Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/11/30

ဆွဲမိုင်းတိုက်ပွဲကြောင့် အစိုးရစစ်သည် ၉ဦး ထိခိုက်သေဆုံး

နိုဝင်ဘာလ ၂၈။ စောသိန်းမြင့် (ကေအိုင်စီ)

တနင်္သာရီတိုင်း၊ မြစ်တန်းမြို့နယ်တွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်အား ကေအဲန်ယူ တပ်မဟာ(၄)တပ်ဖွဲ့၏ ဆွဲမိုင်းများဖြင့် တိုက်ခိုက်မှုကြောင့် ၃ဦးသေဆုံးပြီး ၆ဦး ဒဏ်ရာရရှိခဲ့သည်ဟု ထိုဒေသမှလာသည့် သတင်းအရ သိရသည်။

အစိုးရစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၈)မှ နည်းဗျူဟာ(၂)လက်အောက်ခံ ခမရ(၄၀၇)မှ အင်အား ၁၂၀ဦးပါ ဗိုလ်မှူး မင်းဌေးဦးစီးတပ်ဖွဲ့သည် နိုဝင်ဘာလ ၂၆ရက်နေ့ မနက် ၉နာရီခွဲတွင် ဆင်ဖြူဒိုင်ရွာမှ မေတ္တာရွာဘက်သို့ ချီတက်လာစဉ် ကေ အဲန်ယူ တပ်မဟာ(၄)မှ စောင့်ကြိုပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

၎င်း “၉နာရီခွဲလောက်မှာ အော်လော်ချောင်းဖျား အာစီယံကားလမ်မကြီးဘေးနားမှာ အင်အား ၂၀ပါတဲ့ တပ်ဖွဲ့က ဆွဲမိုင်း၊ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ စောင့်ကြိုပစ်ခတ်တာ ဖြစ်တယ်။”ဟု ပြောသည်။

ထိုပစ်ခတ်မှုတွင် အစိုးရဘက်မှ တပ်ကြပ် အပါအ၀င် တပ်သား ၂ဦးသေဆုံးပြီး တပ်သား ၄ဦးနှင့် တပ်ကြပ် ၂ဦး ထိခိုက်ဒဏ် ရာရရှိသော်လည်း ကေအဲန်ယူဘက်က ထိခိုက်မှုမရှိကြောင်း ၎င်းစစ်တပ်နှင့်နီးစပ်သူက ပြောသည်။

မြန်မာအစိုးရနဲ့ KIO ဆွေးနွေး

2011-11-29
မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ KIO ကချင်လွတ်မြောက်ရေး လက်နက်ကိုင်အဖွဲ့ ကိုယ်စားလှယ်တွေ တရုတ်နိုင်ငံ ရွှေလီမြို့မှာ ဒီကနေ့ ဆွေးနွေးနေကြောင်း သိရပါတယ်။
KIO
၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့၊ မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် KIO ကိုယ်စားလှယ်အဖွဲ့ဝင်များ တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဆွေးနွေးစဉ်။
အခု ညနေပိုင်းမှာ ဆွေးနွေးနေကြတာဖြစ်ပြီး နိုင်ငံရေး ပြဿနာတွေကို အခြေခံပြီး ပြေလည်ရေးကို ဆွေးနွေးသွားလိုကြောင်း KIO အဖွဲ့ ပြောခွင့်ရသူ KIA ဒု စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်က အာရ်အက်ဖ်အေကို ပြောပါတယ်။ ဒီကနေ့ဆွေးနွေးပွဲကို မြန်မာအစိုးရကိုယ်စားလှယ်တွေအဖြစ် စက်မှုဝန်ကြီးဟောင်း ဦးအောင်သောင်းဦးဆောင်ကာ လက်ရှိ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးသိန်းဇော်နဲ့ မီးရထားဝန်ကြီး ဦးအောင်မင်းတို့ တက်ရောက်ဆွေးနွေးပြီး KIO အဖွဲ့ဘက်က ဥက္ကဋ္ဌ ဦးဇောင်းခရားအပါအဝင် အဖွဲ့ဝင် ၆ ဦး တက်ရောက်ကြောင်း သိရပါတယ်။ 
 
copy rights_http://www.rfa.org/burmese/news/kio-11292011095624.html

ဆွံ့အ အမျိုးသမီးငယ်အား မြန်မာစစ်တပ် အုပ်စုလိုက် မုဒိန်းကျင့်

သျှမ်းပြည်တောင်ပိုင်း မိုင်းနောင်မြို့နယ်မိုင်းနန်း အုပ် စု၌ ဆွံ့အ အမျိုးသမီးငယ်အားမြန်မာ စစ်တပ် က အုပ်စုလိုက် မုဒိန်း ကျင့်သည့် အမှုဖြစ်ပွါး ခဲ့ကြောင်း သျှမ်းပြည်အလယ်ပိုင်းမှ လာသော သတင်းအရသိရ သည်။
ယခုလ ၂၇ ရက်က (တုံလော အခြေစိုက်)  မိုင်းနန်းစခန်းချ ခလရ ၁၃၁ မှ မြန်မာစစ်သား ၃ ယောက် ဝမ့်နားရွာသို့ သွားရောက် လည်ပတ်ရာမှ ရွာသူတယောက်အား အုပ်စုလိုက် မုဒိန်းကျင့်သည့် အမှုဖြစ်ပွါး ခဲ့ခြင်း ဖြစ်သည်။
“ အဲ့ညနေ ၄ နာရီလောက်က စစ်သား ၃ ယောက် ရွာထဲဝင်လာပြီး တအိမ်ဝင် တအိမ်ထွက်  ငရုတ်သီး တောင်းတယ်။ အိမ်ရှင်က ငရုတ်သီး ပေးပေမယ့် သူတို့မယူဘူး။ နောက်ဆုံး လုံးနာလိန် ပါ့ခမ်းရွှေတို့ အိမ်ရောက် သွားတယ်။ အိမ်ကပြင်မှာ ထိုင်နေတဲ့ သူတို့သမီးကို တွေ့တော့ တက်သွားပြီး ဝိုင်းမုဒိန်း ကျင့်ကြတာ” ဟု မိုင်းနန်းရောက် ဒေသခံတဦးက ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း ဗွီဒီယိုခွေ ကြည့်ရှုပြသသူတွေကို လိုက်လံထောက်လှမ်း ခေါ်ယူစစ်ဆေးနေဆဲ 
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းအ ကြောင်း ဗွီဒီယိုခွေ ကြည့်ရှုပြသသူတွေကို လိုက်လံထောက်လှမ်း ခေါ်ယူစစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

copy from - drlunswe.blogspot

2011/11/29

ဆရာစံ ကျဆုံးခြင်း နှစ် (၈၀) ပြည့် အခမ်းအနား ကျင်းပ

ဆရာစံ
sayar-san
မြန်မာ့သမိုင်းတွင် မော်ကွန်း တင်ခဲ့သည့် တောင်သူ လယ်သမား ခေါင်းဆောင် ဆရာစံနှင့်အတူ  အင်္ဂလိပ် အစိုးရ၏ ကြိုးမိန့်ပေး ခံခဲ့ရ သည့် တော်လှန်ရေး သမားများအား အမှတ်ရစေရန်  နှစ်(၈၀)ပြည့် အခမ်း အနား တရပ်ကို ယနေ့နံနက်က ကျင်းပခဲ့သည်။

ပဲခူးတိုင်း သာယာဝတီမြို့ ကံကြီးပိုင်း ရပ်ကွက်ရှိ သီရိမင်္ဂလာ ကျောင်းတိုက်တွင် မြို့ပေါ် လူငယ် အဖွဲ့အစည်းများ စုပေါင်း၍ ဆွမ်းကျွေးပွဲ အခမ်းအနားကို နံနက် (၉) နာရီမှ နေ့လည် (၁၂) နာရီ အချိန်ခန့်အထိ ပြုလုပ်ခဲ့သည်ဟု အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(NLD)  မြို့နယ် ဥက္ကဌ ဦးအောင်မြင့်က ပြောသည်။
“ကျနော်တို့ အဓိက ရည်ရွယ်တာက ဆရာစံ တော်လှန်ရေးသည် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် တော်လှန်ရေး တခုပဲဗျ။ အဲဒီတော်လှန်ရေးမှာ အင်္ဂလိပ်နယ်ချဲ့က ဆရာစံနဲ့ တောင်သူလယ်သမား တော်လှန်ရေး သမားတွေကို သူတို့က သူခိုးဓမြသာသာပဲ သမိုင်းမှာ မှတ်တမ်း တင်ခဲ့တာလေ။ အဲဒီတော့ နောက်က ဘယ်အစိုးရ တက်လာလာ တက်လာတဲ့ အစိုးရတွေက အဲဒီလို အမှတ်တရ ပွဲတွေ လုပ်မပေး ခဲ့ဘူးဗျ။ ကျနော်တို့ တသက်ပေါ့။ ဒါ ကျနော်တို့က အရင်ဆုံး ရရှိတဲ့ အခြေအနေ တခုပေါ်မှာ မူတည်ပြီးတော့ အခမ်းအနား ကျင်းပလိုက်တာဗျ။”
ထို့အပြင် တောင်သူ လယ်သမားများအား အကာအကွယ် ပေးနိုင်မည့် လယ်ယာမြေ ဥပဒေများ အထင်အရှား ပေါ်ထွန်းစေရန်နှင့် တောင်သူ လယ်သမားနေ့အား ပြင်ဆင် သတ်မှတ်ပေးရန် ဆန္ဒရှိကြောင်း အခမ်းအနားတွင် တင်ပြခဲ့သည်ဟု ၎င်းက ဆက်ပြောသည်။

အာဆီယံဥက္ကဋ္ဌမဖြစ်မီ တိုးတက်အောင် အရင်လုပ်ဖို့ ကုလတိုက်တွန်း

မြန်မာနိုင်ငံအနေနဲ့ အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ ASEAN ရဲ့ ဥက္ကဋ္ဌအဖြစ် ၂၀၁၄ ခုနှစ်မှာ တာဝန်ယူတဲ့ အချိန်ရောက်ရင် အဓိကကျတဲ့ကိစ္စရပ် အတော်များများမှာ သိသာထင်ရှားတဲ့ တိုးတက်မှုရှိနေဖို့ လိုအပ်တယ်လို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေး ဆိုင်ရာ မဟာမင်းကြီးက ပြောလိုက်ပါတယ်။

AICHR လို့ခေါ်တဲ့ အာဆီယံဒေသတွင်း လူ့အခွင့်အရေးကော်မရှင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့က အမျိုးသားလူ့အခွင့်အရေး ကော်မရှင်တွေ၊ လူထုအခြေပြု အဖွဲ့အစည်းအသီးသီးနဲ့ အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းမှာ ပြီးခဲ့တဲ့ သုံးရက်အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ပြီးတဲ့နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေး (Navi Pillay) က အဲဒီလိုပြောလိုက်တာပါ။

မစ္စစ်ပီလေးဟာ ဘာလီမှာရှိနေချိန်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တယ်လီဖုန်းကနေတဆင့် ဆွေးနွေး ပြောဆိုခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ သိသာထင်ရှားတဲ့ တိုးတက်မှုတွေ ရဖို့လိုအပ်တဲ့ အဓိကကျတဲ့ ကိစ္စရပ်တွေကို သူနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ဆွေးနွေးခဲ့တယ်လို့ မစ္စစ်ပီလေးက ဒီကနေ့ တနင်္လာနေ့မှာ ပြောပါတယ်။

