Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/08/31

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၉၉)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို  တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။
ဒီပဲယင်းလုပ်ကြံမှုကြီး၌ အသက်ပေးဆပ် စွန့်လှူခဲ့ကြသူများတို့အား မိမိတို့ ကိုးကွယ်ရာ ဘာသာအလိုက် တမိနစ် ငြိမ်သက် ဆုတောင်း မေတ္တာပို့သပေးခဲ့ကြပြီးနောက် အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့မှ အမှာစကား ပြောသွားခဲ့ကြပါသည်။ ဆန္ဒပြပွဲ တက်ရောက်ကြသူများတို့မှ ဒီပဲယင်း ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ပေးဖို့နဲ့ မတရား အဖမ်းဆီးခံ နေကြရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်း လွတ်ပေးရန် တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ၁၅၀ကျော်ခန့် ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
UNFC ထုတ်ပြန်ကြေညာချက်
UNFC
UNFC ထုတ်ပြန်ကြေညာချက်
UNFC
သိန်းစိန်အစိုးရထံ ပေးပို့ သော ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ၏ပေးစာ (သြဂုတ်လ ၂၈ ရက် ၂၀၁၁ ခုနှစ်)
To_Burmese_Govt

Save the Irrawaddy


Copy from - irrawaddyblog

တရုတ်နည်းပညာ၊ ဧရာဝတီနဲ့ မြန်မာတမျိုးသားလုံးရဲ့ ကံကြမ္မာ


တရုတ်နိုင်ငံ အရှေ့ခြမ်း ယန်ဇီပြည်နယ် နန်ချန်းမြို့အနီး ဖုဟေး မြစ်မျက်နှာပြင်ပေါ်တွင် အစုလိုက်အပြုံလိုက် သေနေ သောငါးများ (August 17, 2011)

တရုတ်ပြည်ရဲ့ တဟုန်ထိုး စီးပွါးရေး တိုးတက်လာမှုကြောင့် ဖြစ်လာရတဲ့ စွမ်းအင် လိုအပ်ချက်ဟာ တရုတ်ပြည်ထဲ က မြစ်တွေ ပျက်စီးခဲ့ရုံနဲ့ မပြီးဘဲ မြန်မာပြည်ကို မွေးဖွား သန့်စဉ်ပေးခဲ့တဲ့ တခုတည်းသော  မြန်မာ အမျိုးသားပိုင် အမိ ဧရာဝတီကို သတ်ဖြတ်ဖို့ ကြိုးစဉ် ဆောက်နေတဲ့ အဆင့်အထိ ရောက်လာခဲ့ပါပြီ။
ကျနော့် အနေနဲ့ ဒီဓါတ်ပုံ သတင်းဆောင်းပါးမှာ ပြည်ထောင်စု၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့ မြန်မာ တမျိုးသားလုံးကို တင်ပြချင်တဲ့ အခြေခံ အချက်ကတော့ တ ရုတ်တွေဟာ သူတို့ ကိုယ်ပိုင်မြစ်တွေကို  ဘယ်လို သတ်ဖြတ် ခဲ့ကြပြီလဲ။ သူတို့ သဘာဝ ပတ်ဝန်းကျင်ကို ဘယ်လိုဖျက်ဆီး ခဲ့ကြပြီလဲ ဆိုတာကို ဘာအကျိုး ကျေးဇူးတစုံတရာ မယ်မယ်ရရမရှိ မြန်မာ တမျိုးသားလုံးအတွက် အဘက်ဘက်က ဘာ အာမခံချက်မှ မရှိတဲ့ ဧရာဝတီကို လည်မျိုညှစ်နေတဲ့ တရုတ် အကျိုးစီးပွါး သက်သက်အတွက် သခင်အားရ ကျွန်ဒဏ်ဝ လုပ်နေတဲ့ မျိုးဖျက် သစ္စာဖေါက် လောက်ကောင် ပုဆိန်ရိုး တစုကြောင့် ဖြစ်လာရတဲ့  မြစ်ဆုံ ရေအား လျှပ်စစ်ထုတ် ရေကာ တာတွေကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို နှိုင်ယှဉ် တွေးဆပြီး ဒီသေမင်း တမန် စီမံကိန်းကို အမျိုးသားရေး အသွင် သဏ္ဌာန်နဲ့ ရပ်တန့်နိုင်စေရန် ရည်ရွယ် တင်ပြလိုက်ပါတယ်။

2011/08/29

မြိတ် - ထားဝယ် ခရိုင်တွင်ကျင်းပပြီးစီးခဲ့သော ကရင့်အာဇာနည့်နေ့  ဗီဒီယိုမှတ်တမ်း (ကွယ်ကလူသတင်း ရုပ်သံ)
Karen Martyrs Day, Mergui-Tavoy District, Southern Burma, August 12, 2011

မြန်မာအစိုးရသစ်နဲ့ သတိထားဆက်ဆံဖို့ အိန္ဒိယကိုတိုက်တွန်း

အိန္ဒိယ အပြည်ပြည်ဆိုင်ရာ စင်တာ IIC မှာ ဒီနေ့ ညနေကကျင်းပခဲ့တဲ့ Democratization and Reconciliation: Burma at Crossroads ဆွေးနွေးပွဲ (ဓာတ်ပုံ - ဧရာဝတီ)
ဒီဆွေးနွေးပွဲမှာ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွေပေါ် မူတည်ပြီး ၂၀၁၀ ရွေးကောက်ပွဲ အပြီးပေါ်လာတဲ့ အစိုးရသစ်ကို ယုံကြည်မှု မလွန်ကဲဖို့၊ သတိထား ဆက်ဆံဖို့ အိန္ဒိယရောက် မြန်မာအတိုက်အခံတွေက အိန္ဒိယအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းကို တိုက်တွန်း ပြောဆို လိုက်ပါတယ်။
 
အင်အားကြီး ဒီမိုကရေစီနိုင်ငံကြီး ဖြစ်တဲ့ အိန္ဒိယ အနေနဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာ  ဖြစ်နေတဲ့ အခြေအနေတွေကို အမှန်အတိုင်း သိရှိ နားလည်ဖို့ လိုအပ်တယ်၊ မြန်မာ့ဒီမိုကရေစီရေး အတွက် အားပေးကူညီဖို့ တောင်းဆို ခဲ့ကြပါတယ်။
ဒီဆွေးနွေးပွဲကို ထိုင်း-မြန်မာနယ်စပ်က မြန်မာအတိုက်အခံ အင်အားစုတွေ၊ အိန္ဒိယရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတွေ၊ မြန်မာ့အရေး စိတ်ဝင်စားတဲ့ အိန္ဒိယ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ပညာရှင်တွေ တက်ရောက် ဆွေးနွေး ခဲ့ကြပါတယ်။

2011/08/28

နိုင်ငံရေးအကျဉ်းသား ကိုဌေးကြွယ် လွတ်မြောက်ရေး ဗြိတိန်ဒု-၀န်ကြီးချုပ် လှုံ့ဆော်

နိုင်ငံရေးအကျဉ်းသား ကိုဌေးကြွယ် လွတ်မြောက်ရေး
ဗြိတိန်ဒု-၀န်ကြီးချုပ် လှုံ့ဆော်
 
ဓာတ်ပုံသတင်း - မိုးမခ (သြဂုတ် ၂၇၊ ၂၀၁၁)
 
၈၈ မျိုးဆက် ကျောင်းသား ခေါင်းဆောင် ကိုဌေးကြွယ် လွတ်မြောက်ရေး လှုပ်ရှား သူများထဲတွင် ဗြိတိန်ဒု-၀န် ကြီးချုပ် Nick Clegg လည်း ပါဝင်လာသည်။ သူက ကိုဌေးကြွယ်၏ အမည်ကို သူ၏ လက်ဖ၀ါးတွင် ရေးသား ပြီး ဓာတ်ပုံ အရိုက်ခံခဲ့သည်။ ဤကဲ့သို့သော လှုံ့ဆော်သည့် ဓာတ်ပုံများကို မီဒီယာများ၊ အကျဉ်းသား လွတ်မြောက်ရေး လှုပ်ရှားမှုများတွင် အသုံးပြုကြမည် ဖြစ်သည်။
Copy from - drlunswe.blogspot

ရေကာတာတည်ဆောက်မှု ရပ်တန့်ရေး စုပေါင်း လက်မှတ်ထိုးနေကြ

2011-08-27
မြစ်ဆုံရေကာတာ တည်ဆောက်မှုနဲ့ ဧရာဝတီမြစ် ပျက်စီးမယ့် စီမံကိန်းတွေ ကို ရပ်တန့်ပေးဖို့ တောင်းဆိုမှုတွေကို ဒီကနေ့ မန္တလေး၊ ဟင်္သာတ အပါအဝင် ဧရာဝတီ မြစ်ကြောင်းတလျှောက်က မြို့ကြီးတွေမှာ စတင် ပြုလုပ်နေကြောင်း သတင်း ရရှိပါတယ်။
RFA Map
ကချင်ပြည်နယ် မြို့တော် မြစ်ကြီးနား အထက်ဖက် ၂၅ မိုင်အကွာတွင် တည်ဆောက်နေသည့် မြစ်ဆုံ ရေကာတာ တည်နေရာပြ မြေပုံ ဖြစ်ပါသည်။ ထိုနေရာ အနီးမှာပင် တရုတ်နှင့် အိန္ဒိယသို့ ဖောက်လုပ်မည့် လီဒိုလမ်းအတွက် ဧရာဝတီ မြစ်ကူးတံတား အသစ်တခု တည်ဆောက်မည်။ (RFA Map)
ဟင်္သတမြို့မှာ လူငယ်တွေ စုစည်းပြီး “ဧရာဝတီကို ထာဝရ ရှင်သန်စေသူများ” ဆိုပြီး စုပေါင်း လက်မှတ်ရေးထိုးနေကြောင်း လူငယ်တွေက ပြောပါတယ်။

ဂျပန်ဝန်ကြီးချုပ် အာဏာရပါတီ ခေါင်းဆောင်အဖြစ်က နုတ်ထွက်


ဂျပန်နိုင်ငံ ၀န်ကြီးချုပ် နာအိုးတိုးခန်
26 သြဂုတ် 2011,
ဂျပန်နိုင်ငံ ၀န်ကြီးချုပ် နာအိုးတိုးခန်ဟာ အာဏာရ ဒီမိုကရက်ပါတီက အကြီးအကဲ ရာထူးကနေ နုတ်ထွက်တဲ့ အကြောင်း သောကြာနေ့မှာ ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ မတ်လ ၁၁ ရက်နေ့တုန်းက ဖြစ်ပွားခဲ့တဲ့ မြေငလျင်နဲ့ ဆူနာမီ ရေလှိုင်းဘေးဒဏ် ကြုံရတဲ့ ကိစ္စမှာ သူ့အစိုးရရဲ့ ကိုင်တွယ်ပုံ ညံ့ဖျင်းလို့ဆိုပြီးတော့ ၀န်ကြီးချုပ်ကို နုတ်ထွက်ပေးဖို့ ဖိအားပေးနေတာကို ခံခဲ့ရတာဖြစ်ပါတယ်။
ဇွန်လ တုန်းကတော့ လွှတ်တော်မှာ အယုံအကြည်မရှိ အဆိုတင်သွင်းမှုကို အနိုင် ရခဲ့ပြီးတဲ့နောက် ၀န်ကြီးချုပ်က ဘက်ဂျက် အသုံးစာရိတ် ကိစ္စ နှစ်ခုနဲ့ စွမ်းအင်ဆိုင်ရာ ဥပဒေမူကြမ်းတွေ အတည်ပြု ပြီးတာနဲ့ နုတ်ထွက်မှာ ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ နောက်ဆုံး လက်ကျန် ဥပဒေမူကြမ်း နှစ်ခုကို သောကြာနေ့မှာ အတည်ပြုလိုက်ပြီဖြစ်ပါတယ်။
တနင်္လာနေ့မှာ ဒီမိုကရက်ပါတီရဲ့ခေါင်းဆောင်သစ်ကို ရွေးချယ်ပြီးတာနဲ့ ၀န်ကြီးချုပ် ခန် ဟာ ပါတီကရော၊ အစိုးရကပါ တရားဝင် နုတ်ထွက် လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဥပဒေပြု လွှတ်တော်အမတ်တွေက အကြီးအကဲသစ်ကို ၀န်ကြီးချုပ်အဖြစ်နဲ့ အင်္ဂါနေ့မှာ အစောဆုံး ထားပြီးတော့ ရွေးကောက် တင်မြှောက်ဖို့ ရှိပါတယ်။ အဲဒီအခါမှာ ၅ နှစ်အတွင်း ၇ ယောက်မြောက် ဂျပန်ဝန်ကြီးချုပ်သစ် ပေါ်ထွက် လာမှာ ဖြစ်ပါတယ်။
အခုနှစ်အတွင်း ဖြစ်ပွားခဲ့တဲ့ သဘာဝ ဘေးအန္တရာယ်နဲ့ နျူကလီးယား အန္တရာယ်တွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် ဂျပန်နိုင်ငံမှာ လူမှုရေး၊ စီးပွားရေး စိန်ခေါ်မှု ကြီးကြီး မားမားနဲ့ ရင်ဆိုင် နေရတာ ဖြစ်ပါတယ်။

