Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/06/29

နော်ဝေးမှ မြန်မာအား ဒေါ်လာသန်း (၇၀) ကူညီမည်

Naway_01ဤဒေါ်လာသန်း (၇၀) ကို ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်များ ဒုက္ခသည်များ ပြန်လည် နေရာ ချထားရေးနှင့် ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း များတွင် ကူညီမည်ဟု ထိုင်းနိုင်ငံ ဆိုင်ရာ နော်ဝေး သံအမတ် ဟာညူချမ် ခလိုရိုက ယမာန်နေ့၌ ကျင်းပသော ထိုင်းနိုင်ငံ၊ ချင်မိုင်းမြို့ တိုင်းရင်း သား များနှင့် တွေ့ဆုံ ဆွေးနွေးပွဲတွင် ပြောကြား သွားကြောင်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC)မှ အဖွဲ့ဝင် တဦးက ဆိုပါသည်။
“ထိရောက်တဲ့ အကူအညီတွေ ပေးနိုင်ဖို့ အတွက် ကျနော်တို့နဲ့ လာတွေ့တာပါ။ တပြည်လုံး အပစ်အခတ် ရပ်စဲရေးကို အစိုးရဘက်က မလုပ်ပေးရသေးဘူး။ လက်ရှိ တိုင်းရင်းသားတွေ ဘက်က ရင်ဆိုင် ကြုံတွေ့ နေရတဲ့ အခက်အခဲတွေ၊ အစိုးရအပေါ် ထားရှိတဲ့ သဘောထား တွေနဲ့ အစိုးရက တိုင်းရင်းသားတွေ အပေါ် ထားတဲ့ သဘောထားတွေကို တိုင်းရင်းသား တွေဘက်က ဘယ်လို မြင်လဲ ဆိုတာကို တင်ပြ ဆွေးနွေး ဖြစ်ကြတယ်” ဟု UNFC ဒုဥက္ကဌ အေဗရယ်တူး ကပြောပါသည်။
အကူအညီ ပေးသော ငွေထဲ၌ ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းစဉ်တွင် ဒေါ်လာ (၅) သန်းခန့်ကို အသုံးပြုသွားမည် ဖြစ်ပါ သည်။
အဆိုပါ ဆွေးနွေးပွဲအား ထိုင်းနိုင်ငံ ချင်းမိုင်မြို့ ရှိ EBO ရုံး၌ ယမာန်နေ့ နံနက် ၁၀ နာရီချိန်တွင် ပြုလုပ်ခဲ့ပြီး UNFC မှ အဖွဲ့ဝင် တိုင်းရင်းသား အဖွဲ့အစည်း (၆) ဖွဲ့ဖြစ်သည့် မွန်၊ ကရင်နီ၊ ရှမ်း၊ ကချင်၊ လားဟူ၊ ပအိုဝ်း အဖွဲ့တို့မှာ ကိုယ်စားလှယ် (၆) ဦးတို့ တက်ရောက် ခဲ့ကြသည်။ KNU မှာမူ ဝန်ကြီး ဦးအောင်မင်းနှင်း မဲဆောက်မြို့၌ ဇွန်လ (၂၆) ရက်နေ့တွင် တွေ့ဆုံ ခဲ့သဖြင့် ယခု တွေ့ဆုံပွဲသို့ ကိုယ်စားလှယ် မစေလွှတ် နိုင်ခဲ့ကြောင်း UNFC မှ ဆိုပါသည်။

2012/06/28

DASSK Press @ Paris - 26.06.2012

ဦးအောင်မင်းအဖွဲ့ မယ်တော်ဆေးခန်းကို သွားရောက်လေ့လာ

ဇွန်လ ၂၇ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် မီးရထားဝန်ကြီး ဦးအောင်မင်းနှင့်အဖွဲ့သည် ထိုင်းနိုင်ငံ မဲဆောက်မြို့ရှိ လူနာများအား အခမဲ့ကုသပေးနေသည့် ဒေါက်တာစင်သီယာမောင်၏ မယ်တော်ဆေးခန်းကို ယနေ့မနက် ၆နာရီ ကျော်တွင် သွားရောက်ကာ မိနစ် ၂၀ခန့် လေ့လေကြည့်ရှုခဲ့သည်။

ဦးအောင်မင်းနှင့်အဖွဲ့သည် ယမန်နေ့ ဇွန်လ ၂၆ရက်နေ့က ဒေါက်တာစင်သီယာမောင်နှင့် မဲဆောက်မြို့ Wattana Village Resort ဟိုတယ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ယခုလို မယ်တော်ဆေးခန်းအခြေအနေကို သွားရောက်လေ့လာခဲ့ခြင်း ဖြစ်သည်။

မယ်တော်ဆေးခန်းတွင် နိုင်ငံတကာအဖွဲ့အစည်းများအပါအ၀င် ထိုင်းအစိုးရကပါ လာရောက်လေ့လာ နေကျဖြစ် သော်လည်း မြန်မာအစိုးရဘက်မှ ပထမဆုံး လာရောက်ခြင်းဖြစ်သည့်အပေါ် နယ်စပ်ဒေသ၏ ကျန်းမာရေး ဆိုင်ရာလုပ်ငန်းများနှင့်ပတ်သက်၍ ပိုမိုအားကောင်းလာမည်ဟု ထင်မြင်ကြောင်း ဒေါက်တာစင်သီယာမောင်က ကေအိုင်စီသို့ ပြောသည်။

“ရေရှည်မှာ ပူးပေါင်းပြီး လုပ်ရမယ့် ကိစ္စလည်း အများကြီးရှိတာပေါ့။ ကျန်မာရေး၊ ပညာရေးနဲ့ ကလေးအခွင့် အရေးတွေ အကုန်လုံး အကျယ်ကြီးရှိတယ်။ သို့သော်လည်း အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည် ဆောက်တဲ့ ဖြစ်စဉ်ကိုလည်း ကြည့်ရဦးမယ်။ ကျန်းမာရေးဖြစ်စဉ် တခုတည်းလည်း ကြည့်လို့ မရဘူးပေါ့။”ဟု သူမက ပြောသည်။

2012/06/27

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ် အလေးထား ဆွေးနွေးတော့မည်

 
နယူးဒေလီ (မဇ္ဈိမ) ။       ။ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား လတ်တလော ရှေ့တန်းရောက်လာနေသော ရိုဟင်ဂျာများ အရေးအား ဇူလိုင်လအတွင်း နှစ်နိုင်ငံခေါင်းဆောင်များ ပိုမိုအလေးထား ဆွေးနွေးကြမည် ဖြစ်သည်။

သမ္မတ ဦးသိန်းစိန် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ သွားရောက်ကာ ထိုနိုင်ငံ ဝန်ကြီးချုပ် Sheikh Hasina နှင့် တွေ့ဆုံစဉ် အဆိုပါ ရိုဟင်ဂျာများအရေးလည်း ထည့်သွင်းဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။

“ဒီတကြိမ်မှာတော့ မြန်မာဒုက္ခသည်အရေးကိစ္စကို ပိုပြီး အလေးအနက်ထား ဆွေးနွေးသွားဖို့ ရှိပါတယ်” ဟူ၍ ရန်ကုန်ရှိ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Major General Anup Kumar Chakma အား ကိုးကား၍ အေအက်ဖ်ပီ သတင်းတရပ် တွင် ရေးသားထားသည်။

ဇူလိုင်လ ၁၅ ရက်မှ ၁၇ ရက်အထိ သမ္မတ ဦးသိန်းစိန်၏ သုံးရက်ကြာ ခရီးစဉ်အတွင်း နယ်မြေချင်း ၁၆၉ မိုင် ထိစပ်လျက်ရှိသည့် ဘင်္ဂလားဒေ့ရှ်နှင့် နှစ်နိုင်ငံဆက်ဆံရေးကိစ္စများ ဆွေးနွေးရာတွင် အဆိုပါ ရိုဟင်ဂျာအရေးမှာခေါင်းစဉ်တခုဖြစ်သည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်အတွင် ဇွန်လအတွင်း ဆိုးရွားပြင်းထန်ခဲ့သော ဒေသခံ ရခိုင် တိုင်းရင်းသားများနှင့် ဘင်္ဂါလီ ရိုဟင်ဂျာ များအကြား အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် လူပေါင်း ၆ဝ ကျော် သေဆုံးခဲ့ရပြီး အဆောက်အအုံပေါင်းနှစ်ထောင်ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည်။

ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ ၃၆ နှစ်မြောက်နေ့ အခမ်းအနား (ဓာတ်ပုံသတင်း)




(၀ဲမှယာ) ဦးလှရွှေ၊ ကိုမင်းကိုနိုင်၊ ကိုကျော်ကိုကို၊ ကိုဒီငြိမ်းလင်း
ယနေ့ ဇွန်လ ၂၆ ရက်၊ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းမှာရှိတဲ့ တော်ဝင်နှင်းဆီမှာ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့ ၃၆ နှစ်မြောက်နေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အခမ်းအနားသို့ NLD မှ ဦးဝင်းတင်၊ ကျောင်းသားခေါင်းဆောင်ဟောင်း ဦးလှရွှေ၊ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုမင်းကိုနိုင်၊ ဗကသမှ ကိုကျော်ကိုကို … စသဖြင့် နိုင်ငံရေးအကျဉ်းသားဟောင်းများ စုံလင်စွာ တက်ရောက်ခဲ့ကြပါတယ်။
ပြည်ပရောက်မြန်မာတွေ ပြည်တော်ပြန်ချင်တိုင်း ပြန်လို့မရသေး