ဝန်ကြီးကလင်တန်သို့ တိုင်းရင်းသားမဟာမိတ် အိတ်ဖွင့်ပေးစာ

 တနင်္ဂနွေ, 27 နိုဝင်ဘာ 2011
 
မြန်မာနိုင်ငံမှာ တိုးတက်မှု ဖြစ်စဉ်ရဲ့ လမ်းစလို့ ပြောနိုင်တဲ့ ပြောင်းလဲမှုတွေဟာ တိုင်းရင်းသား ပြည်သူတွေ အတွက် လုံလောက်တဲ့ အစီအစဉ်တွေ မဟုတ်ဘူး ဆိုတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကလင်တန် အနေနဲ့ သတိထားမိအောင် အိတ်ဖွင့်ပေးစာ တစ်စောင် ပို့ပေးဖို့ တိုင်းရင်းသား အဖွဲ့တချို့က စီစဉ်နေကြပါတယ်။ မစ္စ် ဟီလာရီကလင်တန်ဟာ ဒီဇင်ဘာလဆန်းရက်ထဲ မြန်မာနိုင်ငံကို လာဖို့စီစဉ်ထားပြီး အမေရိကန်တို့ အနေနဲ့ မြန်မာ့အရေးကို အလျင်စလို မဆုံးဖြတ်စေချင်တဲ့အတွက် အခုလို အိတ်ဖွင့်ပေးစာ ပေးပို့မှာဖြစ်တယ်လို့လည်း အဲဒီတိုင်းရင်းသား အဖွဲ့တွေက ပြောပါတယ်။ အပြည့်စုံကို မသင်းသီရိက တင်ပြထားပါတယ်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် အနေနဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ အပြောင်းအလဲတချို့ဟာ တိုးတက်မှုတစ်ခုအဖြစ် မြင်နိုင်ပေမဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် လုံလောက်ပြီး လက်ခံလောက်တဲ့ အခြေအနေတစ်ခုအထိ မရောက်သေးဘူး ဆိုတာကို ပိုပြီးသတိထားမိစေဖို့ ရည်ရွယ်တဲ့ အနေနဲ့ အိတ်ဖွင့်ပေးစာ တစ်စောင် ပေးဖို့ UNA လို့ခေါ်တဲ့ ညီညွတ်သော တိုင်းရင်းသားများ မဟာမိတ်အဖွဲ့က စီစဉ်နေတာပါ။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD) အပြင် ကရင်၊ ဇိုမီး၊ ချင်းနဲ့ မွန် နိုင်ငံရေးပါတီတွေ စုဖွဲ့ထားတဲ့ UNA အဖွဲ့က တာဝန်ရှိသူတွေ မနေ့က တွေ့ဆုံပြီး မစ္စ် ကလင်တန် မြန်မာပြည်ကို လာတဲ့အခါမှာ ဒီအခြေအနေတွေအကြောင်း ရေးထားတဲ့ စာကိုပေးဖို့ ကြိုတင် ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ SNLD ပြောခွင့်ရသူ ဦးစိုင်းလိတ်က ပြောပါတယ်။

ရွှေလီမြို့မှာ ကေအိုင်အိုနဲ့ အစိုးရ ဆွေးနွေးဖို့ရှိ

2011-11-28
ကချင်ပြည်နယ်မှာ ကေအိုင်အိုနဲ့ အစိုးရတပ်တွေ ၆ လနီးပါး တိုက်ခိုက်နေချိန်မှာ နှစ်ဘက် ကိုယ်စားလှယ် တွေ မနက်ဖြန် တရုတ်နိုင်ငံ ရွှေလီမြို့မှာ တွေ့ဆုံဖို့ အစိုးရဘက်က ပြောဆိုထားကြောင်း ကေအိုင်အိုက ပြောပါတယ်။
KNG
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးရန် အတွက် KIA ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ဦးဆောင်သောအဖွဲ့က ၂၀၁၁ ခုနှစ် ဇွန်လ ၃၀ရက်နေ့တွင် ကချင်ပြည်နယ် လုံခြုံရေး နှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးသန်းအောင် (အလယ်) အား ဗန်းမော်ခရိုင်၊ ဒေါ့ဖုန်းယန်မြို့နယ်ခွဲ လဂျားယန်ရွာတွင် တွေ့ဆုံစဉ်။ ဓါတ်ပုံ - KNG
အစိုးရဘက်က တွေ့မယ်ဆိုရင် ကေအိုင်အို ဘက်ကလည်း တွေ့ဆုံမှာ ဖြစ်ကြောင်း၊ အစိုးရ ကိုယ်စားလှယ် မီးရထား ၀န်ကြီး ဦးအောင်မင်းလည်း ပြန်ပါလာဖွယ် ရှိကြောင်း ကေအိုင်အို ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါတယ်။ ကေအိုင်အို ဘက်ကတော့ ဒုတိယ စစ်ဦးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော် ပါဝင် ဆွေးနွေးမယ်လို့ ဆိုပါတယ်။ ဘယ်သူတွေ ပါမယ်၊ ဘာတွေ ဆွေးနွေးမယ်ဆိုတာ အတိအကျ မသိရသေးကြောင်း၊ အခုလို နှစ်ဘက် တွေ့ဆုံ ဆွေးနွေးကြမယ့် အချိန်မှာပဲ ကချင် ပြည်နယ် အတွင်း အစိုးရတပ်တွေ ပိုပြီး တိုးလာသလို တိုက်ပွဲတွေလည်း ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဦးလနန်က ပြောပါတယ်။ အစိုးရဟာ အခု နောက်ပိုင်း ကရင်၊ ရှမ်းနဲ့ ၀ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေး အတွက် ဆွေးနွေးလာနေ ပါတယ်။ ကေအိုင်အို အဖွဲ့နဲ့ကတော့ အရင်ကလည်း ၁၇ နှစ်လောက် အပစ်အခတ် ရပ်စဲရေး သဘောတူခဲ့ဖူး ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ သြဂုတ်လက နှစ်ဘက် အပစ်အခတ် ရပ်စဲရေး အတွက် ထပ်မံ ဆွေးနွေးခဲ့ကြရာမှာ အပစ်အခတ် ရပ်စဲရေး သက်သက်တင် မဟုတ်ဘဲ နိုင်ငံရေးအရ ဆွေးနွေးဖို့ ကေအိုင်အိုအနေနဲ့ ပြောဆိုထားခဲ့ပါတယ်။

2011/11/28

ရွှေဂတ်စ် သဘာဝဓါတ်ငွေ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ရေးအတွက် ဆန္ဒပြ တောင်းဆို (တိုကျို)


နိုဝင်ဘာလ ၂၇ ရက် 2011 ခုနှစ်။


ရခိုင်ပြည်နယ် ကျောက်ဖြူကနေတဆင့် ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်း ရပ်တန့်ရန်အတွက် တောင်းဆိုသည့် ဆန္ဒပြပွဲ အစီအစဉ်ကို ရခိုင်ဒီမိုကရေစီ အဖွဲ့ချုပ်(ပြည်ပ-ဂျပန်ဌာနခွဲ)နှင့် မြန်မာ့ဒီမိုကရေစီ ကွန်ယက် NDB-Japan တို့မှ ပူးပေါင်း၍ တိုကျို ရှီနာဂါဝါအရပ်ရှိ မြန်မာ စစ်အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။
ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ကို တရုတ်နိုင်ငံသို့ ပိုက်လုံးများ သွယ်တန်း ရောင်းချရာတွင် ပိုက်လိုင်း ၂ခု ဖြစ်ကြောင်း တခုမှာ ရေနံပိုက်လိုင်းဖြစ်ပြီး နောက်တခုမှာ သဘာဝ ဓါတ်ငွေ့ ပိုက်လိုင်း ဖြစ်ကြောင်း ပိုက်လိုင်းများ သွယ်တန်းရာ လမ်းကြောင်း တလျှောက်မှာ လယ်ယာခြံမြေများ အသိမ်းခံရခြင်း၊ နေအိမ်များအတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်း၊ မတရား လုပ်အားပေး စေခိုင်းခံရသည့်အပြင် လူ့အခွင့်အရေး ချိုးဖေါက်မူများကို ဒေသခံများတို့မှ ကြုံတွေ့ခံစား နေကြရကြောင်းကို ALD(Exile-Japan) ဥက္ကဌ ဦးလှအေးမောင်မှ ပြောကြားသွားပါတယ်။
ဆက်လက်ပြီး ရွှေဂတ်စ် သဘာဝ ဓါတ်ငွေ့ ပိုက်လုံးသွယ်တန်းသည့် စီမံကိန်းကို ရပ်တန့်ပေးဖို့ ပြည်တွင်း၌ အသုံးပြုရန် သဘာဝဓါတ်ငွေ့ စွမ်းအင် လိုအပ်သော်လည်း ပြည်ပသို့ ရောင်းချသည့်အပေါ် ကန့်ကွက်ကြောင်း ကန့်ကွက် တောင်းဆိုသည့် ထုတ်ပြန်ချက် တစောင်ကို သံရုံးကနေတဆင့် သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို ရှေ့လကုန် သွားဖို့ စဉ်းစား

2011-11-27
ဂျပန် နိုင်ငံခြားရေးဝန်ကြီး ကိုအိချိရို ဂန်ဘ (Koichiro Genba) က မြန်မာနိုင်ငံကို ဒီဇင်ဘာ လကုန်ပိုင်းလောက် မှာ သွားရောက်လည်ပတ်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။
AFP
မြန်မာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ခိုအိချီးရိုး ဂင်းဘာ Koichiro Gemba က ဂျပန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ဧည့်ရိပ်သာတွင် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ်။ AFP PHOTO / TOSHIFUMI KITAMURA
တကယ်လို့ မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒီမိုကရေစီ ဖော်ဆောင်ရေးကို အခုထက်ပိုပြီး ကြိုးပမ်းအားထုတ်ဖို့ သမ္မတဦးသိန်းစိန်ကို တိုက်တွန်းပြောဆိုဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။ တဆက်တည်းမှာပဲ ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာပြည်ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တွေ့ဆုံဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။

တကယ်လို့သာ ဂျပန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားဖြစ်မယ်ဆိုရင် ဒါဟာ ၂ဝဝ၂ ခုနှစ် နောက်ပိုင်း ဂျပန် နိုင်ငံခြားရေးဝန်ကြီး တဦးရဲ့ ပထမဆုံး မြန်မာပြည်ခရီးစဉ် ဖြစ်လာမှာပါ။ ဒီအတောအတွင်း ဂျပန်အစိုးရက မြန်မာကို ဖွံ့ဖြိုးမှုအကူအညီတွေ ပြန်လည်ပေးသွားမယ်လို့ ထုတ်ဖော် ပြောဆိုထားပါတယ်။

ဂျပန်နိုင်ငံရဲ့ အကူအညီတွေကို ၂ဝဝ၃ ခုနှစ် ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချလိုက်ချိန်ကစပြီး ရပ်ဆိုင်းထားခဲ့တာ ဖြစ်ပါတယ်။

ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် ထပ်မံတွေ့ဆုံဖို့ ဦးစိန်လှဦး တိုက်တွန်း


AFP
 2011-11-26
နိုင်ငံရေး အကျဉ်းသားဟောင်းနဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင်ဟောင်း စာရေးဆရာ ဦးစိန်လှဦးက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဆောင်ရွက်ချက် တွေကို ကြိုဆိုလိုက်ပြီး သူ လက်ရှိ ပါဝင်နေတဲ့ NDF ပါတီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပူးပေါင်း ဆောင်ရွက်လိုကြောင်း ပြောကြားလိုက်ပါတယ်။

အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီခေါင်းဆောင်တချို့ကို အခမ်းအနားတခုတွင် တွေ့ရစဉ်။
မြန်မာနိုင်ငံဟာ ဒီမိုကရေစီ အရေးအတွက် အင်မတန် အရေးကြီးတဲ့ ကာလတခုကို ရောက်ရှိနေပြီလို့ ဦးစိန်လှဦးက ပြောဆိုရင်း သမ္မတကြီး ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ထပ်မံ တွေ့ဆုံဖို့လည်း သူက တိုက်တွန်းလိုက်ပါတယ်။

copy rights_http://www.rfa.org/burmese/news/sein-hla-oo-11262011095743.html

2011/11/27

KNU နဲ့ အစိုးရ အပစ်ရပ်မယ့်သတင်း မမှန်သေး

၂ဝ၁၁ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က KNU တပ်မဟာ (၅) နယ်မြေတွင် ကျင်းပသော (၆၁) နှစ်မြောက် ကရင့်အမျိုးသား အာဇာနည်နေ့ အခမ်းအနားတွင် တွေ့ရသည့် KNLA တပ်ဖွဲ့ဝင်များ။ (ဓာတ်ပုံ- ကရင်သတင်းဌာန)
2011-11-26
KNU ကရင်အမျိုးသား အစည်းအရုံးဟာ အစိုးရနဲ့ ဆွေးနွေးမှုမှာ သဘောတူညီမှုတွေ ရလို့ မကြာခင် အပစ်ရပ်တော့မလို သတင်းတွေ ထွက်ပေါ်နေတာ မဟုတ်မမှန်ကြောင်း KNU ဌာနချုပ်က နိုဝင်ဘာ ၂၄ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် ငြင်းဆိုလိုက်ပါတယ်။
 
အစိုးရအဖွဲ့ဝင် ဝန်ကြီး ဦးအောင်မင်း ခေါင်းဆောင်တဲ့ အဖွဲ့နဲ့ KNU အဖွဲ့က ကိုယ်စားလှယ် ၃ ဦး ပြီးခဲ့တဲ့ သီတင်းပတ်တွေထဲမှာ တွေ့ဆုံခဲ့တာဟာ ပဏာမအဆင့်ပဲ ဖြစ်ပြီး နှစ်ဘက်လုံးမှာ လုပ်ပိုင်ခွင့် အပြည့်အစုံ မရှိဘူးလို့ KNU ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါက ပြောပါတယ်။

ဒါ့အပြင် သူတို့အစီအစဉ်ဟာ အရင်က ကြေညာထားတဲ့အတိုင်း အပစ်အခတ် ရပ်မယ်လို့ သဘော တူညီခဲ့ရင် အဲဒီနောက်မှာ နိုင်ငံရေးအရ ဆွေးနွေးပွဲတွေ ပြုလုပ်မှ ဖြစ်မယ်လို့လည်း ပြောပါတယ်။

