Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/12/31

ကြားဖြတ်ရွေးကောက်ပွဲ လုပ်မည့်ကိစ္စ နိုင်ငံရေးပါတီများကို အကြောင်းမကြား

2011-12-31
လွှတ်တော်မှာ လစ်လပ်နေတဲ့ ၄၈ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲ ကို ဧပြီလ ၁ ရက်မှာ ကျင်းပမယ်လို့ မြန်မာအစိုးရပိုင် သတင်းဌာနတွေက မနေ့ညက တရားဝင် ကြေညာခဲ့ပါတယ်။
(Photo: AFP)
စစ်အစိုးရက နိုဝင်ဘာ ၇ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ရန်ကုန်မြို့ရှိ မဲရုံတခုတွင် နိုဝင်ဘာ ၅ ရက်နေ့က မဲပုံးများ ပြင်ဆင်နေပုံ ဖြစ်ပါသည်။ (Photo: AFP)
နိုင်ငံရေး ပါတီတွေကိုတော့ ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ရွေးကောက်ပွဲကော်မရှင်က အသိပေး အကြောင်းကြားတာ မရှိဘူးလို့ ဒီမိုကရက်တစ်ပါတီ-မြန်မာရဲ့ ဥက္ကဋ္ဌ ဦးသုဝေက ဒီကနေ့ ပြောကြားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်မယ့်သူတွေအနေနဲ့ ဇန်န၀ါရီ ၃၁ ရက် နောက်ဆုံးထားပြီး အမည်စာရင်း တင်သွင်း လျှောက်ထားကြရမယ်လို့ သိရပါတယ်။

အခုကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်သူ့လွှတ်တော်အတွက် နေရာ ၄ဝ၊ အမျိုးသား လွှတ်တော် အတွက် ၆ နေရာနဲ့ တိုင်းဒေသကြီး လွှတ်တော်အတွက် ၂ နေရာ လစ်လပ်နေပါတယ်။

ဒါပေမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲ မကျင်းပဖြစ်ခဲ့တဲ့ မဲဆန္ဒနယ် ၁၇ ခုရှိတဲ့အတွက် လာမယ့် ရွေးကောက်ပွဲမှာ နေရာ အားလုံးအတွက် ကျင်းပမယ်ဆိုရင် ဝင်ရောက် ယှဉ်ပြိုင်နိုင်တဲ့ မဲဆန္ဒနယ်မြေ ၆၅ ခု ရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လောလောဆယ် အထိတော့ မဲဆန္ဒနယ် ဘယ်နှခုမှာ ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမလဲဆိုတာ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က တိတိကျကျ ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီကတော့ ကြားဖြတ်ရွေးကောက်ပွဲအတွက် လစ်လပ်နေရာ အားလုံးမှာ ပါဝင်ယှဉ်ပြိုင်မယ်လို့ ကြေညာထားပါတယ်။
copy rights_http://www.rfa.org/burmese/news/by-election-12312011045432.html

ကြားဖြတ်ရွေးကောက်ပွဲ ဧပြီလ ၁ ရက်နေ့

 သောကြာ, 30 ဒီဇင်ဘာ 2011 By ဗွီအိုအေ (မြန်မာဌာန)
မြန်မာနိုင်ငံမှာ လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲတွေကို ရှေ့လာမယ့်နှစ် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပသွားမယ်လို့ အစိုးရက ကြေညာလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ရွေးကောက်ပွဲတွေ ကျင်းပအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်တွင်းမှာ လစ်လပ်နေတဲ့ နေရာ ၄၈ နေရာအတွက် အစိုးရက ကြားဖြတ် ရွေးကောက်ပွဲတွေ ပြန်လည် ကျင်းပသွားမှာပါ။
မြန်မာအစိုးရရဲ့ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်း ရွေးကောက်ပွဲတွေဟာ ဒီမိုကရေစီ အခြေခံတွေ ကင်းမဲ့တယ်ဆိုပြီး ပါဝင်ခြင်းမရှိခဲ့တဲ့ အဓိက နိုင်ငံရေးပါတီ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကတော့ အစိုးရသစ် တက်လာပြီးနောက် အပြောင်းအလဲတွေနဲ့အတူ လွှတ်တော် နိုင်ငံရေး လုပ်ငန်းတွေမှာ ပြန်လည် ပါဝင်ဖို့ ဆုံးဖြတ်ကြောင်း ကြေညာထားတာ ဖြစ်ပါတယ်။ ဒီအတွက် နိုင်ငံရေး ပါတီအဖြစ် ဒီလထဲမှာပဲ ရွေးကောက်ပွဲ ကော်မရှင်ထံမှာ ကိုယ်စားလှယ် ၂၀ ကျော်နဲ့ မှတ်ပုံတင်လျှောက်ထားပြီး ကြားဖြတ် ရွေးကောက်ပွဲမှာလည်း ပါဝင်မယ်လို့ ပြောဆိုထားတာပါ။
မှတ်ပုံတင် ခွင့်ပြုချက်ကိုတော့ ကော်မရှင်က အခုအချိန် အထိတော့ တရားဝင် လက်ခံမထားသေးပါဘူး။ မှတ်ပုံတင်ရာမှာ အဓိကခေါင်းဆောင် တစ်ဦးအနေနဲ့ အမည်စာရင်း ထည့်သွင်းထားတဲ့ ဒေါ်အောင်ဆန်းစုကြည် ကတော့ ကြားဖြတ် ရွေးကောက်ပွဲတွေမှာ ဖွံ့ဖြိုးမှုနိမ့်ကျတဲ့ နယ်မြေကနေ ကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်သွားဖို့ ဆန္ဒရှိကြောင်း ပြောဆိုထားပါတယ်။

ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုသူတွေ အနေနဲ့ ဇန်န၀ါရီလ ၁၆ ရက်နေ့ကနေ ၃၁ ရက်နေ့အတွင်း ရွေးကောက်ပွဲ ကော်မရှင်ထံမှာ မှတ်ပုံတင်ကြရမှာ ဖြစ်ပါတယ်။
copy rights_VOA News

2011/12/30

မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၁၀၃)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနား(တိုကျို)  




၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်။


မေ(၃၀)ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှုကြီး (၁၀၃)လပြည့် ၀မ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားနှင့် အမျိုးသား ပြန်လည် သင့်မြတ်ရေး အတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံ ဆွေးနွေးမှု အမြန်ဆုံး ပေါ်ပေါက်ရန် အမျိုးသား ပြန်လည် သင့်မြတ်ရေး တောင်းဆိုသည့် ဆန္ဒပြပွဲ အခမ်းအနားကို တိုကျိုမြို့၊ ရှိနာဂါဝါ၊ မြန်မာစစ် အခွန်ရုံးရှေ့တွင် ဒီကနေ့ ညနေ(၃း၀၀ နာရီ မှ ၄း၀၀နာရီ) အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ဦးဆောင်၍ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အဖွဲ့အစည်းအသီးသီးမှ တာဝန်ရှိသူများတို့မှ အမှာစကား ပြောသွားခဲ့ကြပါသည်။ ဆန္ဒပြပွဲ တက်ရောက်ကြသူများတို့မှ ဒီပဲယင်း ဖြစ်ရပ်မှန်ကို ဖေါ်ထုတ်ပေးဖို့နဲ့ ကျန်ရှိနေသေးသော မတရား အဖမ်းဆီးခံ နေကြရသော နိုင်ငံရေး အကျဉ်းသားများ အားလုံး ချက်ခြင်း လွတ်ပေးရန် တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။ ယနေ့ ဆန္ဒပြပွဲတွင် ဂျပန်ရောက် မြန်မာဒီမိုကရေစီ အင်အားစုများ ပူးပေါင်း ဆန္ဒပြခဲ့ကြပါသည်။ 

သတင်း မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu
ရန်ကုန်မြို့ မှ မီးလောင်ပေါက်ကွဲ မှုကြီး နောက်ဆက်တွဲ 

copy rights_VOA
ရန်ကုန်မြို့ မှ မီးလောင်ပေါက်ကွဲ မှုကြီး 

copy rights_http://www.rfa.org/burmese/

ဓါတုသိုလှောင်ရုံ ပေါက်ကွဲမှု လူ ၂၃ ဦးသေဆုံး


မီးကြွင်းမီးကျန်များ ငြိမ်းသတ်နေသော မီးသတ်သမားများကို တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ နိုင်ငံပိုင် ဓါတုပစ္စည်းများ သိုလှောင်ရာ ဂိုဒေါင်တွင် မီးလောင်ကျွမ်းမှုဖြစ်ပြီး ပေါက်ကွဲရာက လူ ၂ဝ ကျော်သေဆုံးပြီး ၇ဝ ကျော် ဒဏ်ရာ ရရှိခဲ့သည်။

မဇ္ဈိမသတင်းဌာန | ကြာသပတေးနေ့၊ ဒီဇင်ဘာလ ၂၉ ရက် ၂၀၁၁ ခုနှစ်

မဇ္ဈိမသတင်းဌာန ။ ။ စီးပွားကူးသန်းပိုင် ဂိုဒေါင်တွင် ပေါက်ကွဲမှုက အနည်းဆုံး လူ ၁၀ ဦး သေဆုံးသည်ဟု အခင်းဖြစ်ပွားရာ ရောက်ရှိနေသူများက ပြောသည်။

မီးလောင်စေနိုင်သော သင်္ဘောဆေးများနှင့် သင်္ဘောဆေး ချက်လုပ်ရာ ပစ္စည်းများထားသော ဂိုဒေါင်တွင်
ပေါက်ကွဲမှု ဖြစ်ပွားခြင်း ဖြစ်သည်။ ခန္ဓာကိုယ် အပိုင်းအစများ လွင့်ထွက်လာခဲ့သည်ကို မြင်ကြရသည်ဟု မျက်မြင်သက်သေ တဦးက ပြောသည်။

ဂိုဒေါင်တွင် မိသားစုလိုက် ညစောင့် အိပ်နေခဲ့ကြသည်ဟု အနီးနားနေသူများက ပြောကြားပြီး သေဆုံးသူများတွင် ဂိုဒေါင်စောင့်သူများ ပါဝင်သည်ဟု ယုံကြည်ရသည်။ အခင်းဖြစ်ပွားရာသို့ လာရောက်ကြည့်ရှု့သော ထောင်ချီနေ
သော လူအုပ်စုကြီးက ထပ်မံ ပေါက်ကွဲမှုများ ဖြစ်မည်ဆိုသော စိုးရိမ်စိတ်ဖြင့် ဝေးရာသို့ ပြန်လည် ပြေးလွှားနေကြ သည်။

ကူးတို့ဆိပ်လမ်းမှ အိမ်အတော်များများ ပြိုကျသွားခဲ့သလို မီးသတ်ကားများ ရောက်ရှိပြီးမှ ထပ်မံပေါက်ကွဲမှုကြောင့် မီးသတ်ကားနှစ်စီးကို ထိခိုက်မှု ဖြစ်ခဲ့သည်။

