Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/06/30

ဂျပန်က မြန်မာ့ ဒီမိုကရေစီရေး ဆက်ကူညီမည်

Makiko_Kikuta
ပါကစ္စတန်နိုင်ငံ အစ္စလာမ်မာဘက်မြို့၌ ၂၀၁၀ နိုဝင်ဘာ အတွင်းက ကျင်းပသော ဖွံ့ဖြိုးရေး ဖိုရမ်တွင် ပြောဆိုရှင်လင်းနေသည့် မစ္စ မခိကို ခိခုတ (ဓာတ်ပုံ - uk.emb-japan.go.jp)
သီပေါစော်ဘွား၏ မဟာဒေ၀ီ စ၀်သုစန္ဒီနှင့် တွေ့ဆုံမေးမြန်းခန်း

အစိုးရက ကချင်နဲ့ ဆွေးနွေးဖို့ ဖွဲ့စည်း

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် ၂ဝ၁၁ ခုနှစ် ဇွန်လအတွင်း တရုတ်-မြန်မာနယ်စပ် လိုင်ဇာမြို့ကို ဝင်ရောက် ခိုလှုံလာသော မြန်မာနိုင်ငံသား တချို့ကို တွေ့ရပုံ။
2011-06-28

အစိုးရနဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့တို့ ဖြစ်ပွားနေတဲ့ တိုက်ပွဲများ ရပ်ဆိုင်းရေး အတွက် စေ့စပ် ဆွေးနွေးဖို့ မနေ့က ကချင်ပြည်နယ် ၀န်ကြီးချုပ်က အဖွဲ့ဝင် ငါးဦးပါ အဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရှိရပါတယ်။

ဒီအဖွဲ့ကို ပြည်သူ့ကိုယ်စား ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ကြားဝင် စေ့စပ်ရေးအဖွဲ့လို့ အမည်ပေး ထားပါတယ်။ အဖွဲ့မှာ ပါဝင်တဲ့ ပုဂ္ဂိုလ်များနဲ့ ပတ်သက်ပြီး အဖွဲ့ဝင် တဦးဖြစ်တဲ့ ကချင်အမျိုးသား အတိုင်ပင်ခံ အဖွဲ့ ဥက္ကဌ ဦးဆင်ဝါးနော်က အခုလိုပြောပါတယ်။
 
"ကချင်အတိုင်ပင်ခံက တယောက်ဖြစ်တဲ့ ကျနော် ဦးဆင်ဝါးနော် ပါတယ်။ အမျိုးသားလွှတ်တော်က ဦးချက်ထိန်နန်၊ နယ်ခြား ဖွံ့ဖြိုးရေးနဲ့ လုံခြုံရေး တာဝန်ခံ အစိုးရအဖွဲ့ထဲက ဗိုလ်မှူးကြီး သန်းအောင်၊ စရန က ဗိုလ်မှူး နိုင်လင်း၊ နပခ တိုင်းအဆင့်က ဗိုလ်မှူးကြီး ထွန်းထွန်းအုန်း၊ ကျနော်တို့ ၅ ယောက်ကို ကချင်ပြည်နယ် ၀န်ကြီးချုပ်က ခေါ်ပြီး ဖွဲ့လိုက်တာပါ။"
 
ဒီအဖွဲ့ဟာ ဆက်သွယ်ရေး ၀န်ကြီးဟောင်း ဦးသိန်းဇော်နဲ့ ညိုနှိုင်းပြီး လုပ်ငန်းများကို အကောင်အထည် ဖေါ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီအဖွဲ့ ဖွဲ့စည်း လိုက်တာနဲ့ ပတ်သက်ပြီး KIO ကတော့ သူတို့ထံ တရားဝင် ဆက်သွယ် အကြောင်းကြားတာ မရှိသေးဘူးလို့ ပြောပါတယ်။ KIO အဖွဲ့ တွဲဘက် အတွင်းရေးမှူး ဦးလနန်းက အခုလိုပြောပါတယ်။
 
"သူတို့ ဘာရည်ရွယ်ပြီး ဖွဲ့တယ်ဆိုတာ ကျနော်တို့ ကောင်းကောင်း မသိသေးဘူး။ ဒါပေမဲ့ သူက အပစ်အခတ် ရပ်ဆိုင်းရေး အဆင့်ကို လုပ်ဖို့အတွက် ဆိုရင်တော့ ကျနော်တို့ သိမှာပါ။ သူတို့ ဘာရည်ရွယ်ချက် ရှိတယ် ဘာတွေ ပြောမယ် ဆိုတာကို အရင် နားထောင်ရမှာပါ။ သိပြီးတော့မှ ကျနော်တို့ ဘာလုပ်မယ် ဆိုတာကို တဆင့် တက်မှာပါ။"
 
ပြီးခဲ့တဲ့ ဇွန်လ ၁၃ရက်နေ့က ပထမဆုံး အကြိမ်အဖြစ် ဦးသိန်းဇော်က ကချင် အမျိုးသား အတိုင်ပင်ခံ အဖွဲ့ဥက္ကဌ ဦးဆင်ဝါးနော် အပါအ၀င် အတိုင်ပင်ခံ အဖွဲ့ဝင်လေးဦးကို KIO အဖွဲ့ထံ စေလွတ်ခဲ့ တာဖြစ်ပြီး၊ ဇွန်လ ၁၆ ရက်နဲ့ ၁၇ ရက်နေ့တွေမှာ ကိုယ်တိုင် KIO ကို အဆက်အသွယ် လုပ်ခဲ့ပါတယ်။
KIO အဖွဲ့က အပစ်အခတ် မရပ်ခင် ခိုင်မာတဲ့ အာမခံချက် တောင်းခံထားတဲ့ စာပေးပို့ထားပြီး အစိုးရဘက်က ပြန်ကြားချက် တစုံတရာ မပေးသေးဘူးလို့ သိရပါတယ်။
 
Copy from - rfa.org/

ပြည်ထဲရေးဝန်ကြီးဋ္ဌာနရဲ့ မတရားသည့် ကြေငြာချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ကြေငြာချက်..

2011/06/29

တိုင်းရင်းသားဒေသ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ဂျပန်အစိုးရမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲ







၂၀၁၁ ခုနှစ် ဇွန်လ (၂၈)ရက်။

တိုင်းရင်းသား ဒေသများအတွင်း ကြံ့ဖွတ် စစ်အစိုးရမှ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်တန့်စေရန် အတွက် ဂျပန်အစိုးရမှ ၀င်ရောက် တားဆီးပေးပါရန် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို Kasumigaseki အရပ်ရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရုံးရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)မှ တာဝန်ယူ ကျင်းပပြုလုပ်ပြီး တိုင်းရင်းသား ဒေသများ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ် သတ်ဖြတ် နေမှုများကို ဂျပန် အစိုးရမှ ၀င်ရောက် တားဆီးပေးဖို့ ပြည်တွင်းစစ် ရပ်စဲရန်အတွက် မြန်မာအစိုးရသစ် စစ်အုပ်စုအား ဖိအားပေး တောင်းဆိုပေးရန် ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုခဲ့ကြပါသည်။ တိုက်တွန်း တောင်းဆိုသည့် စာကို NDB-Japan တာဝန်ခံ ၅ ဦးတို့မှ သွားရောက် ပေးပို့ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အရှ ရေးရာဝန်ခံ တဦးဖြစ်သူ Mr.TOMIOKA မှ လက်ခံရယူခဲ့ပါသည်။

ဆက်လက်ပြီး ဇူလိုင် လဆန်းတွင် ဂျပန်အစိုးရသည် ၂၀၁၀ ရွေးကောက်ပွဲဝင် နိုင်ငံရေးပါတီမှ ကိုယ်စားလှယ်များကို လာရောက်ရန် ဖိတ်ကြားထားသည့် ဂျပန်အစိုးရ၏ လုပ်ရပ်သည် နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan၏ ရပ်တည်ချက် ကန့်ကွက်သည့် သဘောထား များတို့ကို ပေးပို့ခဲ့ကြကြောင်း၊ ဂျပန်အစိုးရ၏ မြန်မာနိုင်ငံအပေါ် ထားရှိသည့် ရပ်တည်ချက် သဘောထားများ တို့ကို မေးမြန်းခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
သတင်းဓါတ်ပုံ ။ Moe Min Thu

နောက်ဆုံးရ ကချင်ပြည်နယ် သတင်းများနှင့် လက်ရှိ တိုက်ပွဲအခြေအနေများ...

ကချင်ပြည်နယ် အတွင်း ဖြစ်ပေါ်နေသော တိုက်ပွဲများကြောင့် လိုင်ဇာမြို့သို့ ထွက်ပြေးရောက်ရှိလာသော စစ်ဘေးဒုက္ခသည်များအား ကချင်လွတ်မြောက်ရေးတပ်မတော် KIA မှလူကြီးများက သွားရောက်ကြည့်ရှု အားပေးနေစဉ်...
ကျဆုံးသွားတဲ့ KIA တပ်သားတစ်ဦးရဲ့ ဈာပနအခမ်းအနား
တိုင်းရင်းသား ကချင် စစ်ပြေးဒုက္ခသည်များ...

ယနေ့နောက်ဆုံးရ ကချင်သတင်းများ...
ယနေ့ ဇွန် (၂၈)တွင် ကေအိုင်အေ ဌာနချုပ်ရှိရာ မိုင်ဂျာယန်သို့ ခိုးဝင်လာတဲ့ စစ်သား (၆) ဦးအား လက်နက်များနှင့်အတူ ကေအိုင်အေ မျိုးချစ်ရဲဘော်များက ဖမ်းဆီးထားနိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။ မိုင်ဂျာယန်နှင့် စစ်အစိုးရတပ်များ ရှိရာနေရာမှာ ချောင်းတစ်ခုသာ ခြားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို သရုပ်ဖော် ရိုက်ကူးထားတဲ့ The Lady ဇာတ်ကားရဲ့ သရုပ်ဆောင် ကမ္ဘာကျော် ဟောလိဝုဒ် မင်းသမီး Michelle Yeoh ပြည်ဝင်ခွင့် ပိတ်ပင်ခံရပြီး ရန်ကုန်လေဆိပ်မှ ပြန်လည် ပိုဆောင်ခံရ...


မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို သရုပ်ဖော် ရိုက်ကူးထားတဲ့  The Lady ဇာတ်ကားရဲ့ သရုပ်ဆောင်  နာမည်ကျော် ဟောလိဝုဒ် မင်းသမီး  Michelle Yeoh ဟာ ပြီးခဲ့တဲ့ ဇွန်လ(၂၂)ရက်နေ့က ရန်ကုန်လေဆိပ်ကို ရောက်ရှိလာစဉ် မြန်မာအာဏာပိုင်များမှ Black List စာရင်းတွင် ပါဝင်သည်ဟုဆိုကာ ပြည်ဝင်ခွင့် ပိတ်ပင်ခဲ့ပြီး ထိုနေ့မှာပင် ပြန်လည် ပို့ဆောင်လိုက်ကြောင်း သိရှိရပါတယ်...။

Drama / Romance / ဘဝသရုပ်ဖော်တွေ ပါရှိတဲ့ အဆိုပါ ရုပ်ရှင်ဇာတ်ကားအား ပြင်သစ်ဒါရိုက်တာ Luc Besson ကရိုက်ကူးပြီး လာမည့် အောက်တိုဘာလမှာ ကမ္ဘာနဲ့အဝှမ်း ရုံတင်ပြသမှာ ဖြစ်ပါတယ်..။ အဆိုပါ The Lady ဇာတ်ကားရဲ့ ဇာတ်ဝင်ခန်းတစ်ချို့အား ပြီးခဲ့တဲ့ ဒီဇင်ဘာလက မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ သွားရောက်ခဲ့ပါတယ်...။ မလေးရှားနိုင်ငံဖွား ဟောလိဝုဒ်  ကမ္ဘာကျော် မင်းသမီး  Michelle Yeoh မှ အဆိုပါဇာတ်ကားကို ရိုက်ကူးခြင်းဖြင့် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝဇာတ်ကြောင်းကို ပိုမို သဘောပေါက်လာလိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြီးခဲ့တဲ့ ဟောင်ကောင်သို့ ရောက်ရှိစဉ် ပြောဆိုသွားခဲ့ပါတယ်..။ သတင်းများ အကျဉ်းချုပ် ဘာသာပြန်တင်ပြပါသည်...။

ဒါကတော့ ဒီမိုကရေစီ အစိုးရလို့ အာခေါင်ချစ်အော်နေတဲ့ သမ္မတကြီးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ပါပဲ...။ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်လာရင် ကမ္ဘာသိရော ကမ္ဘာမသိရော ဘာမှ ဂရုမစိုက် မည်မျှ အငြိုးအတေးထား ကြောက်ရွံ့ကြတယ်ဆိုတာ ယခုဖြစ်ရပ်က သက်သေပြနေပါတယ်...။ ဇာတ်ကားက ရုံတင်ပြသခြင်းတောင် မရှိသေးခင်မှာ သရုပ်ဆောင် ကမ္ဘာကျော် မင်းသမီးကို တားမြစ်ပိတ်ပင်ပြလိုက်ပါပြီ။  မင်းသမီး  Michelle Yeohဆိုတာ ပရဟိတ လူမှုရေးလုပ်ငန်းတွေပါ လုပ်ဆောင်နေတဲ့  ကမ္ဘာကျော် ရုပ်ရှင်မင်းသမီး တစ်ယောက်ပါ..။ ရုပ်သေးဦးသိန်းစိန်အစိုးရရဲ့ လုပ်ရပ်ကတော့ အင်မတန် အကျဉ်းတန်တဲ့ လုပ်ရပ်ပါပဲ..။ သိမ်ဖျင်းတဲ့ လုပ်ရပ်ကတော့ ဒေါ်အောင်ဆန်းစုကြည် ရုပ်တူ သရုပ်ဆောင်သူ ကိုပါ ဒုက္ခပေးတာပါပဲ။ ဇာတ်ဝင်ခန်းတွေမှာ ကြည့်ရတာ နောက်ကွယ်က ဘဘကြီး သန်းရွှေရဲ့ သရုပ်ဆောင်ကွက်တွေလည်း ပါတယ်လေ။ ရုပ်ရှင်အခွေ ထွက်လာရင်လည်း ပြည်တွင်းမှာ လက်သိပ်ထိုးကြည့်ကြရမှာ မြေကြီးလက်ခတ်မလွဲပါပဲ..။ အရာရာကို အာဏာပေတံနဲ့ တိုင်းနေတဲ့ ရုပ်သေးအစိုးရရဲ့ လုပ်ရပ်ကတော့ တော်ရှာပါပေတယ်ဟေ့ တော်ရေလို့ ဆိုစမှတ်ပြုလောက်ပါပေတယ်..။ မင်းသမီး  Michelle Yeohအနေနဲ့လည်း အဆိုပါ အာဏာရှင် ရုပ်သေးအစိုးရအား Black List ပြန်သွင်းသင့်ပါတယ်...။ အဆိုပါ မတရား ပြန်လည်ပို့ဆောင်မှုအားလည်း နိုင်ငံတကာကို မီးမောင်းထိုးပြပေးပြီး ကန့်ကွက်ပေးပါလို့ မေတ္တာရပ်ခံအပ်ပါတယ်။

copy rights_http://www.demowaiyan.co.cc/2011/06/lady-michelle-yeoh.html

2011/06/28

ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် ဇွန်လ (၂၇)ရက်။


တိုင်းရင်းသား ဒေသများအတွင်း ကြံ့ဖွတ် စစ်အစိုးရမှ ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက် နေမှုအား ရပ်တန့်စေရန် အတွက် ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပေးပါရန် တောင်းဆိုသည့် ဆန္ဒပြပွဲကို တိုကျို SHIBUYA ရှိ UN အဆောက်အဦး ရှေ့တွင် ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီအထိ မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ ဦးဆောင်၍ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဆက်လက်ပြီး တိုင်းရင်းသား ဒေသများ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ် သတ်ဖြတ် နေမှုများကို တက်ရောက်လာကြသည့် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ခံ ကိုယ်စားလှယ်များတို့မှ ရှုတ်ချ ကန့်ကွက် ခဲ့ကြကြောင်း ထိုးစစ်ဆင် တိုက်ခိုက်မှုများ၊ လူ့အခွင့်အရေး ချိုးဖေါက်မှုများ အမြန်ဆုံး ရပ်ဆိုင်းရန်အတွက် ကုလသမဂ္ဂမှ ၀င်ရောက် တားဆီးပြီး အမြန်ဆုံး အရေးယူ ဖြေရှင်းပေးပါရန် မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့် စာကို UN ဂျပန် ရုံး တာဝန်ခံ ကနေတဆင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းထံသို့ ပေးပို့ခဲ့ပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် စုစုပေါင်း အင်အား ၁၀၀ ခန့် တက်ရောက်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Aung Htoo Thein

မန္တလေး ကျောက်ဝိုင်း ရန်ပွဲ ရဲ ၁၀၀ ကျော် ရောက်လာ



မန္တလေးမှာ တရုတ်ပြည်ကလာတဲ့ ကျောက်ဝယ်သူတချို့ နဲ့ မန္တလေးကျောက်လောကသားတချို့ ဒီနေ့ ပဋိပက္ခဖြစ်ကြတယ်တဲ့။

Facebook မှာ တွေ့ရတဲ့ ဓာတ်ပုံတွေ အချက်အလက်တွေကို ကူးယူ ဖော်ပြလိုက်ပါတယ်။

(ပထမဆုံးပုံမှာ ရဲတွေကို အနီးကပ် ဓာတ်ပုံရိုက်နေသူတယောက်ကို တွေ့ရမယ်။ ဆိုင်ကယ်ဦးထုပ် အနီနဲ့။ လုံခြုံရေးအရ ဦးထုပ်ဆောင်းထားတာလို့ ယူဆရပါတယ်။ တခြားပုံတွေမှာလည်း တယ်လီဖုန်းနဲ့ ဓာတ်ပုံရိုက်မှတ်တမ်းတင်သူတွေကို တွေ့ရမှာပါ။ မီဒီယာကို ထိန်းဖို့ဆိုတာ မလွယ်တော့ပါ)။

မနက်ကိုးနာရီလောက်က စဖြစ်တယ်ပြောတယ်။ ကိုမော်ကြီးဆိုတဲ့ကျောက်သမားဆီက သိန်းလေးဆယ်နဲ့ဈေးဖြတ်ထားတဲ့ ကျောက်ကိုတရုတ်တွေ မယူလို့ စကားများပြီး တရုတ်တွေက ကိုမော်ကြီးကို ၀ိုင်းထိုးကြတယ်။

အဲဒီမှာ မြန်မာတွေအများကြီးဝိုင်းလာပြီး ထုကြနှက်ကြပေါ့။ နောက်တော့ ရဲတွေ ရောက်လာတယ်။ တရုတ်တွေရှိတဲ့ဆိုင်ကို မြန်မာတွေ အများကြီးဝိုင်း ထားတဲ့နေရာကို ငါးမြို့နယ်က ရဲတပ်ဖွဲ့အင်အား ၁၀၀ လောက်လာပြီးကာထားရတယ်။ အုပ်ချုပ်ရေးရုံးကနေ မြန်မာတွေ လူစုခွဲဖို့ မိုက်နဲ့ အဆက်မပြက် အော်နေတယ်။ မြန်မာတွေလည်း လူစုမခွဲပဲ များများလာတယ်။

နောက်ပိုင်းတရုတ်တွေကို ရဲကားနဲ့ ထုတ်သွားရတယ်။ အားလုံးပေါင်း တရုတ် ၆ ယောက်ကို လက်ထိပ်ခက်ပြီး ခေါ်သွားတယ်။ အထိုးခံရတဲ့ ကိုမော်ကြီးကိုတော့ ဆေးရုံပို့လိုက်ရတယ်လို့ သိရပါတယ်။

ဒီနေ့တော့ ကျောက်ဝိုင်းကို ပိတ်လိုက်ပြီး အပြင်ကလူတွေ အ၀င်မခံတော့ပါဘူး။
ပြဿနာတက်ခဲ့တဲ့ တရုတ်ဆိုင်

ပြဿနာတက်တဲ့ တရုတ်တွေ

ဝိုင်းအော်နေတဲ့ကြားကတရုတ်တွေကိုကားနဲ့ထုတ်သွားတယ်

တရုတ်ဆိုင်ကိုမြန်မာတွေအများကြီးဝိုင်းထားတယ်။ ၀ိုင်းဆဲကြတယ်

ရဲကအကာအကွယ်ပေးပြီး တရုတ်တွေကိုထုတ်သွားရတယ်
copy rights_http://www.irrawaddyblog.com/2011/06/blog-post_1412.html

2011/06/27

ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးအတွက် နေမင်းထွန်း၏ တိုက်တွန်းနှိုးဆော် ချက်


 Sunday, June 26, 2011

ပေးပို့ - ရဲဘော်ကျော်သန်း
အရေးကြီးတဲ့ အချိန်ကို ရောက်နေပြီဖြစ်တဲ့အတွက် ကျနော်တို့ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည်ကို ကာကွယ်စောင့်ရှောက်ပေးကြပါရန် ကျနော် နေမင်းထွန်းမှ တိုက်တွန်းနှိုးဆော်လိုက်ပါတယ် ခင်ဗျာ ...။ မြန်မာပြည်တွင်းသို့ သေနတ်လက်ကိုင်ဖုန်းအမျိုးစား ဟမ်းဖုန်းများ တိတ်တဆိတ် ၀င်ရောက်နေပါ တယ်။ မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နယ်စည်းရုံးရေးခရီးစဉ် စထွက်မယ့် အချိန်နဲ့ လုံးဝတိုက်ဆိုင်နေပါသဖြင့် မိမိတို့အနေနဲ့ မိမိတို့ရဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအား အုပ်တချပ် သဲတပွင့်အနေဖြင့် ကာကွယ်စောင့်ရှောက်ပေးကြပါရန်။

AUN-Japan ၏ ညီလာခံနှင့် အလုပ်အမှုဆောင် ကော်မီသစ် ရွေးကောက် တင်မြှောက်သည့် အခမ်းအနား




၂၀၁၁ ခုနှစ် ဇွန်လ (၂၆)ရက်။
ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည်း(ဂျပန်) Association of United Nationalities in Japan, AUN-Japan ၏ ညီလာခံ အခမ်းအနားနှင့် ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် အလုပ်အမှုဆောင် ကော်မတီသစ် ရွေးချယ် တင်မြှောက်သည့် အခမ်းအနားကို တိုကျိုမြို့ KOMAGOME Bunka Center မှာ ယနေ့ ဇွန်လ ၂၆ ရက် ညနေ ၆း၀၀ နာရီမှ ၉း၀၀ နာရီအထိ အောင်မြင်စွာ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

အခမ်းအနားတွင် ဂျပန်ရောက် တိုင်းရင်းသား အဖွဲ့အစည်းအသီးသီးများတို့မှ တာဝန်ခံများ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြပြီး စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေး ၊ စစ်မှန်သော ဒီမိုကရေစီစနစ် ရရှိရေးနှင့် တန်းတူညီမျှသော ဖက်ဒရယ် ပြည်ထောင်စု စနစ် ပေါ်ထွန်းရေး နိုင်ငံရေး ဦးတည်ချက်များဖြင့် စုပေါင်း အကောင်အထည် ဖေါ်ဆောင်သွားရန် ညီလာခံတွင် အတည်ပြု ဆုံဖြတ်ခဲ့ကြပါသည်။

