Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2012/05/31

မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေးအတွက် ထိုင်းအစိုးရထံ တင်ပြမည်ဟု ဒေါ်စုပြောဆို

မေလ ၃၀ရက်၊ ၂၀၁၂ ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)
ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် ရှေ့ဆက်ပြီး လူ့အခွင့်အရေး ချိုးဖောက်ခံ နေရမှု များ မရှိအောင် ထိုင်းအစိုးရ ထံ တင်ပြဆွေးနွေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ယနေ့ အလုပ်သမားများနှင့် တွေ့ဆုံရာတွင် ပြောဆိုလိုက်ကြောင်း သိရသည်။
ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသ ဝေလရပ်ကွက်ရှိ ရွေ့ပြောင်းအလုပ်သမားများအတွက် အခွင့်အရေးကွန်ယက်(MWRN) ရုံးခန်းအပေါ်ထပ်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမားများအား ဒေါ်အောင်ဆန်းစုကြည်က အားပေးစကားပြောကြားရာ၌ ယင်းသို့ ပြောဆို လိုက်ခြင်း ဖြစ်သည်။
လုပ်ငန်းခွင်ထဲတွင် ထိခိုက်ဒဏ်ရာရသည့် အလုပ်သမားများ အကူအညီကင်းမဲ့မှု၊ အမျိုးသမီးများအား ထိုင်းလူမျိုးများ၏ အတင်းအဓမ္မ စော်ကားခံရမှုများနှင့် စသည့် အလုပ်သမားအခွင့်အရေး ချိုးဖောက်ခံရမှုများကို ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမား ၂၇ဦးတို့က MWRN ရုံးတွင် ဆွေးနွေးခဲ့သည်ဟု ထိုင်းနိုင်ငံအခြေစိုက် လူသားအခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF)မှ စည်းရုံးရေး တာဝန်ခံ ဦးတိုးက ပြောသည်။
သူက “ဒေါ်စုက ဒီပြဿနာမျိုးတွေ မဖြစ်ရအောင် သူ ထိုင်းအစိုးရနဲ့ တွေ့ဆုံဆွေးနွေးပြီး ဒီအကြောင်းအရာတွေ တင်ပြမယ်။ ဒါမျိုးတွေ မဖြစ်တော့အောင် သူ ဆွေးနွေးပေးမယ်လို့တော့ ပြောဆိုသွားတာ တွေ့ရတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနား မန္တလေး NLD ဦးစီးကျင်းပ

2012-05-30
ဒီနေ့ ကျရောက်တဲ့ မေ ၃၀ ဒီပဲယင်း နှစ်ပတ်လည်နေ့ အခမ်းအနားကို မန္တလေးအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကနေ ဦးစီးကျင်းပပြီး အဲဒီနေ့က အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုဝင်တွေကို ငွေကြေး ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
ဒီအခမ်းအနားကို ဘုရားကြီးတောင် ထီးလင်းတိုက်ကျောင်းမှာ ဒီနေ့မနက်က ကျင်းပရာ အခါတိုင်းနှစ်ထက်စာရင် ပိုပြီး လွတ်လပ်မှုရှိခဲ့ကြောင်း တိုင်းစည်းရုံးရေးအဖွဲ့ဝင် ဦးမျိုးနိုင်က ပြောပြပါတယ်။
“ ဒီနှစ်ကတော့ အခါတိုင်းနှစ်ထက်စာရင် ပိုပြီး အနေအထား ပိုပွင့်တာပေါ့။ အခါတိုင်းက ကျွန်တော်တို့ ဒီပဲယင်းအခမ်းအနား ကျင်းပမယ်ဆိုရင် ကျောင်းတိုက်တွေ ဘာတွေမှာ နီးစပ်ရာမြို့နယ်တွေ အဖွဲ့ဝင်တွေကို အကြောင်းကြားလို့ရတယ်။ ဒီနှစ်တော့ ကျွန်တော်တို့ ကြိုပြီးတော့ တောင်ထီးလင်းတိုက်မှာ ပြုလုပ်မယ်ဆိုတာ ကြိုပြီးတော့ အကြောင်းကြားထားတယ်။ အဲဒီအတွက်လည်း အခါတိုင်းနှစ်တွေမှာ အနှောင့်အယှက် အတားအဆီးတွေရှိတယ်။ ဒီနှစ်ကတော့ အဲလိုမရှိဘူး။ လွတ်လွတ်လပ်လပ်ပဲ။ ဆွမ်းကပ်ခွင့်ရှိတယ်”
အခမ်းအနားကို လူဦးရေ ၁၅၀ လောက် တက်ရောက်တယ်လို့ သိရပြီး ၂၀၀၃ ခုနှစ် မေလက ဒီပဲယင်းအနီး ကြည်ရွာမှာ အကြမ်းဖက် တိုက်ခိုက်ခံရလို့ ကျဆုံးသွားတဲ့ မန္တလေးက ဦးတင်မောင်ဦး၊ ကိုသိန်းတိုးအေးနဲ့ ကိုစန်းမြင့်ဆိုတဲ့ အင်န်အယ်လ်ဒီ အဖွဲ့ဝင် ၃ ဦးရဲ့ မိသားစုဝင်တွေကို ထောက်ပံ့ကြေးငွေ ပေးအပ်တဲ့အကြောင်း သူက ဆက်ပြောပါတယ်။

ထိုင်းအတိုက်အခံ ခေါင်းဆောင်နဲ့ ဒေါ်စု မြန်မာ့အရေးဆွေးနွေး

ထိုင်းနိုင်ငံမှာ ရောက်ရှိနေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းဝန်ကြီး ချုပ်ဟောင်း အဘီဆစ် ၀ိချာချီဝ (Abhisit Vejjajiva) နဲ့လည်း ညနေပိုင်းတုန်းက ဟိုတယ်လ်မှာ လက်ခံတွေ့ဆုံခဲ့ပါတယ်။ ထိုင်းနိုင်ငံဘက်လာပြီး အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့အရေး အပါအဝင် မြန်မာနိုင်ငံ ရဲ့ ပြုပြင်ပြောင်းလဲမှုတွေမှာ စိန်ခေါ်မှုတွေ ရှိနိုင်တဲ့ကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ် လို့ မစ္စတာအဘီဆစ်က ပြောပါတယ်။ ဘန်ကောက်မှာ ကမ္ဘာ့စီးပွားရေးညီလာခံ လာတက်တဲ့  ဒေါ်အောင် ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ်အပါအ၀င် တခြားအစိုးရအရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပေမယ့် တရားဝင် သဘောမျိုး တွေ့ဆုံမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောပါ တယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။ ထိုင်းနိုင်ငံမှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးညီလာခံကို တက်ဖို့ရောက်ရှိနေတဲ့ NLD ဥက္ကဋ္ဌ ဒေါ်အောင် ဆန်းစုကြည်ဟာ ဒီကနေ့ မဟာချိုင်မှာရှိတဲ့ မြန်မာအလုပ်သမားတွေနဲ့ တွေ့ဆုံပြီးအပြန်လာ သူမတည်းခို တဲ့ Shangrila ဟိုတယ်မှာ ထိုင်းဝန်ကြီးချုပ်ဟောင်းလည်းဖြစ် ဒီမိုကရက်ပါတီရဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ အဘီဆစ် ၀ိချာချီဝနဲ့ တွေ့ဆုံခဲ့ကြတာပါ။ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံကြစဉ် မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ အပါအ၀င် မြန်မာအလုပ်သမားတွေအရေး ကိစ္စတွေကို ဆွေးနွေးဖြစ်ခဲ့တဲ့အကြောင်း အဘီဆစ် ၀ိချာချီဝ က ပြောပါတယ်။

မြန်မာ့နိုင်ငံရေး အပြောင်းအလဲ ၀ိုင်းဝန်း တွန်းအားပေးဖို့ ထိုင်းဝန်ကြီးချုပ် ပြော

2012-05-30
မြန်မာနိုင်ငံက နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေဟာ အားရစရာ ဖြစ်ပြီးတော့ အဲဒီအပြောင်းအလဲတွေ ပိုမိုအားကောင်းလာဖို့ ဒေသတွင်း နိုင်ငံခေါင်းဆောင်တွေအနေနဲ့ ၀ိုင်းဝန်း တွန်းအားပေးသင့်ကြောင်း ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် က ပြောကြားလိုက်ပါတယ်။
Photo courtesy of Wikipedia
၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ကမ္ဘာ့စီးပွားရေး ညီလာခံ၌ ထိုင်းဝန်ကြီးချုပ် မီးစ် ယင်လတ် ရှီနာဝတ် စကားပြောကြားနေစဉ်။
ထိုင်းစီးပွားရေး လုပ်ငန်းရှင် ၆၀ လောက်နဲ့အတူ သြစတေးလျနိုင်ငံကို အလည်အပတ်ခရီး ရောက်ရှိနေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်လတ်က ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ သြစတေးလျ စီးပွားရေးလုပ်ငန်းရှင်တွေ အနေနဲ့ ပါဝင်ရင်းနှီးမြှုပ်နှံကြဖို့ တိုက်တွန်းရင်း အဲဒီလို ပြောသွားတာပါ။
မြန်မာနိုင်ငံ တနင်္သာရီတိုင်းမှာ အကောင်အထည်ဖော်မယ့် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းဟာ ထိုင်းနိုင်ငံ စီးပွားရေးတိုးတက်ဖို့အတွက် အထူးအရေးကြီးတာကြောင့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံမယ့် စီမံကိန်း ၂၀၃ ခုကို ထိုင်းလွှတ်တော်က အတည်ပြုလိုက်ပြီလို့ ပြောပါတယ်။
အဲဒီ အတည်ပြုလိုက်တဲ့ စီမံကိန်းတွေက ရေကာတာတွေနဲ့ လမ်းဖောက်လုပ်ရေး စီမံကိန်းတွေ ဖြစ်တယ်လို့ သြစတေးလျနိုင်ငံ အေဘီစီ သတင်းဌာနက ဆိုပါတယ်။
ထားဝယ် ရေနက်ဆိပ်ကမ်း တည်ဆောက်ပြီးသွားရင် ထိုင်းနိုင်ငံဟာ အရှေ့တောင်အာရှဒေသရဲ့ ကုန်သွယ်ရေး အချက်အခြာနိုင်ငံ ဖြစ်လာပြီး၊ အရှေ့အလယ်ပိုင်းဒေသ၊ အိန္ဒိယနဲ့ ဥရောပတိုက်က နိုင်ငံတွေနဲ့ ရေလမ်းကြောင်း ကုန်သွယ်ရေးမှာ သယ်ယူပို့ဆောင်ရေး စရိတ်တွေ သက်သာလာမယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံအတွက် အကျိုးကျေးဇူးရှိလာမှာ ဖြစ်သလို တစ်ချိန်တည်းမှာ မြန်မာနိုင်ငံအနေနဲ့လည်း စီးပွားရေး တိုးတက်လာမှာ ဖြစ်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောကြားသွားပါတယ်။
copy rights_http://www.rfa.org/burmese/news

2012/05/30

ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရမှ ထိုးစစ်ဆင်မှုအား ရှုတ်ချကန့်ကွက်ပွဲနှင့် UNFC ၏ ထုတ်ပြန် ကြေညာချက်အား ထောက်ခံသည့် AUN-Japan နှင့် KNO-Japan ၏ သဘောထား ကြေညာချက်။ Support Unfc Statement

ကချင်ပြည်နယ်အတွင်း ဦးသိန်းစိန်အစိုးရမှ ထိုးစစ်ဆင်မှုအား ရှုတ်ချကန့်ကွက်ပွဲနှင့် UNFC ၏ ထုတ်ပြန် ကြေညာချက်အား ထောက်ခံသည့် အခမ်းအနား (ရုပ်သံ) 


ကရင်လက်နက်ကိုင် ချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ကြရန် တိုက်တွန်း


KNU_flag ဗုဒ္ဓဘာသာနှင့် ခရစ်ယာန် ကရင် ဘာသာရေး ခေါင်းဆောင်များက ဦးစီးပြီး ကရင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်လည် ပစ်ခတ်မှု မဖြစ်ရန် ဂတိဂ၀တ် တောင်းသည့် ဆွေးနွေးပွဲ တရပ်ကို ယမာန်နေ့၌ ကရင်ပြည်နယ် လှိုင်းပွဲမြို့နယ်ရှိ ကေအန်ယူ တပ်မဟာ (၇)နယ်မြေတွင် ကျင်းပခဲ့ပါသည်။
KNU_flag_02lok
ယင်းဆွေးနွေးပွဲသို့ ကရင်အမျိုးသား အစည်းအရုံး (ကေအန်ယူအဖွဲ့)၊ ကလို့ထူးဘောအဖွဲ့ (ဒီကေဘီအေ)၊ ကရင်ငြိမ်းချမ်း ရေးကောင်စီ၊ နယ်ခြားစောင့်တပ် (BGF) နှင့် ကရင်ငြိမ်းချမ်းရေး အဖွဲ့ (ဟောင်သရော) အဖွဲ့တို့ ပါဝင်ပြီး မလေးရှားနှင့် သြစ တြေလျားရောက် ကရင်အဖွဲ့၊ ဒုက္ခသည်စခန်းနှင့် စိတ်ဝင်စား သူများအင်အား (၇၀) ခန့် တက်ရောက် ခဲ့ပါသည်။

