရာ သေဘေထာ့တပ်စခန်းတွင် ကျင်းပခဲ့ရာ ပရိသတ်တထောင်ခန့် တက်ရောက်ခဲ့ကြသည်။

KNU ခေါင်းဆောင်များဖြစ်သည့် ပဒိုဘသင်စိန်၊ ပဒိုမန်းရှာလားဖန်းတို့၏ အုတ်ဂူအနီးတွင် ဂူသွင်း မြုပ်နှံခဲ့ကြသည်။

ပဒိုဒေးဗစ်ထော၏ဈာပနသို့ မဟာမိတ်အဖွဲ့များမှ ခေါင်းဆောင်များ၊ ကရင်အမျိုးသား များ၊ မြန်မာအစိုးရဘက်မှ အရပ်ဘက် စစ်ဘက်မှ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။

 သမတဦး သိန်းစိန်၊  ပြည်ထောင်စု အစိုးရ၀န်ကြီးအချို့နှင့် ကရင်ပြည်နယ် အစိုးရအဖွဲ့တို့ကလည်း လွမ်းသူ့ပန်းခွေများ ပေးပို့ခဲ့ကြသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအ၀င် တက်ရောက်လာသည့် KNU အဆင့်မြင့် ခေါင်းဆောင်များက ပဒိုဒေးဗစ်ထော ကွယ်လွန်သွားခြင်းသည် ကရင်အမျိုးသားများနှင့် အဖွဲ့အတွက် ကြီးမားသော ဆုံးရှုံးမှုတရပ် ဖြစ်သည်ဟု ဈာပနတွင် ပြောဆိုခဲ့ကြသည်။

၁ နှစ်အတွင်း ပုဒ်မ ၁၇ / ၁ နှင့် ထောင်ချခံရသူ ၁၁ ဦးရှိ

Wednesday, October 17, 2012
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) နှင့် အစိုးရစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားနေသည့် တနှစ်ကျော် ကာလအတွင်း မတရားသင်းနှင့် ဆက်သွယ်မှု ပုဒ်မ ၁၇/ ၁ ဖြင့် ထောင်ကျသွားသူ ၁၁ ဦး ရှိနေပြီ ဖြစ်ကြောင်း သိရသည်။
လက်ရှိအချိန်အထိ တရားရုံးတွင် ပုဒ်မ ၁၇/ ၁ ဖြင့် ရင်ဆိုင်နေရသူ ၄၀ ဦး ခန့်ရှိနေကြောင်း အကြမ်းဖျဉ်း စာရင်းပြုစုထားသူ ရှေ့နေ ဦးမာခါးက ပြောသည်။
တခြား ပေါက်ကွဲစေတတ်မှု၊ မသင်္ကာမှု များနှင့်ဆိုပါက၇ဝ ကျော်ရှိနေသည်ဟု သိရသည်။ “အမိန့်ချထားတာ ၁၈ ယောက်ရှိတယ်၊ ၇ ယောက်ကတော့ လွတ်သွားတယ်၊ ၁၁ ယောက် ထောင်ကျတယ်” ဟု ရှေ့နေ ဦးမာခါးက ဆိုသည်။
အဖမ်းခံရသူ အများစုမှာ စွပ်စွဲခံရသူများ ဖြစ်ပြီး စွပ်စွဲခံရသူများမှာ ရှေ့နေ ငှားရမ်းနိုင်ခြင်းမရှိကြောင်း၊ မည်သည့် အဖွဲ့အစည်းကို အကူအညီ တောင်းခံရမည် မသိသည့် စစ်ပြေးဒုက္ခသည်များနှင့် ရွာသားများ
ဖြစ်ကြကြောင်းလည်း ၎င်းက ရှင်းပြသည်။

2012/10/16

ကွယ်လွန်သူ ပဒိုစောဒေးဗစ်ထောကို ကရင့်နိုင်ငံရေး ခေါင်းဆောင်အချို့ လာရောက်ပို့ဆောင်

 
အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)
ပဒိုဒေးဗစ်ထော၏ ရုပ်အလောင်းကို ရန်ကုန်တိုင်း ကရင်တိုင်းရင်းသားရေးရာ ၀န်ကြီး စောထွန်းအောင်မြင့်၊ ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါ တီ မှ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာ၊ စောဘိုးနီ၊ ဒေါက်တာစိုင်မွန်သာနှင့် ဇနီးဖြစ်သူ ဒေါက်တာရီဘက်ခါတို့အပြင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေသို့ သယ်ဆောင်သွားမည့် ခေါင်းဆောင်များထံ ယနေ့ညနေ မြန်မာစံတော်ချိန် ၃နာရီခွဲခန့်တွင် လာရောက်လွဲပြောင်းပေး ခဲ့ကြသည်။
ထိုသို့ ပို့ဆောင်ရာတွင် ကရင်ပြည် နယ်အတွင်းရှိ လုံခြုံရေးနှင့် ကျန်းမာရေးဆိုင်ရာ အစိုးရ၀န်ထမ်းအချို့တို့အပြင် KNLA တပ်မဟာများ ဆက်ဆံရေးရုံးမှ တာဝန်ခံနှင့် မြ၀တီ ဆက်ဆံရေးရုံးမှ တာဝန်ခံများကလည်း လာရောက်ပို့ဆောင်ခဲ့ကြပြီး ဗိုလ်ချုပ်ကြီးမူတူးစေးဖိုး၊ ဗိုလ်မှူးကြီးထူးထူးလေး၊ ပဒိုစောရောဂျာခင်၊ ပဒိုစောရွှေမောင်း၊ ဗိုလ်မှူးကြီးနေစိုးတို့က စောင့်ကြိုလွဲပြောင်း လက်ခံခဲ့သည်။
၎င်းနောက် ပဒိုဒေးဗစ်ထော၏ ရုပ်အလောင်းကို တပ်မဟာ(၇)နယ်မြေအတွင်းရှိ သေဘေထာ့နေရာတွင် KNLA စစ်ဖက်အရာရှိအချို့နှင့် ဖားအံခရိုင် ဥက္ကဌ ပဒိုစောအောင်မော်အေးတို့မှ စီစဉ်ကာ ယနေ့ညနေတွင် သယ်ဆောင်သွားခဲ့ခြင်းဖြစ်သည်။
copy rights_http://www.kicnews.org/?p=13738#more-13738
ဓါတ်ပုံ။          ။သောသီခို မှ တဆင့်ကူးယူဖော်ပြသည်။

ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို ယနေ့ နယ်စပ်သို့ပြန်သယ်ဆောင်လာ

အောက်တိုဘာလ ၁၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ စစ်ဆေးရုံတွင် ယမန်နေ့ည ၁၀နာရီခွဲကျော်၌ အဆုတ်ရောဂါဖြင့် ကွယ်လွန်သွားခဲ့သူ ပဒိုစောဒေးဗစ်ထော၏ ရုပ်အလောင်းကို မနက် ၁နာရီခွဲအချိန်တွင် ကရင်ပြည်နယ်ဘက်သို့ ပြန်လည် သယ်ဆောင်လာခဲ့သည်။

