Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/09/30

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်း ပစ်ခတ်ခံရ

မင်းထက်အောင်(စက်တင်ဘာ-၂၉)
 ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်းအား ယနေ့နံနက်ပိုင်း၌ မိမိတို့ပြောက်ကျားပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။
“အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ပစ်ခတ်တာကတော့သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။
ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည်ဟု

ဗြိတိန်လေဘာတီပါတီ ညီလာခံတွင် မဝေနှင်းပွင့်သုန် (၈၈ မျိုးဆက်ကျောင်သား ခေါင်းဆောင်  ကိုမြအေး၏ သမီး) မြန်မာပြည်အကြောင်းမိန့်  ခွန်းကို မြန်မာဘာသာပြန်

 



photo by enigmaimages
ကျွန်မအဖေကို ကျွန်မ ပထမဦးဆုံး မြင်တွေ့ဖူးတာကတော့ သံတိုင်တွေကြားကတဆင့် မြင်တွေ့ရတဲ့ အကျဉ်းထောင်ထဲက အခန်းလေးထဲမှာ ဖြစ်ပါတယ်။ ကျွန်မက ၄ နှစ်ပဲ ရှိပါသေးတယ်။ သူဟာ သူ့ရဲ့ ၁၉၈၈ ခုမှာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ အရေးတော်ပုံမှာ ပါဝင်လှုပ်ရှားခဲ့မှုကြောင့် အကျဉ်းကျခဲ့ပါတယ်။ အခုနောက်ထပ်တခါ၂၀၀၇ ခုနှစ် မှာ ငြိမ်းချမ်းစွာ လှုပ်ရှားခဲ့တဲ့ အရေးအခင်းမှာ ပါဝင်ခဲ့လို့ ထောင်ဒဏ် ၆၅ နှစ်နှင့် ၆ လ အကျခံထားရပါတယ်။

2010/09/29

ဂျပန်နိုင်ငံတွင် တရာဝင် အခြေချနေထိုင်ခွင့်ရသော ဒုက္ခသည် ကရင် မိသားစုများကို နွေးထွေးစွာ ကြိုဆို



ယနေ့ (၂၈-၀၉-၂၀၁၀)နေ့ နံနက် ၇း၂၅ နာရီတွင် ဂျပန်နိုင်ငံ တိုကျိုမြို့  နာရီတာလေဆိပ်သို့ဂျပန်ပန်အဲယား-JAL FLIGHT 718 ဖြင့် ထိုင်းနိုင်ငံမှ ကရင် ဒုက္ခသည်(၁၈) ဦးဆိုက်ရောက်လာခဲ့ပြီး လေဆိပ် အတွင်း ဂျပန် လဝက ဖြတ်ခြင်း ခေတ္တအနားယူခြင်းနှင့် ကလေးငယ်များ နေမကောင်းဖြစ်နေ၍ လေဆိပ်ဆေးခန်းတွင် ကလေးငယ်များအား ဆေးကုသမှုများ ခံယူပြီး နောက်
လမ်မပေါ်ကလေးများ ........  ဒီလိုကလေးတွေကြီးလာလျှင်.......

မြန်မာပြည်တွင် ခေတ်အဆက်ဆက်တွေ့ ကြုံ နေရသည် လူတစု၏ စားဝတ်နေရေးကြပ်တည်းမှုတကယ်ဖြစ်ရပ်မှန်ကို ဖော်ပြထားပါသည်။

အကြီးတစ်ယောက်၊ ခေါင်းဆောင် တစ်ယောက်ရဲ့ အနှစ်အနာခံမှု့နဲ့ မြန်မာပြည်က တကယ့်ဖြစ်ရပ်ဇာတ်လမ်းပါ။ သန်းရွှေသာ ဒီလောက်သိတတ်ရင် မြန်မာပြည်ကြီး ဒီလိုဖြစ်မှာမဟုတ်ဘူး။ ဒီလို  အဖြစ်ဆိုးတွေနဲ့ ကြုံနေရတာတော်တော်ကြီးကိုများပါတယ်။ ဒီကလေးတွေကြီးလာရင်.... ကောင်းဖို့ထက်ဆိုးဖို့အတွက် က ပိုပြီး ရာခိုင်နှုန်းများပါတယ်။ တိုင်းပြည်အတွက် ခြေထောက်တစ်ဖက် စွန့်သွားတဲ့ ရဲဘော်ဟောင်း တစ်ယောက်ရဲ့ သားသမီးတွေရဲ့ ရင်နင့် စရာအဖြစ်အဖျက်တွေပါ။ ကျွန်တော်တို့ မုန်း လို့ပြောနေတာ စစ်တပ်က လူတွေအားလုံးမဟုတ်ပါဘူး စစ်အစိုးရ ကျင့်သုံးနေတဲ့ မူကိုမုန်းခြင်းဖြစ်ပါတယ်။ ဒီလိုခလေးတွေဟာ ကြီးလာရင် ပညာဆုံးခန်းတိုင်အောင် မသင်ဘဲ ကျောင်းထွက် သွားကြရမှာပါ။ ပညာမတတ်တော့ ကြုံရာ ကျပမ်းလုပ်ရမယ် အခန့်မသင့်ရင် သူခိုး ကြမ်းပိုး ဘဝကို ရောက်သွားနိုင်သေးတယ်။ နောက်ဆုံးတော့ ကြုံရာ ကျပမ်းလုပ်ရင်း ဘဝတူတွေခြင်းတွေကျ ကြိုက်ကြ ယူကြနဲ့ သူတို့ကမွေးလာတဲ့ သားသမီးတွေကလဲ ဒီလိုပြန်ဖြစ်သွားကျတာကများ ပါတယ်။ ဒါတွေဟာ ကျွန်တော်ကိုယ်တိုင် မြင်တွေ့ခဲ့ရတဲ့ အကြောင်းတရားတွေပါ။ ကျွန်တော်နေတဲ့ ရပ်ကွက်ထဲမှာ အခြေအနေတစ်ခုကြောင့် ပြည်တန်ဆာမလုပ်ခြင်ပေမဲ့  လုပ်နေရပြီး မိသားစုရဲ့ ပြသနာကို ဦးဆောင် ဖြေရှင်းပေးနေရတဲ့ မိန်းခလေးတွေ အယောက် (၂ဝ)ထက်မနည်း တစ်ချို့ဆို ညီအစ်မ အရင်းနှစ်ယောက်လုံး မရှက်နိုင်ဘဲ အတူတူ လာခေါ်တဲ့ လူနောက်ကို လိုကသွားရတဲ့ အဖြစ်မျိုးတွေအထိ ကျွန်တော်မြင်ဘူးပါတယ်။ ဒီလိုဘဲအောက်မှာရေးထားတဲ့ ဖြစ်ရပ်မှန် ထဲက ခလေးမလေး ကြီးလာရင် ဘယ်လိုဘဝ မျိုးရောက်သွားနိုင်လဲဆိုတာ စဉ်းစားကြည့်ကြပေတော့.....



အပြင်မှာမိုးတွေ သဲသဲမဲမဲ ရွာနေတယ်… ။

2010/09/28

38866272 ABMA Journal Volume 1 No 17
အမေရိကန်နိုင်ငံ ဘတ်ဖဲလိုးမြို့  မြို့ တော်ခန်းမ ရှေတွင် ဒီမိုကရေစီ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား တရာဝင် လွှင့်ထူခွင့်ရရှိ






























စစ်အာဏာရှင်တိုက်ပွဲတွင် ဒီမိုကရေစီအင်အားစုများ ကိုင်စွဲ လွှင့်ထူခဲ့သော တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ ဘတ်ဖဲလိုးမြို့တွင် သက်ဆိုင်ရာ အာဏာပိုင်များ၏ တရားဝင် ခွင့်ပြုချက်ဖြင့် စက်တင်ဘာလ(၂၅)နေ့ နံနက် ၁၁နာရီအချိန် ဘတ်ဖဲလိုးမြို့ မြို့တော်ခန်းမရှေ့ ပန်းခြံရှိ အမေရိကန်ပြည်ထောင်စု နိုင်ငံတော်အလံလွှင့်ထူရာ အလံတိုင်တွင် လွှင့်ထူခွင့် ရခဲ့ပါသည်။

တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော် လွှင့်ထူခြင်းအခမ်းအနားသို့ အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချူပ်မှ တက်ရောက် အမှာစကားပြောကြားခဲ့ပြီး၊ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးမှ ရဲဘော်ဟောင်းများ၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ဝင်များ၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူများပါ ချီတက်အလေးပြုခဲ့ကြပါသည်။

တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အမေရိကန်ပြည်ထောင်စုတွင် တရားဝင် လွှင့်ထူခွင့် ပေးခြင်းမှာ အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာ့ဒီမိုကရေစီလှုပ်ရှားမှု့ကို အသိမှတ်ပြု ထောက်ခံခြင်း ဖြစ်သလို၊ မြန်မာနိုင်ငံ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်အား အလေးမြတ်ထားခြင်း လည်းဖြစ်ကြောင်း သက်ဆိုင်ရာ အာဏာပိုင် တစ်ဦးမှ ပြောကြားသွားခဲ့ပါသည်။


ဘတ်ဖဲလိုး ဒီမိုကရက်တစ်အင်အားစုများ

အမေရိကန်ပြည်ထောင်စု

2010/09/27

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို တိုကျိုတွင် ကျင်းပပြုလုပ်ခြင်း




၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၆)ရက်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၂၆)ရက်နေ့ တိုကျိုမြို့ HIBIYA ပန်းခြံ ၌ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၃၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ကြောင်း
KNU(Japan) မိသားစုများ မှ သီတင်းကျွတ် ရံပုံငွေရရှိရေး အတွက် လှုပ်ရှားမှုတွင်ပါဝင်ခဲ့သူများကိုကျးဇူးတင်ပါကြောင်း


မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၂၆)ရက်နေ့ တိုကျိုမြို့ HIBIYA ပန်းခြံ ၌ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၃၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ပြီး ထိုဈေးရောင်းပွဲ တွင် KNU(Japan) မိသားစုများ မှ သီတင်းကျွတ်ရံပုံငွေအတွက် အားတက်သရော ကူညီရောင်းချပေးသွားသော အသင်းသူ အသင်း သားများ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
Karen National Union (Japan)
လှုပ်ရှားမှုဓါတ်ပုံသို့  Click
မှတ်တမ်း။ ။ မိုးမင်းသူ KNU(Japan)
လှုပ်ရှားမှူဓါတ်ပုံ။ ။ မိုးမင်းသူ KNU(Japan)

ကရင်နယ်ခြားစောင့်တပ်များ စစ်သင်တန်း တက်ရောက်တော့မည်

စက်တင်ဘာလ ၂၄ရက်။ နန်းဖော့ဂေ (ကေအိုင်စီ)
ကရင်ပြည်နယ်မှ နယ်ခြားစောင့်တပ်များသည် လာမည့် ၂၇ရက်နေ့တွင် စစ်သင်တန်းကို တက်ရောက်ရတော့မည်ဖြစ်ကြောင်း မြ၀တီမြို့နယ်၊ ရွှေကုက္ကိုမှ နယ်ခြားစောင့်တပ်များက ပြောဆိုနေကြသလို နယ်စပ်သတင်းရပ်ကွက်များအရလည်း သိရှိရသည်။
. . . . . . . . . . . . သူရဲကောင်း ဖိတ်စာ . . . . . . . . . . .


ကျွန်တော်တို့ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုး အောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံသို့ လမ်းလျှောက်ကြမည့် ခရီးစဉ်တွင် သင်သည် အဓိက အကျဆုံး လူ ဖြစ်နေသည်ကို မမေ့ပါနှင့်။ ထိုသို့ ပြောလိုက်၍ သင့် ကို မြှောက်ပြောတာဟု မထင်ထားပါနှင့်။ ကျွန်တော့် မညာတတ် ၊ မလိမ်တတ်ပါ။ ဘာကြောင့် ကျွန်တော် ထိုသို့ ပြောရသည်ကို ရှင်းပြ ပါမည်။

2010/09/26

ရွှေဝါရောင် တော်လှန်ရေး (၃) နှစ်မြောက် နှစ်ပတ်လည် ဘာသာပေါင်းစုံ ဝတ်ပြု ဆုတောင်းပွဲ အခမ်းအနား(တိုကျို)








ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှထုတ်ပြန်ကြေညာချက်



နအဖ အတုအယောင် ရွေးကောက်ပွဲကို ထောက်ခံ နေသော ဦးဟန်ညောင်ဝေ



ဦးဟန်ညောင်ဝေနှင့် Victor Biak Lian တို့၏ ၂ဝ၁ဝ စက်တင်ဘာ (၁) ရက် ဂျပန်ခရီးစဉ်နှင့် ပတ်သက်၍
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)မှ
ထုတ်ပြန်ကြေညာချက်

Saturday, September 25, 2010

တိုင်းရင်းသားခေါင်းဆောင်တွေ ထိုင်းနိုင်ငံမှာ လျှို့ဝှက် တွေ့ဆုံ

2010-09-25


မြန်မာနိုင်ငံ နယ်စပ်ဒေသတွေမှာ ရှိတဲ့ တိုင်းရင်းသား လက်နက်ကိုင်ခေါင်းဆောင်တွေ၊ စစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားတဲ့ တိုင်းရင်းသား ခေါင်းဆောင်တွေဟာ ထိုင်းနိုင်ငံ မြောက်ပိုင်း ချင်းမိုင်မြို့မှာ နောက်ထပ်တကြိမ် လျှို့ဝှက်တွေ့ဆုံ ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။

2010/09/25

လက်ကမ်းစာစောင် အတွင်းက မြန်မာပြည်သူများ၏ ဘ၀ကွာဟမှူများ Click

2010/09/24

ရဲစခန်းတွင် ထိန်းသိမ်း ထားသော လိုင်စင်မဲ့ကားများကို (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်စောကျော်သက်ကို  ပြန်ပေးလိုက်သတဲ့

သန်းထိုက်ဦး Thursday, September 23, 2010
ကရင်ပြည်နယ် မြ၀တီမြို့ ရဲစခန်းတွင် ထိန်းသိမ်း ထားသော လိုင်စင်မဲ့ကား ၂၈ စီး အမှုနှင့် ပတ်သက်၍ ပြဿနာများ ဖြစ်ပွား ခဲ့ပြီးနောက် တိုးတက်သော ဗုဒ္ဓဘာသာ ကရင် အမျိုးသား တပ်မတော် (DKBA) တပ်ရင်း ၉၀၂ မှ ဗိုလ်စောကျော်သက်ကို ပြန်ပေး လိုက်ကြောင်း သိရသည်။

ဆင်ဖြူမတစီး ထပ်ပေါ်ပြန်ပြီ ရှစ်ခိုးကြဦးမလို့ တဲ့

ခိုင်စု | ကြာသပတေးနေ့၊ စက်တင်ဘာလ ၂၃ ရက် ၂၀၁၀ ခုနှစ် ၂၀ နာရီ ၂၆ မိနစ် .
နယူးဒေလီ (မဇ္ဈိမ)။ ။ ရခိုင်ပြည်နယ် မောင်တောမြို့မြောက်ဖက်တွင် ဆင်ဖြူမတစီး ထပ်တွေ့သဖြင့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် စိုးသိန်းနှင့် စစ်ဘက်အရပ်ဘက် အာဏာပိုင်များ ယနေ့ပူးပေါင်းဖမ်းဆီးကြသည်။

2010/09/23

မြန်မာ နအဖ စစ်အစိုးရမှ ကျင်းပမည်ဆိုသော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ပါ

ကျနော်တို့ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစု အားလုံးရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)က ၃-၁ဝ-၂ဝ၁ဝ နေ့ အစည်းအဝေးမှာ အတည်ပြုလိုက်တဲ့ “ဘာကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံရသလဲ” ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။

ဒီစာတမ်းဖြစ်ပေါ်လာဖို့ ကျနော်တို့အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကို အခြေခံပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လက်လက် လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။
ဂျပန်နဲ့ အင်္ဂလိပ်လိုလည်း ဘာသာပြန်နေပြီ ဖြစ်ပါတယ်။ အကူအညီ ပေးနိုင်သူများကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။
ဘယ်သူမဆို မိမိတို့ လက်လှမ်းမီရာအထိ အကျယ်ပြန့်ဆုံး တဆင့် ပြန်လည် ဖြန့်ပေးစေလိုပါတယ်။
ပြည်တွင်းထဲထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်အောင် ကြိုးစားပေးကြပါ။
အာဏာရူး အာဏာရှင် စစ်ခေါင်းဆောင် လက်တဆုပ်စာရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံပဲ ရသမျှ တိုက်ဖျက်ကြပါစို့။
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။

ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)



ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတို့က လာမည့် နိုဝင်ဘာလ (၇)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ များအား အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် လက်မခံနိုင်ပါ။

လက်မခံနိုင်ရသည့် အကြောင်းရင်းများ
အကြောင်းရင်း (၁) ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ
၁၉၈၈ခုနှစ် တနိုင်ငံလုံးမှ ဒီမိုကရေစီ တောင်းဆိုသည့် လူထုအုံကြွမှုကြီးကို စစ်တပ်က လက်နက်ဖြင့် ရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ် ဖြိုခွဲ နှိမ်နှင်းပြီး ၁၈-၉-၁၉၈၈ နေ့တွင် အာဏာသိမ်းယူလိုက်သည့် စစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) (အတိုကောက်-နဝတ)က ၂၇-၅-၁၉၉ဝ နေ့တွင် ကျင်းပပေးခဲ့သော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော် အာဏာသိမ်း နဝတ စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အစိုးရဖွဲ့ရန် အာဏာလွှဲပြောင်း ပေးခြင်း မရှိပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည့် လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းသာ ဖြစ်သည်ဟု ပြောင်ပြောင်တင်းတင်းပင် လိမ်ညာခဲ့သည်။ ထို့နောက်တွင် နဝတ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည့် လွှတ်တော် ခေါ်ယူရေးအစား အမျိုးသားညီလာခံ ခေါ်ယူရေးသို့ ပြောင်းလဲလိုက်ပြန်ကာ ၉-၁-၁၉၉၃ နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည့် အတုအယောင် အမျိုးသားညီလာခံကို စတင် ကျင်းပလိုက်သည်။