မိုးမခအထောက်တော် ၀၀၂၊ ဇွန် ၂၆၊ ၂၀၁၂
၂၀၁၁ နှစ်လည်ကတည်းက ကြံ့ဖွံ့အစိုးရသစ်၏ သမ္မတကြီး ဦးသိန်းစိန်က အကြိမ်ကြိမ်အခါခါ ပြည်ပရောက်မြန်မာများ ပြည်တော်ပြန်ကြဖို့အရေး ဖိတ်ခေါ်နေခဲ့သည်။ အစိုးရ၏ ကိုယ်စားလှယ်များ၊ အကျိုးဆောင်များနှင့် တွေ့ဆုံညှိနှိုင်းပြီး ပြည်တော်ပြန်ကြသူ မြန်မာများကိုလည်း ပြည်တွင်း ပြည်ပမီဒီယာများတွင် သတင်းအဖြစ် တွေ့နေကြရသည်။ သို့သော်လည်း ပြည်တော်ပြန်လိုသူ မြန်မာတိုင်း လွတ်လပ်စွာ ပြန်ခွင့်ရနေသည်မဟုတ်ဟု အမေရိကန်ပြည်ရောက် မြန်မာအချို့က မိုးမခသို့ ပြောကြားသည်။
            ဥပမာအားဖြင့် တပ်မတော်ကို တော်လှန်ပြီး ထွက်ခွာလာသူ မြန်မာစစ်မှုထမ်းများ၊ အစိုးရ၀န်ထမ်းအဖြစ်မှ မိမိသဘောအလျောက် နှုတ်ထွက်သွားသူ မြန်မာအစိုးရ၀န်ထမ်းများ ပြည်တော်ပြန်ရေးအတွက် တိကျသော သဘောထားနှင့် တုန့်ပြန်မှုများ မရှိသေးကြောင်း အချို့က ပြောကြားသည်။
            လွန်ခဲ့သည့် လက ပြည်တော်ပြန်ရန် လျောက်ထားသော အမေရိကန်နိုင်ငံသားခံယူထားသူ ပါရဂူဘွဲ့ရတဦးက ပြောကြားရာတွင် မိမိ၏ မြန်မာနိုင်ငံကူးလက်မှတ်မူရင်းနှင့် မိတ္တူကိုပါ ပေးပို့ပြီး ပြည်ဝင်ခွင့်ကို လျှောက်ထားခဲ့ကြောင်း၊ အဆိုပါ ပတ်စ်ပို့အချက်အလက်အပြည့်အစုံကို တင်သွင်းသည့်အတွက် မိမိလျောက်လွှာကို နေပြည်တော်သို့ ပေးပို့ခဲ့သည်ဟု သိရကြောင်း၊ သို့သော်လည်း မိမိလျောက်လွှာကို အကုန်လုံး ပြန်ပို့ပေးလိုက်ကြောင်း၊ အဖြေကို မပြန်ကြားသည့်အတွက် မိမိ၏ ပြည်ဝင်ခွင့်ကို ငြင်းလိုက်သည်ဟု ယူဆနိုင်ကြောင်း ပြောကြားလိုက်သည်။

ငြိမ်းချမ်းရေးသဘောတူထားမှုများကို KNU နှင့်ဦးအောင်မင်းအဖွဲ့ ပြန်ဆွေးနွေး

ဇွန်လ ၂၆ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

နှစ်ဖက် ငြိမ်းချမ်းရေးသဘော တူညီချက်များကို ပြန်လည်ဆွေးနွေးသည့် အနေဖြင့် ကရင်အမျိုးသားအစည်း အရုံး-KNU နှင့် မြန်မာအစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ် ဦးအောင်မင်းအဖွဲ့တို့သည်ထိုင်းနိုင်ငံ မဲဆောက်မြို့ Wattana Village Resort ဟိုတယ်၌ ယနေ့ညနေ ၃နာရီခန့်မှ ၅နာရီအထိ တွေ့ဆုံခဲ့သည်။

ယနေ့တွေ့ဆုံ ဆွေးနွေးပွဲတွင် KNU ဘက်မှ အဖွဲ့ဝင် ၆ဦးပါဝင်သည့် အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန် ဦးဆောင်သော အဖွဲ့နှင့် အစိုးရဘက်မှ ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ် ၉ဦး အဖွဲ့တို့က တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်သည်။

KNU အတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ ဆွေးနွေးတာကတော့ ပြီးခဲ့တဲ့ အစိုးရနဲ့ ဆွေးနွေးထားတာ တွေ၊ သဘောတူညီဖြတ်ထားတဲ့အပေါ် ပြန်ပြောဆိုကြပြီး ရှေ့ဆက်ဘာတွေ လုပ်မလဲပေါ့။ နောက် ကျမတို့ KNU ရဲ့ လုပ်ငန်းစဉ် အပြောင်းအလဲတွေ သူတို့ကို အသိပေးတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

2012/06/26

ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ဓားပြများ သောင်းကျန်း

  
စံခလပူရီ (မဇ္ဈိမ) ။      ။ ထိုင်း-မြန်မာ နယ်စပ်ရှိ ကရင်ပြည်နယ်၊ မြဝတီမြို့နှင့် တနင်္သာရီတိုင်း အထက်ပိုင်းရှိ ရေဖြူ မြို့နယ်တို့တွင် နေ့ခင်းကြောင်တောင် ဓားပြတိုက်မှုနှင့် ရွာသူရွာသားများအား ရိုက်နှက် ဓားပြတိုက် မှုတို့ ဤရက်ပိုင်း အတွင်း ဖြစ်ပွားခဲ့သည်။

မြဝတီမြို့တွင် တနင်္ဂနွေနေ့ မွန်းလွဲ တနာရီခွဲခန့်က မြို့လယ်ရှိ “အင်ပါယာ” ရွှေဆိုင်အား အမည်မသိ လက်နက်ကိုင် အဖွဲ့မှ လာရောက် လုယက် ဓါးမြ တိုက်ခဲ့သည်။ ရွှေချိန် ၂ ပိဿာ ကျော်နှင့် မြန်မာငွေ သိန်း ၃ဝဝ ခန့် အလုအယက် ခံခဲ့ရကြောင်း ရွှေဆိုင်ပိုင်နှင့် ရင်းနှီးသည့် လုပ်ငန်းရှင် တဦးက ပြောသည်။

“ဟွန်ဒါကား ခဲရောင်နဲ့ မှန်တွေမှာ စတေကာ အမဲ တပ်ထားတဲ့ ကားနဲ့လာတယ်။ ဓါးမြ သုံးဦးက ကားပေါ်က ခုန်ဆင်း လာပြီး သေနတ် သုံးချက် ဖောက်ပြီး ဆိုင်ထဲကို ဝင်လာတယ်။ မျက်နှာဖုံးတွေ လက်အိတ်တွေ တပ်ထားတွေ တပ်ထားတော့ ရုပ်ကို မမြင်ရဘူး။ ပိုက်ဆံအိတ်ထဲမှာ ကျပ်သိန်းသုံးရာ ထည့်ထားတာ လုယူသွားတယ်။
ရွှေတွေကိုတော့ ယူလို့ ရသလောက် ကြုံးယူ သွားတယ်။ ဖြစ်စဉ်က ငါးမိနစ် လောက်တောင် မကြာဘူး။ နောက်ပြီး ကားနဲ့ ပြန်မောင်း ထွက်သွားတယ်” ဟု မဇ္ဈိမကို ပြောသည်။

2012/06/21

ဒုက္ခသည်များနေ့ ထိုင်းကျောင်းသားများ အခမ်းအနားတက်ရောက်လေ့လာ


ယနေ့ ဇွန်လ၂၀ရက်နေ့ ထိုင်းနိုင်ငံမယ်ဟောင်ဆောင်မြို့ရဲ့ မြို့တော်ခန်းမမှာ ကျင်းပတဲ့ ကမ္ဘာ့ ဒုက္ခသည်များနေ့ အခမ်းအနားကို ခါတိုင်းနှစ်တွေ ကျင်းပတဲ့ အခမ်းအနားတွေထက် ဒီနေ့မှာတော့ ထူးထူးခြားခြား ထိုင်းနိုင်ငံမှ ကျောင်းသူ/သားတွေက တက်ရောက်လေ့လာနေကြတယ်လို့ အခမ်းအနားကို တက်ရောက်တဲ့ NGO ဝန်ထမ်းတဦးက ပြောပါတယ်။

မယ်ဟောင်ဆောင် ဒု-မြို့ဝန်ကနေ သဘာပတိပြုလုပ်ပေးတဲ့ အခမ်းအနားကို မယ်ဟောင်ဆောင်အခြေစိုက် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နဲ့ အတူ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေနဲ့ ဒုက္ခသည်ကိုယ်စားပြု အာဏာပိုင်တွေ တက်ရောက်ကြပါတယ်။


ကမ္ဘာ့အနှံ့မှာ ရှိနေကြတဲ့ ဒုက္ခသည်တွေဟာ မိမိနိုင်ငံတွေကနေ ထွက်ပြေးနေကြရတယ် ဆိုတာတွေကို ကမ္ဘာကသိရှိစေရန် ရည်ရွယ်ပြီးယခုလို ကျင်းပနေကြရခြင်း ဖြစ်တယ်လို့ မယ်ဟောင်ဆောင်အခြေစိုက် UNHCR အကြီးအကဲ တဦးဖြစ်တဲ့ Protection Officer Naeem J.durrani ကပြောပါတယ်။

“ဒီဒုက္ခသည်တွေ အနေနဲ သူတို့ရဲ့နိုင်ငံအနေနဲ့ စွန့်ခွာလာရတဲ့ အကြောင်းရင်းက လူတွေအတော်များများက မသိကြပါဘူး တကမ္ဘာလုံးက လူတွေ နားလည်ဖို့အတွက် ကျနော်တို့တတွေ စည်းရုံး လုပ်ဆောင်နေရခြင်းပဲ ဖြစ်ပါတယ်။”

တပ်ရုတ်သိမ်းရေး အစိုးရတပ်နှင့် KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံမည်


ချင်းမိုင်(မဇ္စျိမ) ။      ။ မြန်မာအစိုးရတပ်မှ သက်ဆိုင်ရာ တပ်ကိုယ်စားလှယ်များနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးကြရန် ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲတွင် သဘောတူခဲ့ကြောင်း KIO ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ဝင်တဦးဖြစ်သည့် ဒု-ဗိုလ်မှူးကြီး ဂျီးနောင်က ပြောသည်။

ပြည်ထောင်စု မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့နှင့် ပညာရေးဌာနမှ တာဝန်ခံ ဆရာကြီး ဆွမ်းလွတ်ဂမ် ဦးဆောင်သော KIO ကိုယ်စားလှယ် ငါးဦးအဖွဲ့တို့ KIO ၏ တပ်မဟာ ၃ နယ်မြေ တရုတ်-မြန်မာနယ်စပ် မိုင်ဂျာယန်မြို့ရှိ မိုင်ဂျာယန် ဟိုတယ်တွင် သုံးနာရီကြာ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။

“စစ်တပ်နဲ့ပတ်သက်လို့ ဆွေးနွေးကြတယ်။ တပ်ရုပ်သိမ်းဖို့ ကျနော်တို့တပ်နဲ့ သူတို့ တပ်တွေ ဘယ်မှာ ဘယ်လိုတွေ့ကြ မယ်။ ဦးအောင်မင်းက အထက်လူကြီးတွေနဲ့ တင်ပြထားတဲ့ အကြောင်းတွေ။ မြေပုံက ဘယ်လို system သုံးတယ်။ သူတို့သုံးတဲ့ မြေပုံနဲ့ ကျနော်တို့ ဘယ်မြေပုံ ညှိပြီး ဘယ်နေရာမှာ ဘယ်လို ရွှေ့မယ်ဆိုတာ ထပ်ဆွေးနွေးကြမယ်” ဟု ဒုဗိုလ်မှူးကြီး ဂျီးနောင် က မဇ္ဈိမကို ပြောသည်။
တနိုင်းမြို့ရှိ ၆ မိုင်တံတားကျိုးကျပျက်စီး မှုကြောင့် ဒေသခံများ သွားလာရန်ခက်ခဲ    


20 June 2012  By KNG    

တနိုင်းမြို့အနီး ဂွေတောင်ချောင်း ၆မိုင်တံတားသည်  ဘိလပ်မြေတင် ဆောင်လာသော ဆယ်ဘီးကားကြီးဖြတ်သန်းစဉ်တွင် တံတားကျိုးကျပျက်စီးသွားခဲ့ရာ ဒေသခံများ သွားလာရေးအခက်ခဲဖြစ်နေကြသည်။

