Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/03/30


နိုင်ငံပိုင်သတင်းစာတွင်ကြော်ညာခဲ့သည့် စင်္ကင်္ာပူနိုင်ငံကဲ့သို့ခေတ်မှီမြို့ဖြစ်လာတော့မယ်ဆိုတဲ့ ရန်ကုန်မြို့တွင့် ဧပြီ(၂)ရက်မှစရ်ျ တရက်လျင်လျှပ်စစ်မီး(၆)နာရီ အလှည့်ကျပေးမည်။


သမ္မတကြီး ဦးသိန်းစိန် လက်ထက်တွင် ရန်ကုန်မြို့အား စင်္ကာပူ နိုင်ငံအတိုင်း ခေတ်မှီဖွံ့ဖြိုး တိုးတက် စေရန် စီမံကိန်းများ ရေးဆွဲကြောင်း နိုင်ငံပိုင် သတင်းစာများတွင် အကျယ်တဝင့် ဖေါ်ပြပြီး ကြွေးကြော် ခဲ့သော်လည်း ကြားဖြတ် ရွေးကောက်ပွဲအပြီး နောက်ရက် ဧပြီလ (၂)ရက်မှ စတင်ကာ လျှပ်စီမီး တရက်လျင် (၆)နာရီသာ ပေးဝေတော့မည် ဖြစ်သည်။ ရန်ကုန်မြို့အား ဇုံ A, B, C ဇုံ(၃)ခု ခွဲပြီး အလှည့်ကျ ပေးပြီး VIP ရပ်ကွက် အိမ်ရာများ၊ လုံခြုံရေး ဆိုင်ရာနေရာများ၊ ဆေးရုံများ၊ သံရုံးများ၊ပုဂ္ဂလိက ဘဏ်များကို တော့ ၂၄ နာရီ မီးပေးမည်ဟု သိရသည်။
ဧပြီ ၂ ရက်နေ့မှစ အလှည့်ကျမီးပေးစနစ်နှင့် တွေ့မြင်ရတော့မယ့် ရန်ကုန်ညများ
Photo by - Movie Crazies
နေပြည်တော်မှာတော့ လမ်းမီးများကို ၂၄ နာရီ ထိန်ထိန်ငြီးအောင် ထွန်းထားပြီး မန္တလေး၊ မိထ္ထီလာနှင့် မြန်နိုင်ငံ အနှံအပြား မှာမြို့များတွင် တရက်လျင် လျှပ်စစ်မီး (၃)နာရီတောင် ရက်ခြား ရနေသည် ကြားသိရသည်။ မြန်မာ့နိုင်ငံမှ ထွက်ရှိတဲ့ သဘာဝဓါတ်ငွေ့ အားလုံးနီးပါးကို တရုပ်နှင့် ထိုင်းသို့တင်ပို့ရောင်းရာမှရရှိသော ဒေါ်ဘီလျံချီသည့် ငွေများ စာရင်းမရှိ ပျောက်ဆုံးနေသည့် အပြင် ပြည်ပ အကြွေးဆပ်ရန် ဒေါ်ဘီလျံ ပေါင်းများစွာ အကြွေးတင် နေမှုများကို ပြည်သူများအကြား  ပြောဆို ဆွေးနွေး လာကြသည်ဟု သိရှိသည်။
မန္တလေးတိုင်း၊ အမရပူမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ ရပ်ကွက်အတွင်းရှိ စက်မှုလုပ်ငန်းများအား လျှပ်စစ် အသုံးမပြုရန် အချိန်ဇယား ထုတ်ပြီးစာဖြင့် တားမြစ်။
Copy from - komoethee

2012/03/26

လမ်းဘေးဒါဏ်ရာဖြင့်လဲနေသော ကလေးငယ်ကို ကူညီရန် ဗဟန်းရဲစခန်းကရဲအရာရှိမှ တာဝန်မယူနိုင်ကြောင်းငြင်း။

၂၅.၃.၂၀၁၂ ၊တနင်္ဂနွေနေ့တွင်ဗဟန်းမြို့နယ် ရေတာရှည်လမ်းဟောင်း၊ဗဟန်းမြို့နယ်ရဲစခန်းအနီး ပလက်ဖောင်းပေါ်တွင် အသက်(၈)နှစ်အရွယ်ရှိ ကလေးငယ်တဦး ဒါဏ်ရာများဖြင့် လဲနေသည်ကို တွေ့ရှိသောကြောင့် အနှေးယာဉ်လုပ်သားကိုသံချောင်းမှ ဗဟန်းရဲစခန်း သို့အကြောင်း ကြားခဲ့သည်။
 
ဗဟန်း ရဲစခန်း တာဝန်ကျအရာရှိမှ အဆိုပါ ကိစ္စကို မိမိတို့ ရဲစခန်းမှ တာဝန် မယူနိုင်ကြောင်း၊ မကူညီ နိုင်ကြောင်း ပြောခဲ့သည်။ အနှေးယာဉ် လုပ်သား ကိုသံချောင်းသည် ရဲစခန်းကို တာဝန်သိ ပြည်သူတယောက် အနေဖြင့် သတင်း သွားပို့သော်လည်း ရဲအရာရှိ၏ ငြင်းပယ်မှုကြောင့် လဲနေသော ကလေးထံ ပြန်သွားပြီး လမ်းသွားလမ်းလာများနှင့် အနှေးယာဉ် လုပ်သားများ မှ တတ်နိုင်သမျှ ငွေကြေးစိုက်ထုတ်ခါ တက္ကစီကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့သည်။ ဆက်လက်ပြီး ကလေးရဲ့ မိဘများကို ဆက်သွယ်မှုရရန် ကြိုးစား ဆောင်ရွက်နေသည်။
 
ထိုသို့ တာဝန်ကျ ရဲအရာရှိရဲ့ တာဝန်မဲ့မှုနှင့် ပြည်သူထဲက အနှေးယာဉ်လုပ်သားတဦးရဲ့ တာဝန်ယူမှု အသိစိတ်ဓါတ်ကို နိုင်းယှဉ်နိုင်ရန် တင်ပြလိုက်ပါသည်။ ဗဟန်းရဲစခန်းမှ ရဲအရှိများသည် ဗဟန်းမြို့နယ်အတွင်း တရားမဝင်နှိပ်ခန်းများ၊ကာရာအိုကေ ဆိုင်များ၊ဘောလုံးပွဲပြသော ဘီယာဆိုင်များ၏ လုံခြုံရေးကို လိုင်းကြေး ရယူပြီး ဗဟိုစီမံချက်ရှိလျင် အကြောင်းကြားခြင်း၊ NLD ရုံးချုပ်ရဲ့လှုပ်ရှားများကို စောင့်ကြည့် မှတ်တမ်းယူခြင်း၊ ဗဟန်းမြို့နယ်အတွင်း ရဟန်း သံဃာကျောင်းတိုက်များကို စောင့်ကြည့်သော အလုပ်များသာ လုပ်နေသည်ဟု သိရှိရသည်။
 
သတ္တိခဲ ( Myanmar Police Force )
New MyanmarFoundation Facebook မှ ကူးယူခဲ့ပါသည်။

Human Rights Now နဲ့ AUN-Japan တို့ တွေ့ဆုံဆွေးနွေး

၂၀၁၂ ခုနှစ် မတ်လ ၂၅ ရက်။
ညီညွတ်သော တိုင်းရင်းသားများအဖွဲ့အစည်း AUN-Japan နှင့် Human Rights Now အဖွဲ့ တို့မှ မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်နေသော အပြောင်းအလဲနှင့် တိုင်းရင်းသားဒေသ အသီသီးတို့၌ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှု အခြေအနေတို့နှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးသည့် အခမ်းအနားကို ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ AUN ၏ ရုံးခန်း၌ ကျင်းပခဲကြပါသည်။
ဆွေးတွေးပွဲတွင် HRN မှ ကိုယ်စားလှယ် တာဝန်ခံ ၈ ဦးမှတက်ရောက်ခဲ့ကြပြီး လက်ရှိ ဖြစ်ပေါ်နေသော တိုင်းရင်းသားဒေသများ ယနေ့ချိန်ထိ လူ့အခွင့်အရေး ချိုးဖေါက်ခံနေရမှုအခြေအနေတို့ ဆွေးနွေးခဲ့ကြပြီး ဂျပန်အစိုးရသို့ ဆက်လက် တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo

2012/03/22

အမေရိကန်နဲ့ EU ရွေးကောက်ပွဲ အကဲခတ် ပုဂ္ဂိုလ်တွေကို မြန်မာ အစိုးရကဖိတ်ခေါ်



မြန်မာနိုင်ငံ ကြားဖြတ်ရွေးကောက်ပွဲကို လေ့လာဖို့ အမေရိကန်ပြည်ထောင်စုနဲ့ EU နဲ့ ASEAN နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာအစိုးရက ခွင့်ပြုလိုက်ပါပြီ။ ဒီအပေါ်မှာ ကျေနပ် အားရမိပေမယ့် ရွေးကောက်ပွဲ အကြိုကာ မသမာမှုတွေ၊ ခြိမ်းခြောက်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေအပေါ်မှာ စိုးရိမ်မိတယ်လို့ အမေရိကန်ပြည်ထောင်စုက တုံ့ပြန်ပါတယ်။ လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံ ဒီမိုကရေစီရေးနဲ့ အမေရိကန်-မြန်မာ နှစ်ဘက် ဆက်ဆံရေးကိုပါ အထောက်အပံ့ဖြစ်စေလိမ့်မယ်လို့လည်း အမေရိကန်ပြည်ထောင်စုက ပြောလိုက်ပါတယ်။ အပြည့်အစုံကိုတော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
လာမယ့် ကြားဖြတ်ရွေးကောက်ပွဲကို နိုင်ငံတကာက အလေးထားစောင့်ကြည့်နေချိန်မှာပဲ အခုလို နိုင်ငံတကာ စောင့်ကြည့်ရေးအဖွဲ့တွေကို မြန်မာအာဏာပိုင်တွေက ဖိတ်ကြားလိုက်တာပါ။ ဒီ ရွေးကောက်ပွဲဟာ မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေအတွက် အရေးပါတယ်လို့ အမေရိကန် ပြည်ထောင်စုအနေနဲ့ ရှုမြင်ပါတယ်။ အခုလို နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေ သတင်း မီဒီယာတွေကို လာရောက်ခွင့်ပေးတဲ့အတွက် အားရကျေနပ်မိတယ်လို့ အမေရိကန်ပြည်ထောင်စုရဲ့ သဘောထားကို အမေရိကန်နိုင်ငံခြားရေးဌာန အရာရှိတဦးက ဗွီအိုအေကို ပြောပါတယ်။
“ဒီ ပထမဆုံးလွှတ်တော် ကြားဖြတ်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေးပြုပြင်ပြောင်းလဲမှု လုပ်ငန်းတွေ အတွက် အရေးကြီးတဲ့ မှတ်တိုင်တရပ်ဖြစ်ပါတယ်။ အာဆီယံ၊ EU အမေရိကန်ပြည်ထောင်စု အပါအဝင် နိုင်ငံတကာလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ ရွေးကောက်ပွဲကို လာရောက်လေ့လာဖို့ ဖိတ်ကြားတယ်ဆိုတဲ့အပေါ်မှာ အမေရိကန်ပြည်ထောင်စုအနေနဲ့ အားရမိပါတယ်။ အဲဒီ နိုင်ငံတွေက သတင်းမီဒီယာတွေကိုလည်း လာရောက် လေ့လာဖို့ ဖိတ်ကြားပြီး နိုင်ငံတကာသတင်းမီဒီယာတွေကို ပို ဖွင့်ပေးလိုက်တာ တွေ့ရပါတယ်။”
တဘက်မှာတော့ ရွေးကောက်ပွဲအကြိုကာလ မသမာမှုတွေဖြစ်တဲ့သတင်းတွေအပေါ် အမေရိကန် ပြည်ထောင်စုက စိုးရိမ်နေပါတယ်။ ဒါကြောင့်လည်း ရွေးကောက်ပွဲလွတ်လပ်မျှတမှုရှိစေဖို့ အာဏာပိုင်တွေကိုရော နိုင်ငံရေးပါတီတွေကိုပါ သတိပေး တောင်းဆိုပါတယ်။
“တချိန်တည်းမှာပဲ ရွေးကောက်ပွဲအကြို မမှန်မကန်လုပ်မှုတွေ၊ နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို တိုက်ခိုက်မှုတွေလုပ်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတဲ့အပေါ်မှာလည်း စိုးရိမ်မိ ပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်မျှတမှုရှိရေးနဲ့၊ နိုင်ငံရေးပါတီတွေအနေနဲ့လည်း အကြမ်းဖက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ မဖြစ်စေအောင် ဂရုစိုက်ဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာဏာပိုင်တွေကို တောင်းဆိုပါတယ်။ ရွေးကောက်ပွဲ လွတ်လပ်ပြီး မျှတမှုတာဟာ ဒီမိုကရေစီရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေးနဲ့ နှစ်နိုင်ငံ အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာဖို့အတွက် အထောက်အကူဖြစ်စေမယ်လို့ ယူဆပါတယ်။”
နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့တွေ ဖိတ်ကြားတဲ့အပေါ်မှာ EU ဥရောပသမဂ္ဂ ကလည်း ကြိုဆိုပါတယ်။
ဒါဟာ အပြုသဘောဆောင်တဲ့ တုံ့ပြန်ချက်ဖြစ်တယ်လို့ EU ပြင်ပဆက်ဆံရေးဌာန ပြောခွင့်ရ အမျိုးသမီး Maja Kocijancic က ပြောသွားတာပါ။