ယင်းအမျိုးသား ညီလာခံတွင် တက်ရောက်ခွင့်ရှိသူ (၇ဝ၂) ဦး သတ်မှတ်လျက် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို တက်ရောက်ခွင့်မပြုပဲ ခွဲတမ်းစနစ်ဖြင့် အနိုင်ရ နိုင်ငံရေးပါတီများမှ (၉၂)ဦး နှင့် တသီးပုဂ္ဂလ (၇)ဦးကိုသာ တက်ရောက်စေခြင်း၊ ကျန်ရှိသူ (၆ဝဝ)ကျော်မှာ ရွေးကောက်ပွဲဖြင့် လူထုကို ကိုယ်စားပြုခဲ့ခြင်းမရှိပဲ နဝတ စိတ်တိုင်းကျ ရွေးချယ်ထားသူများသာ ဖြစ်နေခြင်း၊ ထို့ပြင် ရေးဆွဲမည့် အခြေခံဥပဒေ မူကြမ်းတွင် “အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေး” နှင့် လူထုက ရွေးကောက်စရာ မလိုသော စစ်တပ်မှ ၂၅ % တိတိ အလိုအလျောက် ပါဝင် နေရာယူခွင့် ပြုရေး တို့ကို အတင်းအကြပ် ထည့်သွင်း ရေးဆွဲခိုင်းခဲ့သည်။

တရားမျှတမှု မရှိခြင်းနှင့် ဒီမိုကရေစီကို အစစ်အမှန် ဖော်ဆောင်နိုင်ရန် လမ်းစမရှိခြင်းကြောင့် ၂၈-၁၁-၁၉၉၅ နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားညီလာခံမှ သပိတ်မှောက် ထွက်ခွာလာခဲ့သည်။
၁၅-၁၁-၁၉၉၇ နေ့တွင် နဝတမှ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” (အတိုကောက်- နယက၊ လူထုအခေါ် နအဖ) အမည်သစ်သို့ ပြောင်းလဲခဲ့သည့် စစ်တပ်ခေါင်းဆောင်များသည် ၎င်းတို့အာဏာ ဆက်လက် ချုပ်ကိုင်နိုင်မည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေးအတွက် နည်းမျိုးစုံဖြင့် လှည့်ပတ်၍ နှစ်ပေါင်းများစွာ ကျင်းပနေသော အမျိုးသားညီလာခံကို ၃၁-၇-၂ဝဝ၇ နေ့တွင် အဆုံးသတ်လိုက်သည်။

အဆိုပါ အတုအယောင် အမျိုးသားညီလာခံမှ ရေးဆွဲလိုက်သော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) တွင် ပါဝင်သည့် အဓိကအချက်များအနက် အနာဂတ်ကာလတွင်လည်း စစ်တပ်မှ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးခွင့် ပြုထားသည့် အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

1. မည်သည့်အကြောင်းဖြင့်မဆို စစ်တပ်မှ အချိန်အခါမရွေး အာဏာသိမ်းခင့် ပြုထားခြင်း၊
2. လူ့အခွင့်အရေးများဆိုင်ရာ၊ ရာဇဝတ်မှုများဆိုင်ရာတို့တွင် စစ်တပ်၏ ကျူးလွန်ပီး ကျုးလွန်ဆဲ ပြစ်မှုများအပေါ် ဥပဒေအရ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်းမရှိစေရဟု အကာအကွယ်ပေးထားခြင်း၊
3. စစ်တပ်၏ အသုံးစရိတ်အဝဝကို လွတ်လပ်စွာ ခွင့်ပြုပေးထားပီး လွှတ်တော်မှ င်ရောက် စွက်ဖက်ခွင့် မရှိခြင်း၊
4. စစ်တပ်မှ ကျုးလွန်သော ပြစ်မှုဆိုင်ရာများအပေါ် စစ်ခုံရုံး၏ ဆုံးဖြတ်ချက်သည်သာ နောက်ဆုံးအတည် ဖြစ်စေပီး နိုင်ငံတော်တရားရုံးမှ စွက်ဖက် စီရင်ပိုင်င့် မရှိခြင်း၊
5. ပြည်သူတို့က ရွေးချယ် တင်မြှောက်ခြင်း မရှိသော သမ္မတ အပါအဝင် လက်ရှိစစ်မှုထမ်း () ဦး၊ စစ်မှုထမ်း ဟောင်း () ဦးနှင့် အရပ်သား () ဦးသပါဝင်သော အမျိုးသား ကာကွယ်ရေနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ () ရပ်လုံးကို အပြည့်အဝ ထိးချုပ် ထားခြင်း။
စစ်တပ်မှ လုံးဝကြီးစိုး ချယ်လှယ်ထားနိုင်မည့် အခြေခံဥပဒေတွင် ပြည်သူတဦးချင်းအတွက် လူ့အခွင့်အရေးများ ရပိုင်ခွင့်နှင့် တရားဥပဒေ၏ အကာအကွယ်ကို ရယူပိုင်ခွင့်အပြင် ဒီမိုကရေစီစံနှုန်းများ အပေါ်၌လည်း အာမခံချက် များ အပြည့်အဝ ပေးထားသည်ကို မတွေ့ရပါ။ ပြည်သူတို့၏ အကျိုးစီးပွားများကို လစ်လျူရှုလျက် စစ်ခေါင်းဆောင် တို့၏ အကျိုးစီးပွားများအတွက်သာ ဦးစားပေးထားသည်ကို အထင်အရှား တွေ့ရသည်။

အဆိုပါ နိုင်ငံဖွဲ့စည်ပုံ အခြေခံဥပဒေ (မူကြမ်း)ကို စစ်အာဏာရှင်တို့က တဖက်သပ် စိတ်ကြိုက်ရးဆွဲခဲ့ရုံသာမက မသမာသော နည်းလမ်းများဖြင့်လည်း အဓမ္မ အတည်ပြုပဌာန်းခဲ့သည်။ အခြေခံဥပဒေ(မူကြမ်း) အတွက် ပည်လုံးကျွတ် မဲဆန္ဒခံယူပွဲ ကျင်းပချိန်မှာ ၂ဝဝ၈ ခုနှစ်မလ (၂၄) ရက် ဖစ်သည်။ လူပေါင်း ၁၃၄ဝဝဝ (တသိန်း သုံးသောင်းလေးထာင်) ကျော်သဆုံး-ပျောက်ဆုံး၍ သန်းကျော် အိုးအိမ်မဲ့နေခဲ့ရသော နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂၂) ရက်အကြာ တတိုင်းပြည်လုံး ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် အလုပ်များနေချိန်တွင် အဆိုပါ မဲဆန္ဒခံယူပွဲကို လူသန်းပေါင်းများစွာက မဲပင် မထည့်လိုက်ရပဲ ကင်းပသွားခြင်းဖစ်သည်။
သို့ဖြစ်၍ ဤ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှ တရားဝင် အတည်ပြုမည် ဆိုကာ ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲအား လုံးဝ လက်မခံနိုင်ရခြင်း ဖြစ်သည်။

အကြောင်းရင်း (၂) ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ ဥပဒေများနှင့် နည်းဥပဒေများ
(က) လက်ရှိ အာဏာပိုင် နအဖက ၁၉၈၉ ခုနှစ်၌ ဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ဖွဲ့စည်းကြောင်း ၂ဝ၁ဝ မတ်လ (၈) ရက်တွင် ကြေညာခဲ့သည်။ ဤသို့ လုပ်ဆောင်ခဲ့ရာတွင်
* ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲကော်မရှင်မှ ကြီးကြပ်လုပ်ဆောင်သည့် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို အာဏာပိုင်တို့က မည်သို့မျှ အသိအမှတ်ပြုခြင်း မရှိပဲ၊ တဖန် ၁၉၈၉ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများအား ကြိုတင်အကြောင်းကြား၊ တိုင်ပင် ဆွေးနွေးခြင်း မရှိပဲနှင့် ၁၉၈၉ ခုနှစ် အဆိုပါ ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းလျက် တဖက်သပ် လုပ်ဆောင်ခြင်း။
* အသစ်ထပ်မံ ဖွဲ့စည်းသော ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တွင် ၎င်းတို့စိတ်တိုင်းကျသူများကိုသာ ရွေးချယ် ခန့်ထားခဲ့ခြင်းတို့ ရှိခဲ့သည်။
(ခ) ရွေးကောက်ပွဲ ကော်မရှင်ကို ရွေးချယ် ခန့်ထားသူ နအဖကိုယ်တိုင်က လူ့အခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်နေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းမှ နှစ်စဉ်နှစ်တိုင်း မှတ်တမ်းတင်ခံနေရသည့် အာဏာပိုင် အဖွဲ့အစည်း ဖြစ်နေခြင်း၊ ပြည်တွင်းတွင်လည်း ၎င်းတို့၏ ထိုသို့ကျူးလွန်မှုများက သက်သေခံ အထောက် အထားများ အထင်အရှားရှိနေခြင်းတို့ကြောင့် ဒီမိုကရေစီ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေးတွင် ယုံကြည်စိတ်ချ အားကိုးရလောက်သော အခြေအနေတွင် မရှိသည့်အတွက် ၎င်းတို့စီစဉ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်စရာ ဖြစ်ရသည်။
(ဂ) ရွေးကောက်ပွဲ ဥပဒေများတွင် မတရားမှုများ၊ မမျှတမှုများ၊ ချုပ်ချယ် တင်းကြပ်မှုများ၊ နှိပ်ကွပ်မှုများ အစရှိသော ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် ဥပဒေပြဌာန်းချက် အများအပြား ရှိနေသောကြောင့် ၎င်းတို့စီစဉ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ပါ။
ဥပမာ(၁) - ရွေးကောက်ပွဲဥပဒေ အခန်း ၃ ပိုဒ်ခွဲ ၆ တွင် ဖော်ပြထားသောအချက် ဖြစ်သည့် အကျဉ်းကျနေသည့် ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် မရှိ။
ဥပမာ(၂) - နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၏ အခန်း (၂) ပုဒ်မ (၆-ဂ) အရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမည့် ပါတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်မည် ဖြစ်ကြောင်း ဝန်ခံဖော်ပြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ပြည်သူလူထုအား ကိုယ်စားပြုရမည့် နိုင်ငံရေးပါတီများအနေဖြင့် လူထုဆန္ဒမပါဘဲ အဓမ္မအတည်ပြုထားသည့် အဆိုပါ ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရန် ဝန်ခံချက်ပေးဖို့ မဖြစ်နိုင်ပါ။
၂ဝဝ၈ အခြေခံဥပဒေကို အတည်ပြုမည့် လွှတ်တော်များအတွက် ရွေးကောက်ပွဲများကို ပြုလုပ်ရန် လိုအပ်သော ၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များသည် တရားမျှတမှု မရှိသည့်အပြင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