“ အဓိကကတော့ ကရင် လက်နက်ကိုင် အဖွဲ့အချင်းချင်း ပြန်လည် မပစ်ခတ်ကြဖို့ ဘာသာရေး ခေါင်းဆောင်တွေက ဂတိဂ၀တ် တောင်းတဲ့ပွဲပါ။ အဲဒီ အဆိုကိုလည်း ဘယ်အဖွဲ့ကမှ မငြင်းခဲ့ပါဘူး။ လက်ခံကြပါတယ်။ ဒါပေမဲ့ လက်မှတ်ထိုးတာ တို့ ဘာတို့တော့ မရှိပါဘူး။ အခုတက်ရောက်လာတဲ့ ခေါင်းဆောင်တွေက အလယ်အလတ် ခေါင်းဆောင်တွေဘဲဆိုတော့ နောက်ပွဲတွေမှာဘဲ လက်မှတ်ထိုးနိုင်မဲ့အဆင့် ရောက်မယ် ။ အခုပွဲက ပဏာမပွဲလို့ပြောလို့ရပါတယ်”ဟု အစည်းအဝေးကို တက်ရောက်ခဲ့သည့် ဒီကေဘီအေ တပ်ဖွဲ့မှ ဗိုလ်မှူးစောလုံ့လုံက ဆိုပါသည်။

ရိုဟင်ဂျာ မြန်မာတိုင်းရင်းသားမဟုတ်ဟု ပြည်ထောင်စုဝန်ကြီးဦးခင်ရီ ပြော

မေလ ၂၈ ရက်နေ့က လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဋ္ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီကို ကရင်ရိုးရာဝတ်စုံဖြင့် တွေ့ရစဉ်
မေ ၂၉၊ ၂၀၁၂ - သူရမျိုး (YPI)

ရိုဟင်ဂျာ ဆိုသည်မှာ မြန်မာတိုင်းရင်းသား မဟုတ်ကြောင်း လူဝင်မှုကြီးကြပ်ရေး ၀န်ကြီးဌာန ၊ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာလ ၂၈ ရက်နေ့ က ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်တွင် ကျင်းပပြုလုပ်သော KNU ရွှေ့ပြောင်းဒုက္ခသည်များအား မှတ်ပုံတင် ထုတ်ပေးသည့် အခမ်းအနားတွင် သတင်းထောက် တစ်ဦး၏ မေးမြန်းချက်အား ပြန်လည် ဖြေကြားလိုက်သည်။

“ ကျွန်တော်တို့ဆီမှာ ရိုဟင်ဂျာဆိုတာ မရှိဘူး ကျွန်တော်တို့ တိုင်းရင်းသား လူမျိုးစုထဲမှာ ရိုဟင်ဂျာ ဆိုတာရှိလည်းမရှိဘူး ။ ကျွန်တော်တို့ တိုင်းရင်းသားလည်း မဟုတ်ဘူး ” ဟု ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောသည်။

ရိုဟင်ဂျာ ဆိုသည်မှာ အင်္ဂလိပ်မြန်မာ ပထမ စစ်ပွဲအပြီး မြန်မာနိုင်ငံ အနောက်ခြမ်းမှ အင်္ဂလိပ်များနှင့်အတူ ၀င်ရောက် လာသော လူမျိုးများ ဖြစ်ပြီး ဂျပန်ခေတ် အင်္ဂလိပ်များ ဆုတ်ခွာ သွားသည့်အခါ လက်နက်ကိုင် တော်လှန်ရေးအတွက် ထားခဲ့သူများဖြစ်ကြောင်း ထိုသူများမှ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟု ကြေငြာခြင်း ဖြစ်ကြောင်း ပြန်ထောင်စု ၀န်ကြီးဦးခင်ရီ ကပြောကြားသည်။

2012/05/29

ကချင်ပြည်နယ်အတွင်း တင်းမာမူတွေ ပိုဖြစ်နေ

2012-05-28
ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ကေအိုင်အေနဲ့ မြန်မာစစ်တပ်အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတဲ့အတွက် ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီတွေနဲ့ အလုပ်သမားတွေကို နမ္မတီးဘက်ကို ပြောင်းနေကြဖို့ အာဏာပိုင်တွေက ညွှန်ကြားထားတယ်လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။
(Photo: Kachin News Group
ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) ၏ လက်ရှိ ဌာနချုပ်တည်ရာ လိုင်ဇာမြို့ စစ်ရေးပြ အခမ်းအနားတခုတွင် လက်နက်ကိုင် ကချင်စစ်သည်များကို တွေ့ရသည့် မှတ်တမ်းပုံ ဖြစ်ပါသည်။ (Photo: Kachin News Group)
ဖားကန့်ဒေသမှာ စနေနေ့က တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တပ်စွဲထားတဲ့ ခလရ (၁၆) က စစ်သည် (၉၀) လောက်ကို ဒေသခံ ရှမ်းစုရွာသားတွေက နေ့စဉ် ထမင်းထုတ် ပို့နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့မှာတော့ တိုက်ပွဲဖြစ်ပွားမှု မရှိဘူးလို့ ဆိုပါတယ်။
ဒီအတောအတွင်း ကချင်ပြည်နယ်နဲ့ အိန္ဒိယနယ်စစ်အနီး ချီဗွေယံ-နမ့်ယွန်းဒေသမှာ လွန်ခဲ့တဲ့ (၆) ရက်လောက် ကစလို့ ဒေသခံ အာဏာပိုင်တွေက မော်တော်ကားတွေကို အဓမ္မ ချောဆွဲနေတဲ့အတွက် ကားပိုင်ရှင်တွေ အခက်အခဲ တွေ့နေတယ်လို့ သိရပါတယ်။
မောင်းလို့မရတော့တဲ့ စစ်တပ်သုံးကားတွေကို မြစ်ကြီးနားမြို့ကို ပို့ဆောင်ဖို့အတွက် နမ့်ယွန်းအခြေစိုက် ခမရ (၁၂၆) က ခေါ်ယူ ခိုင်းစေနေတာလို့ ကားပိုင်ရှင်တစ်ဦးက ပြောပါတယ်။
အလားတူ လားရှိုး မူဆယ် ကားလမ်းကို ဒီကနေ့ ပိတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပေမဲ့ အတည်ပြုချက် မရရှိပါဘူး၊။ ဒီကားလမ်းတလျောက် KIO တပ်မဟာ ၄ က ပစ်ခတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မူတွေ ရှိတယ်လို့ ကုန်သည်တွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး တပ်မဟာ ၄ က အရာရှိတစ်ဦးကို မေးကြည့်ရာမှာ အစိုးရ စစ်သားတွေဟာ အရပ်သားကားတွေ သုံးနေတာကြောင့် ဖြစ်တယ်လို့ ပြောပါတယ်။
“ စစ်သားတွေက အရပ်ဝတ်စုံတွေနဲ့ အရပ်ကား ဒိုင်နာတို့၊ ကုန်တင်ကားတို့မှာ စီးသလိုလို ဘာလိုနဲ့ ရုတ်တရက် လမ်းမှာ သူတို့ကြိုက်တဲ့နေရာမှာ ဆင်းပြီး ကြိုက်တဲ့နေရာကနေဝင်ပြီး ကျွန်တော်တို့ကို ဝင်ဝင်တိုက်တာကိုး။ ဒီလိုအကြောင်းကြောင့် ကျွန်တော်တို့တပ်မတော် ရင်း ၉ တွေ၊ ရင်း ၂ တွေအတိုက်ခံနေရတယ်”
ဒီကိစ္စနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်ကို တရားဝင် မေးမြန်းခွင့်မရသလို KIO ဘက်ကိုလည်း တရားဝင် မေးမြန်းခွင့် မရရှိသေးပါဘူး။
copy  rights_http://www.rfa.org/burmese/news/kio-government-battle-05282012130328.html

2012/05/27

ဒီမိုကရေစီအရင်လား၊ လျှပ်စစ်မီးအရင်လား 

Published on Saturday, 26 May 2012 10:1,Written by နေသွင်

ဒီကိစ္စနဲ့ ပတ်သက်လို့ ပထမဆုံး ငြင်းချက်ထုတ်သူကတော့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ပါပဲ၊ “ဒီမိုကရေစီနောက်မှ လုပ်ပါ လျှပ်စစ်မီးချက်ချင်းပေး” ဆိုတဲ့ မန္တလေးက ပိုစတာကို သဘောမတူတဲ့ အကြောင်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းထဲမှာ အချိန်တော်တော်ယူပြီး ရှင်းပြသွားပါတယ်။
ပြည်သူတွေ လျှပ်စစ်မီးလိုတယ်၊ ရေလိုတယ်၊ အလုပ်အကိုင်တွေလိုတယ်၊ ဒါတွေဟာ စနစ်က မှားနေလို့ ဖြစ်ရတာ၊ ဒါကြောင့် စနစ်ကို ပြင်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြပါတယ်၊ ဒါကြောင့် လျှပ်စစ်မီးလို ကိစ္စမျိုးတွေနဲ့ ဒီမိုကရေစီအတွက် တပြိုင်တည်း လုပ်ဖို့ လိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က  အခိုင်အမာ ဆိုပါတယ်။
ဆိုလိုတာက စီးပွားရေး ပြုပြင်ပြောင်းလဲရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲရေးမှာ ဘယ်ဟာက အရင်ဖြစ်သင့်သလဲဆိုတဲ့ အငြင်းပွားမှုတွေမှာ ဒေါ်အောင်ဆန်းစုကြည်က နှစ်ခုစလုံး တပြိုင်တည်း လုပ်ရမယ်ဆိုတဲ့ဘက်က ရပ်ခံပါတယ်။  
ဒီနေရာမှာ စနစ်ကို ပြောင်းရမယ်ဆိုတဲ့အပေါ်မှာ ဘယ်သူမှ အငြင်းပွားမယ် မထင်ပါဘူး။ ဒါပေမယ့် ဘယ်လိုပြောင်း မလဲဆိုတဲ့အပေါ်မှာပဲ အငြင်းပွားကြမယ် ထင်ပါတယ်။ ဒါနဲ့ပတ်သက်လို့ နာမည်ကျော် သမိုင်းပညာရှင် ဖရန်းစစ် ဖူကူယားမားရဲ့ ဖွံ့ဖြိုးရေး ပုံစံတွေကို လေ့လာကြည့်ရင် မြန်မာပြည်အတွက် စဉ်းစားစရာတချို့ ရနိုင်မယ်လို့ ယူဆပါတယ်။
ပုံ (၁)
 

ဒေါ်အောင်ဆန်းစုကြည် မယ်လ ဒုက္ခသည်စခန်း သွားမည်

ဓာတ်ပုံ ASSOCIATED PRESS
 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ မှာ ရောက်ရှိနေစဉ်၊ ဇွန်လ(၂)ရက်နေ့မှာ မဲဆောက်မြို့အနီးက မယ်လဒုက္ခသည်စခန်းကို သွားရောက် မှာ ဖြစ်ပါတယ်။ ထိုင်း-မြန်မာနယ်စပ်က အကြီးဆုံးသော မယ်လဒုက္ခသည်စခန်းကို ဒေါ်အောင်ဆန်းစု ကြည် ရောက်ရှိလာတဲ့အခါ ဒီစခန်းထဲက ပညာသင်ကြားမှု အခြေအနေနဲ့ ကျန်းမာရေးအခြေအနေတွေ ကို လေ့လာမှာဖြစ်တယ်လို့၊ ဒီစခန်းရဲ့တာဝန်ရှိသူက ဗီအိုအေကို ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ မဲဆောက်မြို့က မယ်တော်ဆေးခန်းကို သွားရောက်မှာ ဖြစ်သလို၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ လည်း တွေ့ဆုံမှာ ဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ဦးရော်နီညိမ်းက တင်ပြပေးပါလိမ့်မယ်။

ဇွန်လ ၂ ရက်နေ့မှာ ထိုင်းနိုင်ငံကို ရောက်ရှိနေမယ့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ထိုင်း - မြန်မာ နယ်စပ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံကို ကြိုတင်ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစု ကြည်ရဲ့ ကိုယ်ရေးလုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က ကရင်ဒုက္ခသည်များ အရေးကော်မီတီ (Karen Refugees Committee - KRC) ရဲ့ ဥက္ကဌလည်းဖြစ်ပြီးတော့ ဒုက္ခသည်စခန်းများ ကော်မီဥက္ကဌလည်း ဖြစ် တဲ့ ဦးစောရောဘတ်ထွေးကို ရှင်းပြသွားတာကို ဗီအိုအေကို အခုလို ပြန်ပြောပြပါတယ်။

2012/05/26

လူထု တောင်းဆိုမှုကို အကြမ်း မဖက်မိဖို့ အာဆီယံ အတွင်းရေးမှူးချုပ် သတိပေး


Suu_Rinမြန်မာ လူထု၏ လျှပ်စစ် စွမ်းအင် ရရှိရေး ဆန္ဒ ထုတ်ဖေါ်မှုများကို အေးဆေး ညင်သာစွာ ဖြေရှင်းသင့်ကြောင်း၊ အကြမ်း ဖက်ဖို့မသင့်ကြောင်း၊ ဒီကိစ္စသည် စစ်အုပ်ချုပ်ရေး စနစ်မှ ဒီမိုကရေစီ စနစ်သို့ ကူးပြောင်းရာတွင် ဖြစ်တတ်သည့် ပြသနာများပင်ဖြစ်ကြောင်း သဘောထား သင့်သည်ဟု  အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပစ်စူဝမ်က မြန်မာ အစိုးရကို ကြာသပတေးနေ့က တိုက်တွန်း သတိ ပေးလိုက်ကြောင်း ရိုက်တာ သတင်းဌာနက ရေးသား ထားပါသည်။
ထို့ပြင်မြန်မာနိုင်ငံသည် လက်ရှိ သွားနေသည့် လမ်းကြောင်းမှ သွေဖည်မသွားသင့်ကြောင်း၊ အတိုက်အခံများ အပေါ် ဖိနှိပ်မှုများ မလုပ်မိရန် အရေးကြီး ကြောင်းလည်း ပြောဆိုပါသည်။

