Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/11/24

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အားထောက်ခံကြိုဆိုပွဲ
ဂျပန်နိုင်ငံ တိုကျိုမြို့  တွင် ကျင်းပခြင်း



ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည်နေအိမ် အကျယ်ချုပ်မှ ၂၀၁၀ နိုဝင်ဘာ၁၃ ရက်နေ့ တွင် လွတ်မြောက်ပြီဖြစ်၍ ပြည်တွင်း၊ပြည်ပ၊ နိုင်ငံတကာမှ လှိုက်လှိုက်လှဲလှဲ ၀မ်းမြောက်စွာ ကြိုဆိုကြပါသည်။

အနှစ်၂၀ကျော်အတွင်းတွင် ၁၅ နှစ်ကျော် အကျဉ်းကျခံထားရပြီးနအဖ စစ်အစိုးရမှ ပြည်သူလူထု နှင့် သူမ အဆက်အသွယ်ပြတ်တောက်စေရန် နည်းမျိုးစုံ နှင့် ကြိုးစားခဲ့ပါသည်။ သို့ ရာတွင် ဒေါ်အောင်ဆန်းစုကြည် သည် ပြည်သူလူထု၏ ထောက်ခံအားပေးသံများကို မိမိ၏နေအိမ်အတွင်းမှ ရေဒီယို မှ တဆင့် အမြဲတမ်းကြား သိနေခဲ့ပါသည်။ ဂျပန်ရောက်မြန်မာနိုင်ငံသားများ၏ ထောက်ခံအားပေးမှု အသံများကိုလည်း ရေဒီယို မှ တဆင့် အမြဲတမ်းနားထောင်ခဲ့ပါသည်။ နိုဘယ်ဆုရှင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နိုဝင်ဘာ ၁၄ ရက်နေ့ တွင် ပထမဦးဆုံး မိန့် ခွန်းပြောကြားရာတွင် ပြည်သူလူထု တစ်သိန်းကျော် အပြည်အ၀ ထောက်ခံ အားပေးခဲ့ပါသည်။ သူမ၏ မိန့် ခွန်းထဲ တွင် စည်းလုံးညီညွတ်မှု အရေးကြီးကြောင်း၊ တစ်ဦးတစ်ယောက်တည်း၏ ဦးဆောင်မှုဖြင့် ဒီမိုကရေစီ နိုင်ငံရေးတည်ဆောက်၍ မရကြောင်း၊ ပြည်သူလူထု တရပ်လုံး ပူးပေါင်းပါဝင်ကြရန် လိုအပ်ကြောင်း အလေးအနက်ပြောကြားသွားပါသည်။ ထို့ ကြောင့် ပြည်သူလူထု တရပ်လုံး၏ ထောက်ခံအားပေးသံကို ပိုမို ၍ ကြားသိစေရန် လိုအပ်လှပါသည်။ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအားလုံး ၊ ဒီမိုကရေစီအင်အားစု၊ တိုင်းရင်းသား အင်အားစုမျာ အားလုံးမှ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ကြိုဆိုထောက်ခံပွဲ တရပ်ကို တိုကျိုမြို့  ရှီဘူယမြို့ နယ်ရှိ ကုလသမဂ္ဂအဆောက်အဦးရှေ့ တွင် ၂နာရီ မှ ၅ နာရီ အထိကျင်းပ ခဲ့ပါသည်။
အဖွဲ့ အစည်းအသီးသီးမှ ခေါင်ဆောင်များက ဒေါ်အောင်ဆန်းစုကြည်အား ထောက်ခံကြိုဆိုကြောင်း နှင့် ကြေညာချက်များထုတ်ပြန်ဖတ်ကြားသွားကြပါသည်။ အခမ်းအနားမှူးများအဖြစ် ဦးဇော်မင်းထွန်း (NLD-LA,JB) နှင့် လျာကျိန်ဟောက်လွန်း (ZNC, CNC-Japan) တို့ မှ ဆောင်ရွက်သွားကြပါသည်။
KNU-Japan၏ ဥက္ကဌ စောမျိုးခိုင်ရှင်းမှ ကြိုဆိုထောက်ခံကြောင်းပြောကြားသွားပါသည်။ KNU-Japan ၏ ထုတ်ပြန်ကြေညာချက်ကို နော်တင်ဇာဝင်းမှ ဖတ်ကြားခဲ့ပါသည်။




သတင်းမှတ်တမ်း။ ။Moe Min Thu (KNU-Japan)
သတင်းဓါတ်ပုံ။ ။ Moe Min Thu (KNU-Japan). Lian Khan Sum (CNC-Japan)

0 件のコメント:

コメントを投稿