ယမန်နေ့ညက ဟယ်လီကော်ပတာဖြင့် သယ်ဆောင်ရန် စီစဉ်ခဲ့သော်လည်း ၎င်း၏ရုပ်အလောင်းနှင့်အတူ နီးစပ်ရာ ဆွေမျိုး မိတ်ဆွေများပါ လိုက်ပါလိုသည့်အပေါ် ရန်ကုန်မြို့မှ ကား ခုနှစ်စီးဖြင့် ထွက်ခွာလာခဲ့ခြင်းဖြစ်ပြီး ယနေ့မနက်တွင် ဖားအံမြို့သို့ ရောက်ရှိလာခဲ့သည်။

ထို့နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ်၏ စီစဉ်ပေးမှုဖြင့် မနက် ၈နာရီခွဲခန့်အချိန်တွင် ဖားအံမြို့မှတဆင့် ကော့ကရိတ်၊ ထိုမှတဆင့် ဆက်လက် ထွက်ခွာလာရာ အလယ်ဘိုတဲနေရာသို့ နေ့လည် ၁၂နာရီကျော်တွင် ရောက်ရှိလာပြီးဖြစ်ကြောင်း ခရီးစဉ်ကို ဆက်သွယ် စီစဉ်သူများ၏ ပြောကြားချက်အရ သိရသည်။

ခန့်မှန်းခြေအားဖြင့် ယနေ့မွန်းလွဲပိုင်းတွင် မြ၀တီမြို့သို့ရောက်ရှိပြီး မြ၀တီ ဆက်ဆံရေးရုံးမှ တာဝန်ရှိသူအချို့နှင့် ကေအဲန်ယူ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ပါဝင်သူ ဗိုလ်မှူးကြီးထူးထူးလေးတို့က စောင့်ကြို၍ ထိုမှတဆင့် ထိုင်း-မြန်မာနယ်စပ်သို့ သယ်ဆောင်သွားရန် ကေအဲန်ယူ ခေါင်းဆောင်များနှင့် နီးစပ်ရာ အသိုင်းအ၀ိုင်းက အဆင်သင့် စီစဉ်ထားကြသည်။
http://www.kicnews.org/?p=13715

KNU ခေါင်းဆောင် ပဒိုဒေးဗစ်ထော ကွယ်လွန်

အောက်တိုဘာလ ၁၄ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဗဟို တရားရေးတာဝန်ခံ ပဒိုစောဒေးဗစ်ထောသည် ယနေ့ည မြန်မာစံတော်ချိန် ၁၀နာရီခွဲတွင် ရန်ကုန်မြို့၌ ကွယ်လွန်သွားပြီ ဖြစ်သည်။

အသက် ၆၅နှစ်ရှိသည့် ပဒိုဒေးဗစ်ထောသည် ၎င်းတက်ရောက်ကုသနေသည့် မင်္ဂလာဒုံ စစ်ဆေးရုံ၌ပင် ကွယ်လွန်သွားခြင်းဖြစ်ပြီး၎င်းကို ရန်ကုန်မှ ကရင်ပြည်နယ် မြ၀တီမြို့နယ်၊ သင်္ကန်းညီနောင်ကျေးရွာအထိ ဟယ်လီကော်ပတာဖြင့် ညတွင်းချင်း ပြန်လည်ပို့ဆောင် ရန် အစိုးရဘက်မှ စီစဉ်ထားသည်။
ယင်းနောက်သင်္ကန်းညီနောင်မှတဆင့်ထိုင်း-မြန်မာနယ်စပ်သို့ ပြန်လည်သယ်ဆောင်သွားရန် ကေအဲန်ယူဘက်မှ စီစဉ်ထားသည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်း၏ ပြောဆိုမှုများအရ သိရသည်။
ဇနီးနော်ဂျင်းဂျာနှင့် သားနှစ်ဦး သမီးသုံးဦးထွန်းကားသည့် ပဒိုစောဒေးဗစ်ထောကို မိဘများဖြစ်သည့် ဦးရွှေထော၊ နော်မေဖိုးတို့မှ၁၉၄၈ခုနှစ်၊ မတ်လ ၁၀ရက်တွင် မွေးဖွားခဲ့သည်။ သူသည် ရန်ကုန်တက္ကသိုလ်၌ သမိုင်းဘာသာရပ်ဖြင့် ဘွဲ့ရခဲ့သူဖြစ်သည်။
၎င်း၏ဈာပနကိစ္စနှင့် ပတ်သက်၍ နောက်ရက်များတွင် ကေအိုင်စီမှ ဆက်လက် ရေးသား တင်ပြသွား မည်ဖြစ် သည်။

KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီးသို့ အစိုးရတပ် ရိက္ခာများ အဆက်မပြတ်ပို့နေ

 
Monday, October 15, 2012 
KIO ဋ္ဌာနချုပ် လိုင်ဇာမြို့အနီး လှုပ်ရှားနေသော အစိုးရစစ်တပ်အတွက် စားသုံးရန် ရိက္ခာများကို ရဟတ် ယာဉ်များ၊ ၀န်တင်လားများဖြင့် ယခုရက်ပိုင်းအတွင်း အဆက်မပြတ် ပို့ဆောင်နေကြောင်း သိရသည်။
မြန်မာအစိုးရဘက်မှ ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ငြိမ်းချမ်းရေးကိစ္စ တွေ့ဆုံဆွေးနွေးရန် ယခုလ ၁၀ ရက်နေ့က ကမ်းလှမ်းထားသည့် တစ်ချိန်တည်းတွင် တပ်ရိက္ခာများ ပို့ဆောင်နေခြင်း ဖြစ်သည်။
အစိုးရတပ်အတွက် ရိက္ခာများအား ဆင်ဘိုမြို့နယ် ရှဒန်ပါဒေသသို့ စစ်ရဟတ်ယာဉ်များဖြင့် ပို့ဆောင်နေပြီး ၄င်းနေရာမှ လိုင်ဇာအနီးရှိ တပ်စခန်းများသို့ ၀န်တင်လားများဖြင့် တဆင့်ပြန်လည် ပို့ဆောင်နေကြောင်း KIO ၏ မဟာမိတ် ABSDF ကျောင်းသားတပ် အသိုင်းအဝိုင်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။
“ရှဒန်ပါကို ဟတ်စကီနဲ့ ရိက္ခာတွေပို့တယ်၊ အဲဒီကနေပြီးတော့ လားတွေနဲ့ ပြန်ကဲ့တာပေါ့၊ ဖြန့်ခွဲပြီးပို့တယ်၊ ဒီလိုင်ဇာနားက နားလုံစခန်း အပါအဝင်ပေါ့၊ မန်မော်၊ မန်သဲရွာတွေနားက မိုးလဲချောင်းတစ်လျှောက်မှာ ရိက္ခာတွေ သိုလှောင်နေတယ်၊ ၁၃ ရက်နေ့ကစပြီး သယ်နေတာ မနေ့ကအထိပေါ့ ဒီနေ့တော့ ထပ်မသိရ သေးဘူး” ဟု ကျောင်းသားတပ် ရှေ့တန်းအသိုင်း အဝိုင်းကဆိုသည်။

2012/10/13

ကေအဲန်ယူဗဟိုအဆင့် ပြဿနာများ ကို တွေ့ဆုံဆွေးနွေး ဖြေရှင်းနိုင်ရေး လုပ်ဆောင်သွားမည်