“နိုင်ငံတစ်နိုင်ငံ၊ လူ့အဖွဲ့အစည်း တစ်ရပ်သည် ပွင့်လင်းသည့် ဒီမိုကရေစီလူ့ဘောင်ဖြစ်ချင်လိုလျှင် လူထု လှုပ်ရှားမှုများ ဖိအားများ၊ တောင်းဆိုချက်များ ပဋိပက္ခများ တင်းမာမှုများကို ပြန်လည် အကြမ်းမဖက်ဘဲ ညှိနှိုင်းဖြေရှင်းရန် အသင့်ပြင် ထားရလိမ့်မည်ဟု ဆူရင်ပစ်ဆူဝမ် က ရိုက်တာသတင်းဌာနက တွေ့ဆုံ မေးမြန်း ရာမှာ ပြောဆိုခဲ့ပါသည်။

အာဆီယံအနေနှင့် မိမိတို့၏ အတွေ့အကြုံများကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့အခက်အခဲများကို ကူညီဖြေရှင်းဖို့ အသင့်ရှိ ကြောင်း၊ လူထု တောင်းဆိုမှုများကို စီမံဖြေရှင်းရာမှာ ဘယ်လို အကြမ်းဖက် တာမျိုးကိုမှ မမြင်တွေ့ လို ကြောင်း လည်း ပြောဆိုခဲ့ပါသည်။

2012/05/25

အင်အားသုံး ဖြေရှင်းမှု ဆန္ဒထုတ်ဖော်သူများ မကျေနပ်

ပြည်မြို့တွင် ၂၄ နာရီ လျှပ်စစ်မီးရရေး ဆန္ဒထုတ်ဖော်သူများနှင့် လုံခြုံရေးများကို ယနေ့ ဤသို့တွေ့ရသည်
photo by: Flygon Thapyay
ရန်ကုန်အပါအဝင် မြန်မာနိုင်ငံ မြို့ကြီးတချို့တွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်မှုများကို လုံခြုံရေးများက တားဆီးခြင်း၊ အင်းအားသုံးရိုက်နှက် ဖမ်းဆီးခြင်းများ ရှိနေသောကြောင့် မကျေနပ်မှုများ ကျယ်ပြန့်လာကာ နိုင်ငံရေးအရ ပြဿနာ ကြီးထွားလာမည်ကို ဆန္ဒထုတ်ဖော်သူ ပြည်သူများက စိုးရိမ်နေကြသည်။

ယနေ့နံနက်ပိုင်းက ပဲခူးတိုင်း အနောက်ခြမ်း ပြည်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ရရှိရေးအတွက် လမ်းမတော် လမ်းမတလျှောက် လမ်းလျှောက် ဆန္ဒထုတ်ဖော်သူများကို ၀တ်စုံပြည့် ရဲတပ်ဖွဲ့ဝင်များက ရိုက်နှက်၍ လူ ၆ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားရာ ဒေသခံများ မကျေမနပ်ဖြစ်နေပြီး ဖမ်းဆီးခံလိုက်ရသောသူများ ပြန်လွှတ်ပေးရေးအတွက် ပြည်အကျဉ်းထောင်ရှေ့တွင် လူအင်အား ၃၀၀၀ ကျော်ခန့် စုဝေးနေကြောင်း သိရသည်။
“ရဲတွေက ရှေ့ကနေ ဒိုင်းတွေနဲ့ ၀င်ပြီး တားတယ်။ အဲဒီ အချိန်မှာ ဘေးက လူငယ်လေး တယောက်က ဒါဟာ ကျနော်တို့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၂၁ အပိုဒ် ခွဲ (ဃ) အရ လုပ်တာ၊ ခင်ဗျားတို့ တားဆီးပိုင်ခွင့် မရှိဘူးဆိုပြီး ပြောနေတုန်းပဲ ချက်ချင်း ဖမ်းကွာဆိုပြီး ရိုက်ပြီးဖမ်းကြတယ်” ဟု ပြည်မြို့ခံ ကိုရဲထင်က ဧရာဝတီကို ပြောသည်။
ပြည်မြို့ ဒေသခံများက “၂၄ နာရီ လျှပ်စစ်မီး ရရှိရေး ဒို့အရေး” ဟူ၍ ကြွေးကြော်ကြကြောင်း၊ စတင် ဆန္ဒ ထုတ်ဖော်စဉ်က လူ ၃၀၀ ခန့် ရှိပြီး ရိုက်နှက်ဖမ်းဆီး ခံရသူများထဲတွင် ပြည်မြို့၌ လူ့အခွင့်အရေး ပညာပေးရေး လုပ်ဆောင်နေသော ကိုကျော်ဆွေနှင့် ရှေ့နေ ဦးမြင့်အေးတို့ ပါဝင်ကြောင်း သိရသည်။
“ဒီမိုကရေစီ အသွင်ကူးပြောင်းခါစမှာ ဒီလို ပြည်သူကို အကြမ်းဖက်တယ်ဆိုတာမျိုးက လက်ရှိ အပြောင်းအလဲ တခုလုံးကို အယုံအကြည်မရှိ ဖြစ်သွားနိုင်တယ်။ အပြောင်းအလဲကို အေးအေးချမ်းချမ်းပဲ သွားချင်ကြတာပါ။ ဒီအတိုင်းဆို အသွင်ကူးပြောင်းနေတဲ့ ကိစ္စ နောက်ပြန်လည်သွားနိုင်တယ်၊ လူထု တိုက်ပွဲတွေလည်း ဖြစ်သွားနိုင်တယ်” ဟု ကိုရဲထင်က ဆိုသည်။
ယခုကဲ့သို့ ငြိမ်းချမ်းစွာ ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က အင်အားသုံး၍ ရိုက်နှက်ဖမ်းဆီးခြင်းမှာ ယနေ့ ပြည်မြို့ဖြစ်ရပ်သည် ပထမဆုံးဖြစ်ကြောင်း သူက ဆက်ပြောသည်။
ရန်ကုန်လျှပ်စစ်မီးရရှိရေး ဆန္ဒဖော်ထုတ်မှု တတိယနေ့။စာရေးဆရာ ဝေမှူးသွင်ကို တွေ့ရစဉ်။
ဓါတ်ပုံ - အဘ ဥက္ကာကိုကို
ယမန်နေ့ ညကလည်း ရန်ကုန်မြို့ မြို့တော်ခန်းမနှင့် ဆူးလေ စေတီအနီးသို့ ဖယောင်းတိုင်မီးများ ထွန်းညှိကာ ငြိမ်းချမ်းစွာ ဆန္ဒပြရန် လုပ်ဆောင်နေစဉ် ဆန္ဒဖော်ထုတ်သူ တဦးဖြစ်သည့် ကိုဟန်ဝင်းအောင်နှင့် ဆန္ဒပြသူများကို ရဲတပ်ဖွဲ့က တားဆီးခဲ့ပြီး ရန်ကုန် အနောက်ပိုင်းခရိုင် ရဲမှူးကြီး မျိုးအောင်၏ လက်မှတ်ဖြင့် သတိပေးစာကို ပေးခဲ့ကြောင်း၊ အခြေအနေ တင်းမာမည်ကို စိုးရိမ်၍ အေးချမ်းစွာ ဆန္ဒဖော်ထုတ်ကာ လူစုခွဲခဲ့ကြကြောင်း ရန်ကုန်မြို့ခံ ဆန္ဒဖော်ထုတ်သူ တဦးထံမှ သိရသည်။
ရဲမှူးကြီး လက်မှတ်ဖြင့် သတိပေးစာတွင် ယခင် န၀တ စစ်အစိုးရ အမိန့်အမှတ် ၂/ ၈၈ သည် ယခုအချိန်အထိ အသက်ဝင်နေသဖြင့် လူ ၅ ဦးအထက် စုဝေးလျှင် ဖမ်းဆီးအရေးယူနိုင်ကြောင်း ပါရှိသည်။ ထို့အပြင် ဆန္ဒပြခွင့်ကို အခြေခံ ဥပဒေက ပြဌာန်း ထားသော်လည်း လုပ်ထုံးလုပ်နည်း ရေးဆွဲမှု မပြီးစီးသေး၍ ဆန္ဒပြခွင့် မရှိကြောင်း၊ ဆက်လက် ဆန္ဒပြပါက တည်ဆဲ ဥပဒေအရ ဖမ်းဆီး အရေးယူနိုင်ကြောင်း သတိပေးထားသည်။

မြန်မာစစ်တပ် စစ်ရာဇဝတ်မှုများကျူးလွန်နေဟု AI ထုတ်ပြန်



မြန်မာစစ်တပ်အနေဖြင့် စစ်ရာဇဝတ်မှု သို့မဟုတ် လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှု ဟု နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က စွပ်စွဲလိုက်သည်။ (ဓာတ်ပုံ- Reuters )
လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေသော တိုင်းရင်းသားဒေသများတွင် မြန်မာစစ်တပ်က လူသားမျိုးနွယ်စုအပေါ် ဆန့်ကျင် သော ရာဇဝတ်မှုများ ကျူးလွန်နေကြောင်း လန်ဒန် အခြေစိုက် အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးအဖွဲ့ Amnesty International (AI) က ထုတ်ပြန် ကြေညာလိုက်သည်။

ယမန်နေ့က ထုတ်ပြန်သော AI ၏ ၂၀၁၂ ကမ္ဘာလုံးဆိုင်ရာ အစီရင်ခံစာတွင် မြန်မာစစ်သားများက အရပ်သားများအပေါ် လိင်ပိုင်း ဆိုင်ရာစော်ကားမှုများ ကျူးလွန်ခဲ့သည့်အပြင် သောင်းချီရှိနေသော ဒုက္ခသည်များအား ထောက်ပံ့မည့် လူမှုရေးအကူ အညီများကိုလည်း ပိတ်ပင်ခဲ့ကြောင်းဆိုသည်။
“အစိုးရက နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ကန့်သတ်ဖြင့်ပြုလုပ်ခဲ့သည်။ သို့ရာတွင် ယမန်နှစ်တလျှောက်လုံး လူ့အခွင့်အရေးချိုးဖောက်မှုများနှင့် နိုင်ငံတကာ လူမှုအထောက်အကူပြုရေး ဥပဒေ ချိုးဖောက်မှုများ တိုင်းရင်းသားဒေသများတွင် တိုးပွားလာခဲ့သည်” ဟု ယင်းအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

2012/05/23

မီးလုံလောက်စွာ မပေးနိုင်တော့ကြောင်း အစိုးရထုတ်ပြန်

By featured, ခင်ဦးသာ on May 22, 2012


လျှပ်စစ်မီး ၂၄ နာရီ ရရှိရေး ဆန္ဒပြမှုများ ဆက်တိုက် ဖြစ်ပေါ်ပြီးနောက် မီးပျက်ရခြင်းနှင့်ပတ်သက်၍ အစိုးရက ပြည်သူလူထုထံ မေတ္တာရပ်ခံ ပန်ကြားကြောင်း ယနေ့ထုတ် သတင်းစာများတွင် ယနေ့ ထုတ်ပြန်လိုက်သည်။
ဖရောင်းတိုင်မီးဖြင့် ညဘက် ဈေးရောင်းနေရသည့် ရန်ကုန်လမ်းဘေးဈေးသည် (ဓာတ်ပုံ - Reuters)
နွေရာသီကာလ ဖြစ်၍ ဆည်ရေများနည်း ပါးနေသည့် အတွက် ဓာတ်အား ထုတ်လုပ်မှု ပမာဏလျော့ကျနေခြင်းကြောင့် ပြည်သူ လူထုထုထံ အုပ်စုခွဲ၍ အလှည့်ကျ လျှပ်စစ်မီး ခွဲဝေပေးနေရကြောင်း၊ ထို့အတူ ရွှေလီ-မန်စီ ကေဗီ ဓာတ်အားလိုင်း၏ တာဝါတိုင် ၄ ခု အား  မိုင်းခွဲခံလိုက်ရသဖြင့် ဓာတ်အား ထုတ်လုပ်မှု ပမာဏ လျော့ကျသွားကြောင်း အစိုးရ သတင်းစာများက ရေးသားထားသည်။
လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှု နည်းပါးသွား၍ နိုင်ငံပိုင် စက်ရုံ၊ အလုပ်ရုံ တချို့နှင့် ရန်ကုန်တိုင်း အတွင်းရှိ စက်ရုံ အလုပ်ရုံများ ကို လျှပ်စစ်ဓာတ်အား လုံးဝဖြတ်တောက်ထားမည် ဖြစ်ကြောင်း၊ လူနေ ရပ်ကွက်များကိုမူ တနေ့ ၆ နာရီ အလှည့်ကျ ပေးသွား မည် ဖြစ်ကြောင်း ရန်ကုန် မြို့တော် လျှပ်စစ်ဓာတ်အား ပေးဝေရေး အဖွဲ့က အတည်ပြု ပြောဆိုလိုက်ကြောင်း သိရသည်။