2011/08/27

KNU နှင့် ဆွေးနွေးရန် အစိုးရကိုယ်စားလှယ်စေလွှတ်

အစိုးရ နှင့် လက်နက်ကိုင်အဖွဲ့ တဖွဲ့ချင်း ဆွေးနွေးကြမည် မဟုတ်ဘဲ တပ်ပေါင်းစုအနေဖြင့်သာ ဆွေးနွေးနိုင်မည်ဟု KNU ဒု ဥက္ကဋ္ဌ ပဒိုဒေးဗစ်သကဘောက ပြောသည် (ဓာတ်ပုံ - ဧရာဝတီ)
26 August 2011,

အစိုးရက ကရင်အမျိုးသား အစည်းအရုံး (KNU) နှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် ဘာသာရေး ခေါင်းဆောင်များကို မကြာသေးမီက တာဝန်ပေး လိုက်သည်ဟု ကရင်တိုင်းရင်းသား နိုင်ငံရေးသမား တဦးက ဧရာဝတီကို ပြောသည်။
ကရင်ပြည်နယ် အစိုးရ ၀န်ကြီးချုပ် ဗိုလ်မှူးချုပ်ဇော်မင်းက စီစဉ်ခြင်း ဖြစ်သည်ဟု ဆိုသည်။ "ဒီရက်ပိုင်း အတွင်းမှာပဲ KNU နဲ့ ဆွေးနွေးဘို့ ဗုဒ္ဓဘာသာနဲ့ ခရစ်ယာန် ကရင်ဘာသာရေး ခေါင်းဆောင်တွေကို စေလွှတ်ဖို့ စီစဉ်ထားတယ်။ ဒီတခါ လုပ်မယ့် ငြိမ်းချမ်းရေးက ပြည်နယ် အဆင့်က လုပ်မှာ ဖြစ်တယ်။ အဲဒီ ကိုယ်စားလှယ်အဖွဲ့မှာ ကျနော့်မိတ်ဆွေ ဘုန်းတော်ကြီးတွေလည်း ပါတယ်" ဟု ကရင်နိုင်ငံရေးပါတီတခု၏ ခေါင်းဆောင်က ပြောသည်။
နောက်ဆုံး ရရှိသည့် သတင်းအရ ကရင်ပြည်နယ် ၀န်ကြီးချုပ်၏ ပဏာမ ကိုယ်စားလှယ် အဖွဲ့သည် ထိုင်းမြန်မာ နယ်စပ်ရှိ KNU အဆင့်မြင့် ခေါင်းဆောင် တချို့နှင့် ယမန်နေ့က တွေ့ဆုံခဲ့သည်ဟု သိရသည်။
သို့သော်လည်း KNU က အစိုးရ၏ အစီအစဉ်ကို လက်ခံမည် မဟုတ်ကြောင်း၊ တိုင်းရင်းသား အဖွဲ့များက အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးရန် UNFC ခေါ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီကို ဖွဲ့စည်း ထားပြီး ဖြစ်ကြောင်း KNU ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဧရာဝတီကို ပြောသည်။
 "မြန်မာ အစိုးရအနေနဲ့ ဒီကိစ္စ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC နဲ့ သွားပြောရင်တော့ ဖြစ်နိုင်တယ်။ KNU နဲ့တော့ တိုက်ရိုက် ပြောလို့ မရဘူး။ UNFC မှာ အခြေခံဥပဒေ ရှိတယ်။ ဒါကြောင့် ကျနော်တို့ ပယ်ချတာဖြစ်တယ်။ သူတို့ အရင်ကလည်း တဖွဲ့ချင်းစီကို လိမ်ညာနေတယ်၊ တိုင်းရင်းသားတွေကို အနိုင်ကျင့် ဗိုလ်ကျနေတယ်" ဟု ပဒိုဒေးဗစ်သကဘောက ပြောသည်။
လက်နက်ကိုင် အဖွဲ့များကို သီးခြားစီ ဆွေးနွေးရန် ကြိုးပမ်းနေခြင်းမှာ ဖဲ့ထုတ် စည်းရုံးခြင်း ဖြစ်သည်ဟု သူက ဆိုသည်။ မကြာသေးသမီက ကချင်လွတ်လပ်ရေး အဖွဲ့၊ မွန်ပြည်သစ်ပါတီ တို့ကလည်း KNU နည်းတူ တုံ့ပြန်ထားပြီးဖြစ်သည်။ UNFC တပ်ပေါင်းစုကို တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၆ ဖွဲ့နှင့် ဆက်စပ်အဖွဲ့ ၆ ဖွဲ့ တို့က ယခုနှစ် ဖေဖေါ်ဝါရီလက စတင် ဖွဲ့စည်းခဲ့သည်။
သတင်းရင်းမြစ် - ဧရာဝတီ

ဗိုလ်ကြီးဟောင်း နေမျိုးဇင် ထောင်ဒဏ် ၁၀ နှစ်ချခံရ

2011-08-26
NLD လူငယ်တွေရဲ့ BG သွေး ကူညီရေး အဖွဲ့က ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ကို အီလက်ထရောနစ် ပုဒ်မ ၃၃ (က) နဲ့ အင်းစိန်ထောင် အထူး တရားရုံးကနေ ထောင်ဒဏ် (၁၀) နှစ် ဒီနေ့ချမှတ် လိုက် ပါတယ်။
Photo: pwvb.blogspot.com
ဖမ်းဆီးခံထားရတဲ့ ဗိုလ်ကြီးဟောင်း နေမျိုးဇင်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဦးနေမျိုးဇင်ရဲ့ညီ ကိုခင်မောင်ထွေးက RFA ကို အခုလိုပြောပါတယ်။ “(၃၃) က ပုဒ်မ တခုတည်းနဲ့ ၁၀ နှစ်ချပါတယ်ခင်ဗျ။ ကျနော့် အစ်ကိုအတွက် ကျနော် စိတ်မကောင်း ဖြစ်ရပါတယ်။ အများအကျိုးအတွက် ဆောင်ရွက်နေတဲ့ ဒီလို လူတယောက် ဆုံးရှုံး သွားတဲ့ အတွက် မိသားစု အနေနဲ့ စိတ်မကောင်း ဖြစ်ရပါတယ်။ တိုင်းပြည် အတွက်လဲ လူကောင်း သူကောင်း တယောက် ဆုံးရှုံးတာလို့ ကျနော် ဒီလိုပဲ တွက်ပါတယ်။ ဆုံးရှုံးတယ် ဆိုတာလဲ ခေတ္တခဏပေါ့ ပြန်လွတ်လာရင် ပြန်လုပ်လို့ ရပါတယ်” ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင် ဟာ BG သွေးကူညီရေး အဖွဲ့ကို ကူညီ ပံ့ပိုးနေရင်း ကိုယ်ပိုင် စီးပွားရေး လုပ်ငန်းအဖြစ် အင်တာနက်က ဖေးဆိုင် ဖွင့်ထားတာပါ။ သူ့ကို မတ်လ (၂) ရက်နေ့က ဖမ်းလိုက်ပြီး တဲ့နောက် သူ့အိမ်မှာ ရှိတဲ့ ကိုယ်ပိုင်သုံး လက်ပ်တော့ ကွန်ပျူတာကို သိမ်းဆည်း သွားပါတယ်။ အဖမ်းခံရပြီး ထောင်ထဲမှာ ခါးရိုးထဲ အကြောညပ် သွားတဲ့အတွက် အောက်ပိုင်း မလှုပ်ရှား နိုင်တဲ့ အခြေအနေ ဖြစ်နေလို့ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ကြည့်မြင်တိုင် အရိုး အထူးကု ဆေးရုံမှာ ပြသ ခွင့်ပြုခဲ့တဲ့ အကြောင်း RFA က တင်ပြခဲ့ပါတယ်။ ဒီ ဝေဒနာကြောင့် ခွဲစိပ်ကုသ ရမယ့် အခြေအနေမှာ ရှိတယ်လို့ ကိုခင်မောင်ထွေးက ပြောပါတယ်။ “ကျန်းမာရေး အခြေအနေက တော်တော် မကောင်းဘူး။ အစား အသောက်ကလည်း မကောင်းတော့ သွေးပေါင်တွေကျပြီး လူက လမ်းမလျှောက် နိုင်အောင် ဖြစ်နေပါတယ်။ ခါးက ခွဲစိပ်ကုသမှု ခံယူဖို့ လိုအပ်တယ်လို့ ပြောပါတယ်။ နောက်တပတ် အင်္ဂါနေ့ကို ကြည်မြင့်တိုင် အရိုးအထူးကုမှာ သွားပြပြီးတော့ ကုသဖို့ အဖြေထုတ်မယ်လို့ ပြောပါတယ်” ဦးနေမျိုးဇင်ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ ပတ်သက်ပြီး ရှေ့နေက တရား ဥပဒေအရ အယူခံဝင်ဖို့ ဆက်လက် ကြိုးပမ်း သွားမယ်လို့ သိရပါတယ်။

ယုံကြည်ချက် ခံယူချက်ကြောင့် အကျဉ်းကျခံနေရသူများ၊ ပြည်ပရောက် မြန်မာနိုင်ငံသားများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ပူးပေါင်းပါဝင်ခွင့်ရရေးအတွက် အထွေထွေလွတ်ငြိမ်းချမ်းသာခွင့်များ ထုတ်ပြန်စေရေးအတွက် နိုင်ငံတော်သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံ 

by Kyaw Aye on Friday, August 26, 2011 at 11:23pm

ပထမအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး ပဉ္စမနေ့တွင် အထွေထွေလွတ်ငြိမ်း ချမ်းသာခွင့်အမိန့်များ ဆက်လက် ထုတ်ပြန်စေရေးအတွက် နိုင်ငံတော် သမ္မတအား ပြည်သူ့လွှတ်တော်က မေတ္တာရပ်ခံကြောင်းအဆိုကို ရန်ကုန် တိုင်းဒေသကြီး သင်္ဃန်းကျွန်း မဲ ဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က ပြည်သူ့လွှတ် တော်သို့တင်သွင်းခဲ့ကြောင်း သိရှိရပါသည်။

ယင်းအဆိုကို ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် မဲဆန္ဒနယ်မှ ဦးစံလင်း၊ ရန်ကုန်တိုင်း ဒေသကြီး တာမွေမြို့နယ် မဲဆန္ဒ နယ်မှ ဒေါ်လဲ့လဲ့ဝင်းဆွေ၊ ရခိုင်ပြည် နယ် ကျောက်ဖြူမြို့နယ် မဲဆန္ဒနယ် မှ ဦးဘရှိန်၊ ရှမ်းပြည်နယ် ကွန်ဟိန်း မဲဆန္ဒနယ်မှ ဒေါ်နန်းဝါနု၊ ရှမ်းပြည် နယ် ရွာငံမဲဆန္ဒနယ်မှ ဦးအောင် သိန်း၊ ရှမ်းပြည်နယ် လဲချားမဲဆန္ဒ နယ်မှ ဦးစိုင်းမောင်တင်၊ ရခိုင်ပြည် နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ် ခင်စောဝေ၊  ကရင်ပြည်နယ်ဘားအံ မဲဆန္ဒနယ်မှ ဒေါ်နန်းစေအွာ၊ တန င်္သာရီတိုင်း ရေးမဲဆန္ဒနယ်မှ ဒေါ်မိ မြင့်သန်း၊ ချင်းပြည်နယ် ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်း၊ မွန် ပြည်နယ် ပေါင်မဲဆန္ဒနယ်မှ ဦးခင် မောင်မြင့်၊ ပဲခူးတိုင်း ကျောက်ကြီး မဲဆန္ဒနယ်မှ ဦးဥာဏ်ဆွေဝင်း၊ ရန် ကုန်တိုင်းဒေသကြီး စမ်းချောင်း မဲ ဆန္ဒနယ်မှ ဦးစိုးဝင်း၊ ရန်ကုန်တိုင်း ဒေသကြီး မြောက်ဥက္ကလာပ မဲဆန္ဒ နယ်မှ ဒေါက်တာသန်းဝင်း၊ မွန်ပြည် နယ် သံဖြူဇရပ် မဲဆန္ဒနယ်မှ ဦး သိန်းအောင်တို့က ဆွေးနွေးခဲ့ကြပြီး တပ်မတော်သား ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်နှစ်ဦးကလည်း ဖြည့် စွက်ဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ခုခံကာကွယ်စစ်အ ရှိန်မြှင့်ရန် အက်စ်အက်စ်အေနှင့် ဒီကေဘီအေ ဆွေးနွေး