လက်ရှိ နိုင်ငံရေး အခြေအနေအရ KNU ဟာ အစိုးရနဲ့ နိုင်ငံရေးအရ ဆွေးနွေးတဲ့အခါ ကိုယ်စားပြုမယ့် ကော်မတီတစ်ရပ် ဖွဲ့ထားပြီး အဲဒီကော်မတီမှာ ဒု ဥက္ကဋ္ဌ စောဒေးဗစ် တာကပေါ၊ အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်၊ စစ်ကော်မတီ ဒု ဥက္ကဋ္ဌ ဗိုလ်ချုပ် မူတူး စေးဖိုး အပါအဝင် စုစုပေါင်း ခေါင်းဆောင် ၇ ဦးပါဝင်တဲ့ ကော်မတီတစ်ရပ် ဖွဲ့စည်းထားပါတယ်။

Copy from - rfa.org/
ကေအဲန်ယူ - ကရင်အမျိုးသား အစည်းအရုံး၏ တွေ့ ဆုံဆွေးနွေးရေးအပေါ် သဘောထား ရပ်တည်ချက် 


ကချင်မှာ တိုက်ပွဲတွေ ပြင်းထန်



ကချယ်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းပြီး မြို့တွေထဲထိ ဗုံးထောင်မှုတွေရှိ
26 နိုဝင်ဘာလ 2011,

ကချင်ပြည်နယ်ထဲမှာ မြန်မာ အစိုးရနဲ့ ကေအိုင်အေတို့ရဲ့ တိုက်ပွဲတွေ ပိုကျယ်ပြန့်လာ ပိုစိတ်လာတယ်လို့ သတင်းတွေ ရရှိပါတယ်။
အထူးသဖြင့် မိုးမောက်နဲ့ ၀ိုင်းမောက် မြို့နယ်တွေမှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်နေပြီး ခုနောက်ဆုံး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် ထိစပ်နေတဲ့ ဒေသတွေကိုပါ ကူးစက်လာပြီး တိုက်ပွဲတွေ နေ့စဉ် ရက်ဆက် ဖြစ်နေပါတယ်။
အစိုးရဘက်က ရဟတ်ယဉ်တွေပါ အသုံးပြု ထိုးစစ်ဆင်နေပါတယ်။
သောကြာနေ့က တရုတ်မြန်မာ နယ်စပ် လွယ်ဂျယ်မြို့နားက အစိုးရ တပ်စခန်းကို စစ်သားတွေကို စစ်ရဟတ်ယဉ် သုံးစီးနဲ့ လေးကြိမ်လောက် ပို့ဆောင် ပေးခဲ့တယ်လို့ သတင်းရပါတယ်။

2011/11/25

KNLA တိုက်ခိုက်မှုကြောင့် အစိုးရစစ်သည် ၆ ဦး ထိခိုက်သေဆုံး

KNLA
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့နယ်ခွဲတွင် ယမန်နေ့ကတပ်အကြို အပို့ လုပ်နေသည့် အစိုးရစစ် တပ်အား ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) မှ အလစ်ဝင်ရောက် ပစ်ခတ်မှုကြောင့် စုစုပေါင်း ၆ ဦး ထိခိုက်ကျ ဆုံးခဲ့သည်။
နောက်တန်းသို့ စစ်သင်တန်း ပြန်တက်မည့် စစ်သည်များကို ပြန်ပို့သည့် ဘုရားသုံးဆူမြို့အခြေစိုက် အစိုးရတပ် ခမရ (၅၄၃) တပ်ရင်းအား KNLA တပ်ရင်း(၁၆)တပ်ဖွဲ့ဝင်တချို့က ယမန်နေ့ နံနက် ၁၀နာရီ ကျော်၌ တာဒေ့နှင့် မြိုင်သာယာ ကျေးရွာကြား တွင် ၇မိနစ်ခန့် တိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲ ဖြစ်ပွားရာ အနီးတွင် လှုပ်ရှားသည့် ဒီကေဘီအေ တပ်မှူးတစ်ဦးက “နေပြည်တော်မှာ သင်တန်း ပြန်တက်ရမယ့် တပ် သားတွေကို ပြန်ပို့တဲ့ ဗမာတပ်ဖွဲ့ကို KNLA တပ်ရင်း(၁၆)က အလစ်ဝင်တိုက်တော့ ၂ယောက် သေတယ်။ ၄ယောက်ဒဏ်ရာရ သွားတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

အစိုး​ရစစ်​ကြောင်း​ ​ပေါ်တာများ​ကို အဓမ္မခိုင်း​စေ

November 24, 2011
ကေအိုင်​အေ (ကချင်လွတ်လပ်​ရေး​တပ်မ​တော်) ကို ထိုး​စစ်ဆင်တိုက်ခိုက်​နေတဲ့​ အစိုး​ရစစ်​ကြောင်း​တွေဟာ ​ပေါ်တာအထမ်း​သမား​တွေကို အဓမ္မခိုင်း​စေ​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​ လာတဲ့​ ​ပေါ်တာ​တွေက ​ပြောပါတယ်။
ဝိုင်း​မော်မြို့​နယ် အ​ရှေ့​ဘက် နန့်​ဆန်ယန်​ ဒေသအတွင်း​ လှုပ်ရှား​နေတဲ့​ ခလရ ၁၂၁၊​ ခမရ ၃၈၄၊​ ၃၈၈ ပူး​ပေါင်း​စစ်​ကြောင်း​တခုမှာ ​ပေါ်တာအထမ်း​သမား​ ၃ဝ ​ကျော်ကို အသုံး​ပြု​နေတယ်လို့​ စစ်​ကြောင်း​က​နေ ထွက်​ပြေး​လာတဲ့​ ​ပေါ်တာတဦး​ဖြစ်သူ ကိုခင်​မောင်ဇင်က ​ပြောပါတယ်။
“မနက် ၄၊​ ၅ နာရီက​နေ ည​နေ ၅ နာရီခွဲအထိ အနည်း​ဆုံး​လျှောက်ရတယ်။ တခါတ​လေ မိုး​ချုပ်မှ အိပ်တယ်။ ကတုတ်ကျင်း​တွေလည်း​ တူး​ပေး​ရတယ်။ ​နေရာရှင်း​ပြီး​မှ အိပ်ရတယ်၊​ ​တောထဲမှာ။ သစ်ပင်​တွေလှဲ အဲလိုမျိုး​။ ကျ​နော်တို့​ ရိက္ခာ​တွေ ပစ္စည်း​တွေ အကုန်ထမ်း​ရတယ်။ လူနာ​တွေ၊​ ပစ္စည်း​တွေက အချိန် ပိဿာ ၂ဝ၊​ ၃ဝ ​လောက်ရှိမယ်။ မထမ်း​နိုင်တဲ့​ခါ သူတို့​ပစ်သတ်တာ များ​တယ်။ ကျ​နော် အ​တွေ့​အကြုံအရ ​ပေါ်တာ ပစ်သတ်တာ ၂ ​ယောက်​လောက် ​တွေ့​တယ်။ ကျ​နော်​ရှေ့​မှာပဲ ခလရ ၁၂၁ က ပစ်သတ်တာ။ကိုခင်​မောင်ဇင်ဟာ နန့်​ဆန်ယန်​ ရွှေ​မှော်အတွင်း​ လုပ်ကိုင်​နေစဉ် ​အောက်တိုဘာ ၁၉ ရက်က ​ရွှေ​မော်ထဲကို ဝင်​ရောက်လာတဲ့​ အစိုး​ရတပ် စစ်​ကြောင်း​ရဲ့​ ​ပေါ်တာအဖြစ် ဖမ်း​ဆီး​ခံခဲ့​ရသူပါ။

ဆန္ဒပြခွင့်ဆိုင်ရာ နည်းဥပဒေ ထုတ်ပြန်ဖို့ ကျန်နေသေး

2011-11-24
ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလမ်းလျှောက် ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေမူကြမ်းကို ပြည်ထောင်စု လွှတ်တော်က အတည်ပြုပြီးတာကြောင့် လာမယ့် ဒီဇင်ဘာလအတွင်း သမ္မတဦးသိန်းစိန် လက်မှတ်ရေး ထိုးဖို့သာ ကျန်ပြီး နည်းဥပဒေကို ထုတ်ပြန်ပြီးတာနဲ့ တရားဝင် ဆန္ဒပြခွင့် လျှောက်ထား နိုင်တော့မယ်လို့ သိရပါတယ်။

လာမယ့် (၁၄)ရက် အတွင်း သမ္မတက လက်မှတ်ရေးထိုးဖို့ ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် တစ်ဦးဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးက RFAကို ပြောပါတယ်။ အခု အတည်ပြုလိုက်တဲ့ ဆန္ဒပြခွင့်ဆိုင်ရာ ဥပဒေမူကြမ်းမှာ ကန့်သတ်ချက်တချို့ပါဝင်ပြီး၊ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေ ဆန္ဒပြခွင့် မရှိသလို လူအများ စုဝေးတတ်တဲ့ ဆေးရုံ၊ ကျောင်း၊ ဈေး စတဲ့နေရာတွေရှေ့မှာ ဆန္ဒပြခွင့် ပိတ်ပင်ထားပါတယ်။ ဒါ့အပြင် နိုင်ငံခြားသံရုံးတွေ ရှေ့မှာလည်း ဆန္ဒပြခွင့်မရှိဘဲ သံရုံးရှေ့က ဖြတ်ပြီး စီတန်းလှည့်လည် ဆန္ဒပြတာမျိုးကိုတော့ ခွင့်ပြုထားတယ်လို့ သိရပါတယ်။ ဆန္ဒပြရာမှာ ကြွေးကြော်သံတိုင်တာ အလံလွှင့်ထူ ကိုင်ဆောင်တာ ဆိုင်းဘုတ်တွေ ကိုင်ဆောင်တာ မျိုးကိုလည်း ခွင့်ပြုထားပါတယ်။ 
 
copy rights_ http://www.rfa.org/burmese/news/demonstration-11242011102448.html

ပြည်တွင်းစစ် ရပ်ဖို့ မန္တလေးမြို့မှ တောင်းဆို

November 24, 2011



မန္တလေးမြို့ ကံတက်ကုန်း မစိုးရိမ်ဘုန်းတော်ကြီးကျောင်းမှ တိုင်းရင်းသူ တိုင်ရင်းသား ကျောင်းသားကျောင်းသူလေးများရဲ့ ငြိမ်းချမ်းရေး ဆုတောင်းပွဲပါ။




ဒီဆုတောင်းပွဲမှာ မန္တလေးသား  စာရေးဆရာများဖြစ်တဲ့ ဆရာညီပုလေး၊ ဆရာဆူးငှက်၊ ဆရာညီစေမင်း တို့ကလည်း ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဟောပြောပွဲတွေ ပြုလုပ်ခဲ့ပါသေးတယ်။


ကချင်ပြည်နယ်မှာတော့ တဖက်နဲ့ တဖက် ငြိမ်းချမ်းရေးစကားတွေကို ပြောနေပေမယ့် စစ်အင်အားတွေ့ချဲ့ပြီး စစ်ဆင်ရေး လုပ်မယ့် အရိပ်အငွေ့တွေကို မြင်တွေ့နေရပါတယ်။ 

ဓာတ်ပုံ - ရဲဘော်သူရိန် / facebook
ရန်ပိုင်
Copy from - irrawaddyblog

2011/11/24

ဂျပန်နိုင်ငံရောက် ကရင်လူမျိုး တိုင်းရင်းသားများ နှင့် ကရင်အရေးကို အကူအညီပေးနေကြသော ဂျပန်လူမျိုး အသင်းအဖွဲ့ အစည်းများနှင့် တွေ့ ဆုံ 




ဂျပန်တွင် ရောက်ရှိနေကြသော ကရင် တိုင်းရင်းသား များနှင့် နယ်စပ်ဒေသမှ ရောက်ရှိလာကြသော ကရင်ဒုက္ခသည် မိသားစု များ နှင့် တွေ့ ဆုံ ပွဲကို  Catholic Asakusa Church တွင် နေ့ လည် ၁၂ နာရီ မှ ညနေ ၄ နာရီ ထိ နေ့ လည်စာ များဖြင့် ဧည့်ခံ ပြီး ရင်းနှီစွာ ဖြင့်  တွေ့ ဆုံ ကြသည်။

ယနေ့ ကျင်းပသည် တွေ့ ဆုံ ပွဲကို ဂျပန်လူမျိုး အသင်းအဖွဲ့ များ ဖြစ်ကြသော Catholic Tokyo International Centre(CTIC),Japan Association for Refugees(JAR) and Japan Lawyers Network for Refugees(JLNR) တို့ မှ ကြီးမှူ ကျင်းပပေးခဲ့ကြသည်။