2011/12/26

၂၇၅၁ ခုနှစ် (၁၃)ကြိမ်မြောက် ကရင် နှစ်သစ်ကူးပွဲတော် တိုကျို တွင် ကျင်းပပြီးစီ 

 
သတင်းမှတ်တမ်းဓါတ်ပုံ။ ။ Moe Min Thu

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာနိုင်ငံခရီးစဉ် စတင်

ဆယ်နှစ်နီးပါးကြာ ကာလအတွင်း မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်တာဖြစ်တဲ့ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးရဲ့ ခရီးစဉ်ကို ဒီကနေ့မှာ စတင်လိုက်ပါပြီ။ ဂျပန်နိုင်ငံခြားရေးဝန်ကြီးရဲ့ အခုခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံသွားဖို့ရှိသလို မြန်မာနိုင်ငံကို အကူအညီ ပေးရေးကိစ္စတွေနဲ့ နှစ်နိုင်ငံကြား စီးပွားရေး ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ သတင်းတွေမှာ ဖော်ပြနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အပြည့်အစုံကို ဆက်သွယ် စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြထားပါတယ်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ကိုအီချီယို ဂမ်ဘာ (Koichio Gamba) ရဲ့  မြန်မာနိုင်ငံခရီးစဉ်ကို  ဒီကနေ့ တနင်္ဂနွေနေ့မှာ စတင်လိုက်တာဖြစ်ပါတယ်။ ဒါဟာ မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာက်ပြီးတဲ့နောက် ဂျပန်နိုင်ငံခြားရေးဝန်ကြီးတစ်ဦး မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် သွားရောက်ခဲ့တာဖြစ်သလို လွန်ခဲ့တဲ့ ဆယ်စုနှစ်တစ်ခုနီးပါးအတွင်း ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တစ်ဦးအနေနဲ့ မြန်မာနိုင်ငံကို နောက်ဆုံးအကြိမ် သွားခဲ့တာကတော့ လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ဖြစ်ပါတယ်။ ဂျပန် နိုင်ငံခြားရေးဝန်ကြီး ဂမ်ဘာဟာ ဒီခရီးစဉ်အတွင်းမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ လည်း တွေ့ဆုံမှာဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဦးခွန်သာမြင့်က ပြောပါတယ်။

2011/12/24

နိုင်/ကျဉ်း စာရင်းကွဲလွဲမှုအပေါ် လွတ်လပ်တဲ့စစ်ဆေးခွင့်ရဖို့ အေအေပီပီတောင်းဆို


မြန်မာအစိုးရရဲ့ တာဝန်ရှိသူတွေက နိုင်ငံရေးအကျဉ်းသားတွေ လွတ်ဖို့ရှိတယ်လို့ ပြောလိုက်တာကြောင့် မှတ်တမ်းမှတ်ရာ အထောက်အထားတွေနဲ့ သေသေချာချာ ပြနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား ၉၀၀ ကျော် ကျန်နေသေးကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းက ပြောဆိုလိုက်ပါတယ်။ အပြည့်စုံကို ထိုင်းအခြေစိုက်သတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။
နိုင်ငံရေးလှုပ်ရှားသူတွေ အပါအ၀င် တက်ကြွလှုပ်ရှားသူတွေကို ကူညီခဲ့သူတွေ၊ တက်ကြွလှုပ်ရှားသူတွေ မဟုတ်ဘဲ နိုင်ငံရေးပုဒ်မနဲ့ အတပ်ခံထားရသူတွေ၊ နိုင်ငံရေးပုဒ်မ မတပ်ဘဲ ရာဇ၀တ်ပုဒ်မတွေ တပ်ထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေထဲက အထောက်အထားနဲ့ပြနိုင်တဲ့ နိုင်ငံရေးအကျဉ်းသား ၉၀၀ ကျော် စာရင်းကို ရရှိထားကြောင်း အေအေပီပီ (AAPP) လို့ ခေါ်တဲ့ နိုင်ငံရေးအကျဉ်းသား ကူညီစောင့်ရှောက်ရေးအသင်းက ပြောပါတယ်။ ပြောရေးဆိုခွင့်ရှိသူ ကိုတိတ်နိုင်က -
“ဒီနှစ်ထဲမှာရော လာမယ့် ဇန်န၀ါရီလထဲမှာရော ဒီအစိုးရကနေပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးနေတယ်၊ လွှတ်ပေးမယ် ဆိုတဲ့ ပြောဆိုနေတဲ့အပေါ်မှာ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားတွေ ဘက်က မနစ်နာရအောင်လို့ ကျနော်တို့က မှန်မှန်ကန်ကန်နဲ့ တိတိကျကျ အနီးစပ်ဆုံးဖြစ်အောင်လို့ ကျနော်တို့ စိစစ်ပြီးတော့ ထုတ်ပြန်နေတာ ဖြစ်ပါတယ်။ အခုဆိုရင် ကျနော်တို့ အေအေပီပီက ကောက်ခံထားတဲ့ စာရင်းအရဆိုရင် ၁,၅၇၂ ဦးက နိုင်ငံရေးအကျဉ်းသားတွေ အကျဉ်းထောင်တွေထဲမှာ ကျန်နေသေးတယ်။ အဲဒီအထဲမှာ ၉၁၈ ဦးက ကျနော်တို့ သေသေချာချာ စိစစ်ပြီးတော့ သူတို့ ဘယ်ထောင်တွေမှာရှိတယ်။ သူတို့ရဲ့ ကိုယ်ရေးမှတ်တမ်းတွေက ဘယ်လိုဖြစ်တယ်။ နိုင်ငံရေးလှုပ်ရှားမှုကို ကူညီခဲ့တဲ့သူတွေ ဖြစ်တယ်၊ အဲဒီပုဒ်မတွေနဲ့ ထောင်ကျထားတယ်ဆိုတဲ့ ကိစ္စကို သေချာစိစစ်ပြီးတဲ့ဦးရေက ၉၁၈ ဦး ရှိပါတယ်။”
ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးရန် နိုင်ငံတော် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသို့ တင်ပြမှုများ ရှိလာလျှင် ခွင့်ပြုသွားမှာဖြစ်ကြောင်း သတင်းမီဒီယာတွေကို ထုတ်ဖော် ပြောဆိုခဲ့တာတွေ၊ နိုင်ငံတော်သမ္မတက နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုပြီး ပြောဆိုချက်တွေကြောင့် လွတ်လပ်တဲ့ အသင်းအဖွဲ့တွေကို အကျဉ်းထောင်တွေနဲ့ ရဲဘက်တွေမှာ စစ်ဆေးခွင့်ပြုဖို့ အေအေပီပီက ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားတွေ လွှတ်မယ် ရထားဝန်ကြီး ပြော

2011-12-22
လာမယ့် ဇန်နဝါရီ ၄ ရက်နဲ့ ဖေဖော်ဝါရီ ၁၂ ရက်မှာ နောက်ထပ် အကျဉ်းသား တွေ လွှတ်ပေးမှာဖြစ်ပြီး အဲဒီအထဲမှာ နိုင်ငံရေးအကျဉ်းသားတွေလည်း ပါဝင်မှာဖြစ်ကြောင်း ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းက ပြောလိုက်ပါတယ်။
Photo: RFA
၂၀၁၁ ဒီဇင်ဘာလ ၂၁ ရက်၊ မြန်မာအစိုးရ ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲ့နှင့် ကေအင်ယူ ကရင်အမျိုးသားအစည်းအရုံးတို့ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တွင် အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်။ မီးရထားဝန်ကြီး ဦးအောင်မင်း (ဝဲ ရှေ့တန်း- တတိယ)
မနေ့က ထိုင်းနိုင်ငံ မဲဆောက်မြို့မှာ ကေအင်ယူ ကရင်အမျိုးသား အစည်းအရုံးနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပွဲ ကျင်းပခဲ့စဉ်မှာ မီးရထားဝန်ကြီး ဦးအောင်မင်းက အဲဒါကို သတင်းကောင်းအနေနဲ့ ပါးခဲ့တယ်လို့ ကေအင်ယူ ငြိမ်းချမ်းရေး ကော်မီတီရဲ့ ပြောခွင့်ရပုဂ္ဂိုလ် စောဒေးဗစ်ထောက ပြောပါတယ်။ ဒါ့အပြင် မကြာသေးခင်က တရုတ်နိုင်ငံ ခွေမင်မြို့ကနေ ရန်ကုန်ကို ပို့ဆောင်ခံခဲ့ရပြီး ထောင်ဒဏ် ၁၇ နှစ် ချမှတ်ခံရတဲ့ ကေအင်ယူ ခေါင်းဆောင်တစ်ဦးဖြစ်သူ မန်းငြိမ်းမောင် အပါအဝင် တခြား ကေအင်ယူ အဖွဲ့ဝင်တွေကို လွှတ်ပေးမယ်လို့ အာမမခံနိုင်ပေမယ့် နိုင်ငံတော် သမ္မတဆီမှာ တင်ပြပေးမယ်လို့ ဝန်ကြီး ဦးအောင်မင်းက ပြောသွားတယ်လို့ ဆိုပါတယ်။ အစိုးရသစ် အာဏာလွှဲပြောင်းယူစဉ် လက်ခံရရှိတဲ့ အကျဉ်းသား စာရင်းတွေမှာ နိုင်ငံရေး အကျဉ်းသားဆိုတာ မပါကြောင်း၊ ပြစ်မှုတစ်ခုခုကို ကျူးလွန်လို့ အရေးယူထားသူတွေသာ ရှိကြောင်း ဝန်ကြီးဦးအောင်မင်းက ရှင်းပြသွားတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ပြည်တွင်းနဲ့ နိုင်ငံတကာက တောင်းဆိုနေတဲ့ နိုင်ငံရေး အကျဉ်းသား အားလုံးဟာ လာမယ့် ဇန်နဝါရီနဲ့ ဖေဖေါ်ဝါရီလ လွှတ်မယ့် အသုတ်တွေထဲမှာ ပါနိုင်ကြောင်း ဝန်ကြီး ဦးအောင်မင်းက ပြောတယ်လို့ ဆိုပါတယ်။ 
copy rights_http://www.rfa.org/burmese/news/political-prisoner-12222011104625.html

2011/12/22

၂၇၅၁ -ခုနှစ် (၁၃) ကြိမ်မြောက် တိုကျို ကရင်အမျိုးသား နှစ်သစ်ကူးပွဲတော် ဖိတ်ကြားလွှာ 



ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်ကို ဂျပန်နိုင်ငံ တိုကျို တွင် ကရင်မိသားစု စုံလင် စည်ကားစွာ ကျင်ပမည် ဖြစ်ပါသောကြောင့် ကရင်တိုင်းရင်းသား ညီအကို မောင်နှမ များနှင့် ရင်းနှီခင်မင် ရပါသော မိတ်ဆွေ အပေါင်းတိုကို နွေးထွေးစွာဖြင့် ဖိတ်ကြားနှိးဆော်အပ်ပါသည်။ 