၎င်းတံတားသည် မေလ ၃၀ ရက်နေ့က ဘိလပ်မြေတင်ဆောင်လာ သော ဆယ်ဘီးကား ဖြတ်စဉ်တွင် ပျက်စီးသွားခဲ့ပြီး ကားနှင့်အတူ ကျိုးကျသွား ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

တံတားအသစ်ပြုပြင်ဆောက်လုပ်နိုင်ရန်အတွက် တနိုင်းမြို့နယ်အာဏာပိုင်များက ကားပိုင်ရှင် ဦးအေးသိန်းဆိုသူအား ဒဏ်ငွေအဖြစ် သိန်း ၂၀၀ ဆောင်ခိုင်းခဲ့ကြောင်း ဒေသခံများပြောသည်။

ဒေသခံများသည် တံတားမရှိသောကြောင့် သွားလာရန်အခက်ခဲဖြစ်နေသော်လည်း တံတားကိုမူ  ယခုချိန်ထိ ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသေးပဲ နွေရာသီ၌ သွားလာနိုင်ရန် ယာယီတံတားကိုသာ စီစဉ်ပေးခဲ့ကြောင်း တနိုင်း ဒေသခံတစ်ဦး ကချင်သတင်းဌာနသို့ ပြောသည်။

2012/06/18

ဖမ်းဆီးခံ ၉ဦးအား ကျောက်တော်မှ စစ်တွေသို့စစ်တပ်ခေါ်ဆောင်သွား
Written by မင်းသွီး    Sunday, 17 June 2012 14:14    PDF Print E-mail
538359 254755204628295 6363ss79421 nကျောက်တော်မြို့ စံကားတောင်ရွာတွင် ဘင်္ဂလီမူဆလင် အဓိကရုဏ်းကြောင့် ဖမ်းဆီးခံခဲ့ရသူ ၉ဦးအား ပြန်လည်လွှတ်ပေးရန် ကျောက်တော်လူထုက ယနေ့ တောင်းဆိုခဲ့သော်လည်း စစ်တပ်မှ ယနေ့ညနေတွင် ကျောက်တော်မှ စစ်တွေသို့ ခေါ်ဆောင် သွားကြောင်း သိရှိရသည်။
ဖမ်းဆီးခံ ၉ဦးအား ပြန်လွှတ်ပေးရန် ယနေ့နံနက် ၁၀နာရီခန့်က ကျောက်တော်မြို့ရှိ လူထု ၁၀၀၀ခန့်က တောင်းဆိုခဲ့ရာ နေ့လည် ၂း၄၅ နာရီ လူစုခွဲပြီးနောက်ပိုင်း၊ မြို့နယ်အုပ်ချူပ်ရေးမှူးရုံးတွင် အုပ်ချူပ်ရေးမှူးနှင့် မြို့မိ၊မြို့ဘများ ယင်းဖမ်းဆီးခံ ၉ဦးအား ပြန်လည်လွှတ်ပေးရန် ဆွေးနွေးနေချိန်တွင် စစ်တပ်မှလာပြီး ယင်း၉ဦးအား စစ်တွေသို့ စစ်ကားဖြင့် ခေါ်ဆောင်သွားကြောင်း သိရှိရသည်။
“အခုသူတို့ကို ဘာဖြစ်လို့ဖမ်းသွားတယ်၊ ဘာကြောင့်မလွှတ်ပေးတာလဲ ဘာမှမသိလိုက်ရဘူး။ စစ်တပ်က မတရားအားတင်တယ်၊ ခုဘာလုပ်ဖို့ စစ်တွေကို ခေါ်သွားတာလည်း ခုချိန်ထိ ကျနော်တို့မသိရသေးဘူး။ သူတို့ပြောတာတော့ ဒီမှာထားလို့မဖြစ်တော့လို့ ခေါ်သွားတာလို့ အုပ်ချူပ်ရေးမှူး ကပြောတယ်”ဟု ကျောက်တော်မြို့ခံတစ်ဦးမှ ပြောပြသည်။

2012/06/17

နော်ဝေရောက် မြန်မာနိုင်ငံသား တိုင်းရင်းသားလူမျိုးပေါင်းစုံနှင့် နိုဘဲလ်ငြိမ်းချမ်းရေးစင်တာ၌ သီးသန့်တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်း (ရုပ်သံ) 

2012/06/14

ကချင်ဒေသက စစ်ပွဲများ တနှစ်မြောက် ရုပ်သံမှတ်တမ်း


စစ်တွေတွင် တုတ်၊ဓါး လက်နက် မကိုင်ရ အမိန့်ထုတ်

 ဆူပူ အကြမ်းဖက်မူ ဖြစ်ပွားနေသော စစ်တွေတွင် တုတ်၊ ဓါး လက်နက်များ ကိုင်ဆောင်၍ လမ်းများပေါ်တွင် မသွားလာရဟု ယနေ့ နံနက်က အာဏာပိုင်များက အမိန့်ထုတ်ကြောင်း သိရသည်။
၎င်းအမိန့်ကို မြို့နယ် အုပ်ချုပ်ရေးမှူးက လက်မှတ်ထိုး ထုတ်ပြန်ခြင်း ဖြစ်ပြီး ယနေ့နံနက်က အသံချဲ့စက်ဖြင့် မြို့ကို ပတ်ကာ ကျေညာသွားသည်ဟု ဒေသခံ တစ်ဦးက ပြောသည်။
“ သူတို့က ဒီကနေ့ မနက်က ထပ်ပြီး ကားနဲ့ မြို့ကို ပတ်ပြီး အသံချဲ့စက်နဲ့ ကျေညာသွားပါတယ်။ နောက်က အချုပ်ကားတစ်စီးလည်း တွေ့တယ်ဗျာ။ အရင်က အရေးပေါ် ကျေညာထားပေမယ့် အခုမှဘဲ တုတ်ဓါးတွေကို ကိုင်ပြီး လမ်းပေါ် မသွားလာရ ဆိုပြီး အမိန့်ထုတ်တာကို တွေ့ရပါတယ်” ဟု ပြောသည်။
အာဏာပိုင်များ အနေဖြင့် စစ်တွေမြို့ပေါ်ရှိ ပြည်သူများ၏ အသက်အိုးအိမ်ကို ကာကွယ်စောင့်ရှောက်မူလည်း မပေးနိုင်သည့် အပြင် ယခုတခါ တုတ်ဓါးများကိုလည်း မကိုင်ဆောင်ရဟု အမိန့်ထုတ်သဖြင့် အာဏာပိုင်များ၏ လုပ်ရပ် အပေါ် မြို့ခံ ပြည်သူက နားမလည်အောင် ဖြစ်နေကြရသည်ဟု သူက ဆက်ပြောသည်။

2012/06/13


စစ်တွေအခြေအနေ မထိန်းနိုင်သေး



ဓာတ်ပုံ ASSOCIATED PRESS
ရခိုင်ပြည်နယ်၊ စစ်တွေမြို့က လူနေရပ်ကွက်တွေနဲ့ ကျေးရွာတွေမှာ ရုန်းရင်းဆန်ခတ်အခြေအနေ ဆက်ဖြစ်နေပြီး အိမ်တွေကို မီးရှို့တာတွေ၊ လူစုလူဝေးနဲ့ အကြမ်းဖက်ဖို့ ကြိုးစားကြတာတွေ ရှိနေဆဲပါ။ ရန်ကုန်မြို့ကနေ ရဲတပ်ရင်းတခု စေလွှတ် ပြီး အခြေအနေကို ထိန်းသိမ်းဖို့ ကြိုးစားနေပေမဲ့ မတည်မငြိမ် ဆက်ဖြစ်နေတာ ဖြစ်ပါတယ်။ ထောင်ပေါင်းများစွာသော ဒေသခံ တွေ ဒုက္ခ ရောက်နေကြပြီး သာမန် အရပ်သူ အရပ်သားတွေအနေနဲ့ လုံခြုံမှုနဲ့ အကူအညီတွေ အရေးပေါ် လိုအပ် နေပါတယ်။ ဒီအတော အတွင်း ကျောက်ဖြူမြို့မှာတော့ မသီတာထွေး အသတ်ခံရတဲ့အမှုကို ဒီကနေ့ ဆက်ပြီး ကြားနာ စစ်ဆေး ခဲ့ပါတယ်။ ဒီအခြေအနေ တွေကို ဘန်ကောက် VOA ရုံးခွဲကနေ ဆက်သွယ် မေးမြန်းထားတဲ့ ကိုကျော်ကျော်သိန်း က သတင်း ပေးပို့ထား ပါတယ်။
စစ်တွေမြို့မှာ ရခိုင်လူမျိုးတွေရဲ့ အိမ်တွေရော၊ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်တွေပါ မီးရှို့ခံနေကြရ တာဖြစ်ပြီး ဒီကနေ့ထိ ဆိုရင် အိမ်ခြေ ၄၀၀ နီးပါး မီးလောင်ကျွမ်းခဲ့ပြီးပြီလို့ အခြေအနေကို မပြတ်စောင့်ကြည့်နေတဲ့ ရခိုင်တိုင်းရင်းသားများ ဖွံ့ဖြိုး တိုးတက်ရေးပါတီ RNDP တာဝန်ရှိသူတဦးက ဗွီအိုအေကိုပြောပါတယ်။
 ရခိုင်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရခိုင်အရေး သတင်းစာရှင်းလင်းပွဲ (ရုပ်သံ)
Tuesday, June 12, 2012

နေပြည်တော်သို့ ခြေလျင်ချီတက် ဆန္ဒပြ ရွှေလုပ်သားများ တားဆီးခံရ

  
စံခလပူရီ (မဇ္ဈိမ) ။       ။ တပိုင်တနိုင် ရွှေတူးဖော်ခွင့် ပြည်လည် ရရှိရေးအတွက် ဆန္ဒပြသည့်အနေဖြင့် နေပြည်တော် သို့ ခြေလျင်ချီတက်နေကြသည့် ရမည်းသင်းမြို့ မိုးထိမိုးမိ ရွှေမှော်မှ အလုပ်သမား ၃,၀၀၀ ကျော်ခန့် ရွှေမြင်တောင် ဘုရားသို့ အရောက်တွင် လုံထိန်းနှင့် ရဲအင်အား ၆၀၀ ခန့်က ဝိုင်းရံလမ်းပိတ်ထားကြောင်း သပိတ်ခေါင်းဆောင် တဦးဖြစ်သူ ကိုသက်လွယ် က ပြောသည်။

“ကျနော်တို့ ရှေ့တည့်တည့်မှာပဲ လမ်းပိတ်ပြီး ရပ်နေကြတာပါ။ လက်နက် အပြည့်အစုံနဲ့ ဒိုင်းတွေ၊ ဝါးရင်းတုတ်တွေ ကိုင်ပြီး လမ်းပိတ် နေပါတယ်။ တာဝန် ရှိသူတွေက ကျနော်တို့နဲ့ လာရောက် ညှိနှိုင်းတာ မရှိသေးပါဘူး။ ကျနော်တို့ ဘက်ကလည်း စောင့်ကြည့်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