ထိုနောက် ရင်းနှီစွာ ဖြင့် မိတ်ဆက်ကြပြီး စောမျိုးခိုင်ရှင်း မှ ကျွန်တော်တို့ အား ယခုလို ဖိတ်ကြားခြင်းခံရသည့်အတွက် အထူးကျေးဇူးတင်ရှိကြောင်း၊ စစ်ဘေး သဘာဝဘေး စသည့် ဒုက္ခအမျိုးမျိုးရောက်နေသော နိုင်ငံများကို ကူညီစောင့်ရှောက်နေသော ဂျပန်နိုင်ငံ ကိုလည်း အထူးကျေးဇူးတင်ရှိကြောင်း၊ ထိုင်းနိုင်ငံ နယ်စပ် ဒုက္ခသည် စခန်းမှ ကရင်လူ မျိုး များကို ခေါ်ယူ၍ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း၊ ကရင်လူမျိုးများ သည် ပြည်တွင်းစစ်ကြောင့် ဘ၀တိုးတက်မှု အလွန်နိပ်ကျ ခဲ့ရကြောင်း၊ အသိပညာကြွယ်ဝပြီး တိုးတက် ကြီးပွာ မှသာလျှင် အဖိနှိပ်ခံ ၊နှိပ်ကျသည့် ဘ၀မှ လွတ်မြောက်ပြီး အခြားသော လူမျိုးများနှင့် ရင်ဘောင်တန်းနိုင်မည် ဖြစ်ပါသည်။ ထိုကြောင့် ကျွန်ပ်တို့ ကရင်လူမျိုးများဘ၀ တိုးတက်ကြီးပွားရန် အဖြစ်နိုင် ဆုံးနှင့် အတက်နိုင်ဆုံး ဂျပန်နိုင်ငံ မှ အကူအညီပေး ပါရန် မေတ္တာရပ်ခံအပ်ကြောင်းကို ပြောကြားခဲ့ပါသည်။
နောက်ဆုံးအနေနဲ့ ယနေ့ ကျင်းပသော တွေ့ ဆုံပွဲတွင် ဂျပန်နိုင်ငံတွင်ရောက်ရှိ နေကြသော ကရင်လူမျိုးများ နှင့် ကရင် အဖွဲ့ အစည်းများ မှ တာဝန်ရှိသူများ တွေ့ ဆုံနိုင်အောင် လုပ်ဆောင်ပေးတဲ့ အတွက်ကြောင့် ကျင်းပပြုလုပ်ပေးကြသော အဖွဲ အစည်း များ မှ လူကြီးလူငယ်များ အားလုံးတိုကို အထူး ကျေးဇူး တင်ရှိကြောင်း ကို တာဝန်ရှိသူ တဦးမှ ပြောကြားခဲ့ပါသည်။
သတင်း မှတ်တမ်းဓါတ်ပုံ။ ။ မိုးမင်းသူ

နယ်စပ်မြန်မာ ဒုက္ခသည်အရေး စိုးရိမ်ရဆဲ


ထိုင်း-မြန်မာနယ်စပ်က မြန်မာဒုက္ခသည်များအရေးဆောင်ရွက်နေတဲ့ TBBC အဖွဲ့ရဲ့ အမှုဆောင် ဒါရိုက်တာ Jack Danford က ဗြိတိသျှပါလီမန်မှာ အင်္ဂါနေ့တုန်းက ပါတီပေါင်းစုံက မြန်မာ့ ဒီမိုကရေစီရေး ဆောင်ရွက်နေတဲ့ လွှတ်တော်အမတ်များအဖွဲ့ APPG အဖွဲ့ဝင်တွေကို မြန်မာဒုက္ခသည်များအရေး တင်ပြဆွေးနွေးခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ စဖြစ်နေပြီလို့ အများက မြင်နေကြပေမယ့် တိုင်းရင်းသားတွေနေထိုင်ရာ နယ်စပ်ဒေသက အခြေအနေကတော့ ပြောင်းလဲမှုမရှိဘဲ တဘက် ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေဟာ နေ့စဉ်လိုလို ထပ်ပြီးတော့ ရောက်လာနေတာမို့ ဒီဒုက္ခသည်တွေအတွက် အကူအညီတွေ ပေးဖို့ကိုလည်း ဗြိတိသျှအစိုးရကို သူက တောင်းဆိုခဲ့ပါသေးတယ်။ ဒေါ်ခင်မျိုးသက်က အပြည့်အစုံတင်ပြထားပါတယ်။
ထိုင်း-မြန်မာနယ်စပ်ဒေသအခြေစိုက် TBBC အဖွဲ့ဟာ မြန်မာဒုက္ခသည်တွေရဲ့အရေးကို ၁၉၈၄ ခုနှစ်က စတင်ပြီး ဆောင်ရွက်ခဲ့တဲ့အဖွဲ့ပါ။ အခုလို နှစ်ပေါင်း ၃၀ နီးပါး ကာလကြာရှည်လာခဲ့ပေမယ့် သူတို့ အကူအညီပေးနေရတဲ့ မြန်မာဒုက္ခသည်ကတော့ သိန်းနဲ့ချီပြီး ရှိနေဆဲပဲလို့ အဖွဲ့ရဲ့အမှုဆောင် ဒါရိုက်တာ ဂျက်၊ ဒဲန်းဖို့တ်က ပြောပါတယ်။
“အခုလောလောဆယ်မှာ ကျနော်တို့အဖွဲ့က ထိုင်း-မြန်မာနယ်စပ်ဒေသ တလျှောက်မှာရှိတဲ့ ဒုက္ခသည်စခန်း ၉ ခုထဲက မြန်မာဒုက္ခသည်ပေါင်း ၁ သိန်း၊ ၄ သောင်းကို အကူအညီပေးနေပါတယ်။ ဒါ့အပြင် နယ်စပ်ကိုဖြတ်ကျော်ပြီး ကူညီနေတဲ့ ပြည်တွင်းအိုးအိမ်ရွှေ့ပြောင်းနေထိုင်ရတဲ့ IDP ဒုက္ခသည်တွေလည်း နောက်ထပ် ၁ သိန်းလောက် ရှိနေတာမို့ ကျနော်တို့အကူအညီပေးနေတဲ့  မြန်မာဒုက္ခသည် ၂ သိန်းခွဲလောက် ရှိနေတာပါ”
မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေ ဖြစ်နေပြီလို့ လူတိုင်းက ပြောနေပေမယ့် ဒုက္ခသည်တွေ အိမ်ပြန်နိုင်လောက်အောင် တကယ်ပြောင်းလဲလာအောင် မဟုတ်သေးဘူးလို့လည်း ဆိုပါတယ်။
“အခုအချိန်မှာတော့ နယ်စပ်ဒေသတ၀ိုက်မှာ ဘာမှ ပြောင်းလဲတာမျိုး မရှိသေးပါဘူး။ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်။ ဒါ့ထက်ဆိုးတာက ဒုက္ခသည် အသစ်တွေ နေ့တိုင်းလိုလို ရောက်နေတာပါ။ ဒါက ဘာမှ မပြောင်းလဲသေးတာကို ပြနေတာပါ”

ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ခွင့်ရဖို့ SNLD ဆက်ကြိုးပမ်းမယ်

 
 RFA
2011-11-23
မကြာခင်က ပူတာအိုထောင်ကနေ တောင်ငူထောင်ကို ရွှေ့ပြောင်းလိုက်တဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်ဦးနဲ့ တွေ့ဆုံခွင့်ရဖို့ ဆက်လက် ကြိုးပမ်းသွားမယ်လို့ ပါတီ ပြောခွင့်ရ ဦးစိုင်းလိတ်က အာရ်အက်ဖ်အေကို ပြောပါတယ်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD) ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးကို ထောင်ဒဏ် ၉၃ နှစ် ချမှတ်ပြီး မြန်မာနိုင်ငံ မြောက်ဖျား ပူတာအို ထောင်သို့ ပို့ဆောင် အကျဉ်းချထားပါသည်။
ပါတီ ဆက်လက် ရပ်တည်ရေး အတွက် ခေါင်းဆောင် နှစ်ဦးရဲ့ သဘောထားကို သိရဖို့ လိုတယ်လို့ ဦးစိုင်းလိတ်က ဆိုပါတယ်။ 
 
ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရတဲ့ ဦးခွန်ထွန်ဦးကို နိုဝင်ဘာ ၂၀ က တောင်ငူထောင်ကို ပြောင်းရွှေ့လိုက်ပြီး နိုဝင်ဘာ ၂၁ ရက်မှာ မိသားစုနဲ့ တွေ့ခွင့်ပေးခဲ့တယ်လို့ သိရပါတယ်။ ဦးခွန်ထွန်းဦးဟာ ဒူးနာတဲ့ ဝေဒနာ ခံစားနေရတာကြောင့် လမ်းကောင်းကောင်း မလျှောက်နိုင်ဘူးလို့ ဦးစိုင်းလိတ်က ပြောပါတယ်။ 
 
ပါတီဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနဲ့ ထောင်ဒဏ် ၁၀၅ နှစ် ချမှတ်ခံထားရတဲ့ အထွေထွေအတွင်းရေးမှူး စိုင်းညွန့်လွင်တို့ လွတ်မြောက် မလာသေးတဲ့ အတွက် SNLD အနေနဲ့ ပါတီမှတ်ပုံ ပြန်တင်ဖို့ မရှိဘူးလို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေက ထုတ်ပြန် ကြေညာခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲ အနိုင်ရ တိုင်းရင်းသား ငါးပါတီ ဖွဲ့စည်းထားတဲ့ တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA မှာ SNLD ပါတီလည်း ပါဝင်ပါတယ်။

ဒဏ်ခတ်အရေးယူမှု ရုပ်သိမ်းဖို့ အစီအစဉ်မရှိသေး


ရှေ့သီတင်းပတ်ထဲ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံကို သွားရောက်ဖို့အထိ အပြန်အလှန် ဆက်ဆံမှုတွေ တိုးတက် လာပေမဲ့ မြန်မာအစိုးရအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူထားတာတွေကိုတော့ ရုပ်သိမ်းဦးမှာ မဟုတ်သေးဘူးလို့ အမေရိကန် အဆင့်မြင့် အရာရှိတဦးက ပြောလိုက်ပါတယ်။ ဒါဟာလည်း မြန်မာနိုင်ငံတွင်းမှာ တိုးတက်အောင် လုပ်ဆောင်ဖို့ လိုအပ်နေတာတွေ အများအပြား ရှိနေဆဲ ဖြစ်တယ်လို့ အမေရိကန် အစိုးရက ယုံကြည်ထားတဲ့အတွက် ဖြစ်တယ်လို့ ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ကိုအောင်လွင်ဦး က တင်ပြထားပါတယ်။
ရာစုနှစ်ဝက်အတွင်း ပထမဆုံးအကြိမ်အဖြစ် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် ဒီဇင်ဘာလ ၁ ရက်နေ့မှာ မြန်မာနိုင်ငံကို သွားရောက်ဖို့ ရှိနေတဲ့အထိ ၂ နိုင်ငံ သံတမန် ဆက်ဆံရေးတွေ တိုးတက်လာပေမဲ့လည်း မြန်မာအစိုးရအပေါ် အရေးယူ ဒဏ်ခတ်ထားတာတွေ လတ်တလော ရုပ်သိမ်းမှာတော့ မဟုတ်သေးဘူးလို့ အမေရိကန် အစိုးရက ပြောလိုက်တာ ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား အစိုးရက မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ထားပေမဲ့ တချိန်တည်းမှာပဲ ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်ဖို့ ပြောဆိုထားတာလည်း ဖြစ်ပါတယ်။

2011/11/22

တိုင်းရင်းသားလက်နက်ကိုင် ၅ ဖွဲ့နဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့တွေ့ဆုံ