အားလုံးကို ကြိုဆိုလျှက်
ကရင်နှစ်သစ်ကူးပွဲ ကျင်းပရေးကော်မတီ

တဦးသေဆုံးတဲ့ လှည်းတန်းဗုံး


ရန်ကုန်မြို့ လှည်းတန်းရှိ အများသုံးအိမ်သာ တခုတွင် ယနေ့နေ့လည်က ဗုံးတလုံးပေါက်ကွဲကြောင်း သတင်းရရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် အမျိုးသမီး တဦးသေဆုံးကာ၊ အမျိုးသမီးတဦး ဒဏ်ရာရရှိကြောင်း၊ မပေါက်ကွဲသေးသည့် ဗုံးတလုံးကိုလည်း ဖယ်ရှားခဲ့ကြောင်း သိရသည်။ အခင်းဖြစ်ပွားပြီးနောက် လှည်းတန်းလမ်းဆုံမှ ကမာရွတ်ရဲစခန်းအထိ တလျှောက် လမ်းများ ပိတ်ထားခဲ့သည်ဟု သိရသည်။ (ဓာတ်ပုံများ - ဧရာဝတီ)


copy rights_http://www.irrawaddyblog.com/2011/12/blog-post_7631.html

2011/12/21

အစိုးရနှင့် KNU ထပ်တွေ့ဦးမည်

By featured, ဧရာဝတီ on December 20, 2011 5:31 pm
ငြိမ်းချမ်းရေး အတွက် ထပ်မံဆွေးနွေးရန် ကရင် အမျိုးသား အစည်းအရုံး (KNU) နှင့် အစိုးရ ကိုယ်စားလှယ်များ လာမည့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ဒုတိယ အပတ်၌ ကရင်ပြည်နယ်ဘားအံမြို့နယ်တွင် တွေ့ဆုံမည်ဖြစ်သည်။
လက်ရှိ KNU ဗဟိုကော်မတီဝင်များ (ဓာတ်ပုံ - ဧရာဝတီ)
တွေ့ဆုံပွဲတွင် အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို မီးရထားဝန်ကြီး ဦးအောင်မင်း ဦးဆောင်မည် ဖြစ်ပြီး KNU ငြိမ်းချမ်းရေး ဖော်ဆောင် ရေး ကော်မတီဝင် အနည်းဆုံး ကိုယ်စားလှယ် ၃ ဦးခန့် ပါဝင်မည် ဖြစ်ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ကော်မတီ မှ ပြောရေး ဆိုခွင့်ရှိသူ ဦးစောဒေးဗစ်ထောက ဧရာဝတီသို့ ပြောသည်။
“အပစ်အခတ် ရပ်စဲရေးကို ကျနော်တို့က လုပ်ရင် ကျနော်တို့ အနေနဲ့ ခိုင်မာချင်တဲ့ ဆန္ဒတော့ ရှိတယ်၊ ဒါမှလည်း ထာဝရ ငြိမ်းချမ်း ရေးကို သွားမှာကိုး ဆိုတော့ အဲဒီက စပြီးတော့ တဦးကို တဦး ဘယ်လို ပြုမှုဆက်ဆံ နေထိုင်ကြမလဲဆိုတာက အစ ဆွေးနွေးကြ မယ်”ဟု ၎င်းက ဆိုသည်။
KNU သည် မြန်မာအစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန် အတွက် နိုဝင်ဘာ ၁၀ ရက်က အဖွဲ့ဝင် ၇ ဦးပါရှိသည့် ပြည်တွင်း ငြိမ်းချမ်း ရေး ဖော်ဆောင်ရေး ကော်မတီကို ဖွဲ့စည်းခဲ့သည်။
အပစ်အခတ် ရပ်စဲရေး၊ ဆက်ဆံရေးရုံးများ ထားရှိရေး၊ အစိုးရနှင့် KNUထိန်းချုပ်ထားသော နယ်မြေများတွင် နှစ်ဘက် တပ်ဖွဲ့ဝင် များ အပြန်အလှန် အကြောင်းကြားရေး၊ ဗဟိုအစိုးရနှင့် တွေ့ဆုံဆွေးနွေးရေး အတွက် နေ့ရက်၊ နေရာ သတ်မှတ်ရန် စသည့် အချက် များကို အစိုးရ ကိုယ်စားလှယ်များက ချပြထားကြောင်း ဦးစောဒေးဗစ်ထောက ဆက်ပြောသည်။
နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အစိုးရ ကိုယ်စားလှယ် ဦးအောင်မင်းက KNUတပ်ဖွဲ့မှ ကိုယ်စားလှယ်များကို ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးရန် တရားဝင် ကမ်းလှမ်းခဲ့သည်။ ထိုကမ်းလှမ်းမှု ပေါ်ပေါက်လာပြီး နောက်ပိုင်း KNU ကလည်း တွေ့ဆုံရန် ပြင်ဆင် ထားခဲ့ သည်။
နိုဝင်ဘာ ၁၉ နှင့် ၂၀ ရက်နေ့ကလည်း ထိုင်း-မြန်မာနယ်စပ် တနေရာ၌ အစိုးရ ရထားပို့ဆောင်ရေးဝန်ကြီး ဦးအောင်မင်း ဦးဆောင် သည့် ကိုယ်စားလှယ်များနှင့် KNU ခေါင်းဆောင်တချို့ အလွတ်သဘော တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး နောက်ပိုင်း တရားဝင် ထပ်မံ တွေ့ဆုံမည့် သတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။
KNUအဖွဲ့သည် အမျိုးသား တန်းတူရေးနှင့် ကိုယ်ပိုင် ပြဌာန်းခွင့်ရရှိရေး အတွက် ၁၉၄၉ ခုနှစ် ဇန်န၀ါရီလ ၃၁ ရက်နေ့မှ စတင်ကာ အစိုးရ အဆက်ဆက်ကို ဆန့်ကျင် တော်လှန်ခဲ့သည်မှာ ၆၂ နှစ် ရှိပြီ ဖြစ်သည်။
copy rights_http://burma.irrawaddy.org/archives/3860

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ်တွေ့ဆုံ

 အင်္ဂါ, 20 ဒီဇင်ဘာ 2011 By မသင်းသီရိ


ဓာတ်ပုံ ASSOCIATED PRESS
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ်ရှင်နာဝပ်
မြန်မာနိုင်ငံကို ရောက်နေတဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်နဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့  ဒီကနေ့ ဒီဇင်ဘာ ၂၀ အင်္ဂါနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလတွေအတွင်း ထိုင်းဝန်ကြီးချုပ်အဆက်ဆက်မှာ  ဒေါ်အောင်ဆန်းစုကြည်နဲ့ ပထမဆုံး တွေ့ဆုံတာလည်း ဖြစ်ပါတယ်။ ရန်ကုန်က ထိုင်းသံအမတ် ကြီးအိမ်မှာ ဒီခေါင်းဆောင် ၂ ဦး တွေ့ဆုံပွဲနဲ့ ပတ်သက်တဲ့ သတင်းကိုတော့ ပြည်တွင်းသတင်းထောက်အများစု သတင်းယူခွင့်မရကြပါဘူး။ ဒီအခြေအနေအသေးစိတ်ကို မသင်းသီရိက တင်ပြပေးထားပါတယ်။
စတုတ္ထအကြိမ်မြောက် မဟာမဲခေါင်ထိပ်သီးအစည်းဝေးကိုလာတက်တဲ့ ထိုင်းဝန်ကြီးချုပ် ယင်းလပ် ရှင်နာဝပ်ဟာ ဒီကနေ့ အစည်းဝေးအပြီး ရန်ကုန်မြို့မှာ ဒေါ်အောင်ဆန်းစုကြည်တို့ ရန်ကုန်မှာ ဆုံခဲ့ကြတာပါ။  ဒါဟာ ၁၉၈၈ နောက်ပိုင်းကာလရဲ့  ထိုင်းဝန်ကြီးချုပ် အစဉ်အဆက်တွေထဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့တာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။
သူ့အနေနဲ့  အိမ်နီးချင်းနိုင်ငံတခုရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှု လုပ်ငန်းတွေပေါ် အားပေးကူညီချင်တဲ့ အကြောင်း ပြောတာတွေကိုလည်း နိုင်ငံခြားသတင်းဌာနတချို့ရဲ့စာမျက်နှာတွေမှာ ရေးသားထားတာ လည်း တွေ့ရပါတယ်။
ဒါပေမယ့် အခု ထိုင်းဝန်ကြီးချုပ် ယင်းလပ်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ညစာအတူစားတဲ့သတင်းကို ပြည်တွင်း အခြေစိုက် သတင်းဌာန ၄ ခုကိုသာ ဓာတ်ပုံရိုက်ကူးခွင့် ပြုခဲ့ပြီး ကျန်တဲ့သတင်းဌာနတွေ အားလုံးကို ထိုင်းသံရုံးက သတင်းယူခွင့်၊ ဓာတ်ပုံရိုက်ကူးခွင့်တွေမပေးခဲ့ဘူးလို့ မြန်မာ့ဓနမဂ္ဂဇင်း အယ်ဒီတာ ဦးသီဟစောက ပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီး မြန်မာပြည်သွားမည်


By featured, ဧရာဝတီ on December 20, 2011 3:11 pm
မြန်မာပြည် အရေး အတွက် ဂျပန်နှင့်အမေရိကန် နှစ်နိုင်ငံ  ပိုမို ပူးပေါင်းဆောင်ရွက်ရန် သဘောတူလိုက်ကြောင်း ၀ါရှင်တန်သို့ရောက်ရှိနေသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ကိုအိချိရိုဂမ်းဘက တနင်္လာနေ့တွင် ကြေညာလိုက်ပြီး သူကိုယ်တိုင်လည်း နေပြည်တော်သို့ ရက်ပိုင်းအတွင်း သွားရောက်မည်ဟု ပြောလိုက်သည်။
ယမန်နေ့က ၀ါရှင်တန်တွင် တွေ့ရသော ဂျပန်နိုင်ငံခြားရေးဝန်ကြီး မစ္စတာကိုအိချိရိုဂမ်းဘနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန် (ဓာတ်ပုံ - AP)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မစ္စ ဟီလာရီ ကလင်တန်နှင့် ပူးတွဲပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ထိုသို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။
“မြန်မာနိုင်ငံအတွင်း ဒီမိုကရေစီ နဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ထွန်းမှုတွေကြောင့် ကျနော် အားတက်မိပါတယ်”  ဟု မစ္စတာဂမ်းဘက သတင်းထောက်များကို ပြောသည်။
မြန်မာပြည်သို့ မကြာသေးမီက သွားရောက်ခဲ့သူ မစ္စ ဟီလာရီ ကလင်တန်ကလည်း လာမည့် ရက်သတ္တပတ်အတွင်း ပေါ်ပေါက်လာမည့် မစ္စတာဂမ်းဘ၏ ခရီးစဉ်ကို ထောက်ခံ ကြိုဆိုလိုက်သည်။
“သံခင်းတမန်ခင်းနည်းလမ်းတွေကနေ (မြန်မာ)အစိုးရသစ်ကို ထိတွေ့ဖို့၊ နိုင်ငံတကာ အ၀န်းအ၀ိုင်းမှာ မြန်မာပြည် နေရာမှန်ပြန်လည် ရရှိရေးအတွက် အတားအဆီးတွေကို ကျော်ဖြတ်နိုင်ဖို့ ကျမတို့မှာ အခွင့်အရေးကောင်းတွေ ရှိနေပါပြီ” ဟု မစ္စ ဟီလာရီ ကလင်တန်က ပြောသည်။
နိုင်ငံခြားရေးဝန်ကြီး ၂ ဦးသည် မြန်မာပြည်အရေးအပါအ၀င် ဒေသတွင်း အကြောင်းအရာများကို ၀ါရှင်တန်တွင် ဆွေးနွေး ပြောဆိုခဲ့ကြသည်။