အကြောင်းရင်း (၃) တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်ခြင်း
အောက်ပါအချက်များကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာ့နိုင်ငံရေးတွင် ပါဝင်သင့် ပါဝင်ထိုက်သည်ဟု အများက ယုံကြည်ယူဆထားသူတို့က အဓိပ္ပာယ်ပြည့်ဝစွာဖြင့် တွေ့ဆုံဆွေးနွေးရမည် ဖြစ်သော်လည်း ကိုယ်ကျိုးကိုသာ ကြည့်သည့် နအဖ၏ တင်းမာသော သဘောထား ရပ်တည်ချက်များကြောင့် အဆိုပါ တွေ့ဆုံဆွေးနွေးရေးက ယနေ့တိုင် အကောင်အထည် ပေါ်မလာနိုင်သေးခြင်းသည်လည်း ၎င်းတို့စီစဉ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်စရာ အကြောင်းရင်းတချက် ဖြစ်သည်။
* အမျိုးသားပြန်လည်သင့်မြတ်ရေး၊
* ကုလသမဂ္ဂ အထွေထွေညီလာခမှ အစဉ်တစိုက် တောင်းဆိုထားသော သုံးပွင်ဆိုင် တွေဆုံ ဆွေးနွေးရေးကို အကောင်အထည်ဖေါ်ရေး၊
* ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ၊
* ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှုထားသည့် အခြေအနေ၊
* တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးပြီး တရားဥပဒေ စိုးမိုးမှု မရှိသည့် အခြေအနေ၊
* လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်၊ စည်းရုံး ဖွဲ့စည်း လှုပ်ရှားခွင့် စသည့် အခြေခံ ရပိုင်ခွင့်များကို ပြန်လည် တိုးတက်ကောင်းမွန်အောင် မလုပ်နိုင်သေးသည့် အခြေအနေ
* ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများ

အကြောင်းရင်း (၄) နိုင်ငံရေး အကျဉ်းသမားများ မလွတ်မြောက်နိုင်သေးသည့် အခြေအနေ
မည်သည့် ရာဇဝတ်မှုကိုမျှ ကျူးလွန်ခြင်းမရှိပဲ နအဖ အာဏာပိုင်တို့၏ တဘက်သပ် စွပ်စွဲမှုများဖြင့်၎င်း၊ မမျှတသော တရားစီရင်မှုများဖြင့်၎င်း ဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသမားများ ၂၁ဝဝ ကျော်ရှိနေရာ ထိုသူများ မပါဝင်ပဲ ရွေးကောက်ပွဲ ကျင်းပခြင်းသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု မည်သို့မျှ အသိအမှတ်မပြုနိုင်သောကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံရခြင်း ဖြစ်သည်။

အကြောင်းရင်း (၅) ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆုံးဖြတ်ထားသည့် အခြေအနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသည့် တရားဝင် နိုင်ငံရေးပါတီကြီး ဖြစ်သော်လည်း စစ်အာဏာပိုင်တို့၏ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေမှာ ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသည့် အချက် (အထက်ဖော်ပြပါ အကြောင်းရင်း ၂) သာမက အထက်ဖော်ပြပါ အကြောင်းရင်း (၃) နှင့် (၄) အရလည်း မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ ရှိမနေသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ထားသောကြောင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေအရ ကျင်းပမည် ဆိုသော ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။ ထိုဆုံးဖြတ်ချက်အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံထားသူ ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်ခံနိုင်စရာ မရှိပါ။

မှတ်ချက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန် အတွက် တောင်းဆိုထားသော အချက် ၄ ချက်
1. ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရန်၊
2. ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုရန်၊
3. တွေ့ဆုံဆွေးနွေးရန်၊
4. နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်၊

အကြောင်းရင်း (၆) အခြေခံအားဖြင့် ရှိနေရမည့် အချက်များ ရှိမနေခြင်း
ဒီမိုကရေစီ အသွင်ပြောင်းလဲရေးအတွက် အခြေခံ နှစ်ချက်ဖြစ်သည့် (၁) ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည် ဖော်ရေးနှင့် (၂) အများသဘောတူ ရွေးချယ်ထားသော စနစ်တကျ အစီအစဉ်တရပ် (သို့) စီမံကိန်းတရပ် ရှိနေရေးတွင် ထိုနှစ်ချက်စလုံး ပြည့်စုံမှုမရှိပဲ နအဖ စိတ်တိုင်းကျ တဘက်သပ် ဖြစ်နေသရွေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကြီးများ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။
ပါတီစုံစနစ်ကို အပြည့်အဝ အမှန်အကန် အကောင်အထည်ဖော်ရေးတွင်
1. ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသည့် တရားဝင် နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား နိုင်ငံရေးပါတီများက လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိနေရ ပါမည်။
2. ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသမားများမှာ ချွင်းချက်မရှိ လွတ်မြောက်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခွင့် ရှိနေရပါမည်။

အများသဘောတူ ရွေးချယ်ထားသော စနစ်တကျ အစီအစဉ်တရပ် (သို့) စီမံကိန်းတရပ် ရှိနေရေးတွင်
1. အများသဘောတူ ရေးဆွဲ အတည်ပြုထားသော နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ရှိနေရပါမည်။
2. ရွေးကောက်ပွဲကော်မရှင်သည်၎င်း၊ ရွေးကောက်ပွဲ ဥပဒေများသည်၎င်း အများသဘောတူ (သို့) နိုင်ငံတကာ ရွေးကောက်ပွဲ စံနှုန်းများအတိုင်း ဖြစ်နေရပါမည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ အသွင်ပြောင်းရေးမှာ မုချ လုပ်ဆောင်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်သည်။ မြန်မာ ပြည်သူများစွာက အသက်သွေးချွေးများစွန့်၍၎င်း၊ ဘဝပျက်ခံ၍၎င်း တောင်းဆိုထားသော နိုင်ငံရေးမျှော်မှန်းချက် ဖြစ်ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လိုလားသည့်ကိစ္စလည်း ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် နိုင်ငံတကာမှ ယနေ့ လက်ခံကျင့်သုံးနေသော ဒီမိုကရေစီ စံနှုန်းများနှင့်အညီသာ ဖြစ်ရမည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသော နိုင်ငံရေး လုပ်ငန်းစဉ်တွင် အခြေခံအားဖြင့်
1. အများဆန္ဒကို ဦးစားပေးခြင်းနှင့်အတူ အနည်းစု၏ ဆန္ဒကိုပါ အလေးအနက်ထားခြင်း၊
2. တန်းတူညီမျှခြင်း၊
3. လူ့အခွင့်အရေး ရပိုင်ခွင့်များအပေါ် လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့် ရှိခြင်း၊
4. ပြည်သူတို့အား ကာကွယ်ပေးထားသော တရားစီရင်ရေးစနစ် - တနည်းအားဖြင့် တရားဥပဒေ စိုးမိုးမှု အမှန်တကယ် တည်ရှိခြင်း၊
5. သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိခြင်း
6. လွတ်လပ်၍ ဘက်လိုက်ခြင်း မရှိသော ရွေးကောက်ပွဲ ကော်မရှင်တရပ် ရှိခြင်းတို့ ပါဝင်သည်။