အဆိုပါ အလုပ်သမားများသည် မိုးထိမိုးမိ ရွှေလုပ်ကွက်မှ မိုင် ၁၀၀ ခန့် ကွာဝေးသည့် နေပြည်တော်သို့ ချီတက်ကြမည်ဖြစ်ကာ ရမည်းသင်းမှ မိုင်လေးဆယ်ခန့် အကွာ ရွှေမြင် တောင်ခြေသို့ (ခရီး သုံးပုံ တပုံ) အရောက်၌ အာဏာပိုင်များမှ ယခုကဲ့သို့ တားမြစ်ခဲ့ခြင်း ဖြစ်သည်။ ဆန္ဒပြ အလုပ်သမားများသည် မိုးထိမိုးမိ တောင်မှ တနင်္လာနေ့ နံနက်က စတင် ထွက်ခွာခဲ့ကြပြီး ရွှေမြင်တောင်သို့ ထိုနေ့ည ၈ နာရီခန့်တွင် ရောက်ရှိခြင်းဖြစ်သည်။
မောင်တောမြို့ အလယ်သံကျော်ရွာတွင် ဘင်္ဂလီမူဆလင်များ ထပ်မံအကြမ်းဖက်








Written by မင်းသွီး    Tuesday, 12 June 2012 08:23   


မောင်တောမြို့ အလယ်သံကျော်ရွာမှ နှစ်မိုင်လောက်ကွာဝေးသော သရီကုန်းဘောင်ရွာတွင် ဇော်မတတ် ကျောင်းအုပ် ဦးမောင်ချမ်းသာနှင့် ဇနီး ဒေါ်ပွင့်ခိုင်တို့မှာ ဘင်္ဂလီမူဆလင် ကျောင်းဆရာများ၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် သေဆုံးသွားကြောင်း သတင်းရရှိသည်။
“အဲဒီ ကျောင်းအုပ်ကြီးက ဘင်္ဂလီမူဆလင် ကျောင်းဆရာတွေကို ငယ်ငယ်လေးကတည်းက ၁၀ တန်း အောင်အောင် သင်ပေးလိုက်ပြီး၊ အခု သူ့ကျောင်းမှာ ကျောင်းဆရာလေးတွေ အဖြစ် ခန့်အပ်ထားတာ၊ အဲဒီကျောင်းအုပ်ကလည်း သူတပည့်တွေဘဲ ဘာမှ လုပ်မှာမဟုတ်ဘူးဆိုပြီး သရီကုန်းဘောင်မှာဘဲ နေနေတာ”ဟု ထွက်ပြေးလာသော အလယ်သံကျော်မှ ကျောင်းဆရာ၊ ဆရာမများက ပြောပြသည်။
ယခုအချိန်တွင် အလယ်သံကျော်ရွာ၌ လုံခြုံရေး စိတ်မချရ၍ ကျောင်းဆရာ၊ ဆရာမများ၏ မိသားစု စုစုပေါင်း ၄၅ ဦးကို ရဟတ်ယဉ်ဖြင့် အလယ်သံကျော်မှ စစ်တွေမြို့သို့ ခေါ်ဆောင်ခဲ့ပြီး၊ စစ်တွေမြို့ အ.ထ.က(၄)ကျောင်းတွင် နေရာချပေးထားသည်ဟု သိရှိရသည်။ အလားတူ ကျောင်းဆရာ၊ ဆရာမ မိသားစု ၃၃ ဦးကို ဘူးသီးတောင်မှ စစ်တွေသို့ ရွှေပြည်တန် အမြန်ရေယဉ်ဖြင့် ခေါ်ဆောင်ခဲ့ကြောင်း သတင်းရရှိသည်။
copy rights_http://arakantimes.net/burmese

2012/06/12


မြန်မာနိုင်ငံသား တစ်ဦး ဘင်္ဂလာဒေခ်ျ့ ဆေးရုံ တစ်ခုတွင် ဒဏ်ရာဖြင့် ဖမ်းဆီးခံရ

June 11, 2012 at 7:35 am 
သေနတ်ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက် ကုသနေသော မြန်မာနိုင်ငံသား တစ်ဦးကို ဘင်္ဂလာရဲက လွန်ခဲ့သော စနေနေ့က ဖမ်းဆီးလိုက်သည်။
မြန်မာနိုင်ငံ အနီးတွင် တည်ရှိသော ကော့စ်ဘဇား (ဖလောင်းချိတ်) အစိုးရ ဆေးရုံတွင် တက်ရာက် ကုသနေစဉ် ဖမ်းဆီးခြင်း ဖြစ်ကြောင်း ကော့စ်ဘဇား အွိုင်လိုင်း သတင်းပုဒ်တွင် ဓါတ်ပုံနှင့် တကွ ဖေါ်ပြသည်။
ဘင်္ဂလာရဲက သေနတ် ဒဏ်ရာဖြင့် ဆေးရုံ တက်ရောက်ကုသနေသူ မစ္စတာ ဆော်လိမ် ဆိုသူအား  သူ့၏ မိခင် ဖြစ်သူနှင့် အတူ ဖမ်းဆီးပြီး ရဲစခန်းသို့ ယူဆောင်သွားကာ ရဲစခန်းတွင် အမူဖွင့် တရားစွဲဆိုခဲ့သည်ဟု ဆိုသည်။ ၎င်းနောက်ပိုင်း မစ္စတာ ဆော်လိမ်အား လက်ထိပ်ခတ်ကာ အစောင့် အရှောက် များဖြင့်  ဆေးရုံတွင် ပြန်လည် ဆေးကုသ ပေးနေသည်ဟု သတင်းတွင် ဖေါ်ပြသည်။
ယမန်နေ့  တနင်္ဂနွေနေ့က မိခင် ဖြစ်သူအား ကော့စ်ဘဇား ခရိုင် တရားရုံးတွင် နိုင်ငံခြားသား အမူနှင့် ရဲက ရုံးတင် တရားစွဲခဲ့သည်ဟု သိရသည်။ မြန်မာ အိမ်နီးချင်းနိုင်ငံ ဘင်္ဂလာဒေခ်ျ့တွင် သောကြာနှင့် စနေ နေ့များမှာ အစိုးရ ရုံးပိတ်ရက်ဖြစ်ပြီး တနင်္ဂနွေနေ့မှာ ရုံးဖွင့်ရက် ဖြစ်သည်။
မြန်မာ အစိုးရမှ မြန်မာနိုင်ငံ အနောက်ဘက်နယ်စပ် မောင်တောမြို့တွင် ဆူပူမူများကို တဘက်နိုင်ငံမှ သေနတ်ကိုင် လူတချို့မှ ၀င်ရောက်ပြီး ကျူးလွန်ခြင်း ဖြစ်ကြောင်း စွပ်စွဲ ပြောဆိုသည်ဟု  အေအက်ဖ်ပီ သတင်း တပုဒ်တွင် ဖေါ်ပြထားသည်။
စစ်တွေမြို့ နောက်ဆုံးရသတင်းများ
Written by ရခိုင်သွီး    Monday, 11 June 2012 10:01   


181251 233121373473844 2030195574 n
imagesနေ့လည် ၁၂ နာရီသတင်း
စစ်တွေမြို့တစ်ဖက်ကမ်းရှိ ရခိုင်တိုင်းရင်းသားများနေထိုင်သော ဗျိုင်းဖြူရွာကို သံတော်လီရွာနှင့် တခြားဘင်္ဂလီမူဆလင်များက ပူပေါင်းပြီးတိုက်ခိုက်ရာ ဗျိုင်းဖြူရွာသား ၃ ဦးမှာ ဘင်္ဂလီမူဆလင် သေနတ်လက်ချက်ကြောင့် သေဆုံးသွားကြောင်း သိရှိရသည်။
သေဆုံးသွားသော ဗျိုင်းဖြူရွာသား ၃ ဦးကို ဘင်္ဂလီမူဆလင်များက ယူဆောင်သွားသောကြောင့် ရွာသားများမှာ အလောင်ကိုပြန်ရရေးအတွက် အခက်အခဲဖြစ်နေကြောင်းကိုလည်း ဒေသခံတစ်ဦးကပြောသည်။
“ အခုသေဆုံးသွားသော အလောင်း ၃ လောင်းကို ပြန်ရရန် အခက်အခဲဖြစ်နေပါတယ်။ အခင်းဖြစ်ချိန်မှာ လုံထိန်းများအင်းအားကလည်း မမျှတပါ။ အလောင်းများကိုပြန်ရအောင်နှင့် လက်ရှိဗျိုင်းဖြူရွားသားများကို ကာကွယ်ရန် လုံထိန်းများနောက်ထပ် အင်အားအရေးတကြီးလိုအပ်နေပါတယ်။ ” ဟု သိရသည်။
ညနေ ၃ နာရီခွဲသတင်း
ညနေသုံးနာခွဲခန့်အချိန်တွင် လက်နက်များပါသည်ဟု ယူဆရသော ဘင်္ဂလီမူဆလင်များ မောင်းနှင်လာတဲ့ ဘုတ်ကြီးတစ်စင်းသည် ကမ်းကပ်ရန်ကြိုးစားရာ စစ်တွေမြို့ ရှုခင်းသာလမ်း သုံးခွဆုံတွင် လုံခြုံရေးယူနေသော ရခိုင်တိုင်းရင်းသားများမှ ကမ်းမကပ်နိုင်ရန် လိုက်လံမောင်းထုတ်ရာ ၄င်းဘုတ်ကြီးသည် ပင်လယ်သို့ အလျှင်အမြန် မောင်းထွက်သွားကြောင်းကိုလည်း သိရှိရသည်။
ရခိုင်ပြည်နယ်ရဲ့ အဓိကမြို့တစ်မြို့ဖြစ်သော စစ်တွေမြို့သည် အခု ဘင်္ဂလီမူဆလင် အကြမ်းဖက်မှုကြောင့် မြို့တွင်းရှိ ရခိုင်တိုင်းရင်းသားများမှာ လုံခြုံမှုအလွန်နည်းသဖြင့် အသက်အန္တရာယ်များကိုပါ အလွန်စိုးရိမ်နေရကြောင်းကိုလည်း သိရှိရသည်။ မောင်တောပြဿနာများသည် စစ်တွေမြို့သာမက ရခိုင်တစ်ပြည်နယ်လုံးကိုပါ အန္တရာယ်ရှိလာနိုင်ဖွယ်ဖြစ်၍ သက်ဆိုင်ရာအာဏာပိုင်များနှင့် အကြီးအကဲများက အကြမ်းဖက် ဘင်္ဂလီမူဆလင်များကို ထိထိရောက်ရောက် လုပ်ဆောင်ပေးမည့် အချိန်ကျရောက်နေပြီဖြစ်ကြောင်းလည်း ဒုက္ခရောက်နေကြသော စစ်တွေမြို့ဒေသခံများက ပြောဆိုနေကြသည်။
copy rights_http://arakantimes.net/burmese