ကချင်ခေါင်းဆောင်များနှင့် ငြိမ်းကော်မတီမှ ဦးအောင်မင်းတို့ တွေ့ဆုံ

By featured, ဧရာဝတီ on May 22, 2012

ကချင်ဒေသ ငြိမ်းချမ်းရေ ပြန်လည်တည်ဆောက်ရန် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ မီးရထားဝန်ကြီး ဦးအောင်မင်းနှင့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) ခေါင်းဆောင်များ ယမန်နေ့က ထိုင်းနိုင်ငံ ချင်းမိုင်တွင် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ ၁၁ ရက်နေ့က ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပြီးတွင် အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် ဦးအောင်မင်းကို ကရင်တိုင်းရင်းသားဝတ်စုံဖြင့် တွေ့ရစဉ် (ဓာတ်ပုံ - ဧရာဝတီ)
KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်က ယင်းတွေ့ဆုံမှုနှင့် ပတ်သက်၍ နောင်ဖြစ်ပေါ်လာနိုင်သော ဆွေးနွေးညှိနှိုင်းပွဲများ အတွက် အစပျိုးခြင်းဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“နောင်လည်း ထပ်ပြီး တွေ့ဆုံကြမယ် ဆိုတာကို နှစ်ဖက် သဘောတူခဲ့ကြပါတယ်” ဟု ဗိုလ်ချုပ် ဂွမ်မော်က ဆိုသည်။
အစိုးရနှင့် နီးစပ်သူတဦး၏ အဆိုအရ မတွေ့ဆုံမီတရက် ညနေပိုင်း၌လည်း တကြိမ်တွေ့ဆုံ၍ ညစာကို အတူစားသောက်ခဲ့ပြီး ပွင့်ပွင့်လင်းလင်း ဆွေးနွေးခဲ့သည်ဟု သိရသည်။
မေလ ၃ ရက်နေ့က ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဗဟိုကော်မတီနှင့် လုပ်ငန်းဖော်ဆောင်ရေး ကော်မတီနှစ်ရပ်ကို အစိုးရက အသစ် ပြန်လည် ဖွဲ့စည်းခဲ့ပြီးနောက်ပိုင်း ဦးအောင်မင်းအနေနှင့် KIA ခေါင်းဆောင်များကို ပထမအကြိမ် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
ကချင်လွတ်လပ်ရေး အဖွဲ့ (KIO) မှ ခေါင်းဆောင်တဦးဖြစ်သူ ဒေါက်တာ လဂျာက အစိုးရနှင့် အပစ်အခတ် ရပ်စဲရေးအတွက် KIO ဗဟိုမှတဆင့် ယင်းကိစ္စများကို ဆောက်ရွက်သွားလိမ့်မည်ဖြစ်ကြောင်း၊ ယခုလကုန် သို့မဟုတ် နောက်လတွင် တွေ့ဆုံဆွေးနွေးရန်ရှိကြောင်း ပြောသည်။

2012/05/22

ဂျပန် နိုင်ငံတွင် နှစ်ပေါင်း ၄၆ နှစ်တွင် ပထမဦးဆုံး နေလုံး အပြည့် ကြတ်ခြင်း (ရုပ်သံ)
(၂၀၁၂-၅-၂၁)

ဦးအောင်မင်းနှင့်တွေ့ ဆုံမေးမြန်းခန်း (ရုပ်သံ) 
DVB TV 21st May 2012 -
 ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု-ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းနှင့် တွေ့ဆုံမေးမြန်းခန်း 

2012/05/21

ဂျပန်နိုင်ငံ (JICA) အဖွဲ့က ဒီချုပ် လူငယ်များကို ဂျပန်နိုင်ငံသို့ လေ့လာရေးခရီး ဖိတ်ကြား

JaJapan International Cooperation Agency (JICA) အဖွဲ့သည်  ဂျပန်နိုင်ငံသို့ လာရောက် လေ့လာနိုင်ရန် ပြည်တွင်းရှိ နိုင်ငံရေး ပါတီ အသီးသီးမှ ကျောင်းသားများနှင့် အန်အယ်ဒီ လူငယ်များအား ဖိတ်ကြားခဲ့သည်ဟု အန်အယ်ဒီ ရုံးချုပ်က ဆိုပါသည်။ အန်အယ်ဒီသည် အဖွဲ့ချုပ် ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ် (၁) ဦး ဦးဆောင်ပြီး အဖွဲ့ချုပ် ကျောင်းသား လူငယ် (၁၀)ဦး ဂျပန်နိုင်ငံသို့ လာမည့် ဇွန်လဆန်းပိုင်းတွင် သွားရောက် မည်ဟု သိရပါသည်။

ရွှေဟင်္သာသတင်းဌာန မှ တဆင့်ကူးယူဖော်ပြသည်။
သတင်း - သတင်းတိုများ

DKBA က မူးရစ်ဆေးဝါး ကင်းစင်ရေး လူထု အစည်းအဝေးပွဲ ကျင်းပ

BA_02ကရင်ပြည်နယ် မြ၀တီမြို့ နယ် ဆုံစည်းမြိုင် ကျေးရွာရှိ ကလို့ထူးဘော ကရင် အမျိုးသား အစည်းအရုံး (K.K.O) အဖွဲ့ အခြေခံ ထားသော ဒေသ၌ မူးရစ်ဆေးဝါး ကင်းစင်သော လူထု စည်းဝေးပွဲ တရပ် ယနေ့ မနက် (၁၀) နာရီမှ ၁၂ နာရီ အထိ ကျင်းပခဲ့သည် ဟု ဒီကေဘီအေ ပြောခွင့်ရသူ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီး စောကိုမျိုးက ဆိုပါသည်။
“ စည်းဝေးပွဲကိုတော့ ကျနော်တို့နယ်မှာ ရှိတဲ့ ကျေးရွာပေါင်း (၄၀) ကျော်က ကျေးရွာ အုပ်ချုပ်ရေးမှူးတွေ ခေါ် ပြီး တော့ ကျင်းပခဲ့ကြတာပါ။ အဓိက ဆုံးဖြတ်ကြတာက မူးရစ်ဆေးဝါး ကင်းစင်ရေး နယ်မြေ ဆိုင်းဘုတ် တင်ပွဲ လုပ်ပါတယ်။ ပြီး တော့ လူထုတွေ လိုအပ်နေတဲ့ လမ်းပမ်း ဆက်သွယ်ရေး ကိစ္စ၊ ကျေးလက် ပညာရေးနဲ့ ကျန်းမာရေး ကိစ္စတွေအပြင်၊ စိုက်ပျိုးရေးနဲ့ ပါတ်သက်တဲ့ မြေယာ ပိုင်ဆိုင်မှု ကိစ္စတွေလည်း ကျနော်တို့ ဆွေးနွေးခဲ့ကြပါတယ်” ဟုဆိုပါသည်။
အခမ်းအနားကို ကလို့ထူးဘော စစ်ထောက်ချုပ်မှ ဒုတိယ ဗိုလ်မှူးကြီး စောစတီးက ဦးဆောင်ပြီး၊ စစ်ဦးစီး ဒုတိယတန်း ဗိုလ်မှူး စောထွန်းထွန်း၊ ကလို့ထူးဘော ဒုတပ်မှူး ဗိုလ်မှူး စောထွန်းမြင့်အောင်၊ စစ်ရေး ဆိုင်ရာ ဌာနမှူး ဗိုလ်မှူး စောလုံ့လုံ၊ စစ်ဦးစီး တတိယတန်း ဗိုလ်ကြီးစောကိုမျိုးနှင့် ကလို့ထူးဘေ ကရင်အမျိုးသား အစည်းအရုံး အတွင်းရေးမှူး တို့လည်း တက်ရောက်ခဲ့ပါသည်။

ဒီကေဘီအေ စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ်ကို မူးရစ်ရာဇာအဖြစ် ထိုင်းနိုင်ငံမှ စွပ်စွဲခဲ့ပြီးနောက်ပိုင်း ၄င်းတို့သည် သူတို့ အခြေခံသော နယ်မြေကို မူးရစ်ဆေးဝါး ကင်းစင်သော နယ်မြေအဖြစ် သတ်မှတ်ပြီး လှုပ်ရှားလာခဲ့သည်ဟု အကဲခတ်များ ကဆိုပါသည်။
ထိုင်းနိုင်ငံ၏ စွပ်စွဲချက်ကိုလည်း သတင်းစာ ရှင်းလင်းပွဲ နှစ်ကြိမ်တိုင် ကျင်းပပြီး ငြင်းဆန်ခဲ့သလို နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (DEA) နှင့် ထိုင်းနိုင်ငံ မူးရစ်တိုက်ဖျက်ရေး အဖွဲ့ (ONCB) တို့ကိုလည်း DKBA ဌာနချုပ်သို့ လာရောက် စုံစမ်း စစ်ဆေးပါရန် ဖိတ်ခေါ်ထားခဲ့သော်လည်း ယနေ့အထိ ထူးခြားမှုမရှိ သေးဟုဆိုပါသည်။

copy rights_http://phophtaw.org/burmese/index.php/news/local-news/1619-dkba------.html

2012/05/20

ကေအဲန်ယူ တောင်ငူခရိုင် လူထုရှင်းလင်းပွဲသို့ မြန်မာစစ်တပ်မှ တပ်မမှူးတက်ရောက်ခဲ့

မေလ ၁၉ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)
 ကရင်အမျိုးသားအစည်းအရုံး-KNUကိုယ်စားလှယ်များသည် ကရင်ပြည်နယ် ၊တောင်ငူခရိုင် အတွင်းရှိဒေသခံကရင်လူထုများနှင့် ပြည် တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှုဖြစ်စဉ်များအားတွေ့ဆုံဆွေးနွေး ရှင်းလင်းပွဲ မေလ ၁၇ရက်နေ့က ပြုလုပ်ပြီးစီးခဲ့ရာ မြန်မာစစ်တပ်မှ တပ်မမှူးတစ်ဦး တက်ရောက်ခဲ့သည်ဟု သိရသည်။
“တပ်မ(၆၆)မှူး ဗိုလ်မှူးချုပ်ဝင်းဘိုရှိန် ကိုယ်တိုင် ကျနော်တို့ရဲ့ လူထုနဲ့ တွေ့ဆုံဆွေးနွေးပွဲကို တက်ရောက်ခဲ့ပါတယ်။ ကျနော်တို့က ဒီရှင်း လင်းပွဲကို မေလ ၁၅ရက်နေ့ကနေ ၁၇ရက်နေ့အထိ သုံးရက် ပြုလုပ်ခဲ့ပါတယ်”ဟု KNU ဗဟိုစည်းရုံးရေးဌာန အတွင်းရေးမှူး ပဒိုစောလှ ထွန်းက ကေအိုင်စီသို့ ပြောသည်။ ထန်းတပင်မြို့နယ်၊ ဘောဂလိရွာအနီးတွင် ပြုလုပ်ခဲ့သည့် အဆိုပါငြိမ်းချမ်းရေးဖြစ်စဉ် ဆွေးနွေးရှင်းလင်းပွဲသို့ တောင်ငူမြို့ခံများ အပါအ ၀င် ထန်းတပင်နှင့် သံတောင်မြို့နယ်များရှိ ကျေးရွာပေါင်း ၁၇၀မှ လူထုကိုယ်စားလှယ်များနှင့် ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း ၁၀၀၀နီးပါး တက်ရောက်ခဲ့ကြသည်။

သေမင်းတမန်ရထားလမ်း ပြန်ဖောက်မည်ဟု ဝန်ကြီးပြောဆို

ကောင်းညီဟန်, ကျော်ခ on May 19, 2012

မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့သို့ ဆက်သွယ်ထားသော သေမင်းတမန် ရထားလမ်း ဟောင်းကို ပြန်လည်ဖောက်လုပ်သွားမည်ဟု မီးရထားဝန်ကြီးဦးအောင်မင်း က ယခုလ ၁၅ ရက်နေ့က ဘုရားသုံးဆူမြို့တွင် ပြုလုပ်သော ကရင်အမျိုးသား အစည်းအရုံး(KNU) ဆက်ဆံရေးရုံးဖွင့်ပွဲတွင် ပြောဆိုခဲ့ကြောင်း သိရသည်။

သေမင်းတမန် ရထားလမ်းပိုင်းတခုကို ထိုင်းနိုင်ငံ ကန်ချန ဘူရီမြို့နယ်အတွင်း ကွေးမြစ်ပေါ် ဖြတ်၍ ဆောက်လုပ် ထားသည်ကို တွေ့ရစဉ် (ဓာတ်ပုံ - wherewasitshot.com)

“ဦးအောင်မင်းကတော့ သေမင်းတမန်မီးရထားလမ်းကိုတော့ ပြန်လုပ်ချင်တာပေါ့နော် ဒါပေမယ့် အဲဒီဟာကို မွန်ပြည်သစ်က လုပ်မလား၊ KNU ကလုပ်မလား၊ အစိုးရကလုပ်မလားဆိုတာကတော့ အတိကျမပြောသေးဘူး” ဟု မွန်ပြည်သစ် ပါတီ ဗဟို ကော်မတီ အဖွဲ့ဝင် နိုင်တလညီ က ဧရာဝတီသို့ ပြောသည်။

ဘုရားသုံးဆူ ဒေသဖွံ့ဖြိုးရေးအတွက် အဆိုပါရထားလမ်းနှင့် အတူ ကားလမ်းတွဲလျက် ဖောက်လုပ်ရေး၊ ဘုရားသုံးဆူမြို့တွင် စက်မှုဇုန် တည်ဆောက်ရေး စီမံကိန်းတို့ကို လုပ်ကိုင်နိုင်ရန် မွန်ပြည်သစ်ပါတီက ကြိုးပမ်းလျက်ရှိကြောင်း နိုင်တလညီက ပြောသည်။

ထိုရထားလမ်းနှင့် ကားလမ်း ဖောက်လုပ်ပြီးစီးပါကလည်း ထိုင်းနိုင်ငံ ဘန်ကောက်နှင့် မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ထိ ကုန်သွယ် ကူးသန်းမှုများ ပြုလုပ်နိုင်မည်ဟုသိရပြီး ထိုလမ်းများ ဖောက်လုပ်နိုင်ရန်အတွက်နှင့် နယ်မြေ တည်ငြိမ် အေးချမ်းရေးတို့ အတွက် အစိုးရ၊ KNU နှင့် မွန်ပြည်သစ် ပါတီတို့ သုံးပွင့်ဆိုင် သဘောတူညီမှုရရန်လိုအပ်သည်ဟု နိုင်တလညီ က ပြောသည်။

ငွေကြေး သန်းပေါင်းများစွာ ကုန်ကျမည့် သေမင်းတမန် ရထားလမ်း ပြန်လည်ဖောက်လုပ်ရေး ဝန်ကြီးဦးအောင်မင်း ပြောဆို သွားမှုသည် ငြိမ်းချမ်းမှု အပြည့်ဝ မရရှိသေးသော လက်ရှိအခြေအနေများတွင် မဖြစ်နိုင်သေးကြောင်းနှင့် မွန်ပြည်သစ် ပါတီနှင့် ၎င်းတို့အကြား တင်းမာမှုများဖြစ်စေရန် တွန်းပို့နေသည်ဟုလည်း သံသယဝင်မိကြောင်း KNU ဒုဥက္ကဌ ပဒို ဒေးဗစ်သာကပေါ က ပြောသည်။

“ဒီစီမံကိန်းဟာ မဖြစ်နိုင်သေးပါဘူး။ စိတ်ကူးယဉ်အဆင့်မှာပဲရှိတယ်လို့ ကျနော်ထင်တယ်။ ဒါပေမယ်လို့ မွန်နဲ့ ကရင် အချင်းချင်း ရန်ဖြစ်အောင်ပဲ တိုက်နေ လားတော့ မသိဘူး” ဟု ဒေးဗစ်သာကပေါ က ဧရာဝတီသို့ ပြောသည်။

အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..