August 26, 2011 ။

နယ်ခြားစောင့် တပ်ဖွဲ့ရေးကို လက်မခံဘဲ စစ်အစိုးရ လက်ထက်ကနေ ခုအစိုးရအထိ ပြန်လည် တိုက်ခိုက်နေတဲ့ အက်စ်အက်စ်အေ (ရှမ်းပြည် လွတ်မြောက်ရေး တပ်မတော်)နဲ့ ဒီကေဘီအေ (တိုးတက်သော ကရင်ဗုဒ္ဓဘာသာ တပ်မတော်) တို့ တွေ့ဆုံပြီး မြို့တွင်း တိုက်ပွဲ ဆင်နွှဲပြီး ခုခံကာကွယ်စစ် တိုးမြှင့်မယ်လို့ သတင်းရရှိပါတယ်။
တွေ့ဆုံပွဲနဲ့ ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော စစ်ဆင်ရေးမှူး ဗိုလ်မှူးစောစန်းအောင်က ခုလို ပြောပြပါတယ်။
“အက်စ်အက်စ်အေ တပ်မှူးကြီးတွေနဲ့ ကျနော်တို့ဆီက ဗျူဟာမှူးအဆင့်ရှိတဲ့ ဗိုလ်မှူးကျော်သက်နဲ့ သွားတွေ့တယ်။ ညှိနှိုင်းတယ်။ လာမယ့် အနီးကပ်ဆုံး အနာဂတ်မှာ အာဏာရှင်စနစ် ပြိုလဲဖို့အတွက် ဘယ်လို တိုက်မလဲ၊ ဘယ်လို ချေမှုန်းမလဲဆိုတာ သွားပြီး ညှိနှိုင်း တိုင်ပင်ခဲ့တယ်။”

သုံးပွင့်ဆိုင် ဆွေးနွေးရေး ကင်တားနားထံ ၁၉၉၀ တိုင်းရင်းသားပါတီ ၈ ပါတီ တင်ပြတောင်းဆို

ထောမတ်အိုဟေးကင်တားနား (http://newsdeyea.blogspot.com)
သြဂုတ်လ 26 ရက် 2011 ခုနှစ် ။

၁၉၉၀ ရွေးကောက်ပွဲဝင် တိုင်းရင်းသားပါတီ ၈ ပါတီက သုံးပွင့်ဆိုင်ဆွေးနွေးရေး အပါအဝင် အချက် ၄ ချက်ပါ ပေးစာကိုကုလသမဂ္ဂမြန်မာ နိုင်ငံလူ့အခွင့်အရေးဆိုင်ရာအထူးကိုယ်စားလှယ် ထောမတ် အိုဟေးကင်တား နား ထံတင်ပြတောင်း ဆို ခဲ့ကြကြောင်း သိရှိရပါသည်။
“ကျနော်တို့တိုင်းရင်းသား ပါတီ ၈ ပါတီက အချက် ၄ ချက် ရေးသားတင်ပြတောင်းဆိုခဲ့ကြတယ်။ မစ္စတာ ကင်တားနား ကတဆင့် သမ္မတ ဦးသိန်းစိန်နဲ့ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန် တို့ကို တင်ပြပေးဖို့ပါ” ဟု သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ် က ပြောပါသည်။
သြဂတ်စ် ၂၀ ရက် နေ့စွဲဖြင့် တိုင်းရင်းသားပါတီဟောင်း ၈ ပါတီ တင်ပြတောင်းဆိုသည့် အချက် ၄ ချက်မှာ
- ၁. တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ၊ အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ ကျောင်းသားခေါင်းဆောင်များ၊ ဒီမိုကရေစီအရေးလှုပ်ရှာနေသူများ ပါဝင်သင့်ပါဝင်ထိုက်သည့်ပုဂ္ဂိုလ်များ ပါဝင်သည့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပြုလုပ်ပေးရန်။
၂. စစ်မက်ရေးရာဒေသတွင် စစ်ဘေးစစ်ဒဏ်သင့်လူထု အကူအညီရရှိရန်၊ ကူညီနိုင်သည့်ပုဂ္ဂိုလ်များ ဝင်ရောက် အကူအညီပေးနိုင်မည့် အခွင့်အရေးရရှိရန်။
၃. အကျဉ်းကျနေသည့် တိုင်းရင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရန်၊ သမ္မတ ဦးသိန်းစိန်ကိုယ်တိုင် လက်တွေ့ကျကျ တာဝန်ယူဖြေရှင်းပေးရန်။
၎. ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အပါအဝင် တိုင်းရင်းသားပါတီများကို အသိ အမှတ်ပြု ဆက်ဆံရန်- တို့ဖြစ်သည်။  

အင်န်အယ်ဒီနဲ့ လက်ရှိအစိုးရ အတူတူရပ်စရာ ဘာတွေရှိလို့လဲ

ဦးဝင်းတင်နဲ့ မေးခွန်းများ
Thursday, 25 August 2011

ယမန်နေ့က ဦးဝင်းတင်နဲ့ တွေ့ဆုံစဉ်မှာ မေးမြန်းဖြစ်တာကတော့ ဦးသိန်းစိန်နဲ့ တွေ့ဆုံပြီး ပြန်လာတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယူအင်က လူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားတို့ တွေ့ဆုံကြတဲ့ဆီမှာ လက်ရှိတိုင်းပြည်အတွက် အများပြည်သူအကျိုးဖြစ်ပေါ်စေဖို့ အခြေအနေတွေ၊ လိုအပ်ချက်တွေ ဘယ်ရွေ့ဘယ်မျှ ပြောဆိုဆွေးနွေးဖြစ်သလဲ၊ နေပြည်တော်က ပြန်လာတဲ့ ကွင်တာနားကိုယ်တိုင်ကကော ဘယ်လောက် အကောင်းမြင်တာတွေ ရှိသလဲ၊ မရှိဘူးလဲ ဆိုတာတွေကို မေးမြန်းဖြစ်တာ ဖြစ်ပါတယ်။

ပထမဆုံး ကြိုတင်ပြီး တိုင်းတာချင်တဲ့အချက် ၃ ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီအပါအ၀င် ကွန်ယက်တွေက ၂၀၁၁ မြန်မာနှစ်ဆန်းမှာ၊ ဧပြီလလယ်မှာ သမ္မတကြီးထံ လက်မှတ်ထိုးတောင်းဆိုတဲ့ ကင်ပိန်းတခုကို စတင်ခဲ့တယ်။ အဲသည်မှာ ၁ အချက် နိုင်ငံရေးအကျဉ်းသားတွေ ခြွင်းချက်မရှိ လွတ်မြောက်ဖို့၊ ၂ က ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေ လုံခြုံအေးချမ်းစွာ အိမ်ပြန်လာနိုင်ကြဖို့၊ ၃ အချက်ကတော့ ပြည်တွင်းစစ်တွေ ရပ်စဲပြီးတော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဦးတည်ကြဖို့ ဆိုတာဖြစ်တယ်။ အခုအချိန်မှာ ၂၀၁၀ ရွေးကောက်ပွဲမှတ်ပုံတင် ပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကိုယ်တိုင်က အလားတူ သဘောထားတွေ တောင်းဆိုမှုတွေ ဖော်ထုတ်လာတယ်။ အစိုးရကိုယ်တိုင်ကလည်း ထိုအချက် ၃ ချက်ကို ချဉ်းကပ်တဲ့ တုန့်ပြန်မှုတွေ လုပ်လာသလိုလို ဖြစ်နေတယ်။ အခု နေပြည်တော်က လွှတ်တော်အစည်းအဝေးတွေမှာလည်း ကော်မရှင်တွေဖွဲ့တာ၊ ဆွေးနွေးတာတွေ လုပ်လာတာတွေကို တွေ့နေရပြီ ဖြစ်တယ်။
အဲသည်လို အခြေအနေမျိုးမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် ကွင်တာနားကို လက်ရှိအစိုးရအသစ်ကို လက်ခံတွေ့ဆုံတဲ့ဆီမှာ ယခင်နအဖစစ်အာဏာပိုင်တွေနဲ့ မတူတဲ့ခြားနားတဲ့ လက်ခံတွေ့ဆုံမှုတွေ၊ ရင်းနှီးမှုတွေလုပ်လာတယ်။ အတိုက်အခံအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်ပြီး တွေ့ဆုံမှုတွေကိုပါ ခွင့်ပြုတာမျိုးတွေ တွေ့မြင်ရပါတယ်။ အဲသည်အတွက် ဆရာ့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။
"နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး သူကိုယ်တိုင်လဲ ပြောတယ်၊ နောက်ပြီးတော့ အကျဉ်းထောင်တွေကိုလည်း သွားခွင့်ပြုတယ်။ သူတွေဆုံချင်တဲ့သူတွေနဲ့လည်း တွေ့ဆုံခွင့်ရတယ်လို့ မစ္စတာကွင်တာနားက ပြောပါတယ်။"
ကျနော်တို့ ကြားတာကတော့ အစိုးရကိုယ်တိုင်ကလည်း နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးဖို့နဲ့ ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိတယ်လို့ ပြောတယ်။ ဥပမာ လွန်ခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ နေပြည်တော်မှာ ၂၀၁၀ရွေးကောက်ပွဲပါတီတွေကို ခေါ်ပြီးတော့ ၉၀ရွေးကောက်ပွဲတုန်းက တပ်မတော်ကို ခြိမ်းခြောက်တာတွေ ရှိလို့ ဘာညာဆိုပြီး သူတို့စိုးရိမ်မှုတွေ ပြောဆိုသလိုမျိုး ကွင်တာနားကိုလည်း သူတို့ရဲ့ ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်မှာ စိုးရိမ်တယ်လို့များ အစိုးရက ပြောလိုက်သလား။
"အင်း … အဲလိုပြောရင် ရမလား မသိဘူး။ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်လိုက်လို့ရှိရင် တိုက်ပွဲခေါ်မှာကို သူတို့က စိုးရိမ်တယ်ပေါ့လေ၊ အခုထောင်ကျနေတဲ့ သူတွေဆိုတာက လူထုလှုပ်ရှားမှုတွေကို ဖော်ဆောင်နိုင်တဲ့သူတွေ၊ လုပ်ကိုင် နိုင်တဲ့သူတွေဆိုတော့ သူတို့ (အစိုးရ) က ကြောက်နေတယ် ဆိုတာမျိုး ရှိတယ်လို့ ကွင်တာနားကို ပြောတယ်လို့ ဆိုတယ်။ အဲသည်မှာ စိတ်ဝင်စားစရာတခုကတော့ ကျနော်တို့ပါတီရဲ့ ခေါင်းဆောင်တွေဖက်က တုန့်ပြန်ချက်က အင်န်အယ်ဒီအနေနဲ့က သူတို့တွေကို ၀င်ရောက်ညှိနှိုင်းမှုတွေ၊ ဖြေရှင်းမှုတွေ လုပ်ပေးနိုင်တာပဲလို့ ပြောလိုက်တယ်လို့ သိရတယ်"