2012/06/11

ရခိုင်ပြည်နယ် တွင် ဖြစ်ပေါ်နေသော လက်ရှိအခြေအနေ မှတ်တမ်း ဓါတ်ပုံ
copy from Facebook Eleven Media
ဘင်္ဂလီရိုဟင်ဂျာများ ဆက်လက်ချီတက်လာပြီး မီးလောင်မှုများဆက်တိုက်ဖြစ်ပေါ်နေ 
Written by မင်းသွီး    Sunday, 10 June 2012 11:06   

စံပြ197675 394569960580633 473899070 nရပ်ကွက်နှင့် အောင်ဒိုင်ကျေးရွာဘက်မှ ဘင်္ဂလီရိုဟင်ဂျာများသည် စစ်တွေမြို့ဘက်သို့ ဒုတ်၊ ဓါးများကိုင်ဆောင်၍ ချီတက်လာခြင်းကြောင့် ၄င်းတို့ကို ပိတ်ဆို့ ကာကွယ်ရန် လုံခြုံရေး အင်အားများ လိုအပ်နေကြောင်း သတင်းရရှိသည်။
“အခု ကျနော်တို့က တရားသီးစုရပ်ကွက်မှာ အဲဒီဘင်္ဂလီတွေ သူတို့အိမ်ကို သူတို့ မီးရှို့ပြီး ရခိုင်အိမ်တွေဆီ မီးကူးအောင်လုပ်နေတာကို သွားရောက်တားဆီးနေရင်း စံပြရွာနဲ့ မင်းဂံရပ်ကွက်တွေမှာ အောင်ဒိုင်ကျေးရွာနဲ့ စံပြရွာအနီးအနားမှာရှိတဲ့ ကုလားတွေ ချီတက်လာတဲ့အတွက်ကြောင့် လုံခြုံရေးအင်အား လိုနေတယ်လို့ ဖုန်းဆက်လာတယ်၊ အခု လုံခြုံရေးတွေ အဲဒီကိုသွားနေပါတယ်”လို့ လုံခြုံရေးတပ်ဖွဲ့တွေနဲ့ ပါဝင်ကူညီနေသော စစ်တွေမြို့ဒေသခံ လူငယ်တစ်ဦးကပြောပြသည်။
မင်းဂံရပ်ကွက် အကွက်(၁၃)တွင် ဘုန်းကြီးကျောင်းအား ဘင်္ဂလီရိုဟင်ဂျာများ မီးရှို့ဖျက်ဆီးရန်လုပ်နေခြင်းကို ရခိုင်များ ဓါးဖြင့် ရင်ဆိုင်ကာကွယ်ကြသော်လည်း အင်အားမမျှသဖြင့် ရခိုင် ၃ ဦး ဒဏ်ရာအပြင်းအထန်ရပြီး ဘုန်းကြီးကျောင်းနှင့် ရခိုင်အိမ် ၃ အိမ် မီးလောင်သွားကြောင်း သိရှိရသည်။ စစ်တွေမြို့ ရပ်ကွက်များတွင် အလျှိုလျှိုမီးလောင်မှုများ ဖြစ်ပေါ်လျက်ရှိကြောင်းလည်း သိရှိရသည်။
ဘင်္ဂလီရိုဟင်ဂျာများသည် စစ်တွေမြို့ပတ်ပတ်လည် ချောင်းကြောင်းတစ်လျှောက် ရခိုင်အိမ်များကို မီးရှို့ပြီး ရေမော်တော်ပေါ်သို့ ဆင်းပြေးသွားကြကြောင်း သိရှိရပြီး မီးရှို့သော ဘင်္ဂလီရိုဟင်ဂျာ လူငယ်တစ်ဦးကို ဖမ်းမိထားကြောင်း နောက်ဆုံး ဆက်သွယ်မေးမြန်းချက်အရ သတင်းရရှိသည်။
copy rights_http://arakantimes.net/burmese
သမ္မတဦးသိန်းစိန်၏ တနင်္ဂနွေည ၈ နာရီ ရုပ်သံလွှင့် မိန့်ခွန်း (၁၀-၆-၂၀၁၂)
 
Type your summary here. Type the rest of your post here.

2012/06/10

 ရခိုင် အဓိကရုဏ်း အစိုးရမှ တရားဝင် ထုတ်ပြန်မှုများ(အထူးထုတ်ပြန်ချက်)
Saturday, 09 June 2012
ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်
မောင်တောမြို့ရှိ ပရဟိတကျောင်း၊ အောင်မြေဗောဓိကျောင်း၊ ဗဟိုကျောင်းတို့၌ ကယ်ဆယ်ရေး စခန်းသုံးခု ဖွင့်လှစ်၍ ဒေသခံ ပြည်သူလူထုများအား ကယ်ဆယ်နေရာချထားပေးရေး အစီအစဉ် များကို ဆောင်ရွက် နေပါသည်။ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည် နေရာချထားရေး ဝန်ကြီးဌာနမှ ထောက်ပံရေး ပစ္စည်း ၃. ၃ တန် ပေးပို့ ထောက်ပံ့ ထားပါသည်။ ကာကွယ်ရေး ဝန်ကြီးဌာနမှလည်း ကယ်ဆယ်ရေး ပစ္စည်း (၂) တန်ကျော်အလေးချိန်ရှိ ဘေထုပ် (၅၀) အားပေးပို့ ထောက်ပံ့ ထားပါသည်။ ဆက်လက် ပေးပို့ သွားရန် ရှိပါသည်။
ကျန်းမာရေး စောင့်ရှောက်မှု အကူအညီပေးရေး
ကာကွယ်ရေး ဝန်ကြီးဌာနမှ ကျန်းမာရေး ဝန်ထမ်း (၃၂) ဦး နှင့် ကျန်းမာရေး ဝန်ကြီးဌာနမှ အဖွဲ့ဝင် (၁၀) ဦးပါ ဆေးကုသရေး အဖွဲ့ တစ်ဖွဲ့ ယနေ့ မောင်တောမြို့သို့ ရောက်ရှိ၍ ကျန်းမာရေး စောင့်ရှောက်မှု အစီအစဉ်များ လုပ်ဆောင်နေလျက် ရှိပါသည်။
အခြေအနေ ထိန်းသိမ်းနိုင်ရန် တာဝန်ရှိသူများ ရောက်ရှိ ၊ စစ်ရေးအရ နေရာယူထား
ထိုပဋိပက္ခ ဖြစ်ပွားနေသည့် ဒေသသို့ တည်ငြိမ်အေးချမ်းမှုနှင့် တရားဥပဒေ စိုးမိုးမှုအား ထိန်းသိမ်းနိုင်ရန် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး လှမင်း၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြည်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဖုန်းဇော်ယု မောင်တောသို့ ရောက်ရှိ၍ အခြေအနေ ကွပ်ကဲနေ။ တပ်မတော်ရေမှ စစ်ရေယာဉ်အချို့ မောင်တောမြို့နယ် အနောက်ဖက် မြန်မာ့ရေပြင် ပိုင်နက်တွက် မသမာသူများ ဝင်ရောက်မလာစေရန်ကင်းလှည့် နေလျက်ရှိသည်။အခြေအနေတည်ငြိမ်စ ပြုနေသည့် မောင်တောမြို့အား နယ်မြေခံ တပ်မတော် တပ်ရင်းမှ စစ်တပ်၊ ရဲ၊ လုံထိန်းက အနီမှတ် (အသင့်) အနေအထားတွင် စောင့်ကြည့်၍ အခြေအနေအား ထိန်းသိမ်းနေသည်။

မောင်တောလုံခြုံရေး တပ်မတော် အာမခံ

Hits: 10,475


ဇွန် ၈ ရက် မောင်တောတွင် ဆူပူသူများနှင့် လုံခြုံရေးတပ်ဖွဲ့များ ထိပ်တိုက် ရင်ဆိုင်နေစဉ် (ဓာတ်ပုံ - မှူးဇော်၏ Facebook)
အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယနေ့ ရောက်ရှိလာသည့် ကာကွယ်ရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး လှမင်းက နယ်မြေလုံခြုံရေး တပ်မတော်က ကာကွယ်ပေးထားပြီဖြစ်၍ ပူပန်စရာ မလိုတော့ကြောင်း ဒေသခံ တိုင်းရင်းသားများကို ကတိပေးပြောဆို သွားသည်။
ယမန်နေ့က ဆူပူအကြမ်းဖက်သူများက မောင်တော မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ရခိုင်နှင့် အခြားတိုင်းရင်းသားများ၏ ကျေးရွာ ၂၀ ခန့်နှင့် မြို့ပေါ်ရှိအဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး မြို့ခံရဲများက တားဆီးနေသည့်ကြားမှ ရခိုင်နှင့် အခြားတိုင်းရင်းသား ၅ ဦးထက်မက သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။
မွတ်ဆလင် အများစုနေထိုင်သော ယင်းဒေသတွင် လူနည်းစုဖြစ်သော တိုင်းရင်းသားများမှာ အိုးအိမ်ပျက်ဆီးမှု၊ အသက်အန္တရာယ် စိုးရွံ့မှုများကြောင့် မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းနှင့် အစိုးရ အဆောက်အဦး တို့တွင် ခိုလှုံနေကြပြီး ထိုဒုက္ခသည်များကို ဒူ-ဗိုလ်ချုပ်ကြီးလှမင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်များက ယနေ့ လာရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။
“လုံခြုံရေးတွေကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ နောက်ထပ် ဒီလိုမျိုး မဖြစ်အောင်လို့ လုံထိန်းအင်အား၊ တပ်အင်အားတွေကို မြှင့်တင်ပေးမယ်ပေါ့။ ဒီလူတွေ အတွက်လည်း မပူနဲ့ စားစရာ သောက်စရာတွေလည်း ပေးမယ်လို့ ဗိုလ်ချုပ်လှမင်းက ပြောသွားတယ်” ဟု မောင်တောရှိ အလိုတော်ပြည့်ကျောင်း ဆရာတော် တပါးက ဧရာဝတီသို့ မိန့်ကြားသည်။

အစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး လုပ်ငန်းစဉ် KNU ပြန်လည်သုံးသပ်

ဇွန်လ ၉ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

မြန်မာအစိုးရနှင့် တွေ့ဆုံဆွေးနွေးခဲ့သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်သော အရေးပေါ် အစည်းအဝေးတရပ်ကို ကရင်အမျိုးသား အစည်းအရုံး-KNU က ၎င်းတို့ထိန်းချုပ်နယ်မြေ ကရင်ပြည်နယ်အတွင်း တနေရာတွင် ဇွန်လ ၄ရက်နေ့မှ ၇ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် KNU ဗဟိုကော်မတီ အဖွဲ့ဝင် (၃၃)ဦးနှင့် အထူးဖိတ်ကြားထားသည့် ကိုယ်စားလှယ် (၂)ဦး တက်ရောက်ခဲ့ပြီး ကရင်အမျိုးသားများ၏ တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ပေါ်တွင် အခြေခံသည့် စစ်မှန်သော ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်လျက် လက်ရှိတွေ့ဆုံဆွေးနွေးမှုလုပ်ငန်းစဉ်ကို ပြန်လည်သုံးသပ် ခဲ့သည်ဟု KNU က ပြောသည်။