2012/03/21

အစိုးရစစ်တပ်၏ ပစ်ခတ်မှုတွင် ရွာသားတစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရရှိ

မတ်လ ၂၀ရက်၊ ၂၀၁၂ခုနှစ်။ စောသိန်းမြင့် (ကေအိုင်စီ)
 
ကရင်ပြည်နယ်မြောက်ပိုင်း၊ တောင်ငူနှင့် ဖာပွန်ခရိုင်စပ်ကြားတွင် အခြေစိုက်လှုပ်ရှားနေသည့် အစိုးရစစ်တပ်များ၏ ပစ်ခတ်မှုကြောင့် ဒေသခံ ရွာသားတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရရှိခဲ့သည်ဟု Free Burma Ranger (FBR)အဖွဲ့မှ ယခုလ ၁၈ရက်နေ့က အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။

တောင်ငူခရိုင်၏ တောင်ဘက်ခြမ်းနှင့် ဖာပွန်ခရိုင်မြောက်ဘက်ခြမ်းရှိ ဘူဆာခီးနှင့် ခေးပူကားလမ်းကြား စီဒေးဧရိယာ ကသေးထာ့နေရာ တွင် မတ်လ ၉ရက်နေ့က ကားလမ်းဖြတ်သွားမည့် ရွာသားတစ်စုအတွက် လုံခြုံရေးအခြေအနေ ကြိုတင်သွားရောက်လေ့လာခဲ့သူ ရွာ သားနှစ်ဦးကို စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၉)မှ ပစ်ခတ်ခဲ့ရာ စောလေးလာသော ၂၃နှစ်သေဆုံးပြီး အခြားရွာသားတစ်ဦးမှာ ဒဏ်ရာရရှိ ခဲ့သည်ဟု ဆိုသည်။
FBR သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ စောအယ်ဖောက “ပြဿနာက ဒီလိုပါ။ ပြီးခဲ့တဲ့ မတ်လ ၂ရက်နေ့တုန်းက ကေအဲန်ယူတပ်ဖွဲ့က နေပြီးတော့ အစိုးရတပ်ရဲ့ ရိက္ခာတင်ကားတွေကို သွားပစ်တယ်။ နောက်ဆက်တွဲအနေနဲ့ ၉ရက်နေ့မှာတော့ ကားလမ်းကိုဖြတ်သွားမယ့် ရွာသားတွေကို လုံခြုံရေးယူထားတဲ့ စစ်တပ်က ပြန်ပြီး ပစ်ခတ်တာ ကေအဲန်ယူ စစ်သားမဟုတ်ဘဲ ရွာသားတွေကို သွားထိတယ်။”ဟု ပြောသည်။

ရှမ်းပြည် တပ်မတော်စခန်း အစိုးရတပ် တိုက်ခိုက် သိမ်းပိုက်

 ဒုတိယ ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်(Photo - Shan Herald Agency for News)
March 20, 2012
 
မကြာသေးခင်ကမှ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုးထားတဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း အဖွဲ့နဲ့ အစိုးရတပ်တွေ အကြား တိုက်ပွဲတွေ ထပ် ဖြစ်နေပြီး ရှမ်းပြည် တပ်မတော် တပ်စခန်း တခုကို အစိုးရတပ်ဘက်က သိမ်းပိုက် လိုက်တယ်လို့ ရှမ်းပြည်တပ်မတော် စစ်ဘက်ဆိုင်ရာ အရာရှိ တဦးက ပြောကြားလိုက် ပါတယ်။
ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းမြို့နယ် မိုင်းလိုင် တိုက်နယ်ထဲမှာ ရှိတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်ရဲ့ တပ်စခန်း တခု ကို အစိုးရ တပ်ရင်း တခုက ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက်က ၀င်တိုက်ပြီး သိမ်းပိုက် ခဲ့တာပါ။
ဒီတိုက်ပွဲနဲ့ ပတ်သက်ပြီး ရှမ်းပြည် တပ်မတော် ကျိုင်းတုံစစ်ဒေသမှူး  ဒု – ဗိုလ်မှူးကြီး စ၀်ကွမ်းစင့်က “မတ် ၁၈ ရက်နေ့ မနက် ၇ နာရီကျော် လောက်မှာ အစိုးရတပ် ခမရ ၅၇၃ က အုပ်စု ၃ဖွဲ့ ခွဲပြီး လွယ်လန်း ဖာ့ဟင်ချို ဒေသမှာ ရှိတဲ့ ကျနော်တို့ စခန်းကို ၀င်တိုက်တယ်။ မိနစ် ၄၀ လောက် တိုက်ပွဲဖြစ်ပြီး အင်အား မမျှတော့ ကျနော်တို့ ဆုတ်ခွာတာနဲ့ သူတို့ ၀င်သိမ်း လိုက်တာ ဖြစ်တယ်။” လို့ပြောပါတယ်။

2012/03/20

ဦးမန်းငြိမ်းမောင် လွတ်ငြိမ်းချမ်းသာခွင့် နှင့် ပြန်လွတ်
 တနင်္လာ, 19 မတ် 2012 By မအေးအေးမာ
ဓာတ်ပုံ ငြိမ်းချမ်းရေးဘလော့ဂ်
Mann Nyein Maung, KNU
ပုဒ်မ (၁၇၁) အရ တရားမ၀င်အသင်းနဲ့ ဆက်သွယ်မှု၊ ပုဒ်မ (၁၂၂) (၁) အရ နိုင်ငံတော် ပုန်ကန်မှု၊ နိုင်ငံတော် နဲ့ စစ်မက်အပြိုင်ခင်းမှု စတဲ့ ပုဒ်မတွေ နဲ့ ထောင်ဒဏ်တသက် တကျွန်း ချမှတ် ခံထားရတဲ့ ကေအန်ယူ ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် ဦးမန်းငြိမ်းမောင် ကို ပုဒ်မ (၄၀၁) အရ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့် နဲ့ ဒီကနေ့ လွှတ်ပေးခဲ့ပါတယ်။ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့တွေနဲ့ ကေအန်ယူ အကြား အပစ်အခတ်ရပ်ဆဲရေး နဲ့ ငြိမ်းချမ်းရေး ရရှိဖို့ ဆွေးနွေးနေစဉ် ကေအန်ယူ ဘက်ကလည်း ဖမ်းဆီးခံထားရတဲ့ သူတို့ ရဲ့ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ တောင်းဆိုနေတာပါ။ အခုလို ဦးမန်းငြိမ်းမောင် လွတ်မြောက်မှု နဲ့ ပတ်သက်ပြီးတော့ သူရှေ့နေ နဲ့ ကေအန်ယူ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းထားတဲ့  မအေးအေးမာ က သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့အပတ် အင်္ဂါနေ့ကပဲ ဦးမန်းငြိမ်းမောင်ကို နိုင်ငံတော်ပုန်ကန်မှု နဲ့ တရားမ၀င်အသင်းအဖွဲ့ တွေနဲ့ ဆက်သွယ်မှု နဲ့ ထောင်တသက်တကျွန်း ပြစ်ဒဏ်ပေးပြီးတဲ့ နောက်  မတ်လ (၁၉) ရက်နေ့ မှာ အင်းစိန်ထောင် ကနေလွှတ်ပေး ခဲ့တာကို ထောင်မှူးကပြောပြခဲ့ကြောင်း ရှေ့နေဖြစ်သူ ဦးကြီးမြင့်ကပြောပါတယ်။
“ကျနော်တို့ သွားပြီးတော့ အယူခံ ကိစ္စကို စုံစမ်းရင်းနဲ့ အဲဒီ ကိစ္စကို သိတာ။ အင်းစိန်ထောင်ကနေ ပြီးတော့ ထောင်ကို သွားတဲ့ အခါကျတော့ သူတို့ က မပြောဘူးခင်ဗျ။ မပြောတဲ့ အခါကျတော့ ရီနေတယ်။ ဟာ ခင်ဗျားတို့ ရီနေလို့ မရဘူးလို့။ ကျနော်က တာဝန်နဲ့ လာတာ ဒီမှာ အမိန့်စာတွေ ပါတယ်လို့။ သူ အယူခံ တက်မတက် ကို ဆွေးနွေးရမှာ။ ကျနော်တို့မှာ ကာလ စည်းကမ်းအလိုက် ဆိုတာ ရှိတယ် လို့။ အဲဒီလို ပြောတော့မှ ခဏ နာရီဝက်လောက် စောင့်ပါဆိုပြီးတော့မှ အထက်အမိန့် တောင်းပြီးတော့မှ ဆရာတဲ့ ခုနတုန်းက ပြောခွင့်မရှိလို့ပါတဲ့။ မနက် ရှစ်နာရီက လွှတ်လိုက်ပါပြီတဲ့။ (၄၀၁) နဲ့ အဲဒီလို ပြောတယ်။ ထောင်တာဝန်ရှိတဲ့ ထောင်မှူးပေါ့။ အဝမှာ ရှိတဲ့ ထောင်မှူးက ပြောလိုက်တာ။ သူက အတွင်းနဲ့ အဆက်အသွယ်လုပ်ပြီး ကျနော့်ကို ပြောလိုက်တာ။ နာရီဝက်လောက် စောင့်နေရတယ်။”

စိတ်ရောဂါကုဆေးရုံ ပို့်ခံထားရသု ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်များ တွေ့ဆုံ

2012-03-19
နိုင်ငံရေးအကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့နဲ့ ပြည်တွင်းစစ် ရပ်စဲဖို့ ဆန္ဒဖော်ထုတ်လို့ ဖမ်းဆီးခံရပြီး ရန်ကုန် စိတ်ရောဂါကုဆေးရုံကို ပို့ဆောင်ခံထားရတဲ့ ဧရာဝတီတိုင်း ဘိုကလေးဇာတိသား ဦးအောင်မြင့်ကို ၈၈ ကျောင်းသားခေါင်းဆောင်တွေ ဒီကနေ့ သွားရောက်တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
Photo courtesy of ဌေးအောင် ဓာတ်ပုံနှင့် ဗီဒီယို
နိုင်ငံရေး အကျဉ်းသားဟောင်း ဦးအောင်မြင့်(အလယ်) ဖြစ်ပါသည်။
ဦးအောင်မြင့်ရဲ့အမှုကိစ္စဟာ နိုင်ငံသားအခွင့်အရေးကို ချိုးဖောက်ခံရတာ ဖြစ်တယ်လို့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောပါတယ်။
ဦးအောင်မြင့်ကို လက်ရှိ စိတ်ကျန်းမာရေးဆေးရုံ မှုခင်းဆောင်မှာ ထားရှိပြီး ကျန်းမာရေး ကောင်းမွန်ကြောင်း၊ တာဝန်ရှိဆရာဝန်တွေက ဒီကနေ့ ဦးအောင်မြင့်ကို ဆေးစစ်ဖို့ စီစဉ်ထားခဲ့ပေမဲ့ ဆရာဝန်မစုံလင်တဲ့အတွက် ဆေးစစ်မယ့် အစီအစဉ် ပျက်သွားရကြောင်း မနှင်းထက်ထက်အောင်က ပြောပါတယ်။
ဦးအောင်မြင့်ဟာ ဇန်နဝါရီ ၃ ရက်ကစပြီး အပြာရောင်ထောင်ဝတ်စုံကို ဝတ်ဆင်ကာ ဘိုကလေးမြို့မှာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ဗဟန်းမြို့နယ် ကားမှတ်တိုင်တစ်ခုမှာ အပြာရောင်ထောင်ဝတ်စုံနဲ့ သံခြေကျင်း ၀တ်ဆင်ထားတဲ့ ဦးအောင်မြင့်နဲ့ ပင်နီအင်္ကျီနဲ့ ယောထဘီ ၀တ်ဆင်ထားတဲ့ သမီး မနှင်းထက်ထက်အောင်တို့ကို ဗဟန်းမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့က ဖမ်းဆီးစစ်ဆေးပြီး ဦးအောင်မြင့်ကို စိတ်ကျန်းမာရေး ဆေးရုံကို ပို့ဆောင်လိုက်ပါတယ်။
ဦးအောင်မြင့်ဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ ၂ ကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်ပါတယ်။
copy rights_http://www.rfa.org/burmese/news

2012/03/18

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးကြဖို့ 

Vote NLD Campaign ဗွီဒီယို ရုပ်သံ Vote NLD Campaign နာမည်ကြီး သရုပ်ဆောင်တွေစုပေါင်းပြီး လာမယ့်ကြားဖြတ်ရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုမဲပေးကြဖို့ Vote NLD Campaign ဗွီဒီယို ကို ရိုက်ကူးတင်ဆက်ထားပါတယ်။ လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေ ပါဝင်သရုပ်ဆောင်ထားသည်။  
Copy from - BurmaVJMedia