ဒီမိုကရေစီသို့ အသွင်ပြောင်းသည့် နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်သောကြောင့် အခြေခံအားဖြင့်
1. နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုသူ နိုင်ငံသား မည်သူမဆို လွတ်လပ်စွာ ပါဝင်ခွင့် ရှိရပါမည်။
2. မည်သည့် နိုင်ငံရေးပါတီမဆို လွတ်လပ်စွာ ဖွဲ့စည်း-လှုပ်ရှားခွင့်၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်၊ ဝင်ရောက် မယှဉ်ပြိုင်ပဲ နေလိုက နေပိုင်ခွင့်တို့ ရှိရပါမည်။
3. ဖမ်းဆီးထိန်းသိမ်းခံနေရသူ နိုင်ငံရေး အကျဉ်းသမားများ မရှိအပ်ပဲ အကယ်၍ ရှိနေခဲ့လျှင် ထိုသူအားလုံးကို ချွင်းချက်မရှိ အနှောင်အဖွဲ့ ကင်းစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရပါမည်။
4. ခြိမ်းခြောက် အကြပ်ကိုင်မှု၊ အတင်းအကြပ် စေခိုင်းမှု အစရှိသည်တို့ ကင်းရှင်းလျက် လွတ်လပ်စွာ ရွေးချယ် မဲပေးနိုင်ခွင့် ရှိနေရပါမည်။
5. မဲပေးနိုင်ခွင့် ရှိသူများကို သတ်မှတ်ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်း (သို့) ဒီမိုကရေစီ နိုင်ငံ များ၏ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများအတိုင်း ဖြစ်ရပါမည်။
6. မဲပေးနိုင်ခွင့် ရှိသူများသည် မဲမပေးပဲ နေလိုက နေနိုင်ခွင့် ရှိသည်။
7. နိုင်ငံရေးပါတီများ ဖွဲ့စည်းလှုပ်ရှားခွင့်သည် ဒီမိုကရေစီနိုင်ငံများမှ လက်ရှိ ကျင့်သုံးဆောင်ရွက်နေသော နိုင်ငံတကာ စံနှုန်းများအတိုင်းသာ ဖြစ်နေရပါမည်။
8. နိုင်ငံရေးပါတီများ၏ ဘုံရည်မှန်းချက်မှာ ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်ရန် ဖြစ်ပြီး ဒီမိုကရေစီကို အားပေးရန်နှင့် ထိန်းသိမ်းပေးရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်နိုင်စွမ်း ရှိရပါမည်။
9. ရွေးကောက်ပွဲ ကော်မရှင်ကို အာဏာပိုင်တို့က ၎င်းတို့စိတ်ကြိုက်လူများဖြင့် တိုက်ရိုက် ခန့်ထားရန် မဟုတ်ပဲ ပြည်သူအများစုမှ ယုံကြည်ထောက်ခံသော ဥပဒေဆိုင်ရာ ပညာရှင်များနှင့် အများသူငါ ယုံကြည်အားကိုး ထိုက်သော ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းထားသည့် ကော်မရှင် (သို့မဟုတ်) နိုင်ငံတကာ၏ ကုလ သမဂ္ဂ အသိအမှတ်ပြု ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများအတိုင်း (သို့) ဒီမိုကရေစီ နိုင်ငံများ၏ ရွေးကောက်ပွဲ ဆိုင်ရာ စံနှုန်းများအတိုင်း ဖြစ်ရပါမည်။
10. ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တို့သည် အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံများမှ ရွေးကောက်ပွဲ စည်းမျဉ်းများကို ကောင်းစွာ လေ့လာသိရှိထားသူများ ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲနိုင်သူများ ဖြစ်ရပါမည်။
11. ရွးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများသည် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရမည်ဖစ်ရာ အခြေခံ ဥပဒေ ကိုယ်တိုင်ကမန်မာပြည်သူတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီအောင် အရင်ပြင်ဆင်ပြီးဖစ်ရပါမည်။

သို့ဖြစ်ရာ အထက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက မြန်မာ စစ်အာဏာပိုင် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ရခြင်း ဖြစ်သည်။

2010/09/22

ဦးဟန်ညောင်ဝေ နှင့် VictorBiaklian တို​​၏ခရီးစဉ်နှင့် ပတ်သက်၍ KNU (Japan) ၏ သဘောထားထုတ်ပြန်ကြေညာချက်

JAC အစည်ဝေးပွဲ မှတ်တမ်းဓါတ်ပုံ


2010/09/20

ဗမာ့တပ်မတော်မှ အရာရှိတစ်ဦး၏ ကရင်အမျိုးသားများ အတွက် လက်ဆောင်စကား

ရုရှားရောက် ဗမာ့တပ်မတော်မှ စစ်ဗိုလ်တစ်ဦး၏ စီဘောအတွင်းမှ ကရင်အမျိုးသားများအတွက် လက်ဆောင်စကားကို တင်ပြပေးလိုက်ပါတယ်။

ဒီစကားစုကို ဒီကေဘီအေ(သို့ )နယ်ခြားစောင့်မည့် ရှေးပြေး တိုက်ခွေးတွေကို လည်း ကြားအောင် လက်ဆင့်ကမ်းလိုက်ကြပါအုံး စာဖတ်သူ မိတ်ဆွေတို့ …

အရှိကို အရှိအတိုင်း မဟာဗမာပီသစွာ စီဘောအတွင်း အဖိုးတန် မှတ်ချက် ရေးပေးသွားတဲ့ Hero(စီဘောနာမည်) စစ်ဗိုလ်အား ကျနော်တို့  သောသီခိုအဖွဲ့ မှ ကျေးဇူးတင်ပါသည်။

မဟာဗမာဝါဒီ စစ်ဗိုလ်တစ်ဦး၏ ကရင်များအတွက် လက်ဆောင်စကားကို ဖတ်ရှုကြည့်ပါ။

“မင်းတို့ကရင်တွေ မြန်မာပြည်မှာ မျိုးတုန်းတော့မှာပါ။ မင်းတို့အခြင်းခြင်းပြန်သတ်ဖို့ နယ်ခြားစောင့်တပ်ဆိုတဲ့ လက်မရွံ့လူသတ်ဖို့ ကရင်သူရဲကောင်းအဖွဲ့ ကို ငှားပြီးပြီ။ မင်းတို အခြင်းခြင်းသာ ပြန်သတ်ကြပေတော့
မင်းတို့ကရင်တွေ မြန်မာပြည်မှာ မျိုးတုန်းတော့မှာပါ။ မင်းတို့အခြင်းခြင်းပြန်သတ်ဖို့ နယ်ခြားစောင့်တပ်ဆိုတဲ့ လက်မရွံ့လူသတ်ဖို့ ကရင်သူရဲကောင်းအဖွဲ့ ကို ငှားပြီးပြီ။ မင်းတို အခြင်းခြင်းသာ ပြန်သတ်ကြပေတော့
အချင်းချင်း သတ်ပြီး မျိုးတုန်းကြပေတော့ ... မင်းတို့ လည်လှပြီထင်မနေနဲ့ မင်းတို့ လည်တာ ငါတို့ အိပ်နေသလောက်ပဲရှိတယ်” ၁၈၊ ၀၉၊ ၂၀၁၀

ဘုရားသခင်ကိုချီးမွမ်းသီချင်း နှင့် တိုင်းရင်းသား လူမျိုးပေါင်းစုံ ရင်တွင်းခံစားမှူ သီချင်းများ





































Sunday, September 19, 2010

စစ်အစိုးရအပေါ် ဖိအားပေးရေး ဗြိတိန်အမတ်တွေကို တိုက်တွန်း


နိုဝင်ဘာ ၇ ရက်နေ့ကျရင် ကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမျှတမှု မရှိသလို ဒီရွေးကောက်ပွဲကနေ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် လမ်းစလည်း မမြင်ဘူးလို့ ဗြိတိသျှ အာဏာရပါတီ ညွန့်ပေါင်းအဖွဲ့ထဲက လစ်ဘရယ် ဒီမိုကရက် ပါတီရဲ့ နိုင်ငံခြားရေးဝန်ကြီး ဂျရယ်မီ ရစ်ချာ့ဒ် ဘရောင်း (Jeremy Richard Browne) က ပြောပါတယ်။ ဒါ့ကြောင့်
ဦးဟန်ညောင်ဝေနှင့် Victor Byak Lian ၏ ဂျပန်ခရီးစဉ်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန်ကျေညာချက်

၂၀၁၀ စက်တင်ဘာလ (၂၀)ရက်။

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့သည် ၃၁-၈-၂၀၁၀ နေ့မှ ၂-၉-၂၀၁၀ နေ့အထိ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ဝင် ဒုတိယပညာရေးဝန်ကြီးလည်းဖြစ်သူ Masaharu Nakagawa နှင့်လည်းကောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ကောင်းလာ ရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားကြောင်း ကြားသိရပါသည်။

ထိုသို့သွားရောက်တွေ့ဆုံရာတွင် ဦးဟန်ညောင်ဝေတို့နှင့်အတူ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်) Association of United Nationalities in Japan, AUN (Japan) ရှိ တိုင်းရင်းသားအဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများ အတူတကွ လိုက်ပါသွားကြောင်း ခရီးစဉ်ပြီးဆုံးမှ သိခဲ့ရပါသည်။

2010/09/19

ငြိမ်းချမ်းရေးနေ့  တွင် တနေ့ တာ ယာယီ အပစ်ရပ်မည်ကို KNU မှ တောင်းဆို Click

၂၀၁၀ ရွေးကောက်ပွဲ ဆန့် ကျင် ချီတက်ဆန္ဒပြပွဲ အခမ်းအနား ကို ဂျပန် နိုင်ငံ (တိုကျို) တွင် ကျင်းပ

စစ်အာဏာရှင်စနစ်ကို တရားဝင် အသက်သွင်းမည့် ၂၀၁၀ ရွေးကောက်ပွဲအား ဆန့်ကျင် ချီတက်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံရောက် ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်) 2010 Election Boycott Committee( Japan )မှ ဦးစီးကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုဆန့် ကျင်ပွဲ တွင့် ဂျပန်ရောက် ကရင်အဖွဲ့ အစည်း တိုင်ရင်းသားများ နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသားအဖွဲ့ အစည်းပေါင်းဆုံမှပူးပေါင်းပါဝင်ခဲ့ ကြပါသည်။