အောက်တိုဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုအဆင့်တွင် လတ်တလော ဖြစ်ပျက်နေသည့် ပြဿနာများနှင့် ပတ်သက်၍ ဆက် သွယ်မှုများရရှိကာ အပြန်အလှန် ဆွေးနွေးသွားနိုင်ရေးကို အချိန်ယူ၍ ဆက်လက် လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း KNLA တပ်မဟာ(၇)မှ တာဝန်ရှိသူ တပ်မှူးတစ်ဦးက ပြောသည်။
၎င်းတပ်မှူးက “ကျနော်တို့ အချင်းချင်း ဆက်သွယ်လို့လည်း ရသွားပါပြီ။  ရှေ့ဆက်ပြီးတော့ အခုဖြစ်နေတဲ့ ပြဿနာတွေကို အားလုံး တွေ့ဆုံကြပြီးအကောင်းဆုံးဖြစ်အောင် ဖြေရှင်းသွားကြတော့မှာပါ”
ဟု ပြောသည်။

ထိုအခြေအနေကြောင့် KNU ဗဟိုဌာနချုပ်၏ တာဝန်မှ ရပ်စဲခံထားရသည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီးမူတူးစေးဖိုးက ဦးဆောင်ပြုလုပ်မည့် အောက်တိုဘာလ ၁၃ရက်နေ့ မြ၀တီဆက်ဆံရေးရုံးမှ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းလိုက် ကြောင်း ဖိတ်ကြားထားသူများက သတင်းသမားများအား ယမန်နေ့ညနေက အကြောင်းကြားခဲ့သည်။
 လက်ရှိအချိန်သည် မြန်မာအစိုးရနှင့် ကေအဲန်ယူအကြား ငြိမ်းချမ်းရေးဖော်ဆောင် ရန် တွေ့ဆုံဆွေးနွေးနေသည့် အရေးကြီး ချိန်ဖြစ်၍ တမျိုးသားလုံး လိုလားသည့် ပန်းတိုင်ရောက်ရှိရေးအတွက် အတူတကွ လက်တွဲလုပ်ဆောင်သွားလျှင် ကောင်း မွန်ကြောင်း ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်မှ နန်းဖောင်က ပြောဆိုသည်။

2012/10/12

KNU စစ်ဦးစီးချုပ် သတင်းစာရှင်းလင်းပွဲ အစီအစဉ် ဖျက်သိမ်း


စံခလပူရီ (မဇ္ဈိမ) ။        ။ ကရင် အမျိုးသား အစည်းအရုံး KNU မှ ထိပ်တန်းခေါင်းဆောင် သုံးဦး ထုတ်ပယ်ခြင်း၊ ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်ခြင်း ကိစ္စတို့နှင့် ပတ်သက်၍ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး ဦးဆောင်၍ အောက်တိုဘာလ ၁၃ ရက်နေ့၌ မြဝတီမြို့၌ သတင်းစာ ရှင်းလင်းပွဲ တရပ် ပြုလုပ်ရန် ကနဦး စီစဉ်ထားသော်လည်း ပြန်လည် ဖျက်သိမ်း လိုက်ကြောင်း KNU ၏ ဘားအံခရိုင် ဥက္ကဋ္ဌ ပဒို အော်မော်အေး ပြောသည်။

“ကျနော်တို့ ဗဟိုကော်မတီတွေ ပြန်လည်ညှိနှိုင်းကြတော့ ပြေလည်မှု ပြန်လည် ရရှိပြီး သတင်းစာ ရှင်းလင်းပွဲ လုပ်ဖို့ အစီအစဉ်ကို ဖျက်လိုက်တယ်” ဟု မဇ္ဈိမကို ပြောသည်။

ပထမ၌ KNU ဗဟိုအလုပ်မှုဆောင် ကော်မီတီ အချင်းချင်း ညှိနှိုင်းခဲ့ကြစဉ် သဘောတူညီမှု မရသဖြင့် ဗဟိုကော်မီတီ သို့ လွှဲအပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ KNU အဖွဲ့အတွင်း ဖြစ်ပေါ်နေသည့် လိပ်ခဲတည်းတည်း ပြဿနာရပ်များအား ယခုလအတွင်း အရေးပေါ် ဗဟိုကော်မီတီ အစည်းအဝေးတရပ် ခေါ်ယူကာ ဆုံးဖြတ် လုပ်ဆောင်ကြရန် ရှိကြောင်းနှင့် ၎င်းမှတဆင့် ကွန်ဂရက် အထိ ၎င်းကိစ္စရပ်အား ပြန်လည် ဆွေးနွေးကြမည် ဖြစ်ပြီး သည့်နောက်မှ သတင်းစာ ရှင်းလင်းပွဲ ထပ်မံ ပြုလုပ်ရန် လျာထားကြောင်း သိရှိရသည်။

စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်၊ တွဲဖက် အတွင်းရေးမှူး (၂) လည်းဖြစ် ဗဟို တရားရေးဌာန တာဝန်ခံ ဗဒိုဒေးဗစ်ထော တို့အား ထုတ်ပယ်လိုက်သည့် ကိစ္စနှင့် စပ်လျဉ်း၍ ဆက်တိုက် ဖြစ်ပေါ် လာသည့် ပြဿနာများကို သင်ပုန်းချေကြကာ ပြန်လည် ညီညွတ်ရေးအပေါ် ဦးတည် လုပ်ဆောင်ကြရန်လည်း အောက်တိုဘာလ ၉ ရက်နေ့က မဲဆောက် နေအိမ်၌ ဆွေးနွေးပွဲ တခု ပြုလုပ်ခဲ့စဉ် မူတူးစေးဖိုး က ပြောကြားခဲ့သည်။

2012/10/11

စစ်တွေမြို့ လမ်းမများပေါ်တွင် ထောင်ချီသည့် ရခိုင်အမျိုးသမီးများက ငြိမ်းချမ်းစွာ စီတန်း၍ (OIC) ကို ကန့်ကွက် ဆန္ဒပြ

 
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့နေ့လည်ပိုင်းက ထောင်နှင့်ချီသည့်ရခိုင်အမျိုးသမီးများက OIC (Organization of Islamic Cooperation ) ရုံးဖွင့်မည်ကို ကန့်ကွက်သည့် အနေဖြင့် ငြိမ်းချမ်းစွာ ဆန္ဒထုတ် ဖော်ပြသခဲ့ကြသည်။
ဆန္ဒပြပွဲကို ခွင့်ပြုချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပြီး စစ်တွေမြို့ ကမ်းနားလမ်း ဧစေတီ ဘုရားမှ ဆိုင်းဘုတ်များ၊ လက်ကိုင် ပိုစတာများကို ကိုင် ဆောင်ပြီး မြို့ထဲထိ ချီတက်ကာ ငြိမ်းချမ်းစွာဆန္ဒ ထုတ်ဖော် ပြသခဲ့ကြသည်ဟု ဦးဆောင်သူတဦးဖြစ်သူ ဒေါ်မညိုအေးက ပြောသည်။
 