2011/12/20

လူ့အခွင့်အရေး ရှေ့နေ ဦးမြင့်သွင် လိုင်စင် ၃ နှစ် အပိတ်ခံရ

2011-12-19
နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေး လှုပ်ရှားသူတွေနဲ့ မြေယာ အသိမ်းခံရတဲ့ တောင်သူ လယ်သမားတွေ အတွက် ဥပဒေ အကျိုးဆောင် အဖြစ် ဆောင်ရွက်ပေးနေသူ မန္တလေးမြို့က ရှေ့နေကြီး ဦးမြင့်သွင်ကို တရားလွှတ်တော်ချုပ်က ရှေ့နေလိုက်ခွင့် သုံးနှစ် ပိတ်လိုက်တယ်လို့ သိရပါတယ်။
(Photo: AFP)
အထက်မြန်မာနိုင်ငံ၊ မန္တလေးမြို့၏ စီးပွားရေး အချက်အချာတခု ဖြစ်သော ဈေးချိုနှင့် နာရီစင် မြင်ကွင်း ဖြစ်ပါသည်။ (Photo: AFP)
ဒီအမိန့်စာကို ပြီးခဲ့တဲ့ ကြာသပတေးနေ့က ရကြောင်း ဦးမြင့်သွင်က ပြောပါတယ်။ ၂၀၁၁ ခုနှစ် ဆယ်လပိုင်းလောက်က တရားရုံးချုပ် ရုံးချိန်းတစ်ခုမှာ နောက်ကျသွားတဲ့ အတွက် ချိန်းတဲ့နေ့မှာ လျှောက်လဲချက် မပေးနိုင်ခဲ့တာကို အကြောင်းပြပြီး အခုလို လိုင်စင် သုံးနှစ် ရပ်နားခံရတာလို့ ဦးမြင့်သွင်က ပြောပါတယ်။ ဒါပေမယ့် ဦးမြင့်သွင်ဟာ အဲဒီ ပျက်ကွက်တဲ့ ရုံးချိန်း အတွက် အစားထိုး လျှောက်လဲခွင့် ကျမ်းကျိန်ပြီး လျှောက်ထားခဲ့ရာမှာ တရားရုံးချုပ်က ခွင့်ပြုတဲ့ အတွက် နောက်ပိုင်းမှာ အမှုအတွက် လျှောက်လဲချက် ပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။ ဦးမြင့်သွင်ဟာ မန္တလေးက ဒေါ်ဝင်းဝင်းမြ၊ မြင်းခြံက ဒေါက်တာ ဝင့်သူတို့ အပါအဝင် နိုင်ငံရေး အကျဉ်းသား တော်တော် များများရဲ့ အကျိုးဆောင် ရှေ့နေကြီး ဖြစ်တဲ့ အပြင် ဖားကန့်နဲ့ မေမြို့က မြေယာ အသိမ်းခံရတဲ့ တောင်သူများရဲ့ အကျိုးဆောင် ရှေ့နေကြီးလည်း ဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံ တရားစီရင်ရေးနဲ့ ပတ်သက်လို့ တရားရေး အာဏာပိုင်တွေရဲ့ ချို့ယွင်းမှုတွေကို ရေဒီယိုကနေ ပြောဆိုအပြီး တစ်ပတ် အကြာမှာ အခုလို လိုင်စင် ပိတ်ခံရတာ လို့လည်း သိရပါတယ်။
copy rights_http://www.rfa.org/burmese/news

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် ကွယ်လွန်



လျှို့ဝှက်မှုတွေနဲ့ပြည့်နေတဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ် ဂျုံ အီလ် (Kim Jong Il) ဟာ အသက် ၆၉ နှစ်အရွယ်မှာ ကွယ်လွန်သွားပြီဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ လက်ကျန် အာဏာရှင်တွေထဲက တဦးဖြစ်တဲ့ မြောက်ကိုရီးယားခေါင်းဆောင် ရုတ်တရက် ကွယ်လွန်သွားတဲ့အပေါ် အမြင်တွေနဲ့ နိုင်ငံတချို့ရဲ့ တုန့်ပြန်ချက် တွေအကြောင်း တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ကနေ ဗွီအိုအေသတင်းထောက် Stephanie Ho သတင်း ပေးပို့ထားတာကို ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။
အနက်ရောင်ဝတ်စုံဝတ်ထားတဲ့ ရုပ်မြင်သံကြား သတင်းကြေညာသူက ကင်မ် ဂျုံ အီလ် ကွယ်လွန်သွားတဲ့ သတင်းကို တနင်္လာနေ့မနက်ပိုင်းမှာ မြောက်ကိုရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားကနေ မျက်ရည်တွေကျရင်း ငိုသံနဲ့ ကြေညာသွားခဲ့ပါတယ်။
မစ္စတာကင်မ်ဟာ စနေနေ့က ကွယ်လွန်သွားခဲ့ပြီး ရုပ်မြင်သံကြားကနေကြေညာသူရဲ့ စကားအရ စိတ်ပိုင်း ရုပ်ပိုင်း ပင်ပန်း နွမ်းနယ်လွန်းတဲ့အတွက် ကွယ်လွန်သွားတာလို့ ဆိုပါတယ်။
မြောက်ကိုရီးယားခေါင်းဆောင်ဟာ သူတို့အခေါ်အားဖြင့် စစ်ဆေးရေးခရီးစဉ်တခုသွားရင်း ရထားပေါ်မှာ ရုတ်တရက် နှလုံးခုန်ရပ်ပြီး ကွယ်လွန်သွားခဲ့တာလို့ တရားဝင်ထုတ်ပြန်တဲ့ သတင်းမှာ ဖော်ပြထားပါတယ်။ သူ့အသက်ကိုကယ်တင်ဖို့ လုပ်နိုင်ခြေ ရှိသမျှအားလုံး လုပ်ခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပေမဲ့ တနင်္ဂနွေနေ့ က ရင်ခွဲစစ်ဆေးပြီးတဲ့နောက်မှာတော့ သေဆုံးရခြင်း အကြောင်းရင်းကို အတည်ပြုခဲ့တာပါ။

2011/12/19

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan ၏ ပုံမှန် လပတ် အစည်းဝေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ  



၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက်။

ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း(ဂျပန်) AUN-Japan ၏ ပုံမှန် လပတ် အစည်းဝေးနှင့် နိုင်ငံရေး ဆွေးနွေးပွဲ အခမ်းအနားကို Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ယနေ့ နံနက် ၁၀း၃၀ နာရီ မှ နေ့ လည် ၁း၀၀ နာရီအထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးတွင် လက်ရှိ ကြံ့ဖွံ့ ဦးသိန်းစိန် စစ်အစိုးရအပေါ် တိုင်းရင်းသားများ တို့ ၏ အမြင်သဘောထား နိုင်ငံရေး ဆွေးနွေးသည့် အခမ်းအနားကိုတက်ရောက် လာကြသည့် အဖွဲ့အစည်းအသီးသီးမှ ကိုယ်စားလှယ်များတို့မှ မိမိတို့၏ အမြင်သဘောထားများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်းဓါတ်ပုံ ။ Moe Min Thu

အညတရ သူရဲကောင်း ဂုဏ်ပြုပွဲ ဂျပန်မှာ ပြုလုပ်

2011-12-18
တိုင်းပြည်နဲ့ လူမျိုးအတွက် အနစ်နာခံ ဆောင်ရွက်တဲ့ အညတရ သူရဲကောင်းတွေရဲ့ စိတ်ဓာတ်နဲ့ စေတနာကို မြန်မာနိုင်ငံသားတွေနဲ့ နိုင်ငံတကာက အာရုံစိုက်လာဖို့ ရည်ရွယ်ချက်နဲ့ ဂျပန်နိုင်ငံရောက် မြန်မာတွေက ချီးမြှင့်တဲ့ အညတရ သူရဲကောင်းဆု ရရှိသူတွေကို တိုကျိုမြို့မှာ ဒီကနေ့ ဂုဏ်ပြုပွဲ ကျင်းပပါတယ်။
demowaiyan
နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၃ ဦးကို အညတရ သူရဲကောင်းများအဖြစ် ၂ဝ၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ပထမဆုံးအကြိမ် ရွေးချယ် ဂုဏ်ပြုခဲ့ပါသည်။
ဒီနှစ်ဟာ ဒုတိယ အကြိမ်မြောက် ချီးမြှင့်တာဖြစ်ပြီး နိုင်ငံရေး ယုံကြည်ချက်ကြောင့် အကျဉ်းကျနေသူ ၄ ဦးကို ချီးမြှင့်ဂုဏ်ပြုတယ်လို့ ဆု ချီးမြှင့်ရေးကော်မီတီဝင် ဦးမင်းထက်ဇော်က ပြောပါတယ်။

လူ ၂ ရာ ဝန်းကျင် တက်ရောက်တဲ့ ဒီကနေ့ အခမ်းအနားမှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးတင်ဦး၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် သတင်းစာဆရာကြီး ဦးဝင်းတင်တို့က ဗီဒီယိုက တဆင့် အမှာစကား ပြောကြားခဲ့သလို ဟာသပညာရှင် ကိုဇဂနာ ပေးပို့တဲ့ သဝဏ်လွှာကိုလည်း ဖတ်ကြားပြခဲ့ပါတယ်။

ဒီ အခမ်းအနားကို ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားတွေ၊ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့၊ Human Rights Now အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
 
copy rights_http://www.rfa.org/burmese/news/unsung-hero-japan-12182011093506.html

2011/12/18

ကရင်အမျိုးသားနှစ်သစ်ကူးနေ့ အတွက် ကေအဲန်ယူ - ကရင်အမျိုးသားအစည်းအရုံး ဥက္ကဌ ဗိုလ်ချူပ်ကြီးစောတာမလာဘော၏ နှုတ်ခွန်းဆက်မိန့် ခွန်း President_speet_to_Karen_New_Year_Final_Burmese

ထိုင်းဝန်ကြီးချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်

2011-12-17
ထိုင်းဝန်ကြီးချုပ် မစ္စယင်လပ်ဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဒီဇင်ဘာ ၂ဝ ရက် အင်္ဂါနေ့ ရန်ကုန်မြို့မှာ သွားရောက်တွေ့ဆုံမှာ ဖြစ်ပါတယ်။
AFP
ထိုင်းနိုင်ငံ၏ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် မစ္စ ယင်လပ် ရှင်နာဝပ်။
နေပြည်တော်မှာကျင်းပမယ့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ မြန်မာနိုင်ငံကို သွားမယ့်ခရီးမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှာ ဖြစ်တယ်လို့ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် မစ္စတီတီမာချန်စိုင်းက RFA ကို ပြောပါတယ်။

“ထိုင်းဝန်ကြီးချုပ်နဲ့ အဖွဲ့ဟာ ရန်ကုန်မြို့ကို သွားရောက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ မိနစ် သုံးလေးဆယ်လောက် ကြာအောင် တွေ့ဖို့ ရှိပါတယ်။ ရန်ကုန်မြို့က ထိုင်းသံရုံးမှာ ညနေပိုင်း (၅) နာရီလောက်မှာ တွေ့ဆုံမှာပါ။ မြန်မာပြည်မှာ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုတွေ ရှိလာတဲ့အတွက် သွားရောက်တွေ့ဆုံတာ ဖြစ်ပါတယ်”

မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ဝန်ကြီးချုပ် မစ္စယင်လပ်နဲ့ အတူ ထိုင်းနိုင်ငံခြားရေးဝန်ကြီး၊ စွမ်းအင်ဝန်ကြီးနဲ့ စုစုပေါင်း ဝန်ကြီး ၆ ဦး လိုက်ပါသွားမယ်လို့ သိရပါတယ်။

ထိုင်းမြန်မာနယ်စပ် မဲဆောက်- မြဝတီတံတား ဖွင့်လှစ်ပေးခဲ့တာကို ကြိုဆိုတဲ့အပြင် မြန်မာနိုင်ငံမှာ အကျဉ်းသား အမြောက်အမြား ပြန်လွှတ်ပေးခဲ့တဲ့ ကိစ္စကိုလည်း ထိုင်းနိုင်ငံအနေနဲ့ ကြိုဆိုကြောင်း၊ ဒါဟာ မြန်မာအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်နေတယ်ဆိုတာကို ပြသရာ ရောက်တယ်လို့မြင်ကြောင်း RFA က သီးသန့် ဆက်သွယ်မေးမြန်းစဉ်မှာ ထိုင်းအစိုးရအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ပြောပါတယ်။
 
copy rights_http://www.rfa.org/burmese/news/yingluck-assk-12172011053001.html

မုန်တိုင်းကို ဆန်၍ ပင်လယ်ကို ဖြတ်သူ။ ထောင်ဒဏ် ၁၇နှစ် ကျခံရ

ကရင်အမျိုးသားအစည်းအရုံး KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ပဒိုမန်းငြိမ်းမောင်ကို မင်္ဂလာဒုံ တရားရုံးကနေ ထောင်ဒဏ် ၁၇ နှစ် ချမှတ်လိုက်တယ်လို့  ပြည်တွင်းသတင်း ရပ်ကွက် တွေရဲ့ အဆိုအရ သိရပါတယ်။

KNU ဗဟိုကော်မတီဝင် ဖြစ်တဲ့ ပဒိုမန်းငြိမ်းမောင်ကို မတရားအသင်း အက်ဥပဒေ အရ ထောင်ဒဏ် ချမှတ် လိုက်ဖြစ်တယ်လို ဆိုပါတယ်။