2011/08/26

အုန်းဖျန်စခန်း ဒုက္ခသည်များကို ဂျပန်နိုင်ငံက ခေါ်မည်

အုန်းဖျန်ဒုက္ခသည်စခန်း Photo-KIC
သြဂုတ်လ 25 ရက် 2011 ခုနှစ် ။

တတိယနိုင်ငံသို့ နေရပ်ပြောင်းရွှေ့နေရာချထားရေး အစီအစဉ်အရ ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ဖုတ်ဖရမြို့နယ်အတွင်းရှိ အုန်းဖျန်ဒုက္ခသည်စခန်းမှ ဒုက္ခသည်များကို ၂၀၁၂ခုနှစ်၌ ဂျပန်နိုင်ငံက ခေါ်ယူ နေထိုင်ခွင့်ပြုသွားမည်ဟု အုန်းဖျန်စခန်းတာဝန် ရှိသူများက ပြောသည်။ သို့သော် လက်ခံခေါ်ယူ မည့် ဒုက္ခသည် အရေအတွက်ကိုမူ မသိရသေးပေ။
ဇူလိုင်လက ဂျပန်အစိုးရ ကိုယ်စားလှယ်နှင့် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး(UNHCR) အဖွဲ့တို့က အုန်းဖျန် စခန်းရှိ တာဝန်ရှိသူများနှင့် လာရောက် တွေ့ဆုံကာ ဂျပန်နိုင်ငံ သွားရောက် နေထိုင်လိုသူ ဒုက္ခသည်များကို လာမည့်နှစ် စက်တင်ဘာတွင် အမည်စာရင်း လာကောက်ယူမည်ဟု အသိပေး ပြောကြား ခဲ့သည်။
အုန်းဖျန်စခန်း ဥက္ကဌ စောဝါးထီးက “သူတို့(ဂျပန်နှင့် UNHCR)က ဂျပန်နိုင်ငံ သွားချင်တဲ့ သူတွေ လာမယ့်နှစ် မှာ လျှောက်လို့ရ ပြီပေါ့။ ဒုက္ခသည်တွေ စခန်းကနေ ထွက်ဖို့ တဆင့်ပြီးတဆင့် သူတို့ ဆောင်ရွက်သွား မယ်။”ဟု ပြောသည်။ ဂျပန်အစိုးရက ၎င်းနိုင်ငံအတွင်း အခြေချ နေထိုင်ရန် လျှောက်လွှာ တင်သူများသည် UNHCR ၏ တရားဝင် မှတ်ပုံတင် လက်မှတ် ကိုင်ဆောင်ထားသူများ ဖြစ်ရမည်ဟု သတ်မှတ်ထားပြီး အရွေးခံ ရသူများကို ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ဂျပန်နိုင်ငံ သို့ လာရောက်နိုင်ရန် စီစဉ်မည်ဖြစ်ကြောင်း သူကဆက်ပြော သည်။


အုန်းဖျန်စခန်းတွင် နေထိုင်သူ ဒုက္ခသည် နော်ဘော့ညောက “ဂျပန်နိုင်ငံကို သွားဖို့ စိတ်ဝင်စားတဲ့သူ အများကြီးရှိတယ်။ ဂျပန် နိုင်ငံက အလုပ်နိုင်ရင် လုပ်သလို အခကြေးရတယ်လေ။ ကျမလည်းစိတ်ဝင်စား တယ်။ ဒါပေမယ့် မိသားစု အကန့်အသတ် ရှိတော့ သွားလို့ မရဘူး။”ဟု ပြောသည်။

ဂျပန်နိုင်ငံလျှောက်သူများသည် ခြေပြတ်၊ လက်ပြတ်ဒုက္ခိတ မဖြစ်ရ၊ အိမ်ထောင်သည်များ ဖြစ်ရမည်၊ သို့သော် မိသားစုဦးရေ ၄ယောက်ထက် မများသူ၊ အသက် ၄၀နှစ်အောက် အရွယ်ရှိသူ ဖြစ်ရမည်ဟု ဂျပန်အစိုးရက သတ်မှတ်ထားကြောင်းလည်း အုန်းဖျန်တာဝန်ရှိသူများက ပြောသည်။

ဂျပန်နိုင်ငံတွင် အခြေချသည့် ဒုက္ခသည်များကို ဂျပန်အစိုးရက ငွေကြေးနှင့်အတူ ဂျပန်ဘာသာစကား၊ စာပေ ယဉ်ကျေးမှုနှင့် အသက်မွေးဝမ်းကျောင်း ပညာတို့ကို ၆လကြာ ကူညီထောက်ပံ့ သင်ကြားပေးသည်။ သို့သော် ယခုနှစ် မတ်လ၌ ဂျပန်နိုင်ငံတွင် ဆူနာမီ သဘာဝ ဘေးအန္တရာယ် ကျရောက်ပြီး လူအများအပြား သေဆုံးမှုကြောင့် အုန်းဖျန် စခန်းရှိ ဒုက္ခသည်အချို့ ဂျပန်နိုင်ငံသွားရန် တုံ့ဆိုင်း နေသည်ဟု အုန်းဖျန်ဒုက္ခသည် များ က ပြောသည်။

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့မှ တောင်ဘက် ၇၅ကီလိုမီတာခန့် အကွာတွင်ရှိသည့် အုန်းဖျန်စခန်းသည် ၁၉၉၉ ခုနှစ်တွင် စတင် တည်ထောင်ခဲ့ပြီး မြန်မာဒုက္ခသည် နှစ်သောင်းကျော် နေထိုင်လျက်ရှိသည်ဟု ကရင်ဒုက္ခ သည် များကော်မတီ-KRC ၏ ဇူလိုင် လထုတ် အစီရင်ခံစာအရ သိရသည်။ ပြီးခဲ့သည့် ၂၀၁၀ခုနှစ်၌ ထိုင်း-မြန်မာနယ်စပ် အကြီးဆုံး ဒုက္ခသည်စခန်းဖြစ်သည့် မယ်လစခန်းမှ ဒုက္ခသည် ၃၂ဦးကို ဂျပန်အ စိုးရက ၎င်း၏ နိုင်ငံတွင် အခြေချ နေထိုင်ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ထိုင်း-မြန်မာ နယ်စပ် တလျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယမ်း စသည့် ကရင်ဒုက္ခ သည်စခန်း ၇ခုနှင့် ကရင်နီစခန်း အမှတ်(၁)၊ အမှတ်(၂) အပါအ၀င် ဒုက္ခသည်စခန်း ၉ခုရှိပြီး လူဦးရေ တစ်သိန်းကျော်ရှိသည် ဟု သိရသည်။
စောခါးစူး
သတင်းရင်းမြစ် - ကေအိုင်စီ

ဒီပဲယင်းအရေး ကုလသမဂ္ဂသို့ တင်မည်

ဗုဒ္ဓဟူးနေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာကင်တားနားတို့ ဆွေးနွေးပွဲအပြီး သတင်းထောက်များနှင့် တွေ့ဆုံခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)
25 August 2011 ,

ဒီပဲယင်းဒေသတွင် ဒေါ်အောင်ဆန်းစုကြည် အကြမ်းဖက်တိုက်ခိုက်ခံရမှု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) တရားဝင် ဆက်လက် ရပ်တည်ရေး စသည့် အကြောင်းအရာများ ပါဝင်သော ကုလသမဂ္ဂသို့ ပေးပို့မည့် အစီရင်ခံစာကို အင်္ဂါနေ့က ကုလသမဂ္ဂ လူ့အခွင့်အရေး အရာရှိ မစ္စတာ သောမတ် အိုဟေး ကင်တားနားကို တင်ပြလိုက်သည်ဟု သိရသည်။ 
 “အစီရင်ခံစာကို မစ္စတာကင်တားနားကို ပြတယ်။ ပါတီရပ်တည်ရေး အပါအ၀င် ကိစ္စတွေကိုပါ။ သူက ဥပဒေပညာရှင် မဟုတ်တော့ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တယောက်နဲ့ ကျနော်တို့နဲ့ ညှိနှိုင်း လုပ်ဆောင်နိုင်ဘို့ အမြန်ဆုံး မြန်မာနိုင်ငံကို စေလွှတ်ဖို့ စီစဉ်မယ်လို့ ပြောပါတယ်” ဟု NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဉာဏ်ဝင်းက ပြောသည်။

 နေပြည်တော် စီးပွားရေးမြှင့်တင်မှု ဆွေးနွေးပွဲ ရလဒ်ကောင်းမရှိဟု ဖလုံ-စဝေါ်ပြောကြား



(စီးပွားရေးဖွံ့ဖြိုးမှု ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် ဖလုံ-စဝေါ် ကိုယ်စားလှယ်များ)

သြဂုတ်လ ၂၄ရက်။ (ကေအိုင်စီ)
ပြီးခဲ့သည့် အပတ်က နေပြည်တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးမှု ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အ လုပ်ရုံဆွေးနွေးပွဲမှာ တက်ရောက်သူနှင့် ဆွေးနွေးချိန်နည်းသဖြင့် ရလဒ်ကောင်းမရှိဟု ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ(PSDP) က ပြောသည်။

သြဂုတ်လ ၁၉ရက်နေ့မှ ၂၁ရက်နေ့အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(MICC)တွင် ပြုလုပ် ခဲ့သည့် နိုင်ငံတော် စီးပွားရေးဆိုင်ရာ အမျိုးသားအဆင့် အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ကြသည့် ဖလုံ-စဝေါ်ပါတီ ကိုယ် စားလှယ်များက ယင်းသို့ သုံးသပ်ပြောဆိုလိုက်ခြင်း ဖြစ်သည်။

၎င်းဆွေးနွေးပွဲသို့ ဖလုံ-စဝေါ်ပါတီ ဒုဥက္ကဌ စောမြထွန်း၊ အတွင်းရေးမှူး စဘီကျင်ဦးနှင့် အမျိုးသမီး ဥက္ကဌ နော်ယုဇန၀ါတို့က တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ကြသူများသလို ဆွေးနွေးချိန်မှာလည်း နည်းလွန်းသည်ဟု နော်ယုဇန၀ါ က ကေအိုင်စီကို ယခုလို ပြောပြသည်။

ကမ္ဘာ့သြဇာအရှိဆုံး အမျိုးသမီးစာရင်း ဒေါ်စု ပါဝင်

24 သြဂုတ် 2011 ,

ကမ္ဘာပေါ်မှာ သြဇာအကြီးမားဆုံး အမျိုးသမီး ၁၀၀ စာရင်းထဲမှာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကိုလည်း ထည့်သွင်း သတ်မှတ် လိုက်ပါတယ်။ အမေရိကန်နိုင်ငံမှာ ထုတ်ဝေတဲ့ နာမည်ကျော် Forbes မဂ္ဂဇင်းကြီးက နှစ်စဉ် ထုတ်ပြန်တဲ့ စာရင်းထဲမှာ အခုလို ဖော်ပြထားတာပါ။
လွန်ခဲ့တဲ့ ၂၁ နှစ်အတွင်း ၁၅ နှစ်က နေအိမ် အကျယ်ချုပ် ချခံထားခဲ့ရပြီးတော့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလကမှ ပြန်လည် လွတ်မြောက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် အတွက် ၂၀၁၁ ခုနှစ်ဟာ အရေးပါတဲ့ နှစ်တနှစ် ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းရဲ့ အင်တာနက် စာမျက်နှာမှာ ရေးထားပါတယ်။
အရေးပါတဲ့ ဖြစ်ရပ် တခုအဖြစ် ဖော်ပြပြောဆိုတဲ့ မြန်မာအစိုးရ သမ္မတ ဦးသိန်းစိန်နဲ့ မကြာသေးခင်က ပထမဆုံးအကြိမ် တွေ့ဆုံ ခဲ့တာကိုလည်း Forbes မဂ္ဂဇင်းက အထူး ဖော်ပြထားပါတယ်။
ဖခင်ဖြစ်သူက လွတ်လပ်ရေးတိုက်ပွဲ ခေါင်းဆောင်၊ မိခင်ဖြစ်သူက အိန္ဒိယနဲ့ နီပေါလ်နိုင်ငံတို့မှာ သံအမတ်အဖြစ် တာဝန် ထမ်းဆောင်ခဲ့သူတွေ ဖြစ်ကြပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၈၈ ခုနှစ်မှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ထူထောင်ပြီး ငြိမ်းချမ်းစွာ တိုက်ပွဲဝင်ခဲ့ကြောင်း၊ အကျဉ်းချခံခဲ့ရပေမဲ့ ပါတီရဲ့ အတွင်းရေးမှူးချုပ်အဖြစ် တောက်လျှောက် တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ ၁၉၉၁ ခုနှစ်မှာ နိုဘဲလ် ငြိမ်းချမ်းရေးဆု ချီးမြှင့်ခံခဲ့ရသူ ဖြစ်တယ်လို့ Forbes မဂ္ဂဇင်းက ရေးသားထားပါတယ်။
ကမ္ဘာ့ သြဇာအကြီးဆုံး အမျိုးသမီး ၁၀၀ စာရင်းမှာ နံပါတ် ၁ က ဂျာမန်ဝန်ကြီးချုပ် အန်ဂလာ မာကဲလ် (Angela Merkel)၊ နံပါတ် ၂ က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန် (Hillary Clinton) နဲ့ နံပါတ် ၃ မှာ ဘရာဇီးလ် သမ္မတ ဒီလ်မာ ရူးဆက်ဖ် (Dilma Roussef) တို့ကို အသီးသီး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်ကိုတော့ Forbes မဂ္ဂဇင်းက နံပါတ် ၂၆ မှာ ဖော်ပြထားပါတယ်။
Copy from - voanews.com/