နိုင်ငံခြားသားများ တိုက်ရိုက် ရင်းနှီးမြှုပ်နှံနိုင်တော့မည်


ရင်းနှီးမြုပ်နှံမှု ဥပဒေမူကြမ်း အသစ်တရပ်အရ မြန်မာနိုင်ငံတွင် စီးပွားရေးလုပ်ငန်း တည်ထောင်လိုသော နိုင်ငံခြားသားများအတွက် ဒေသခံ စီးပွားဖက်တဦး ရှာစရာမလိုတော့သည့်အပြင် လုပ်ငန်းစတင်သည့် အချိန်မှစ၍ ၅ နှစ်အထိ အခွန်ကင်းလွတ်ခွင့်လည်း ရရှိမည်ဖြစ်ကြောင်း ရိုက်တာသတင်းဌာနမှ ယနေ့သတင်းပေးပို့သည်။
ရန်ကုန်မှ အိမ်ယာ ဆောက်လုပ်ရေး လုပ်ငန်းခွင်တခု (ဓာတ်ပုံ - ရိုက်တာ)
ဧပြီလ ဘဏ္ဍာရေးနှစ်မှ စတင်၍ မြန်မာကျပ်ငွေ နှုန်းရှင်အဖြစ် တရားဝင်ကျင့်သုံးတော့မည်ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတ်မှတ်လိုက်မှုနှင့် တပြိုင်နက်တည်း ယင်း ရင်းနှီးမြုပ်နှံမှု ဥပဒေစည်းမျဉ်းသစ်များကို ပြဌာန်း ကျင့်သုံးနိုင်ကြောင်း လက်ခံရရှိထားသည့် စာရွက်စာတမ်းများကို ကိုးကား၍ ရိုက်တာသတင်းဌာနက သုံးသပ်ရေးသားထားသည်။
ယင်းအစီအစဉ်သည် အာဏာရှင်စနစ်အောက် လွဲမှားသော စီမံခန့်ခွဲမှုများ၊ ဒဏ်ခတ်ပိတ်ဆို့မှုများကြောင့် ခြွတ်ခြုံကျနေရသည့် နိုင်ငံ့စီးပွားရေးကို ပြန်လည်ဦးမော့စေရေးအတွက် ဦးသိန်းစိန်အစိုးရ၏ လက်တွေ့ကျသော အရဲရင့်ဆုံး ရှေ့တိုး လုပ်ဆောင်ချက်ဖြစ်မည်ဟု လေ့လာသူများက ဆိုသည်။

2012/03/17

BGF မှ ဒီကေဘီအေ ကလို့ထူးလားပိုင်ကားကိုပစ်ခတ်

DKBAယနေ့မနက် (၄) ခန့်တွင် အမှတ် (၁၀၁၂) အစိုးရနယ်ခြားစောင့်တပ်(BGF)က မြိုင်ကြီးငူအနီးရှိ ရင်းပိုင်တံတားထိပ်၌ ဒီကေဘီအေ ကလို့ထူးလားပိုင် ကားတစီးကို ပစ်ခတ်ရာ တဦးသေဆုံးပြီး တဦးပျောက်ဆုံးနေသည်ဟု ဒီကေဘီအေ ပြောခွင့်ရသူ ဗိုလ်မှူး လုံ့လုံကဆိုပါသည်။
“ ဒီလိုပါဗျ။ သေဆုံးသူက BGF  (၁၀၁၉) က ဗိုလ်တင်ညွန့်ဖြစ်တယ်။ သူကကားကြုံ စီးလာတာဖြစ်တယ်။ သူတ ပည့်တယောက် ပျောက်နေတယ်။ ကားကတော့ ဒီကေဘီအေ ကလို့ထူးလားပိုင် ကားပါဗျ။ မောင်းသူက အရပ်သား ဗိုလ်တင်ညွန့်ရဲ့ ညီလေး ဖြစ်နေတယ်။ ကျနော်တို့ စဉ်းစားနေရတာက ဒီကားဟာ ကျနော်တို့ ဒီကေဘီအေ ကလို့ထူးလား တပ် မှူးတဦးဖြစ်တဲ့ ကန်ညီနောင် ဗိုလ်မှူးမောင်လေးရဲ့ ကားဆိုတော့ သူကို့ရည်ရွယ်ပြီး ပစ်လိုက်တာလား စဉ်းစားစရာဖြစ်နေ တယ်။” လို့ ဆိုပါသည်။
ယခုပစ်ခတ်မှုတွင်  BGF (၁၀၁၂) မှ ဒုရင်းမှူး ဗိုလ်မှူး သောဘိုး၏ လက်ချက်ဖြစ်ဖွယ်ရှိသည်ဟု ဒီကေဘီအေဖက်က ယူဆ နေပါသည်။ ဤကဲ့သို့ ဖြစ်ပွားလာမည်ကို စိုးရိမ်သည့်အတွက်  ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၂၅၊၂၆) ရက်နေ့၌ ကရင်ပြည်နယ် ဖါးအံမြို့ အမှတ် (၂၂) ခြေမြန်တပ်မ ဌာနချုပ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆေင်ရေး အဖွဲ့ဝင်များနှင့် ဒီကေဘီအေ ကလို့ထူး ဘောတပ်ဖွဲ့မှ ဗိုလ်မှူးချုပ် စောမိုရှေးနှင့် စောသန်းရွှေ (ခေါ်) ဗိုလ်မှူးချုပ်ဘိုဘိ တို့က မြိုင်ကြီးငူဒေသတွင်လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ လုံခြုံရေးကိစ္စ ညှိနှိုင်းပြီး နှစ်ဖက် သဘောတူ လက်မှတ်ရေး ထိုးခဲ့ပါသည်။
DkbA
ဒီကေဘီအေနှင့် ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့ ဆွေးနွေး (ဓါတ်ပုံ DKBA)
ယင်းသဘောတူညီချက်နံပါတ် (၇)တွင် တည်ဆောက်ထားသော ငြိမ်းချမ်းရေးကို ထာဝရခိုင်မြဲစေရန်အလို့ငှာ ပြသနာတ စုံတရာ ပေါ်ပေါက်ခဲ့သော် လက်နက်ဖြင့် မဖြေရှင်းဘဲ နယ်မြေဒေသရှိ စစ်ဖက်နယ်ဖက် အကြီးအကဲများနှင့် ညှိနှိုင်းပြီး ဖြေ ရှင်းသွားရန် သဘောတူသည်ဟု ပါရှိခဲ့ပါသည်။
လက်ရှိပြသနာ၌လည်း ဒီကေဘီအေ ကလို့ထူးလား တပ်မှူးဗိုလ်မှူး ကန်ညီနောင် မောင်လေးကို တမင်ပစ်ခတ်ခြင်း ဟုတ် မဟုတ်၊ ဒီကေဘီအေဖက်က စုံစမ်းနေပါသည်။ ဤကဲ့သို့ ပြသနာမျိုး ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လဆန်းကလည်း မြ၀တီမြို့နယ် ရွှေကုက္ကိုရွာ၌ အခြေချနေသော BGF ၁၀၁၉ တပ်ရင်းမှတပ်စုမှူး ဗိုလ်တင်ညွှန့်နှင့် တပ်ဖွဲ့ဝင် ၈ ဦးတို့သည် DKBA ကလို့ထူး လား စစ်ကွပ်ကဲရေးဌာန အဖွဲ့များနှင့် ပူးပေါင်းလို၍ လာရောက် ဆက်သွယ်ကာ DKBA က လက်မခံခဲ့သော်လည်း လုံခြုံ ရေးအရ ပြန်မလှည့် လိုတော့သဖြင့် ဖြေရှင်းနေချိန်တွင် ဒီကေဘီအေအပေါ် BGF က သံသယဖြစ်ခဲ့ဘူးပါသည်။
ဤသို့ကြောင့် အစိုးရ BGF တပ်ဖွဲ့တို့သည်၊ ပြီးခဲ့သည့် ဖေဖေါ်ဝါရီ (၁၉) ရက်နေ့က မြိုင်ကြီးငူရှိ DKBA တပ်ဖွဲ့ထံမှ လက် နက် (၃၂) လက်နဲ့ အီကွစ်မင်း (၁၅) စုံကို သိမ်းယူခဲ့ခြင်းဖြစ်ပါသည်။ သို့သော် ဖေဖေါ်ဝါရီ (၂၄) ရက်၌ ပြန်လည်ပေးအပ်ခဲ့ရ ပါသည်။  ဤကဲ့သို့သော နှစ်ဖက် ဆက်ဆံရေး အခြေအနေကြောင့် ဖေဖေါ်ဝါရီ (၂၆) ရက်နေ့တွင် မြိုင်ကြီးငူဒေသ လက် နက်ကိုင် ပဋ္ဋိပက္ခမဖြစ်စေရေး၊ကို နိုင်ငံတော်ငြိမ်းချမ်းရေး ဖေါ်ဆောင်ရေးအဖွဲ့က လက်မှတ်ထိုးစေခဲ့ခြင်းဖြစ်ပါသည်။
copy rights_http://www.phophtaw.org/burmese/index.php/news/local-news/1246-bgf-.html

စုဝေးခွင့်ဥပဒေ ပြန်ပြင်ဖို့ လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

မြန်မာနိုင်ငံမှာ ဥပဒေအဖြစ် ပြဋ္ဌာန်းလိုက်တဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေမှာ အားနည်းချက်တွေ ရှိနေတာကြောင့် ပြင်ဆင်ဖို့လိုတယ်လို့ လူ့အခွင့်အရေး အခြေအနေတွေကို စောင့်ကြည့်အကဲခတ်နေတဲ့ Human Rights Wtach က ပြောလိုက်ပါတယ်။
လွတ်လပ်စွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့် ဥပဒေဟာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိဘူးလို့ ကြာသပတေးနေ့မှာပဲ ကြေညာချက် တစောင် ထုတ်ပြန်ပြောဆိုလိုက်တာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလမှာ သမ္မတ ဦးသိန်းစိန် လက်မှတ်ရေးထိုး အတည်ပြု ပေးလိုက်တဲ့ ဥပဒေအရ ငြိမ်းချမ်းစွာ စုဝေးမှုတွေ၊ စီတန်းလမ်းလျှောက်တာတွေ လုပ်ဆောင်ဖို့အတွက် အာဏာပိုင်တွေထံ ခွင့်ပြုချက် လျှောက်ထားဖို့နဲ့ ဖောက်ဖျက်သူတွေအနေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်တွေ ကျခံနိုင်တဲ့ ပြဋ္ဌာန်းချက်တွေ ပါဝင်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောဆိုခဲ့တာပါ။
အရင်တုန်းက ဆန္ဒပြ လှုပ်ရှားမှုတွေကို တားမြစ်ထားတာကို ဥပဒေသစ်က အခုအခါ ခွင့်ပြုလိုက်ပေမဲ့ ကြွေးကြော်သံတွေ တိုင်မယ် ဆိုရင်လည်း ကြိုတင် ခွင့်ပြုချက် ယူရတာမျိုးလို ထိန်းချုပ်မှုတွေ ရှိနေတုန်းပဲလို့လည်း ပြောပါတယ်။ မြန်မာနိုင်ငံမှာ တွေ့မြင်လာနေရတဲ့ အပြောင်းအလဲတွေအပေါ် စိတ်အားတက်ကြွနေပေမဲ့လည်း အရင်က မရှိဖူးတာတွေ ရှိလာရုံနဲ့ အစိုးရကို အမှတ်ပေးမနေကြဘဲ ဥပဒေတွေကို နိုင်ငံတကာ စံချိန်စံနှုန်းတွေအတိုင်း ဖြစ်အောင် ဖိအားပေးသင့်တယ်လို့လည်း Human Rights Wtach အဖွဲ့ရဲ့ အာရှရေးရာ ညွှန်ကြားရေးမှူး Brad Adams က ကြေညာချက်ထဲမှာ တိုက်တွန်းသွားတာပါ။ ဒါကြောင့်လည်း မြန်မာနိုင်ငံက လွှတ်တော်တွင်းမှာ ဒီဥပဒေကို ပြန်လည် ပြင်ဆင်နိုင်ရေး ကြိုးပမ်းဖို့နဲ့ တချိန်တည်းမှာပဲ ပြည်ထဲရေး ဝန်ကြီးဌာနလို အာဏာပိုင် အဖွဲ့အစည်းတွေအနေနဲ့ ဥပဒေတွေရဲ့ ပြင်းထန်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း တိုင်ပင်ဆွေးနွေးမှုတွေ လုပ်ဆောင်ဖို့ Human Rights Wtach အဖွဲ့က တောင်းဆိုထားပါတယ်။
copy rights_http://www.voanews.com/burmese/news

The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့် အတူ ရပ်တည် ရင်ဆိုင် သွားမည်ဟု ထုတ်ပြန် ကြေငြာ..