ပဒိုမန်းငြိမ်းမောင် ဟာ ဇူလိုင်လ အတွင်းက ထိုင်း နိုင်ငံမှ တရုပ်နိုင်ငံသို့ ခရီးသွား ရာမှာ တရုပ်နိုင်ငံ ကူမင်းလေဆိပ်မှာ ပျောက်ဆုံးခဲ့ တာဖြစ်ပါတယ်။
ဟိုအရင် က ကိုကိုးကျွန်းမှာ အကျဉ်းကျခံခဲ့ရဖူးတဲ့ ပဒိုမန်းငြိမ်းမောင်ဟာ အဲဒီတုန်း က မိုင်၂၀၀ ခရီး ပင်လယ်ပြင် ကို လှေဖြင် ဖြတ်ကျော်ခဲ့ သူဖြစ်ပါတယ်။
အဲဒီ စွန့် စားခဲ့ တဲ အကြောင်းကို သူကိုယ်တိုင် ရေးသားပြီး မုန်တိုင်းကို ဆန်၍ ပင်လယ်ပြင်ကို ဖြတ်သောအခါ စာအုပ်ကို ထုတ်ဝေခဲ့ ဘူးပါတယ်။
copy rights_http://www.bbc.co.uk/burmese/burma/2011/12/111216_knu_leader_arrested.shtml


2011/12/16

၁လနီးပါးအရွယ် ကလေးငယ်၏ မိခင်ကို မြန်မာစစ်တပ် ဓားဖြင့် ထိုးသတ်


ဒီဇင်ဘာလ ၁၅ရက်။ စောခါးစူးညား (ကေအိုင်စီ)
တိုက်ပွဲများဖြစ်ပွားရာဒေသ ကချင်ပြည်နယ် မန်စီမြို့နယ် ခါ့ပရာကျေးရွာမှ မွေးကင်းစ သုံးပတ်သား အရွယ် ကလေးငယ်တစ်ဦး ၏ မိခင်ဖြစ်သူ အသက် ၃၄နှစ်အရွယ်ကချင်အမျိုးသမီး ဒေါ်ဆွမ်ခါရွယ်တောင် ကို မြန်မာစစ်တပ်က ဓါး(ဘက်နက်)ဖြင့် ထိုး သတ်ခဲ့သည်။
ယခုလ ၆ရက်နေ့ ညနေ ၅နာရီကျော်အချိန်၌ ဒေါ်ဆွမ်ခါရွယ်တောင်တို့မိသားစု ထွက်ပြေးတိမ်းရှောင် ခိုလှုံရာ တောတွင်း တနေရာတွင် နေထိုင်စဉ် မြန်မာစစ်တပ်က ရောက်ရှိလာကာ သူမအား ဓါးဖြင့် ထိုးသတ်ခဲ့ခြင်းဖြစ်သည်ဟု သူမ၏ ခင်ပွန်း သည်က ယခုလို ပြောသည်။
“ကျနော်တို့ နေတဲ့နေရာကို သူတို့(မြန်မာစစ်တပ်)က ရောက်လာပြီး ကလေးကို နို့တိုက်နေတဲ့ ကျနော့်ဇနီးရဲ့ ဘယ်ဘက်ရင်အုံ ကို ဓါးနဲ့ ထိုးလိုက်တယ်။ ကျနော်တို့ ကစဥ့်ကလျားဖြစ်ပြီး ဘာလုပ်ရမှန်းမသိဘဲ ကြောက်ကြောက်လန့်လန့်နဲ့ ထွက်ပြေးကြ တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
၎င်း၏ ဇနီးကို ထိုးသတ်သည့် တပ်ရင်းမှာ မည်သည့်တပ်ရင်းဖြစ်ကြောင်း မသိသော်လည်း တပ်ဗိုလ်နှစ်ဦးက တပည့်ကို စေခိုင်းခြင်းဖြစ်ကြောင်း၊ နောက်တနေ့ မနက်တွင် အခင်းဖြစ်ပွားသည့်နေရာသို့ ပြန်သွားသောအခါ ကလေးကို အသက်ရှင် လျှက် ပြန်တွေ့ရသေးသော်လည်း မိခင်ဖြစ်သူမှာ သေဆုံးနေသည်ကိုသာ တွေ့ရကြောင်း သူက ဆက်ပြောသည်။

အဆိုပါဒေသတွင် ကချင်လွတ်မြောက်ရေးတပ်မတော်-KIA ၏ တပ်ရင်း(၂၇)နှင့် (၁၂)နေရာဖြစ်ပြီး မြန်မာစစ်တပ် တပ်မ(၉၉) လက်အောက်ခံ ခြေလျင်တပ်ရင်း-ခလရ(၁၄)နှင့် ခြေမြန်တပ်ရင်း-ခမရ(၄၁၈)တို့ လှုပ်ရှားလျှက်ရှိသည်ဟု ကချင်လွတ်မြောက် ရေးတပ်မတော်-KIA က ပြောသည်။

လာဖမ်းရင် လိုက်ဖို့ အဆင်သင့်ဟု ရွှေညဝါ ဆရာတော် မိန့်ကြား


ဦးပညာသီဟ (ရွှေညဝါ ဆရာတော်)
ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ်ရှိ သာဓုပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင် ဆရာတော် ရွှေညဝါ ဆရာတော်ကို ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာ တစ်စောင်ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဒီဇင်ဘာလ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပေးပို့လိုက်ကြောင်း  ဆရာတော် နှင့် နီးစပ်သူ တစ်ဦးက ဘားမားဗီဂျေ မီဒီယာအား ပြောကြားခဲ့ပါသည်။

အထက်ပါ ညွှန်ကြားစာနဲ့ ပတ်သက်၍  “မနက်ကတည်းက သင်္ကန်းအပို နှစ်ထည် ထည့်ပြီး စောင့်နေတယ်။ လာဖမ်းရင် တခါတည်း လိုက်သွား မလို့” ဟု ဆရာတော်က အတည်ပြု မိန့်ဆိုခဲ့ပါတယ်။ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ရွှေညဝါ ဆရာတော် တရားဟော ပြောခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၊ နိုဝင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မ ဟာနယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ၊ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ရွှေညဝါဆရာတော်ကြီးအား နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့မှ အရေးယူဆောင်ရွက်ရန် မတရား ထုတ်ပြန်ကြေငြာချက်..


၂၀၁၁ခုနှစ် ဒီဇင်ဘာလ (၁၂)ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ရဲ့ ထုတ်ပြန်ကြေငြာချက်ပါ..

အကြောင်းအရာ.... ရွှေညဝါဆရာတော်အား အရေးယူဆောင်ရွက်ရန်ကိစ္စ
ရန်ကုန်တိုင်းဒေသကြီး ကြည့်မြင့်တိုင် မြို့နယ် သာဓုကျောင်းတိုက်မှ ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စ တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ ၂၈ရက် ၁၁လ ၂၀၁၁ခုနှစ်၌ ကျင်းပသော ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီအစည်းအဝေးက ဖော်ပြလတ္တံပါအတိုင်း ဆုံးဖြတ်ခဲ့ပါသည်..။

ဆုံးဖြတ်ချက်....

ရွှေညဝါဆရာတော် ဦးပညာသီဟ၏ မန္တလေးတိုင်း ဒေသကြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ တရားဟောကြားခြင်းကိစ္စနှင့် စပ်လျဉ်း၍

(က) ရွှေညဝါဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ပိုင် ကြည့်မြင်တိုင်မြို့နယ် သာဓုကျောင်းတိုက်မှ ဖယ်ရှားရန်..။

(ခ) သံဃအဖွဲ့အစည်း အဆင့်ဆင့်၏ ဆုံးဖြတ်သည်ကို မနာခံ၍ ဒုဗ္ဗစ ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ရန်။

(ဂ) နိုင်ငံတော် သံဃမဟာနာယအဖွဲ့၏ ခွင့်ပြုချက်မရပဲ မည်သည့်ပုဂ္ဂိုလ်မှ သာဓုကျောင်းတိုက်အတွင်း မည်သည့်သင်တန်းမျှ ဖွင့်လှစ် ဆောင်ရွက်ခြင်းမပြုရန်။

သို့ဖြစ်ပါ၍ အထက်ပါ အပိုဒ်(၁)ပါ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (၄၇)ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အညီ အကောင်အထည် ဖော်ဆောင်ရွက်ရေး ရန်ကုန်တိုင်း ဒေသကြီး သာသနာရားသို့ ဆက်လက်ညွှန်ကြား ဆောင်ရွက်သွားပါရန်နှင့် ဆောင်ရွက်ပြီးစီးမှု အခြေအနေကို ပြန်လည်တင်ပြရန် အကြောင်းကြား လျှောက်ထားအပ်ပါသည်..။

ဘဒ္ဒန္တဝါယမ
အဂ္ဂမဟာပဏ္ဍိတ
တွဲဖက်အကျိုးတော်ဆောင် ဆရာတော်

စာမှိန်နေတဲ့ အတွက် ပြန်လည် ရေးသားဖော်ပြလိုက်ပါတယ်...။ အမျိုးဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နေတဲ့ ရွှေညဝါဆရာတော်ကြီးအား ယင်းကဲ့သို့ မတရားဖိနှိပ်မှုအား ဝန်းရံပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်..။

2011/12/15

KNLA နယ်မြေအတွင်း မြန်မာစစ်တပ် အင်အားဖြည့်လာ

ဒီဇင်ဘာလ ၁၄ရက်။ (ကေအိုင်စီ)
ကရင်ပြည်နယ် ဘုရားသုံးဆူမြို့နယ်အတွင်းတွင် မြန်မာစစ်တပ် စစ်ကွပ်ကဲရေးဌာနချုပ်-စကခ(၁၉) လက်အောက်ခံ စစ်ဗျူ ဟာ(၃)က ယခုပတ်အတွင်း အင်အားဖြည့်ရန် ရောက်ရှိလာသည်ဟု ထိုဒေသရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA က ပြောသည်။

ဘုရားသုံးဆူမြို့နယ်ရှိ အနန်းကွင်းနှင့် တောင်ပေါက် စသည့်ဂွင်များတွင် ရောက်ရှိလာသည့် အဆိုပါ စစ်ဗျူဟာ(၃)ခု၏ လက် အောက်ခံ တပ်ရင်း အရေအတွက်နှင့် စစ်သည်အင်အား မည်မျှရှိသည်ကို မသိရှိရသေးပေ။

ယခုလို အစိုးရတပ် ထပ်မံ ရောက်ရှိလာမှာ မည်သည့်အကြောင်းကြောင့် ဆိုသည်ကို ယခုအချိန်တွင် မခန့်မှန်းသေးဟုလည်း ကေအဲန်ယူဘက်က ပြောသည်။

ထိုသို့ KNLA နယ်မြေအတွင်း မြန်မာစစ်တပ်၏ အင်အား ထပ်မံ ဖြည့်တင်းလာသည်နှင့် ပတ်သက်၍ အသေးစိတ်ကို သိရှိရန် ကေအိုင်စီက ဆက်လက် စုံစမ်းနေဆဲ ဖြစ်သည်။
copy rights_http://www.kicnews.org/?p=8937

“လက်နက်ကိုင် ပြဿနာမဟုတ်ဘူး၊ ဒါ … ပြည်တွင်းစစ်”