KNU အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “အရင်(အစိုးရနဲ့ ဒုတိယအကြိမ်)က တပ်ကိစ္စ ဆွေးနွေးဖို့ ရှိပေ မယ့် အပေါ်ယံ ညှိနှိုင်းမှုတွေပဲ လုပ်ခဲ့ရတယ်။ အခု လာမယ့်ကာလမှာ စစ်တပ်တွေရဲ့ လိုက်နာရမယ့် နယ်မြေ သတ်မှတ်ရရေးအတွက် ဘယ်လိုလုပ်ကြမလဲ စတာတွေပေါ့။ နောက် အစိုးရဘက်က တပ်ပိုင်းဆိုင်ရာမှာ အဆုံးအဖြတ်ပေးနိုင်တဲ့ ပုဂ္ဂိုလ်ပါဖို့ တောင်းဆိုရမှာပဲ။ ဒါပေမယ့် အစိုးရနဲ့ ထပ်တွေ့ဖို့က ဒီလထဲမှာတော့ မသေချာဘူး။”ဟု ကေအိုင်စီသို့ ပြောသည်။
KNU Statement regarding negotiation peace talk

 KNU Statement regarding negotiation peace talk

2012/06/09

မောင်တောအခြေအနေ အာဏာပိုင်များက မထိန်းနိုင်ဖြစ်နေ

မောင်တောမြို့တွင် ဖြစ်ပျက်နေသော အခြေအနေကို အာဏာပိုင်များက သေနတ်များ အဆက်မပြတ် ပစ်ပြီး လူစုခွဲသော်လည်း မထိန်းသိမ်းနိုင်ဘဲ ဖြစ်နေကြောင်း သိရသည်။
ရွှေသဇင် တည်းခိုခန်း အပါအ၀င် ရခိုင်အိမ် အမျာအပြား မီးရှို့ခံနေရပြီး အခြေအနေမှာ အထူး ဆိုးရွားနေကြောင်း သိရသည်။
ယခုအခါ လုံထိန်းနှင့် ရဲများက ဆူပူလိုသူများကို ချိန်ရွယ်ပြီး တိုက်ရိုက် ပစ်ခတ်နေပြီ ဖြစ်ကြောင်း သိရသည်။
သေဆုံးမူများလည်း စတင် ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ အိမ်အများအပြား မီးလောင်နေတုန်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။
လောလောဆယ် အခြေအနေ ရှုတ်ထွေးနေသဖြင့် သတင်းများကို နောက်မှ ပေးပို့မည်ဟု ဒေသခံ တစ်ဦးက ဖုံးထဲက တဆင့် ပြောသည်။
http://www.narinjara.com/burmese/?p=663

2012/06/08

ဆန္ဒပြပွဲများကြောင့် သမ္မတကြီး ထိုင်းခရီးစဉ်ဖျက်ရ ဟုဆို

 
နယူးဒေလီ (မဇ္ဈိမ) ။       ။ သမ္မတ ဦးသိန်းစိန် အနေဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပခဲ့သည့် အရှေ့ အာရှရေးရာ ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် ခရီးစဉ်အား ရွှေ့ဆိုင်းလိုက်ရခြင်းမှာ ထိုရက်ပိုင်းအတွင်းဖြစ်ပွားနေသည့် အလုပ်သမား အခွင့်အရေး၊ လျှပ်စစ်မီး အလုံအလောက် ရရှိရေး ဆန္ဒပြပွဲများအား အေးချမ်းစွာဖြေရှင်းပေးနိုင်ရန်အတွက် ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

“ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှု များကို အနီးကပ် ကြီးကြပ် လမ်းညွှန်မှု ပေးနိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်း ရခြင်း ဖြစ်ပါကြောင်း” နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် က ဇွန်လ ၅ ရက်နေ့က ထိုင်းနိုင်ငံခြားရေးဝန်ကြီးအား တယ်လီဖုန်းဖြင့် ဖြေကြားအကြောင်းပြန်ခဲ့သည်ဟု ဇွန်လ ၇ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

သမ္မတသည် ထိုရက်ပိုင်းအတွင်း ထိုင်းနိုင်ငံ ခရီးစဉ် နှစ်ကြိမ် ပယ်ဖျက်ခဲ့ရသည်။ ပထမ အကြိမ်မှာ မေလ ၃ဝ ရက်နေ့ တွင် သွားရောက်ရန်ဖြစ်ပြီး ရွှေ့ဆိုင်းလိုက်ကာ ဇွန်လ ၄ ရက်တွင် အလည်အပတ် သွားရောက်ရန် စီစဉ်ထားသော် လည်း ထပ်မံရွှေ့ဆိုင်းလိုက်ရခြင်း ဖြစ်သည်။

သို့သော် ထိုင်းခရီးစဉ်ကို နှစ်ဖက် အဆင်ပြေချိန် ညှိနှိုင်းပြီး သွားရောက်နိုင်ရေးအတွက် စီစဉ်သွားမည်ဟု ဦးဝဏ္ဏမောင်လွင် က ပြောသည်။

ကျပ်တသောင်းတန် ငွေစက္ကူ ထုတ်မည်

တသောင်းတန် ငွေစက္ကူအသစ်။
မြန်မာနိုင်ငံမှာ ကျပ်တစ်သောင်းတန် ငွေစက္ကူ သစ်တွေကို လာမယ့် ဇွန်လ ၁၅ ၇က်နေ့မှာ စတင်ထုတ်ဝေ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခုလို  ငွေစက္ကူသစ် ထုတ်ဝေတဲ့အတွက် ငွေကြေး ဖောင်းပွလာမှုတွေ ဖြစ်လာနိုင်မလား ဆိုတဲ့ စိုးရိမ်ချက်တွေ ရှိနေပေမဲ့ ဗဟိုဘဏ် တာဝန်ရှိသူကတော့ နိုင်ငံမှာ ငွေကြေးဖောင်းပွမှုတွေ ဖြစ်မလာအောင် ထိန်းသိမ်း ဖြန့်ချိသွားမှာ ဖြစ်တယ်လို့ ဗွီအိုအေ မြန်မာပိုင်းကိုပြောပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံမှာ တန်ဖိုးအကြီးဆုံး ငွေစက္ကူအဖြစ် ကျပ်တစ်သောင်းတန်တွေကို လာမယ့် ဇွန်လ ၁၅ ရက် သောကြာနေ့မှာ စတင် ဖြန့်ချိ သုံးစွဲတော့မှာ ဖြစ်ပါတယ်။ အခု တစ်သောင်းတန် ငွေစက္ကူတွေကို ဗဟိုဘဏ် ငွေကြေးဌာနတွေနဲ့ ဘဏ်တွေမှာရော၊ အစိုးရငွေတိုက်ကပါ စတင် သုံးစွဲတော့မှာ ဖြစ်တယ်လို့ ဗဟိုဘဏ် ဒုတိယဥက္ကဌ ဦးအေးသော်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။

2012/06/07

မြန်မာ့ပြုပြင်ပြောင်းလဲမှု သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို သမ္မတ လီမြောင်ဘတ် တိုက်တွန်း

2012-06-06
မြောက်ကိုရီးယား အနေနဲ့ မြန်မာနိုင်ငံက နိုင်ငံရေး ဖြစ်ပေါ်တိုးတက်မှုတွေကို သင်ခန်းစာယူပြီး တိုင်းပြည်ကို အမှောင်ချထားရာကနေ ရုန်းထွက်ဖို့ တောင်ကိုရီးယားသမ္မတ Lee Myung-Bak က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
Hmuu Zaw, Myanmar President’s Office
၂၀၁၂ ခုနှစ် မေလ ၁၄ ရက်က တောင်ကိုရီးယား သမ္မတ Lee Myung-bak နှင့် သမ္မတ ဦးသိန်းစိန်တို့ နေပြည်တော်တွင် တွေ့ဆုံစဉ်။
ဒီကနေ့ ကျရောက်တဲ့ တောင်-မြောက်ကိုရီးယား နှစ်နိုင်ငံ စစ်ပွဲကာလအတွင်း သေဆုံးသွားကြသူ စစ်သည်တွေအတွက် အောက်မေ့ဘွယ်အခမ်းအနားမှာ သမ္မတ လီမြောင်ဘတ်က အဲဒီလို မြန်မာနိုင်ငံက အတွေ့အကြုံကို သင်ခန်းစာယူဖို့ မြောက်ကိုရီးယားကို တိုက်တွန်းလိုက်တာပါ။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေဟာ "ရှောင်လွှဲလို့မရတဲ့ လမ်းကြောင်းအတိုင်း" သွားနေတာ ဖြစ်တယ်လို့လည်း သမ္မတ လီမြောင်ဘတ်က ပြောပါတယ်။
မြန်မာနိုင်ငံဟာ အတိတ်မှာတုန်းက မြောက်ကိုရီးယားလိုပဲ နိုင်ငံတကာနဲ့ အဆက်အသွယ် ဖြတ်တောက်ထားတာရယ်၊ ဆိုရှယ်လစ်စနစ် စီးပွားရေး စနစ်ကျင့်သုံးခဲ့တာရယ်ကြောင့် လူတစ်ဦးချင်းစီရဲ့ ပျမ်းမျှဝင်ငွေဟာ အမေရိကန် ဒေါ်လာ ၇၀၀ လောက်သာ ရှိခဲ့ကြောင်း ထည့်သွင်းပြောခဲ့ပါတယ်။

ပြည်တော်ပြန်ရန် စဉ်းစားနေကြပါသလား



မြန်မာပြည်ကို ပြန်ပြီးရင်းနှီးချင်တယ်။ လုပ်ငန်းလုပ်ချင်တယ်။ နောက်ဆုံး ကုန်ကုန်ပြောရရင် မလုပ်သင့်တဲ့ ငွေတိုးချေးစားချင်တယ်ဆိုတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားများစွာ တွေဝေ၊ စဉ်းစားနေချိန်ဖြစ်ပါတယ်။ ပြည်ပမှာ အဆင်ပြေနေသူအများစုကတော့ မြန်မာပြည်ပြန်လုပ် ဖို့ဆိုတာ စဉ်းစားချိန်တောင်မှ ရမှာမဟုတ်ပါဘူး။