ဒေါ်ဂွာမလေး
အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..
၂၀၁၂ခုနှစ် မေလ (၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက်(၄၈)နှစ်၊ ကလေး(၁၂)ယောက်၏ မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်း အဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့် အတူဖမ်းဆီးမိ၍ ပေါင်နှင့်ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလို ပြောပြရှာပါတယ်။“ကျနော်တွေ့ ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက် လောက်က ၀ိုင်း ထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေး တယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ ရိုက်သူကရိုက်၊ သေနတ်နဲ့ ထုသူကထု၊ ဓားမြောင်နဲ့ ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်း နေရာကနေနေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။
သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ထပ်ထိုးကြတယ်။ နောက်တော့ အ၀တ်အစား အကုန်ချွတ်ပေး လိုက်တာတွေ့ တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထား ပြီး တချို့ ကထိုင်လိုက် ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆက်ဆံနေတာ ကျနော် ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော် ဟစ်ငိုယိုရှာပါတယ်။ အ၀တ်အစား အကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေ ၀ိုင်းထား တယ်ဆိုတာ ၀ိုင်း ကြည့် ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ကျနော် သိတယ်။
KKO ထုတ်ပြန်ချက်
 KKO_Letterhead-1-1-_Anti-drug_

2012/05/19

အာဇာနည်ကုန်း သတင်း ဦးကျော်ဆန်းမှာ တာဝန်ရှိသလား


“၀န်ကြီး ဦးကျော်ဆန်း ဗိုလ်ချုပ်အောင်ဆန်းအား ထပ်မံ လုပ်ကြံလိုက်ပြီ” ဆိုပြီး အစိုးရ ပြန်ကြားရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီး ဦးကျော်ဆန်း အပေါ် ဝေဖန်ကန့်ကွက်တာတွေ၊ ရှုတ်ချတာတွေ အင်တာနက် စာမျက်နှာတွေမှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့နေပါတယ်။
တောင်ကိုရီးယား သမ္မတ လီမြောင်ဘက်ကို သမ္မတ ဦးသိန်းစိန်က နေပြည်တော်တွင် လက်ခံကြိုဆိုစဉ် (ဓာတ်ပုံ - သမ္မတရုံး)
တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင်ဘက် မြန်မာနိုင်ငံကို မေလ ၁၄ ရက် ကနေ ၁၆ ရက်နေ့အထိ လာရောက်ခဲ့စဉ် ရန်ကုန်မြို့က အာဇာနည်ဗိမာန်ကို သွားရောက်ကာ လွမ်းသူ့ ပန်းခွေချ ဂါရ၀ ပြုခဲ့တာနဲ့ ပတ်သက်ပြီး ၀န်ကြီး ဦးကျော်ဆန်းကို ဝေဖန် ပြောဆိုနေကြတာပါ။
သမ္မတ လီမြောင်ဘက် ဦးဆောင်တဲ့ ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ အာဇာနည်ဗိမာန် သွားရောက်တဲ့ သတင်းကို “ယခင် အာဇာနည်ဗိမာန်၌ ကျဆုံးသွားသော ကိုရီးယား သမ္မတ နိုင်ငံမှ ၀န်ကြီးများအား ရည်စူး၍ ပန်းခွေချ ဂါရ၀ပြု” လို့သာ အစိုးရ သတင်းစာ တွေက ဖော်ပြခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေကို လွမ်းသူ့ပန်းခွေချ ဂါရ၀ပြု တာကို လုံးဝ မဖော်ပြခဲ့ပါဘူး။
ကိုရီးယား သတင်းစာတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာ တချို့မှာတော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်ခေါင်းဆောင် ကြီး တွေကို သမ္မတ လီမြောင်ဘက် လွမ်းသူ့ပန်းခွေချ ဂါရ၀ပြုတာရော ကိုရီးယားဝန်ကြီးတွေကိုပါ ပန်းခွေချ ဂါရ၀ပြုခဲ့ကြောင်း ရေး သား ဖော်ပြခဲ့ကြပါတယ်။

မဟာချိုင် လူမှောင်ခိုလက်က ကယ်တင်နိုင်ခဲ့တဲ့ မြန်မာနိုင်ငံသားများ (ရုပ်သံ)

ထိုင်းနိုင်ငံ၊ မဟာချိုင်ဒေသမှာ လူမှောင်ခို ပွဲစားတွေရဲ့ ပိတ်လှောင် ခံထားရတဲ့ မြန်မာနိုင်ငံသား
၁ ရာကျော်ကို မကြာသေးခင်က ထိုင်း လူမှောင်ခို ကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့နဲ့
မြန်မာ ရွှေ့ပြောင်း အလုပ်သမား အရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေ ပူးပေါင်းပြီး ကယ်တင်နိုင်ခဲ့ပါတယ်။
အသေးစိတ်ကို ကိုဂျေက ဆက်လက်တင်ပြပေးပါလိမ့်မယ်။
Copy from - RFABurmese Video

2012/05/18

စစ်ရေးပဋိပက္ခ ဖြေရှင်းပေးဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို ကေအိုင်အေ ဥက္ကဋ္ဌ တိုက်တွန်း

2012-05-17
ကေအိုင်အို ကချင်လွတ်မြောက်ရေး တပ်မတော်နဲ့ မြန်မာအစိုးရတပ်တွေအကြား ဖြစ်ပွားနေတဲ့ စစ်ရေး ပဋိပက္ခကို ကြားဝင်ဖြေရှင်းပေးဖို့ ကေအိုင်အေ ဥက္ကဋ္ဌ ဦးဇောင်းဟရားက ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီးမွန်းထံ စာရေးသား တိုက်တွန်းလိုက်ပါတယ်။
RFA
ကချင် လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ အဆင့်မြင့် အစိုးရ ကိုယ်စားလှယ် အဖွဲ့တို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၁၉ ရက်နေ့က တရုတ်နိုင်ငံ ရွှေလီမြို့တွင် ပြည်ထောင်စုအဆင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲပြုလုပ်နေစဉ်။ (Photo courtesy of a citizen journalist)
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်အနေနဲ့ ကချင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေကို လက်တွေ့သိရှိနိုင်အောင် လေ့လာရေးအဖွဲ့ ဒါမှမဟုတ် ကြားဝင်ဖျန်ဖြေရေးအဖွဲ့ စေလွှတ်ဖို့ တောင်းဆိုရတာ ဖြစ်တယ်လို့ ကေအိုင်အိုရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဗိုလ်မှူးကြီး ဂျိမ်းစ်လန်းဒေါင်းက ပြောပါတယ်။
မြန်မာစစ်တပ်ဟာ ကချင်ပြည်နယ်မှာ တိုင်းရင်းသားတွေအပေါ် လူမျိုးတုံးစစ်ဆင်ရေး ဆင်နွှဲနေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ လူသားမဆန်တဲ့ ရာဇ၀တ်မှုတွေ တိုးများလာနေတယ်လို့ ကေအိုင်အိုက ပြောပါတယ်။ အခြေအနေတွေ ဒီထက်ပိုပြီး ဆိုးဝါးမလာခင် ကုလသမဂ္ဂအနေနဲ့ ကြားဝင်ပြီး၊ ကချင်ပြည်နယ်က စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေကို လာရောက်လေ့လာဖို့ တောင်းဆိုထားပါတယ်။
ဒါ့အပြင် စစ်ပြေးဒုက္ခသည် စခန်းတွေနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ IDP ဒုက္ခသည်တွေကို ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေက အကူအညီပေးအပ်နေမှုတွေအပေါ် ကျေးဇူးတင်ရှိကြောင်းကိုလည်း မေလ ၁၅ ရက်နေ့ ရက်စွဲနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ လက်မှတ်ရေးထိုး ပေးပို့လိုက်တဲ့ ကေအိုင်အို ဥက္ကဋ္ဌရဲ့ စာထဲမှာ ဖော်ပြထားပါတယ်။
copy rights_http://www.rfa.org/burmese/news/kia-un-05172012125806.html

သမ္မတ ဦးသိန်းစိန် ကျန်းမာရေး အခြေအနေ

17 မေ 2012
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်မြို့ နေအိမ်မှာ ဒီကနေ့ နေ့လည်ပိုင်းက မူးလဲတာ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ နေအိမ်မှာပဲ အနားယူနေပြီလို့ သိရပါတယ်။ အပြည့်အစုံကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

နေပြည်တော်ကနေ ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တဲ့ သမ္မတ ဦးသိန်းစိန်ဟာ နေ့လည်ပိုင်းက နေအိမ်မှာ မူးလဲခဲ့တယ်လို့ အစိုးရနဲ့ နီးစပ်တဲ့ အသိုင်းအ၀ိုင်းက သိရပါတယ်။ အခုတော့ နေအိမ်မှာပဲ အနားယူနေတယ်လို့ ပြောပါတယ်။
အသက် ၆၈ နှစ်အရွယ်ရှိနေပြီ ဖြစ်တဲ့ သမ္မတဦးသိန်းစိန်ဟာ အစကတည်းက နှလုံးနဲ့ ဆီးချို ဆိုင်ရာ ကျန်းမာရေး အားနည်းမှုတွေ ရှိနေတဲ့သူဖြစ်ပြီးအခု တိုင်းပြည်ရဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ စိတ်ရောကိုယ်ပါ ပင်ပန်းနေချိန်မို့ အခုလို ဖြစ်ခဲ့တာလို့လည်း နီးစပ်တဲ့ အသိုင်းအ၀ိုင်းက မှတ်ချက်ပေးပါတယ်။
ပုံမှန်ဆိုရင် ဒီကနေ့ မေလ ၁၇ ရက်ကြာသာပတေးနေ့မှ နေပြည်တော်မှာ ကျင်းပမယ့် အစိုးရအဖွဲ့ အစည်းဝေးကို မနေ့ မေလ ၁၆ ရက်နေ့ ဗုဒ္ဓဟူးနေ့မှာ တရက်ကြိုလုပ်ခဲ့အပြီး သမ္မတ ဦးသိန်းစိန်ဟာ ရန်ကုန်အိမ်ကို ပြန်လာခဲ့တာဖြစ်ပါတယ်။
မနေ့ ဗုဒ္ဓဟူးနေ့က ကျင်းပခဲ့တဲ့ အစိုးရအဖွဲ့အစည်းဝေးတွင်းမှာ ကျန်းမာရေးကြောင့် ရာထူးကနေ အနားယူဖို့ နှုတ်ထွက်စာတင်ထားတဲ့ ဒုတိယ သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးရဲ့ ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။
သမ္မတ ဦးသိန်းစိန်ဟာ ၁၉၈၈ ခုနှစ် နိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက် ကက ကြည်းတပ်မှာ စစ်ဦးစီး ဗိုလ်မှူးကြီး ရာထူးကနေ ၂ဝဝ၅ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအထိ ရာထူး တိုးမြှင့်ခံခဲ့ရပါတယ်။ ယခင်အစိုးရ လက်ထက်က ၀န်ကြီးချုပ်အဆင့်ထိရာထူးတိုးမြင့်လာခဲ့သူဖြစ်ပါတယ်။ ၂၀၁၁ ပြည့်နှစ် မတ်လက စပြီးအခုချိန်ထိ နိုင်ငံတော်သမ္မတ အဖြစ် တာဝန်ယူ ထမ်းဆောင်နေသူ ဖြစ်ပါတယ်။
နှလုံးခုန်နှုန်းကို ထိန်းညှိပေးတဲ့ စက်တပ်ထားရတဲ့ သမ္မတ ဦးသိန်းစိန် မူးလဲတယ်ဆိုတဲ့သတင်းနဲ့ တဆက်ထဲ သမ္မတရဲ့ ကျန်းမာရေး အခြေအနေနဲ့ ဒီလိုမူးလဲတာဟာ ကျန်မာရေးအရ ဘယ်လောက် စိုးရိမ်စရာဖြစ်သလဲ ဆိုတာကို ဆရာဝန်တွေနဲ့ မေးထားတဲ့ မစုမြတ်မွန်က ဆက်ပြီးတော့တင်ပြပေးထားပါတယ်။