2011/08/25

ပင်လုံစာချုပ်အတိုင်း နိုင်ငံရေးဆွေးနွေးရေး မြန်မာအစိုးရ လက်မခံ

24 August 2011,

ပင်လုံစာချုပ်ကို အခြေခံသည့် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်းကို လက်မခံကြောင်း မြန်မာ အစိုးရအဖွဲ့သစ်က ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ထံသို့ ပြီးခဲ့သည့် သီတင်းပတ်ကုန်ပိုင်းက ပြန်ကြား လာသည်ဟု KIO အရာရှိများပြောသည်။
သက်တမ်း ၅ လရှိပြီဖြစ်သည့် မြန်မာ အစိုးရသစ်က အကယ်၍ KIO နှင့် နိုင်ငံရေး ဆွေးနွေးလျှင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းသာ ဆွေးနွေးသွားမည်ဟု ရှင်းရှင်း လင်းလင်း ပြန်ကြား ထားသည်ဟု ဆိုသည်။
KIO ၏ တောင်းဆိုချက်များ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင် ပါဝင် ထည့်သွင်း ထားခြင်းမရှိဟုဆိုကာ ၎င်းဖွဲ့စည်းပုံ အခြေခံဥပဒေ ဘောင်အတွင်းမှ နိုင်ငံရေး ဆွေးနွေးမှု မပြုနိုင်ဟု KIO အရာရှိများ ဘက်ဆိုသည်။ တာပိန်ရေကာတာ လုံခြုံရေး အကြောင်းပြချက်ဖြင့် ဇွန် ၉ ရက်တွင် မြန်မာအစိုးရ တပ်က ဗန်းမော်ခရိုင်ထဲရှိ KIA စစ်စခန်းများကို ထိုးစစ်ဆင် တိုက်ခိုက်ရာမှ နှစ်ဖက်ကြား ၁၆ နှစ်ကျော်ကြာ အပစ်အခတ် ရပ်ဆိုင်းရေး ပျက်ပြားခဲ့သည်။
ယင်းသည် ပြည်ထောင်စု လွှတ်တော်က ကြေညာခြင်း မရှိဘဲ မြန်မာအစိုးရ စစ်တပ်က KIA ကို ထိုးစစ် ဆင် တိုက်ခိုက် ခဲ့ခြင်းလည်း ဖြစ်သည်။ ဆယ်စု တစုကျော် အပစ်အခတ် ရပ်ဆိုင်းရေး ကာလအတွင်း ဗမာတိုင်းရင်းသားများ ချုပ်ကိုင်သော နိုင်ငံတော်အစိုးရ က KIOနှင့် နိုင်ငံရေး ဆွေးနွေး အဖြေရှာခြင်း မပြုလုပ်ခဲ့ပါ။
စစ်အစိုးရ အလိုကျ ရေးဆွဲသည့် ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီးသည့်နောက် KIO နှင့် အခြား တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို မြန်မာ စစ်တပ်လက်အောက်ခံ နယ်ခြားစောင့်တပ် (Border Guard Force) သို့မဟုတ် ပြည်သူ့စစ် အသွင်ပြောင်းရန် ဖိအားပေးခဲ့သည်။
မြန်မာအစိုးရ အဆက်ဆက်နှင့် KIO ကြား နှစ်ဖက် သီးသန့် တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် တစ်ကြိမ်မျှ နိုင်ငံရေး ဆွေးနွေးမှု အောင်မြင်ခြင်း မရှိခဲ့သဖြင့် ရှေ့ဆက်ကာ နိုင်ငံရေး ဆွေးနွေးဖို့ရန် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖယ်ဒရယ်ကောင်စီ (UNFC) အနေဖြင့်သာ ပင်လုံနှစ်သာရကို အခြေခံကာ မြန်မာအစိုးရနှင့် ဆွေးနွေး သွားမည်ဟု KIO အထွေထွေအတွင်းရေးမှူး ၂ ဆလန်ကဘား လာနန် က ပြောသည်။
တိုင်းရင်းသား ပေါင်းစုံ နေထိုင်သည့် ပြည်ထောင်စု မြန်မာနိုင်ငံကို ဗမာ၊ ရှမ်း၊ ကချင်၊ ချင်း ခေါင်းဆောင်များ က သမိုင်းဝင် ပင်လုံစာချုပ်ကို လက်မှတ်ရေးထိုးပြီး ထူထောင်ခဲ့သည်။ ယင်း စာချုပ်အားဖြင့် ၁၉၄၈ ခုနှစ်တွင် အင်္ဂလိပ် အစိုးရထံမှ လွတ်လပ်ရေး ရယူခဲ့သည်။ သို့သော် နိုင်ငံတော် အာဏာအား ဗမာတိုင်းရင်းသားများက ယခုချိန်ထိ ချုပ်ကိုင်ထားသည်။ ယနေ့အထိ နှစ် ၆၀ ကျော်ကြာ မြန်မာအစိုးရ အဆက်ဆက်က ကိုယ်ပိုင်ပြဋ္ဌါန်းခွင့်နှင့် စစ်မှန်သော ဖယ်ဒရယ် ပြည်ထောင်စုအတွက် လက်နက်ကိုင် တော်လှန်နေကြသည့် တိုင်းရင်းသား အဖွဲ့အစည်းများကို နိုင်ငံရေး ဆွေးနွေးရန် ငြင်းဆန်နေဆဲဖြစ်သည်။
 သြဂုတ် ၁၈ ရက်နေ့တွင် မြန်မာအစိုးရသစ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအား ငြိမ်းချမ်းရေး ဆွေးနွေးရန် ဖိတ်ခေါ် လိုက်သည်။ သို့သော် ပင်လုံစာချုပ်အား ထည့်သွင်း စဉ်းစားထားခြင်း မပါဘဲ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ဖွဲ့ချင်းသာ ဆွေးနွေး ရမည်ဟု ဆိုသည့် ငြိမ်းချမ်းရေး ဖိတ်ခေါ်ချက်အား UNFC ၏ လက်ရှိ ဥက္ကဌ တာဝန်ယူထားသည့် KIO အဖွဲ့က ပယ်ချထားသည်။
Copy from -  kachinnews

မစ္စတာ ကင်တားနား မြန်မာနိုင်ငံ လူ့အခွင့်အရေး နောက်ဆုံးအခြေအနေ ဒေါ်စုနဲ့ ဆွေးနွေး

ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားတို့ တွေ့ဆုံစဉ်။ သြဂုတ် ၂၄၊ ၂၀၁၁။

မြန်မာနိုင်ငံကို ၅ ရက်ကြာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနား (Mr Tomas Ojea Quintana) ဟာ ဒီနေ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးသန့်တွေ့ဆုံပြီး မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေနဲ့အတူ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒါ့အပြင် မစ္စတာ ကင်တားနားဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ရဲ့ ဗဟိုအလုပ်အမှုဆောင်တွေ အပြင် NLD ပါတီရဲ့ ရှေ့နေအဖွဲ့နဲ့ပါ တွေ့ဆုံခဲ့ပြီး မနက်ပိုင်းမှာတော့ အင်းစိန် အကျဉ်းထောင်တွင်း သွားရောက် လေ့လာခဲ့ပါတယ်။ မစ္စတာ ကင်တားနားရဲ့ ဒီကနေ့ တွေ့ဆုံ ဆွေးနွေးမှုတွေအကြောင်း အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံကို ရောက်နေတာ ၄ ရက်မြောက်ဖြစ်တဲ့ မစ္စတာ ကင်တားနားဟာ ဒီကနေ့ သြဂုတ်လ ၂၄ ရက် ဗုဒ္ဓဟူးနေ့ နေ့လယ် ၃ နာရီက ရန်ကုန်မှာရှိတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ၁ နာရီနီးပါးကြာ မစ္စတာ ကင်တားနားနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂ ဦးတည်း သီးသန့်တွေ့ဆုံပါတယ်။ အဲဒီ တွေ့ဆုံမှုတွေအတွင်း လက်ရှိ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေ၊ တရားဥပဒေ စိုးမိုးရေး ကိစ္စတွေ ပြောဆိုခဲ့ပါတယ်။
အဲဒီနောက် NLD ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်တွေနဲ့ မစ္စတာ ကင်တားနား ထပ်မံတွေ့ဆုံသလို NLD ပါတီရဲ့ ဥပဒေရေးရာ အဖွဲ့နဲ့လည်း တွေ့ဆုံ ဆွေးနွေးမှုတွေ ရှိပါတယ်လို့ NLD ပါတီရဲ့ သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ဦးအုန်းကြိုင်က ပြောပါတယ်။
“အဓိကတော့ မြန်မာနိုင်ငံ လူ့အခွင့်အရေး ဖြစ်ပေါ်နေတဲ့ နောက်ဆုံးအခြေအနေတွေပါပဲ၊ အဲဒါကို ဆွေးနွေးကြပါတယ်။ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးစွာ ဆွေးနွေးပါတယ်၊ ၂ ယောက်တည်းပါ။ နောက်တော့ မစ္စတာ ကင်တားနားနဲ့ ပါလာတဲ့ အဖွဲ့ဝင် ၄ ယောက်ရော၊ ကျနော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၈ ယောက်ရော အားလုံး အတူတကွ ထပ်ပြီး ဆွေးနွေးကြပါတယ်။

ဧရာဝတီမြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်း ရုပ်သံနှင့် မှတ်တမ်းဓာတ်ပုံများ




"fierce battle Myitkyina"ဧရာဝတီမြစ်ဆုံစီမံကိန်းရှိ တရုတ်ရေအားလျှပ်စစ်ကုမ္ပဏီ Sinhydro Bureau မှ ရိုက်ကူးထားတဲ့ ရုပ်သံဖိုင်...


 ဧရာဝတီမြစ်ဆုံ ဝန်ထမ်းအိမ်ရာများ မြင်ကွင်း...
 
မြစ်ဆုံဆည် စီမံကိန်းမှာ Sinhydro Bureau တရုတ်ရေအားလျှပ်စစ် ကုမ္ပဏီရဲ့ စီမံကိန်းမြင်ကွင်း ရုပ်သံဖိုင်ပါ...
တရုတ်လုပ်သားတွေရဲ့ အခက်အခဲတွေကို ကုမ္ပဏီက သွားရောက်ရိုက်ကူးထားတာပါ...။ တရုတ်လိုတော့ AOZHAN MIZHINA  "fierce battle Myitkyina" ပေါ့...။ သတင်းစာ ရှင်လင်းပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းငိုတာ ဒီဗီဒီယို ဖိုင်ကြည့်ပြီးမှ သဘောပေါက်တော့တယ်...။ အခြေအနေတွေက အတော်လွန်နေပြီလေ...။ တရုတ်ကုမ္ပဏီဝန်ထမ်းတွေ အတွက် ထမင်းချက်မှ အစ၊ ဝန်ထမ်းအိမ်ယာ အထိပါဝင်ပါတယ်...။ အင်မတန်ကြီးမားတဲ့ စီမံကိန်းကြီးပါ....။ ကဲကျွန်တော်တို့အားလုံး အရေးကြီးပြီ သွေးစည်းကြပါစို့။ ကုမ္ပဏီလိပ်စာက ဒီမှာပါ...http://www.cwb11.com/index.html
ဒီမှာလည်း သွားရောက်ကြည့်ရှုနိုင်ပါတယ်။...။ http://www.cwb11.com/modelinfo/detail_3_104_40.html
ပြည်တွင်းမှ ဒေါင်းလုပ်လုပ်ချင်ရင်...
မြစ်ဆုံဓာတ်ပုံ ပေးပို့ပေးတဲ့ ညီငယ် ဇော်ရှန်အား ကျေးဇူးတင်ပါသည်...။

2011/08/24

အစိုးရ၏ ကမ်းလှမ်းမှု DKBA တုံ့ပြန်

DKBA_Saw_La_Pwe
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တွေ့ရသည့် ဗိုလ်ချုပ်စောလားပွယ်နှင့် တပ်မှူးများ (ဓာတ်ပုံ - ဧရာဝတီ)
DKBA_Attitute_on_U_Thein_Sein's_peace_keeping_process

2011/08/22

ကရင်ပြည်နယ်က နယ်ခြားစောင့် နှစ်ပတ်လည်နေ့နဲ့ တိုက်ပွဲသံတွေ

August 21, 2011,

ကရင်ပြည်နယ် မြဝတီမြို့ သင်္ကန်းညီနောင် အနီးမှာ DKBA ၉၀၇ တပ်ရင်းက ဒုရင်းမှူး ကျော်ပရို့ ဦးစီးတဲ တပ်ဖွဲ့ဝင်တွေ ဟာ ကြံ့ဖွံ့အစိုးရ စစ်တပ် အရှေ့တောင်တိုင်း တိုင်းမှူးပါတဲ့ ကားတန်းကို သြဂုတ်လ ၂၀ ရက်နေ့ မနက်ပိုင်းက ဆီကြို တိုက်ခိုက်ရာမှာ ကြံ့ဖွံ့အစိုးရတပ်ဘက်မှ ၃ ယောက်သေဆုံးပြီး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
အလားတူပဲ ကြံ့ဖွံ့အစိုးရ စစ်တပ် တပ်စခန်းချထားတဲ့ ခင်နှင်းမူ စခန်းကို DKBA ဗိုလ်မှူးကျော်သက် ဦးစီးတဲ့ တပ်ဖွဲ့ဝင် တွေဟာ ညနေ ၃ နာရီခန့်လောက်မှာ ဝင်ရောက်တိုက်ခိုက်ခံပါရာ ကြံ့ဖွံ့အစိုးရ စစ်တပ်ဘက်မှာ ၂ ယောက် ဒဏ်ရရရှိ သွားတယ်လို့ သိရှိရပါတယ်။
 သြဂုတ်လ ၂၀ ရက်နေ့က တိုက်ပွဲ အခြေအနေတွေကို DKBA ဗိုလ်မှူး ဆန်းအောင် ကို မေမြန်းစုံစမ်းကြည့်ရာ..