“အဓိက အချက်(၈)ချက်ပါတယ်။ နံပါတ်(၁) ၁၉၈၂ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို လိုက်နာလေးစား ပါ၊ (၂) တရားမ၀င် ခိုးဝင်လာသော ဘင်္ဂလီများအား အလိုမရှိ၊ (၃) မြန်မာ့ပြည်တွင်းကို OIC ၀င်မစွက် နဲ့ ထွက်သွား၊ (၄) မြန်မာပြည်မှာ ဘယ်အချိန်ကမှ ရိုဟင်ဂျာမရှိ၊ (၅) သားရေပေါ်အိပ်၊ သားရေနားစား တွေ ထွက်သွား၊ (၆) မြေမျို၍ လူမျိုးမပျောက်၊ လူမျိုမှ လူမျိုးပျောက်မည်၊ (၇) မြန်မာ့ အမျိုးသမီးများ ဘ၀ လှပလုံခြုံမှုရှိပါစေ၊ (၈) မြန်မာ တမျိုးသားအားလုံး စည်းလုံးညီညွတ်ကြ ဆိုတဲ့ ပိုစတာများတွင် ရေးသားကာ မိမိတို့၏ သဘောထားများကို ထုတ်ဖေါ်ခဲ့ကြသည်″ ဟု သူမက ပြောသည်။

2012/10/10

စစ်တွေ ရဟန်းတော်များ ဆန္ဒပြပွဲ လူပေါင်းသောင်းချီ ပူးပေါင်းပါဝင်

Photo .... Coral Arakan
စစ်တွေတွင် ယနေ့ ပြုလုပ်သော ရဟန်းတော်များ ဦးဆောင် ဆန္ဒပြပွဲသို့ လူပေါင်းသောင်းချီ ပူးပေါင်း ပါဝင် လာသဖြင့် လူထု လူပ်ရှားမူ ဆန္ဒပြပွဲ တစ်ခု အဖြစ်သို့ ပြောင်းလဲ ရောက်ရှိသွားပြီ ဖြစ်ကြောင်း ဦးဆောင် ဆရာတော် တစ်ပါးက နိရဉ္စရာသို့ မိန့်ကြားသည်။
 
“ အခု ဦးဇင်းတို့က ဦးဥတ္တမ ပန်းခြံကို ရောက်ရှိနေပါတယ်။ ရဟန်းတော်တွေက ၇၀၀ နဲ့ ၁၀၀၀ ကြား လောက်မှာ ရှိမှာပါ။ လူကတော့ သောင်းချီပြီး ရှိမယ် ထင်ပါတယ်။ ဘင်္ဂလာဒေခ်ျ့ သံရုံးရှိရာ အနောက်စံပြ ရပ်ကွက်ကနေ လမ်းမကြီးတလျှောက် လူတွေ ပြည့်နေပါတယ်။ အခု ငြိမ်းချမ်းစွာဘဲ လိုလားချက်တွေကို တောင်ဆို ဆန္ဒပြနေကြရပါတယ်” ဟု ဦးဆောင်ရာတွင် ပါဝင်သူ ဆရာတော် ဦးပညာဇောတက ပြောသည်။
ဦးဇင်းတို့ တောင်းဆိုတာက “ OIC ကို မြန်မာပြည်မှာလည်း အလိုမရှိ၊ ရခိုင်ပြည်နယ် အတွက်လည်း အလိုမရှိ၊ ငြိမ်းချမ်း ယှဉ်တွဲ အတူနေထိုင်ရေး အတွက် အောင်မင်္ဂလာရပ်ကွက်က မွတ်ဆလင်တွေ ကို မြို့ပြင် သို့ ပြောင်းရွှေ့ပေးပါ၊ ဘင်္ဂလာဒေခ်ျ့ရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို ကာကွယ်ပေးပါ၊ (၅) တရားမ၀င် ဘင်္ဂလီ ကိစ္စနှင့်ပတ် သက်၍ ပြတ်ပြတ်သားသား မိန့်ကြားခဲ့သော နိုင်ငံတော် သမ္မတကြီး အား ထောက် ခံအပ်ပါသည် ဆိုပြီး အချက် ၅ ချက် တောင်းဆိုပါတယ်” ဟု သူက ပြောသည်။

လက်ပံတောင်း စီမံကိန်း ရပ်ရန် ရွာသင်္ချိုင်းတွင် သရုပ်ဖော် ဆန္ဒပြ

ဓာတ်ပုံ - Ko Thet (Monywa)
လက်ပံတောင်း ကြေးနီစီမံကိန်း ကန့်ကွက်သည့်အနေဖြင့် ဘိုးဘွားများ၏ အုတ်ဂူသို့ သွားရောက် တိုင်တည်သည့် သရုပ်ဖော် ဆန္ဒပြပွဲ (Performance Art)တရပ် အင်္ဂါနေ့ နေ့လည်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်၊ ဆည်တဲကျေးရွာ၏ အနောက်ဖက် သင်္ချိုင်းမြေတွင် လယ်မြေအသိမ်းခံ ၂၆ ရွာမှ လယ်သမား အင်အား ၁,၅ဝဝ ကျော်ဖြင့် စုပေါင်း ကျင်းပခဲ့ကြောင်း ကိုယ်တိုင်ပါဝင်ခဲ့သူ ပြည်သူ့ အကျိုးဆောင် ကွန်ယက်မှ ကိုအောင်စိုး က ပြောသည်။
“လယ်သမားတွေက သူတို့ရဲ့ ဘိုးဘွားအုတ်ဂူတွေဆီ သွားပြီးတော့ လယ်ယာမြေတွေ အဓမ္မသိမ်းခံနေရပြီ ဆိုတဲ့ အကြောင်း တိုင်တည်ကြတဲ့ အချိန်မှာ ဘိုးဘွားတွေရဲ့ ဝိဉာဉ်တွေက ထွက်လာပြီးတော့ သူတို့တွေကလည်း ကြေးနီ စီမံကိန်းကို လက်မခံနိုင်တဲ့ အကြောင်းတွေကို ဆန္ဒထုတ်ဖော်တာပါ။ အုတ်ဂူတွေကနေ၊ တမလွန်ကနေ ဘိုးဘွားတွေ ထလာကြပြီးတော့ ဆန့်ကျင်တဲ့အကြောင်း ပြောတယ်။ လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းပစ်၊ ရပ်ဆိုင်ပစ် ဆိုပြီး ဟစ်ကြွေးကြတယ်ဗျ။ ပြီးတော့ တောင်သူ လယ်သမားတွေက ဒါဒို့မြေ ဒါဒို့မြေ ဒို့ပိုင်တဲ့မြေ ဆိုပြီး နိုင်ငံတော် သီချင်းကို အားလုံး အော်ဆိုပြီး
အဆုံးသတ် ကြတယ်ဗျ” ဟု သရုပ်ဖော် ဆန္ဒပြပုံကို ရှင်းလင်း ပြောပြသည်။

2012/10/06

ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကိုအစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ထုတ်ပယ်ခြင်းဟု KNU ပြောဆို

အောက်တိုဘာလ ၅ရက်၊ ၂၀၁၂ခုနှစ်။ (ကေအိုင်စီ)