ဆက်လက်ပြီး အလုပ်အမှုဆောင် ကော်မတီ ရွေးချယ်ရာတွင် AUN-Japan၏ အဖွဲ့ဝင် အဖွဲ့အစည်း အသီးသီးမှ အချိုးကျ ရွေးချယ်သည့် ကိုယ်စား (၂၆) ဦးတို့မှ ၂၀၁၁ - ၂၀၁၂ ခုနှစ် အတွက် လုပ်ငန်းစဉ်များကို ဦးဆောင် အကောင်အထည် ဖေါ်ဆောင်သွားရန်အတွက် AUN-Japn ဥက္ကဌ အဖြစ် ဦးဇော်မင်းခိုင် အား လည်းကောင်း၊ တွဲဘက် ဥက္ကဌ (၁) အဖြစ် မိုင်ကျော်ဦး ၊ တွဲဘက် ဥက္ကဌ (၂) အဖြစ် စိုင်းစီဝမ် အား လည်းကောင်း ရွေးချယ် ခဲ့ကြပါသည်။ အထွေထွေ အတွင်းရေးမှုး အဖြစ် နော်အယ်မူ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၁) အဖြစ် ဦးကျော်သန်းလှိုင် ၊ တွဲဘက် အထွေထွေအတွင်းရေးမှုး(၂)အဖြစ် စိုင်းနွဲ့ တို့အား အများဆန္ဒနှင့်အညီ ရွေးချယ် တာဝန် ပေးခဲ့ကြပါသည်။ ယနေ့ ရွေးကောက်ပွဲ အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများ၏ နာယက စိုင်းဆမ်မုမ် ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဌ အဖြစ် ကူညီ ဆောင်ရွက်းပေးခဲ့ပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

June 26, 2011,

မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီက ကြိုးပေး သတ်ဖျက်တာ ခံခဲ့ရတဲ့ ရန်ကုန် တက္ကသိုလ်က ကျောင်းသား ခေါင်းဆောင် (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၃၅ နှစ်ပြည့် နှစ်ပတ်လည် အထိမ်းအမှတ် အနေနဲ့ သူ့ရဲ့ ကြွေးကြော်သံတွေ ပါဝင်တဲ့ လက်ကမ်း စာစောင်တွေ ဖြန့်ဝေတဲ့ လှုပ်ရှားမှု တခု ဒီကနေ့ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်၊ မန္တလေးအပါအ၀င် မြေလတ်ဒေသတွေက မြို့အချို့မှာ ဖြန့်ဝေခဲ့ကြတာ ဖြစ်တယ်လို့ လှုပ်ရှားမှု ဦးဆောင် ပြုလုပ်နေသူ တဦးက ဒီဗွီဘီကို ပြောပါတယ်။

စစ်အုပ်စုရဲ့ ပထမဆုံး ကြိုးပေး သတ်ဖျက်တာ ခံခဲ့ရတဲ့ ကျောင်းသား ခေါင်းဆောင်တဦးရဲ့  သမိုင်းကြောင်းကို လူငယ်တွေ သိရှိအောင် ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်ကိုလည်း သူကပဲ အခုလို ဆက်ပြောပြပါတယ်။

“တချို့ဝေးနေတာ ရှိတယ်။ တချို့က နီးနီးကပ်ကပ်နဲ့ ရှိနေတာတွေ ရှိတယ်။ ကျနော်တို့ဆိုရင် ဒီလှုပ်ရှားမှုမှာ နီကပ်နေတဲ့သူ ဖြစ်တဲ့အတွက် ကိုဆလိုင်းတင်မောင်ဦးကို မေ့မှာ မဟုတ်ဘူး။ ကျနော်တို့ ကျောင်းသားတွေက အမှု့မဲ့ အမှတ်မဲ့ နေတာ မဟုတ်ဘူးဗျ။ သူတို့ မသိလိုက်တဲ့ ကိစ္စပေါ့။ သမိုင်းက အာဏာရှင်တွေရဲ့ ဖြတ်တောက်ခြင်းကို ခံလိုက်ရတဲ့အတွက်ကြောင့် ဒီကျောင်းသားတွေ မသိတာပဲ ဖြစ်ပါတယ်။ အခု ကျနော်တို့ သိအောင်လုပ်တာပါပဲ။”

၁၉၇၄ ခုနှစ် ဦးသန့်အရေးအခင်းကို ဦးဆောင်ခဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား (ချင်းတိုင်းရင်းသား) ဆလိုင်းတင်မောင်ဦးကို မဆလစစ်အစိုးရက ဇွန်လ ၂၆ ရက်နေ့မှာ ကြိုးပေး သတ်ဖြတ်ခဲ့တာဖြစ်ပြီး သူကွယ်လွန်တဲ့ ၃၅ နှစ်မြောက် နှစ်ပတ်လည် အထိမ်းအမှတ် အဖြစ် ရန်ကုန်မြို့ အပါအ၀င် ထိုင်းမြန်မာနယ်စပ်၊ အိန္ဒိယနဲ့ ကနေဒါနိုင်ငံတွေမှာလည်း ဒီမိုကရေစီရေးနဲ့ လူ့အခွင့်အရေး တက်ကြွ လှုပ်ရှားသူတွေက အထိမ်းအမှတ် အခမ်းအနားတွေကို ပြုလုပ်ခဲ့ကြပြီး စာတမ်း ဖတ်ကြားတာတွေလည်း ရှိခဲ့ပါတယ်။

Copy from - DVB

2011/06/26

 နောင်တော် ကျောင်းသားခေါင်းဆောင်ကြီး ဆလိုင်း ကိုတင်မောင်ဦးအား ဦးညွှတ်အလေးပြုအပ်ပါတယ်။






နောင်တော် ကျောင်းသားခေါင်းဆောင်ကြီး ဆလိုင်း ကိုတင်မောင်ဦးအား ဦးညွှတ်အလေးပြုအပ်ပါတယ်။

Copy from - niknayman.blogspot.com

လိုင်ဇာမြို့အနီး တိုက်ပွဲဖြစ်ပွား


မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးတပ်မတော် KIO နဲ့ ဖြစ်ပွားနေတဲ့ တင်းမာမှုအခြေအနေတွေ ငြိမ်သက်သွားပြီလို့ ဆိုပေမယ့် KIO ကချင်လွတ်မြောက်ရေးအဖွဲ့ ဌာနချုပ်ရှိတဲ့ လိုင်ဇာမြို့အနီးမှာ ဒီကနေ့ မနက်ပိုင်းအထိ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလဆန်းကစပြီး KIA နဲ့ မြန်မာအစိုးရတပ်တွေကြားမှာ တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဒီမနက် လိုင်ဇာဌာနချုပ် အနီးမှာ ဖြစ်ခဲ့တဲ့တိုက်ပွဲကတော့ လောလောဆယ် နောက်ဆုံးအခြေအနေ ဖြစ်ပါတတယ်။
ဒါ့ကြောင့်လည်း လိုင်ဇာ တ၀ိုက်မှာ ကချင်ဒုက္ခသည်တွေ ၅ ထောင်နီးပါး ရှိနေသလို တောထဲမှာ ထွက်ပြေးပုန်းအောင်းနေရတဲ့ ကချင်ဒုက္ခသည်အရေအတွက်ဟာဆိုရင်လည်း ၃ ထောင်လောက် ရှိတယ်လို့  KIA ကပြောပါတယ်။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဦးစံမိုးဝေ က တင်ပြပေးထားပါတယ်။
လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ကချင်လွတ်မြောက်ရေး တပ်မတော် KIA နဲ့ အစိုးရတပ်တို့ကြားမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ပြေလည်သွားပြီလို့ ပြောပြီး နောက်တနေ့  စနေနေ့၊ ဒီကန့ မနက်ပိုင်းမှာပဲ KIA နဲ့ အစိုးရတပ်တွေ ထပ်မံ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ အခုနောက်ဆုံးဖြစ်တဲ့ တိုက်ပွဲဟာ KIO ဌာနချုပ် ရှိတဲ့ တရုတ်-မြန်မာနယ်စပ်၊ လိုင်ဇာမြို့နဲ့ အနီးဆုံးနေရာမှာ ဖြစ်ခဲ့တာပါ။ ၈ မိုင်လောက်ပဲ ဝေးတယ်လို့ KIO အဖွဲ့က ပြောပါတယ်။ တိုက်ပွဲနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို မသိရသေးပေမဲ့ တိုက်ပွဲဖြစ်ပွားတာ မှန်ကန်တဲ့အကြောင်း KIO ဗဟိုကော်မတီဝင် တွဲဘက် အထွေထွေအတွင်းရေးမှူး ဦးလာနန်က ဗွီအိုအေကို ပြောပါတယ်။

2011/06/25

တိုင်းရင်းသား ဒေသများအတွင်း ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကြံ့ဖွတ် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက် ဆန္ဒပြ(တိုကျို)




၂၀၁၁ ခုနှစ် ဇွန်လ (၂၄)ရက်။

တိုင်းရင်းသား ဒေသများအတွင်း ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကြံ့ဖွတ် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက်သည့် ဆန္ဒပြပွဲကို တိုကျိုရှိ မြန်မာစစ်အခွန်ရုံး(သံရုံး)ရှေ့တွင် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများ စုပေါင်း ပါဝင်သော မြန်မာနိုင်ငံ ဒီမိုကရေစီ ကွန်ယက်(ဂျပန်)NDB-Japan မှ ဦးဆောင်၍ ယနေ့ ညနေ ၃း၀၀၀ နာရီ မှ ၄း၁၅ နာရီအထိ ကျင်းပခဲ့ကြပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် ကချင်ပြည်နယ်အတွင်း ထိုးစစ်ဆင် တိုက်ခိုက်နေသော စစ်ပွဲများ ရပ်ဆိုင်းရေးအတွက် တောင်းဆိုသည့် လှုပ်ရှားမှုကို ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှု အဖြစ် ပြည်ပရောက် ကချင်အမျိုးသားများ နိုင်ငံအသီးသီးတွင် တပြိုင်တည်း ကျင်းပခဲ့ကြကြောင်းနှင့် ကချင်ပြည်နယ်တွင်း ကျုးကျော် ထိုးစစ်ဆင် တိုက်ခိုက်နေသည့် ကြံ့ဖွတ် စစ်အစိုးရအား ရှုတ်ချ ကန့်ကွက်ခဲ့ကြကြောင်းကို KNO-Japan ဥက္ကဌ ပီတာ ဘရန်ဆိုင်းမှ ရှင်းလင်း ပြောကြားသွားပါသည်။
ဆက်လက်ပြီး သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်)တွဲဘက် ဥက္ကဌ စိုင်းညွန့်မောင် မှ ၂၀၁၁ ခုနှစ် မတ်လ ၁၃ ရက်မှစတင်၍ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ရာ အရပ်သားပြည်သူများ ရှိသည့် နေရာတွေကို ရွေးချယ် ထိုးစစ် ဆင်ခဲ့သည့်အတွက် အပြစ်မဲ့ ပြည်သူ အများအပြား သေဆုံးမှုများ ရှိကြောင်း အတင်းအကျပ် နေရာ ရွှေ့ပြောင်းခိုင်းခြင်း ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခြင်း ၊ အမျိုးသမီးတွေကို မတော်မတရား ကျင့်တာ ဒီလူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရှုတ်ချ ကန့်ကွက်ကြောင်းနှင့် သျှမ်းပြည် SSA/SSP တပ်မတော်ကို ထိုးစစ်ဆင်တိုက်ခိုက်ရာမှာ ဓါတုလက်နက် အသုံးပြုခဲ့ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်း ပြောကြားသွားပါသည်။