 By featured, ဧရာဝတီ on December 14, 2011 11:13 am
နိုဝင်ဘာလ ၂၉ ရက်နေ့က ကချင်လွတ်လပ်ရေး တပ်မတော် (KIA) နှင့် အစိုးရ ဝန်ကြီးတချို့တို့ တရုတ်နိုင်ငံပိုင် ရွှေလီမြို့တွင် အပစ်ရပ်ရေးကိစ္စအတွက် တွေ့ဆုံဆွေးနွေးခဲ့ကြသော်လည်း KIA နှင့် အစိုးရတပ်များအကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ပင် ရှိသေးသည်။ ကချင်ဒေသမှ ဒုက္ခသည်များ ထောင်နှင့်ချီ ထွက်ပြေးနေရပြီး ယမန်နေ့က ကုလသမဂ္ဂလက်အောက်ခံ INGO အဖွဲ့များ သွားရောက်ကူညီခဲ့ကြသည်။ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ကလည်း ဒီဇင်ဘာ ၁၀ ရက်နေ့ ရက်စွဲဖြင့် ကချင်ဒေသအတွင်း အစိုးရတပ်များ တိုးချဲ့ချထားခြင်း၊ ထိုးစစ်ဆင်ခြင်းများ ဆက်လက် မပြုလုပ်ရန် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်ထံ ညွှန်ကြားချက်တစောင် ပေးပို့ခဲ့သည်။ သို့ရာတွင် ယနေ့တိုင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။ နိုဝင်ဘာ ၂၉ ရက်နေ့က အစိုးရ ဝန်ကြီးများနှင့် KIA ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထပ်မံတွေ့ဆုံဆွေးနွေးခြင်းလည်း မရှိပေ။
KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် ဂွမ်မော်
ရွှေလီတွင် နိုဝင်ဘာ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့သည့် ကိစ္စရပ်များနှင့် ပတ်သက်၍ KIA ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်အား ဧရာဝတီ သတင်းထောက် ဝေမိုးက နိုဝင်ဘာ ၃၀ ရက်နေ့တွင် ဆက်သွယ်မေးမြန်းခဲ့သည် များအား ဖော်ပြလိုက်ရပါသည်။
မေး။     ။ အခုလက်ရှိ အခြေအနေ ဘယ်လိုလဲ။
ဖြေ။     ။ တိုက်ပွဲအခြေအနေကတော့ တောက်လျှောက်ပဲ။ မနေ့ (နိုဝင်ဘာ ၂၉) က ဆွေးနွေးပွဲကတော့ ဘာမှသိပ်တော့ မဖြစ်ပါဘူး။ အပစ်အခတ် ရပ်ဆိုင်းရေးကို အဓိက မပြောဘူး။ အဓိကတော့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်၊ နောက် အခုတလော သမ္မတ ဦးသိန်းစိန်က ကျနော်တို့ကို တရက်တည်းနဲ့ ချေမှုန်းမယ်ဆိုတဲ့ စကားတွေ ပြောတာက ဒါ မသင့်လျော်ဘူး ဆိုတာတွေပေါ့။ တော်တော်လေးကို ရှည်ရှည်ဝေးဝေး ပြောဖြစ်တယ်။ အဓိကကတော့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုပဲ၊ အဲဒီလမ်းကြောင်းကို အဓိက သွားရမယ်။ လက်နက်ကိုင်ရင်တော့ ဒါ ဘယ်လိုမှ အဆင်မပြေနိုင်ဘူး ဆိုတာကို အဓိကထားပြီး ကျနော်တို့ Highlight လုပ်တာပေါ့။ ကျနော်တို့က ဒါကို လက်နက်ကိုင် ပြဿနာလို့ မသတ်မှတ်ဘူး။ ပြည်တွင်းစစ်လို့ သတ်မှတ်တယ်။ ဒါကြောင့်မို့လို့ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်လို့ ကျနော်တို့က ပြောတယ်။ အဓိကကတော့ အခုနပြောတဲ့ နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှု လမ်းကြောင်းပေါ်ကို ရောက်ရေးကို အဓိက ဇောင်းပေးပြီးတော့ မနေ့က ဆွေးနွေးသွားတာ။

ရွာသားများအား ညမထွက်ရအမိန့် အစိုးရစစ်တပ် ထုတ်ပြန်

ဒီဇင်ဘာလ ၁၄ရက်။ စောဖိုးမူး (ကေအိုင်စီ)
တနင်္သာရီတိုင်း၊ ပလောမြို့နယ်၊ အမိုဒေသတွင် လှုပ်ရှားနေသည့် အစိုးရစစ်တပ်က ဒီဇင်ဘာလ ၇ရက်နေ့မှစ၍ ဒေသခံရွာ သားများအား ညမထွက်ရ အမိန့်ထုတ်ပြန်လိုက်သည်ဟု ဒေသခံရွာသားများ၏ ပြောပြချက်အရ သိရသည်။
အစိုးရစစ်တပ် နည်းဗျူဟာ-နဗဟ(၃)မှူး ဗိုလ်မှူးကြီးစိုးမင်းဋ္ဌေးက ယခုလ ၇ရက်နေ့တွင် အမိုဒေသရှိ ဆင်ဖြူဒိုင်ကျေးရွာမှ ထိုင်းနယ်စပ် မဲ့တလိကျေးရွာအထိ ရွာသားများအား အစည်းအဝေးခေါ်ပြီး ကျေးရွာ စနစ်တကျ တည်ဆောက်နိုင်ရန်အတွက် ညနေမှ မနက်အထိ ရွာပြင်ပသို့ ထွက်ခွာခြင်းမပြုတော့ကြောင်း အမိန့်ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ဒေသခံရွာသား တစ်ဦးက “ညနေ ၆နာရီကနေ မနက် ၆နာရီအထိ ဘယ်သူမှ အပြင်မထွက်ရဆိုပြီးတော့ နဗဟ(၃)မှူး ဗိုလ်မှူး ကြီးစိုးမင်းဋ္ဌေးနဲ့ (၄၀၅)တပ်ရင်းမှူး ဗိုလ်မှူးဇော်ပိုင်ဦးတို့က အမိန့်ထုတ်တယ်။ အဲဒီအချိန်မှာ ထွက်တဲ့သူတွေ့လို့ကတော့ ပစ် သတ်မယ်။ တာဝန်မယူဘူး ပြောတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် လယ်ယာ၊ တောင်ယာများတွင် ညအိပ် အလုပ်သွားလုပ်နေကြသည့် ရွာသူရွာသားများကိုလည်း ရွာအတွင်း အကုန် ပြန်လာနေခိုင်းသည်ဟု အမည်မဖော်လိုသည့် အမိုရွာသားတစ်ဦးက ပြောသည်။
အမိုဒေသတွင် ယခုလို ရွာသူရွာသားများအား ရွာပြင်မထွက်ခိုင်းခြင်းနှင့် ရွာသားများအား ကျေးရွာအတွင်း ယခုကဲ့သို့ ပြန် လည်နေထိုင်စေခြင်းသည် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ဆက်စပ်လျှက်ရှိသည်ဟု အစိုးရစစ်တပ်နှင့် နီးစပ်သူတစ်ဦး က ပြောသည်။
ဗိုလ်မှူးကြီးစိုးမင်းဋ္ဌေး ဦးဆောင်သည့် နဗဟ(၃)သည် ယခုရက်ပိုင်းအတွင်း ကေအဲန်ယူ တပ်မဟာ(၄) တပ်ဖွဲ့ဝင်များ၏ ချုံခို တိုက်ခိုက်မှုကြောင့် ထိခိုက်ကျဆုံးမှုများ ရှိကြောင်းလည်း သိရသည်။
copy rights_http://www.kicnews.org/?p=8941

မြန်မာနိုင်ငံမှာ ဆန္ဒပြခွင့် မရှိသေး

အစိုးရက ဆန္ဒပြခွင့်ဥပဒေ ထုတ်ပြန်ခဲ့ပြီးနောက်မှာ ပထမဆုံး အလုပ်သမား လှုပ်ရှားမှုတခုအဖြစ် သစ်လုပ်ငန်း လုပ်သားတွေ ရန်ကုန်မြို့မှာ ဆန္ဒပြ တောင်းဆိုမှုတခုကို လုပ်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် စက်မှုဇုံက သစ်အချောထည် စက်ရုံတခုက အလုပ်ထုတ်ခံခဲ့ရတဲ့ လုပ်သားတွေကိုတော့
ဆန္ဒပြခွင့် မရှိတဲ့အကြောင်း စက်ရုံ တာဝန်ရှိသူတွေက ပြောဆိုပြီးတော့ ဆန္ဒပြပွဲကို ရပ်ဆိုင်းဖို့ ဟန့်တား ခဲ့ကြတာပါ။ ပြဿနာကို မကျေနပ်ရင်တော့ အလုပ်သမားအရေးနဲ့ သက်ဆိုင်ရာ ဌာနတွေကို ဆက်ပြီး အကြောင်းကြားပေးမယ်လို့ ကတိပြုခဲ့တဲ့အကြောင်း ပြောပါတယ်။ အပြည့်အစုံကိုတော့ မအေးအေးမာက တင်ပြပေးထားပါတယ်။

လုပ်သက် ၇ နှစ်ကနေ ၁၄ နှစ်ကြာရှိတဲ့ တောင်ဒဂုံ စက်မူဇုံ အလုပ်သမားတွေကို အလုပ်ရှင်က လုပ်ငန်း လိုအပ်ချက်ကြောင့်ဆိုကာ နစ်နာကြေး နဲနဲပဲပေးပြီး အလုပ်သမားများကို အလုပ်က ဖြုတ်ပစ်ခဲ့တာကြောင့် ဆနပြမူဖြစ်ခဲ့တာပါ။ ဆနပြမူကို ရန်ကုန်တိုင်းဒေသကြီးက အလုပ်သမား ညွှန်ကြားမှု ဦးစီးဌာနမှူးကိုယ်တိုင် လာရောက်ပြီး အလုပ်ရှင်နဲ့ ညှိနှိုင်ခဲ့ပေမဲ့ ပြေလည်မူမရှိကြောင်း ဆန္ဒပြနေတဲ့ အလုပ်သမာတဦးက ပြောပါတယ်။

“အလုပ်သမားညွန်ကြားမှု ဦးစီးဌာန တိုင်းဦးစီးမှူးကနေပြီးတော့ ၀ါဏိဇ္ဇကို ဆက်တင်ပြီးတော့ ဖြေရှင်းပေးမယ် ဆိုပြီးတော့ သူတို့က အဲဒီလို ပြောသွားတယ်။ သူတို့က ကြားထဲကနေ ဖြေရှင်းပေးတာ။ အလုပ်ရှင်ဖက်က ခင်ဗျားတို့ တောင်းဆိုတာကို မပေးနိုင်ဘူး။ လူတထောင်ကိုပဲ သူတို့ ပေးမယ်။ ကျေနပ်မှု ရှိလား၊ ကျေနပ်မှု မရှိရင်တော့ ခင်ဗျားတို့ ၀ါဏိဇ္ဇကို ဆက်ပြီး ပြောမလားဆိုတော့ ကျနော်တို့ ဒီဇင်္ဘာရောက်မှ တက်မယ်ဆိုပြီး လက်မှတ် ထိုးပေးလိုက်တယ်။”

မနက်ပိုင်းမှာတော့ မြို့နယ် အလုပ်သမားညွန်ကြားမှု ဦးစီးဌာနကလာပြီး ဆန္ဒပြလို့ မရကြောင်း လာရောက် တားမြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဆန္ဒပြရခြင်း အကြောင်းရင်းကို ပြောပြခဲ့တာကတော့။

2011/12/14

သမ္မတ ‘အစစ်’ နဲ့သာ ဆွေးနွေးလိုတဲ့ KNU

ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA မှာ အစိုးရနှင့် ငြိမ်းချမ်းရေး ယူသွားသော်လည်း ကရင်တပ်အချင်းချင်း တိုက်ပွဲပြန်ဖြစ်မည် မဟုတ်သည့်အပြင် နားလည်မှု ရှိရှိ လုပ်ကိုင်သွား မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုသည်။