စစ်ဦးစီးချုပ် အပါအ၀င် ကေအဲန်ယူ ထိပ်ပိုင်းခေါင်းဆောင် ၃ဦးကို တာဝန်မှ ရပ်စဲပြီး အဖွဲ့အစည်းမှ ထုတ်ပယ်ခြင်းမှာ စက်တင်ဘာလ ၂၇ ရက်မှ၂၉ရက်နေ့အထိ ပြုလုပ်ပြီးစီးခဲ့သော ကေအဲန်ယူဗဟို အလုပ်အမှုဆောင် အစည်းအဝေး၏ ဆုံးဖြတ်ချက်အရဖြစ်ကြောင်း ကေအဲန် ယူ ဗဟိုကော်မတီဝင်တစ်ဦးက ကေအိုင်စီသို့ ပြောသည်။
သူက “ပြီးခဲ့တဲ့လကုန်ပိုင်း ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး ဆုံးဖြတ်ချက်တွေထဲမှာ ဒီခေါင်းဆောင် ၃ဦးကို ထုတ်ပယ်တယ်ဆိုတာ တစ်ချက်ပါတယ်။ အကြောင်းက သူတို့(ခေါင်းဆောင် ၃ဦး)ဟာ ဗဟိုကို အသိပေး လုပ်ဆောင်မှုမရှိတာ၊ အဖွဲ့အစည်းရဲ့ မူအတိုင်း မလိုက်နာမှု အကြိမ်ကြိမ် ရှိခဲ့တာတွေအပေါ် အရင်းခံပါတယ်”ဟု ဆိုသည်။

သို့သော် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ဆုံးဖြတ်ချက်ကို ကေအဲန်ယူ၏ တွဲဖက် အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေမှ လက်မှတ်ရေးထိုး ထားသည့်အပေါ် ကေအိုင်စီမှမေးမြန်းရာ “တကယ်တော့ အစည်းအဝေးမှာ ဆုံးဖြတ်ချက်ကျပြီးတာနဲ့ အထွေထွေ အတွင်းရေးမှူးက ခရီး ထွက်ရတာပဲ။ ဒါပေမဲ့ ဆုံးဖြတ်ချက်တွေကို စာရွက်စာတမ်းနဲ့ အသေအချာ ပြန်လုပ်ရသေးတဲ့အပေါ် အတွင်းရေးမှူးချုပ်က သူ့ကိုယ်စား လက်မှတ်ထိုးပေးဖို့ သဘောတူထားမှုကြောင့် တွဲဖက်(၁)ကို တာဝန်ခံပေးလိုက်ရတဲ့သဘောပါ”ဟု ၎င်းဗဟိုကော်မတီဝင်က ပြောသည်။

ထိုကိစ္စနှင့် ပတ်သက်၍ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်နှင့် တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေကို ဆက်သွယ်မှု မရရှိခဲ့ သော်လည်း အမည်မဖော်လိုသူ ဗဟိုအလုပ်အမှုဆောင်တစ်ဦးက ၎င်းတို့၏ အစည်းအဝေး ဆုံးဖြတ်ချက်မှာ ဗဟိုအလုပ်အမှုဆောင်များ ကိုသာ ပေးပို့ခြင်းဖြစ်သလို ယခုလို ထုတ်ပယ်လိုက်သည့် ဆုံးဖြတ်ချက်မှာ ဟုတ်မှန်ကြောင်း ယမန်နေ့က ကေအိုင်စီသို့ အတည်ပြု ပြော ဆိုခဲ့သည်။

2012/10/05

မြန်မာစစ်သား လေးဦးကို ထိုင်းစစ်တပ်မှ ဖမ်းဆီးပြန်လွှတ်

Myanmar_Soldiers_ddewမဲဆောက်မြို့နယ် မဟာဝမ် ဒေသရှိ ထိုင်းနယ်ခြား စောင့်ရဲများသည် ၄င်းတို့ ဖမ်းဆီး ရမိသော မြန်မာ တပ်သား (၄) ယောက်ကို ယမန်နေ့က ပြန်လည် လွှတ်ပေး လိုက်သည်ဟု ထိုင်းမီဒီယာ တခု၌ ဖေါ်ပြ ထားပါသည်။
ဖမ်းမိသော မြန်မာ တပ်သား (၄) ယောက်မှာ တပ်သား သန်းအောင်ထွေး (၂၁နှစ်) ၊ တပ်သား ပြည်ဖြိုးအောင်(၂၁နှစ်)၊ တပ် သားသီဟသူ (၂၄ နှစ်)၊ တပ်သား ဇင်းမင်းထွေး (၂၄နှစ်) တို့ဖြစ်သည်။ ၄င်းတို့သည် ကရင်ပြည်နယ် မြ၀တီမြို့နယ် မိလှပန်း ကျေးရွာ၌ လှုပ်ရှားနေသော တပ်မ (၈၈) လက်အောက်ခံ ခမရ (၃၁၇)တပ်ရင်းမှ ရဲဘော် လေးယောက် ဖြစ်ပါသည်။ ၄င်းတို့ကို ထိုင်းနိုင်ငံ မဲဆောက်မြို့နယ် မဟာဝမ် တိုက်နယ် ထဲရှိ သောင်ရင်း မြစ်နဘေးက ပြောင်းဖူးခြံ တစ်ခြံထဲတွင်  ထိုင်းနယ်ခြား စောင့်ရဲများက ဖမ်းဆီးရမိခြင်း ဖြစ်ပါသည်။

တပ်သား များသည် ဆာလောင် ငတ်ပြတ် အားအင် ကုန်ခမ်း နေပုံ ပေါက်နေကြောင်း မြန်မာ စစ်တပ်ထဲက ဒုက္ခကို မခံနိုင်တော့လို့ ထွက်ပြေး လာပြီး၊ ထိုင်းဘက်မှာ အလုပ်လာလုပ်ဖို့ဟု ထိုင်းနယ်ခြား ရဲများကို ပြောကြောင်း သတင်းက ဆိုပါတယ်။ မျက်စိလည် လမ်းမှားရာက ဤပြောင်းဖူးခြံထဲ၌ ပုန်းအောင်းနေခြင်း ဖြစ်သည်ဟု ဆိုပါသည်။
ယခုကဲ့သို့ ထွက်ပြေးလာသော မြန်မာ တပ်သားများကို ပြန်ပို့ လိုက်ခြင်းသည် နှစ်နိုင်ငံ စစ်တပ်များ၏ သဘော တူညီချက် လည်း ဖြစ်နိုင်သလို လက်နက်မဲ့ဖြစ်သဖြင့် တရားမ၀င် သူများကို ဖမ်းဆီးပြီး ပြန်ပို့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် မြန်မာ စစ်တပ်၏ ထုံးစံ အရ တပ်ပြေးများကို ကြီးစွာ ပြစ်ဒဏ် ပေးလေ့ ရှိပါသည်။
ဤကဲ့သို့ တပ်ပြေးမျိုး ထိုင်းနိုင်ငံ မဟာချာ ဒေသ တခုထဲတွင် (၂၀၀၀) ခန့် ရှိနေကြောင်း Ngo အဖွဲ့များနှင့် ပြည်ပရောက် မြန်မာ စစ်မှု ထမ်းဟောင်း အဖွဲ့က ခန့်မှန်း ထားပါသည်။

copy rights_http://www.phophtaw.org
မြန်မာအစိုးရနှင့် ထောက်ပံ့ကူညီမှုပေးနေသော အဖွဲ့ အစည်းများသည် ကရင်တိုင်းရင်းသားတို့ ၏ စည်းလုံးညီညွတ်ရေးကို မဖြိုခွဲ သင့်