ပြည်တော်ပြန်လိုပါက ကျွန်ုပ် အကြံတခုပေးလိုပါသည်။ မိမိတယောက်တည်း အတတ်ပညာ၊ ငွေအရင်းအနှီးများဖြင့် ပြန်မည့်အစား၊ ပြည်ပ တွင် ၀ါသနာတူသော အဖွဲ့အစည်းတခုရှိနေရန် Group လိုအပ်ပါသည်။ မြန်မာပြည်သားများကို သင်ကအသုံးချရန် အကြံဖြင့်လာပါက၊ ပြည်တွင်းမှ မြန်မာများက သင့်ကိုအသုံးချသွားမည်သာဖြစ်သည်။ ထို့ကြောင့် ပြည်ပကုမဏီများ မြန်မာပြည်လာရောက်လုပ်ကိုင်ပါက သူတို့ ကုမ္ပဏီဝန်ထမ်းများဖြင့်သာ လာကြပါသည်။ ပြည်တွင်းမှမြန်မာများနှင့် ဖက်စပ်မလုပ်လိုကြပါ။ စပ်တူလုပ်ငန်းလုပ်ပါက အများအားဖြင့် တ ဦးက မောင်ပိုင်စီးသွားလေ့ရှိကြောင်း လူတိုင်းသိပါသည်။
 
• နိုင်ငံအတွက် နိုင်ငံခြားငွေရှာဖွေခြင်းအကြောင်း
FDI Foreign Investment ဆိုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုရင် လူပိန်းအတွေးအရ သူဌေးနိုင်ငံတွေက ဆင်းရဲတဲ့နိုင်ငံတွေဆီ လာရောက်ရင်း နှီးမြှုပ်နှံတယ်လို့ ထင်မိမယ်။ မဟုတ်ပါဘူး။ ကမ္ဘာ့ထိပ်တန်း နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရတဲ့နိုင်ငံဟာ သူဌေးနိုင်ငံတွေပဲ ဖြစ်ပါတယ်။ အမေရိကန်ဟာ Top နေရာကိုယူထားပါတယ်။ နိုင်ငံတစ်နိုင်ငံမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုတာမရှိရင် အဲဒီနိုင်ငံတော့ မလွယ်တော့ဘူးလို့ ပြောရပါမယ်။ ကမ္ဘာ့အချမ်းသာဆုံးဆိုတဲ့ အမေရိကန်ကို နိုင်ငံခြားကကုမ္ပဏီများ လာရောက်ရင်းနှီးဆုံးနေဆဲပါတယ်။ ၀ီကီမှာကြည့်တဲ့အခါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးရတဲ့ နံပါတ်အစဉ်လိုက်နိုင်ငံများဟာ အမေရိကန်၊ ပြင်သစ်၊ အင်္ဂလိပ်၊ ဂျာမဏီ၊ ဟောင်ကောင် (တရုတ် ပြည် တိုက်ရိုက်မလာလိုသူများ ဟောင်ကောင်မှတဆင့် ရင်းနှီးမြှုပ်နှံပါတယ်)၊ ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ စပိန်၊ တရုတ် ..စသည် တို့ဖြစ်ပါတယ်။ စင်ကာပူက အဆင့် ၁၇ မှာရှိပြီး၊ ဂျပန်က အဆင့် ၂၀၊ ထိုင်းနီုင်ငံ အဆင့် ၂၈၊ တောင်ကိုးရီးယား အဆင့် ၂၉၊ အင်ဒိုနီးရှား အဆင့် ၄၁၊ ဗီယက်နမ် အဆင့် ၄၃ ရှိကြပါတယ်။ Ref Web: http://en.wikipedia.org/wiki/List_of_countries_by_received_FDI

2012/06/06


KNU လက်ရှိ တပ်မဟာ(၅)နယ်မြေအခြေနေ။

ငြိမ်းချမ်းရေးလက်မှတ်ထိုးပြီးသော်လည်း မြန်မာစစ်တပ်ကတော့ အရင်ကလိုဘဲ လက်နက်အင်အား၊ လူအင်အားတိုးမြဲ။ ကိုယ်ဘက်ကလဲငြိမ်းချမ်းရေးလက်မှတ်ထိုးထားတာကြောင့် သေနတ်မပေါက်ရဲ ဖြစ်နေရတဲ့ တပ်မဟာ (၅)အခြေနေပါ။

"အခြေအနေကတော့ သိပ်မကောင်းဘူး" ဘောကျော်ဟဲ (KNLA တပ်မဟာ ၅ မှူး)


သောသီခို မှ တဆင့် ကူးယူဖော်ပြသည်။

ရန်ကုန်မြို့လယ် အစ္စလာမ်ဘာသာဝင်တချို့ဆန္ဒပြ ရဲတပ်ဖွဲ့က အခြေအနေထိန်းသိမ်း

2012-06-05
တောင်ကုတ်မြို့မှာ အစ္စလာမ်ဘာသာဝင်တချို့အသတ်ခံရတဲ့ကိစ္စနဲ ပတ်သက်ပြီး ဥပဒေအရ စုံစမ်းအရေးယူပေးဖို့ ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီ အစ္စလာမ်ဗလီ ရှေ့မှာ ဒီကနေ့ မွန်းလွဲပိုင်းက စုဝေးဆန္ဒပြပွဲတရပ် ဖြစ်ပွားခဲ့ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းခဲ့လို့ အေးအေးချမ်းချမ်း ပြီးဆုံးသွားတယ်လို့ သိရပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၅ ရက်က ရန်ကုန်မြို့လယ် ဆူးလေဘုရားအနီး ဆွန်နီအစ္စလာမ်ဗလီရှေ့တွင် အစ္စလာမ်ဘာသာဝင်တချို့ စုဝေးဆန္ဒပြမှု ဖြစ်ပွားရာ ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းနေစဉ်။
အစ ပထမပိုင်းမှာ ဆန္ဒပြသူ ၁၀ ဦးခန့်က စာတမ်းများကို ကိုင်ဆောင်ပြသနေပြီး နောက်ပိုင်းမှာ အသတ်ခံရတဲ့ သူတွေရဲ့ သွေးသံရဲရဲ ဓာတ်ပုံတွေကို ပြသကြတယ်လို့ မျက်မြင်တွေက ပြောပါတယ်။
ဆန္ဒပြသူတွေအပြင် ရပ်ကြည့်သူတွေ တဖြည်းဖြည်းနဲ့ လူ ၅၀၀ ခန့်အထိ များပြားလာတယ်လို့ ဆိုပါတယ်။ မွန်းလွဲ ၂ နာရီကျော်ကျော်မှာ ၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုမြအေးက ဆန္ဒပြသူတွေကို လာပြီး မေတ္တာရပ်ခံခဲ့တယ်လို့ ရပ်ကြည့်နေသူတစ်ဦးက အခုလို ပြောပါတယ်။
"အစ္စလာမ်ဘာသာဝင် လေး-ငါးရာလောက်ရှိမယ်။ တောင်ကုတ်မှာ အသတ်ခံလိုက်ရတဲ့ လူတွေအစား သူတို့က တရားခံတွေ ရှာပေးဖို့ သူတို့ ဆန္ဒထုတ်ဖော်ကြတာပေါ့။ အဲတော့ အဲဒီမှာ သူတို့ဓာတ်ပုံတွေထောင်ပြပြီးတော့ တရားခံတွေ အမြန်ဆုံး ဖော်ထုတ်ပေးပါပေါ့။ အရေးယူ ပေးပါပေါ့နော်။ ကိုမြအေးတို့လည်း ရောက်လာတယ်။ ကိုမြအေးက ဒါကိုသည်းခံကြဖို့၊ တရားဥပဒေ စိုးမိုးရေးအတွက် အဓိက လူစုခွဲပေးကြဖို့ပေါ့။ သူကတော့ မေတ္တာရပ်ခံတယ်"
ဆန္ဒပြသူတွေ ခေတ္တလူစုခွဲသွားပြီးနောက် ခနအကြာမှာ ထပ်မံပြီး ဆန္ဒပြကြပါတယ်။ ရပ်ကြည့်သူတွေထဲက ဆန္ဒပြသူတွေ ကိုင်ထားတဲ့ ဓာတ်ပုံတွေကို ဖယ်ရှားဖို့ အပြန်အလှန် တောင်းဆိုရာကနေ အခြေအနေ တင်းမာလာပါတယ်။

2012/06/05

ရခိုင်အဓိကရုဏ်း အစိုးရသတိပေး




မြန်မာနိုင်ငံ အနောက်ဘက်ခြမ်း ရခိုင်ပြည်နယ်တွင်းမှာ ဒီရက်ပိုင်း ဖြစ်ပွားတဲ့ အဓိကရုဏ်းတွေအတွင်း လူ ၁၀ ဦးအထိ သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သွေးထွက်သံယို ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ အပေါ်မှာတော့ တရားဥပဒေ စိုးမိုးမှု အားနည်းချက်အဖြစ် နိုင်ငံရေးခေါင်းဆောင်တွေက ထောက်ပြနေကြ တာပါ။ ရခိုင်ပြည်နယ်က အဓိကရုဏ်းတွေရဲ့ နောက်ဆုံးအခြေအနေတွေကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြပေးထားပါတယ်။
ရခိုင်ပြည်နယ်၊ သံတွဲကနေ ရန်ကုန်ကိုထွက်ခွာလာတဲ့အဝေးပြေးကားပေါ်မှာ လိုက်ပါလာသူ အစ္စလာမ် ဘာသာဝင်တွေကို တနင်္ဂနွေနေ့ ညနေပိုင်းက တောင်ကုတ်မြို့ခံတွေက သံတွဲ၊တောင်ကုတ် ကားလမ်း ဆုံမှာ တားဆီးသတ်ဖြတ်ခဲ့ပါတယ်။ သေဆုံးသူ အရေအတွက်နဲ့ပတ်သက်လို့ အာဏာပိုင်တွေ ဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။ အခင်းဖြစ်ပွားပုံကို တောင်ကုတ်မြို့ခံတယောက်က အခုလို ပြောပါတယ်။
“ညနေ လေးနာရီခွဲလောက်က သံတွဲကရောက်တဲ့ကား၊ ရိုးမသစ္စာကားပေါ်မှာ မွတ်စလင် ဗလီဆရာ ၇ ယောက်ပါလာတယ်။ အဲဒါ သူတို့ကို တောင်ကုတ်ကအဖွဲ့တွေ ကားထဲမှာပဲ သတ်မယ်၊ ဖြတ်မယ်ဆိုလို့ ကားဂိတ်ကအတင်း ကားကို ထွက်ခိုင်းတာနဲ့ ကားကထွက်သွားတယ်၊ ထွက်သွားလို့ လမ်းမှာ ဆိုင်ကယ်နဲ့ လိုက်သွားကြပြီးတော့ သံတွဲလမ်းဆုံမှာ ကားကို ရပ်ခိုင်းပြီး ဗလီဆရာတွေကို ဝိုင်းပြီး ရိုက်သတ်ပစ်လိုက်ကြ တယ်။ ဗလီဆရာတွေက ၇ ယောက်၊ ကားမောင်းတဲ့ ဒရိုင်ဗာနဲ့စပယ်ယာ ၂ ယောက်ပေါ့နော်။  ”
နောက်ဆုံးရတဲ့ သတင်းအရဆိုသတ်ခံရသူစုစုပေါင်း ၁၀ ယောက်ဖြစ်ပါတယ်။ ဒီသတ်ဖြတ်ခံရသူတွေထဲမှာ ကားမောင်းသူနဲ့ ယာဉ်နောက်လိုက် ၂ ယောက်အပါအ၀င် တောင်တွင်းကြီးမြို့က ၆ ယောက်၊ မြောင်းမြမြို့ က ၂ ယောက်တို့ ဖြစ်တယ်လို့ တခြားဒေသခံတွေက ပြောပါတယ်။
ဒီသတ်ဖြတ်မှုဟာ ရမ်းမြဲမြို့နယ် ကျောက်နီမော်ရွာက မသီတာထွေးခေါ် ရခိုင်အမျိုးသမီးတယောက် ကို မေလ ၂၈ ရက်နေ့က အစ္စလာမ်ဘာသာဝင် လူငယ် ၃ ယောက်က အဓမ္မပြုကျင့်သတ်ဖြတ်မှုနဲ့ ဆက်စပ်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။  မသီတာထွေး သတ်ဖြတ်ခဲ့ရပြီးတဲ့နောက်မှာ ကျောက်နီမော်ရွာ၊ ရမ်းဗြဲမြို့နဲ့ ကျောက်ဖြူမြို့က လူထုက ကန့်ကွက်ဆန္ဒပြတာတွေ တောက်လျှောက်ဖြစ်ခဲ့ပါတယ်။
တောင်ကုတ်မြို့မှာ သတ်ဖြတ်မှုမဖြစ်ပွားခင် မနက်ခင်းကလည်း လူမျိုးရေးအရ လှုံ့ဆော်တာတွေ ဖြစ်ပွားခဲ့ တယ်လို့ တောင်ကုတ်မြို့ခံက ပြောပါတယ်။