တနင်္လာ, 21 နိုဝင်ဘာ 2011


မြန်မာအစိုးရကို နှစ်ပေါင်း များစွာထဲက လက်နက်ကိုင် တော်လှန်နေကြတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့ တွေထဲက အဖွဲ့ ၅ ဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ကိုယ်စားလှယ် အဖွဲ့တို့ ပြီးခဲ့တဲ့ စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်မှာ သီးခြားစီ တွေ့ဆုံ ခဲ့ကြပါတယ်။ ထာဝရ ငြိမ်းချမ်းရေးအတွက် အစိုးရက ကမ်းလှမ်းတဲ့ အဆင့် ၃ ဆင့်မှာ ပထမအဆင့်က အပစ်အခတ် ရပ်စဲရေး သဘောတူညီမှု ရဖို့ဖြစ်ပြီး ဒီသဘော တူညီချက်ရနိုင်ဖို့ ပြည်နယ်အဆင့် ဆွေးနွေးမှုတွေကို ပထမဆုံးလုပ်ရမှာ  ဖြစ်တယ်လို့ ဆွေးနွေးပွဲတွေကို တက်ရောက်ခဲ့သူ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ဗွီအိုအေ မြန်မာပိုင်းကို ပြောပြပါတယ်။ ဒီတော့ ပြည်နယ်အဆင့် ဆွေးနွေးမှုက ဘယ်လိုလဲ၊ ဘယ်အဖွဲ့တွေက ဘာတွေ သဘောတူခဲ့သလဲ ဆိုတာကို ဘန်ကောက်ရုံး ရောက်နေတဲ့ မစုမြတ်မွန်က အပြည့်အစုံ အစီရင်ခံ ထားပါတယ်။
မြန်မာနိုင်ငံမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်ရေးပဋိပက္ခတွေ အဆုံးသတ်ဖို့ လိုအပ်တယ်လို့ နိုင်ငံတကာက ပိုပြီး ဖိအားပေး ပြောလာချိန်မှာ သမ္မတဦးသိန်းစိန်က မီးရထားဝန်ကြီး ဦးအောင်မင်းကို လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ ကိုယ်စားလှယ် လွှတ်လိုက်တာ ဖြစ်ပါတယ်။ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ကချင်ပြည်လွတ်မြောက်ရေးအဖွဲ့ (KIO)၊ ရှမ်းပြည်တပ်မတော် တောင်ပိုင်း (SSA-South) နဲ့ ရှမ်းပြည် ပြန်လည် ထူထောင်ရေးကောင်စီ (RCSS)၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF) စတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၅ ဖွဲ့နဲ့ ဝန်ကြီးဦးအောင်မင်း ထိုင်းနိုင်ငံ ချင်းရိုင်ခရိုင်ထဲမှာ သီးခြားစီ တွေ့ဆုံစဉ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုတွေ့ဆုံကြစဉ်မှာ အချက် ၂ ချက်ကို အဓိကထား ပြောခဲ့တယ်ဆိုတာကို ဆွေးနွေးပွဲတွေမှာပါဝင်ခဲ့တဲ့ ငြိမ်းချမ်းရေး အကျိုးဆောင် ဦးကျော်ရင်လှိုင်က ခုလို ဗွီအိုအေကို ရှင်းပြပါတယ်။

2011/11/21

မတရားဖမ်းဆီး အကျဉ်းချခံ နေရသည့် နိုင်ငံရေး အကျဉ်းသားများအားလုံး လွတ်မြောက်ရေးနှင့် ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူ မရှိဘူး ပြောလိုက်သည့် သမ္မတ ဦးသိန်းစိန်အား ရှုတ်ချကန့်ကွက်သည့် ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၂၁ ရက်။



ယုံကြည်ချက်ကြောင့် မတရားဖမ်းဆီး အကျဉ်းချခံ နေရသည့် ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသား များအားလုံး အမြန်ဆုံး လွတ်ပေးရန် တောင်းဆို ဆန္ဒပြသည့် အခမ်းအနားနှင့် ယုံကြည်ချက်အတွက် အကျဉ်းကျခံနေရသူ မရှိဘူး ပြောလိုက်သည့် သမ္မတ ဦးသိန်းစိန်အား ရှုတ်ချ ကန့်ကွက်သည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး( မြန်မာသံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ အထိ ကျင်းပ ခဲ့ကြပါသည်။

အင်ဒိုနီရှားနိုင်ငံ ဘာလီကျွန်းက အာဆီယံ ထိပ်သီး ဆွေးနွေးပွဲအပြီး မြန်မာ သတင်းထောက်တွေကို တွေ့ဆုံ စကားပြောစဉ်မှာ သမ္မတ ဦးသိန်စိန်က ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတယ်ဆိုတာ လက်မခံကြောင်း၊ ယုံကြည်ချက်ကြောင့် အကျဉ်းကျတယ်ဆိုတဲ့ အသုံးအနှုန်းကို လက်မခံဘူးလို့ ပြောကြားသွားခြင်းနဲ့ ပတ်သက်လို့ ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများတို့မှ ရှုတ်ချ ကန့်ကွက်ခဲ့ကြပါသည်။
အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တစိုက်မတ်မတ် တောင်းဆို လှုပ်ရှားနေကြတဲ့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေးအကျဉ်းသား အားလုံးကိုလွတ်ပေးရန်၊ ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေမှုရပ်ပြီး တပြည်လုံး အပစ်အခတ်ရပ်ဆဲပေးဖို့အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပြီး ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
၂၀၁၂ခုနှစ်၊ ဇူလိုင်လတွင် စတင် အသက်ဝင်မည့် နိုင်ငံခြားသား မှတ်ပုံတင်ဥပဒေသစ် ( ဗီဇာရှိသူများ အတွက်) အသစ်ပြုပြင်ပြဌာန်းထားသော ဂျပန် လူဝင်မှုကြီးကြပ်ရေး ဥပဒေ

အဝေးရောက် ညွန့်ပေါင်းအစိုးရ ဆက်ရှိဖို့ မလိုတော့ကြောင်း ဒေါက်တာစိန်ဝင်းပြော

2011-11-20
ဒီကနေ့ မြန်မာပြည်တွင်း နိုင်ငံရေးဖြစ်စဉ် တိုးတက်ပြောင်းလဲမှုတွေအရ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရအဖွဲ့ NCGUB အနေနဲ့ ဆက်လက် ရပ်တည်စရာ မလိုတော့ကြောင်း ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်းက ပြောပါတယ်။
RFA
အမေရိကန်ပြည်ထောင်စု ဝါရှင်တန် ဒီစီမြို့တော်တွင် ပြုလုပ်သည့် ဆန္ဒပြပွဲတခုတွင် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) ဝန်ကြီးချုပ် ဒေါက်တာစိန်ဝင်း မိန့်ခွန်း ပြောကြားနေစဉ်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ကြေညာလိုက်တဲ့အတွက် ပြီးခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ NLD လွှတ်တော်အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ပရောက် အမျိုးသား ညွန့်ပေါင်းအစိုးရ NCGUB ဟာ ဆက်လက် ရပ်တည်စရာ မလိုအပ်တော့ဘူးလို့ ဒေါက်တာစိန်ဝင်းက သူ့အမြင်ကို ပြောပြပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ပြောတာတော့ လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်။ လာမယ့် ရွေးကောက်ပွဲကိုမှ ဝင်ရောက်ယှဉ်ပြိုင်တဲ့နောက်တော့ ၁၉၉ဝ ရွေးကောက်ပွဲရလာဒ်ကို ဆက်ပြီးတော့ ဖြစ်ရမယ်ဆိုတဲ့ ပုံစံမျိုး လုပ်လို့ မရဘူးပေါ့။ ကျနော်တို့ အနေနဲ့ကတော့ NLD နဲ့ ဒေါ်အောင်ဆန်းစုကြည် လာမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ် ဆိုရင်တော့၊ တကယ်လည်း စပြီး ယှဉ်ပြိုင်ပြီ ဆိုရင်တော့ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အနေနဲ့ ဆက်လက်ပြီးတော့ တည်ရှိဖို့လိုမယ်လို့ မထင်ဘူး”

ဒါပေမယ့် လုပ်ထုံးလုပ်နည်းအရ ပြည်ပရောက် ၁၉၉ဝ ရွေးကောက်ပွဲ အနိုင်ရ အမတ်တွေနဲ့ ဖွဲ့စည်းထားတဲ့ MPU ခေါ် လွှတ်တော်အမတ်များ သမဂ္ဂ ကနေ NCGUB အမျိုးသားညွန့်ပေါင်းအစိုးရ အဖွဲ့ဝင်တွေကို ရွေးချယ်ထားတာဖြစ်တဲ့အတွက် MPU အဖွဲ့ကသာ ဆုံးဖြတ်ရမှာ ဖြစ်ကြောင်း ဒေါက်တာစိန်ဝင်းက ပြောပါတယ်။

အောင်မြင်တိုးတက်တဲ့နိုင်ငံဖြစ်ဖို့ ပညာရေး အဓိကကျ



ဓာတ်ပုံ ASSOCIATED PRESS
(၉၁) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာ မိန့်ခွန်းပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်။ (နိုဝင်ဘာလ ၂၀၊ ၂၀၁၁)
နိုင်ငံ့အရေးကိုကြည့်ရာမှာ ပညာရေးဟာ အဓိကကျတာမို့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ပညာရေး ဖြစ်လာအောင် အားလုံး ၀ိုင်းဝန်းကြိုးစားကြဖို့ လိုတယ်လို့ ဒီကနေ့ ကျရောက်တဲ့ (၉၁) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့မှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင်  ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဒီကနေ့ NLD ပါတီရုံးချုပ်မှာပြုလုပ်တဲ့ အမျိုးသားနေ့အထိမ်းအမှတ် အခမ်းအနားအကြောင်းနဲ့အတူ တခြား အဖွဲ့အစည်းတွေကရော ဘယ်လိုပုံစံတွေနဲ့  ကျင်းပခဲ့ကြသလဲဆိုတာကို မသင်းသီရိက အစီရင်ခံထားပါတယ်။
နယ်ချဲ့အစိုးရရဲ့ ရန်ကုန်တက္ကသိုလ် အက်ဥပဒေဟာ ကျွန်ပညာရေးစနစ်ဖြစ်တယ်ဆိုတဲ့ အမြင်တွေနဲ့ ခရစ်သက္ကရာဇ် ၁၉၂၀ ပြည့်၊  မြန်မာသက္ကရာဇ် ၁၂၈၂ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ ရက်နေ့မှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး ဆန့်ကျင် သပိတ်မှောက်ခဲ့တဲ့နေ့ကို အမျိုးသားအောင်ပွဲနေ့ ရယ်လို့ သတ်မှတ်ခဲ့တာ ဒီကနေ့ဆိုရင် (၉၁) နှစ်ပြည့်ပါပြီ။
ဒီလို အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံထားတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံ ပိုပြီးတော့ တိုးတက်လာအောင် လူတိုင်း ပညာဆည်းပူးနေဖို့လိုတယ်လို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်မှာပြုလုပ်တဲ့ NLD ပါတီရဲ့ အမျိုးသားနေ့အခမ်းအနားမှာ အခုလိုပြောခဲ့ပါတယ်။
“ကျမတို့ အမျိုးသားရေးစိတ်ဓာတ်ရှိတယ်ဆိုရင် ကျမတို့နိုင်ငံကို တကယ်ပဲ တိုးတက်(ချင်)တယ် ဆိုလို့ရှိရင် လူတိုင်းလူတိုင်းဟာ ပညာဆည်းပူးဖို့ တာဝန်ရှိတယ်လို့ ကျမ ပြောပါရစေ။ ငါတို့ ဘာအတွက် ဟိုးတုန်းက၊ ၁၉၂၀ ခုနှစ်တုန်းက ကျောင်းသူကျောင်းသားတွေဟာ ဘာအတွက် ရုန်းကန်ခဲ့လဲဆိုတာ ပြန်ပြီးတော့ စဉ်းစားစေချင်ပါတယ်။ အဓိကကတော့ ကျမတို့ရဲ့ အမျိုးသားရေးအမြင်ပေါ့။ ပညာဆိုတာဟာ ကျွန်စိတ်မွေးဖို့ မဟုတ်ဘူး။ ပညာဆိုတာဟာ၊ အဲဒီ တုန်းကတော့ တို့ဗမာအစည်းအရုံးတော့ မပေါ်သေးဘူးပေါ့နော်၊ ဒါပေမဲ့လည်း ပညာဆိုတာဟာ ကိုယ့်ကံကြမ္မာကို ကိုယ် ဖန်တီးနိုင်တဲ့ လူမျိုးတွေရဲ့စိတ်ဓာတ်ကို မွေးပေးဖို့၊ အသိဉာဏ် အမြင်တွေကို ပံ့ပိုးပေးဖို့ဆိုတဲ့အမြင်နဲ့ ဒီတိုက်ပွဲကိုဝင်ခဲ့တယ်လို့ ကျမ ဒီလိုပဲ မြင်ချင်ပါတယ်။ ဒီလိုပဲ မြစ်စေချင်ပါတယ်။”
နိုင်ငံ့အရေးဟာ ပညာရေးပေါ်မှာ အခြေခံထားတာမို့ မြန်မာနိုင်ငံမှာ အာမခံချက်ရှိတဲ့ ပညာရေး စနစ်တွေ ဖြစ်လာအောင် ၀ိုင်းဝန်းကြိုးစားဖို့ လိုမယ်လို့လည်း တိုက်တွန်းခဲ့ပါတယ်။