European Karen Network Statement in Burmese 4Oct 2012

2012/10/04

ပြည်တွင်းတက္ကသိုလ် တက်ရောက်နိုင်ရန်ရွှေ့ပြောင်းကျောင်း သားများ စခန်းသွင်းလေ့ကျင့်နေ

အောက်တိုဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ စ’ဖန်းရှောင်း (ကေအိုင်စီ)

မြန်မာရွှေ့ပြောင်းပညာရေး ထောက်ပံ့မှုဖောင်ဒေးရှင်းနှင့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပညာရေးကော်မတီ-BMWEC တို့ ပူးပေါင်းပြီး စက်တင်ဘာလ ၂၅ရက်နေ့တွင် ကရင်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်မင်းထံ သွားရောက်ဆွေးနွေးခဲ့ရာ ရွှေ့ပြောင်းမြန် မာကျောင်းသားများ၏ ပညာရေးနှင့်ပတ်သက်၍ သဘောတူညီမှုများရရှိခဲ့သည့်အပေါ် ယခုလို စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ် ရခြင်းဖြစ်ကြောင်း BMWEC ဥက္ကဌ နော်ဖောရေက ပြောသည်။
“ဒီနယ်စပ်တလျှောက်မှာရှိတဲ့ ရွှေ့ပြောင်းမြန်မာကျောင်းတွေမှာ မြန်မာပြည် သင်ရိုးညွှန်းတမ်းအတိုင်း သင်တဲ့ကျောင်းက နည်း တယ်လေ။ အဲဒီတော့ ဒီက ကျောင်းသူကျောင်းသားတွေ ကရင်ပြည်နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနများမှာ တက္ကသိုလ် ၀င်တန်းစာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်အောင် အခုလို စခန်းသွင်းလေ့ကျင့်မှုတွေ ပြုလုပ်ပေးနေတာပါ”ဟု နော်ဖောရေက ပြောသည်။

ကိုရီးယားနိုင်ငံ Information Access Center ၏ အကူအညီဖြင့် မြန်မာနိုင်ငံတစ်ဝန်း အင်တာနက် ရရှိရန် ဆောင်ရွက်မည်


တစ်နိုင်ငံလုံး အတိုင်းအတားဖြင့် အင်တာနက် ရရှိနိုင်ရေးအတွက် မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းအနေဖြင့် ကိုးရီးယားနိုင်ငံ အမျိုးသား သတင်းအချက်အလက် အဖွဲ့အစည်း (National Information Society Agency) ၏ လက်အောက်ခံ သတင်းအချက်အလက် ရယူသုံးစွဲမှု စင်တာ (Information Access Center - IAC) နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ် (MICT Park) နှစ်ပတ်လည် အခမ်းအနားတွင် ဆက်သွယ်ရေးဝန်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောကြားခဲ့သည်။ 
 
ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာနအနေဖြင့် IAC နှင့် နားလည်မှု စာချွန်လွှာ ရေးထိုးပြီးနောက် အောက်တိုဘာလ ဒုတိယအပတ်အတွင်း လုပ်ငန်းများ စတင်ပြီး အကောင်အထည်ဖော် သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
အဆိုပါ ဆောင်ရွက်မူတွင် အင်တာနက် အသုံးပြုမှုနည်းစနစ်များကိုပါ သင်တန်းများ ပြုလုပ်ပို့ချပေးခြင်း၊ သုတေသန ဆောင်ရွက်မှုများ ပြုလုပ်ခြင်းနှင့် အခြားဆွေးနွေးပွဲများလည်း ပြုလုပ်ဆောင်ရွက်သွား မည် ဖြစ်ကြောင်းကိုလည်း သိရှိရသည်။
 
“အဲ့ဒီလို ဆောင်ရွက်မှုတွေမှာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အင်တာနက် အသုံးပြုနိုင်ရန် အတွက် သင်တန်းပေးမှုတွေနဲ့ ပတ်သတ်တာတွေကို ပြုလုပ်သွားမှာ ဖြစ်ပါတယ်။” ဟု မြန်မာ့ဆက်သွယ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူ တစ်ဦးက အဆိုပါ နှစ်ပတ်လည် အခမ်းအနားတွင် ပြောကြားခဲ့သည်။

မြန်မာ အမျိုးသမီးများကို တရုတ်သို့ လိင်ကုန်ကူးရန် ဗြောင်စည်းရုံး

ဓာတ်ပုံ - The Guardian
 
Wednesday, October 03, 2012

မြန်မာနိုင်ငံမှ အမျိုးသမီးများကို တရုတ် နိုင်ငံသားများနှင့် အဓမ္မ ထိမ်းမြားရန် လိင်ပိုင်းဆိုင်ရာ လူကုန်ကူးရန် ဗြောင်ကျစွာ စည်းရုံးလာကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ ဒုတိယ ရဲမှူးကြီး ညွန့်လှိုင်က ပြောကြားသည်။

ပြည်ပ အလုပ်အကိုင် ရှာဖွေရေး အေဂျင်စီများကို လူကုန်ကူးမှု ဥပဒေများနှင့် ပတ်သက်၍ စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ပန်ဒါ ဟိုတယ်၌ ပြုလုပ်သော အသိပညာပေး ဆွေးနွေးပွဲ အပြီးတွင် ၎င်းက သတင်းထောက် များကို ပြောကြားခြင်း ဖြစ်သည်။

“တရုတ် အမျိုးသားနဲ့ လက်ထပ်ရမယ်။ ကလေးတစ်ယောက် မွေးပေးရမယ်။ သိန်းသုံးဆယ် ရမယ်။ ပြီးရင် ပြန်လာ ရမယ်ဆိုပြီး သဘောတူညီချက် ယူပြီး လုပ်တာ အများကြီးပဲ” ဟု ၎င်းက ရှင်းပြသည်။

တရုတ်ပြည်သူ့သမ္မတ နိုင်ငံရှိ အမျိုးသား ဦးရေနှင့် အမျိုးသမီး ဦးရေ ကွာဟမှုကြောင့် မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ဈေးကွက် တစ်ခု သဖွယ်ဖြစ်လာပြီး တရုတ်နိုင်ငံသို့ မြန်မာနိုင်ငံမှ လူကုန်ကူးမှု များတွင် တရုတ်အမျိုးသားများ အတွက် မြန်မာ အမျိုးသမီးများကို အဓမ္မ ထိမ်းမြားစေခြင်းမှာ ၇၅ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းထိ ရှိကြောင်း လူကုန်ကူးမှု တားဆီး နှိမ်နင်းရေး အဖွဲ့မှ သိရှိရသည်။

ယင်းလူကုန်ကူးမှုကိစ္စရပ်များကို ဖြေရှင်းနိုင်ရန် မြန်မာနိုင်ငံမှ အဆင့်မြင့် အရာရှိများနှင့် တရုတ်သမ္မတ နိုင်ငံမှ အဆင့်မြင့် အရာရှိများ အောက်တိုဘာလ အတွင်းတွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ကြောင်း ဒုတိယရဲမှူးကြီး ညွန့်လှိုင်က ဆိုသည်။