  The Messenger News Journal နှင့် ELEVEN Media တို့မှ The Voice ဂျာနယ်နှင့်အတူ ရပ်တည် ရင်ဆိုင်သွားမည်ဟု ထုတ်ပြန် 
March 16, 2012
The Voice ဂျာနယ်၌ ဖော်ပြခဲ့သော ၀န်ကြီးဌာနအချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိ သတင်းပါ ရေးသားချက်များနှင့် ပတ်သက်ပြီး မက်ဆေ့ဂျာ ဂျာနယ်နှင့် အလဲဗင်းမီဒီယာတို့က အပြင်းအထန် ကန့်ကွက်ပြီး ဗွိုက်ဂျာနယ်ဖက်မှ ရပ်တည်မည်ဖြစ်ကြောင်း သဘောထားများ ထုတ်ပြန် လိုက်သည်။
 ကျွန် တော်တို့က လာဘ်ပေး၊ လာဘ်ယူမှု တွေ ဒီဝန်ကြီးဌာနမှာ ရှိလောက် တယ်လို့ ရေးတယ်။ ဒါကို မမှန်မကန် စွပ်စွဲတယ်။ ကျင့်ဝတ်နဲ့မညီဘူး။ အပြုသဘော မဆောင်ဘူးလို့ စွပ်စွဲလို့ မရဘူး။ ကျွန်တော်တို့ သတင်းမီဒီယာဆိုတာ ရဲမဟုတ်ဘူး။ သက်သေ အတိအကျ မရနိုင်ဘူး။ ကျွန်တော်တို့ ရေးတဲ့ သတင်းအပေါ် မှာ အငြင်းပွားရင် ရဲတို့၊ စသုံးလုံး တို့က စစ်ဆေး၊ အများသူငါ ထင်သာ မြင်သာအောင် သတင်းထုတ် ပြန်ပေါ့။ အခုကိစ္စမှာလည်း အငြင်းပွားဖွယ်ရှိရင် ပြည်ထောင်စုလွှတ်တော်၊ စာရင်းစစ်ချုပ်၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့က ၀င်စစ်ဆေးပေါ့ဗျာ။ ကျွန်တော်တို့ သတင်းမီဒီယာ မှာ ထောက်ပြစရာတွေ ထပ်ရှိသေး ရင်လည်း ထောက်ပြမှာပေါ့။ ကျွန်တော်တို့ဆီမှာ ပြည်ထောင်စုစာရင်း စစ်ချုပ်ရုံးက ပြည်သူ့လွှတ်တော် ပြည်သူ့ငွေစာရင်း ကော်မတီကို တင်ပြထားတဲ့ အစီရင်ခံစာလည်း ရှိပါ တယ်။

2012/03/14

တိုကျိုတွင် ကျင်းပပြုလုပ်သည့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ ဆန္ဒပြပွဲ အခမ်းအနား




၂၀၁၂ ခုနှစ် မတ်လ (၁၃)ရက်။
၁၉၈၈ ခုနှစ်၊ မတ်လ (၁၃) ရက်နေ့က  စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းသား ကိုဖုန်းမော် ကျဆုံးခဲ့သည့် ၂၄ နှစ် ပြည့် နှစ်ပတ်လည်နှင့် မြန်မာနိုင်ငံ လူအခွင့်အရေးနေ့  အထိမ်းအမှတ် ချီတက်တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ(JAC) ဦးစီး၍ ယနေ့ နေ့လည်တွင် ကျင်းပ ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် အကျဉ်းထောင် အသီးသီးတို့၌ ယုံကြည်ချက်ကြောင့် နိုင်ငံရေးအကျဉ်းသားများ မတရားဖမ်းဆီးခံ ထိမ်းသိန်းခံထားရဆဲ ဖြစ်ကြောင်း တိုင်းရင်းသားဒေသများသည်လဲ လူ့အခွင့်အရေး ချိုးဖောက်ခံနေရဆဲ ဖြစ်ကြောင်း ဂျပန်ပြည်သူများ သိရှိစေရန်နှင့် မြန်မာ့ဒီမိုကရေစီ အရေးကို ပိုမို အားပေးကူညီ ဆောင်ရွက် လာရန်အတွက် ယနေ့ တောင်းဆို ချီတက်ဆန္ဒပြပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရခြင်း ဖြစ်ပါသည်။
ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွတ်ပေးပြီး ဦးသိန်းစိန်အစိုးရ၏ လူ့အခွင့်အရေး ချိုဖောက်နေမှု့ ရပ်တန့်ရန် တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ် ရပ်စဲပြီး စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေးကို အမြန်ဖေါ်ဆောင်ပေးရန်၊ ပါသည့် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့၏ ဆန္ဒ သဘောထားပါ တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ချက်ကို တိုကျိုရှိ မြန်မာ သံရုံးမှတဆင့် သမတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။ ချီတက်ဆန္ဒပြပွဲသို့  အင်အား(၂၀၀)ကျော်ခန့်  ပူးပေါင်း ပါဝင် တက်ရောက် ခဲ့ကြပါသည်။
 သတင်း မှတ်တမ်း၊ ဓါတ်ပုံ။      ။Moe Min Thu

မြန်မာနိုင်ငံသားတွေ လူ့အခွင့်အရေး အပြည့်အ၀ခံစားနိုင်ဖို့ ဒေါ်စု ဆန္ဒပြု

 အင်္ဂါ, 13 မတ် 2012 By သင်းသီရိ

ဓာတ်ပုံ ASSOCIATED PRESS
ဒီကမ္ဘာမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ  လူသားတိုင်းရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ရယူ ခံစားနိုင်ခွင့် ရှိရမယ်လို့  မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောလိုက်ပါတယ်။ ရန်ကုန်မြို့မှာ ဒီကနေ့ ကျင်းပတဲ့  မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့  အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောခဲ့တာ ဖြစ်ပါတယ်။  မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးအခြေအနေတချို့ တိုးတက်မှု ရှိလာတယ်ဆိုပေမဲ့  နိုင်ငံမှာ ဒီထက် ပိုမို ကောင်းမွန်တဲ့ လူ့အခွင့်ရေး တွေ ရဖို့ လိုသေးတယ်လို့လည်း လူ့အခွင့်ရေးလှုပ်ရှားသူတွေက ထောက်ပြကြပါတယ်။ ဒီအခြေအနေအပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါရှင်၊
ဒီကနေ့ မတ်လ ၁၃ ရက်နေ့ဟာ   ၁၉၈၈ ခုနှစ်တုန်းက စက်မှုတက္ကသိုလ် ကျောင်းသားကိုဖုန်းမော် ကျဆုံးတဲ့နေ့ ဖြစ်ပြီး မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကစလို့  ဒီနေ့ကို မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ အဖြစ် သတ်မှတ်ကျင်းပလာတာ အခု ၂၃နှစ် ပြည့်ပြီ ဖြစ်ပါတယ်၊  ဒါ့ကြောင့် ဒီကနေ့ ကျရောက်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်ရေးနေ့ကို  ရန်ကုန်က တော်ဝင်နှင်းဆီမှာ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ   စက်မှု တက္ကသိုလ်ကျောင်းသားဟောင်းတွေ က ဦးဆောင်ပြီး  အခမ်းအနား ကျင်းပခဲ့တာပါ၊ ဒီအခမ်းအနားကို တက်ရောက်ခဲ့တဲ့  ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ လူသားတိုင် ရသင့် ရထိုက်တဲ့ လူ့အခွင့်ရေးတွေကို ခံစားနိုင်ခွင့် ရှိရမယ်လို့ ပြောပါတယ်။
"ကျမတို့ဟာ ဒီကမ္ဘာကြီးမှာ နေတဲ့ လူသားတွေထဲက တစိတ်တပိုင်းဖြစ်တယ်ဆိုတာကို အမြဲ မမေ့တမ်း နှလုံးထဲမှာ စွဲထားရမှာဖြစ်ပါတယ်။ ဒီတော့ ကျမတို့ လူ့အခွင့်အရေးလို့ ပြောတာ မြန်မာနိုင်ငံသူ နိုင်ငံသား အခွင့်အရေးလို့ ပြောနေတာမဟုတ်ဘူး။ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာ လူသားတိုင်း ရသင့် ရထိုက်တဲ့ အခွင့်အရေးကို ရရမယ်လို့ ပြောနေတာဖြစ်ပါတယ်။ ကျမအနေနဲ့ မြန်မာနိုင်ငံမှာ မကြာခင်အချိန်အတွင်း လူ့အခွင့်အရေး ပြည့်ပြည့်၀၀ ခံစားနိုင်ပါစေ၊ တကမ္ဘာလုံးမှာလည်း ကမ္ဘာ့လူသားအားလုံး လူ့အခွင့်အရေးပြည့်ပြည့်၀၀ ခံစားနိုင်ပါစေလို့ ကျမနဲ့ အတူ ဆန္ဒပြုကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။"
မြန်မာနိုင်ငံ ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်ရေးတွေအတွက် စတင်လှုပ်ရှားခဲ့တဲ့ ၈၈ အရေးတော်ပုံကြီးကို အခြေခံတဲ့ ဒီနေ့ဟာ သမိုင်းဝင်နေ့တနေ့ ဖြစ်ပြီး တိုးတက်မှုဘက် ဦးတည်တဲ့ ခြေလှမ်းတွေ အတူ လှမ်းကြဖို့နဲ့  ပညာရေးကဏ္ဍ အရေးကြီးပုံ တွေကိုလည်း ထည်သွင်းပြောကြားသွားပါတယ်။
"ကျမတို့ အဲဒီတုန်းက မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့ဆိုပြီးတော့ အားလုံးသဘောတူပြီးတဲ့နောက်မှာ လူ့အခွင့်အရေးဆိုတဲ့ အသုံးအနှုန်းက ဒီနိုင်ငံမှာ အတော်လေး ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ ကျမတို့ ဘယ်ကို သွားသွား တိုးတက်တဲ့ ဘက်ကို ဦးတည်ရမယ်။ တိုးတက်အောင် လုပ်ချင်တဲ့စိတ် ရှိရမယ်။ အဲဒီလို စိတ်ဓာတ်ရှိမှလည်း တိုးတက်နိုင်မှာ။ ပြီးတော့ အဖြစ်တခုကို သုံးသပ်တဲ့အခါမှာ နက်နက်နဲနဲ သုံးသပ်ရမယ်။ အပေါ်ယံကျော ကြည့်လို့မရဘူး။ ကျမတို့ နိုင်ငံအတွက် မျှော်လင့်ချက်တွေ များတယ်။ ဒါပေမဲ့ မျှော်လင့်ချက်ဆိုတာ မျှော်လင့်ချက်နဲ့ မပြီးဘူး။ အလုပ်လုပ်မှ ဒီမျှော်လင့်ချက်ကို အကောင်အထည်ဖော်နိုင်မှာ၊ ဒါကြောင့် ကျမတို့ ကလေးတွေကို ပညာသင်ပေးရမယ်။ ပညာသင်ပေးထားတယ်။ ပညာဆိုတာဘာလဲဆိုတော့ နောက်ဆုံးကျတော့ အခြေအနေတခုကို မှန်မှန်ကန်ကန်သုံးသပ်ဆင်ခြင်နိုင်ခွင့်၊ အဲဒီဟာ ပညာပဲ။"
ဒါကတော့ ဒီကနေ ရန်ကုန်  တော်ဝင်နှင်းဆီမှာ ကျင်းပတဲ့ စက်မှုတက္ကသိုလ်ကျောင်းသား  ကိုဖုန်းမော် ကျဆုံးခြင်း  ၂၄ နှစ်ပြည့် နဲ့  မြန်မာနိုင်ငံ လူ့အခွင့်ရေးအနေ့ အခမ်းအနားတွင်း ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲက တချို့ကို ကောက်နှုတ် တင်ပြပေးခဲ့တာပါ။ လွန်ခဲ့တဲ့ ၂၃ နှစ်က စလို့  လူ့အခွင့်ရေးနေ့ရယ်လို့ သတ်မှတ်ကျင်းပလာခဲ့ပေမဲ့ ဒီနေ့ထိတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးတွေ အပြည့်အ၀ မရသေးဘူးလို့  ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သုံးသပ်ပါတယ်။
"တကယ်ပြောင်းလဲရတော့မယ့်နေရာကို အသိတရားနဲ့ ပြောင်းလဲခြင်းဆိုရင်တော့ ခုလက်ရှိအခြေအနေကို ကျနော်တို့ ကြိုဆိုရမယ်။ နှစ်ဦးနှစ်ဘက်ပေါင်းပြီးတော့ ဒါကို ချဲ့ထွင်သွားရလိမ့်မယ်။ အဲတော့ ကျနော်တို့ဘက်က လိုတာက ကိုဖုန်းမော် ကျဆုံးခဲ့ပြီးတာဟာ မြန်မာနိုင်ငံလူ့အခွင့်အရေးနေ့လို့ ၂၃နှစ် ပြည့်တဲ့အထိ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတွေ မရသေးဘူး။ ခုမှ စပြီး လူ့အခွင့်အရေးအတွက် ကြိုးစားကြရမယ်။ အဲဒီအတွက် တကမ္ဘာလုံးမှာ ပေးနေတဲ့ လူ့အခွင့်အရေး စံချိန် စံညွှန်းတွေ အတိုင်း မြန်မာပြည်သူ ပြည်သားတွေလည်း ရနိုင်ဖို့အတွက် ပြည်သူလူထုဆီသို့ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော် အားလုံးကို ဖိတ်ခေါ်ထားခဲ့ပါတယ်။ တိုင်းရင်းသားတွေမှာ လူ့အခွင့်အရေးတွေ ချိုးဖောက်ခံနေရတာတွေ များစွာ ရှိမယ်ဆိုတာလည်း သေချာပါတယ်။"
၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ပါ။ ဒါပေမဲ့ အရင်ကထက်စာရင် လူ့အခွင့်ရေးအခြေအနေတွေဟာ အခု တိုးတက်မှု တစုံတရာ ရှိလာပေမဲ့  ဒီထက်ကောင်းမွန်တဲ့ အခြေအနေတွေနဲ့ တိုးတက်မှုတွေရဖို့ လိုနေသေးတယ်လို့လည်း လူ့အခွင့်ရေးကော်မရှင်  ဥက္ကဋ္ဌ ဦးဝင်းမြက သုံးသပ်ပါတယ်။