အဓိကအချက်ကတော့ NLD ပါတီ မသေဖို့ ဖြစ်တယ်


 
"အခုတကြိမ်မှာကျတော့ သူတို့ဖက်က သုံးနှုံးတဲ့ စကားလုံး ကိုယ်တိုင်မှာ နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးမှုလို့ သုံးစွဲလာတယ်။ ဒါက ဘာပြသလဲဆိုတော့ သူတို့အစိုးရဖက်မှာကို ကွဲပြားတဲ့ သဘောထား ၂ရပ် ဖြစ်နေတာကို တွေ့ရတယ်"
ယမန်နေ့ (သြဂုတ် ၁၆)က မြန်မာပြည်ရဲ့ အတိုက်အခံ ပါတီ NLD ရဲ့ ခေါင်းဆောင် တဦးဖြစ်တဲ့ ဦးဝင်းတင်နဲ့ တွေ့ဆုံ စကားပြောခွင့် ရခဲ့ပါတယ်။ အဲသည်မှာ အများက စိတ်ဝင်စားနေကြတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြံ့ဖွံ့ အစိုးရသစ် တွေ့ဆုံပွဲကိစ္စ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပဲခူး ခရီးစဉ် စတာတွေကို မေးမြန်းဖြစ်ပါတယ်။

မေး - ယခင်အပတ်က ပဲခူးကိုသွားခဲ့တဲ့ ခရီးစဉ်က အရင်ပုဂံ ခရီးစဉ်လိုမျိုး ပုဂ္ဂိုလ်ရေး ခရီးစဉ်မျိုးပဲလား ခင်ဗျ။ ဖြေ - ကျနော့် အမြင်ကတော့ ဒေါ်အောင်ဆန်းစုကြည် ၂၀၀၃ ခုနှစ်မေလကုန်က စတင်ပြီးတော့ ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရပြီးချိန်ကစလို့ ယခု၂၀၁၀ နိုဝင်ဘာလ လွတ်မြောက် လာပြီးတဲ့ နောက်ပိုင်း ပထမဦးဆုံး အကြိမ် နိုင်ငံရေး ခရီးစဉ်လို့ ပြောချင်တယ်။ ဒါက NLD ပါတီရဲ့ အထွေထွေ အတွင်းရေးမှူးရဲ့ နိုင်ငံရေး ခရီးလို့ ကျနော်တို့ဖက်က သုံးနှုံးပါတယ်။ အဖွဲ့ချူပ်ရဲ့ ခေါင်းဆောင်တဦး ဖြစ်တဲ့ ဦးတင်ဦး ကိုယ်တိုင် လိုက်ပါတဲ့ ခရီးဖြစ်တယ် ဆိုတာကို တွေ့ရတယ်။

မေး - ဆိုတော့ လက်ရှိ အာဏာရ အစိုးရက ခရီးစဉ်ကို ဘယ်လိုမျိုး တုန့်ပြန်တာမျိုး၊ ဆောင်ရွက် ပေးတာမျိုး ရှိတယ်လို့ ပြောနိုင်လဲ။
ဖြေ - လက်ရှိ အာဏာပိုင်တွေက ပြေပြေလည်လည်နဲ့ လိုက်လိုက်လျောလျော လုပ်ပေးပါ့မယ်လို့ ကမ်းလှမ်းတယ်။ ကျနော်တို့ ဖက်ကလည်း လက်ခံတယ်။ အောက်ခြေပိုင်းက လုံခြုံရေး တာဝန် ယူသူတွေကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်ကို နွေးထွေး တက်ကြွစွာနဲ့ ကာကွယ်  စောင့်ရှောက်မှုတွေ ပြုလုပ်ကြတာကို တွေ့ရပါတယ်။ ဦးတင်ဦး ကိုယ်တိုင်ကလည်း မိန့်ခွန်း ပြောဆို တာတွေလည်း ရှိပါတယ်။ ဒါတွေက ကြည့်လိုက်လို့ရှိရင် NLD ခေါင်းဆောင်တွေရဲ့ နိုင်ငံရေး ခရီးစဉ် ဆိုတာ လွန်ခဲ့တဲ့ ၇ နှစ် ဒီပဲယင်း အရေးအခင်း မတိုင်ခင်က အခြေအနေမျိုးလိုမျိုး  ပြန်မြင် တွေ့ရတယ်လို့ ပြောလို့ရပါတယ်။

2011/08/20

ဒေါ်အောင်ဆန်းစုကြည် ဆွေးနွေးပွဲတက်

August 20, 2011 ,

မြန်မာ အစိုးရရုံးစိုက်ရာ နေပြည်တော်မြို့သို့  ရောက်ရှိနေသည့် ဒေါ်အောင်ဆန်းစုကြည်သည့် ယနေ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အလုပ်ရုံ ဆွေးနွေးပွဲသို့ တက်ရောက်သည်ဟု နေပြည်တော်မှ လာသည့် ရိုက်တာသတင်း တစ်ရပ်တွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲသို့  တက်ရောက်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတ၏ အကြံပေးသူ ဖြစ်သည့် စီးပွားရေး ပညာရှင် ဒေါက်တာ ဦးမြင့်မှ ကြိုဆို နှုတ်ဆက်ကာ နေရာချထား ပေးသည်။ သမ္မတ မိန့်ခွန်း
နယ်စပ်ဒေသ နှင့်တိုင်း ရင်းသား လူမျိုးများ ဖွံ့ ဖြိုး တိုးတက်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်မှုးချုပ် သိန်းဌေး နှင့် ဒေါ်အောင်ဆန်းစုကြည် စကား လက်ဆုံ
 
ခန်းမတွင်း ၀င်လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို တက်ရောက် လာသူအားလုံးက သောင်းသောင်းဖျဖျ ကြိုဆို နှုတ်ဆက် ကြသည်။ FNG မှ ထိုဆွေးနွေးပွဲသို့ တက်ရောက် လာသည့် လုပ်ငန်းရှင် တစ်ဦးကို ဆက်သွယ် မေးမြန်းကြည့်ရာ သူက အတိုချုံး၍ ” အန်တီ ၀င်လာတော့ မီးကို ရေနဲ့  ငြိမ်းလိုက်သလိုပဲ အားလုံး ပျော်ကြတယ် ” ဟု တိုတို တုတ်တုတ် ပြောကြာ သွားသည်။
သမ္မတရဲ့ စီးပွားရေး အကြံပေး ဒေါက်တာ ဦးမြင့်၊ ဒေါ်အောင်ဆန်းစုကြည်
ဆွေးနွေးပွဲသို့ တက်ရောက် လာသည့် ဒေါ်အောင်ဆန်းစုကြည်ကို မိုးလေ၀သ ပညာရှင် ဒေါက်တာ ထွန်းလွင်၊ စစ်ဘက် အရာရှိများ ၊ ၀န်ကြီးများ ၊ စီးပွားရေး လုပ်ငန်းရှင်များ ဖြစ်သည့် ဦးဇော်ဇော်၊ ဦး ထွန်းမြင့်နိုင် (စတီဗင် လော) ၊ ဦးအောင်ကိုဝင်း၊ ဦးဝင်းအောင်၊ ဇေကမ္ဘာ ဦးခင်ရွှေတို့မှ ခရီးဦးကြို ပြုကြသည်။
နေပြည်တော်တွင် ကျင်းပသည့် Macro Economic Reform Workshop စီးပွါးရေး အလုပ်ရုံ ဆွေးနွေးပွဲကို တက်ရောက်ခဲ့သည့် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့ညနေတွင် ရန်ကုန်မြို့  နေအိမ်သို့ ပြန်လည် ရောက်ရှိမည် ဖြစ်သည်။ ယမန်နေ့က ပြည်ထောင်စု သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ ရခြင်းသည် အားရစရာ ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က AFP သတင်းဌာနသို့ ပြောကြားသည်။
Copy from - freedomnewsgroup.com

တဖွဲ့ချင်း ဆွေးနွေးရန် ကမ်းလှမ်းချက် တိုင်းရင်းသား ညီညွတ်မှုကို ဖြိုခွင်းခြင်းဟုဆို

ဖနိဒါ | သောကြာနေ့၊ သြဂုတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင်(မဇ္ဈိမ) ။ ။ သမ္မတ ဦးသိန်းစိန်မှ တိုင်းရင်းသား လက်နက်ကိုင် တဖွဲ့ချင်းအလိုက် ပြည်နယ် အစိုးရများ
နှင့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ်ခြင်းလိုက်ခြင်းသည် တိုင်းရင်းသားများ၏ သွေးစည်းညီညွတ်မှုကို ဖြိုခွဲရန် ကြံစည်မှုသာဖြစ်ကြောင်း ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဋ္ဌ ပဒိုဒေးဗစ်သာကပေါ်က မဇ္ဈိမကို ပြောသည်။

“ကျနော်တို့က မဟာမိတ်အနေနဲ့ပြောမှာ၊ အသီးတရာ အညှာတခုပေါ့၊ တဖွဲ့ချင်းခွဲပြီး ပြောတယ်ဆိုတာ အရင် အစိုးရ လုပ်ခဲ့တဲ့ ပေါ်လစီပဲ။ အဲဒီအတိုင်း လမ်းလျှောက် နေတယ်။ ဒါက အချိန်ဆွဲတဲ့ သဘောလည်း ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ညီညွတ်ရေးကိုခွဲဖို့ အစီအစဉ် ဖြစ်တယ်။ ဒါက မရိုးသားဘူး။ မှန်ကန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု မဖြစ်နိုင်ဘူး” ဟု သူက မဇ္စျိမကို ပြောသည်။

ထို့အပြင် လက်ရှိ တိုင်းရင်းသား အဖွဲ့များသည် စည်းလုံးညီညွတ်မှု ရရှိနေပြီးဖြစ်၍ သဘောထား ကွဲလွဲမည် မဟုတ်ကြောင်း အမျိုးသားဒီမိုကရေစီ တပ်ပေါင်းစု NDF ဥက္ကဋ္ဌ လည်းဖြစ်သူ ပဒိုဒေးဗစ် သာကပေါ်က ပြောသည်။

လုပ်ကြံခဲ့သော အိန္ဒိယ စစ်စုံထောက်အား မေမြို့တွင် ခိုလုံခွင့်ပေးထား

Arakan-army-and-India-army
ရခိုင်တပ်မတော်မှ ဗိုလ်ရာဇာ အပါအ၀င် ခေါင်းဆောင်များနှင့် အိန္ဒိယ စစ်အရာရှိများကို အိန္ဒိယ ရှေ့တန်း စစ်စခန်းတစ်ခုတွင် အတူ တွေ့ရစဉ် (ဓါတ်ပုံ- NUPA)
 
 
 
ထိုကဲ့သို့ အဆောင်အယောင်ဖြင့် နေထိုင်ခွင့် ပေးထားကြောင်းကို သရက်ထောင်တွင် အကျဉ်းကျ ခံနေရသော ထောက်လှမ်းရေး ဗိုလ်မှူးဟောင်း စန်းပွင့်က နီးစပ်ရာသို့ ထုတ်ဖေါ် ပြောဆိုကြောင်း သိရသည်။