ဇေကမ္ဘာ မြေသိမ်းမှု ပဋိပက္ခ (ရုပ်/သံ)

မင်္ဂလာဒုံမြို့နယ် ရွှေနံ့သာကွင်း အုပ်စုက မြေဧက ၈၁၅ ကို ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူမှုကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခဖြစ်ပြီး လက်ရှိ လယ်သမားတွေရဲ့ အခြေအနေကို
ဧရာဝတီရုပ်သံက တင်ဆက် ထားပါတယ်။
\

Copy from - irrawaddynews

2012/05/17

တိုင်းရင်းသား ငြိမ်းချမ်းရေး အပစ်အခတ် ရပ်ရုံနဲ့ မလုံလောက်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရဆဲ တိုင်းရင်းသားတွေနဲ့ လက်နက်ကိုင် ပဋိပက္ခတွေဟာ အပစ်အခတ် ရပ်စဲရုံနဲ့ မလုံလောက်သေးဘူးလို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။
တိုင်းရင်းသားအရေး ဖြေရှင်းရာမှာ တာဝန်ယူ ဆောင်ရွက်မှုတွေ ရှိရမှာ ဖြစ်သလို၊ လက်နက်ကိုင် နှိမ်နင်း မနေဘဲ နိုင်ငံရေးအရ ဖြေရှင်းရလိမ့်မယ်လို့လည်း အမေရိကန် စံတော်ချိန် အင်္ဂါနေ့ မနက်ပိုင်းမှာ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားမှုတွေနဲ့ပတ်သက်လို့ တိုက်ရိုက်ဆွေးနွေး စကားပြောဆိုရာ မှာ ဒေါ်အောင်ဆန်းစုကြည် ကပြောလိုက်တာပါ။
အမေရိကန်သမ္မတဟောင်း George W.Bush တည်ထောင်တဲ့ Bush Center က ကမကထလုပ် ကျင်းပတဲ့ ကမ္ဘာ အရပ်ရပ်က လွတ်မြောက်ရေး လှုပ်ရှားသူတွေရဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုတဲ့ အခမ်းအနား အတွင်း ဒေါ်အောင်ဆန်းစုကြည်က အင်တာနက်ကတဆင့် တိုက်ရိုက် ဗွီဒီယို မိန့်ခွန်း ပြောဆိုရာ မှာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေနဲ့ မေးခွန်းထုတ်ခဲ့တဲ့အပေါ် မပြေလည်နိုင်သေးပဲ ဖြစ်နေရတဲ့ တိုင်းရင်းသား အရေးကိစ္စကို အလေးထား ဖြေကြား သွားတာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ နှစ်က စလို့ အစိုးရသစ် တရပ်တက်လာပြီးနောက် လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းသွားမယ်ဆိုပြီး မြန်မာအစိုးရက ကိုယ်စားလှယ်အဖွဲ့ ဖွဲ့စည်းပြီး ဆွေးနွေးမှုတွေ လုပ်နေပေမဲ့ အပြီးသတ် ပြေလည်မှုတွေ မရနိုင်ဘဲ ဖြစ်နေရတာပါ။ မြန်မာနိုင်ငံ မြောက်ပိုင်းမှာ အဓိက အခြေစိုက် လှုပ်ရှားနေကြတဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ဆိုရင်လည်း တိုက်ပွဲတွေဟာ အခုအချိန်အထိ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။
Copy from - voanews.com/

အိန္ဒိယရောက် မြန်မာ ဒုက္ခသည် ရေရှည် နေထိုင်ခွင့် ဗီဇာ ထုတ်ပေးမည်

UNHCR လက်ထောက်မဟာမင်းကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ရန်ကုန်မြို့မှာ တွေ့ဆုံစဉ်။
2012-05-16
အိန္ဒိယနိုင်ငံမှာ ခိုလှုံခွင့် လျှောက်ထားတဲ့ မြန်မာဒုက္ခသည် ၂၅၀၀ ကျော်အတွက် တရားဝင် ရေရှည် နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးတော့မယ်လို့ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက သတင်း ထုတ်ပြန် လိုက်ပါတယ်။
မြန်မာဒုက္ခသည် အတော်များများဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စတင်ပြီး ဒေလီမြို့အနောက်တောင်ဘက် Vasant Kunj အရပ်က Sultan garhi ဗလီနားမှာ စုဝေး နေထိုင်နေကြတယ်လို့ သိရပါတယ်။ UNHCR အကြီးအကဲက ဒုက္ခသည် ကိုယ်စားလှယ် ခေါင်းဆောင် ၁၀ ဦးနဲ့ မနေ့က တွေ့ဆုံ ခဲ့ပြီးနောက် သူတို့ကို အိန္ဒိယအစိုးရက ရေရှည် နေထိုင်ခွင့် ဗီဇာတွေ ထုတ်ပေးမှာ ဖြစ်ကြောင်း UNHCR အဖွဲ့က ကြေညာ လိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီ ဒုက္ခသည်တွေဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ရောက်ရှိလာတာဖြစ်ပြီး အိန္ဒိယနိုင်ငံမှာရှိတဲ့ သူတို့နေထိုင်ရာ ဒေသတွေမှာ အိန္ဒိယအစိုးရ နိုင်ငံခြားသား မှတ်ပုံတင်ဌာနကနေ ဗီဇာ ထုတ်ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒုက္ခသည်တွေအနေနဲ့ အိန္ဒိယနိုင်ငံတ၀ှမ်းက သူတို့နေထိုင်ရာ ဒေသအသီးသီးကို အမြန်ဆုံး ပြန်သွားကြဖို့ကိုလည်း UNHCR အဖွဲ့က တိုက်တွန်းထားပါတယ်။ ဒါ့အပြင် စက်တင်ဘာလအတွင်း နောက်ထပ်ခေါ်ယူမယ့် အစည်းအဝေးကို တက်ရောက်ကြဖို့လည်း ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်တွေကို ဖိတ်ကြားထားပါတယ်။
မြန်မာဒုက္ခသည်တွေကို တခြားဒုက္ခသည်တွေနည်းတူ အိန္ဒိယအစိုးရက အခုလို ရေရှည်နေထိုင်ခွင့်ဗီဇာ ထုတ်ပေးမယ့် အစီအစဉ်ဟာ ကြီးမားတဲ့ တိုးတက်မှု ခြေလှမ်း တရပ်ဖြစ်တယ်လို့လည်း UNHCR အရာရှိတစ်ဦးက ပြောပါတယ်။
Copy from - rfa.org/

သေမင်းတမန် ရထားလမ်း ပြုပြင်ရေး အစီစဉ် စတော့မည်ဟု ဦးအောင်မင်းပြော

Written by ရွှေဟင်္သာသတင်းဌာန


ဒုတိယကမ္ဘာစစ်အတွင်းမှ သေမင်းတမန် ရထားလမ်း
ဖောက်လုပ်နေမှု မြင်ကွင်း (ဓါတ်ပုံ - အင်တာနက်)

မြန်မာနိုင်ငံ မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ထိုင်းနိုင်ငံ စံခလဘူရီမြို့ ကို ဆက်သွယ်ထားသော သေမင်းတမန် ရထား လမ်းဟောင်းအား အသစ် ပြန်လည် ဖောက်လုပ် သွားမည်ဟု ရထား ပို့ဆောင်ရေး ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက ယမာန်နေ့ နံနက် (၉) နာရီ၌ ကျင်းပသော KNU ၏ ဘုရားသုံးဆူမြို့ ဆက်ဆံရေး ဖွင့်ပွဲ၌ ပြောကြား သွားပါသည်။

“အခုသုံးနေတဲ့ ကားလမ်းက ရထားလမ်းဟောင်းပါ၊ ရထားလမ်း ပျက်သွားတော့ ဘောင်တွေ ကျန်နေခဲ့ပါတယ်။ ကျွန်တော်တို့ အဲဒီ လမ်းအဟောင်းကိုပဲ သုံးပြီး ပြည်လည် ဖောက်လုပ်ပါမယ်။ ကားလမ်းကိုတော့ ရထားလမ်းနဲ့ ယှဉ်ပြီး ပြန်ဖောက် ပေးပါမယ်၊ အစီအစဉ် တွေဆွဲပြီးပါပြီ”ဟု ဝန်ကြီး ဦးအောင်မင်းက ပြောကြား သွားပါသည်။

ဤကိစ္စကို ဖေဖော်ဝါရီလ (၂၄) ရက်နေ့တွင် မွန်ပြည်သစ်ပါတီနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့တို့၏ ညစာစားပွဲ၌ ပထမအကြိမ် ပြောကြားခဲ့ပြီး ဖြစ်ပါသည်။

ယိုးဒယား - မြန်မာ သေမင်းတမန် မီးရထားလမ်းအား ဖောက်လုပ် ခဲ့စဉ်က အဓိက ရည်ရွယ်ချက် (၄) ရပ် ဖြင့် ဖောက်လုပ်ခဲ့ခြင်း ဖြစ်သည်ဟု သိရပါသည်။ ဒုတိယ ကမ္ဘာစစ်ကို ဂျပန်တို့ အောင်နိုင်ရေး အတွက် အထူး အရေးကြီးသော လက်နက် ခဲယမ်း မီးကျောက် များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်နိုင်ရေး၊ မြန်မာ့ထွက်ကုန် ဝင်ကုန်များကို အမြန်ဆုံး သယ်ယူ ပို့ဆောင်ရောင်းဝယ် နိုင်ရေး၊ မြန်မာနိုင် ငံနှင့် အခြားနိုင်ငံများ လွယ်ကူစွာ မဟာမိတ် ချစ်ကြည်မှု ပြုလုပ်နိုင်ရေး၊ စစ်ဒဏ်ကြောင့် မြန်မာ လူမျိုးများ ဆင်းရဲ ကျပ်တည်း လျက် ရှိရာ မီးရထားလမ်း ဖောက် လုပ်ပြီးစီးပါက မြန်မာပြည် ချမ်းသာ လာစေရေး တို့ဖြင့် ဝန်ကြီးချုပ်၏ ညွှန်ကြားချက်ဖြင့် အတွင်းဝန် ဦးဘ စောမှ ဥက္ကဋ္ဌအဖြစ် သီးဆောင်ပြီး ဖောက်လုပ်ခဲ့ပါသည်။

“လျာထားချက် အရကတော့ သုံးလေးနှစ်ခန့် ကြာနိုင်ပါတယ်၊ နိုင်ငံတကာနဲ့လည်း တိုင်ပင်ထားပါတယ်။ ယိုးဒယားနဲ့လည်း ကျွန်တော်တို့ ညှိထားပြီးပါပြီ။ ယိုးဒယားဘက်က ဆည်ကြီးတွေ ဆောက်လိုက်တဲ့အတွက် ရထားလမ်း အပိုင်းတွေ ရေမြုပ်သွားတယ်၊ အခုရထား လမ်း အသစ်တွေ ဖောက်ပေးပါဆိုပြီး သူတို့ကို ကျွန်တော်တို့က ပြောထားတယ်၊ နောင်သုံးလေးနှစ်ဆိုရင် ခင်ဗျားတို့ ရထားစီးပြီး ဗန်ကောက် ကို သွားနိုင်ပါပြီ” ဟု ဦးအောင်မင်းမှ ဘုရားသုံးဆူရှိ နယ်မြေခံ လူထုအား ကတိပေး ပြောကြား သွားခဲ့ပါသည်။

ပိတ်လှောင် ခိုင်းစေခံရသည့် မြန်မာအလုပ်သမား ၁၅၀ ခန့်ကို ကယ်ဆယ်

ရဲစခန်းသို့ ရောက်ရှိလာသည့် မြန်မာအလုပ်သမားများကို ကူညီသူများက ကျွေးမွေးစဉ် (ဓာတ်ပုံ - BAT)
May 16, 2012
ထိုင်းနိုင်ငံတောင်ပိုင်း မဟာချိုင်ဒေသရှိ စက်ရုံတခုတွင် လှောင်ပိတ် ခိုင်းစေခံထားရသည့် မြန်မာ အလုပ်သမား ၁၅၀ ခန့်အား ထိုင်းရဲတပ်ဖွဲ့နှင့် အလုပ်သမား အရေးဆောင်ရွက်နေသည့် အဖွဲတို့ ပူးပေါင်းပြီး ယမန်နေ့က ကယ်ထုတ် နိုင်ခဲ့ကြောင်း သတင်းရရှိသည်။
မဟာချိုင်ဒေသ၊ ဆွေမမလမ်းရှိ ဆန်းထေ့ ပုစွန်စက်ရုံမှ အလုပ်သမားများသည် လုပ်ခလစာ မရခြင်း၊ အပြင် ထွက်ခွင့် မရှိခြင်း၊ အစားအသောက် မလုံလောက်ခြင်း စသည်တို့နှင့် ကြုံနေရကြောင်း၊ စက်ရုံ ပြင်ပသို့ ရောက်ရှိလာသည့် အလုပ်သမားတဦးကို အကူအညီ တောင်းခံရာမှ ယခုကဲ့သို့ ကယ်ထုတ် နိုင်ခဲ့ခြင်းဖြစ်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသူ ဦးကျော်သောင်းက ဧရာဝတီကို ပြောသည်။
“အလုပ်သမား ၁၄၆ ယောက်ပါ။ ဆိုင်းဘုတ်တွေ တရားဝင် ကပ်ထားပြီး လုပ်နေတဲ့ စက်ရုံ မဟုတ်ဘဲ အိမ်ရဲ့ မြေအောက်ခန်းထဲမှာ ကျေးကျွန်သဖွယ် ဖိနှိပ် ခိုင်းစေ ခံထားရပါတယ်” ဟု ဦးကျော်သောင်း က ဆိုသည်။ ထိုစက်ရုံရှိ အလုပ်သမားတဦးမှ ၎င်းတို့ထံ ဆက်သွယ်လာ၍ ထိုင်းအာဏာပိုင်များထံ အကြောင်းကြား သော်လည်း ခိုင်လုံသည့် ဓာတ်ပုံ၊ ဗီဒီယို အထောက်အထား ပါရှိမှ ဆောင်ရွက်ပေးမည်ဟု ဆိုသည့်အတွက် မှတ်တမ်း ဓာတ်ပုံရရှိရေးကို စွန့်စွန့်စားစား ကြိုးပမ်းခဲ့ရကြောင်း မှတ်တမ်းဓာတ်ပုံ ရိုက်ကူး ခဲ့သူတဦးက ပြောသည်။