အပစ်ရပ်ထားတဲ့ကြားက SSA တောင်ပိုင်းနယ်ထဲ အစိုးရတပ် ဝင်တိုက်

2012-03-13
အပစ်အခတ်ရပ်စဲရေး သဘောတူညီထားတဲ့ကြားက ရှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-South နယ်မြေတွေ အတွင်းမှာ အစိုးရတပ်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာ ၁၃ ကြိမ်ရှိသွားပြီလို့ SSA-တောင်ပိုင်း ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စိုင်းလောင်ဆိုင်းက ဒီနေ့ ပြောကြားလိုက်ပါတယ်။
RFA
SSA ရှမ်းပြည် တပ်မတော် တောင်ပိုင်းဌာနချုပ်ရှိရာ လွိုင်တိုင်းလျန်းတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာလက SSA နှင့် မဟာမိတ် တိုင်းရင်းသား တပ်ဖွဲ့ ၆ ဖွဲ့တို့၏ ပထမဆုံး ဗိုလ်လောင်းသင်တန်းဆင်းပွဲ စစ်ရေးပြ အခမ်းအနားသို့ ချီတက်လာကြသော တပ်ပေါင်းစုကို တွေ့ရစဉ်။ ဓါတ်ပုံ - RFA
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က SSA တောင်ပိုင်း ထိန်းချုပ်ရာ နယ်မြေဖြစ်တဲ့ ရှမ်းပြည် အရှေ့ပိုင်း မိုင်းယောင်းဘက်မှာ တိုက်ပွဲဖြစ်ခဲ့ကြောင်း၊ အခုလို အစိုးရတပ်ဖွဲ့တွေရဲ့ စစ်ရေး ဖိအားပေးမှု များလာတဲ့အတွက် ကိုယ့်ကို တိုက်ခိုက်လာရင် ပြန်ပြီး ခုခံစစ်ဆင်နွှဲသွားဖို့ အောက်ခြေတပ်တွေကို ညွှန်ကြားထားကြောင်း ပြောပါတယ်။ SSA တောင်ပိုင်းးဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၂ ရက်က မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီခဲ့ပါတယ်။ သဘောတူခဲ့စဉ်က နယ်မြေဒေသတွေ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် အတူ လက်တွဲလုပ်ဆောင်သွားမယ်လို့ ပါရှိပါတယ်။ 
copy rights_http://www.rfa.org/burmese/news/ssa-south-attacked-03132012101843.html

ပဒိုမန်း​ငြိမ်း​မောင်ကို တသက်တကျွန်းချမှတ်


March 13, 2012 by ​အေး​နိုင်

နိုင်ငံတော်ပုန်ကန်မှုနဲ့ တရားစွဲခံရသူ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ ခေါင်းဆောင် ပဒိုမန်းငြိမ်းမောင်ကို ထောင်ဒဏ် တသက်တကျွန်း ပြစ်ဒဏ် ကျခံစေဖို့ အင်းစိန် ထောင်တွင်း တရားရုံးက ဒီနေ့ စီရင်ချက် ချမှတ်လိုက်ပါတယ်။

ပဒို မန်းငြိမ်းမောင် ဒီနေ့ အင်းစိန်ထောင်တွင်းမှာ ရန်ကုန် မြောက်ပိုင်းခရိုင် တရားရုံးက ခရိုင် တရားသူကြီး ဦးလှဝင်း ရုံးထိုင်ပြီး အမှုစီရင်ခဲ့တာလို့ ပဒိုမန်းငြိမ်းမောင်ရဲ့ ရှေ့နေ ဦးကြီးမြင့်က ပြောပါတယ်။

“ဘယ်လိုအမိန့်ချလည်းဆိုတော့ ၁၇/၁ နဲ့ ထောင် ၃နှစ်၊ အမြင့်ဆုံးပဲ။ နောက်တခါ ၁၂၂/၁ နဲ့ အနိမ့်ဆုံးပေါ့၊ တသက်တကျွန်း အဲဒါ ချတယ်။ ပြီးတော့ ပြစ်ဒဏ် ၂ ရပ်စလုံးအတွက် ၂မှုကို ပေါင်းပြီးတော့ ပြစ်ဒဏ်ကျခံစေလို့ ဆိုတော့ ၃ နှစ်က မရှိတော့ဘဲနဲ့၊ တစ်သက်တကျွန်း ဆိုတော့ အနှစ် ၂၀ ပေါ့။ ချုပ်ရက်ကို ထုတ်နှုတ်စေ၊ ဆိုပြီးတော့ အဲဒီလို အမိန့်ချတယ်။ ကျနော်တို့က မကျေနပ်ဘူးဆိုရင် ရက် ၆၀ အတွင်းကို အယူခံဝင်ပေါ့။ ဒေသလွှတ်တော် တရားရုံးမှာ အယူခံဝင်လို့ရတယ်။”

ပဒိုမန်းငြိမ်းမောင်ဟာ ထိုင်းနိုင်ငံကနေ တရုတ်နိုင်ငံကိုအသွား ထိုင်းကို ပြန်ဝင်ဖို့ ဗီဇာ အခက်အခဲတွေ့ရာကနေ မြန်မာပြည် ပြန်ပို့ခံရပြီး အင်းစိန်ထောင်မှာ ချုပ်နှောင် တရားစွဲခံရတာပါ။ သူ့ကို နိုင်ငံတော် ပုန်ကန်မှု၊ တရားမ၀င် အသင်းအဖွဲ့တွေနဲ့  ဆက်သွယ်မှု စတဲ့ အမှုတွေနဲ့ စီရင်ထားတာပါ။

ပဒိုမန်းငြိမ်းမောင်ဟာ မိခင်အဖွဲ့အစည်းအဖြစ်တဲ့ ကေအန်ယူနဲ့ အစိုးရအကြား အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေးအတွက် ထောင်ထဲကနေ အကြံပေး ကြားဝင် ဆောင်ရွက်ခဲ့သူ ဖြစ်ပြီး သူ့ကို ဖမ်းဆီးမိအပြီးမှာ အစိုးရနဲ့ ကေအန်ယူအကြား နှစ်ပေါင်း ၆၀ ကျော် ကြာ တိုက်ပွဲကို အပစ်အခတ် ရပ်ထားဖို့ ပဏာမ သဘောတူညီချက် ရခဲ့ပါတယ်။

2012/03/13


နိုင်ငံတကာတွင် ပူးတွဲကျင်ပပြုလုပ်ကြသောကြ (၂၄) နှစ်ပြည့် ကိုဖုန်းမော် နှစ်ပတ်လည် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားများသို့ ပေးပို့လာသော ၈၈ မျိုးဆက်များကိုယ်စား ကိုမင်းကိုနိုင် ၏ ရုပ်သံဖိုင်

copy rights_http://www.naytthit.net/?p=25388

မြစ်ဆုံဆည် ဆက်လုပ်ရန် ဆွေးနွေးမှု နယ်ပယ်အသီးသီးမှ ကန့်ကွက်


ချင်းမိုင် (မဇ္ဈိမ) ။       ။ ရပ်ဆိုင်းထားသည့် မြစ်ဆုံဆည် တည်ဆောက်မှုကို ပြန်လည်စတင်နိုင်ရန် ဆွေးနွေးနေသည့် သတင်းများ ကြားသိရ၍ ကန့်ကွက်မှုများလည်း နယ်ပယ်အသီးသီးမှ ထွက်ပေါ်လာသည်။

စီမံကိန်း ပြန်လည် စတင်မည်ဆိုသည်မှာ ပြည်သူလူထုဆန္ဒအား ဆန့်ကျင်သည့် လုပ်ရပ်အဖြစ် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ပညာရှင် ဦးအုန်းက ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

"ဒါကတော့ ကျနော်တို့က ကန့်ကွက်ရမှာပဲ။ အခု ပြန်လုပ်မယ်ဆိုတဲ့ကိစ္စဟာ အင်မတန်ကို မိုက်ရိုင်းမှုလို့ ကျနော် ယူဆတယ်။ ဒီမိုကရေစီလို့သာ အော်တာ၊ လုပ်တာတခြား အော်တာတခြား ဖြစ်နေတယ်။ အဲဒီတော့ ပြည်သူ့ဆန္ဒကို ဆန့်ကျင်တာတော့ ကျနော် လုံးဝ သဘောမတူဘူး" ဟု မဇ္ဈိမကို ပြောသည်။

မြစ်ဆုံဆည် တည်ဆောက်မှု အမြန်ဆုံး ပြန်လည်စတင်နိုင်ရန် မြန်မာအစိုးရ ခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း တရုတ်စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou ၏ ပြောဆိုမှုကို China daily သတင်းစာ၏ အင်တာနက် စာမျက်နှာတွင် စနေနေ့က ဖေါ်ပြမှုကို ညွှန်းဆို၍ ဦးအုန်းက ပြောခြင်းဖြစ်သည်။
myintson
မြစ်ဆုံဆည် တည်ဆောက်မှုကို ပြန်လည်စတင်နိုင်ရန် ဆွေးနွေးနေသည့် သတင်းများ ကြားသိရ၍ ကန့်ကွက်မှုများလည်း နယ်ပယ်အသီးသီးမှ ထွက်ပေါ် (ဓါတ်ပုံ မဇ္ဈိမ)

မြစ်ဆုံဒေသတွင် ကမ္ဘာ့ရှားပါး ပန်းနှင့်သစ်ခွများ၊ အပင်များ၊ လိပ်ပြာများနှင့် တရိစ္ဆာန်များ ရှိနေ၍ "အဲဒီလောက် ကောင်းတဲ့နေရာကို ဆည်ကြောင့် ပျက်ဆီးမယ်ဆိုရင် ကျနော်တို့ မလဲနိုင်ဘူး" ဟု ဦးအုန်းက မဇ္ဈိမကို ပြောသည်။

2012/03/12

မြစ်ဆုံ စီမံကိန်း ပြန်စဖို့ ဆွေးနွေးနေကြောင်း တရုတ်ပြော

2012-03-11
မြစ်ဆုံ ရေလှောင်တမံ တည်ဆောက်ရေးကို ပြန်လည် ဆောင်ရွက်နိုင်ဖို့အတွက် မြန်မာအစိုးရနဲ့ ထိထိရောက်ရောက် ဆွေးနွေး ပြောဆိုနေတယ်လို့ တရုတ် စွမ်းအင် ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်းက ပြောလိုက်ပါတယ်။
RFA
မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် မြန်မာနိုင်ငံရှိ တရုပ်အစိုးရ ရင်းနှီးမြှုပ်နှံမှုအားလုံး ရပ်ဆိုင်းရေးအတွက်၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်နေ့က အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ တရုတ်သံရုံးရှေ့တွင် အမေရိကန်ရောက် မြန်မာနိုင်ငံသားများ စုဝေးဆန္ဒပြနေစဉ်။
စနေနေ့က ကျင်းပခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌ Lu Qizhou က ပြောဆိုခဲ့တာပါ။ ကချင်ပြည်နယ် မြစ်ဆုံဒေသမှာ ရေအားလျှပ်စစ် ထုတ်လုပ်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၃၆ဝဝ ကုန်ကျမယ့် မြစ်ဆုံရေလှောင်တမံကို တရုတ်က တည်ဆောက်ခဲ့ပါတယ်။ ရရှိမယ့်စွမ်းအင် အားလုံးနီးပါးဟာ တရုတ်ပြည်အတွက် ဖြစ်ပါတယ်။ ဒီစီမံကိန်းဟာ သဘာဝ ပတ်ဝန်းကျင်နဲ့ လူ့အခွင့်အရေးကို အန္တရာယ်ပြုမှာ ဖြစ်တဲ့အတွက် သမ္မတဦးသိန်းစိန်က ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ရပ်ဆိုင်းလိုက်ပါတယ်။
သူ့ရဲ့ သမ္မတသက်တမ်းအတွင်း အနည်းဆုံး ၂ဝ၁၅ ခုနှစ်အထိ ရပ်နားထားမယ်လို့ ထုတ်ပြန် ကြေညာခဲ့တာပါ။