ကရင်ပြည်နယ်အတွင်း နေ့စဉ် တိုက်ပွဲများ ဆင်နွဲနေသလို၊ နယ်ခြားစေါင့် တပ်အဖြစ် လက်မခံသော DKBA တပ်များကိုလည်း အပြင်းအထန် တိုက်ခိုက် လျှက်ရှိသည်။ တချိန်တည်းတွင် အရပ်သား ကျေးရွာသားများကို စစ်တပ်ရှေ့ပြေး အကာကွယ်အဖြစ် အသုံးပြု နှင့် အကျဉ်းသား များကိုလည်း ပေါ်တာဆွဲကာ ရှေ့တန်းတွင် လူသား မိုင်ရှင်း ကရိယာ များသဖွယ် အသုံးချနေသည့် စစ်အုပ်စုအား ရှုတ်ချ ကန့်ကွက်ကြောင်း ပြည်တွင်းစစ် အမြန်ဆုံးရပ်ဆိုင်းဖို့ KNU-Japan တာဝန်ရှိသူ မိုးမင်းသူမှ ပြောကြားသွားပါသည်။

တိုင်းရင်းသား ဒေသများ ထိုးစစ်ဆင် လူမျိုးတုံး မျိုးဖြုတ်နေမှုများ ရှုတ်ချ ကန့်ကွက်ကြောင်းနှင့် ထိုးစစ်ဆင် တိုက်ခိုက်မှုများကို အမြန်ဆုံး ရပ်ဆိုင်းပြီး တပ်ရင်း တပ်ဖွဲ့များကို ပြန်လည် ရုပ်သိမ်းရန်၊ တိုင်းရင်းသား နယ်ပယ်များတွင် လူ့အခွင့်အရေး ချိုးဖေါက်မှုများကို အမြန်ဆုံး ရပ်ဆိုင်းရန်၊ မြန်မာ့ဒီမိုကရေစီကွန်ယက် (ဂျပန်)မှ တိုက်တွန်း တောင်းဆိုသည့် ထုတ်ပြန်ကြေငြာချက်ကို စစ်အခွန်ရုံး သံအမတ်ကြီးကနေတဆင့် ကြံ့ဖွတ် စစ်အစိုးရ သမ္မတ ဦးသိန်းစိန်ထံသို့ ပေးပို့ခဲ့ပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် ဂျပန်ရှိ ပြည်ထောင်စုဘွား တိုင်းရင်းသားများ အင်အား (၁၂၀) ကျော်ခန့် တက်ရောက် ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

နေပြည်တော်၊ မန္တလေး၊ ပြင်ဦးလွင်တို့တွင် ဗုံးဆက်တိုက်ကွဲ

မန္တလေးတွင် ကားဗုံးကွဲပြီးနောက် တွေ့ရစဉ် (ဓာတ်ပုံ - စစ်မုန်းပုန်ကန် / Facebook)
Friday, 24 June 2011 ,

နေပြည်တော်၊ မန္တလေးနှင့် ပြင်ဦးလွင် တို့တွင် ယနေ့ နေ့လယ်၌ ဆက်တိုက် ဗုံးပေါက်ကွဲမှုများ  ဖြစ်ပွားသည်။

နေပြည်တော် သပြေကုန်းရပ်ကွက်ရှိ နေအိမ်တလုံးတွင် ယနေ့နေလယ် ၁၂ နာရီခွဲခန့်က ဗုံးတလုံး ပေါက်ကွဲကြောင်း သိရသည်။

သပြေကုန်း ရပ်ကွက်အတွင်း နေထိုင်သူတဦးက “အရမ်းပြင်းတော့ အိမ်အမိုး လန်သွားတယ်။ လူတွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်ပြီး ပြေးကြလွှားကြနဲ့” ဟု ဆိုသည်။

ပေါက်ကွဲမှုကြောင့် ထိခိုက်သေကျေမှု သတင်းအတိအကျ မသိရသေးကြောင်း၊ လုံထိန်းများနှင့် ရဲများ ရောက်ရှိလာပြီး လမ်းများကို ပိတ်ဆို့ထားကြောင်း ၎င်းဒေသခံက ပြောသည်။

တဆက်တည်းတွင် မန္တလေး ဈေးချိုတော်ရှေ့ ၂၇ လမ်းနှင့် ၂၈ လမ်းကြား ဈေးချိုဟိုတယ် ရှေ့တွင်လည်း နေလယ် ၁၂ နာရီခန့်က ကားဗုံးတလုံး ပေါက်ကွဲသည်။

ဂျစ်ကားပေါ်တွင် ထောင်ထားသည့် ဗုံးပေါက်ကွဲခြင်း ဖြစ်ပြီး နှစ်ဦး ဒဏ်ရာ ရကြောင်း၊ မြို့နယ် အာဏာပိုင်များနှင့် ရဲများ၊ လုံခြုံရေး တာဝန်ရှိသူများ၊ မီးသတ်များက ပေါက်ကွဲမှု ဖြစ်သည့် အနီးတ၀ိုက်ကို ပိတ်ဆို့ ထားကြောင်း မန္တလေး ဒေသခံတဦးက ပြောသည်။

အဇင်းရွာသား ၁၀၀ကျော်ကို ဓါးစာခံအဖြစ် အစိုးရစစ်တပ် ဖမ်းဆီးထား

၂၀၁၁ ဇွန်လ ၂၃ရက်။


ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အဇင်းကျေးရွာရှိ အစိုးရ စစ်တပ်သည် ကရင်တပ်ဖွဲ့များ ဖမ်းဆီးထားသည့် စစ်ဗိုလ်တဦး အား ပြန်လွှတ်ပေးရန်အတွက် ဓါးစာခံအဖြစ် ယခုအချိန်တွင် အဇင်းရွာသား ၁၀၀ကျော်ကို ဖမ်းဆီး ချုပ်နှောင် ထားကြောင်း ဒေသခံ များက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက အဇင်းကျေးရွာ အခြေစိုက် အစိုးရ စစ်တပ်စခန်းတခုအား ကရင်ပူးပေါင်းတပ်ဖွဲ့များက ၀င်ရောက်စီးနင်းခဲ့ရာ တွင် တပ်စခန်းထဲမှ စစ်ဗိုလ်တစ်ဦးကို အရှင် ဖမ်းဆီးရမိ ခဲ့သည့်အတွက် ၎င်းစစ်ဗိုလ်ကို ပြန်လွှတ်ပေးရန် ယခုကဲ့သို့ ရွာသားများအား ဓါးစာခံအဖြစ် ဖမ်းဆီးထားခြင်း ဖြစ်သည်ဟု ဒေသခံတဦးက ပြောသည်။

သူက “စစ်ဗိုလ် ပြန်လွတ်ပေးဖို့အတွက် ရွာသားတွေကို ဓါးစာခံအဖြစ် ဖမ်းဆီးထားတာပါ။ အခုအချိန်ထိ ဖမ်းထားတုန်းပဲ။ အဲဒီစစ် ဗိုလ်ကို ပြန်မလွှတ်မချင်း ဓါးစာခံအဖြစ် ဖမ်းဆီး ချုပ်နှောင်ထားတဲ့ ရွာသားတွေကို လွှတ်ပေးမှာ မဟုတ်ဘူးလို့ စစ်တပ်က ပြော တယ်။”ဟု ပြောသည်။

2011/06/24

ကတိမတည်သောအစိုးရ၊ KIA နှင့်ငြိမ်းချမ်းရေး

ဆောင်းပါး - အောင်လင်းထွဋ်

မြန်မာနိုင်ငံမြောက်ဘက် ဧရာဝတီမြစ်၏ မြစ်ဖျားခံရာ မေခမြစ်နှင့် မလိခမြစ်တို့ ပေါင်းဆုံသည့် ကချင်ပြည်နယ်၏ ငြိမ်းချမ်းနေမှုကို မကြာသောကာလက တိုက်ပွဲများက နင်းခြေဖျက်ဆီး ခဲ့လေပြီ။

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် ယခင် စစ်အစိုးရ၏ ခက်ခက်ခဲခဲ ရယူခဲ့သော ငြိမ်းချမ်းရေး ခရီးစဉ်တွင် ကိုယ်တိုင်ပါဝင်ခဲ့ရသည့် အတွေ့အကြုံကို တင်ပြလိုပါသည်။ ဦးစွာပထမ ၀န်ခံလိုသည်မှာ စာရေးသူတို့ကိုယ်တိုင် စစ်အာဏာရှင် ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ လှည့်ဖျားမှု လိမ်လည်မှု ခံလိုက်ရကြောင်း အချိန်နှောင်းမှ သိရသည့် အချက်ဖြစ်သည်။

စစ်အစိုးရခေတ် ငြိမ်းချမ်းရေး ရည်ရွယ်ချက်များနှင့် ပတ်သက်၍ နှစ်ပိုင်းခွဲကြည့်ရမည် ဖြစ်ပါသည်။ ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလနှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကာလတို့ ဖြစ်ပါသည်။ KIA ခေါင်းဆောင်ပိုင်းနှင့် စစ်ထောက်လှမ်းရေး ခေါင်းဆောင်ပိုင်းတို့သည် ဗိုလ်ချုပ်မှူးကြီး စောမောင် ကာလ ၁၉၉၀ ခုနှစ်နှောင်းပိုင်းတွင် တရုတ်-မြန်မာ နယ်စပ်တနေရာ၌ လျှို့ဝှက်တွေ့ဆုံခဲ့ပြီးနောက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

ထိုစဉ်က ဗိုလ်ချုပ်မှူးကြီး စောမောင်၏ ငြိမ်းချမ်းရေး မူဝါဒသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး တဦးနှင့်တဦး ယုံကြည်မှုတည်ဆောက်ကြမည်၊ နိုင်ငံရေးကိစ္စကို နောင်ပြည်သူ့အစိုးရ အသစ်တက်လာသည့်အခါ ဆွေးနွေးမည်၊ တပ်မတော်သည် ပြည်သူက ခန့်အပ်ထားသော အစိုးရ မဟုတ်သောကြောင့် တိုင်းရင်းသားအရေးကို မဆုံးဖြတ်နိုင်ဟု မူချမှတ်ခဲ့သည်။

ပထမဦးဆုံး လျှို့ဝှက်ဆွေးနွေးပွဲတွင် န၀တ ဘက်မှ ဒုဗိုလ်မှူးကြီး တင်ဝင်း (အလုပ်သမားဝန်ကြီးနှင့် အမေရိကန် သံအမတ်ကြီးဟောင်း)၊ ဗိုလ်မှူး သန်းအေး (ဗိုလ်မှူးကြီးဟောင်း - ကွယ်လွန်) တို့ဖြစ်ပြီး KIA ဘက်မှ ဦးဘရန်ဆိုင်းနှင့် အဖွဲ့ အကျိုးဆောင် ဒေါက်တာ စဘွဲဂျွန်၊ ဦးခွန်မြတ်တို့ ပါဝင်တက်ရောက်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် န၀တဘက်မှ အထက်ပါ မူဝါဒအသစ်နှင့် ပတ်သက်၍ ရှင်းလင်းခဲ့ရာတွင် ခေတ်အဆက်ဆက် မြန်မာနိုင်ငံ၏ အစိုးရများသည် လက်နက်ချရေးမူကိုသာ အသေစွဲကိုင်ခဲ့မှုကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ မအောင်မမြင် ဖြစ်ခဲ့ကြရကြောင်း၊ ထို့ကြောင့် မိမိတို့လက်ထက်တွင် မူသစ်အနေဖြင့် လက်နက်ကိုင်ထားပြီး ထာဝရ ငြိမ်းချမ်းရေး ရရှိရေး ယုံကြည်မှုတည်ဆောက်ကြမည်ဖြစ်ကြောင်း၊ ယုံကြည်မှု တည်ဆောက်စဉ်ကာလအတွင်း အပစ်အခတ်ရပ်စဲထားပြီး တဘက်နှင့် တဘက် နားလည်မှု ရရှိရေး၊ ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို အတူတကွ ပူးပေါင်းဆောင်ရွက်သွားကြမည် ဖြစ်ကြောင်းတို့ ပါဝင်သည်။ သို့သော် KIA အနေဖြင့် ဒို့တာဝန်အရေးသုံးပါးကို သဘောတူမှ တရားဝင် ဆွေးနွေးမှုများ ဆက်လက်ဆောင်ရွက်မည်ဟု ကမ်းလှမ်းခဲ့သည်။