၁၉၉၄ နှစ်ကုန်ပိုင်းအတွင်း KNU အတွင်းမှ DKBA အဖြစ် ခွဲထွက်သွားကာ အကျိုးဆက်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောစခန်းမှာ ကျဆုံးခဲ့ဖူးသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးအတွက်အတွက် နှစ်ပေါင်း ၆ဝ ကျော် အစိုးရကို လက်နက်ကိုင် တော်လှန်နေ သည့် KNU မှာ ယခု အစိုးရသစ်လက်ထက်တွင် ၄ ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း တစုံတရာ သဘောတူညီမှု မရရှိခဲ့ပေ။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ KNU ဒုဥက္ကဌ ပဒို ဒေးဗစ်သာကပေါကို မဇ္ဈိမ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားပါသည်။

ဗိုလ်မှူးစောလားပွယ် ဦးဆောင်တဲ့ DKBA အဖွဲ့ဟာ အပစ်ခတ်ရပ်စဲခြင်းမပြုလုပ်ခင် KNU တပ်တွေနဲ့ ပူးပေါင်းပြီး အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ အခုသူတို့က အစိုးရနဲ့ အပစ်ရပ်လိုက်တော့ KNU နဲ့ KNU ရဲ့ ထိန်းချုပ်နယ်မြေတွေ အတွက် စိုးရိမ်ရတဲ့ အနေအထားတွေများ ရှိမလားခင်ဗျ။

မရှိပါဘူး။ ကျနော်တို့ နားလည်မှုရှိရှိနဲ့ ဆက်လုပ်နေပါတယ်။ သူတို့ KNU ကို ပြန်ပြီးတော့ စစ်ရေးအရ တိုက်မှာ မဟုတ်ဘူး။ DKBA သမိုင်းရဲ့ အစကိုက အစိုးရက အကွက်ဆင်ပြီး အိမ်ကြက်ချင်းအိုးမဲသုပ်ပြီး ခွပ်ခိုင်းခံရတဲ့ သမိုင်းဖြစ်နေတယ်။ အဲဒီအခြေအနေကို ကျနော်တို့အားလုံး ပြန်မရောက်ချင်ကြဘူးဆိုတာကို သူတို့လဲသိပါတယ်။ အခုတော့ ကျနော်တို့ အချင်းချင်း နားလည်မှု ရှိပါတယ်။ ကျနော်တို့က ကရင် အချင်းချင်းပဲ။ အရင်က လက်တွဲလုပ်ခဲ့တဲ့လူတွေပဲ။ အရင်က အစိုးရရဲညာဏ်ဆင်ထိုးခွဲမှုမှာ အလိမ် ခံရတယ်။ အခုလဲ အလိမ်ခံရပြီး လွယ်လွယ်နဲ့ လုပ်သွား တယ်ပေါ့ဗျာ။ သူတို့လည်း သူတို့ အဆင်ပြေသလို ရပ်တည် ပေါ့ဗျာ”

“တခုတော့ ရှိတာပေါ့ သူတို့လွယ်လွယ်နဲ့ အပစ်ရပ်သွားတာက အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့အတွက် ကြားခံ အဖြစ် လုပ်ပေးတဲ့ ပွဲစားတွေ
က လိမ်သွားတာ။ ဘယ်လိုလိမ်လဲဆိုတော့ တဖက်မှာ KNU က လျှို့ဝှက် သဘောတူညီချက်တွေ လုပ်နေပြီ ခင်ဗျားတို့ မြန်မြန်လုပ်၊ နောက်ကျ
ရင် KNU က တဆယ်ရတဲ့အခါ ခင်ဗျားတို့က ၂ ကျပ်ပဲ ရလိမ့်မယ် ဆိုပြီးတော့ DKBA ကို ဖဲ့ထုတ်သွားတယ်။ DKBA ကလည်း ရိုးတယ်မို့လား လူရိုးတွေလေ”

ဒီရက်ပိုင်းအတွင်းမှာ KNU နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘားအံမြို့မှာ အပစ်ရပ်ရေး ထပ်ပြီး
ဆွေးနွေး ဖို့ ရှိတယ် ဆိုတာရော ဟုတ်လား။

“မဟုတ်သေးပါဘူး။ ဟုတ်မယ်ဆိုရင်လည်း ကျနော်တို့ သတင်းထုတ်ပြန်မှာပါ”

KNU နဲ့ မြန်မာအစိုးရသစ်နဲ့ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးကြတာ ၄ ကြိမ်ရှိပြီလို့ သိရတယ်။ ဒီတွေ့ဆုံမှု
တွေကနေ အပစ်ရပ်ဖို့ သဘောတူညီမှု ဘာကြောင့် မရနိုင်သေး ဖြစ်နေတာလဲ ခင်ဗျ။
ဒီကေဘီအေနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ တို့ လက်မှတ်ရေးထိုး

images_02ဗိုလ်မှူးချုပ် စောလားပွယ် ဦးဆောင်သော ဒီကေဘီအေ ကလို့ထူးဘော အဖွဲ့ နှင့် ဦးအောင်သောင်း ဦးဆောင်သော ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ တို့သည်၊ ပြီးခဲ့သည့် ဒီဇင်ဘာ (၃) ရက်နေ့က ကရင်ပြည်နယ် ဖါးအံမြို့ ၌  ငြိမ်းချမ်းရေး သဘော တူညီချက်တရပ်ကို လက်မှတ်ရေးထိုး ခဲ့သည်ဟု ဒီကေဘီအေဖက်က ဒီနေ့ထုတ်ပြန်ခဲ့ပါသည်။
လက်မှတ်ရေးထိုးပွဲတွင် အချက် (၆) ချက် သဘောတူ လက်မှတ်ရေးထိုး ခဲ့ကြောင်း နှင့် ဖြစ်ပေါ်လာသည့်ပြသနာများကို ငြိမ်းချမ်းစွာ ဖြေရှင်းသွားမည် ဖြစ်ကြောင်း သဘောတူကြပါသည်။
သဘောတူညီချက်များမှာ-
(၁) ၂၀၁၁ ခုနှစ် နိုဝင်ဘာ (၃)ရက်နေ့က ကရင်ပြည်နယ် ငြိမ်းချမ်းမှု တည်ဆောက်ရေးအဖွဲ့ ဒီကေဘီအေ ကလို့ထူးဘော အဖွဲ့တို့ လက်မှတ်ရေးထိုးခဲ့သော ငြိမ်းချမ်းရေး တည်ဆောက်ရန် ပဏာမသဘော တူညီ ချက်ကို အတည်ပြုရန် သဘောတူသည်။
(၂) ကရင်ပြည်နယ်သည်၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ အရေးပါသော အစိပ်အပိုင်းတခုဖြစ်သည်။ ကရင်ပြည်နယ်ကို ပြည်ထောင်စုအတွင်းမှ မည်သည့်အခါမျှ ခွဲမထွက်ရန် သဘောတူသည်။
(၃) ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု မပြိုကွဲရေးနှင့် အချုပ်အချာတည်တန့် ခိုင်မြဲရေးတို့ကို  ထာဝစဉ်စောင့်ရှောက်ရန်၊ သဘောတူသည်။
DKAung
ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ ခေါင်းဆောင် ဦးအောင်သောင်းနှင့်
 ဗိုလ်မှူးချုပ် စောလားပွယ်နှုတ်ဆက်နေပုံ
(၄) ဆုံစည်းမြိုင်ဒေသတွင်၊ ယာယီအခြေပြု၍ စုကလိဒေသတွင် နယ်မြေဖွံ့ဖြိုးတိုးတက်ရေး၊ ကလို့ထူးဘော အဖွဲ့ ဝင်များ နှင့် မိသားစုများ အခြေချနေထိုင် လုပ်ကိုင်စားသောက်နိုင်ရေး၊ လူမှုဘ၀မြှင့်တင်ရေး လုပ်ငန်းများကို ဥပဒေနှင့်အညီ အစိုးရနှင့် ပူးပေါင်းပြီး ဆောင်ရွက်ရန် သဘောတူသည်။
(၆) မူးရစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ တိုက်ဖျက်ရေးအား၊ ပြည်ထောင်စု အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သဘောတူသည်။
(၆) ဆက်လက်ပြီး ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေးအတွက် ဆွေးနွေးမှုများ ပြုလုပ်သွားရန် သဘောတူသည်။

copy rights_http://www.phophtaw.org/

အစိုးရအလှူ KIO ဒုက္ခသည် ကော်မတီ လက်မခံ



ဖနိဒါ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင်(မဇ္စျိမ) ။ ။ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွက် ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည် များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံး အကြိမ် လှူဒါန်းသော ပစ္စည်းများကို လက်ခံသော်လည်း အစိုးရဘက်မှ လှူဒါန်း ပစ္စည်းများကို လက်မခံကြောင်း KIO အရာရှိ တဦးက ပြောသည်။


 
 
 
 
 
 
 
 
 
 
 
 
 
 
ကမ္ဘာ့ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR နှင့် ကမ္ဘာ့ကုလသမဂ္ဂ ကလေးများဆိုင်ရာ ရန်ပုံငွေအဖွဲ့ UNICEF က ပထမဆုံးအကြိမ် လိုင်ဇာမြို့ရှိ စစ်ပြေးဒုက္ခသည်များအတွကိ ပစ္စည်းများ လာရောက်လှူဒါန်း (Photo::Kachinnet)
 

UNICEF မှ စုစုပေါင်း အိမ်တွင်းသုံး ကယ်ဆယ်ရေးပစ္စည်းအစုံ ၈ဝဝ ကို လက်ခံသော်လည်း ကချင်ပြည်နယ် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ကယ်ဆယ်ရေးပစ္စည်းအစုံ ၁,ဝဝဝ၊ ပြည်နယ်အမတ် ဦးသိန်းဇော်က ဆန်အိတ် ၃ဝဝနှင့် အနွေးထည် ၁,ဝဝဝ ၊ ကချင်ပြည်နယ် ကြက်ခြေနီအသင်းမှ အိမ်တွင်းသုံးပစ္စည်း အစုံ ၄ဝဝ တို့ကိုမူ KIO ဘက်က လက်မခံခဲ့ခြင်း ဖြစ်သည်။

“လက်ခံလို့ မရဘူးလေ။ အစိုးရက ထိုးစစ်တွေ ဆင်နေတဲ့အချိန်၊ သူတို့အစိုးရဘက်က သူတို့ကူညီတာ လက်ခံတယ် ဆိုရင် တဖက်မှာ သတ်၊ တဘက်မှာ ထမင်းကျွေးဆိုတဲ့ အဓိပ္ပါယ်ဖြစ်နေတယ်။ ဒါကြောင့် ကျနော်တို့ ဒီအချိန်မှာ လက်မခံနိုင်ဘူး”ဟု KIO စစ်ပြေးဒုက္ခသည် ကူညီရေးကော်မတီ တာဝန်ခံ ဦးဒွဲပီဆားက ပြောသည်။

ကုလသမဂ္ဂမှ လှူဒါန်းသည့်ပစ္စည်းများကိုမူ လက်ခံလိုက်ကြောင်း “အခု လောလောဆယ်က အိမ်ထောင်စု ၈ဝဝ ဖို့ အိမ်တွင်းသုံး အိုးခွက်ပန်းကန်၊ ဇွန်းကအစ၊ ခြင်ထောင်၊ မိုးကာတွေ ပါတယ်လို့ ပြောတယ်။ အဲဒါကိုတော့ လက်ခံ လိုက်တယ်”ဟု သူက ဆက်ပြောသည်။