“ဗီဒီယိုတွေ၊ ဓာတ်ပုံတွေ ခိုးပြီး ရိုက်ခဲ့ရတာပါ။ လူမိုက်တွေမြင်မှာ ကြောက်ရသလို ထိုင်းရဲတွေမြင်မှာကိုလည်း စိုးရိမ်ရပါတယ်။ ကျနော်ကိုယ်တိုင်က ဘတ် (အလုပ်သမားလက်မှတ်) မရှိဘဲ နေထိုင်ရလို့ပါ။ ကိုယ့်နိုင်ငံသားတွေလည်း လွတ်မြောက်စေချင်လို့ စွန့်စားခဲ့တာပါ” ဟု ၎င်း က ဆိုသည်။
မှတ်တမ်း ဓာတ်ပုံများအား ထိုင်းရဲတပ်ဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံ အလုပ်သမားအဖွဲ့တို့ထံ တင်ပြကာ ၎င်းအဖွဲ့အစည်းများအကူအညီဖြင့် စက်ရုံ ပိုင်ရှင်နှင့် မြန်မာ အလုပ်သမားခေါင်းတို့အား ဖမ်းဆီး၍ အလုပ်သမားများကို ကယ်ထုတ်နိုင်ခဲ့ကြောင်းသိရသည်။

2012/05/16

The funeral of KNLA G2 Saw Moe Pyu (ရုပ်သံ)
 ကွယ်ကလူမှ တဆင့် ကူးယူဖော်ပြသည်။

မြန်မာစစ်တပ်မှ ကချင်နှင့် ပလောင်ပူးပေါင်းတပ်ဖွဲ့အား ထိုးစစ်ဆင်ခဲ့

ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တပ်ဖွဲ့ဝင်များ
Tuesday, 15 May 2012

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နမ်ဆန်မြို့နယ် ဟိုနမ်းရွာအနီးတ၀ိုက်တွင် ၂၀၁၂ ခုနှစ် မေလ ၁၅ရက်နေ့ ညနေ၃ နာရီခွဲအချိန်၌ မန်လီကျေးရွာ နမ့်လန်မြို့နယ်မှ ဗိုလ်မှူး ဦးမျိုးမြင့်အောင် ဦးဆောင်သော အင်အား (၁၀၀) ကျော်လောက်ရှိသည့် မြန်မာစစ်တပ် ခလရ တပ်ရင်း (၁၇)သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်ရင်း(၃၄)နှင့် တပ်ရင်းမှူး မိုင်းဟိုဝ်ပ္လါင် ဦးဆောင်သော ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA) ပူးပေါင်းတပ်ဖွဲ့အား လာရောက်တိုက်ခိုက်ခဲ့ရာ တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွါးခဲ့သည်ဟု သတင်းရရှိပါသည်။

၎င်းတိုက်ပွဲဖြစ်ပွါးချိန်တွင် အစိုးရစစ်တပ် တပ်ရင်း (၁၇) မှ တပ်သား (၄)ဦးကျဆုံးခြဲ့ပီး TNLA နှင့် KIA ဘက်မှ အကျအဆုံးမရှိဟု သိရှိရသည်။

“မြန်မာစစ်တပ်က ကျတော်တို့ တပ်ရှိတဲ့နေရာ ကို သတင်းအတိအကျ ရပြီးတော့ လာတိုက်တာဖြစ်တယ် သူတို့က အရင်လာတိုက်တော့ ကျတော်တို့လည်း နှစ်ဖွဲ့ပေါင်းပြီး ပြန်တိုက်ခဲ့တယ်။ ကျတော်တို့ဘက်ကတော့ ထိခိုက်မှုမရှိပေမဲ့ မြန်မာ စစ်တပ်ဘက်ကတော့ လေးယောက် ကျသွားတယ်” ဟု တပ်ရင်းမှူး မိုင်းဟိုဝ်ပ္လါင်မှ ပြောပြခဲ့ပါသည်။

ဧပြီလဆန်းပိုင်းမှစ၍ မြန်မာစစ်တပ်ဘက်မှ တပ်ရင်း(၁၃၀)နှင့် တပ်ရင်း(၁၇)တို့ မှ အင်အား (၁၀၀)ကျော်လောက်တို့သည် ယခုတိုက်ပွဲဖြစ်ပွားသည့်နေရာဒေသ၀န်းကျင်တွင် လာရောက်ဝိုင်းရန်ခဲ့သော်လည်း နှစ်ဖက်တိုက်ပွဲဖြစ်ပွားမှုများ မရှိခဲ့ကြောင်း ၄င်းမှ ဆက်လက်ပြောကြားခဲ့ပါသည်။

၂၀၁၂ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ မန်တုန်မြို့နယ်နှင့် နမ့်ဆန်မြို့နယ်တ၀ိုက်တွင် မြန်မာစစ်တပ်၊ ကချင်နှင့် ပလောင်စစ်တပ်တို့် မကြာခဏတိုက်ပွဲငယ်များ ဖြစ်ပွားလျှက်ရှိသည်။
သတင်းမှတ်တမ်းနှင့်သုတေသနဌာန
ပလောင်အမျိုးသမီးအစည်းအရုံး

မြောက်ကိုရီးယား နဲ့ မပတ်သက်ရင် မြန်မာကို တောင်ကိုရီးယား အပြည့်အ၀ ကူညီမည်

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာနဲ့ မြောက်ကိုရီးယားအကြား ဆက်ဆံရေးအပေါ် တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်ကို တောင် ကိုရီးယား သမ္မတ အီလ် မြောင်ဘာ့က်က သူ့ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း မြန်မာသမ္မတကို အတိအလင်း ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ ဒီ ကိစ္စအတွက် မြန်မာအစိုးရနဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ပါမယ် လို့လည်း အခိုင်အမာပြောခဲ့သလို မြန်မာနိုင်ငံဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်ကို ဆက်ပြီး ထောက်ခံ အားပေးသွားမယ်လို့လည်း အာမခံခဲ့ပါတယ်။ သူ့ရဲ့ နှစ်ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ်တွေ အတွင်း တွေ့ဆုံ ဆွေးနွေးခဲ့ချိန်မှာ သမ္မတ အီလ်မြောင်ဘာ့က် က အဲဒီိလိုပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်း က သတင်းပေးပို့ထားပါတယ်။
မြန်မာနိုင်ငံကို နှစ်ရက်ကြာခရီးစဉ်အဖြစ် ရောက်နေတဲ့ တောင်ကိုရီးယား သမ္မတဟာ ဒီကနေ့ မနက်ပိုင်းက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ဥက္ကဋ္ဌ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် နဲ့ ရန်ကုန်မြို့ ဆီဒိုးနား ဟော်တယ်မှာ တွေ့ဆုံဆွေးနွေး ပြီးတဲ့နောက် လုပ်တဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲအတွင်း တောင်ကိုရီးယားနိုင်ငံရဲ့ စိုးရိမ်ချက်တွေ နဲ့ မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး ဆိုင်ရာတွေနဲ့ပတ်သက်ပြီး ပြောဆိုခဲ့တာပါ။
မနေ့က နေပြည်တော်မှာ သမ္မတဦးသိန်းစိန်နဲ့ တွေ့ဆုံဆွေးနွေးချိန်အတွင်း ကိစ္စရပ် မျိုးစုံကို ပြောခဲ့တဲ့ အထဲမှာ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြုပြင် ပြောင်းလဲရေး လမ်းကြောင်း ပေါ်ရောက်အောင် လုပ်ဆောင်ခဲ့တဲ့ ဦးသိန်းစိန်အစိုးရအဖွဲ့ကို ပထမဆုံး ချီးကျူး ပြောဆို ခဲ့တာနဲ့အမျှ မြန်မာနိုင်ငံနဲ့ ပတ်သက်ရင် တောင် ကိုရီးယားနိုင်ငံ ရဲ့ အဓိက စိုးရိမ်ချက် ဖြစ်တဲ့ မြောက်ကိုရီးယားနဲ့ ဆက်ဆံ ရေးကို သမ္မတ အီလ်မြောင်ဘာ့က် က အထူး အလေးပေး ပြောဆိုခဲ့တာပါ။

မြောက်ကိုရီးယားနှင့် နျူကလီးယားကိစ္စ ဦးသိန်းစိန် ငြင်းဆို

တောင်ကိုရီယား သမ္မတ လီမြောင်ဘတ် မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်မှု photo by - Eleven Media Group
နိုင်ငံတကာက သံသယရှိနေသော မြန်မာနိုင်ငံသည် မြောက်ကိုရီးယား ထံမှ နျူကလီးယား စီမံကိန်းအပါအ၀င် စစ်ရေး အကူအညီ ရယူခြင်း မရှိကြောင်း သမ္မတ ဦးသိန်းစိန်က ထပ်မံ ငြင်းဆိုလိုက်သည်။

ယမန်နေ့က တောင်ကိုရီးယား သမ္မတ မစ္စတာ လီမြောင် ဘက် နှင့် တွေ့ဆုံရာတွင် ဦးသိန်းစိန်က ပြောကြားခြင်း ဖြစ်ကြောင်း သိရသည်။ ယခင်က အမေရိကန် အပါအ၀င် နိုင်ငံတကာက မြောက်ကိုရီးယားနိုင်ငံ၏ နျူကလီးယား စီမံကိန်းနှင့် ပတ်သက်ပြီး စိုးရိမ်မှုများ ထုတ်ဖော်ပြသခဲ့ရာ မြန်မာကလည်း ငြင်းဆိုထားသည်။

ထို့အပြင် မြန်မာနိုင်ငံတွင်းသို့ တရားမ၀င် နယ်စပ်ဖြတ်ကျော် ရောက်ရှိလာ၍ ဖမ်းဆီးထားသည့် တောင်ကိုရီးယားသို့ သွားရောက် မည့် မြောက်ကိုရီးယားမှ ဒုက္ခသည်ကိုလည်း ပြန်လွှတ်ပေးရန် ဦးသိန်းစိန် က ကတိပြုကြောင်း ကိုရီးယား သတင်းတွင် ဖော်ပြ ထား သည်။

ဧရာဝတီ သတင်းတို

2012/05/15

ဗိုလ်နှုတ်ခမ်းမွေး မူးယစ်ဆေးနှင့် မပတ်သက်ဟု ထိုင်းစစ်တပ် ပြော

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) မှ ဗိုလ်ချုပ် စောလားပွယ် (ခေါ်) ဗိုလ်နှုတ်ခမ်းမွေးသည် မူးယစ်ဆေးဝါးနှင့် ပတ်သက်သည့် အထောက်အထား မရှိကြောင်း ထိုင်းစစ်တပ် အမှတ် ၃ ဒေသမှ တာဝန်ရှိသူ တဦးက ပြောကြားလိုက်သည်။
ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) ထိန်းချုပ်ထားသည့် ဒေသတွင် နယ်စပ်ဂိတ်များ ပြန်ဖွင့်ပေးလိုက်ပြီးနောက် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်မှ လယ်သမားများ မြန်မာပြည်ဘက်သို့ ကူးနေစဉ် (ဓာတ်ပုံ - Bangkok Post)

အမှတ် ၃ ဒေသ စစ်တပ်မှ ပြောခွင့်ရ ပုဂ္ဂိုလ် ဗိုလ်မှူးကြီး Thardsak Ngam Sonong က “မူးယစ်ဆေးဝါးနဲ့ ပတ်သက်ပြီးတော့ ထိုင်း စစ်တပ်ထဲမှာ အချက်အလက်တွေ ရှိပါတယ်။ ဒါပေမယ့် ဗိုလ်ချုပ် နှုတ်ခမ်းမွေးနဲ့ ပတ်သက်တဲ့ အထောက်အထားတွေ မရှိဘူး” ဟု ထိုင်းဘာသာဖြင့် ရေးသားထားသော မန်နေဂျာ အွန်လိုင်း သတင်း အင်တာနက် စာမျက်နှာတွင် မေလ ၁၁ ရက်နေ့က ဖော်ပြထားသည်။
KKO letter of Condolence to Col. Saw Moe Pyu

KKO_letter_of_condolence_to_Col._Saw_Moe_Pyu

2012/05/14

VOA Burmese TV Magazine - May 2nd Week Program 

2012/05/13

ညီညွတ်သော တိုင်းရင်းသားလူမျိုးများကောင်စီ အထူးအစည်းဝေး၏ သဘောထား ထုတ်ပြန်ကြေညာချက်။ UNFC_Statement__May2012__Bur