KIA ဘက်မှလည်း စစ်မှန်ပြီး အရှည်သဖြင့် တည်တံ့သည့် ငြိမ်းချမ်းရေးကို တည်ဆောက်လိုကြောင်း၊ ပြည်ထောင်စုမှ ခွဲထွက်မည်မဟုတ်၊ ပဋိပက္ခများကို တွေ့ဆုံဆွေးနွေးသည့် နည်းများဖြင့်သာ ဖြေရှင်းသွားလိုကြောင်း န၀တ၏ သဘောထားများကို ကချင်လွတ်မြောက်ရေး အဖွဲ့ (KIO) ဗဟိုကော်မတီသို့ တင်ပြပြီး သဘောထားကို ရယူသွားမည်ဖြစ်ကြောင်း ပဏာမတွေ့ဆုံစဉ် ပြောကြားခဲ့သည်။

၁၉၉၂ ခုနှစ်တွင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ဗိုလ်ချုပ်မှူးကြီး စောမောင်ကို ဖြုတ်ချအာဏာရယူခဲ့ပြီးနောက် KIA ခေါင်းဆောင် ဦးဇော်မိုင် လက်ထက်တွင် အကျိုးဆောင်များမှတဆင့် ယခင်ပဏာမ တွေ့ဆုံခဲ့စဉ် ရှင်းလင်းချက်များကို အခြေခံ၍ န၀တနှင့် ငြိမ်းချမ်းရေး ဆွေးနွေးလိုကြောင်း ကမ်းလှမ်းခဲ့သည်။

ရှမ်းပြည် တပ်မတော်နဲ့ အစိုးရတပ်တို့ အပြန်အလှန်ဝိုင်းရံ

Photo by -DVB
June 23, 2011,

ရှမ်းပြည်နယ် တောင်ပိုင်း ကျေးသီး မြို့နယ်အတွင်း အခုလ ၂၁ ရက်နေ့က စတင်ဖြစ်ပွါးတဲ့ ရှမ်းပြည် တပ်မတော်နဲ့ မြန်မာ အစိုးရတပ်ကြား တိုက်ပွဲဟာ အခုအချိန်အထိ နှစ်ဖက် တင်းမာနေဆဲ ဖြစ်ပါတယ်။

ကျေးသီးမြို့နယ် ၀မ့်ဝပ်ကျေးရွာ အုပ်စု တာ့ဖာဆောင် တံတားနားမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့ မနက်ပိုင်းက စဖြစ်ပွါးခဲ့တဲ့ တိုက်ပွဲဟာ ဒီကနေ့ မနက်အထိလည်း သေနတ်သံတွေ ထွက်နေဆဲ ဖြစ်ပါတယ်။ ရင်ဆိုင် တိုက်ပွဲမျိုး မဟုတ်ဘဲ တဘကနဲ့ တဘက် အပြန်အလှန် ၀ိုင်းရံထားတဲ့ ပုံစံ ဖြစ်နေတာပါ။

ရှမ်းပြည် တပ်မတော် တပ်မဟာ ၇၂၆ က ခြေကုတ်ယူထားတဲ့ တာ့ဖာဆောင် စခန်းကို မြန်မာအစိုးရ ခလရ ၁၄၇ က တပ်အင်အား ၇၀ လောက်က ၀ိုင်းထားတယ် ။ အဲဒီအစိုးရတပ်ကို ရှမ်းပြည် တပ်မတော် တပ်မဟာ ၃၆ အဖွဲ့က ပြန်ပြီး ၀ိုင်းထားတယ်လို့ ရှမ်းပြည် တပ်မတော် တပ်မှူးတဦးက ပြောပါတယ်။

နောက်ထပ် ရောက်လာတဲ့ ခလရ ၂၂၊ ၂၈၆ ၊ ခမရ ၅၀၄၊ ၃၂၅ စတဲ့ တပ်ရင်းတွေရော ရှမ်းပြည် တပ်မတော်က တပ်ရင်းတွေပါ မိုင်းရယ်၊ မိုင်းရှုး ၊ ကျေးသီး စတဲ့ မြို့နယ်တွေရဲ့ အစပ် မိုင်းတုန်၊ မိုင်းလား၊ မလန်း၊ ကိုင်ဖိုက်၊ နမ့်ပုတ် စတဲ့ရွာအနီးမှာ တနေရာစီ အပြန်အလှန် ဖြန့်နေရာ ယူထားကြပါတယ်။

ဒီလို အပြန်အလှန် ၀ိုင်းရံမှုတွေမှာ နောက်ထပ် ရင်ဆိုင်တိုက်ပွဲ မဖြစ်ပေမယ့် သေနတ်သံတွေတော့ ကြားနေရဆဲပဲလို့ ဒေသခံတွေ ပြောပါတယ်။ လက်ရှိ အပြန်အလှန် ၀ိုင်းရံမှု ဖြစ်တဲ့ဒေသမှာ လွင်ပြင်ကြီး ဖြစ်နေတာကြောင့် စစ်ရေးအရ တိုက်ပွဲဖြစ်ရင် ထွက်ပေါက် ပိတ်မိနေတဲ့ အခြေအနေ ဖြစ်နေတယ်လို့ လည်း အဲဒီတပ်မှူးက ပြောပါတယ်။

ဇွန်လ ၂၁ ရက် ၂၂ ရက်နေ့က ဖြစ်တဲ့ တိုက်ပွဲအတွင်း အစိုးရ တပ်ဘက်က ၃ ယောက်ကျပြီး ၇ ယောက် ဒဏ်ရာရခဲ့ပြီး ရှမ်းတပ်မတော်ဘက်က ၁ ယောက် ဒဏ်ရာရတယ်လို့ အဲဒီရှမ်းတပ်မှူးက ပြောပါတယ်။ ရှမ်းပြည် တပ်မတော် ဌာနချုပ်ရှိရာ ၀မ့်ဟိုင်းတ၀ိုက်မှာ ဒေသခံ ရွာသားတွေ တိုက်ပွဲဖြစ်မှာ စိုးရိမ်တာကြောင့် ထွက်ပြေး တိမ်ရှောင်နေတယ်လို့ လည်း ဆိုပါတယ်။ အဲဒီ ရွာသားတွေဟာ မိမိနီးစပ်ရာ ဆွေမျိုးတွေ ရှိရာ မိုင်းရှုးဘက်ကို ထွက်သွားကြသလို တချို့ကတော့ ထိုင်းနိုင်ငံဘက် ကူးလာတာတွေ ရှိတယ်လို့ ဒေသခံတွေ ပြောပါတယ်။

သတင်းရင်းဖြစ် - ဒီဗီဘီ

ကချင်အမျိုးသမီးတွေ အဓမ္မပြုကျင့်ခံနေရ

၂၀၁၁ ခုနှစ် ဇွန်လဆန်းအတွင်း ကချင်ပြည်နယ် တ၀ှမ်းမှာ မြန်မာ စစ်အစိုးရတပ်တွေက ကျူးလွန်ခဲ့သော မုဒိန်းမှုများကို ကချင်အမျိုးသမီးအဖွဲ့ KWAT ရဲ့ ကြေညာချက်မှာ မြေပုံဖြင့် ဖော်ပြထားပုံ။
KWAT
2011-06-22
မြန်မာစစ်တပ်က ကချင်အမျိုးသမီးတွေ အပေါ် အဓမ္မ ပြုကျင့်မှုတွေ ဆိုးဆိုးဝါးဝါး ကျူးလွန်နေတာကို ရပ်တံ့ပေးဖို့ ထိုင်းနိုင်ငံ အခြေစိုက် KWAT ကချင်အမျိုးသမီးများ အဖွဲ့က မနေ့က ရက်စွဲနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ပြီး တောင်းဆို လိုက်ပါတယ်။

မြန်မာစစ်တပ်ဟာ ကေအိုင်အေ ကချင် လက်နက်ကိုင် တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ကချင်ပြည်နယ် တ၀ှမ်းမှာ အမျိုးသမီးတွေ မုဒိမ်းပြုကျင့်ခံရတဲ့ အခြေအနေတွေ ဆိုးဝါး လာနေတယ်လို့ ကချင် အမျိုးသမီးများအဖွဲ့က မရှယ်လီစိုင်းက RFA ကို ပြောပါတယ်။
 
စစ်တပ်သွားလာနေတဲ့ လမ်းကြောင်း တလျှောက်မှာ မြန်မာစစ်တပ်က သတ်လိုက် ဖြတ်လိုက်၊ ယောက်ျားတွေကို ပေါ်တာဆွဲလိုက်၊ အမျိုးသမီးတွေတွေ့ရင် အဖွါးကြီး မကျန် ကလေး မကျန် ရက်စက်စွာ မုဒိမ်း ပြုကျင့်ကြတယ် ဆိုတာကို ကြားသိရကြောင်း မရှယ်လီစိုင်းက ပြောပါတယ်။
ကချင်ပြည်နယ် တ၀ှမ်းမှာ ဇွန်လ ၁၀ ရက်နေ့ ကနေ ၁၈ ရက်နေ့ အထိ အဓမ္မ ပြုလုပ်ခံရတဲ့ ကချင်အမျိုးသမီး အနည်းဆုံး ၁၈ ဦးရှိသွားပြီ ဖြစ်ကြောင်း ကချင် အမျိုးသမီးများ အဖွဲ့က ပြောပါတယ်။ အထူးသဖြင့် မြန်မာ စစ်အစိုးရတပ်တွေ ဖြစ်တဲ့ ခမရ-၂၃၁၊ ၁၄၁၊ ၁၃၉ နဲ့ ၄၃၇ တပ်တွေဟာ ဗန်းမော်ခရိုင် အတွင်းက မြို့နယ် လေးခုမှာ ဒေသခံ အမျိုးသမီးတွေကို အဓိက အဓမ္မ ပြုကျင့်ခဲ့ကြကြောင်း၊ ပြုကျင့်ခံရသူတွေထဲမှာ အသက် ၁၅ နှစ်ကစလို့ ၅၀ ၀န်းကျင် အရွယ်အထိ ပါဝင်ကြောင်း၊ စစ်တပ်ရဲ့ အထက် အမိန့်အရ ကျူးလွန်ခဲ့ကြတာ ဖြစ်နိုင်ကြောင်း KWAT ကချင် အမျိုးသမီးများ အဖွဲ့ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
KWAT ကချင် အမျိုးသမီးများ အဖွဲ့ရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ အဖွဲ့ရဲ့ တာဝန်ရှိ ပုဂ္ဂိုလ်တဦး ဖြစ်တဲ့ မရှယ်လီစိုင်းကို RFA အဖွဲ့သား ကိုကျော်ကျော်အောင် ဆက်သွယ် မေးမြန်းထားပါတယ်။