အဆိုပါ အမျိုးသမီးများကို တရုတ် အမျိုးသားများက ပိုက်ဆံပေး ဝယ်ယူခြင်းကို တရုတ် ရဲတပ်ဖွဲ့ကလည်း အချိန်မရွေး ဖမ်းဆီးနိုင်သဖြင့် မည်သို့မျှ တရားမဝင်ကြောင်း၊ ယင်းသို့ လူကုန်ကူးမှုများ မဖြစ်စေရန် မန္တလေး၊ လားရှိုး၊ မူဆယ် နယ်စပ်ဒေသတို့တွင် လိုက်လံ တားဆီး နေကြောင်း ၎င်းက ရှင်းပြသည်။

2012/10/03

KNU နှင့် KNLA မကွဲ၊ ခေါင်းဆောင်ပိုင်း ပြဿ နာများရှိဟု အထွေထွေ အတွင်းရေးမှူး ပြောကြား

အောက်တိုဘာလ ၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
 

ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA)အကြား ကွဲနေပြီဆိုသည့် ကောလဟလများ မှန်ကန်မှုမရှိကြောင်းနှင့်လတ်တလောဖြစ်နေသည့် ပြဿ နာမှာ ခေါင်းဆောင်မှုအတွင်း သဘောထားကွဲ ပြားခြင်းသာ ဖြစ်ကြောင်း KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ကေအိုင်စီ သို့ ပြောကြားလိုက်သည်။
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် စက်တင်ဘာလ ၂၉ရက်နေ့က KNLA မှ ဆက်ဆံရေးရုံး ဖွင့်လှစ်သည့်ကိစ္စကို KNU ၏ သဘော ဆန္ဒမပါကြောင်း ရက်ပိုင်းအတွင်းက KNU က ထုတ်ပြန်ချက်တစောင် ထုတ်ပြန်ပြီးနောက်ပိုင်း KNU အထွေထွေ အတွင်းရေးမှူး က ယခုကဲ့သို့ ပြောကြားခြင်းဖြစ်သည်။
နော်စီဖိုးရာစိန်က “အခုကြားနေရသလိုမျိုး KNU နဲ့ KNLA သဘောထား ကွဲလွဲတယ်ဆိုတာမျိုး မဟုတ်ဘူးဆိုတာကိုပဲ ပြည်သူ လူထုသိအောင် ပြောချင်ပါတယ်။ အဓိကတော့ ခေါင်းဆောင်ပိုင်းက ပြဿနာဖြစ်တာမျိုးပါပဲ။ ဘာကြောင့်ပဲဖြစ်ဖြစ် ကျမတို့ ရှေ့ ဆက်လုပ်ရမယ့်လုပ်ငန်းတွေ၊ လုပ်စရာရှိတာတွေကိုတော့ ပုံမှန်အတိုင်းပဲ ဆက်ပြီး လုပ်ဆောင်သွားကြမှာပါ”ဟု ပြောသည်။

2012/10/02

ကွတ်ခိုင်မြို့နယ်တွင် တိုင်းရင်းသားတပ်ပေါင်းစုနှင့် မြန်မာတပ်ဖွဲ့ တိုက်ပွဲဖြစ်ပွား

၂ ရက်၊ အောက်တိုဘာလ၊ ၂ဝ၁၂ ခုနှစ်။
၂ဝ၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၁ ရက်နေ့၊ နံက် ၈း၁၅ နာရီခန့်တွင် တအာင်းဒေသ ကွတ်ခိုင်မြို့နယ် ရှိ ပိန်ပွန်၊ မန်ဆိန်၊ ပန်နျှိုးရွာ အနီးတို့တွင် T.N.L.A တပ်ရင်း-၁၁၂၊ နှင့် K.I.A တပ်ရင်း-၈ မှ တိုင်းရင်းသား ပူးတွဲတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့ ခမရ ၅ဝ၂၊ ခမရ ၃၂၄ တို့ ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ကြရာ မြန်မာအစိုးရတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၇ ဦး ထိခိုက် ဒါဏ်ရာရရှိကြောင်း ဒေသခံများ ပြောကြားချက်အရ သိရှိရပါသည်။
တိုင်းရင်းသား ပူးတွဲတပ်ဖွဲ့နှင့် မြန်မာတပ်ဖွဲ့တို့သည် ပန်နျှိုးရွာအဝင် တောစပ်တွင် နံက် ၈း၁၅ နာရီခန့်၌ မိနစ် ၃ဝ ခန့် ပစ်ခတ်ခဲ့ကြပြီး၊ နေ့လယ် ၁၁ နာရီခန့်တွင် ပန်နျှိုးရွာနှင့် ပိန်ပွန်ရွာအကြားရှိ တောင်တန်းတွင်လည်း မိနစ် ၃ဝ ခန့် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြသည်။ နေ့လည် ၂း၃ဝ နာရီခန့်တွင် မန်ဆိန်ရွာ အနီးတွင် တနာရီခန့် တိုက်ပွဲဖြစ်ပွားခဲ့သည်။

အကြမ်းဖက်မှုကြောင့် Cox’s Bazaar တဝိုက် ပုဒ်မ ၁၄၄ ထုတ်ပြန်

ကော့ဘဇာတဝိုက်က ဘုရားတွေအပါအ၀င် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊အစ္စလာမ် အစွန်းရောက်တချို့က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။
 
ကိုဇော်ဝင်းလှိုင်
ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazaar အနီးမှာ စနေနေ့ညက ဖြစ်ခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေကို အစ္စလာမ် အစွန်းရောက်အဖွဲ့တွေက ပြုလုပ်ခဲ့တာလို့ ဘင်္ဂလားဒေ့ရှ်အစိုးရက ပြောပါတယ်။ Cox’s Bazaar နဲ့ ပန်းဝါလို့ခေါ်တဲ့ Ramu ဒေသတ၀ိုက်မှာ ပြုလုပ်ခဲ့တဲ့ အကြမ်းထက် တိုက်ခိုက်မှုတွေကြောင့် လူ ၂ ဦး သေဆုံးခဲ့ပြီးတဲ့နောက်မှာတော့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက အဲဒီဒေသမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်ထုတ်ထားပြီး မသင်္ကာသူတချို့ကိုလည်း မကြာသေးခင် နာရီပိုင်းအတွင်းကပဲ ဖမ်းဆီးလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကိုတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကနေ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

အဓိက စဖြစ်တဲ့နေရာကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ Ramu လို့ခေါ်ပြီး မြန်မာတွေက ပန်းဝါလို့ ခေါ်တဲ့မြို့မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ အစ္စလာမ် အစွန်းရောက်တချို့က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းတွေ၊ ဘုရားတွေအပါအ၀င် စာသင်ကျောင်းနဲ့ လူနေအိမ် အတော်များများကို စနေနေ့ညက ရုတ်တရက် ၀င်ရောက် မီးရှို့ ဖျက်ဆီးခဲ့ကြတာပါ။

အခုချိန်ထိ နောက်ဆုံးရရှိတဲ့သတင်းတွေအရကတော့ မီးဒဏ်ကို မရှောင်နိုင်တဲ့ အစ္စလာမ်ဘာသာဝင် အဘိုးအိုတဦးနဲ့ အဘွားအိုတဦး၊ စုစုပေါင်း ၂ ဦးသေဆုံးပြီးဖြစ်တယ်လို့ သိရပါတယ်။