ပြုပြင်ရေးအတွက် အချိန်မဆွဲဖို့ ဘန်ကီမွန်းတိုက်တွန်း

 စနေ, 19 နိုဝင်ဘာ 2011By ဦးဝင်းမင်း

မြန်မာသမ္မတ ဦးသိန်းစိန် (၀ဲ) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) အာဆီယံထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြစဉ်။ (နိုဝင်ဘာလ ၁၉၊၂၀၁၁)
ဓာတ်ပုံ ASSOCIATED PRESS
မြန်မာသမ္မတ ဦးသိန်းစိန် (၀ဲ) နဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (ယာ) အာဆီယံ ထိပ်သီးစည်းဝေးပွဲ တက်ရောက်နေကြစဉ်။ (နိုဝင်ဘာလ ၁၉၊၂၀၁၁)
မြန်မာနိုင်ငံဟာ လာမယ့် ၂၀၁၄ ခုနှစ်မှာ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ဖြစ်လာမှာကြောင့် ပိုပြီးကြီးမား လာနေတဲ့ နိုင်ငံတကာရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းနိုင်အောင် ပြုပြင်ပြောင်းလဲရေးတွေ အမြန်စသင့်ပြီလို့ ဒီကနေ့မနက် ဘာလီကျွန်းမှာ မြန်မာသမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံစဉ်အတွင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက အလေးအနက် တိုက်တွန်းလိုက်ပါတယ်။ သူ့ကို မြန်မာပြည်လာဖို့ အတွက် သမ္မတဦးသိန်းစိန်ရဲ့ ဖိတ်ခေါ်ချက်အပေါ်မှာလည်း ဖြစ်နိုင်သမျှ မကြာခင်သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း အပြည့်စုံကို ဦးဝင်းမင်းက တင်ပြထားပါတယ်။
အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ဦးသိန်းစိန်ကို သမ္မတအဖြစ်နဲ့ ပထမဆုံးအကြိမ် ဒီကနေ့မနက်တွေ့ပြီး သီးသန့်ပြောရာမှာ ခုလို အပြောင်းအလဲကို အချိန်မဆွဲဘဲလုပ်ဖို့ ပြင်းပြင်းထန်ထန် တောင်းဆိုခဲ့တယ်လို့ ဆိုပါတယ်။
“ကျနော် သူ့ကို အလေးအနက် တိုက်တွန်းခဲ့ပါတယ်။ ၂၀၁၄ အထိ စောင့်နေဖို့ မလိုအပ်ပါဘူး။ အဲဒီမတိုင်ခင်ကတည်းက သူတို့နိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ အားလုံးကို စလုပ်သင့်ပါတယ်။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို ပိုအားကောင်းအောင် လုပ်သင့်တယ်။ အဲဒီနောက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာနိုင်အောင် ဆွဲဆောင်နိုင်တဲ့ လူမှုရေးနဲ့ စီးပွားရေး အခြေအနေတွေကို ဖန်တီးပေးသင့်ပါတယ်။”

2011/11/20

သမ္မတဦးသိန်းစိန် သတင်းစာရှင်းလင်းပွဲ


ဓာတ်ပုံ ASSOCIATED PRESS
အမေရိကန်သမ္မတ ဘရက်အိုဘားမား (၀ဲ)၊ မြန်မာသမ္မတ ဦးသိန်းစိန် (လယ်)၊ တရုတ်ဝန်ကြီးချုပ် ၀မ်ကျားပေါင် (ယာ) အရှေ့အာရှ ထိပ်သီးစည်းဝေးပွဲ အုပ်စုဓါတ်ပုံရိုက်နေစဉ်။ (နိုဝင်ဘာလ ၁၉၊ ၂၀၁၁)
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးစည်းဝေးပွဲရဲ့ ဒီကနေ့ နောက်ဆုံးနေ့ ညပိုင်းမှာတော့ မြန်မာနိုင်ငံ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်က သတင်းထောက်တွေကို တွေ့ပြီးတော့ ဘာတွေ ရှင်းပြခဲ့သလဲ ဆိုတာကိုတော့ ဘာလီကျွန်းမှာ သတင်းယူဖို့ရောက်နေတဲ့  ဗွီအိုအေမြန်မာပိုင်း အယ်ဒီတာ ဒေါ်ခင်စိုးဝင်းကို မသင်းသီရိက ဆက်သွယ် မေးမြန်းထားပါတယ်။
မသင်းသီရိ။ ။ သမ္မတဦးသိန်းစိန်က ဒီနေ့ညပိုင်း သတင်းထောက်တွေနဲ့တွေ့တဲ့အခါမှာ ဘယ်လိုအချက်တွေ ပြောကြားခဲ့သလဲဆိုတာ ရှင်းပြပါဦးရှင့်။ -
ဒေါ်ခင်စိုးဝင်း။       ။ “အနှစ် ၅၀ နီးပါးအတွင်း မြန်မာသမ္မတတစ်ဦးအနေနဲ့ ပထမဆုံးအကြိမ် သတင်းသမားတွေကို ထူးထူးခြားခြား တွေ့ဆုံမေးမြန်းခွင့်ပြုခဲ့တာလို့ပဲ ပြောရမှာပါ။ (၁၉) ကြိမ်မြောက် အာဆီယံ ထိပ်သီးညီလာခံနဲ့ အရှေ့အာရှ ထိပ်သီးညီလာခံကြီး ပြီးဆုံးတဲ့နေ့မှာမန်မာသတင်းသမားတွေကို စုဝေးပြီး တွေ့ဆုံခဲ့တာပါ။ အမေရိကန်သမ္မတ ဘရက်အိုဘားမားက နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံကို စေလွှတ်ဖို့ ဆုံးဖြတ်လိုက်တာနဲ့ ပတ်သက်ပြီး သမ္မတဦးသိန်းစိန် က အခုလို ပြောဆိုပါတယ်။”

2011/11/19


NLD မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်မည်

 သောကြာ, 18 နိုဝင်ဘာ 2011 By မစုမြတ်မွန် 
ဓာတ်ပုံ REUTERS
ရန်ကုန်မြို့ NLD ပါတီရုံးချုပ်တွင် ပါတီဝင်များကို မိန့်ခွန်းစကားပြောကြားနေသည့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် (နိုဝင်ဘာလ ၁၈၊ ၂၀၁၁)
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီက မြန်မာနိုင်ငံမှာ တရားဝင်ပါတီတစ်ခုအနေနဲ့ ပြန်လည် မှတ်ပုံတင်ပြီး နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ ဝင်သွားဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ပြည်နယ်နဲ့တိုင်း အသီးသီးက ဗဟိုဦးစီးအဖွဲ့ဝင်တွေ ဒီကနေ့ NLD ရုံးချုပ်မှာ စည်းဝေးပြီး အားလုံးသဘောတူ ဆုံးဖြတ်လိုက်ကြတာ ဖြစ်ပါတယ်။ ခုလို NLD ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ ကျန်တဲ့ နိုင်ငံရေးပါတီတွေကရော ဘယ်လို သဘောထားပါသလဲ။ ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က စုံစမ်းပြီး အပြည့်အစုံ တင်ပြထားပါတယ်။
“ဒါဟာ ကျမတို့ပါတီရဲ့ အနာဂတ်အတွက် လုပ်နေတဲ့ကိစ္စ မဟုတ်ပါဘူး။ ဒီမိုကရေစီလှုပ်ရှားမှု တခုတည်းရဲ့ အနာဂတ်အတွက်လည်း ကျမတို့လုပ်နေတာမဟုတ်ပါဘူး။ ကျမတို့နိုင်ငံရဲ့ အနာဂတ်အတွက် လုပ်နေတာဆိုတာကိုတော့ စွဲစွဲမြဲမြဲ ခေါင်းထဲမှာ ထားစေချင်ပါတယ်။”

2011/11/17

NLD ပါတီမှတ်ပုံတင်ရေး ဘက်ပေါင်းစုံမှ သုံးသပ်ဖို့ DAB တိုက်တွန်း

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် တရားဝင် ရပ်တည်ခွင့်အတွက် တရားရုံးသို့ တင်ပြ လျှောက်ထားသည့် အမှုနှင့် ပတ်သက်၍ ပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နှင့် ရှေ့နေ ဦးဉာဏ်ဝင်းတို့ နိုဝင်ဘာ ၁၆ ရက်က ရန်ကုန်မြို့၊ ဗဟို
တရားရုံးချုပ်သို့ ရောက်ရှိလာပုံ ဖြစ်ပါသည်။ (Photo: AFP)
2011-11-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုဟာ ပြည်တွင်းပြည်ပ ဖိအားတွေကို ကျော်လွှားနိုင်ဖို့ နည်းပရိယာယ် အရ ဦးသိန်းစိန် အစိုးရ ဆောင်ရွက်နေတာသာ ဖြစ်တယ်လို့ ပြည်ပ အခြေစိုက် DAB ခေါ် မြန်မာပြည် ဒီမိုကရက်တစ် မဟာမိတ် အဖွဲ့ချုပ်က ကြေညာချက် တစ်ရပ် ထုတ်ပြန် လိုက်ပါတယ်။
အဲဒီ တွေ့ဆုံမှုတွေဟာ နိုင်ငံရေး ဆွေးနွေးပွဲတွေကို ဦးတည်တာ မဟုတ်တဲ့ အကြောင်းလည်း ကြေညာချက်မှာ ပါပါတယ်။
လတ်တလော ပြောင်းလဲမှု တချို့ မြင်တွေ့ ရပေမဲ့ တိုင်းရင်းသား ပဋိပက္ခနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေဆဲ ဖြစ်တာကြောင့် စစ်မှန်တဲ့ နိုင်ငံရေး ပြောင်းလဲမှုတွေ ဖြစ်ထွန်းမှု ရှိ မရှိဆိုတာ ဆက်လက် စောင့်ကြည့် ရမှာ ဖြစ်တယ်လို့ DAB အဖွဲ့ရဲ့ အထွေထွေ အတွင်းရေးမှူး ဦးမျိုးဝင်းက ပြောပါတယ်။
 
အင်န်အယ်လ်ဒီ ပါတီ မှတ်ပုံတင်ပြီး ကြားဖြတ် ရွေးကောက်ပွဲဝင်ရေး ဆုံးဖြတ်ရာမှာ ဘက်ပေါင်းစုံက သုံးသပ် ဆုံးဖြတ်ဖို့ လိုအပ်တယ် လို့လည်း ဦးမျိုးဝင်းက ပြောပါတယ်။
 
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အနေနဲ့ မူလ ရည်မှန်းချက်တွေ ဖြစ်တဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လုပ်ငန်းစဉ်တွေကို နိုင်ငံရေး အရ တန်းတူရည်တူ ဆွေးနွေး သဘော တူညီမှုတွေက တစ်ဆင့်သာ ဖော်ဆောင် နိုင်မယ်လို့လည်း ဒီအေဘီရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
 
ဒီအေဘီ အဖွဲ့ကို မြန်မာ့ ဒီမိုကရေစီရေး ကြိုးပမ်းနေတဲ့ မဟာမိတ် အဖွဲ့အစည်းပေါင်း ၂၅ ဖွဲ့နဲ့ ဖွဲ့စည်း တည်ထောင်ထားပါတယ်။
 
Copy from - rfa.org/

2011/11/16

ကြားဖြတ် ရွေးကောက်ပွဲဝ င်လျှင် ဒေါ်စုအပေါ် တိုင်းရင်းသားများ ယုံကြည်မှု ထိခိုက်နိုင်

 

မေလက NLD မှ ကျင်းပသော ဓါတ်ပုံပြပွဲတွင် မြင်တွေ့ရသည့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
Nov 15, 2011
တိုင်းရင်းသား ခေါင်းဆောင်များ အပါအဝင် ကျောင်းသား ခေါင်းဆောင်များ၊ သံဃာ့ခေါင်းဆောင်များနှင့် နိုင်ငံရေး အကျဉ်းသား ထောင်ချီ အကျဉ်းထောင်ထဲ၌ ရှိနေသေးသဖြင့်  ဒေါ်အောင်ဆန်းစုကြည် အမှူးပြုသော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကြားဖြတ် ရွေးကောက်ပွဲ ဝင်ရန် ပါတီမှတ်ပုံ တင်လိုက်ပါက သူမအပေါ် တိုင်းရင်းသားများ၏ ယုံကြည် ထောက်ခံမှု ထိခိုက်နိုင်ကြောင်း  သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ်က ပြောသည်။
“အမျိုးသား ခေါင်းဆောင်ကြီး ဒေါ်အောင်ဆန်းစုကြည်ဟာ သူမပြော ခဲ့ဖူးသလို နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင်၊ ဒီမိုကရေစီရအောင် ကြိုးစားနေတာလို့ ယုံကြည်တယ်။ ခုလဲ ပါတီ မှတ်ပုံတင်ဖို့ ကြား ဖြတ် ရွေးကောက်ပွဲ ဝင်ဖို့ဆိုတာ သူတို့ လုပ်ပိုင်ခွင့်ရှိလို့ သူတို့ လမ်းကြောင်း၊ သူတို့ ယုံကြည်ချက်နဲ့ သူတို့ သွားနေတာဖြစ် တဲ့အတွက်ကြောင့် ကျနော်တို့ ကတော့ တူတာရှိရင် ပေါင်းလုပ်မယ်။ ဒါပေမယ့် အကျဉ်းကျနေ တဲ့ခေါင်းဆောင်တွေ မလွတ်မြောက်သေးဘဲ သူမ ဆက်လုပ် သွားမယ် ဆိုရင်တော့  သူမအပေါ် တိုင်းရင်းသား တွေထားတဲ့ ယုံကြည်မှုကိုတော့ ထိခိုက်သွားနိုင်မှာကို ကျနောစိုးရိမ်မိ ပါတယ် ”   SNLD ပြောခွင့်ရ စိုင်းလိတ် ကပြောသည်။

ယနေ့မနက်ပိုင်း မန္တလေး မဟာမြတ်မုနိဘုရားကြီးအတွင်းမှ (မြန်မာ့ငြိမ်းချမ်းရေးမှ ကမ္ဘာ့ငြိမ်းချမ်းရေးသို့) လှုပ်ရှားမှုတခု...