2010/09/15

၂၀၁၀ ရွေးကောက်ပွဲ ကိုဆန့် ကျင်ကန့် ကွက် ပြီး ၊ ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်ရေး အတွက် ဂျပန်နိုင်ငံ ရှီဘူရ ယူအန် ရုံးရှေ့ တွင် ဆန္ဒပြတောင်းဆို


ဂျပန်နိုင်ငံ JAC အဖွဲ့  မှ ဦးစီးကျင်ပသော အပတ်စဉ် အင်္ဂါံ နေ့ တိုင်း ဂျပန်နိုင်ငံ ရှီဘူရ ယူအန် ရုံးရှေ တွင် ဆန္ဒပြတောင် ဆိုပွဲကို ညနေ ၃ နာရီ တွင် အခမ်းအနား စတင်ကာ ကေအန်ယူ ဂျပန် မှ စောမျိုးခိုင်ရှင်း မှ ဦးစီးအမှာစကားပြောကြားပြီး ညနေ ၄ နာရီ တွင်လာေ၇ာက်ဆန္ဒပြသူများက ကြေးငြော်သံများ နှင့် ရုပ်သိမ်းလိုက် သည်။

မှတ်တမ်းဓါတ်ပုံကြည့်ရန် Click

2010/09/14

ကရင်တမျိုးသားလုံး၏ စည်းလုံးညီညွှတ်မူ.ကိုရည်စူးပြီး စကက်နက်မိုးမှ ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ဂေါ်ဇီလာ စီစဉ်ရိုက်ကူး၍ သီးလေးသီး ညီအကို မောင်နှမများရဲ. ကြယ်ဖိုးကြီးရဲ.ခေတ်သစ်ပုံပြင်။


Untitled from sutoung on Vimeo.

2010/09/12

KNU Japan မိသားစု မိတ်ဆုံ စည်းဝေး စားပွဲ ကို(12/9/2010)တွင် ဂျပန်နိုင်ငံ တိုကျို အိုးဂျိ ပန်းခြံ တွင် ကျင်းပ



မှတ်တမ်းဓါတ်ပုံကြည့်ရန် Click

2010/09/03



2010/09/02

2010/09/01

ဂျင်းဂျက် ရူဆိုး (သဘာဝပညာရေး)