တရုတ် စွမ်းအင်ရင်းနှီးမြှပ်နှံမှု ကော်ပိုရေးရှင်း ဥက္ကဋ္ဌက ပြောဆိုရာမှာ... စိုးရိမ်စရာ ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပြီးတာနဲ့ မြစ်ဆုံစီမံကိန်း စောနိုင်သမျှ စောစော ပြန်လည် အကောင်အထည်ဖော် ဆောင်ရွက်တာကို မြင်ချင်ပါတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

အမေရိကန် အခြေစိုက် International Rivers “နိုင်ငံတကာ မြစ်နဒီများအဖွဲ့” ရဲ့ အဆိုအရ မြစ်ဆုံစီမံကိန်းက ထွက်ရှိမယ့် လျှပ်စစ်စွမ်းအင် ပမာဏ မက်ဂါဝပ် ၆ ထောင်ရဲ့ ၉ဝ ရာနှုန်းဟာ တရုတ်ပြည်အတွက် ဖြစ်ပြီး ဒီအတွက် တရုတ်က ၇ဝ ရာခိုင်နှုန်း အမြတ်ထွက်မှာ ဖြစ်ပါတယ်လို့ ဆိုပါတယ်။
copy rights_http://www.rfa.org/burmese/news/myitsone-dam-03112012094205.html

အရှေ့ဂျပန် သဘာဝဘေးအန္တရယ် ကျရောက်သည့် (၁)နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲနှင့် ပညာပေး ဟောပြောပွဲ အခမ်းအနား(တိုကျို)



၂၀၁၂ ၊ မတ်လ(၁၁)ရက်။

၂၀၁၁ ခုနှစ် မတ်လ ၁၁ ရက်နေ့မှာ လှုပ်ခတ်သွားသည့် ငလျင်နှင့် ဆူနားမိ ဒဏ်ခံရသော ဂျပန် ပြည်သူများအတွက် (၁)နှစ်ပြည့် နှစ်ပတ်လည် အောက်မေ့ဖွယ် ဘာသာပေါင်းစုံ အမျှဝေ ဆုတောင်းပွဲနှင့် သဘာဝ ဘေးအန္တရယ် အသိပညာပေး ဟောပြောပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှကြီးမှူး၍ SHINJUKU KU, Ochiai Dai ichi Chiki Centerတွင် ယနေ့ နေ့လည် ၁ နာရီမှ ညနေ ၅း၀၀ နာရီအထိ ကျင်းပခဲ့ပါသည်။
အခမ်းအနားတွင် ငလျင်နှင့်ဆူနာမီဒဏ်ကြောင့် ဘဝတပါးသို့ ကူးပြောင်းသွားခဲ့ကြသူများအား ရည်စူး၍ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများ၊ ခရစ်ယာန်ဘာသာနှင့် အစ္စလာမ်ဘာသာမှ ဘာသာရေးဆရာတို့မှ မိမိတို့၏ သက်ဆိုင်ရာ ဘာသာအသီးသီး အလိုက် ဆုတောင်းမေတ္တာပို့၊ အမျှဝေခြင်းများကို ပြုလုပ်ခဲ့ပါသည့်အပြင် ကောက်ခံ ပေးပို့လှူဒန်းခဲ့သည့် အလှူငွေများကို ရေစက်ချ အမျှဝေမှု ပြုလုပ်ခဲ့ပါသည်။
ယနေ့ကျင်းပသည့် အခမ်းသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးနေသည့် ဂျပန် အထက်လွတ်တော် အမတ်များဖြစ်ကြသည့် Mr.AZUMA KONNO ၊ Ms.FUKUSHIMA MIZUHO ၊ Mr.SAKAGUCHI NOOTO တို့မှ ပေးပို့သည့် ဗီဒီယို ရုပ်သံသ၀ဏ်လွှာများကို ပြသခဲ့သည့်ပြင် ဂျပန်ရောက် မြန်မာများ ငလျင်ဒေသသို့ သွားရောက် လုပ်အား လှူဒန်းခဲ့ကြသည့် သတင်းဓါတ်ပုံနှင့် ရုပ်သံ မှတ်တမ်းများတို့ ပြသသွားပါသည်။
ငလျင်ကြီး လှုတ်ခဲ့သည့် ဂျပန်စံတော်ချိန် နေ့လည် ၂နာရီ ၄၆မိနစ် မှစတင်၍ ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တက်ရောက်လာကြသူ အားလုံးမှ မတ်တပ်ရပ်ကာ မိမိကိုးကွယ်ရာ ဘာသာအလိုက် (၂)နှစ် ငြိမ်သက်စွာ ဆုတောင်းပြုလုပ်ခဲ့ကြပါသည်။
ဆက်လက်ပြီး တိုကျို ဧရိယာတ၀ိုက်တွင် ငလျင် လှုပ်ဖွယ်ရှိသည် ဆိုသော ခန့်မှန်းချက်နှင့် ငလျင် ဘေးအန္တရယ်နှင့် ပတ်သက်၍ ကြိုတင် ပြင်ဆင်ထားရန်များကို ဦးကျော်ကျော်စိုးမှ ရှင်းလင်းခဲ့ပြီး သဘာဝဘေး၏ အကျိုးသက်ရောက်မှုနှင့် ဘေးသင့်ခဲ့ရသူများအား ထိတ်လန့်မှု လွန်မြောက်ကာလ စိတ်ပိုင်းဆိုင်ရာ ကူညီ ပံ့ပိုးမှု ဆိုင်ရာ အသိပညာများကို "တိုးဟိုးခု တက္ကသိုလ်" ကျောင်းမှ ဒေါတ်တာ စိုးရွှေမှ ဟောပြောခဲ့ကြပါသည်
သတင်းမှတ်တမ်း။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ။ Moe Min Thu

2012/03/11

မန်းငြိမ်းမောင် စိတ်ဓာတ်အခြေအနေ ရှေ့နေ သံသယရှိ
 
 သောကြာ, 09 မတ် 2012By မအေးအေးမာ


ကရင်အမျိုးသားအစည်းအရုံးရဲ့ ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ ပုဒ်မ ၁၇၁ တရားမ၀င် အသင်းဆက်သွယ်မှု၊  ပုဒ် ၁၂၂  က နိုင်ငံတော် ပုန်ကန်မှုနဲ့ အမိန့်ချဖို့ ရှိနေပါတယ်။  အမှုအမြန်ပြီးဖို့နဲ့ ၀န်ခံဖို့အတွက် မန်းငြိမ်းမောင်ကို ဖိအားပေးခံရမှုတွေလည်း ရှိနေတယ်လို့ ယူဆရကြောင်း ဒီအတွက် စိတ်ကျန်းမာရေးလည်း ထိခိုက်နေပုံရတယ်လို့ သူ့ရဲ့ ရှေ့နေဖြစ်သူက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလို်င်လက တရုပ်ပြည်ကနေ မြန်မာပြည်ထဲကို ပြန်ရောက်သွားပြီး အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံထားရတဲ့ ဦးမန်းငြိမ်းမောင်ကို လာမယ့် ၁၃ ရက်နေ့မှာ အမိန့်ချဖို့ ရှိနေတယ်လို့ ရှေ့နေဖြစ်သူ ဦးကြီးမြင့်က ပြောပါတယ်။
“အင်္ဂါနေ့မှာ အမိန့်ချမယ်။ ၁၇/၁ ကတော့ ၃ နှစ်ပေါ့။ ၁၂၂/၁ ကတော့ အမြင့်ဆုံးကတော့ အမြင့်ဆုံးက သေဒဏ်၊ အနိမ့်ဆုံးက တသက်တကျွန်းပဲ၊ အဲဒါကို ၂ မှုပေါင်းပြီးတော့လည်းပဲ တပေါင်းတည်းကျခံစေ-လို့လည်း အမိန့်ချနိုင်တယ်ပေါ့။
နှစ်ဘက် လျှောက်လဲချက်ပေးတဲ့ အခါကျတော့ တို့ဘက်ကတော့ ဘာ့ကြောင့်လွှတ်ပေးသင့်တယ် ဆိုတဲ့ ဥပဒေကောက်ချက်ရယ်၊ နောက်တချက်ကတော့ ဒီအမှုမှာ ဒီအချိန်ကြီးမှာ ဒီလို ပြင်းထန်တဲ့ အမိန့်တွေ မပေးသင့်ဘူးဆိုတဲ့ အကြောင်းချင်းရာရယ်၊ အဲဒီ အကြောင်းအချက် ၂ ခုနဲ့ ဥပဒေ အကြောင်းအရာနဲ့ အကြောင်းချင်းရာ အဲလို ခွဲခြားပြီးတော့-တော့ လျှောက်လဲချက်တော့ ပေးလိုက်တာပဲလေ။”
အယူခံခွင့်ရှိပေမယ့် အခုတရားစွဲဆိုမှုဟာထူးခြားမှုရှိနေပြီး ဥပဒေကြောင်းအရ ကြည့်မယ်ဆိုရင် ဥပဒေပြဌာန်းချက်တွေနဲ့ မညီတာကို တွေ့ရတယ်လို့ ရှေ့နေဖြစ်သူက ဆိုပါတယ်။

KNU နှင့် DKBA ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေး

လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
ကရင် လက်နက်ကိုင် နှစ်ဖွဲ့ဖြစ်သော ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တို့သည် ကွဲထွက်ပြီး ၁၇ နှစ်အကြာတွင် ပထမဆုံး အကြိမ်အဖြစ် နှစ်ဘက် ခေါင်းဆောင်များ တရားဝင် တွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။
ကရင် နှစ်ဖွဲ့အကြား သမိုင်းဝင် တွေ့ဆုံပွဲဖြစ်ပြီး အတိတ်ကာလ အငြိုးအတေးများကို ချေဖျက်ကာ အနာဂတ်တွင် နိုင်ငံရေး၊ စစ်ရေးနှင့် နယ်မြေ ဖွံ့ဖြိုးရေး တို့တွင် ညှိနှိုင်း လုပ်ဆောင်သွားကြရန် သဘောတူ ခဲ့ကြကြောင်း ဆွေးနွေးပွဲ တက်ရောက်သူ KNU တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ က ပြောပြသည်။
“အတိတ် ကာလက DKBA ခွဲထွက်သွားတဲ့ ကိစ္စတွေမှာ နှစ်ဘက် အားနည်းချက်ကြောင့် ဖြစ်ခဲ့ပြီး အချင်းချင်း သတ်ဖြတ် ကြတာတွေဟာ သမိုင်းမှာ အမည်းစက် တခုဖြစ်ခဲ့တယ်၊ အဲဒီအပေါ်မှာ သင်္ခန်းစာ ယူပြီးတော့ အနာဂတ်ကာလမှာ ညီညီညွှတ်ညွှတ်နဲ့ ညှိနှိုင်း လုပ်ဆောင်ကြဖို့ ဆွေးနွေး ကြတာပါ”ဟု ဗိုလ်မှူးစောလှငွေ က ဧရာဝတီသို့ ပြောသည်။
ဆွေးနွေးပွဲကို DKBA ကလို့ထူးဘော စစ်ဌာနချုပ် အခြေစိုက် ဆုံစည်းမြိုင်ရွာတွင် ကြာသာပတေးနေ့က ကျင်းပခဲ့ကြပြီး KNU မှ တွဲဖက် အတွင်းရေးမှူး ဗိုလ်မှူး စောလှငွေ၊ ဒုတိယ စစ်ဦးစီးချုပ် ဖလော်ခို တို့ ဦးဆောင် တက်ရောက်ကြောင်း၊ DKBA မှ ဗိုလ်ချုပ် စော လားပွယ်(ခေါ်) ဗိုလ် နှုတ်ခမ်းမွေးက ဦးဆောင် တက်ရောက် ဆွေးနွေးကြကြောင်း သိရသည်။
ထိုဆွေးနွေးပွဲသို့ နိုင်ငံတကာရောက် ကရင်တိုင်းရင်းသား အချို့လည်း တက်ရောက်ခဲ့ကြပြီး ကရင်နှစ်ဖွဲ့က ၎င်းတို့ အနေဖြင့် ကရင် အမျိုးသားအလံ တခုတည်း အောက်တွင် ပူးပေါင်း ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ရှာဖွေ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

2012/03/09

ပဒိုမန်း​ငြိမ်း​မောင်အမှုကို အင်္ဂါ​နေ့​မှာ စီရင်ချက် ချမည်

March 8, 2012 by ​အေး​နိုင်

နိုင်ငံ​တော်ပုန်ကန်မှုနဲ့​ တရား​စွဲခံရတဲ့​ ​ကေအန်ယူ​ခေါင်း​ဆောင် ပဒိုမန်း​ငြိမ်း​​မောင်ကို လာမယ့်​အင်္ဂါ​နေ့​ မနက်ပိုင်း​မှာ အင်း​စိန်​ထောင်တွင်း​ တရား​ရုံး​က စီရင်ချက်ချမယ်လို့​ ဆုံး​ဖြတ်လိုက်ပါတယ်။

သက် ​သေတဦး​ဖြစ်တဲ့​ ​တောင်က​လေး​ ဆရာ​တော်က ကျန်း​မာ​ရေး​ကြောင့်​ ကြွမလာ နိုင်တဲ့​ အတွက် အဲဒီ သက်​သေကို ပယ်ပြီး​ နှစ်ဖက် ​လျှောက် လဲချက် ​ပေး​ခဲ့​ရတယ်လို့​ပဒိုမန်း​ငြိမ်း​မောင်ရဲ့​ ​ရှေ့​နေ ဦး​ကြီး​မြင့်​က ​ပြောပြ ပါတယ်။