ဓာတ်ပုံ ကိုအောင်မျိုးထွန်း.. (မောင်ဘဦး ဖေ့စ်ဘွတ်)
- သံဃာတော်တွေ တောင်းဆိုနေတာကတော့
နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ လွှတ်ပေးရေး။
-ပြည်တွင်းငြိမ်းရေး။
-ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေးတွေ လွတ်လပ်စွာလှုပ်ရှားခွင့်ရရေး။
ဆိုတဲ့ တောင်းဆိုချက်ကို တောင်းဆိုတယ်။
- မဟာမုနိ ဘုရားဝင်းအတွင်း လူအင်အား ထောက်ခံသူ အင်အား ၅၀၀ ထက်မနည်း ရောက်ရှိနေတယ်။
လက်ရှိ ဖြစ်နေတဲ့ အခြေအနေ ဖြစ်ပါတယ်။ ဒီလူအုပ်စုကို ဘယ်တော့ ဖြိုခွင်း ခံရမယ် မသိသေးပါ။
ယနေ့မနက်ပိုင်း Group Mail သတင်း...
  သတင်းရင်းမြစ် - ဒီမိုဝေယံ

ဗိုလ်မှူးစောဘိ၏ DKBA တပ်ဖွဲ့ ကေအဲန်ယူအဖြစ်သာ ရပ်တည်သွားမည်

Submitted by admin on Tuesday, 15 November 2011--
 
ဗိုလ်မှူးစောဘိ၏ DKBA တပ်ဖွဲ့ ကေအဲန်ယူအဖြစ်သာ ရပ်တည်သွားမည်
နိုဝင်ဘာလ ၁၄ရက်။ (ကေအိုင်စီ)
နယ်ခြားစောင့်တပ်မှ ခွဲထွက်ကာ ဒီကေဘီအေအဖြစ် ရပ်တည်ခဲ့သည့် ကရင်ပြည်နယ် မြိုင်ကြီးငူဒေသမှ ဗိုလ်မှူးစောဘိ ဦးစီးသည့်တပ်ဖွဲ့သည် ကရင်အမျိုးသားအစည်းအရုံး(KNU) အဖြစ်သာ ဆက်လက် ရပ်တည်သွားမည်ဟု ယမန်နေ့က ဆွေးနွေးခဲ့ကြသည်။
ကေအဲန်ယူ၏ ထိန်းချုပ်နယ်မြေတနေရာတွင် KNU ဖားအံခရိုင်၊ သထုံခရိုင် ဥက္ကဌများ၊ တပ်မဟာ(၁)နှင့် တပ်မဟာ(၇)မှူးများ နှင့် ဒီကေဘီအေ ဗိုလ်မှူးစောဘိတို့ မနက် ၉နာရီမှစ၍ နှစ်နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှ ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်ဟု ကေအဲန်ယူ တပ်မဟာ(၇) ရုံးထိုင်မှူး ဗိုလ်မှူးအယ်ဆဲဆဲက ယခုလို ပြောသည်။
“ဗိုလ်ဘိအနေနဲ့ BGF သို့မဟုတ် DKBA သို့မဟုတ် KNU အဲဒီအနေအထားထဲမှာ ဘယ်လိုရပ်တည်မလဲဆိုတာ အားမနာတမ်း ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့ကြတယ်။ ဗိုလ်ဘိကတော့ အစိုးရနဲ့လည်း ပြန်မပေါင်းချင်ဘူး။ ဒီကေဘီအေအနေနဲ့ ရပ်တည်ဖို့က လည်း ဆရာတော်(ဦးသုဇန)ကို အားကိုးလို့ မဖြစ်တော့ဘူး။ ဒါကြောင့် ရှေ့ဆက်ပြီး ကေအဲန်ယူရဲ့ ညွှန်ကြားချက်အောက်မှာပဲ ရပ်တည် လုပ်ဆောင်သွားတော့မယ်လို့ ပြောတယ်။”ဟု ဆိုသည်။
ပြီးခဲ့သည့် သြဂုတ်လ ၁၄ရက်နေ့က ဒီကေဘီအေသည် ၎င်းတို့ထိန်းချုပ်နယ်မြေတွင် တပ်မှူးညီလာခံတစ်ခု ပြုလုပ်ခဲ့ပြီး ဗိုလ်မှူး ချုပ်စောလားပွယ် ဦးစီးသော ဒီကေဘီအေ ကလို့ထူးဘော ဌာနချုပ်အောက်တွင် ဗိုလ်မှူးကျော်သက်နှင့် ဗိုလ်မှူးစောဘိတို့ကို ကလို့ထူးဝါးနှင့် ကလို့ထူးလား ဗျူဟာမှူးများအဖြစ် တာဝန်ပေးအပ်ခဲ့သည်ဟု ဒီကေဘီအေက ထုတ်ဖော်ပြောဆိုခဲ့သည်။
လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူဒေသတွင် အခြေစိုက်ခဲ့သည့် နယ်ခြားစောင့်-BGF (၁၀၁၂) တပ်ရင်းမှူးဖြစ်ခဲ့သူ ဗိုလ်မှူးစောဘိသည် ယခုနှစ် မေလလောက်ကတည်းက အစိုးရကို ပြန်လည် တိုက်ခိုက်ခဲ့ပြီး လက်ရှိအချိန်တွင် ကေအဲန်ယူ တပ်မဟာ(၁)နှင့် တပ်မ ဟာ(၇)ဒေသများတွင် ၎င်း၏တပ်ဖွဲ့ဝင် အင်အား ၁၀၀ကျော်ဖြင့် လှုပ်ရှားလျှက်ရှိသည်။
ပြည်ပရောက်နေသူတွေနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ တရားဝင် ပြောကြားချက်

Tuesday, November 15, 2011 Sithu Linn 

2011/11/15

မြစ်ကြီးနား ဗုံးပစ်ခွဲမှု လူ ၁၀ ဦးသေ၊ ၂၇ ဦးဒဏ်ရာရ

 

မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ မိဘမဲ့ကလေးများ စောင့်ရှောက်ရေးအိမ်သို့ တနင်္ဂနွေညက နေအိမ်ပြင်ပမှ ဗုံးပစ်သွင်းခံရပြီးနောက် နေအိမ်သုံးလုံး မီးလောင်ကျွမ်းမှု ဖြစ်ပွားသွားခဲ့သည်။ ဗုံးကြောင့် လူ ၁၀ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရသွားခဲ့သည်။ ဓာတ်ပုံ-Hkra U/ မဇ္ဈိမ
boom


ဦးဒယောင်တန်ဂွန်မှာ မြန်မာနိုင်ငံ သိုင်းအဖွဲ့ချုပ်ဝင် တဦးဖြစ်ကာ အခင်း ဖြစ်ပွားချိန်တွင် ခရီးလွန် နေသည်။ သူ၏ နေအိမ်တွင် သိုင်းလာသင်နေသော သင်တန်းသားများ တည်းခိုနေပြီး၊ မိဘမဲ့နှင့် စစ်ပြေး ဒုက္ခသည် ကလေးများကို စောင့်ရှောက်ထားရာ လူဦးရေ ၃၀ ကျော်နေထိုင်နေသည်ဟု ဆိုသည်။

“ကျနော်အခု ရင်ခွဲရုံမှာ သွားကြည့် နေတယ်။ အခုထိ သေတာ ၁၀ (ယောက်) ရှိတယ်။ ဂူသွင်းဖို့ လုပ်နေတယ်။ ဒဏ်ရာရ အားလုံးက ၂၇ ဦးရှိတယ်။ ကျန်တဲ့ လူတွေလည်း ဒဏ်ရာပြင်းတယ်။ အရေးပေါ်ခန်းမှာ ခွဲစိတ် ကုသနေ တယ်။”ဟု  ဒေသခံတဦးက ပြောသည်။

အစိုးရတပ် မြေအောက်လှိုဏ်ခေါင်း စခန်းအား KIA တိုက်ခိုက်

KIA စစ်သား(Photo by-Jade Land)
“မနက် ၈ နာရီခွဲလောက်မှာ မိုင်း အရင်ကွဲတယ် ၁၀ နာရီလောက်မှာ တိုက်ပွဲ စဖြစ်တယ် ၃ နာရီ လောက်ကြာ တယ်။ အစိုးရတပ်ကဗိုလ်မှူး တစ်ဦးအပါ ၅ ဦးသေတယ် ၃ ဦးဒဏ်ရာ ရတယ်။ KIA ဘက်က အထိအခိုက် မရှိဘူး ” - ဟု သူက ဆိုသည်။
 
သျှမ်းပြည် (မြောက်ပိုင်း) နမ့်ခမ်းမြို့နယ်နှင့် နယ်မြေချင်း ထိစပ်နေသော မန့်ဝိန်းကြီး ကျေးရွာ အုပ်စု ကောင်းခါရွာ အနီး လွယ်ဟိုစေတောင် (ကျားခေါင်းတောင်)ကို ထွင်းဖေါက်၍ မြေအောက် လှိုဏ်ခေါင်း ဖေါက်ထား ခြင်းဖြစ်ပြီး ၎င်းလှိုဏ် ခေါင်း အတွင်း အစိုးရတပ်များ အခြေချ နေထိုင်ကြောင်း ဒေသခံ တစ်ဦးက ဆိုသည်။

“တောင်ကို လှိုဏ်ခေါင်း ဖေါက်ပြီး တပ်စခန်း ဆောက်ထားတာ  စစ်တပ်လည်း အမြဲတမ်း ရှိနေတယ်။ ပြောနေ တာတော့ လက်နက် ခဲယမ်းတွေလည်း သိုလှောင် ထားတယ်ပေါ့။ မန့်ဝိန်းကြီးကနေ ၂ မိုင် လောက်ဝေးတဲ့ ကောင်းခါ ရွာနားမှာရှိ တယ်” ဟု သူကဆိုသည်။

ယနေ့ နံနက်ပိုင်းက အဆိုပါ မန့်ဝိန်းကြီးဘက်သို့ အစိုးရ စစ်ကား ၁၅ စီးခန့် နမ့်ခမ်းမြို့မှ ထွက်ခွာသွား ကြောင်း သိရသည်။
 
သတင်းရင်းမြစ် - သျှမ်းသံတော်ဆင့် 

မြန်မာအစိုးရသစ် နှင့်တွ့ဆုံဆွေး နွေးရန်ကေအဲန်ယူ ပြင်ဆင်

Submitted by admin on Monday, 14 November 2011--
မြန်မာအစိုးရသစ် နှင့်တွ့ဆုံဆွေး နွေးရန်ကေအဲန်ယူ ပြင်ဆင်
နိုဝင်ဘာလ ၁၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
မြန်မာအစိုးရသစ်၏ ဗဟိုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးရေးကမ်းလှမ်းမှုကို လက်ခံသောအားဖြင့် ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်နေသည်ဟု ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူက ယနေ့ ပြောကြားလိုက်သည်။
နှစ်ဦးနှစ်ဘက် တွေ့ဆုံဆွေးနွေးမည့် ရက်အတိအကျ သတ်မှတ်ထားခြင်းမရှိသေးသော်လည်း ကေအဲန်ယူဘက်က အစိုးရနှင့် တွေ့ဆုံဆွေးနွေးရန် အဖွဲ့ဝင်ခေါင်းဆောင် ၇ဦးပါဝင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကို ပြီးခဲ့သည့်အပတ်က ဖွဲ့စည်းခဲ့ပြီး ဖြစ်သည်။
အဆိုပါ ငြိမ်းချမ်းရေးကော်မတီတွင် ပါဝင်သည့် ကေအဲန်ယူ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က “ကျမတို့ ကော်မ တီ ဖွဲ့ထားတာက အစိုးရနဲ့ သွားတွေ့ဖို့တော့ မဟုတ်ဘူး။ ကြိုတင်ပြင်ဆင်မှုအနေနဲ့ပါ။ အစိုးရသစ်ဖြစ်ဖြစ်၊ စစ်အစိုးရပဲဖြစ်ဖြစ် နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံအဖြေရှာဖို့ဆိုရင် ကေအဲန်ယူကတော့ ပြင်ဆင်မှုလုပ်ထားတယ်။ တံခါးဖွင့်ထား တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ နိုင်ငံရေး ပဋိပက္ခနှင့် ပတ်သက်၍ ဖြေရှင်းရာတွင် အာဏာရ အစိုးရနှင့် တွေ့ဆုံစကားပြော ရန် ကေအဲန်ယူ ကွန်ဂရက်၏ ဆုံးဖြတ်ချက်အရ မူဝါဒများ ချမှတ်ထားရှိပြီးသား ဖြစ်သည်ဟု သူမက ဆက်လက် ပြောဆိုသည်။
ထို့အပြင် ကေအဲန်ယူသည် ညီညွှတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ-UNFC ၏ အဖွဲ့ဝင်လည်း ဖြစ်သည့်အ တွက် အစိုးရနှင့် တွေ့ဆုံပါက တနိုင်ငံလုံးအတိုင်းအတာဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ခတ်ရပ်စဲရေးဖြစ်ရန် အရေးကြီးသကဲ့သို့ နိုင်ငံရေး ပဋိပက္ခကို နိုင်ငံရေးနည်းဖြင့် အဖြေရှာကြရန် ဆွေးနွေးမည်ဟု ကေအဲန်ယူဘက်က ပြောသည်။