၁၈ ရာစုနှစ် ပညာအလင်းရောင်ခေတ် (Age of Enlightenment) ကို အဆုံးသတ်၍ ခေတ်သစ် အတွေး အခေါ်များအတွက် အခြေခံ အုတ်မြစ် ချပေးခဲ့သူကို ညွှန်ပြပါ ဆိုလျှင် ဆွစ်ဇာလန်ပြည်ဖွား ပြင်သစ် အတွေးအခေါ် ပညာရှင် ဂျင်းဂျက်ရူးဆိုး (Jean Jacques Rousseau 1712-78) ကို ဖော်ပြရပါမည်။
နိုင်ငံရေးပညာနှင့် အ တွေးအခေါ်ပညာတို့ကို လေ့လာ ဆည်းပူးခဲ့သော၊ လေ့လာလျက်ရှိသော မည်သူမဆို ရူးဆိုး၏ (Social Contract - 1762) ပါ အယူအဆများကို တို့ထိဖူးကြပါလိမ့်မည်။ ရူးဆိုး၏ ခေတ်ကာလတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး နယ်ပယ် အသီးသီးတွင် အတန်းအစား ခွဲခြားမှု၊ မညီမျှမှုများ ရှိခဲ့ပါသည်။ ယင်းကာလအတွင်း  လူသားတစ်ဦး၏ လွတ်လပ်စွာ ဖွံ့ဖြိုးတိုးတက်မှုကို အတန်အသင့် အားပေးအားမြှောက် ပြုနေသော်လည်း အမှန်တကယ် လွတ်လပ်ခွင့် ရရှိကြသူများမှာ အုပ်ချုပ်သူများနှင့် အထက်တန်းလွှာများသာ  ဖြစ်သည်။ ပညာရေးနယ်ပယ်တွင်လည်း လူသားအားလုံးအတွက် ဟန်ချက်ညီသော ဖွံ့ဖြိုးမှုကို မရရှိပေ။ ထို့ကြောင့် ရူးဆိုးက ̒ လူသားသည် လွတ်လပ်စွာ မွေးဖွားလာသော်လည်း နေရာအနှံ့၌ အချုပ်အနှောင် ခံနေရလေသည်။ ̓ (Man is born free; and everywhere he is in chains ) ဟု လူ့အဖွဲ့အစည်း၏ တင်းကျပ် ဆိုးယုတ်မှုများကို ထောက်ပြ ဝေဖန်ခဲ့လေသည်။
Jean Jacques Rousseau 1712-78
Jean Jacques Rousseau 1712-78
လူသားသည် မွေးဖွားလာ ကတည်းကပင် နိုင်ငံရေး၊ လူမှုရေးနှင့် သက်ဆိုင်သော ရသင့်ရထိုက်သည့် အခွင့်အရေးများ ရှိသည်ဟုလည်း ရူးဆိုးက မမှိတ်မသုန် ယုံကြည်လေသည်။ ပြင်သစ် အာဏာရှင် နပိုလီယံကပင်လျှင် ရူးဆိုး၏ အတွေးအခေါ်သစ်များသာ ပေါ်ပေါက်မလာပါက ပြင်သစ်တော်လှန်ရေး ဖြစ်ပေါ်လာစရာ အကြောင်းမရှိဟု ဆိုလေသည်။ နှောင်းခေတ် ပညာရှင်တို့ကလည်း ရူးဆိုး၏ ယင်း (Social Contract ) ကို ပြင်သစ် တော်လှန်ရေး သမ္မာကျမ်းစာ ဟူ၍လည်းကောင်း၊ အမေရိကန် လွတ်လပ်ရေး ကြေညာ စာတမ်း၏ အခြေခံဟူ၍ လည်းကောင်း သတ်မှတ်ထားကြပါမည်။ (Social Contract ) နည်းတူ အခြားထင်ရှားသော ကျမ်းတစ်စောင်မှာ (Emile) ခေါ် ပညာရေးဆိုင်ရာ အတ္ထုပ္ပတ္တိပင် ဖြစ်လေသည်။ ပညာရေးနှင့် ပတ်သက်သော အတွေးအခေါ် အယူအဆနှင့် သဘာဝဆန်သော အကျင့်အကြံ အားလုံးကို ယင်း (Emile) ကျမ်း၌ ရေးသား ဖော်ပြထားသည်ကို တွေ့ရှိရလေသည်။ ဤကာလအတွင်း အလယ်ခေတ် သာသနာရေးဆိုင်ရာ လွှမ်းမိုးချက်များကြောင့် လူသည် ဆိုးသွမ်းသော သဘာဝနှင့် မွေးဖွားလာသည်ဟု ယူဆကြသည်။ ထို့ကြောင့် ကလေးသူငယ်များကို ပညာပေးရာ၌ ဆိုးသွမ်းသော သဘာဝ၊ ဗီဇများကို ပြုပြင် ပြောင်းလဲ၍ ကောင်းသော အရည်အချင်းများကို ညွန်ကြား သင်ကြားပေးရမည်ဟု ယုံကြည်ကြသည်။ တစ်ဆက်တည်းမှာပင် ကလေးငယ်များအား ကောင်းမြတ်သော နိုင်ငံသားများ ဖြစ်စေရန်နှင့် လူတို့၏ ကျင့်ဝတ်စည်းမျဉ်း စည်းကမ်းနှင့် ဆက်ဆံရေး နယ်ပယ်တွင် အဆင်ပြေစေရန် လေ့ကျင့် ပညာ ပေးကြသည်။ ယင်းအခြေအနေတွင်း ကလေးကို လူကြီး အငယ်စားဟု သဘောထားကာ  လူကြီးတစ်ယောက် ကဲ့သို့ ပြုမူကျင့်ကြံ စေလိုသဖြင့် ကလေးသူငယ်များမှာ စိတ်၏ ပင်ပန်းနွမ်းနယ်မှု ဖြစ်ကြလေသည်။
ရူးဆိုးကမူ လူသည် ဆိုးသွမ်းသော သဘာဝနှင့် မွေးဖွားလာသည် ဆိုသည်ကို လက်မခံခဲ့ပေ။ လူသား၏ ပင်ကို သဘာဝသည် ဖြူစင်သန့်ရှင်းသည်၊ လွတ်လပ်သည်။ သို့ရာတွင် ကလေးငယ်ဘဝကစ၍ သဘာဝဓမ္မနှင့် ကင်းကွာပြီး မလွတ်လပ်တော့ဘဲ ဆိုးသွမ်းသော လူနေမှု ဝန်းကျင်ကသာလျှင် ကလေး၏ သဘာဝကို ဖျက်ဆီး နေသည်ဟု ဆိုပါသည်။ ထို့ကြောင့် ကလေး၏ ပင်ကိုသဘာဝကို ဂရုမပြုဘဲ လူ့လောကထဲမှ လူ (Social man) တစ်ယောက်ဖြစ်ရန် လေ့ကျင့်သင်ကြား ပေးခြင်းမျိုးကိုသာ မပြုလုပ်သင့်ဟု ယူဆခဲ့သည်။ လူသား၏ ပင်ကိုဗီဇ၊ စိတ်ဝင်စားမှု၊ စိတ်လှုပ်ရှားမှုများကို သဘာဝအလျောက် ဖွံ့ဖြိုးတိုးတက်စေသော ပညာရေးမျိုးကိုသာ အလိုရှိ အပ်ပေသည်။
(Emile) ကျမ်း၌ ̒ အပင်ငယ်များကို ပြုစု ပျိုးထောင်ခြင်းဖြင့် ဖွံ့ဖြိုး ရှင်သန်စေသကဲ့သို့ လူသားအားလည်း ပညာရေးဖြင့် ဖွံ့ဖြိုးစေရမည် ̓ (Plants are improved by cultivation and men by education) ဟု ဆိုထား ပါသည်။ လူသားသည် မွေးဖွားလာကတည်းက ကိုယ်ကာယ သန်စွမ်းလာသည် မဟုတ်၊ ထိုနည်းတူစွာ ဘဝ၏ မပြည့်စုံမှု၊ ဉာဏ်ရည်ဉာဏ်သွေး ကင်းမဲ့မှုတို့ဖြင့် မွေးဖွားလာရသည် ဖြစ်သည်။ ထို့ကြောင့် ယင်းလိုအပ်ချက်များ ပြည့်စုံစေရန် တစ်နည်းအားဖြင့် ကိုယ်ကာယသန်စွမ်းမှု၊ ဘဝ ရပ်တည်နိုင်မှု၊ စီရင် ဆုံးဖြတ်နိုင်သည့် ဉာဏ်ရည် ဉာဏ်သွေးကို တိုးတက်ကောင်းမွန် လာစေရန် ပညာရေးအားဖြင့် မြှင့်တင်ပေးရပါမည်။
ရူးဆိုး၏ အလိုအရ ပညာရေးကို သဘာဝ၊ လူနှင့်အရာဝတ္ထုဟူသော လမ်းသုံးသွယ်မှ ရရှိပါသည်။ (Edcation come to us from nature, from men, or from things) လူသား၏ စိတ်စွမ်းအင်များ (faculties) နှင့် ကိုယ်ခန္ဓာ အစိတ်အပိုင်းများ (organs) စသည့် လူ့သဘာဝပညာရေး (The Education of nature ) က ပေးအပ်ထားပါသည်။ ယင်းသဘာဝ ပညာရေးသည် လူတို့ လေ့ကျင့် သင်ကြားပေးအပ်သော ပညာရေးထက်လည်းကောင်း၊ ပတ်ဝန်းကျင်ရှိ အရာဝတ္ထုများမှ တွေ့ထိရရှိသော တွေ့အကြုံများထက် သော်လည်းကောင်း သာလွန်သည်ဟု ဆိုပါသည်။ ထို့ ကြောင့်လည်း ရူးဆိုး၏ ပညာရေးကို သဘာဝ အဓိက ပညာရေးဟု ပညာရှင် တို့က သတ်မှတ်ကြပါသည်။
သဘာဝပညာရေးနှင့် ပတ်သက်၍ ရူးဆိုး၏ ထင်ရှားသော အဆိုတစ်ခုမှာ “သဘာဝတရား၏ ဖန်ဆင်း လိုက်သော အရာအားလုံးသည် ကောင်းမွန်ပြီး လူသားလက်တွင် ဆုတ်ယုတ် ပျက်ပြားလာတော့သည်” (Everything is good as it comes from the hand of the author of nature; but everything degenerates in the hands of man) ထို့ကြောင့် ကလေးသူငယ်များ၏ ပညာသင်ကြားမှုနှင့် ပတ်သက်၍ သဘာဝအလျောက် ပြုစု ပျိုးထောင်ရေးနှင့် သဘာဝ တရားထံမှ သင်ယူရေးကို ပိုမို အလေးထားသည်ကို တွေ့ရပါမည်။ သဘာဝအလျောက် ပြုစု ပျိုးထောင်ရေးဆိုသည်မှာ လူသား၏ စိတ်ပါဝင်စားမှု (human inclinations) အလျောက် လေ့လာသင်ယူစေခြင်း ဖြစ်သည်။ ဆိုလိုသည်မှာ လူသား၏ အာရုံခံစားမှု အရည်အသွေးနှင့် အသိဉာဏ် ဖွံ့ဖြိုးတိုးတက်မှုအတွက် မည်သည့် ပြဌာန်းမှု တစ်စုံတစ်ရာမျှ မထားရှိဘဲ သဘာဝအလျောက် တိုးပွားလာစေရန်ပင် ဖြစ်သည်။
ယင်းအတွက် ကလေးသူငယ်များအား သင်ခန်းစာများကို အလွတ်ကျက်မှတ်ခိုင်းခြင်း၊ သမိုင်းခုနှစ်၊ သက္ကရာဇ်များ၊ မြို့ရွာများ၊ ဘုရင် မိဖုရားတို့၏ နာမည်များကို ခေါင်းထဲ စွဲစေရန် မှတ်သားခိုင်းခြင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာတို့ကို တင်းကျပ်သည့် စည်းမျဉ်းစည်းကမ်းများဖြင့် ချုပ်ချယ်ထားခြင်း စသည့် ကလေး၏ မူလသဘာဝကို ကျော်လွန်ပြီး လူထဲက လူတစ်ယောက် ဖြစ်လာစေရန် လေ့ကျင့်မှုများကို မလိုလားအပ်သည့် အရာများအဖြစ် ရူးဆိုးက ယူဆခဲ့လေသည်။ ထို့ကြောင့်လည်း လူတို့၏ အပြုသဘော ပညာရေး လမ်းစဉ်ကို ကျောခိုင်းပြီး (Negative Education ) နက်ကတစ် ပညာရေး အယူအဆကို တင်ပြခဲ့လေသည်။