Copy from - rfa.org/

မြန်မာလူ့အခွင့်အရေး စုံစမ်းမှု အမေရိကန် ထောက်ခံဖို့ ဒေါ်စု တိုက်တွန်း



မြန်မာနိုင်ငံမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို စုံစမ်းစစ်ဆေးနိုင်မယ့် ကော်မရှင်တရပ် ကုလသမဂ္ဂက ဖွဲ့စည်းပြီး တာဝန်ပေးအပ်နိုင်ရေးအတွက် အမေရိကန် ပြည်ထောင်စုက အားပေးထောက်ခံဖို့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာနိုင်ငံက အခြေအနေတွေကို သိရဖို့ ရည်ရွယ်ကျင်းပတဲ့ ၀ါရှင်တန်မြို့တော်က အမေရိကန် အောက်လွှတ်တော်အတွင်း ပြုလုပ်တဲ့ ကြားနာပွဲတရပ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို တိုက်တွန်းလိုက်တာပါ။ အပြည့်အစုံကို အောက်လွှတ်တော်ကို ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုအောင်လွင်ဦးက တင်ပြပေးထားပါတယ်။
လျှို့ဝှက်ချက် မျက်နှာဖုံးကို ထိုးဖောက်ခြင်းဆိုတဲ့ ခေါင်းစဉ်နဲ့ အမေရိကန် အောက်လွှတ်တော်မှာ ဗုဒ္ဓဟူးနေ့က ကြားနာပွဲတရပ် ကျင်းပရာမှာ သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အစိုးရ အနေနဲ့ မြန်မာ့ဒီမိုကရေစီရေး ကြိုးပမ်းမှုတွေကို အားပေးဖို့၊ လူ့အခွင့်အရေး အခြေအနေတွေကို တိတိကျကျ သိရအောင် လုပ်နိုင်မယ့် လုပ်ရပ်တွေကို အားပေးဖို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်တာ ဖြစ်ပါတယ်။

2011/06/23

မြို့ပြတိုက်ပွဲ KIA စတင်

KIA ၏ စစ်ရေးဗျူဟာပြ မြေပုံ (ဓာတ်ပုံ - RYAN LIBRE)

22 June 2011 ,

ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ စစ်တပ်များ အကြားရှိ နယ်စပ် တိုက်ပွဲများ လျော့နည်း သွားသော်လည်း ကချင်ပြည်နယ်၏ မြို့တော် မြစ်ကြီးနားမြို့ပေါ်တွင် ဗုံးများ ဖောက်ခွဲခြင်းဖြင့် KIA က မြို့ပြ တိုက်ပွဲအဖြစ် ပြန်လည် စတင်လိုက်ကြောင်း သတင်းရရှိသည်။

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အမှတ် ၁ ရဲစခန်းနှင့် လူဝင်မှုကြီးကြပ်ရေး ရုံးတွင် ယမန်နေ့ ည ၁၁ နာရီကျော်ခန့်က ဗုံး ၂ လုံး ဆက်တိုက် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

ဗုံးပေါက်ကွဲမှုနှင့် ပတ်သက်၍ KIA သို့ ဧရာဝတီက ဆက်သွယ် မေးမြန်းရာ ၎င်းတို့ လုပ်ဆောင်ခြင်း ဖြစ်ကြောင်း၊ သို့သော် လူထုကို မထိခိုက်စေဘဲ ရည်ရွယ်ထားသည့် နေရာများတွင်သာ ဖောက်ခွဲခြင်း ဖြစ်ကြောင်း KIA တွဲဖက် အတွင်းရေးမှူး ဦးလနန်က ပြောသည်။

KIA မှ စစ်သုံ့ပန်း လွှဲပြောင်းပေးအပ်ခြင်း

Copy from - naytthit.net
လူုထုကြောက်နေတယ် ဖြည်းဖြည်းလုပ်မယ်


 

လူုထုကြောက်နေတယ် ဖြည်းဖြည်းလုပ်မယ် Click

ဆင်းရဲ နွမ်းပါးမှုကို  မြန်မာလျှော့ချမည်

ဟုတ်ပါ့ မလား မြန်မာ သမ္မတ ဦးသိန်းစိန်

ဆင်းရဲ နွမ်းပါးမှုကို  မြန်မာလျှော့ချမည် Click

 မြန်မာ့ဒီမိုကရေစီရေးထက် စီးပွားရေးကိစ္စ အိန္ဒိယ ဦးစားပေး

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား။ စက်တင်ဘာ ၈၊ ၂၀၀၉
 ဓာတ်ပုံ ASSOCIATED PRESS

အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား။ စက်တင်ဘာ ၈၊ ၂၀၀၉

မြန်မာနိုင်ငံမှာ ရောက်နေတဲ့ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နား (S.M Krishna) ဟာ မြန်မာ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ရှိပြီး လုံခြုံရေးနဲ့ ကုန်သွယ်ရေး ကိစ္စတွေကို အလေးထားပြီး ဆွေးနွေးဖွယ် ရှိပါတယ်။ မြန်မာနိုင်ငံမှာ အရပ်ဘက် အစိုးရ ဖြစ်ပြီးတဲ့နောက် အိန္ဒိယအစိုးရ အနေနဲ့ မြန်မာနိုင်ငံကို ပထမဆုံး လာရောက်တဲ့ ခရီးစဉ်လည်း ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဗွီအိုအေ သတင်းထောက် ဒန်နီယယ် ရှာ့ဖ် (Daniel Schearf) ပေးပို့ထားတဲ့ သတင်းကို အခြေခံပြီး အိန္ဒိယ၊ မြန်မာ နှစ်နိုင်ငံ စီးပွားရေးနဲ့ ကုန်သွယ်မှု ဆက်ဆံရေး ကိစ္စတွေကို ကိုသားညွန့်ဦးက စုံစမ်းမေးမြန်းပြီး တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အရပ်ဘက်အစိုးရ တက်လာပြီးတဲ့နောက် အိန္ဒိယ အစိုးရပိုင်း အနေနဲ့ ပထမဆုံးအဖြစ် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီး အက်စ်အမ် ခရစ်ရှ်နားရဲ့ ခရီးစဉ်အတွင်းမှာ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွေအတွက် နှစ်ဘက် ဆွေးနွေးကြမယ်လို့ အိန္ဒိယနိုင်ငံဘက်က ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ မြန်မာ့ဒီမိုကရေစီရေးနဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အရင်တုန်းက ကျယ်ကျယ်လောင်လောင် ထောက်ခံ ပြောခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ မူဝါဒ ပြောင်းပြီးတော့ မြန်မာစစ်အစိုးရနဲ့ ဆက်ဆံရေး ပိုကောင်းမှုကို အလေးပေးခဲ့ပါတယ်။ ဒါကြောင့် အခုခရီးစဉ် အတွင်းမှာလည်း အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ဆုံဖို့ အစီအစဉ် မလုပ်ထားပါဘူး။
အိန္ဒိယနိုင်ငံက အခုလို မြန်မာအပေါ်မှာ မူဝါဒပြောင်းရေး စဉ်းစားတဲ့ နေရာမှာ စီးပွားရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စဟာ တချက် အပါအ၀င် ဖြစ်တယ်လို့ လေ့လာသူတွေက ယူဆပါတယ်။ မြန်မာ့စီးပွားရေး လေ့လာသူ ဒေါက်တာ ဇော်ဦးကတော့ အိန္ဒိယ အနေနဲ့ ဒေသတွင်း စီးပွားရေး ပြိုင်ဆိုင်မှုမှာ မြန်မာနိုင်ငံရဲ့ တည်ဆဲအစိုးရနဲ့ ဆက်ဆံရေး ပြေပြစ်မှ ဖြစ်မယ်လို့ ယူဆခဲ့ပုံ ရတယ်လို့ သူက ပြောပါတယ်။

2011/06/22

မြန်မာဒုက္ခသည် ကမ္ဘာပေါ်မှာ ပဉ္စမ အများဆုံး

ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ကချင်ပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေကြရသည့် စစ်ပြေးဒုက္ခသည်များ။
ထွက်ပြေးလာတဲ့ ဒုက္ခသည် အရေအတွက် ၄၀၀,၀၀၀ ကျော်ရှိတဲ့ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ပဉ္စမမြောက် အများဆုံးနိုင်ငံ ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့က ပြောကြားလိုက်ပါတယ်။ ဒီနေ့ကျရောက်တဲ့ အကြိမ် ၆၀ မြောက် ကမ္ဘာ့ဒုက္ခသည်များနေ့မှာ UNHCR အဖွဲ့က ထုတ်ပြန်လိုက်တဲ့ ၂၀၁၀ နှစ်ပတ်လည် အစီရင်ခံစာထဲမှာ ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကချင်ပြည်နယ်ထဲက တိုက်ပွဲတွေကြောင့် အိမ်နီးချင်း တရုတ်နိုင်ငံကို နောက်ဆုံး ထွက်ပြေး ရောက်ရှိနေတဲ့ ဒုက္ခသည် အရေးနဲ့ ပတ်သက်လို့လည်း တရုတ်အစိုးရဘက်က အကူအညီ တောင်းလာရင် ပေးဖို့ အဆင်သင့်ပဲလို့ UNHCR အဖွဲ့ရဲ့ အာရှဒေသ တာဝန်ခံက ပြောဆိုပါတယ်။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကနေ အိမ်နီးချင်း ထိုင်း၊ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယနိုင်ငံတွေကိုသာမက မလေးရှားနဲ့ တရုတ်နိုင်ငံတွေထဲကိုပါ ဒုက္ခသည်တွေ ထွက်ပြေး ခိုလှုံနေတာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီမို့ ဒီအစီရင်ခံစာထဲမှာ ပါတဲ့အတိုင်း မြန်မာနိုင်ငံက ဒုက္ခသည်တွေ အများအပြား မွေးထုတ်ပေးနေတယ်လို့ အာရှဒေသဆိုင်ရာ UNHCR ပြောခွင့်ရ ကစ်တီ မက်ကင်ဆီ (Kitty McKinsey) က ပြောပါတယ်။

ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို





၂၀၁၁ ခုနှစ် ဇွန်လ(၂၁)ရက်။


မတရား ဖမ်းဆီး ခံနေရသော ကိုမင်းကိုနိုင်နှင့် ကျောင်းသားခေါင်းဆောင်များ၊ ဦးခွန်ထွန်းဦး တိုင်းရင်းသား ခေါင်းဆောင်များ အပါအ၀င် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး အတွက် ဆန္ဒပြ တောင်းဆိုသည့် အခမ်းအနားကို တိုကျိုမြို့  ရှီနာဂါဝါအရပ်ရှိ စစ်အခွန်ရုံး(မြန်မာသံရုံး)ရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီမှ ၄း၀၀ အထိ ကျင်းပ ခဲ့ကြပါသည်။

မြန်မာနိုင်ငံ အကျဉ်းထောင်များ အတွင်းမှာ နိုင်ငံရေးအကျဉ်းသား ၂၂၀၀ နီးပါး ရှိနေခြင်းဟာ၊ မြန်မာပြည်သူ ပြည်သားများ ကျွန်ဘဝမှ မလွတ်မြောက်နိုင်သေးဘဲ၊ လွတ်လပ်ရေး ဆိတ်သုဉ်းနေကြောင်း မီးမောင်းထိုးပြလျှက်ရှိနေပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်ရဲ့ အရေးကြီးတဲ့ ပထမ အဆင့် အနေနဲ့ နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်အား ချွင်းချက်မရှိ ပြန်လွှတ် ပေးရန်အတွက် ဂျပန်ရောက် မြန်မာ့ ဒီမိုကရေစီ အင်အားစုများတို့မှ လစဉ် ၂၁ ရက်နေ့ ကျရောက်တိုင်း အမြန်ဆုံး လွတ်မြောက်စေရန် အတွက် ဆန္ဒပြ တောင်းဆိုမှုတွေ ပြုလုပ်ခဲ့ကြပါသည်။