ထောင်ထဲမှ ထွက်လာသော သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေး တပ်ဖွဲ့မှ ဗိုလ်မှူးဟောင်း လူလိမ် လူကောက် Grawel ကို ယခင် စစ်အစိုးရမှ စီးပွားရေး လုပ်ပိုင်ခွင့် အခွင့်အရေးများ ပေးပြီး မန္တလေးတိုင်း မေမြို့တွင် နေထိုင်ခွင့် ပြုထားခဲ့သည်ဟု ဗိုလ်မှူး စန်းပွင့်က ရခိုင် နိုင်ငံရေး အကျဉ်းသားများကို ထုတ်ဖေါ် ပြောဆိုသည်ဟု သိရသည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel အား ဗိုလ်ရာဇာ အပါအ၀င် ရခိုင်နှင့် ကရင် ခေါင်းဆောင် (၆) ဦးကို သတ်ဖြတ် နိုင်ခဲ့သည့် အပြင် ရခိုင် ရေတပ်မတော်ကို အကောက်ကြံ ချေမူးန်း နိုင်ခဲ့သည့် အပေါ် တန်ပြန် ကျေးဇူးဆပ်သည့် အနေဖြင့် မြန်မာ စစ်အစိုးရမှ မေမြို့တွင် အရက်ချက် စက်ရုံ တရုံနှင့် နို့စားနွား မွေးမြူရေး ခြံတစ်ခြံအား လက်ဆောင် ပေးခဲ့သည်ဟု ဆိုသည်။

သို့သော်လည်း အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel သည် မေမြို့ မှ မည်သည့် နေရာ မည်သည့် ရပ်ကွက် တွင် နေထိုင်နေသည်ကို အတည်ပြုနိုင်ခြင်း မရှိသေးပါ။

အစောပိုင်း သတင်းများအရ အိန္ဒိယ ထောက်လှမ်းရေးဟောင်း Grawel အား မြန်မာ အစိုးရမှ မန္တလေးတွင် နေထိုင်ခွင့် ပြုထားကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည်။

Grawel သည် ၁၉၉၈ ခုနှစ် ဖေဖေါ်ဝါရီလ အတွင်းက ဗိုလ်ရာဇာ ဦးဆောင်သော ရခိုင် ရေတပ်မတော်အား အန်ဒမန်ကျွန်းရှိ လန်းဖေါ့ကျွန်းတွင် ရေတပ် အခြေစိုက် စခန်းတစ်ခု တည်ဆောက်ရန် စာချုပ် အလိမ်များဖြင့် လှည့်ဖျား ခေါ်ယူခဲ့ပြီး ကျွန်းပေါ် အရောက်တွင် ခေါင်းဆောင် (၆) ဦး လုပ်ကြံ သတ်ဖြတ်ပစ်ခဲ့ပြီး ကျန်ရဲဘော် ၃၆ ဦးအား ဖမ်းဆီးကာ အိန္ဒိယ ထောင်ထဲသို့ ပို့ပစ်ခဲ့သည်။

သတ်ဖြတ် ခံရရာတွင် ပါဝင်ခဲ့သူ ဗိုလ်မှူး စောထွန်းနှင့် ဗိုလ်ရန်နိုင်မှာ ဗိုလ်ရာဇာနှင့် အတူ ထိုင်း-မြန်မာနယ်စပ်မှ လိုက်ပါ လာသူများ မဟုတ်ဘဲ အိန္ဒိယ နိုင်ငံမြို့တော် နယူးဒေလီရှိ စစ်ဌာနချုပ်မှ တခြား အိန္ဒိယ ဗိုလ်ချုပ်များနှင့် အတူ စစ်လေယာဉ် တစီးဖြင့် ဗိုလ်ရာဇာနှင့် အဖွဲ့အား ကြိုဆိုရန် လိုက်ပါလာစဉ် လန်းဖေါ့ ကျွန်း အရောက်တွင် သတ်ဖြတ် ခံခဲ့ရသူများ ဖြစ်သည်။

အိန္ဒိယ ထောက်လှမ်းရေးဟောင်း ကာနယ် Grawel သည် ဗိုလ်ရာဇာနှင့် ခေါင်းဆောင် (၆) ဦးအား လုပ်ကြံ သတ်ဖြတ်ပြီးနောက် စာရွက် စာတန်းများနှင့် ဓါတ်ပုံ အထောက်အထားများကို ဖျောက်ဖျက်ရန် ရည်ရွယ်ချက်ဖြင့် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျန်ရှိခဲ့သော ရခိုင်ပြည် အမျိုးသား ညီညွှတ်ရေး ပါတီမှ ရုံးတာဝန်ခံ ညီညီကျော် အားလည်း အပြတ်ရှင်းပစ်ခဲ့ဟု သိရသည်။

အန်ဒမန်ကျွန်းရှိ ပေါ့ဘလေးယား အကျဉ်းထောင်တွင် ခံဝန်ချက် ကတိဖြင့် ထောင်ကျနေသော ရဲဘော် ၃၆ ဦးထဲမှ ပင်လယ်ပြင်ကို ကျွမ်းကျင်သူ ရဲဘော် ရန်နိုင် (ချေ) နှင့် ကရင် ရဲဘော်တစ်ဦးတို့အားလည်း တိတ်တိတ်ကလေး ခေါ်ယူကာ အစ ဖျောက်ပစ်ခဲ့သည်ဟု လည်း သိရသည်။

ထိုကဲ့သို့ လူသတ်မူ တသီတတန်းကြီး ကျူးလွန်ထားသူ တဦးအား မြန်မာ အစိုးရမှ သူကောင်းပြု ခိုလုံခွင့် ပြုထားခြင်းမှာ Crimes against Humanity ကို မြန်မာ အစိုးရက ထောက်ခံရာ သဘော သက်ရောက်နေကြောင်း လူ့အခွင့်အရေး လူပ်ရှားသူများမှ ပြောသည်။

Copy from - narinjara.com

ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးသိန်းစိန် တွေ့ပြီ


2011/08/19

သမ္မတပြောသည့် ဌာနေပြန်ရေး လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့များ မယုံကြည်

August 18, 2011,

ပြည်ပ ​ရောက် နိုင်ငံသား​တွေ ပြန်လာပြီး​ ဖွံ့ဖြိုးတိုး​တက်​ရေး​ လုပ်ငန်း​တွေမှာ ပါဝင်​ဆောင် ရွက်ကြဖို့ နိုင်ငံ​တော်သမ္မတ ဦး​သိန်း​စိန်က ဖိတ်​ခေါ်မှုဟာ တိုင်းပြည် ပြောင်းလဲနိုင်မှာ မဟုတ်ဘူးလို့  တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန် ရှုတ်ချလိုက်ပါတယ်။
မနေ့က နေပြည်​တော်မှာ ပြုလုပ်တဲ့ စက်မှုလုပ်ငန်း​ ဖွံ့ဖြိုး​တိုး​တက်​ရေး​ ​ကော်မတီ ​တွေ့​ဆုံပွဲအတွင်း သမ္မတ မိန့်ခွန်း​မှာ ပြည်ပ​ရောက် မြန်မာနိုင်ငံသား​တွေ ပြန်လာဖို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက ဝေဖန်ရှုတ်ချလိုက်ပါတယ်။
သမ္မတရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ဟာ စစ်မှန်တဲ့ ကမ်းလှမ်းချက် မဟုတ်သလို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနဲ့ ဖြေရှင်းမှ နိုင်ငံတခုလုံးရဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်တယ်လို့  ကေအန်ယူရဲ့ အထွေထွေအတွင်းရေးမှူးချုပ် နော်စီဖိုးရာစိန်က ပြောပါတယ်။
နော်စီဖိုးရာစိန်
“နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြဿနာတွေ ပြေလည်မယ်။ ဒါပေမယ့် ဒီလိုပဲ ပြန်လာပြီးတော့ အာမခံချက် မရှိဘူးဆိုရင်၊ ဘာမှပြောင်းလဲမှု ရှိမှာမဟုတ်ဘူး။ တကယ်လို့ သူတို့က စေတနာမှန်မှန်နဲ့​ လုပ်မယ်ဆိုရင် တကယ်ကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှပဲ ပြေလည်မယ်။”
မွန်ပြည်သစ်ပါတီရဲ့ အထွေအတွင်းရေးမှူးလည်းဖြစ် တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီရဲ့ အတွင်းရေးမှူးလည်း​ ဖြစ်တဲ့ နိုင်ဟံသာက ဒီကမ်းလှမ်း ဖိတ်ခေါ်ချက်ဟာ တံခါးဝမှာ ဓားထမ်းပြီး ခေါ်သလို ဖြစ်နေတယ်လို့ ဝေဖန်ပါတယ်။
ဧရာဝတီမြစ်ရေကာတာစီမံကိန်းများ ရပ်တန့်ရေး သမ္မတထံ မေတ္တာရပ်ခံသည့် လှုပ်ရှားမှု စတင်

ဧရာဝတီမြစ်ကြောင်းပေါ်တွင် တည်ဆောက်မည့် ရေကာတာ(၈) ခု စီမံကိန်း ရပ်တန့်ပေးရေး မေတ္တာရပ်ခံစာကို သမ္မတဦးသိန်းစိန်ထံ သြဂုတ်လ (၁၈) ရက်နေ့တွင် စတင်ပေးပို့ သွားမည် ဟု  ဧရာဝတီမြစ် ထာဝရရှင်သန်ရေး လှုပ်ရှားမှု အဖွဲ့က ပြောသည်။

နိုင်ငံတော် သမ္မတထံ ပေးပို့မည့် မေတ္တာရပ်ခံစာတွင် မြစ်ကြောင်းထိန်းသိမ်းရေး အားနည်းမှု ကြောင့် မြစ်ကြောင်းပျက်စီးမှု၊ ကချင်ဒေသတွင်းရှိ ဒေသခံများ ကြုံတွေ့နေရသည့် အတင်းအဓမ္မ နေရပ် ပြောင်းရွှေ့ခံရမှု စသည့် အခြေအနေများကို ဖော်ပြပြီး ထိုအကြောင်းများကြောင့် ဧရာဝတီမြစ်ကြောင်း   ပေါ်တွင် ရေကာတာ(၈)ခု တည်ဆောက်ရေးစီမံကိန်းကို ရပ်တန့်ပေးစေ လိုကြောင်း ဖော်ပြထားသည်။

အဆိုပါ ဧရာဝတီမြစ် ထာဝရရှင်သန်ရေး လှုပ်ရှားမှုကို ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ အပါအ၀င် အခြားတက်ကြွလူငယ်များ ဦးဆောင်ပါဝင်ကြမည် ဖြစ်သည်။

ဧရာဝတီမြစ် ထာဝရရှင်သန်နိုင်ရေးအတွက် ဝိုင်းဝန်း ပါဝင် ဆောင်ရွက်ကြသည့်အနေနှင့် သမ္မတထံ မေတ္တာရပ်ခံစာတွင် ပြည်သူများကိုယ်တိုင် ပါဝင် လက်မှတ်ရေးထိုးကြသည့် လှုပ်ရှားမှုတခုကိုလည်း ရန်ကုန်မြို့မှာ စတင်လှုပ်ရှား နေသည်ဟု စည်းရှုံးလှုံ့ဆော်မှုကို ဦးဆောင်သူတဦးဖြစ်သည့် ကိုမြတ်သူ ပြောသည်။

“အင်္ဂါနေ့ကစပြီး ရန်ကုန်မှာရှိတဲ့ မြို့နယ်တိုင်းမှာ အဖွဲ့ဝင်တွေက ပြည်သူတွေကို လက်မှတ် လိုက်ထိုးခိုင်းတယ်။ အနယ်နယ်အရပ်ရပ်က ရလာတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေကို စုပြီး ပို့သွားမှာပါ။”

ထိုလှုပ်ရှားမှုကို တစ်လတိတိပြုလုပ်သွားမည်ဖြစ်ပြီး ပြည်သူများထံမှ ကောက်ခံရရှိသည့် လက်မှတ်များကို တပတ်တစ်ကြိမ် သမ္မတဦးသိန်းစိန်ထံ ပို့သွားမည် ဖြစ်သည်။

ထို့အပြင် မနက်ဖြန်မှစတင်ပြီး မြန်မာပြည်အနှံ့ နယ်မြို့များရှိ လူငယ်အဖွဲ့အစည်းများ အပါအ၀င် တခြားအဖွဲ့အစည်း ကွန်ယက်များမှ တဆင့် သမ္မတထံ   မေတ္တာရပ် ခံစာအား သဘောတူညီ ကြောင်း ပြည်သူများထံမှ လက်မှတ်များကို လိုက်လံ ကောက်ခံသွားမည်ဟု သိရသည်။
ဤလှုပ်ရှားမှုသည်     အစိုးရဆန့်ကျင်ရေးလူပ်ရှားမှုမဟုတ်ဘဲ ဧရာဝတီမြစ်ထာဝရရှင်သန်လိုသူ လူထုလူတန်းစားပေါင်းစုံပါဝင်ပြီး နိုင်ငံတော်ကသိအောင် တင်ပြသွားမည်ဖြစ်ကြောင်း ကိုမြတ်သူ က ပြောသည်။