စစ်ဦးစီးချုပ်နှင့် သဘောထား ကွဲလွဲမှု မဟုတ်ကြောင်း KNU ပြော


ဟင်္သာနီ (မွန်မြေ) | တနင်္လာနေ့၊ အောက်တိုဘာလ ၀၁ ရက် ၂၀၁၂ ခုနှစ် ၁၄ နာရီ ၃၀ မိနစ်

စံခလပူရီ (မဇ္ဈိမ)။ ။ ကရင်ပြည်နယ်၊ ဘားအံမြို့၌ စက်တင်ဘာလ ၂၉ ရက်နေ့က ကရင်အမျိုးသားအစည်းအရုံး KNU ၏ ဗဟိုအဆင့် ဆက်ဆံရေးရုံးအား KNU နှင့် ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA ဗဟို စစ်ဌာနချုပ်အား အသိမပေးဘဲ စစ်ဦးစီးချုပ်က သွားရောက်ဖွင့်လှစ်ခဲ့ခြင်းသည် အဖွဲ့တွင်း သဘောထားကွဲလွဲမှု မဟုတ်ကြောင်း KNU အထွေထွေ အတွင်းရေးမှူး က ပြောသည်။

“အဲဒီကိစ္စက KNU နဲ့ KNLA စစ်ဦးစီးချုပ် သဘောထားနှစ်ခု ကွဲတာတော့ မဟုတ်ဘူး။ ဖြစ်တာကတော့ စစ်ဦးစီးချုပ် က ဘားအံမှာ ဗဟို ဆက်သွယ်ရေးရုံး သွားဖွင့်တာကတော့ ဗဟိုဌာနချုပ်က မသိတာကိုပဲ ဖြစ်တယ်။ လုပ်နည်းလုပ်ဟန်နဲ့ စုပေါင်းခေါင်းဆောင်မှု ပုံစံ ဆိုရင် အဲဒါ မဖြစ်သင့်ဘူး။ အဲဒါကိုတော့ ဘယ်လိုလုပ်ရမယ်
ဆိုတာ အဖွဲ့အစည်းမှာ ပြန်လည်ဆွေးနွေးပြီး အဖွဲ့အစည်း ဆုံးဖြတ်ချက်အတိုင်း ကိုင်တွယ် လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု နော်စီဖိုးရာစိန် က မဇ္ဈိမကို ပြောသည်။

2012/10/01

၂၀၁၂ ခုနှစ် တိုကျို မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်





၂၀၁၂ ခုနှစ် စက်တင်ဘာလ(၃၀)ရက်။


မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၃၀)ရက်နေ့ တိုကျိုမြို့ KIBA ပန်းခြံ ၌ နံနက် ၁၁း၃၀ နာရီ မှ ညနေ ၄း၀၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၃)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၄)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ကြောင်း သိရှိရပါသည်။
မြန်မာ့ရိုးရာ သီတင်းကျွတ် ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများမှ ရိုးရာအစဉ်အလာအတိုင်း ကျင်းပပြုလုပ်လာခဲ့ကြပြီး ကျင်းပရခြင်း ရည်ရွယ်ချက်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ ဥက္ကဌ ဦးလှဟန်မှ ရှင်းလင်း တင်ပြပြီးသည့်နောက် သီတင်းကျွတ်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါသည်။
သီတင်းကျွတ်ပွဲတော်မှာ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ အစီအစဉ်များပါ တင်ဆက်သွားခဲ့ကြပြီး မြန်မာတိုင်းရင်းသား ရိုးရာ အစားအသောက် မျိုးစုံ စုံလင်စွာဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ သွားကြကြောင်း သိရှိရပါသည်။ ယနေ့ အခမ်းအနားတွင် ဂျပန်နိုင်ငံသို့ ခေတ္တရောရှိလာသော ABSDF ဥက္ကဌ ရဲဘော်သံခဲမှ သီတင်းကျွတ်ပွဲတော် အခမ်းအနားသို့ တက်ရောက် နှုတ်ခွန်းဆက် အမှာစကားပြောကြားခဲ့ကြောင်း သိရှိရပါသည်။ သီတင်းကျွတ်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်း ဖေါ်ထုတ်သွားရန် ဖြစ်ကြောင်းနှင့် တက်ရောက် အားပေးခဲ့ကြသူများကို NLD-LA(JB) အထွေထွေအတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ တက်ရောက်လာသူများအား ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။ သီတင်းကျွတ် ပွဲတော်၌ " မြန်မာ့လူမှုဘ၀ ဖွံ့ဖြိုးတိုးတက်ရေး ကွန်ယက်" အတွက် အလှူငွေ ယန်း ၁၂၀၀၀ ကျော် ကောက်ခံရရှိကြောင်းလဲ သိရှိရပါသည်။
တိုကျိုသီတင်းကျွတ်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ စုစုပေါင်း (၄၀၀) ခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲ တာကိုတွေ့ ရပါသည်။
သတင်းမှတ်တမ်း။ Mai Kyaw Oo
ဓါတ်ပုံမှတ်တမ်း ။ Moe Min Thu

"ဘင်္ဂလားဒေ့ခ်ျ့  နိုင်ငံရှိ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ"


ပန်းဝါခေါ်(ရာမူး)မြို့ တွင် ခေတ်အဆက်ဆက် တည်ထားကိုးကွယ်ခဲသော သမိုင်းဝင် ဗုဒ္ဓဘာသာ(၇)ကျောင်း သိမ် (၄)ဆောင်ဘင်္ဂလီကုလားများ မီးရှို့ ဖျက်ဆီးခံရပြီ
 SUNDAY, 30 SEPTEMBER 2012

ဘင်္ဂလားဒေ့ခ်ျ့နိုင်ငံရှိ ရခိုင်များနေထိုင်သော ပင်းဝါမြို့ ကုလားအခေါ်(ရာမူး)ရှိ ဘုန်းတော်ကြီးကျောင်း ၆ ကျောင်း မီးရှို့ခံရ အသေးစိတ်ကို ကြည်ရှုရန်။
 

 ဘင်္ဂလာဒေခ်ျ့ နိုင်ငံ ကော့စ်ဘဇား ခရိုင် ရာမူး (ပန်းဝါမြို့တွင်) ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများနှင့် လူနေအိမ်များ ယမန်နေ့ညက လုယက် မီးရှို့ဖျက်ဆီးခံခဲ့ရသည်ဟု bdnews24.com တွင် ဖေါ်ပြသည်။
 Buddhist temples, homes burned, looted in Ramu ရာမူး (ပန်းဝါ)မှ ဘုန်းကြီးကျောင်း တစ်ကျောင်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း (၆) ကျောင်းနှင့် လူနေအိမ် ၂၀ ခန့် မီးရှို့ဖျက်ဆီးခံရကာ အိမ်ပေါင်း ၁၀၀ ကျော် လုယက် ဖျက်ဆီးခံခဲ့ရသည်။ အများစုမှာ ဘာရ၀ါ (မာရမာကြီး) လူမျိုးတို့၏ နေအိမ်များ ဖြစ်ကြသည်။ ယခုတိုက်ခိုက်မူသည် ဗုဒ္ဓဘာသာ မိသားစုများ အပေါ် ဘင်္ဂလာဒေခ်ျ့တွင် အဆိုးရွားဆုံး တိုက်ခိုက်မူ ဖြစ်ကြောင်း သတင်းက ဆိုသည်။