“ဒီ​နေ့​ ကျ​နော်တို့​ဘက်​နေပြီး​တော့​ ဘာ​ကြောင့်​ အပြစ်မ​ပေး​ သင့်​တဲ့​ အ​ကြောင်း​၊​ လွှတ်​ပေး​သင့်​တဲ့​အ​ကြောင်း​ ​ပြောရပါတယ်။ အစိုး​ရဘက် က​တော့​ စွဲဆိုထား​တဲ့​ ပုဒ်မ​တွေနဲ့​ အပြစ်​ပေး​သင့်​ကြောင်း​ ​လျှောက်လဲချက် ​ပေး​ပါတယ်။ အင်္ဂါ​နေ့​ မနက် ၁၁ နာရီ ရုံး​ချိန်း​ပါ။ အမိန့်​ချပါမယ်၊​ အပြီး​သတ် အမိန့်​ပါပဲ။”

ထိုင်း ​နိုင်ငံက​နေ တရုတ်နိုင်ငံကိုသွား​ရောက်ခဲ့​တဲ့​ ပဒိုမန်း​ငြိမ်း​မောင်ဟာ ထိုင်း​ကို ပြန်လာဖို့​ ဗီဇာအခက်အခဲ​ကြောင့်​ တရုတ်ပြည်က​နေ မြန်မာပြည် ပြန် ပို့​ခံရပြီး​ အင်း​စိန်​ထောင်မှာ ချုပ်​နှောင်တရား​စွဲခံထား​ရတာပါ။

ပဒိုမန်း ​ငြိမ်း​မောင်ကို တရား​စွဲခွင့်​အမိန့်​မှာ သမ္မတက ပြည်ထဲ​ရေး​ ဝန်ကြီး​ကို အာဏာ အပ်ထား​ကြောင်း​ဆိုတာ ပါမလာတဲ့​ အ​ကြောင်း​၊​ အမှု ၂ ခုနဲ့​ စွဲရာမှာ ၁ ခုက သက်​သေခံချက်​တွေကို တခြား​ ၁ မှုမှာ တိုက်ရိုက်ကူး​ပြီး​ ၂ မှုကို တ​ပေါင်း​တည်း​ သက်​သေခံချက် လုပ်တာက ဥပ​ဒေနဲ့​ မညီ​ကြောင်း​၊​ ဒီလို လုပ်မယ်ဆို ဥပ​ဒေအရ အမှုက ပျက်ပြယ်တဲ့​ သ​ဘောရှိ​ကြောင်း​ ဦး​ကြီး​မြင့်​က ရှင်း​ပြပါတယ်။

Overseas Burmese – အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်း ဆက်လှုပ်ရှား ကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

ပြည်ပရောက်မြန်မာများ အလွန်အကျွံ အကောင်းမြင်ခြင်း၊ အဆိုးမြင်ခြင်း မပြုကြဘဲ ဒီမိုကရေစီရေး မလျော့တမ်း ဆက်လှုပ်ရှားကြရန် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
မိုးမခအထောက်တော် ၀၀၂၊  မတ် ၈၊ ၂၀၁၂
အမေရိကန်ပြည်နှင့် ပြည်ပရောက် မြန်မာများ အနေနှင့် လက်ရှိ မြန်မာပြည်အရေးကို အကောင်းမြင် လွန်းခြင်းနှင့် အဆိုးမြင် လွန်းခြင်း အစွန်း ၂ဖက်မှ လွတ်ကင်းစွာ ရှုမြင် စေလိုကြောင်း၊ ပြည်တွင်းတွင် ပြည်သူတို့က ဒီမိုကရေစီရေး လှုပ်ရှားမှုများကို အကောင်းဆုံး အစွမ်းကုန် ကြိုးပမ်း နေသည့်နည်းတူ ပြည်ပရောက် မြန်မာများကလည်း ဆက်လက်ပြီး နိုးကြား တက်ကြွစွာ လှုပ်ရှားကြဖို့ လိုအပ်ကြောင်း၊ ပြည်ပရောက် မြန်မာပြည်သူတို့၏ အခန်းကဏ္ဍ သည်လည်း အရေးပါကြောင်း ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြား လိုက်သည်ဟု သိရသည်။
ဆန်ဖရန် ဘေးဧရိယာအခြေစိုက် BADA နှင့် BAWA ဟု အမည်တွင်သည့် မြန်မာ့အရေး လှုပ်ရှားသည့် အဖွဲ့အစည်းများတွင် ပါဝင်ပြီး တက်ကြွ နိုးကြားလှုပ်ရှားသူ မြန်မာ ဇနီးမောင်နှံတစုံတို့က ဇန်န၀ါရီလတွင်းက မြန်မာပြည်သို့ ခေတ္တ အလည်ပြန်ခဲ့ကြရာ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံခဲ့ကြကြောင်း၊ ထိုသို့ တွေ့ဆုံရာတွင် ဒေါ်အောင်ဆန်းစုကြည်က ပြည်ပရောက် မြန်မာများအတွက် အထက်ပါ အမှာစကား ပြောကြားခဲ့ကြောင်း အဆိုပါ ဇနီးမောင်နှံက မိုးမခသို့ ပြောကြားခဲ့သည်။

2012/03/08

KNU ခရိုင်(၅)ခုမှ အစိုးရတပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှုကို FBR ထုတ်ပြန်

မတ်လ ၇ရက်၊ ၂၀၁၂ခုနှစ်။
 
ကရင်အမျိုးသား အစည်းအရုံး-KNU ထိန်းချုပ်နယ်မြေဖြစ်သည့် ကရင်ပြည်နယ်၊ ခရိုင်(၅)ခုတွင် ၂၀၁၂ခုနှစ်အတွင်း မြန်မာ အစိုးရမှ လူ့အခွင့်အရေး ချိုးဖောက်မှုလျှက် ရှိကြောင်း ပြည်တွင်း ဒုက္ခသည်များအား အကူအညီ ပေးနေသည့် FBR က မတ်လ ၅ရက်နေ့၌ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
KNU နှင့် မြန်မာ အစိုးရတို့အကြား ဇန်န၀ါရီ ၁၂ရက်နေ့က ပဏာမ အပစ်အခတ် ရပ်ဆိုင်းရေး သဘောတူညီ လက်မှတ်ထိုးပြီး နောက် KNU ထိန်းချုပ် နယ်မြေများဖြစ်သည့် ဒူးပလာယာ၊ တောင်ငူ၊ ညောင်လေးပင်၊ ဘိတ်-ထားဝယ်နှင့် ဖားအံခရိုင်အတွင်း ရှိ ဒေသခံများ၏ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုများကို FBR က ဖော်ပြထားခြင်း ဖြစ်သည်။
FBR ၏ ဒါရိုက်တာ တာအုဝါးပါက “မြန်မာအစိုးရနဲ့ KNU အပစ်ရပ်ရေး ပဏာမ သဘော တူညီမှု ကာလဖြစ်ပေမယ့် အထူးသ ဖြင့် တောင်ငူ ဒေသဘက်မှာ အစိုးရ စစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကတော့ အရင်တုန်းကနဲ့ မခြားဘူး ဆိုတာ ဒီ report (အစီရင်ခံစာ)က ပြနေပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်ဒေသအတွင်း မြန်မာအစိုးရတပ်၏ တပ်အင်အား တိုးချဲ့ခြင်း၊ ရိက္ခာပို့ခြင်းနှင့် အတင်းအဓမ္မ လုပ်အားပေး ခိုင်းစေခြင်းများ ကို ဆက်လက် လုပ်ဆောင်နေခြင်းကြောင့် ဒေသခံ ပြည်သူများအတွက် စိုးရိမ်ဖွယ် အခြေအနေတွင် ရှိနေသေးသည်ဟု သူက ဆက်ပြောသည်။

KNPP အဖွဲ့နဲ့ အစိုးရ အပစ်အခတ်ရပ်ရေး လက်မှတ်ထိုး

2012-03-07
ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အဖွဲ့နဲ့ အစိုးရတို့ဟာ ဒီကနေ့ အချက်သုံးချက်ကို သဘောတူညီပြီး ပြည်နယ်အဆင့် ပဏာမအပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးလိုက်ကြပါတယ်။
RFA
၂၀၁၂ ခုနှစ် မတ်လ ၇ ရက်က လွိုင်ကော်မြို့တွင် ဦးအောင်မင်း ခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် ဆွေးနွေးပွဲ၌ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီမှ ဆွေးနွေးနေစဉ်။
အစိုးရဘက်က ရထားဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နဲ့ ကရင်နီ အမျိုးသားတိုးတက်ရေးပါတီ KNPP တို့ ကယားပြည်နယ် လွိုင်ကော်မြို့ ပြည်နယ်ဧည့်ရိပ်သာ ကန္တာရဝတီခန်းမမှာ ဒီကနေ့ မနက်ကိုးနာရီခွဲကနေ မွန်းလွဲ နှစ်နာရီခွဲအထိ ဆွေးနွေးခဲ့ကြပါတယ်။
အပစ်ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ဖွင့်လှစ်ရေး၊ နောင်ဆွေးနွေပွဲတွေအတွက် အဖွဲ့ဖွဲ့စည်းရန် ရက်သတ်မှတ်ရေး အချက်သုံးချက် သဘောတူညီခဲ့တယ်လို့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
နောင်ဆက်လက် ဆွေးနွေးမယ့်ပွဲတွေမှာ နိုင်ငံရေးအရ ဆွေးနွေးမယ်ဆိုရင် တဖွဲ့ချင်းးမဆွေးနွေးဘဲ တိုင်းရင်းသားအားလုံးပါဝင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား ဖယ်ဒရယ်ကောင်စီပုံစံမျိုးနဲ့ ဆွေးနွေးမှာဖြစ်တယ်လို့ KNPP အဖွဲ့ အတွင်းရေးမှူးက ဆွေးနွေးပွဲမှာ သဘောထားတင်ပြခဲ့တယ်လို့ ဆိုပါတယ်။ ဒီတင်ပြချက်နဲ့ပတ်သက်ပြီး အစိုးရဘက်က တုံ့ပြန်ချက်နဲ့ ပတ်သက်လို့ KNPP အတွင်းရေးမှူး ခူးဦးရယ်က အခုလို ပြောပြပါတယ်။
“သူတို့ပြန်လည်ဆွေးနွေးတဲ့ အနေအထားကို ကြည့်ရမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်၊ သူတို့ လက်ခံတွေ့ဆုံ ဆွေးနွေးမယ်ဆိုတဲ့သဘောမျိုးပဲ နားလည်လို့ရတယ်။ ဒါပေမယ့် အခြေခံအားဖြင့် UNFC နဲ့ သွားမယ်ဆိုတဲ့ နာမည် နာမတပ်ပြီး ပြောတဲ့ဟာမျိုးတော့ မဟုတ်ဘူးပေါ့”
ဆွေးနွေးပွဲမှာ KNPP ဘက်က တင်ပြတဲ့ အချက်ပေါင်း ၂၀ ကို ဆွေးနွေးခဲ့ကြပြီး အချက်တွေထဲမှာ နယ်မြေပိုင်းခြားရေး ကိစ္စများအပါအ၀င် ကရင်နီ ဒုက္ခသည်အရေးတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။
 
copy rights_http://www.rfa.org/burmese/news/knpp-government-cease-fire-03072012105349.html

2012/03/07

အပစ်ရပ် ဆွေးနွေးရန် လွိုင်ကော်သို့ ရောက်လာသော ကေအဲန်ပီပီအား လူဦးရေ တစ်သောင်းကျော် ကြိုဆို