2012/06/04

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ကိုင်ရန် WFP ကို အမေရိကန် ဒေါ်လာ ၁၀ သန်းကျော် ဂျပန်အစိုးရပေးအပ်

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) ကို ဂျပန်နိုင်ငံ အစိုးရက အမေရိကန်ဒေါ်လာ ၁၀ ဒသမ ၆ သန်း ပေးအပ် လိုက်သည်ဟု ပြည်ပ သတင်းဌာနများမှ သိရသည်။
WFP ၏ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသော လုပ်ငန်းများအတွက် ဂျပန်အစိုးရမှ ပေးအပ်သော လှူဒါန်းငွေမှာ အမေရိကန်ဒေါ်လာ ၂၂ ဒသမ ၄ သန်း ရှိသွားပြီ ဖြစ်ကြောင်း သိရသည်။ နောက်ဆုံး ရရှိသော အလှူငွေကို WFP ၏ ရန်ကုန်ရုံး၌ ပြုလုပ်သော လတ်မှတ် ရေးထိုးပွဲတစ်ခု၌ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု ဆိုသည်။
''ဂျပန်ရဲ့အကူအညီက ရက်ရောသလို အချိန်လည်း ကွက်တိပါပဲ။ မြန်မာ့သမိုင်းရဲ့ အရေးပါတဲ့ အချိန်မှာ WFP ဟာ ငတ်မွတ် ခေါင်းပါးမှုနဲ့ အာဟာရချို့တဲ့မှုတွေကို တိုက်ဖျက်ဖို့ အဓိက အခန်းကဏ္ဍကနေ ပါဝင်
နေပါတယ်။ ဂျပန်လို အလှူရှင်နိုင်ငံနဲ့ ပူးပေါင်းပြီး ကျွန်တော်တို့ တကယ်ကွဲပြားမှု ရှိအောင် လုပ်နိုင်ပါပြီ'' ဟု WFP ၏ Country Director ကားလို့စ်ဗီလိုဆိုက ပြောကြားခဲ့သည်။
ဂျပန်နိုင်ငံမှ လှူဒါန်းငွေများကို လူပေါင်း ၃၅၀၀၀ အတွက် အစားအစာနှင့် အာဟာရ ထောက်ပံ့ပေးမည့် အစီအစဉ်အတွက် အသုံးပြုသွားမည်ဟု ဆိုသည်။

2012/06/03

ဒေါ်အောင်ဆန်းစုကြည် မယ်လစခန်း သွားရောက်


ဓာတ်ပုံ ASSOCIATED PRESS
မယ်လဒုက္ခသည်စခန်းကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဒုက္ခသည်များကို နှုတ်ဆက်နေစဉ်။ (ဇွန်လ ၂ ရက်၊ ၂၀၁၂)
 ထိုင်း-မြန်မာနယ်စပ်၊တက်ခ်ခရိုင်မဲဆောက်မြို့ကို ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့မှာရှိတဲ့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က တာဝန်ရှိသူတွေ၊ ထိုင်း အာဏာပိုင်တွေအပြင် မြန်မာ NGO အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် တက်ခ်ခရိုင်အတွင်းမှာရှိတဲ့ အကြီးဆုံး ဒုက္ခသည်စခန်းတခုဖြစ်တဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီးတော့ ဒုက္ခသည်တွေရဲ့ အခြေအနေကို လေ့လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် လာရောက်မယ်ဆိုတဲ့အတွက် မဲဆောက်မှာရှိတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအပြင် ဒုက္ခသည်စခန်းထဲမှာရှိတဲ့ ဒုက္ခသည်တွေက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြပါတယ်။ ဒီအကြောင်းကို ထိုင်းအခြေစိုက် သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ စနေနေမနက်ပိုင်း မဲဆောက်မြို့ကို ရောက်ရှိ လာချိန်မှာတော့ ထောင်နဲ့ချီရှိနေတဲ့ မြန်မာ ရွှေ့ပြောင်းအလုပ်သမားတွေက ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး ကြိုဆိုခဲ့ကြပါတယ်။
မဲဆောက်မြို့ကနေ လူဦးရေ ငါးသောင်းခန့်ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို သွားရောက်ခဲ့ပြီး စခန်းကော်မတီဝင်တွေ၊ ထိုင်းအာဏာပိုင်တွေ၊ UNHCR က တာဝန်ရှိသူတွေ၊ အစိုးရမဟုတ်တဲ့ အဖွဲ့တွေနဲ့တွေ့ဆုံပြီး ဒုက္ခသည်တွေ မှတ်ပုံမတင်နိုင်သေးတဲ့ ကိစ္စတွေ၊ ပညာရေး၊ ကျန်းမာရေး အခြေအနေတွေကို မေးမြန်းသွားတဲ့အကြောင်း စခန်း ကော်မတီဥက္ကဋ္ဌ မန်းထွန်းထွန်းက အခုလို ပြောပြပါတယ်။

2012/06/02

မှတ်သားထိုက်သော သမ္မတအကြံပေး ဧ။် အကြံဥာဏ် 

အိမ်မှာ ဖယောင်းတိုင်ထွန်းပြီး မီးပိတ်ထားလိုက်ရင် မီးမမှန်တဲ့ ကိစ္စ အဆင်ပြေသွားမယ် လို့ သမ္မတ အကြံပေး မှ ဤကဲ့သို့ စေတနာဖြင့် အကြံအဥာဏ်ပေးသွားခဲ့ပါတယ်။
အခုလို မိမိတို့ တိုင်းပြည် မီး ပုံမှန်ရရှိရေး တိုးတက်လာရန် နည်းလမ်း အစဖြစ်ကြောင်း ပြောကြားပေးသွားတဲ့ သမ္မတအကြံပေး ကို လေးစားပါတယ်ခင်ဗျာ။

2012/06/01

ဆန္ဒပြလို့ အရိုက်ခံရသူများ အာဏာပိုင်တွေကို တရားစွဲ

2012-05-31
ပြည်မြို့က လျှပ်စစ်မီးရရှိရေး ဆန္ဒပြရာမှာ ပါဝင်ခဲ့သူ တချို့ကို အကြမ်းဖက် ရိုက်နှက်ခဲ့တဲ့ ရဲနဲ့ မြို့နယ်တာဝန်ရှိသူတွေကို အရိုက်ခံရသူတွေက ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
RFA/Citizen Journalist
၂၀၁၂ ခုနှစ် မေလ ၂၄ ရက်နေ့က ပြည်မြို့မှာ လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြသူတွေကို လမ်းမတော်လမ်းနဲ့ ထွန်းသီရိ လမ်းထောင့်အနီးမှာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက် ဖမ်းဆီးနေစဉ်။
အရိုက်အနှက်ခံခဲ့ရသူ ၄ ဦးက ဒီကနေ့ ပြည်မြို့နယ် တရားရုံးမှာ သွားရောက် ဦးတိုက်လျှောက်ထားပြီး အမှုကို တင်သွင်းခဲ့ပါတယ်။
အမှုကို မနက်ဖြန်မနက် ၁၀ နာရီမှာ လာရောက်တင်သွင်းဖို့ တရားသူကြီး ဦးမြင့်ဆွေက ပြန်လည်ချိန်းဆိုလိုက်တယ်လို့ တရားစွဲဆိုရာမှာ ပါဝင်တဲ့ ကိုဇော်ထွန်းက အခုလိုပြောပြပါတယ်။
“တရားစွဲရတာ ခရိုင်ရဲမှူး ဦးသောင်းဝင်း၊ နောက်မြို့နယ်အုပ်ချုပ်ရေးမှူး ကိုအောင်ကျော်ထက်၊ နောက်နယ်ထိန်း အင်ချပ် ဇော်မင်းနိုင် အဓိက ကတော့ သူတို့သုံးယောက်ပေါ့။ တရားရုံးတင်တဲ့ အခါကျတော့ တရားရုံးက ၂ နာရီမှ လက်ခံတယ်ဆိုပြီးတော့ ပြောတယ်။ နှစ်နာရီခွဲ လို့သူတို့ လက်မခံဘူးပေါ့။ အဲဒီသဘောပါ။ တရားသူကြီး ဦးမြင့်ဆွေကပြောတာ။ မနက်ဖြန် ပြန်ချိန်းတယ် ၁၀ နာရီပေါ့။ ဦးတိုက်လျှောက်မှာ လေးယောက်ပေါ့။ ကျွန်တော် အပါအဝင်ပေါ့”
တရားရုံးကို နေ့လည် ၂ နာရီကျော်မှ ရောက်ရှိတဲ့အတွက် အခုလို ပြန်လည်ချိန်းဆိုတာ ဖြစ်တယ်လို့ ကိုဇော်ထွန်းက ပြောပါတယ်။
ပြီးခဲ့တဲ့ မေလ ၂၄ ရက်နေ့က လျှပ်စစ်မီး ရရှိရေးအတွက် ဆန္ဒပြသူတွေကို လမ်းမတော်လမ်းနဲ့ ထွန်းသီရီ လမ်းထောင့်အနီးမှာ မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေနဲ့ ရဲ တပ်ဖွဲ့ဝင်တွေက တားဆီးခဲ့ပြီး ဆန္ဒပြသူတွေကို ရိုက်နှက် ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့ပါတယ်။
copy rights_http://www.rfa.org/burmese/news