မတ်လ ၁၁ ရက်နေ့ ငလျင်နဲ့ ဆူနာမိဒဏ်ခံခဲ့ကြရသော ဂျပန်ပြည်သူများကို စာနာ ထောက်ထား သောအားဖြစ် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုများကို ခေတ္တ ရပ်ဆိုင်းခဲ့ကြပြီးနောက် ယခုတဖန် ဆန္ဒပြ တောင်းဆို လှုပ်ရှားမှုများကို ပြန်လည် စတင်ခဲ့ကြပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် အင်အား ၁၀၀ ကျော်ခန့် တက်ရောက် ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

ဝမ့်ဟိုင်းဌာနချုပ် စီးနင်းသိမ်းပိုက်နိုင်ရန် ဓာတုလက်နက်သုံးသင့်လည်း သုံးရမည်ဟု နေပြည်တော်စစ်ရုံးချုပ်ညွှန်ကြား

SSPP/SSA တပ်သားများ
ဇွန်လ 21 ရက် 2011 ခုနှစ်။

ထိုးစစ်ဆင် တိုက်ခိုက် လာသည့် မြန်မာစစ်တပ်အား ပျောက်ကျား နည်းဖြင့် ၃ လကြာ ခုခံတိုက်ခိုက် နေသော သျှမ်းပြည် တိုးတက်ရေးပါတီ/သျှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ဝမ့်ဟိုင်းဌာနချုပ် အား စီးနင်း သိမ်းပိုက် နိုင်ရန် ဓာတုလက်နက် သုံးသင့်လျှင် သုံးရမည်ဟုနေပြည်တော် စစ်ရုံးချုပ်မှ ညွှန်ကြား ထားကြောင်း စစ်ရုံးချုပ် အတွင်းပိုင်း နှင့် ဝင်ဆန့်သည့် အသိုင်းအဝိုင်းက ပြောပါသည်။

“ဝမ့်ဟိုင်းဌာနချုပ် ဒါမှမဟုတ် စဝ်ပန်ဖှရဲ့ဌာနချုပ်ကို သိမ်းပိုက်နိုင်ဖို့ ဓာတုလက်နက်သုံးသင့်ရင်လဲ သုံးရမယ် လို့ ညွှန်ကြားထားတယ်။”

အလားတူ SSPP/SSA ၏ ဝမ့်ဟိုင်း ဌာနချုပ်ကို မဖြစ်မနေ စီးနင်း သိမ်းပိုက်နိုင်ရမည်ဟု လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်ရုံးမှ အမိန့်ချကြောင်း ရမခတိုင်းရုံးနှင့် နီးစပ်သူတစ်ဦးက ပြောပါသည်။

Fighting Continues between Govt and Kachin Troops



2011/06/21


ပြန်တိုက်နိုင်ဖို့  DKBA အသင့်ပြင်

BKBA

 ပြန်တိုက်နိုင်ဖို့  DKBA အသင့်ပြင် Click




ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ့် အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ဒါနပြု..သတင်း(ဓါတ်ပုံ၊ရုပ်သံ)





Video by - maungwto


(Volunteer to miyagi)19-6-2011/(2) http://www.youtube.com/watch?v=1eIMBKT1Bg8#

တိုင်းရင်းသား ပဋိပက္ခအရေး NLD နှင့် EU ဆွေးနွေးမည်

မြန်မာနိုင်ငံဆိုင်ရာ ဥရောပ သမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ပေရို ဖက်စီနို (ဓာတ်ပုံ - Piero Fassino)
20 June 2011 ,

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) သည် မြန်မာနိုင်ငံသို့ ရောက်ရှိနေသည့် ဥရောပ သမဂ္ဂ (EU) ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံသည့်အခါ တိုင်းရင်းသား ဒေသများတွင် လတ်တလော ဖြစ်ပေါ်နေသော လက်နက်ကိုင် ပဋိပက္ခများနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေး အမြန်ဖြစ်ပေါ်စေရန် ကူညီပေးရေး ထည့်သွင်း ဆွေးနွေးမည်ဟု သိရသည်။

EU ကိုယ်စားလှယ်အဖွဲ့တွင် EU နိုင်ငံခြားရေးဆိုင်ရာ အကြီးအကဲဖြစ်သူ ကက်သရင်း အက်ရှ်တန်၏ အထူးအကြံပေး အရာရှိ မစ္စတာ ရောဘတ် ကူးပါးက ဦးဆောင်ကာ ယမန်နေ့က နေပြည်တော်သို့ ရောက်ရှိသည်။ ထို့အပြင် မြန်မာနိုင်ငံဆိုင်ရာ EU အထူးကိုယ်စားလှယ် မစ္စတာ ပေရို ဖက်စီနိုသည်လည်း တရက်စော၍ ကြိုတင်ရောက်ရှိသည်။

EU ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်တွင် နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် အပါအ၀င် တာဝန် ရှိသူများနှင့် တွေ့ဆုံရန်ရှိဟု သိရသည်။

“မြန်မာအစိုးရ အာဏာပိုင်တွေရဲ့ စိတ်နေ စိတ်ထားကို အကဲခတ် ချဉ်းကပ် နိုင်ဖို့အတွက် ကျနော်ရဲ့ ပထမဆုံး ကြိုးစားချက် တရပ်ပဲ” ဟု EU သံတမန်တဦးကို ကိုးကားပြီး AFP သတင်းတပုဒ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် အစိုးရသစ် တက်လာပြီးနောက် ပထမဆုံး လာရောက်သည့် EU သံတမန် ကိုယ်စားလှယ် အဖွဲ့နှင့် NLD တို့ တွေ့ဆုံရန် ဇွန်လ ၂၂ ရက်ကို အကြမ်းဖျင်း စီစဉ် ထားကြောင်း NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးအုန်းကြိုင်က ပြောသည်။

နမ်ဆန်ယန် စရဖရုံး ဗုံးခွဲ တိုက်ခိုက်ခံရ

KIA စနိုက် တပ်သား( Photo - irrawaddy )
ဒီကနေ့ မနက် (၂)နာရီလောက်က မိုးမောက်မြို့နယ် ဒေါ့ဖုန်းယန် မြို့နယ်ခွဲ နမ်ဆန်ယန် မှာရှိတဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) ရုံးကို ကေအိုင်အေ ဘက်ကနေ ဗုံးခွဲတိုက်ခိုက် ခဲ့ကြောင်း သိရပါတယ်။

ကေအိုင်အေ ဘက်က အဆိုအရ နမ်ဆန်ယန် စရဖ ရုံး ဗုံးခွဲ တိုက်ခိုက်ရာမှာ အစိုးရ စစ်တပ်မှ (၅)ဦး သေဆုံးတယ်လို့ ဆိုပါတယ်။ ဒီသတင်းနဲ့ ပတ်သက်ပြီး သီးခြား အတည်ပြုချက့် ရယူခြင်း မရှိသေးပါဘူး။ ကေအိုင်အေ နဲ့ အစိုးရ စစ်တပ်အကြား အပြန်အလှန် တိုက်ခိုက်မှုတွေ နေ့စဉ် ဆက်တိုက် ဆက်လက် ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

စနေနေ့ နေ့လည်ပိုင်းကလည်း တနေ့လုံး လိုလို ရွှေကူမြို့နယ် ပန်ဒန် ရွာအနီး တိုက်ပွဲတွေ ဖြစ်ပွါးခဲ့ရာမှာ အစိုးရတပ်ဘက်က (၃)ဦး မိုင်းနင်းမိပြီး သေဆုံးကာ နောက်ထပ် သေဆုံး ထိခိုက် ဒဏ်ရာရသူ (၆)ဦး ထပ်မှန်ရှိခဲ့တယ်လို့ ကေအိုင်အေ ဘက်က ပြောပါတယ်။

သတင်းရကင်းမြစ် - ဘီဘီစီ

ကချင်ဒုက္ခသည်တွေအတွက် ရန်ပုံငွေ ကောက်ခံ



မြန်မာအစိုးရတပ်တွေနဲ့ ကချင် လက်နက်ကိုင်တပ်ဖွဲ့ (KIA) အကြား ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို အကူအညီ အထောက်အပံ့တွေ ပေးနိုင်ဖို့ ပြည်ပရောက် ကချင်အဖွဲ့အစည်းတွေက ရန်ပုံငွေ ကောက်ခံမှု စတင်နေပါတယ်။ ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့အပေါ် ပြည်တွင်း ပြည်ပက စိုးရိမ်မှုတွေ ထွက်ပေါ်နေတဲ့ အချိန်မှာပဲ ဒီ စစ်ပြေးဒုက္ခသည်တွေကို ကူညီဖို့ စီစဉ်လာကြတာပါ။ အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။
အခု စစ်ဖြစ်နေတဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာကြတဲ့ ဒုက္ခသည်တွေဟာ စားနပ်ရိက္ခာနဲ့ ဆေးဝါး အလုံအလောက် မရှိတဲ့အပြင် နယ်မြေခံ တရုတ်အစိုးရကလည်း ဒုက္ခသည် စခန်းရယ်လို့ သတ်သတ်မှတ်မှတ် တည်ဆောက်ပြီး သူတို့ကို ကြည့်ရှု စောင့်ရှောက်ထားတာမျိုး မရှိတဲ့အတွက် အခုလို ကိုယ်ထူကိုယ်ထ ရန်ပုံငွေရှာပြီး ဒုက္ခသည်တွေကို ထောက်ပံ့နိုင်ဖို့ စီစဉ်ရတာ ဖြစ်တယ်လို့ ဦးဆောင် လှုပ်ရှားသူတွေက ပြောပါတယ်။

2011/06/20

ဒေါ်အောင်ဆန်းစုကြည် သားငယ် မွေးနေ့ အမီ အရောက်လာ

ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားအငယ် ကင်မ်အဲရစ် (ခေါ်) ကိုထိန်လင်းဟာ သူ့အမေ မွေးနေ့အမီ ဒီနေ့မှာ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ရောက်ရှိလာပါတယ်။ ကင်မ်ကို ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် လေဆိပ်မှာ သွားကြိုပါတယ်။ (ဓာတ်ပုံများ - Reuters)







  copy rights_http://www.irrawaddyblog.com/2011/06/blog-post_8084.html
ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ video message for မဲဆောက်1


ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အရှေ့ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့်ဒေသသို့ သွားရောက်၍ ကုသိုလ်ကောင်းမှု ဒါနပြု..