ရူးဆိုး၏ အလိုအရ နက်ဂတစ် ပညာရေးဟူသည် ပညာပေးမှု မရှိခြင်းကို ဆိုလိုသည် မဟုတ်ပေ။ နိုင်ငံရေး၊ လူမှုရေး၊ သိပ္ပံပညာ စသည့် အရာအားလုံးသည် လူသား၏ ပင်ကို သဘာဝကို ချိုးဖဲ့နေသည်။ အစစ်အမှန် တရားသည်လည်း လူ့လောက၊ လူ့ပတ်ဝန်းကျင်တွင် မရှိ၊  သဘာဝတရား ထဲတွင်သာ ရရှိနိုင်ပါသည်။ ထို့ကြောင့် လူတို့ သင်ကြားပေးသော အပြုပညာရေး (Positive Education) သည် အတုအယောင်ဖြစ်ပြီး သဘာဝတရားထံသို့ သွားရောက် လေ့လာခြင်းအားဖြင့်သာ စစ်မှန်သော အသိပညာကို ရရှိနိုင်မည် ဖြစ်သည်။
ဤနေရာတွင် ရူးဆိုး၏ သဘာဝဆိုင်ရာ အယူအဆကို လေ့လာကြည့်မည် ဆိုပါလျှင် ယေဘူယျ နှစ်ပိုင်းတွေ့ရပါမည်။ တစ်ပိုင်းမှာ လူသား၏ ပင်ကိုသဘာဝ အလေ့အထ (habit) ကို ဆိုလိုပြီး ပညာသင်ကြားပေးရ၍ ပင်ကိုသဘာဝကို   မကျော်လွန်ဘဲ တစ်နည်းအားဖြင့် ယင်းပင်ကို သဘာဝအတိုင်း ပြုစုပျိုးထောင်ပေးရေး ဖြစ်သည်။  ယင်းအပိုင်းတွင် စာသင်သား၏ စိတ်ပါဝင်စားမှု အခြေအနေအရသာ ပညာပေးခြင်းကို ပြုလုပ်ရမည် ဖြစ်လေသည်။ ကိုယ်ကျင့်တရားဆိုင်ရာ ကောင်းမှု၊ ဆိုးမှုများကိုပင် သဘာဝအလျောက် ပြုမူသော အပြုအမူများမှသာ မိမိကိုယ်တိုင် စစ်ကြောစေရပါမည်။ ဆိုလိုသည်မှာ ကောင်းမှုကိုလည်းကောင်း၊ မကောင်းမှုကိုလည်းကောင်း မိမိကိုယ်တိုင် ပြုလုပ်ခံစားပြီးမှ ̒ အမှားအမှန်ကို သိရှိ ပြင်ဆင်နိုင်မှု ဖြစ်ပေသည်၊ ဤအရာသည် ကောင်းမှု ဖြစ်သည်၊ ဤအရာသည် မကောင်းမှု ဖြစ်သည် ̓ စသည့် တန်ဖိုး သတ်မှတ်ချက်များသည် လူ့သဘာဝအား ကန့်သတ်ချုပ်ချယ်မှု သက် သက်ဖြစ်သည်ဟု ရူးဆိုးက ဆိုပါသည်။
သဘာဝ၏ ဒုတိယ အယူအဆမှာ တောတောင်ရေမြေ သဘာဝ ဖြစ်သည်။ အထက်တွင် ဆိုခဲ့သည့်အတိုင်း လူလောကအတွင်းရှိ နိုင်ငံရေး ၊ လူမှုရေး၊ ဘာသာရေး စသည်တို့နှင့်ဆိုင်သော လူမှုစည်းမျဉ်း (Social Order) များသည် လူ့ဘဝအခြေအနေ အားလုံးအတွက် ကန့်သတ် ချုပ်ချယ်မှုထားပြီး ဖြစ်လေသည်။ နိုင်ငံတော်နှင့် ဆိုင်သော ရည်မှန်းချက်များသည် လည်းကောင်း၊ ဘာသာတရားနှင့်ဆိုင်သော ကောင်းမှု၊ ဆိုးမှု ကျင့်ဝတ် စံနှုန်းများသည် လည်းကောင်း စီရင် ပြဌာန်းပြီးသား ဖြစ်နေလေသည်။ ယင်းစီရင် ပြဌာန်းချက်များမှာလည်း လူတို့အလိုကျ ရေးဆွဲထားသည့် အတွက် အစစ်အမှန်တရား မဖြစ်၊ အတုအယောင်များသာ  ဖြစ်လေသည်။
သဘာဝတရားကမူ လူတိုင်းအား ညီမျှစွာ ဖန်ဆင်းပေးထားပြီး လူ့ဘဝ၏ တူညီသော သက်မွေး ဝမ်းကျောင်းခွင့်ကိုလည်း ပေးအပ်ထားပါသည်။ ဆိုလိုသည်မှာ သဘာဝတရား၏ ဥပဒေအတွင်း၌ လူသားသည် လွတ်လပ်စွာ မွေးဖွားလာရသည်။ အတန်းအစား ခွဲခြားမှုမရှိ၊ ကန့်သတ်ချုပ်ချယ်သော စည်းမျဉ်းစည်းကမ်း မရှိ၊ လွတ်လပ်စွာ ပြုမူလှုပ်ရှား နိုင်သည်။ ယင်းကြောင့်ပင်လျှင် ရူးဆိုးက လူသည် လွတ်လပ်စွာ မွေးဖွားလာသည်ဟု ဆိုခဲ့ခြင်း ဖြစ်ပါသည်။ သို့ရာတွင် အမျိုးမျိုးသော လူမှု စည်းမျဉ်းများကြောင့် လူသား၏ မွေးရာပါ လွတ်လပ်ခွင့်အပြင် အာရုံခံစားမှု၊ အသိဉာဏ်၊ အပြုအမူစသည့် အရာအားလုံးမှာ  လျော့ပါးတင်းကျပ် လာခဲ့ရပါသည်။ ထို့ကြောင့် သဘာဝတရားထံမှ သင်ယူခြင်းသည်သာ အကောင်းဆုံး ပညာရေး ဖြစ်သည်ဟု ရူးဆိုးက သတ်မှတ်ခဲ့ခြင်း ဖြစ်လေသည်။
ဝေဖန် အကဲဖြတ်သူ (Paul Monroe) ၏ အလိုအရလည်း ရူးဆိုး၏ ပညာရေးအမြင်သည် လူ့အဖွဲ့အစည်း၏ ပုံသဏ္ဌာန်တစ်ရပ်ရပ် အပေါ်တွင်လည်းကောင်း၊ အနှစ်သာရမဲ့သော ရှေးရိုးစဉ်လာ စာသင်ကျောင်းများတွင် လည်းကောင်း အခြေမပြုဘဲ စစ်မှန်သော လူ့သဘာဝ၏ အသိပညာ ရရာရကြောင်းတွင်သာ အလေးထားပါသည်။ ရူးဆိုး၏ အလိုအရ (Emile) ပညာရေး၏ ပန်းတိုင်မှာ သူတစ်ပါးအား ချစ်ခင်ကြင်နာရေး၊ စိတ်ဖွံ့ဖြိုးရေးနှင့် စာရိတ္တ ခိုင်ခံ့ရေး စသည့် အရည်အသွေးတို့ ကြွယ်ဝစေရန် ဖြစ်ပါသည်။
အခြားတစ်ဖက်တွင်လည်း သူသည် သဘာဝလူသား (natural man) နှင့် လူ့လောကလူသား (Social man or citizen) မှ တစ်ခုခုကို ရွေးချယ်ရမည်ဟု ဆိုပါသည်။ ရူးဆိုး ဆိုလိုသော သဘာဝလူသားမှာ လူရိုင်းတစ်ယောက် မဟုတ်ပေ။ သူ့ ပင်ကိုသဘာဝ၏ ထိန်းကျောင်း ညွှန်ကြားမှုများကို ခံစားရသော လူသား တစ်ယောက်သာ ဖြစ်သည်။ ယင်းသဘာဝ လူသားသည် မည်သည့် လူသား ပတ်ဝန်းကျင်၏ လွှမ်းမိုးချုပ်ကိုင်မှုများမှာ ကင်းလွတ်လေသည်။ လူ့လောက လူသားမှာမူ ယင်းလူ့အဖွဲ့အစည်းအတွင်း တည်ရှိပြီး ဖြစ်သော ဓလေ့ထုံးတမ်းများအတိုင်း လိုက်နာ နေထိုင်ရသော သူသာ ဖြစ်လေသည်။ ဆိုလိုသည်မှာ သဘာဝလူသားသည် သူ့ကိုယ်၌ပင်လျှင် ပြီးပြည့်စုံသော လူသားတစ် ယောက်အဖြစ် သတ်မှတ်နိုင်ပါသည်။ ဥပမာအားဖြင့် သဘာဝလူသားသည် (numerical unit) ဖြစ်ပြီး၊ လူ့လောက လူသားသည် (fractional unit) ဖြစ်လေသည်။ ထို့ကြောင့် လူ့လောက လူသား၏ တန်ဖိုးသည် သူအခြေပြုရာ လူ့အဖွဲ့အစည်းကိုသာ အချိုးကျ မှီခို အားထားနေရပါသည်။
လူသားသည် တစ်စုံတစ်ရာကို ရွေးချယ်ဆောင်ရွက် လုပ်ကိုင်မည်ဆိုပါက မိမိ၏ လူသားဖြစ်ခြင်း အပေါ်တွင် သေချာရန် အရေးကြီးပါသည်။ ယင်းအတွက် ကလေးသူငယ်များကို ပညာပေးရာ၌ လူကြီးများ ဖြစ်စေချင်သည့် စံညွှန်းများအတိုင်း ပုံသွင်း လောင်းပေးခြင်းကို ရှောင်ရှားရပါမည်။ ကလေးငယ်ဘဝတွင် သူတို့၏ သဘာဝစွမ်းအား ရှိသလောက်သာ သင်ကြားစေပြီး လူရွယ်ဘဝ (Robinson Crusoe) ကဲ့သို့ မိမိကိုယ်မိမိ မှီခို အားထားနိုင်သော (self - dependence) အခြေအနေ ရောက်မှသာ အပြုပညာရေးမျိုးကို  ပေးအပ်ရပါမည်။ ဤအခြေအနေတွင် စာသင် သားတို့သည် အာရုံများ (Sensation) မှ စိတ်ကူးစိတ်သန်းများ (ideas) သို့ လည်းကောင်း၊ ခံစားမှု (feel) သက်သက်မှ စဉ်းစား တွေးခေါ်ခြင်း (reasons) သို့ လည်းကောင်း ကူးပြောင်းလာပြီ ဖြစ်သည့်အလျှောက် လောက၏ မှားမှန် တန်ဖိုးများကို ရွေးချယ် အကဲဖြတ် နိုင်ပေသည်။ ထို့ကြောင့် ရူးဆိုးက ̒ ကလေးအား ကြင်နာ ထောက်ထားပါ။ သင်ပြပါ။ ပစ္စုပ္ပန်ကို မစော်ကားဘဲ အနာဂတ်အတွက် လမ်းဖွင့်ပေးပါ ̓ ဟူ၍ ဆိုထားခြင်းပင် ဖြစ်ပါသည်။
အချုပ်အားဖြင့် ဆိုရလျှင် ရူးဆိုး၏ သဘာဝ ပညာရေးသည် မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းများနှင့် အတော်အတန် မဟပ်စပ်သော်လည်း ပညာရေးလွတ်လပ်ခွင့်၊ ကျောင်းသား အခြေပြုစနစ် စသည်တို့အတွက် လမ်းဖွင့်ပေးခဲ့သည်ကို တွေ့ရပါမည်။ လူသဘာဝအား မပျက်စီးစေဘဲ လူသားတန်ဖိုးထား ပညာရေး အယူအဆ တစ်ရပ် အနေဖြင့်လည်း တန်းဖိုးကြီး လှပါသည်။ သူ့ခေတ်၏ အချုပ်အနှောင်ကြားမှာ ပညာရေး (Education in chains) ကို ဆန့်ကျင်ပြီး ပုဂ္ဂလလူသား၏ တန်ဖိုးမဖြတ်နိုင်သော လွတ်လပ်မှု အယူအဆကို မီးမောင်းထိုး ပြခဲ့ပါသည်။ နှောင်းခေတ် ပညာရေး အတွေးအခေါ် ပညာရှင်များဖြစ်သော ဘေ့(စ်) ဒိုး (Basedow)၊ ပတ်စတာ လိုဇီ (Pestalozzi)၊ ဖရိုဘဲ(လ်) (Froebel ) တို့၏ ပညာရေး အတွေးအခေါ်နှင့် လက်တွေ့ ကျင့်သုံးမှုများသည်ပင် ရူးဆိုး၏ (Emile) ပါ ပညာရေး အယူအဆများအပေါ် အခြေခံထားသည်ကို တွေ့ရမည် ဖြစ်လေသည်။
သူရိန်ထက်လင်း
(ပညာရေးအတွေး၊ ဒဿနအမြင် စာအုပ်မှ..)
http://www.maukkha.org  မှ တဆင့်ကူးယူဖော်ပြသည်။