ငြိမ်းချမ်းရေးအတွက် အာဆီယံအမတ်တွေ တိုက်တွန်း

၁၄ ရက် နိဝင်ဘာလ ၂၀၁၁ခုနှစ်။
မြန်မာပြည်က စစ်ဖြစ်နေတဲ့ တိုင်းရင်းသား ဒေသတွေက ပြဿနာတွေကို ဖြေရှင်းရာမှာ အာဆီယံ အနေဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တစ်ရပ် ထူထောင်နိုင်အောင် ကြိုးစား လုပ်ဆောင် သင့်တယ်လို့ မြန်မာ့ အရေးဆိုင်ရာ အာဆီယံ ပါလီမာန် အမတ်အဖွဲ့ AIPMC ကနေ အာဆီယံ ကိုယ်စားလှယ် တွေကို တိုက်တွန်း လိုက်ပါတယ်။
အာဆီယံ ထိပ်သီး ဆွေးနွေးပွဲနဲ့ ဒေသတွင်း အစည်းဝေးတွေကို နိုဝင်ဘာလ ၁၇ ရက်ကနေ ၁၉ ရက်ထိ ကျင်းပဖို့ ရှိပြီး အဲဒီမတိုင်ခင် ရက်ပိုင်း တွေမှာလည်း အာဆီယံ အဆင့်မြင့် အရာရှိ အစည်းဝေးတွေနဲ့ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းဝေးတွေ ရှိနေပါတယ်။
အဲဒီအချိန်ကြရင် မြန်မာပြည်က ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပြင် တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ မြန်မာ အစိုးရတို့ ပဋ္ဋိပက္ခ ဖြစ်နေတာ မဖြေရှင်း နိုင်သေးတာတွေကိုလည်း ထည့်သွင်း ဆွေးနွေးဖို့ AIPMC အာဆီယံ အမတ်တွေက တိုက်တွန်းလိုက်တာပါ။
မြန်မာပြည်မှာ ရွေးကောက်ပွဲ လုပ်ခဲ့တာ အခုဆိုရင် တစ်နှစ် ရှိလာပေမယ့် မြန်မာပြည်မှာ အထူးသဖြင့် တိုင်းရင်းသား ဒေသတွေမှာပါ အခြေအနေတွေက တိုးတက် မလာသေးဘူး။ ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ အခွင့်အရေးတွေနဲ့ လူ့အခွင့်အရေးတွေ မခံစားနိုင်ကြသေးဘူးလို့ AIPMC အဖွဲ့ဝင်ဖြစ်တဲ့ အင်ဒိုနီးရှား ပါလီမန်အမတ် မစ္စ လီလီ ၀ါဟစ်က ဘီဘီစီကို ပြောပါတယ်။
နောက်ပြီး အခုကျင်းပမယ့် အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ ၂၀၁၄ မှာ မြန်မာနိုင်ငံ အလှည့်ကျ ဥက္ကဌ ဖြစ်ရေးကိုလည်း ဆွေးနွေးဖွယ် ရှိတာမို့ ဒီအခြေအနေတွေကို အခွင့်ကောင်း တရပ်အဖြစ် ရယူပြီး မြန်မာပြည်မှာ လက်ဆုတ် လက်ကိုင် ပြနိုင်တဲ့ တိုးတက်မှုတွေ အမြန်ဖြစ်လာအောင် ပြောဆို စည်းရုံးကြဖို့ AIPMC က တိုက်တွန်း ထားပါတယ်။
သတင်းရင်းမြစ် - ဘီဘီစီ

2011/11/14

မနက်ဖြန် နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ်မည်

 

Photo Burma VJ Media Network 
မြန်မာ အစိုးရက မနက်ဖြန် နိုင်ဝင်ဘာလ ၁၄ ရက်နေ့ တနင်္လာနေ့မှာ နိုင်ငံရေး အကျဉ်းသားတွေ ထပ်လွှတ် ပေးအုံးမယ်လို့  ဒီနေ့ မြန်မာ အစိုးရ တာဝန်ရှိသူ တစ်ဦးက AFP သတင်းဌာန ကို တရားဝင် ပြောကြား ပါတယ်။ ပြည်ထဲရေး ၀န်ကြီးဌာနက ပြောခွင့်ရ အရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောရာမှာတော့ ယုံကြည် ချက်ကြောင့် အကျဉ်းကျနေသူတွေကို လွှတ်ပေးမယ် ၊ ဒီတစ်ရက် နှစ်ရက် အတွင်းအသေးစိတ် သိရ လိမ့်မယ် ၊ အချို့ကတော့ တင်္နလာနေ့  အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့် ကြေငြာ ပြီးတာနဲ့  လွှတ်မယ်လို့  ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွတ်ပေးရာမှာ ကိုဇာဂနာ အပါဝင် ထင်ရှားတဲ့ နိုင်ငံရေး အကျဉ်းသားအချို့  ပြန်လည် လွှတ်ပေး ခဲ့ပေမယ့် နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော်သာ ပါတဲ့အတွက် ကန့်ကွက်မှု ဝေဖန်မှုတွေ ပေါ်ထွက် ခဲ့ပါတယ်။
လတ်တလေ ဟာဝိုင်ယီမှာ ကျင်းပနေတဲ့ အာရှ-ပိစိဖိတ် အစည်းအဝေးမှာ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က မြန်မာနိုင်ငံမှာ စစ်မှန်တဲ့ အပြောင်းအလဲတွေ ဖြစ်လာဖို့ အတွက် ဒီထက် ပိုလုပ်ရမယ်လို့  ပြောခဲ့ပါတယ်။ နောက် သူမက မြန်မာ ပြည်သူအားလုံး တိုင်းပြည်ရဲ့  နိုင်ငံရေးမှာ ပါဝင်နိုင်ဖို့  မျှော်လင့်တယ်လို့  ဆိုပါတယ်။
ဒီနေ့  တနင်္ဂနွေနေ့ထုတ် ကြေးမုံသတင်းစာမှာလည်း မြန်မာ အစိုးရက ဖွဲ့  စည်းထားတဲ့ လူ့အခွင့် အရေး ကော်မရှင်က နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးဖို့  တောင်းဆိုခဲ့ပါတယ်။

မြန်မာပြည်ရဲ့  အာဆီယံ ဥက္ကဌ နေရာကို ဒေသတွင်း နိုင်ငံတွေက မဆုံးဖြတ်ခင် အတွင်းမှာနဲ့ အမေရိကန် သမ္မတ အိုဘားမား တက်ရောက်မယ့် အင်ဒိုနီးရှား ဘာလီကျွန်းက အာဆီယံ အစည်းအဝေး မစခင်မှာ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးမယ်ဆိုတဲ့ ဒီကြေငြာချက်ကို ထုတ်ပြန် လိုက်တာ ဖြစ်ပါတယ်။
Copy from - freedomnewsgroup.com

ပြည်နယ် အစိုးရ ကမ်းလှမ်းချက် အပေါ် မွန်ပြည်သစ် ပါတီ၏ တုန့် ပြန်ချက်

 


ဒီဇင်ဘာလ (၁၅) ရက်နေ့၌ မွန်ပြည်သစ် ပါတီ၏ (၈) ကြိမ်မြောက် ပါတီညီလာခံ ကျင်းပရန် ရှိသည့်အတွက် နအဖနှင့် တွေ့ ဆုံဆွေးနွေးရန် အချိန် မပေးနိုင်သေးကြောင်း၊ ယမန်နေ့ ညနေက မွန်ပြည်သစ် ပါတီ ဗဟို ဌာချုပ်သို့ ရောက်လာသော မွန်ပြည်နယ် ၀န်ကြီးချုပ် ကိုယ်းစားလှယ် အဖွဲ့ အား ပြောကြားခဲ့သည်ဟု အမည်မဖေါ်လိုသော မွန်ပြည်သစ် ပါတီ အရာရှိ တဦးက ပြောပါသည်။

၁၉၉၅ ခုနှစ် အပစ်ခတ်ရပ်စဲခဲ့စဉ်က မွန်ပြည်သစ်ပါတီ (ဓါတ်ပုံ - အင်တာနက်)

“ လောလောဆယ်တော့ မအားဘူးလေ၊ ဒါပေမဲ့ သူတို့လာတာကို ကြိုဆိုပါတယ်။ သူတို့ဘာပြောမလဲ ဆိုတာကိုလည်း နားထောင်ချင်ပါတယ်။ လာတဲ့လူတွေကလည်း သိနေတဲ့ လူတွေဘဲလေ။ မလာတာကြာတော့ အလည်လာဖြစ်တာလည်း ကောင်းပါတယ်။ အဲဒီထဲမှာ မွန်ပြည်နယ် ကျိုက္မရောမြို့ နယ် ကော့ပလိုင်ရွာ ကျောင်းထိုင် ဆရာတော်ရယ်၊ မွန်ပြည်သစ် ပါတီ အလုပ် အမှုဆောင်ဟောင်း နိုင်တင်အောင်ရယ် ပြီးတော့ ဗဟိုကော်မီတီဝင်ဟောင်း ကိုစိုးမြင့်တို့က အဓိကပါဘဲ၊ သူတို့က နောက်ထပ် အပစ်အခတ် ရပ်စဲရေးလုပ်ဖို့ လာတောင်းဆိုသွားတာပါဘဲ” ဟု မွန်ပြည်သစ် ပါတီ ထိပ်တန်းအရာရှိ တဦးက ပြောခဲ့ပါသည်။
THE LADY ရုပ်ရှင်ဇာတ်ကားမှ ဇာတ်ဝင်ခန်း Trailor အသစ်များ(ရုပ်/သံ) 


VIDEOအပိုင်း (၄)ပိုင်းတဆက်တည်းကြည့်နိုင်ပါသည်.. Copy from - dawnmanhon.com

2011/11/13

ထောင်တွင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ပိုဆိုးလာတယ်လို့ အေအေပီပီ ပြော



AFP
မြန်မာအစိုးရ၏ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက်အရ ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က လွတ်မြောက်လာမည့် သူများကို အင်းစိန်အကျဉ်းထောင်ရှေ့တွင် စောင့်ဆိုင်းနေကြသည့် မိသားစုဝင်များ။



2011-11-12
နိုင်ငံရေးအကျဉ်းသားတချို့ ပြန်လွတ်မြောက်လာ ပေမဲ့ အကျဉ်းထောင်အတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ဆက်များနေပြီး အခြေအနေ ဆိုးရွား လာနေတယ်လို့ အောက်တိုဘာလ အစီရင်ခံစာမှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလက အကျဉ်းသား ၆ ထောင်ကျော် လွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၄ဝ လောက် ပါဝင်ခဲ့ကြောင်း၊ ဒီအကျဉ်းသားတွေ လွှတ်ပေးရာမှာ အသက်အရွယ်နဲ့ ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင့်တဲ့သူတွေကို ဦးစားပေး လွှတ်ပေးခဲ့ကြောင်း သမ္မတ ဦးသိန်းစိန်က ပြောကြားခဲ့ပေမဲ့ အကျဉ်းထောင်တွေထဲမှာ အရှင်ဂမ္ဘီရလို ကျန်းမာရေး အခြေအနေအရ လွှတ်ပေးသင်တဲ့သူတွေ အများအပြား ရှိနေသေးကြောင်း အေအေပီပီက ဖော်ပြထားပါတယ်။

အကျဉ်းထောင်တွေအတွင်း ညှဉ်းပန်းနှိပ်စက်မှုတွေနဲ့ အကျဉ်းထောင် အခြေအနေ ဆိုးရွားမှုကြောင့် နိုင်ငံရေးအကျဉ်းသားတွေ အပါအဝင် အကျဉ်းကျခံနေရသူတွေရဲ့ ကျန်းမာရေး ဆိုးရွားလာရတာ ဖြစ်ကြောင်းကို အဓိကထား ထောက်ပြထားပါတယ်။