၂၀၁၁ ခုနှစ် ဇွန်လ(၁၉)ရက်။

အမျိုးသားခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် အဖြစ် ဂျပန်ရောက် မြန်မာနိုင်ငံသားများတို့မှ စုစည်း၍ မြန်မာ့ ယဉ်ကျေးမှု ထုံတမ်း စဉ်လာနှင့်အညီ ဂျပန်ငလျင်နှင့် ဆူနာမိ ဘေးဒဏ်သင့် ဒေသသို့ သွားရောက် ကုသိုလ်ကောင်းမှု ဒါန ပြုခဲ့ကြပါသည်။


ခရီးစဉ်ကို ၂၀၁၁ ခုနှစ် ဇွန်လ ၁၈ ရက်နေ့(စနေနေ့) ည နာရီတွင် တိုကျိုမှ စတင်ထွက်ခွါခဲ့ပြီး ဇွန်လ ၁၉ ရက်(တနင်္ဂနွေနေ့) မနက်တွင် သတ်မှတ်နေရာ Miyagi Kan, Ishinomaki Volunteer Center သို့ ရောက်ရှိခဲ့ပါသည်။ ငလျင်ဘေးဒဏ်သင့် ဒုက္ခသည် ၆၀၀ ခန့်အား အစားအသောက် ချက်ပြုတ် ကြွေးမွေး လှူဒန်းခဲ့ပြီး.....
ထမင်း ချက်ပြုတ် ကျွေးမွေးသည့် လှူဒန်းသည့် မြန်မာနိုင်ငံသားများ လုပ်အားပေးအဖွဲ့
ထမင်းဟင်းများ နှင့်အတူ တိုကျိုမှ တပါးတည်း ယူဆောင်လာခဲ့သော ရေသန့်ဗူး ၊ ရေနွေးကြမ်ဗူး၊ အသီးအနှံ သစ်သီးစုံများကိုပါ ပူးတွဲ၍ ဝေဌါခဲ့ကြပါသည်။

ဆက်လက်ပြီး Miyagi ke ခရိုင် Ishinomaki-shi  Kitakami-Machi Aikawa-chiku ဒေသရှိ Aikawaချောင်းဆွယ် တခုတွင် ဆူနာမိ ဒဏ်ကြောင့် စုပုံရောက်ရှိလာသော ချောင်းဆွယ် အတွင်းနှင့် ပတ်ဝန်းကျင်ရှိ အမှိုက်သရိုက် ပေါင်းစုံတို့ကို အင်းအား ၁၃၀ ကျော်ရှိ မြန်မာနိုင်ငံသားများ လုပ်အားပေး အဖွဲ့များတို့မှ ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်မြောက် မွေးနေ့ အထိမ်းအမှတ် နေ့တွင် လုပ်အားဒါနဖြစ် တနေ့တာ အားတက်သရော် လုပ်အားပေးလှူ ခဲ့ကြပါသည်။

Aikawa ချောင်းဆုံ ပတ်ဝန်းကျင် လုပ်အားလှူဒန်းခဲ့ကြသည့် မြန်မာနိုင်ငံသားများ
ကိုယ့်မွေးဖွါး ကြီးပြင်းခဲ့တဲ နိုင်ငံမှာရှိ ပြည်သူတွေနဲ့ မိသားစုတွေကို မမေ့မလျော့ပဲ ကူညီ ထောက်ပံ့ နေကြသလို လက်ရှိ ကိုယ်နေသည့် အသိုင်း အ၀ိုင်းမှာ ငလျင်နဲ့ ဆူနာမိ ဒဏ်ကြောင့် ဒေသတွင်း ပြည်သူများ၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရုံမက လူနေမှု ဘ၀ကိုပါ ဖျက်ဆီး ခဲ့သည်အထိ ကြီးမားသည့် ဆုံးရှုံးမှုကြီးတွေကို မြင်တွေ့ ခဲ့ကြသည့်အခါမှာ ကိုယ့်ရှေ့မှာ ဒုက္ခရောက်နေသူတွေ အခက်အခဲ့ တွေ့နေကြရသူတွေကို ကူညီရမယ်ဆိုတဲ အသိစိတ်နဲ့ ကူညီ လုပ်ဆောင် နေကြသည့် မွန်မြတ်သော မြန်မာများတို့၏ စိတ်ထားကို အထူးလေးစား ဂုဏ်ယူမိပါတယ်။

လုပ်အားပေး ခရီးစဉ်တွင် ချက်ပြုတ်ကျွေးမွေး လှူဒန်းရန်အတွက် ပစ္စည်းတင်ကား တစ်စီး အပါအ၀င် လူစီးကား ၄ စီးဖြစ် တိုကျိုရှိ မြန်မာနိုင်ငံသူ နိုင်ငံသားများ အင်အား ၁၅၉ ဦးဖြစ် သွားရောက် လုပ်အားပေး  အလှူဒါနပြုခဲ့ကြပြီး ည ၁၁း၄၀ နာရီတွင် တိုကျိုသို့ ပြန်လည်ရောက်ရှိခဲ့ကြပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Tha Htet (BCJP)

သတင်းမီဒီယာ အဖွဲ့များမှ စုပေါင်း ရိုက်ကူထားသည့် ဓါတ်ပုံနှင့် ရုပ်သံ မှတ်တမ်းများတို့ကို မကြာမည် ဆက်လက်ဖေါ်ပြ သွားမည် ဖြစ်ပါသည်။

2011/06/19

ငွေပေး၍ ဗုံးခွဲရန် ခိုင်းစေဟု အစိုးရ စွပ်စွဲချက်အပေါ် KNU ငြင်းဆို

Submitted by admin on Saturday, 18 June 2011--
ဇွန်လ ၁၈ရက်။ စောခါစူးညား (ကေအိုင်စီ)
ပြည်သူများကို ငွေကြေးမက်လုံးပေး၍ ကရင်အမျိုးသားအစည်းအရုံး(KNU)က ဗုံးခွဲခိုင်းရန် ခိုင်းစေနေသည်ဟု ယနေ့ထုတ် မြန် မာအစိုးရပိုင် သတင်းစာ၏ စွပ်စွဲဖော်ပြထားချက်အပေါ် မဟုတ်မှန်ကြောင်း KNU က ငြင်းဆိုတုံ့ပြန်လိုက်သည်။
ဇွန်လ ၁၂ရက်နေ့က နေပြည်တော်၊ ဇမ္ဗူသီရမြို့နယ် မြို့မဈေးရှိ အများပြည်သူသုံး သန့်စင်ခန်းအတွင်း ဗုံးပေါက်ကွဲ၍ အပြစ်မဲ့ ပြည်သူ ၃ဦး ထိခိုက်မှုတွင် KNU က ကျပ်သိန်း ၃၀ မက်လုံးပေးကာ ခိုင်းစေခဲ့သည့် အသက် ၃၅နှစ်အရွယ် အောင်ကိုလတ်(ခ) အောင်ကြီးဆိုသူအား ဖမ်းဆီးရမိထားသည်ဟု အစိုးရသတင်းစာ၏ စွပ်စွဲဖော်ပြချက်ကို ကေအဲန်ယူက ငြင်းဆိုလိုက်ခြင်းဖြစ် သည်။
KNU ဒု-ဥက္ကဌ စောဒေးဗစ်သကဘောက “ဒါတွေဟာ သူတို့ မတရား လုပ်ကြံအကွက်ဆင်တာ ဖြစ်တယ်။ လုပ်ကြံဝါဒဖြန့်တာ လည်း ဖြစ်တယ်။ ကျနော်တို့ KNU မှာ အကြမ်းဖက်တဲ့ ပေါ်လစီ မရှိဘူး။ ဒါ ရှင်းရှင်းလေးပဲ။ ဒီလို မတရားစွပ်စွဲမှုတွေဟာ ဟိုး နေ၀င်း(အာဏာရှင်ဟောင်း) လက်ထက်တုန်းကလည်း ဒီအတိုင်းပဲ။ ဒါသူတို့လုပ်နေကျ ဇာတ်ကွက်တစ်ခုပဲ။”ဟု ကေအိုင်စီကို ပြောသည်။
ဆက်လက်၍ သူက “မြန်မာစစ်အစိုးရဟာ မဟာဝါဒကို စွဲကိုင်ထားတာဖြစ်တဲ့အတွက် အာဏာတည်မြဲဖို့ ဒီလို လုပ်ကြံဝါဒဖြန့် တာတွေက လုပ်ရိုးလုပ်စဉ်ဖြစ်နေပြီ။ အခု ကချင်မှာ ဖြစ်တဲ့ကိစ္စဟာလည်း လူတွေကို အာရုံပြောင်းဖို့အတွက် လုပ်တာလည်း ဖြစ်နိုင်တယ်။”ဟု သုံးသပ်ပြောဆိုသည်။
အစိုးရသတင်းစာက သန့်စင်ခန်းအတွင်း ဗုံးလာရောက်ထားရှိသူ အောင်ကိုလတ် (ခ) အောင်ကြီးသည် KNU တပ်မဟာ(၂)မှ ဖောက်ခွဲရေး တာဝန်ခံတစ်ဦးနှင့် သုံးကြိမ်ခန့် တွေ့ဆုံခဲ့ပြီးနောက် အခကြေးငွေ တစ်သိန်းအရင်ယူထားကာ နေပြည်တော်တွင် ဗုံးဖောက်ခွဲရန် စီစဉ်ခဲ့ကြောင်း ဖော်ပြထားသော်လည်း KNU တပ်မဟာ(၂)မှ ဗုံးဖောက်ခွဲရေးတာဝန်ခံ၏ အမည်နှင့် မည်သည့် တပ်ရင်းမှ ဖြစ်သည်ကိုမူ အတိအကျ ဖော်ပြထားခြင်း မရှိပေ။
အစိုးရသည် မြန်မာပြည်အတွင်း ဗုံးပေါက်ကွဲမှုဖြစ်တိုင်း KNU လက်ချက်ဟု စွပ်စွဲပြောဆိုလေ့ရှိပြီး မေလ ၁၈ရက်နေ့က တပ် ကုန်းမြို့နယ်၊ ရွှေမြို့ဘူတာနှင့် ဆင်သေဘူတာအကြား ပြည်သူ ၂ဦးသေဆုံး၍ ၉ဦး ဒဏ်ရာရရှိခဲ့သည့် မီးရထားပေါ်မှ ဗုံးပေါက် ကွဲမှုတွင် KNU က ခိုင်းစေခဲ့သည့် ကျော်ဒီ (ခ) မာရီနိုဆိုသူကို ဖမ်းဆီးမိထားသည်ဟုလည်း အစိုးရသတင်းစာတွင် ဖော်ပြထား သည်။
copy rights_http://www.kicnews.org/?p=6212
မြန်မာ့အလင်းပြောတဲ့ KIA အကြောင်း မူရင်းသတင်းစာ

Jun18__dragged_

အမတို့က တကယ်ကို ခံစားခဲ့ရတာပါ


(ဒေါ်ဘောက်ဂျာနှင့် အင်တာဗျူး)

နယူးဒေလီ (မဇ္ဈိမ) ။ ။ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီဝင် ဒေါ်ဘောက်ဂျာသည် ဒေသတွင်း
လယ်ယာခြံမြေ အသိမ်းခံများအရေး ကူညီနေသူလည်း ဖြစ်သည်။ မိုးညှင်းခရိုင် အင်းတော်ကြီး ဇာတိဖြစ်ပြီး၊ လွန်ခဲ့သည့် ၁ဝ နှစ်ခန့်က ဖားကန့်သို့ ပြောင်းလာကာ ဝါရာဇွပ်ကျေးရွာအုပ်စု အောင်ရာရွာ၌ ကိုယ်ပိုင်ဆေးဆိုင် ဖွင့်ထားသည်။

ကချင်တွင် ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် စစ်ပုန်းရှောင်သူများ၏ အခြေအနေနှင့် ပတ်သက်ပြီး
 ဒေါ်ဘောက်ဂျာကို မဇ္ဈိမသတင်းထောက် သဲသဲက ဆက်သွယ်မေးမြန်းထားပါသည်။

ပြောင်းရွှေ့ထွက်လာတဲ့ သူတွေက ဘယ်နေရာမှာ နေကြလဲ။

‘‘ကျမက ရန်ကုန်မှာ ဖြစ်နေတဲ့အခါကျ တိုက်ရိုက်တွေ့တာ မဟုတ်ဘူး။ တဆင့်ပြန်ပြောပြလို့သာ ကျမက သိနေရတာပါ။  သင်းအုပ်ဆရာတယောက်က ကျမကို ဖုန်းဆက်လာတယ်၊ ရွာထဲက ကလေးတွေ၊ အဘွားကြီးတွေကို ရွှေ့ပေးထားပြီး သူကတော့ ရွာမှာပဲ နေခဲ့မယ်တဲ့။ ဒီကလေးတွေ၊ အဘွားကြီးတွေ နေဖို့အတွက် ကျမခြံဝင်းထဲမှာ ထားဖို့ အကူအညီတောင်းတယ်။ ကျမခြံက နည်းနည်းလည်း ကျယ်တော့၊ အဲဒီနားမှာ မူကြိုကျောင်းတွေလည်း ရှိတော့ အဲဒီမှာထားချင်တယ်လို့ ခွင့်တောင်းလာတော့ ရပါတယ်လို့ ပြောလိုက်တာပါ’’