“သမ္မတဦးသိန်းစိန်ဆီပို့မယ့် စာတွေကို ပြတယ်။ ဧရာဝတီမြစ်ကို ရှင်သန်စေချင်ရင် ဒီမှာ လက်မှတ်ထိုးပါဆိုပြီး ပြည်သူတွေကို ထိုးခိုင်းပါတယ်။ တရားဥပဒေနဲ့ ညှိစွန်းမှုမရှိအောင် လုပ်ထားပါတယ် ဆိုတာကို ရှင်းပြပါတယ်။ အားလုံးကလည်း တော်တော်လေးကို အားတက်သရောပါဝင်တယ်။”

စည်းရုံးရေးစတင်သည့်နေ့မှ ယနေ့တိုင် အစိုးရအာဏာပိုင်များ၏ နှောင့်ယှက်မှုတစုံတရာမရှိသလို ပြည်သူလူထုကလည်း စိတ်ဝင်စားကြသည်ဟု ဆိုသည်။

သမ္မတဦးသိန်းစိန်ထံ ပေးပို့မည့် မေတ္တာရပ်ခံစာကို ဧရာဝတီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့ကိုလည်း ယမန်နေ့က ပေးပို့ဖြန့်ဝေထားပြီးဖြစ်သည်။

အလားတူ အင်္ဂလန်၊ စင်ကာပူ၊ ဂျပန်၊ ထိုင်းနိုင်ငံရောက် မြန်မာများအပြင် အခြားပြည်ပရောက် မြန်မာများ၊ အဖွဲ့အစည်းများ၊ နိုင်ငံခြားရှိ မြစ်ကြောင်းများ ထိန်းသိမ်းရေး အဖွဲ့များသို့လည်း ဧရာဝတီမြစ် အပေါ်ထားသည့်  ပြည်သူများ၏ သဘောထားများကို သိရှိစေရန် ကောက်ခံရရှိသည့် လက်မှတ်များကို ပေးပို့သွားမည်ဟု သိရသည်။

DKBA မြို့တွင်းတိုက်ပွဲတွေ ဆင်နွှဲမယ်

August 18, 2011,

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ အဖွဲ့ဟာ လာမယ့် ပွင့်လင်း ရာသီမှာ မြန်မာအစိုးရ တပ်တွေရဲ့ ထိုးစစ်တွေကို တန်ပြန် ထိုးစစ် ဆင်နိုင်ဖို့ ကရင်ပြည်နယ် အတွင်းမှာ မြို့တွင်း တိုက်ပွဲတွေ ဆင်နွဲသွားမယ်လို့ ဒီလ ၁၄ ရက်နေ့က ကော့ကရိတ်မြို့နယ်အတွင်းမှာ ပြုလုပ်တဲ့ တပ်မှူးများ ဆွေးနွေးပွဲမှာ ဆုံးဖြတ်ခဲ့တယ်လို့ စစ်ဆင်ရေးမှူး တဦးဖြစ်တဲ့ စောဆန်းအောင်က ဧရာဝတီကို ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ DKBA တပ်မဟာ ၅ ရဲ့ တပ်မဟာမှူး ဗိုလ်မှူးချုပ် စောလားပွယ် (ခ) ဗိုလ်နှုတ်ခမ်းမွေးနဲ့ တပ်မှူးတွေအားလုံး တက်ရောက်ခဲ့ကြပြီး သူတို့အဓိက ထိုးစစ်ဆင်မှာကတော့ ကော့ကရိတ်၊ မြ၀တီနဲ့ လှိုင်းဘွဲမြို့နယ်တွေဖြစ်တယ်လို့ ပြောပါတယ်။

သူတို့ ပြောတာကတော့ မြန်မာ အစိုးရက နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းအရ မဖြေရှင်း သရွှေ့ ဆက်လက် တိုက်ပွဲ ၀င်သွားမယ်လို့ ဆိုပါတယ်။ လက်ရှိ DKBA တပ်မဟာ ၅ မှာ မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) နဲ့ ရခိုင်လူငယ် တပ်ဖွဲ့ ၀င်တွေ ပူးပေါင်း တိုက်ပွဲဝင် နေတယ်လို့လည်း ဗိုလ်မှူး ဆန်းအောင်က ပြောပါတယ်။

သတင်းရင်းမြစ် -- ဧရာဝတီ

ဖွံ့ဖြိုးမှုဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြား

  
ချင်းမိုင် (မဇ္ဈိမ) ။       ။ သောကြာနေ့တွင် နေပြည်တော်၌ ကျင်းပမည့် သမ္မတ ဦးသိန်းစိန် တက်ရောက်မည်
ဖြစ်သော နိုင်ငံတော် စီးပွားဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာ အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲသို့ အတိုက်အခံ
ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ရန် တရားဝင် ဖိတ်ကြားထားပြီး ဖြစ်သည်။

အစိုးရအရာရှိများ၊ နိုင်ငံရေး ပါတီများနှင့် စီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်မည့် အလုပ်ရုံ ဆွေးနွေးပွဲဆိုင်ရာ ကျင်းပရေး ဦးစီးကော်မတီက ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ ဗုဒ္ဓဟူးနေ့က သွားရောက်ကာ ဖိတ်စာပေး ဖိတ်ကြားထားခြင်း ဖြစ်သည်။
dassk
“ဖိတ်စာ မနေ့က ရပါပြီ၊ စီးပွားရေး အလုပ်ရုံ ဆွေးနွေးပွဲပါ၊ ၁၉ ၇က် ၂ဝ ရက်နေ့ နှစ်ရက်အတွက် ဖိတ်တာပါ” ဟု သူ၏ပါတီ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ဆွေးနွေးပွဲ တက်ရောက်ပါမည်လား ဆိုသော အမေးကိုတော့ ဦးဥာဏ်ဝင်းက မသိပါကြောင်း ဖြေကြားသည်။

သို့သော် ပါတီတွင်း သတင်းရပ်ကွက် တခုက ဒေါ်အောင်ဆန်းစုကြည်သည် လေ့လာသူ အနေဖြင့် တက်ရောက်ရန် သဘောတူညီပြီး ဖြစ်သည်ဟု ဆိုသည်။

အလုပ်ရုံ ဆွေးနွေးပွဲမှာ သုံးရက် ကြာမြင့်မည် ဖြစ်ကာ နေပြည်တော်ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟိုဌာနတွင် ကျင်းပမှာ ဖြစ်သည်။

ဆွေးနွေးပွဲသို့ နိုင်ငံရေး ပါတီ ၃၇ ပါတီကိုလည်း ဖိတ်ကြားထားပြီး တပါတီလျှင် ၃ ဦးစီ တက်ရောက်ခွင့် ပြုထားသလို တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဝန်ကြီး နှစ်ဦးစီနှင့် စီးပွားရေး လုပ်ငန်းရှင် ၃ ဦးစီ အထိ တက်ရောက်ရန်လည်း ညွှန်ကြားထားသည်။

copy rights_http://www.mizzimaburmese.com/news/inside-burma/8165-2011-08-18-08-17-01.html
ကြံ့ဖွံ့သမ္မတ ဦးသိန်းစိန်ရဲ့ ပြည်တော်ဝင်ဖို့ မိန့်ခွန်း 
 

2011/08/18

ပြည်ပရောက်များ ပြန်လာရန်နှင့် လက်နက်ကိုင်များ လက်နက်ချရန် ဦးသိန်းစိန်ပြော


ရန်ကုန် (မဇ္ဈိမ) ။      ။ ပြစ်မှုမကျူးလွန်သော ပြည်ပရောက်များကို ပြန်လာလျှင် ပြန်လည် လက်ခံမည် ဖြစ်ကြောင်းနှင့် တောတွင်း လက်နက်ကိုင်များ လက်နက်ချရန် ကမ်းလှမ်းမှုကို သမ္မတ ဦးသိန်းစိန်က ဗုဒ္ဓဟူးနေ့တွင် ကမ်းလှမ်း လိုက်သည်။

နေပြည်တော်ရှိ မြန်မာကွန်ဗင်းရှင်း စင်တာတွင် ပြုလုပ်သော စီးပွားရေးနှင့် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များကို တွေ့ဆုံရာတွင် ဦးသိန်းစိန်က အကြောင်း အမျိုးမျိုးကြောင့် ပြည်ပသို့ ရောက်ရှိနေသူများကိုပြန်လာခွင့် ပြုသည်ဟု ပါရှိသည်။

အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်လည်း မဟုတ်သော “ နိုင်တော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်လာ လုပ်ကိုင် စားသောက်ကြဖို့ရန်” ဖိတ်ခေါ်မှုတွင် ပြန်သွားလိုသူများနှင့် လက်နက်ကိုင် တော်လှန်နေသူများ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများထံတွင် “ အမြန်ဆုံးလာရောက် လက်နက်ချနိုင်”သည်ဟု ပြောကြားသည်။
theinseinecometinnpd 
ပြစ်မှု ကျူးလွန်ခဲ့သူများ ပြန်လာလိုလျှင်တော့ ခွင့်လွှတ်လောက်သော ပြစ်ဒဏ်များကို လျော့ပေးပေးမည်။ ဆိုးဆိုးရွားရွား ပြစ်ဒဏ်များကိုတော့ ကျခံရမည်ဟု ဦးသိန်းစိန်က ပြောကြားသွားသည်။

မိနစ် ၂ဝ ခန့်ကြာသည့် သမ္မတ၏ တွေ့ဆုံမှုသို့ အသင်းပေါင်း ၄၀ ကျော်ကို ဖိတ်ကြားခဲ့သည်။

အစိုးရ၏ ပြန်လာခွင့်ပြုချက်ကို ပြည်ပရောက် နိုင်ငံရေး အဖွဲ့များအကြား အားတက်သရော မရှိဘဲ အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် မဟုတ်သည့် အတွက် “အဓိပ္ဗါယ်မရှိ” သော ဖိတ်ခေါ်မှုဟုသာ တုံ့ပြန်ကြသည်။

“ နိုင်ငံရေး အကျဉ်းသားတွေ အကုန်လုံးထုတ်၊ နေရာတိုင်းမှာ တကယ့် ငြိမ်းချမ်းရေးတွေ ရသွားအောင် ဆောင်ရွက်၊ ပြီးရင် အားလုံးပါဝင်တဲ့ တွေ့ဆုံ ဆွေးနွေးရေး လုပ်။ အဲဒီလို လုပ်ငန်းစဉ်တွေ မလုပ်ဘဲနဲ့ ဒီလို လူကြားကောင်း အောင် ဖိတ်ခေါ်တာမျိုး၊ တခုကို ထုတ်ပြောတာမျိုးကတော့ ဘာမှ အဓိပ္ပါယ်မရှိဘူး၊ သဘာဝမကျဘူးလို့ ကျနော် အဲဒီလိုပဲ နားလည်ပါတယ် ” ဟု လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ အထွေထွေ အတွင်းရေးမှူး ဦးငွေလင်းကပြောသည်။

“ အခုလို ဘာမှ တိကျတဲ့ အလားအလာပေါ့ဗျာ အနာဂတ်ကို ဘာမှတောင် မျှော်စရာ လင်းပွင့်တဲ့ အနာဂတ်မျိုး မရှိဘဲနဲ့တော့ ကျနော်ထင်တယ် ဘယ်သူမှ စိတ်ကူးယဉ်မယ် မထင်ပါဘူး ” ဟု သူက ထပ်ပြောသည်။ 
ထိုသို့ ဖြစ်ထွန်းနေချိန်တွင် ပြည်ထဲရေး ဝန်ကြီးဌာနက နာရေးကူညီမှုအသင်း (ရန်ကုန်)ကို မှတ်ပုံတင်ခွင့် ပြုတော့ မည်ဟု သိရသည်။

“ အရမ်းကောင်းတဲ့ မင်္ဂလာရှိတဲ့ စကားပဲ။ ပရဟိတ လုပ်နေသူတွေ အများပြည်သူအတွက် အကျိုးရှိတဲ့ ကိစ္စဖြစ်
တယ်။ အားရှိစေတဲ့ စကားဖြစ်တယ် ” ဟု အသင်းဥက္ကဋ္ဌ ဦးကျော်သူက ပြောသည်။

copy rights_http://www.mizzimaburmese.com/news/regional/8157-2011-08-17-11-28-24.html