 
ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ် ဦးဆောင်သော ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီမှ ကိုယ်စားလှယ် ၁၁ ဦးနှင့် မှတ်တမ်း အဖွဲ့ဝင် ၄ ဦးတို့သည် ရထား ပို့ဆောင်ရေး ၀န်ကြီး ဦးအောင်မင်း ဦးဆောင်သော အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ထိုင်း-မြန်မာနယ်စပ်ကနေ တာချီလိတ်မှတဆင့် လွိုင်ကော်မြို့သို့ လေယာဉ်ဖြင့် ဆိုက်ရောက်လာခြင်း ဖြစ်သည်။
ကေအဲန်ပီပီအား လွိုင်ကော် လေယာဉ်ဆိပ်မှ အောက်ဘက် လမ်းမ တလျှောက်တွင် ကယားပြည်နယ် ၀န်ကြီးချုပ် အဖွဲ့၊ ပြည်ထောင်စု ၀န်ကြီး နှစ်ဦး၊ ဘာသာရေး အဖွဲ့၊ ဌာနဆိုင်ရာ အဖွဲ့အစည်း၊ ကရင်နီ အပစ်အခတ်ရပ်စဲရေး အဖွဲ့များ ဖြစ်သော ကရင်နီလူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေး (ကလလတ ခေါ် ကြယ်နီ)၊ ကယန်းပြည်သစ် (ကေအဲန်အယ်လ်ပီ)၊ ကရင်နီသွေးစည်းညီညွတ်ရေး (ကေအဲန်အက်စ်အို ခေါ် ကြည်ဖြူ)၊ ကရင်နီအမျိုးသား ဒီမိုကရက်တစ်ပါတီ (ကေအဲန်ဒီပီ ခေါ် နဂါး)နှင့် ကရင်နီ မျိုးနွယ်စု ပေါင်းစုံတို့က  လာရောက်ကြိုဆိုကြသည်ဟု ကေအဲန်ပီပီ အတွင်းရေးမှူး ၂ အောင်ဆန်းမြင့်က ပြောသည်။
ထို့အပြင် ကေအဲန်ပီပီအား ရိုးရာ ၀တ်စုံများ ၀တ်ဆင်ခြင်း၊ ရိုးရာ အတီးအမုတ်များ တီးမုတ်ခြင်း၊ ရိုးရာ အကများ ကခြင်းနှင့် အလံများ ဝှေ့ယမ်းခြင်းများဖြင့် ကြိုဆိုကြကြောင်း ကေအဲန်ပီပီအား လာရောက်ကြိုဆိုသူ လွိုင်ကော်မြို့ခံ တဦးက ပြောသည်။
"ရွာက လူတွေ အများကြီး လာကြိုကြတယ်။ ပြည်သူလူထုတွေလည်း အားလုံး စိတ်ဝင်စားနေကြတယ်လေ။ ကယား ၀တ်စုံနဲ့ သွားကြတယ်။ ကယားလီဖူး ဆိုတော့" ဟု ၎င်းက ပြောသည်။
ကေအဲန်ပီပီ ငြိမ်းချမ်းရေး ကော်မီတီ ကိုယ်စားလှယ်များသည် လွိုင်ကော်မြို့၏ အစိုးရ ဧည်ဂေဟာတွင် တည်းနေကြပြီး မနက်ဖြန် ၇ ရက်နေ့တွင်လည်း ထိုနေရာ၌ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကိုယ်စားလှယ် အဖွဲ့နှင့် အပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးမည်ဟုအောင်ဆန်းမြင့်ကပြောသည်။

ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်အား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)
                                               ကေအဲန်ပီပီ အတွင်းရေးမှူး ၁ ခူဦးရယ်အား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)
၎င်းက "သူတို့ကတော့ ကျနော်တို့ကို ဒီတခေါက် ဆွေးနွေးပွဲမှာဆိုလို့ရှိရင် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် လက်မှတ်ကို ထိုးစေချင်တဲ့ သဘောပေါ့နော့်။ အရင်တခေါက် ကျနော်တို့ သွားတို့ကတော့ ဦးအောင်မင်ကတော့ အဲလို အတင်း ဖိအားပေးတာတွေ ရှိတယ်လေနော့်။ ဒါပေမဲ့ ကျနော်တို့ အဖွဲ့အစည်းရဲ့ သဘောထားကတော့ ကျနော်တို့ ယူဆောင်သွားတဲ့ အချက်တွေ အပေါ်မှာ သူတို့ရဲ့ တုန့်ပြန်မှုက အများကြီး မူတည်တယ်။ သူတို့ အဲဒါတွေ လုပ်နိုင်မှာပဲ ကျနော်တို့ အဲဒါတွေ လုပ်နိုင်မယ့် အနေအထား ရှိတယ်လေနော့်" ဟု ဆက်ပြောသည်။ ကေအဲန်ပီပီနှင့်အစိုးရတို့သည် ယင်းအပစ်အခတ်ရပ်စဲရေး တွေ့ဆုံဆွေးနွေးပွဲ ပြုလုပ်ရန်အတွက် ထိုင်းနိုင်ငံတွင် ပဏာမအဆင့် နှစ်ကြိမ် တွေ့ဆုံခဲ့ကြပြီး ဖြစ်သည်။ ၎င်းတို့သည် ပြီးခဲ့သည့် ၁၉၉၅ ခုနှစ်က အချက် ၁၆ ချက်ဖြင့် အပစ်အခတ်ရပ်စဲရေး သဘောတူခဲ့ကြသော်လည်း ၃ လ အကြာတွင် ပြန်လည်ပစ်ခတ်ခဲ့ကြသည်။

ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)

ကရင်နီပြည်တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဘီထူးအား ကြိုဆိုနေ (ဓါတ်ပုံ-ကယားလီဖု)
 copyrights_http://www.ktimes.org

တိုင်းရင်းသား လွှတ်တော်အမတ်တွေနဲ့ ဒေါ်စု တွေ့ဆုံ

ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသား ပါတီ အမတ်များ နေပြည်တော်တွင် တွေ့ဆုံစဉ်
(ဓာတ်ပုံ- ရိုက်တာ)
(ဓာတ်ပုံ- Ap)
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းရင်းသား နိုင်ငံရေး ပါတီတွေက လွတ်တော် ကိုယ်စားလှယ်တချိုနဲ့  နေပြည်တော်မှာ ဒီကနေ့ မနက်က တွေ့ဆုံခဲ့ပြီး တိုင်းရင်းသား ဒေသတွေတွင်း ငြိမ်းချမ်းရေး ၊ တန်းတူညီမျှ အခွင့်ရေး ခံစားခွင့်တွေရှိရေး ကိစ္စအပြင် စစ်မှန်တဲ့ ဖယ်ဒရယ် ပြည်ထောင်စု  နိုင်ငံကြီး ဖြစ်လာရေး အခြေအနေတွေပေါ် ဆွေးနွေး ပြောဆို ခဲ့ကြပါတယ်၊ တိုင်းရင်းသား ကိုယ်စားလှယ်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေဆုံမှု အခြေအနေ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြောပြပေးမှာပါ၊
ကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ် စည်းရုံးရေးခရီး အဖြစ် နေပြည်တော်ကို ရောက်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မတ်လ ၆ရက် အင်္ဂါနေ့ မနက် ၇ နာရီက နေပြည်တော်မှာရှိတဲ့ ကုမုဒြာ ဟော်တယ်မှာ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ၊  ဒါဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလနေပြည်တော် အစီအစဉ်ထဲမှာ မပါဘဲ ကြားဖြတ် အစီအစဉ်တခုအနေနဲ့ အခုလို တိုင်းရင်းသား အဖွဲတွေနဲ့ တွေ့ဖို့ စီစဉ်လိုက်တာ ဖြစ်တယ်လို့ NLD ပါတီက ပြောပါတယ်၊
တိုင်းရင်းသား အဖွဲ့တွေထဲကဆိုရင် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ၊ ပအို့ အမျိုးသား အဖွဲ့၊ ပလောင်ပါတီ၊ ၀- ဒီမိုကရေစီ ပါတီ၊  ချင်းအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ဖလုံစဝေါပါတီတွေက လွှတ်တော်ကိုယ်စားလှယ် နဲ့အတူ ရှမ်းကျားဖြူပါတီက လွတ်တော်ကိုယ်စားလှယ်တချို့နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ခဲ့ကြတာပါ၊
ဒီတွေ့ဆုံမှုတွင်း တိုင်းရင်းသားဒေသတွေမှာ ငြိမ်းချမ်းမှု ရရှိရေး၊ ပြည်မ ပြည်နယ်မခွဲခြားဘဲ တန်းတူညီမျှတဲ့ အခွင့်အရေး ခံစားပိုင်ခွင့်ရှိရေးတွေနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်က သူ့သဘောထားတွေကို ရှင်းပြခဲ့တယ်လို့ NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုးက ပြောပါတယ်၊

2012/03/06

မြန်မာအစိုးရနှင့်တွေ့ဆုံဆွေးနွေးရေး တွင်KNU ကို ပြည်တွင်းပြည်ပ ကရင်များ ၀ိုင်းရံသွားမည်

မတ်လ ၅ရက်၊ ၂၀၁၂ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-KNU နှင့် မြန်မာအစိုးရ တို့အကြား အပစ်အခတ်ရပ်စဲရေးနှင့် ငြိမ်းချမ်းရေး ဆက်လက်ဆွေးနွေးရေးတွင် KNU ကို ၀ိုင်းရံပံ့ပိုးသွားမည်ဟု ကရင်ပြည်နယ် ဖာပွန်မြို့နယ် တနေရာ၌ ပြုလုပ်သည့် နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲ သို့ တက်ရောက်လာသူ ကရင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များက ဆုံးဖြတ်ခဲ့ကြသည်။
ဖေဖော်ဝါရီ ၂၇ရက်မှ စတင်၍ လေးရက်ကြာ ကျင်းပခဲ့သည့် အဆိုပါ နှီးနှောဖလှယ်ပွဲကို ပြည်တွင်းပြည်ပ ကရင်အဖွဲ့အစည်း ၄၃ခုမှ ကိုယ်စားလှယ်ပေါင်း ၁၆၇ဦး တက်ရောက်ခဲ့ကြပြီး မြန်မာအစိုးရနှင့် ဆက်လက် တွေ့ဆုံရေးတွင် KNU ချမှတ်ထားသည့် အဆင့် ၄ဆင့်ပါ လမ်းပြမြေပုံကို ထောက်ခံကြိုဆိုသောကြောင့် KNU ကို ၀ိုင်းရံရန် မတ်လ ၁ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
နှီးနှောဖလှယ်ပွဲ တက်ရောက်လာသူ ကရင်အဖွဲ့အစည်းများ၏ကိုယ်စား ပြောခွင့်ရသူ နမ့်ဇိုယာဖန်းက “အဓိကတော့ KNU ခေါင်းဆောင် တွေ သိန်းစိန်အစိုးရနဲ့ သွားတွေ့တဲ့အချိန်မှာ ကရင်တမျိုးသားလုံး အကြံဉာဏ်တွေ ထည့်ပြီးတော့ ဆွေးနွေးပေးရမယ်လေ။ ဒါကြောင့် သူတို့ကို ၀ိုင်းရံဖို့က အဓိက လိုအပ်ပါတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
နိုင်ငံတကာ ကရင်အမျိုးသားများ နှီးနှောဖလှယ်ပွဲ ထုတ်ပြန်ကြေငြာချက်  

Statement_from_Karen_Worldwide_Conference_-_Burmese

စစ်မှန်သောငြိမ်းချမ်းရေးနှင့် ဖယ်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်လာရန် ကမ္ဘာတ၀ှမ်းရှိကရင်အမျိုးသားများတောင်းဆို

 Press_Release_from_Karen_Worldwide_Conference_-_Burmese

သောသီခို မှ တဆင့် ကူးယူဖော်ပြပါသည်။

ငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်ဖို့အတွက် ပြည်တွင်းပြည်ပ ကရင်လူထု ကေအန်ယူကို ကူညီမည်

March 5, 2012 by နော်နိုရင်း

မြန်မာနိုင်ငံတွင်း နိုင်ငံရေးအခြေအနေနဲ့ ကရင်အမျိုးသားတွေရဲ့ အနာဂတ်ရေးကို ဆွေးနွေးတဲ့ နှီးနှောဖလှယ်ပွဲတခု ကရင်ပြည်တွင်းတနေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက် မှ မတ် ၁ ရက်နေ့အထိ ကျင်းပခဲ့ပါတယ်။ အစည်းအဝေးအတွင်း ပြည်တွင်းပြည်ပက ကရင်ခေါင်းဆောင်တွေ ဘာသာရေးခေါင်းဆောင်တွေနဲ့ လူငယ်တွေလည်း တက်ရောက်ခဲ့ပါတယ်။

နန့်ဇိုရာဖန်း

အစည်းအဝေးအပြီး ဒီနေ့မှာတော့ ဘန်ကောက်မြို့ရှိ ဖောရင်းကော်ရင်စပေါ့ဒင်းကလပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။ ကရင်နှီးနှောဖလှယ်ပွဲအတွင်း ဘာတွေ ဆွေးနွေးပြောဆိုခဲ့လဲဆိုတာကို အစည်းအဝေးနဲ့ ပတ်သက်ပြီး ဥရောပ ကရင်ကွန်ယက်ဥက္ကဌလည်းဖြစ် ယူကေကရင်ကွန်မြူနီတီ အကြံပေး တဦးဖြစ်တဲ့ နန့်ဇိုရာဖန်းကို ဆက်သွယ်မေးမြန်းထားပါတယ်။

“ပြီးခဲ့တဲ့ အပတ်က ကရင်တမျိုးသားလုံးရဲ့ ညီလာခံကြီးမှာတော့ တက်ရောက်တဲ့ ကရင်ကိုယ်စားလှယ်တွေ အသီးသီးက တင်ပြဆွေးနွေးတဲ့ အချက်အလက်တွေ၊ ကရင်တမျိုးသားလုံးအတွက် အခြေအနေတွေရယ်၊ ပြီးတော့ အခုလက်ရှိ ကရင်အမျိုးသားအစည်းအရုံးရယ်၊ ဦးသိန်းစိန် အစိုးရရဲ့ အကြောင်းပါ တွေ့ဆုံဆွေးနွေးပွဲတွေအပေါ်မှာ ကျမတို့ရဲ့ အမြင်တွေနဲ့ အခြေအနေကို သုံးသပ်ဆွေးနွေးနေတဲ့ အကြောင်းအရာတွေကို ဒီနေ့ ပြန်ပြီး တင်ပြတာ ဖြစ်တယ်။”