ပြည်ပရောက်မြန်မာများကို ဦးသိန်းစိန် ဖိတ်ခေါ်

2012-05-12
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးမှာ အမိနိုင်ငံ တိုးတက်ရေး အတွက် ပြည်ပရောက် တတ်သိ ပညာရှင်တွေ စီးပွားရေး လုပ်ငန်းရှင်တွေ ပြန်လာကြဖို့  သမ္မတ ဦးသိန်းစိန် က ဒီကနေ့  ဖိတ်ခေါ်လိုက်ပါတယ်။
AFP
ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ကျင်းပသော မဟာမဲခေါင်ညီလာခံကို တက်ရောက်နေသည့် သမ္မတ ဦးသိန်းစိန်ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၁ ရက်နေ့တွင် တွေ့ရစဉ်။
အခုအခြေအနေမှာ ငွေကြေး အရင်းအနှီး အပြင် လူ့ စွမ်းအား အရင်းအမြစ် ဖွံ့ ဖြိုးတိုးတက်ရေး လိုအပ်ချက်တွေ ရှိနေပြီဖြစ်လို့  နိုင်ငံခြားတိုင်းပြည် အသီးသီးမှာ အကြောင်း အမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေ ပြန်လာရေးကို သူ ဖိတ်ခေါ်နေပါတယ် လို့  ဆိုပါတယ်။ တိုင်းပြည် ပြောင်းလဲ တိုးတက်ရေး အတွက် ပြည်ပရောက် မြန်မာပညာရှင်တွေ ဘာသာရပ် ကျွမ်းကျင်သူတွေ စီးပွားရေး လုပ်ငန်းရှင်တွေ သာမက အလုပ်မျိုးစုံနဲ့  သွားရောက် လုပ်ကိုင်နေကြသူတွေကို ပြန်လာကြဖို့  ထပ်မံ ဖိတ်ခေါ်ကြောင်း ၊ စီးပွားရေး အလုပ်အကိုင်တွေ အတွက် အခက်အခဲများ တင်ပြလာရင် နိုင်ငံတော်က စီစဉ် ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။ သမ္မတဦးသိန်းစိန် ရဲ့ ပြောကြားချက်အပေါ် ပြည်သူ့ ခေတ်ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာ သတင်းစာဆရာ မောင်ဝံသက ကြိုဆိုလိုက်ပါတယ်။

2012/05/12

KNLA ဒုတိယတန်း စစ်ဦးစီးမှူး ဗိုလ်မှူးကြီးမိုးဖြူ ကွယ်လွန်

မေလ ၁၁ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ (ကေအိုင်စီ)

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ၏ စစ်ဦးစီးမှူး ဒုတိယတန်းအဆင့်ရှိသူ ဗိုလ်မှူးကြီးစောမိုးဖြူ ၆၂နှစ်သည် ယနေ့မွန်း လွဲ ၁း၄၅နာရီအချိန်တွင် ဆီးချိုရောဂါဖြင့် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကွယ်လွန်သွားခဲ့သည်။
KNLA မှ စစ်ဦးစီးမှူး တတိယတန်း(G-3) ဗိုလ်မှူးတာမလာသောက “G-2 ဗိုလ်မိုးဟာ ရိုးသားတယ်။ ကြိုးစားတယ်။ တာဝန်သိတယ်။ ရဲဘော်တွေကို အထက်အောက် မခွဲခြားဘဲ ဆက်ဆံတတ်တဲ့သူ ဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
သူသည် မွေးချင်းမောင်နှမ သုံးဦးအနက် ဒုတိယမြောက်ဖြစ်သလို မိဘမျိုးရိုးမှာ ငွေကြေးချမ်းသာသူများဖြစ်ကြောင်းကို ငယ်စဉ်က ကျောင်းနေဖက် ဖြစ်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံးမှ ကျန်းမာရေးတာဝန်ခံ နော်မြိုင်ဖိုးက ယခုလို ပြောသည်။
“သူ့မှာ အမနဲ့ညီမ ရှိတယ်။ ကျောင်းပြီးတာနဲ့ တော်လှန်ရေးထဲကို သူ တခါတည်း ၀င်လုပ်လိုက်တာနဲ့ သူ့အမ အင်ဂျင်နီယာဆို အလုပ်ပါ ပြုတ်သွားတယ်။ သူ့မောင် တောခိုလို့လေ”ဟု ဆိုသည်။
ဗိုလ်မှူးကြီးမိုးဖြူသည် မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ကြိုးဝိုင်းရွာသားဖြစ်ပြီး ခန့်မှန်းခြေအားဖြင့် ၁၉၇၀ခုနှစ်နောက်ပိုင်းတွင် ကရင့်တော် လှန်ရေးသို့ KNU သထုံခရိုင်၊ တပ်မဟာ(၁)မှ စတင် ၀င်ရောက်ခဲ့သည်။
စီးပွားရေးပညာဖြင့် ဘွဲ့ရရှိခဲ့သူ ဗိုလ်မှူးကြီးမိုးဖြူသည် ပြီးခဲ့သည့် ဧပြီလ ၄ရက်နေ့မှ ၁၁ရက်နေ့အထိ မြန်မာအစိုးရနှင့် ပြည်ထောင်စုအ ဆင့် သွားရောက်ဆွေးနွေးခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး-KNU ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ထဲတွင် ပါဝင်ခဲ့သူဖြစ်သည်။
၎င်း၏ဈာပနကို ကေအဲန်ယူ ထိန်းချုပ်နယ်မြေတစ်ခုဖြစ်သည့် တပ်မဟာ(၇)နယ်မြေတွင် လာမည့် တနင်္လာနေ့ (မေလ ၁၄ရက်နေ့)တွင် ပြုလုပ်ပေးသွားမည်ဟု ကေအဲန်ယူအသိုင်းအ၀ိုင်းထံမှ သိရသည်။
copy rights_http://www.kicnews.org/?p=11414#more-11414

ကလိုထူးဘော ကရင် အစည်းအရုံး ထုတ်ပြန်ချက် ၃/၂၀၁၂

 photo

2012/05/11


မြန်မာ့အပြောင်းအလဲ စိတ်မချရသေး

 
 ကြာသပတေး, 10 မေ 2012 By သင်းသီရိ
မြန်မာနိုင်ငံတွင်းက ပြုပြင် ပြောင်းလဲမှုတချို့ကို တွေရပေမယ့် ဒီအခြေအနေတွေဟာ ဘယ်လောက်ထိ ခိုင်မာမှု ရှိမလဲဆိုတာ စောင့်ကြည့်ဖို့ လိုအုံးမယ်လို့ မြန်မာနိုင်ငံကိုရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့  မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ ဒီကနေ့ တွေဆုံအပြီး သတင်းထောက်တွေကို အခုလို ပြောလိုက်တာဖြစ်ပြီး နိုင်ငံမှာ ရင်းနှီး မြုပ်နှုံသူအတွက်ရော တိုင်းပြည်အတွက်ပါ နှစ်ဖက် အကျိုးရှိတဲ့ ဥပဒေပြဌာန်းချက်တွေ ရှိဖို့လိုမယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ မသင်းသီရိက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံကို ရောက်နေတဲ့ ပိုလန် နိုင်ငံခြားရေးဝန်ကြီး H.E Mr. Radoslaw Sikorski နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ မေလ ၁၀ ရက်ကြာသာပတေးနေ့ ညနေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ တစ်နာရီ နီးပါးလောက် တွေ့ဆုံပြီး မြန်မာ့အရေး ဆွေးနွေး ခဲ့ကြပါတယ်။ အဲဒီနောက် ခေါင်းဆောင် ၂ ဦး သတင်းထောက်တွေကို တွေ့ရာမှာတော့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက သူခရီးစဉ်နဲ့ ပတ်သက်လို့ ဦးစွာ ရှင်းပြရာမှာ မြန်မာနိုင်ငံထဲ အပြောင်းအလဲ ရှိလာတာကို မြင်ရတာ အားရပေမယ့် ဒီအပြောင်းအလဲတွေ ခိုင်ခံမှု ရှိမရှိ ဆိုတာကိုတော့ စောင့်ကြည်ဖို့ လိုမယ်ဆိုတဲ့ သူသဘောထား ပြောခဲ့တယ်လို့ ဒီသတင်းစာရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့  ဂျပန် NHK သတင်းဌာနအတွက် ပြည်တွင်းအခြေစိုက် လုပ်ပေးနေသူ သတင်းထောက် ကိုသီဟဆွေက ပြောပြပါတယ်။

“သူ့အနေနဲ့ အဓိက ပြောသွားတာကတော့ အီးယူက တကယ့် မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်ပေါ့နော်။ ဒီ Suspend လုပ်တယ် ဆိုတဲ့ ကိစ္စကလည်း သူတို့က မှန်ကန်တဲ့ ရွေးချယ်မှုပေါ့။ ဆိုတော့ သူတို့က ပိုလန်နိုင်ငံအနေနဲ့ ကတော့ မြန်မာပြည် နိုင်ငံရေး၊ စီးပွားရေး အနေအထားတွေဟာ နောက်ပြန်လှည့် သွားနိုင်လား ဆိုတာကို အနီးကပ် စောင့်ကြည့်ပြီး လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။ နောက်ထပ် သူပြောတဲ့အထဲမှာလည်း စိတ်ဝင်စားဖို့ကောင်းတဲ့တခုက ဘာလဲဆိုတော့ သူတို့ လာရောက် လေ့လာတဲ့အခါမှာ Reform Process တွေက သူတို့ ထင်ထားတာထက် ပိုပြီးတော့ Fragile ဖြစ်တယ်ပေါ့နော်။ ပြန်ပြီးတော့ ပြိုကွဲလွယ်တယ်ပေါ့နော်။ ဆိုတော့ အဲဒါလေး ပြောသွားတာ ရှိပါတယ်။”

ပိုလန်နိုင်ငံခြားရေး ၀န်ကြီးဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ မတွေ့ခင်မေလ ၉ ရက်နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ရော အစိုးရ အဖွဲ့ဝင်တချို့နဲ့ပါ တွေ့ခဲ့ပါတယ်။ အဲဒီမှာ အီးယူက မြန်မာအပေါ်  ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ၁ နှစ် ဆိုင်းငံ့တာနဲ့ ပတ်သက်လို့ ဆွေးနွေးခဲကြပါတယ်။ အီးယူရဲ့ ပိတ်ဆို့မှု ၁နှစ်ဟာ မြန်မာနိုင်ငံအတွက် ထိရောက်မှုမရှိသလို ရေရှည် ရင်းနှီးမြုပ်နှံလိုသူတွေအတွက် အခက်အခဲ ဖြစ်တာမျိုး ရှိတာမို့ လုံးဝရုတ်သိမ်းရေး ကိစ္စတွေကို အစိုးရဖက်က ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။

ဇေကမ္ဘာသိမ်းထားတဲ့ ယာမြေပေါ် ရွှေနံ့သာ လယ်သမားများ စတင် ထွန်ယက်


 
ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ်မှာ ဇေကမ္ဘာ ကုမ္ပဏီနဲ့ မြေယာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရွေနံ့သာ ကျေးရွာက လယ်သမားတွေဟာ အငြင်းပွားနေတဲ့ မြေကွက်ကို ဒီကနေ့ စုဝေး သွားရောက်ခဲ့ပြီး အခုနှစ် စိုက်ပျိုး ရာသီအတွက် စတင် ထွန်ယက် ခဲ့ကြပါတယ်။
ရွှေနံ့သာ ကျေးရွာက လယ်ဧက ၈ ရာကျော်ကို စက်မှု တည်ဆောက်ရေး အကြောင်းပြချက်နဲ့ ဇေကမ္ဘာ ကုမ္ပဏီက သိမ်းယူခဲ့တာပါ။ အဲဒီနောက် ကုမ္ပဏီက မြေတူးစက်တွေနဲ့ လယ်ကန်သင်း ဖြိုဖျက်တာ၊ ကွန်ကရစ်လမ်း ဖောက်လုပ်တာ၊ သံဆူးကြိုး ကာရံတာတွေ လုပ်ဆောင် လာတာကြောင့် လယ်သမားတွေနဲ့ ပဋိပက္ခ ဖြစ်ပွားခဲ့ပါတယ်။
ဒီပဋိပက္ခကို ဒေသခံ အုပ်ချုပ်ရေး အဖွဲ့အစည်း အဆင့်ဆင့်နဲ့ အိုးအိမ် ဦးစီးဌာနအထိ တင်ပြ တိုင်တန်း ခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ် ဦးစီးဌာနက… ဒီလယ်မြေတွေဟာ စက်မှုဇုံ အဖြစ် သတ်မှတ် ထားတဲ့မြေ မဟုတ်ဘဲ လယ်ယာမြေ အဖြစ်သာ စာရင်းပေါက်နေတယ် ဆိုပြီး လယ်သမားတွေကို အကြောင်း ပြန်ခဲ့တယ်လို့ ဒီကိစ္စကို ကူညီဆောင်ရွက် ပေးနေတဲ့ မတူကွဲပြားခြင်းနဲ့ ငြိမ်းချမ်းရေးပါတီ ဥက္ကဋ္ဌ ကိုနေမျိုးဝေက ပြောပါတယ်။
သိမ်းယူထားတဲ့ မြေပေါ်မှာ ဇေကမ္ဘာ ကုမ္ပဏီက လုံခြုံရေး ဝန်ထမ်းတွေ စောင့်ကြပ်ပြီး မြေထိုးစက်တွေနဲ့ မြေညှိ၊ မြေပြင်တာတွေ လုပ်နေတဲ့အပေါ် မြေအသိမ်းခံ လယ်သမားတွေက မခံမရပ်နိုင် ဖြစ်ပြီး သူတို့ပိုင် လယ်မြေတွေမှာ အခုလို စုပေါင်း ထွန်ယက် ခဲ့ကြတာ ဖြစ်ပါတယ်။
Copy from - RFA Burmese