2011/12/13

ပဒိုမန်းငြိမ်းမောင် မြန်မာအစိုးရ၏ ဖမ်းဆီးခံရမှုကို ကေအဲန်ယူ လက်ခံ

ဒီဇင်ဘာလ ၁၂ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
 
ကေအဲန်ယူ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်သည် ယခုလ ၈ရက်နေ့က ရန်ကုန်မြို့၊ မင်္ဂလာဒုံ တရားရုံးတွင် အမှုဖွင့် စစ် ဆေးနေသည် ဟု ပြည်တွင်းထုတ် သတင်းဂျာနယ်တစ်စောင် ၏ ရေးသားဖော်ပြမှု သည် ဖြစ်နိုင်ကြောင်း ကေအဲန်ယူက ပြောသည်။
ကေအဲန်ယူ၏ တွဲဖက်အတွင်းရေးမှူး(၁) ဗိုလ်မှူးစောလှငွေက “ကျနော်တို့ ရတဲ့သတင်းအရနဲ့ အတွင်းက စာနယ်ဇင်းတွေ သတင်းရေးသားတဲ့အပေါ်မှာ အဲဒီ ၂ခုကို တိုက်ကြည့်လို့ရှိရင် ဖြစ်နိုင်ချေ တော်တော်များတယ်။”ဟု ပြောသည်။
ထို့အပြင် မကြာသေးခင်တုန်းကလည်း အင်းစိန်ထောင်တွင်ရှိကြောင်း စာရွက်စာတန်းထွက်ပေါ်ခဲ့သလို စစ်ကြောရေးစခန်းတစ် ခုတွင် တွေ့ရှိခဲ့ရသည်ဟု ၎င်း(ပဒိုမန်းငြိမ်းမောင်)နှင့် နီးစပ်သူများက သတင်းပို့လာမှုအပေါ် အခြေခံပြီး ဖြစ်နိုင်ချေ ၉၀ရာခိုင် နှုန်းရှိသည်ဟု ဗိုလ်မှူးစောလှငွေက ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လက တရုတ်ပြည် ခရီးစဉ်အတွင်း ပျောက်ဆုံးခဲ့သည်ဟု သတင်းထွက်နေသူ ပဒိုမန်းငြိမ်းမောင်ကို တရုတ် ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ ပြန်လည်ပို့ခံခဲ့ရာတွင် မြန်မာအစိုးရ၏ လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေပုဒ်မဖြင့် အမှုဖွင့်အရေးယူခဲ့ပြီး မင်္ဂလာဒုံ တရားရုံးက စက်တင်ဘာလ ၂၇ရက်နေ့တွင် အမှု ၂ခုဖြင့် ထောင်ဒဏ် ၁နှစ်ချမှတ်ခဲ့သည်ဟု ယခု ရက်သတ္တပတ်ထုတ် ပန်းသတင်းဂျာနယ်က ဖော်ပြထားသည်။
ကချင်စစ်ပွဲ ရပ်ဆိုင်းရန် ကြိုးပမ်းနေသည့် သတင်းသည် သမ္မတ၏ ပရိယာယ်သာဖြစ်

Monday, 12 December 2011 17:24
Thein-Seinသမ္မတ ဦးသိန်းစိန်မှ ဒီဇင်ဘာလ (၁၀) ရက်နေ့ နေ့စွဲဖြင့် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) သို့ အကြောင်းကြားစာ ပေးပို့ပြီး ကချင်ပြည်နယ်၌ ဖြစ်ပွားနေသည့် စစ်ပွဲများ အဆုံးသတ်ရန် ညွှန်ကြားခဲ့သည်ဟု ထွက်ပေါ်နေသည့် သတင်းသည် အမှန်ဖြစ်ခဲ့လျှင် ဤသည်နိုင်ငံရေး ပရိယာယ် တစ်ရပ်သာ ဖြစ်ကြောင်း KIO ဒု-နိုင်ငံခြားရေး ဝန်ကြီး ဗိုလ်မှူးကြီးဂျိန်း လန်ထောင်က ဆိုပါသည်။
“ဒါတွေက မျက်လှည့် ပြတာပါဗျာ၊ ကချင်ပြည်နယ် ဝန်ကြီးကနေ ပြည်တော်ကို တောင်းဆိုထားတာပါတဲ့၊ ကျွန်တော် တို့သိပါတယ်၊ ဘယ်ဟုတ်မလဲ၊ ပါလီမန်မှာ သတင်းစာ ရှင်းလင်းပွဲလုပ်တာ၊ တစ်နှစ်အတွင်းမှာ KIO ကို ချေမှုန်းသွား မယ်လို့ သမ္မတကပြောသွားခဲ့တာရှိပါတယ်။ အဲဒီတော့ ဒါတွေဟာ သူကိုယ်တိုင် ခိုင်းတာဖြစ်ကြောင်းဆိုတာ ထင်ရှားလာတယ်လေ၊ အခုမှ လက်ခံတယ်။ ငြိမ်းချမ်းရေး လုပ်ရအောင်၊ ဟိုဟာ လုပ်ရအောင်၊ ဒီဟာ လုပ်ရအောင် ပြောတာဟာ သဘာဝ မကျပါဘူး” ဟု ဗိုလ်မှူးကြီး ဂျိန်းလန်ထောင်က ဆိုပါသည်။
၂၀၁၁ ဇွန်လ (၉) ရက်နေ့မှ KIO နှင့် စစ်အစိုးရကြား တင်းမာမှု စတင်ဖြစ်ပွားခဲ့ပြီး၊ ဇွန်လ (၁၃) ရက်အထိ KIO က မပစ်ခတ်ရန် စောင့်ဆိုင်း ခဲ့သော်လည်း နောက်ဆုံး အခြေအနေရ တိုက်ပွဲကို အကောင်အထည်ဖော်ခဲ့ရသည်။
အစိုးရဖက်က KIA နှင့် အပစ်အခတ် ရပ်စဲရေးကို ဖျက်ခဲ့သည့် အကြောင်းမှာ KIA ထိန်းချုပ်နယ်မြေတွင် တာပိန်ရေအား လျှပ်စစ်လုံခြုံရေး ကိစ္စ အငြင်းပွားမှုကြောင့် ဖြစ်ပါသည်။ ဤကိစ္စတွင် KIO ဆက်ဆံရေးရုံးမှ ဒုတပ်ကြပ် ချမ်းရင်းကို နအဖတပ်မှ နှိပ်စက်၍ သတ်ဖြတ်ခဲ့ရာမှ စတင်ပြီး ယခုချိန်ထိ (၆) လ ကျော်ကြာတိုက်ပွဲများဖြစ်လာခဲ့ပါသည်။

ဗိုလ်မှူးကြီးစိန်မြ ကျဆုံခြင်းနှစ်ပတ်လည်နေ့တွင် သမိုင်းမှတ်တမ်း မှားယွင်းဖော်ပြခြင်းကို ပြင်ဆင်ပေးရန် တောင်းဆို

ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို စတင်တည်ထောင်ခဲ့သည့် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်း ၁၈ နှစ်မြောက်အထိမ်းအမှတ် သံဃာတော်များအား ဆွမ်းကပ်လှူဒါန်းပွဲကို ထိုင်း-မြန်မာနယ်စပ် တောရကျောင်းတွင် ကျန်ရစ်သူ တပ်မိသားစုဝင်များက ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီး စိန်မြအား ရည်စူး၍ သံဃာတော်များအား ဆွမ်းကပ်လှူဒါန်း
ဗိုလ်မှူးကြီးစိန်မြ ကျဆုံးသည့် နှစ်ပတ်လည်နေ့နှင့်ပတ်သက်၍ “ဗိုလ်မှူးကြီး စိန်မြဟာ မြန်မာ့လွတ်လပ်ရေးသမိုင်းမှာ ထင်ရှားတဲ့ ၁၃၀၀ ပြည့်အရေးတော်ပုံနဲ့ စတင်ပြီးတော့ နယ်ချဲ့ ဆန်ကျင့်ရေး၊ ဖက်ဆစ်ဆန့်ကျင်ရေးတွေကနေ (၈၈) အရေးတော်ပုံမှာလဲ ပါဝင်ခဲ့ပြီး ကျဆုံးသွားတဲ့အချိန်အထိ ပြည်သူလူထုဘက်ကနေ ဒီမိုကရေစီအရေးတွက် ပါဝင်ကြိုးပမ်းခဲ့တဲ့သူ ဖြစ်ပါတယ်၊ သူရဲ့ ဂုဏ်ကျေးဇူးကို သတိတရရှိတဲ့အနေနဲ့ရော နောင်လာ နောက်သားတွေအနေနဲ့ ဒီသမိုင်းတွေကို သင်ခန်းစာရယူစေနိုင်ဖို့ ရည်ရွယ်ပြီး အခုလို နှစ်စဉ် ပြုလုပ်နေတာဖြစ်ပါတယ်” ပြည်သူ့ကာကွယ်ရေးတပ် နိုင်ငံရေးစစ်ရေးဦးဆောင်ကော်မတီ ဥက္ကဌ ဦးကျော်ထက်က ပြောသည်။
ဗိုလ်မှူးကြီးစိန်မြသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့် မြန်မာ့တပ်မတော်သမိုင်းတွင် ထိပ်ပိုင်းအရေးပါသည့် အခန်းကဏ္ဍများတွင် ပါဝင်ခဲ့သူဖြစ်ပြီး စစ်တပ်ပြုပြင်ပြောင်းလဲရေးနှင့်ပတ်သက်၍ တစုံတရာ ပြောင်းလဲမှုဖြစ်အောင် လုပ်ဆောင်နိုင်သည့် ပုဂ္ဂိုလ်တဦးဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယနေ့ပြုလုပ်သည့် အခမ်းအနားတွင် ဗိုလ်မှူးကြီး စိန်မြ ကျဆုံးခြင်းနှင့် ပတ်သက်၍ ဗိုလ်မှူးချုပ်တင့်ဆွေ (တင့်ဆွေ-ဖျာပုံ) ရေးသားသည့် “ကျောပိုးအိတ်ကလေးကို ချီကာလွယ်” စာအုပ်မှ သမိုင်းအမှားများကို ပြင်ဆင်ပေးရန် တောင်းဆိုချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။

ဖဒိုမန်းငြိမ်းမောင် ကို မင်္ဂလာဒုံမှာ ရုံးထုတ်စစ်ဆေး


12 December 2011

KNU တပ်မဟာတွင် တာဝန်ထမ်းဆောင်ခဲ့သူ အမျိုးသားတစ်ဦး တရုတ်ပြည်မှ ရန်ကုန်လေဆိပ်သို့ လက်မှတ်အတုဖြင့် ဝင်ရောက်လာသဖြင့် မတရားအသင်းအက်ဥပဒေဖြင့် မင်္ဂလာဒုံတရားရုံးက ဒီဇင်ဘာ ၈ ရက်တွင် စစ်ဆေးနေကြောင်း သိရသည်။

သိုက်ထွန်း (ခ) ဖဒိုမန်းငြိမ်းမောင် ဆိုသူသည် သားထူးဇော် အမည်ဖြင့် နိုင်ငံကူးလက်မှတ် M-073525 ကိုင်ဆောင်၍ တရုတ်ပြည် ကူမင်းလေဆိပ်မှ ရန်ကုန်လေဆိပ်သို့ လွန်ခဲ့သည့် လပိုင်းအတွင်း လာရောက်ခဲ့ရာ လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူများက ၎င်းကိုင်ဆောင်ထားသော နိုင်ငံကူးလက်မှတ်ပေါ်တွင် လေဆိပ်လဝကအတွက် တံဆိပ်တုံး အတုရိုက်နှိပ်ထားသည်ကို စစ်ဆေးတွေ့ရှိရ၍ လေဆိပ်ရဲစခန်းက (ပ) ၈၀/၁၁၊ ပုဒ်မ ၄၂၀/၄၆၈/၄၇၁ နှင့် လဝက အက်ဥပဒေ (ပ) ၉/၁၁ ၁၉၄၇ ခုနှစ် လဝကအက်ဥပဒေပုဒ်မ ၆၁၃ (၁) ၁၇ (၇) (က) (ဃ) တို့ဖြင့် အမှုဖွင့်အရေးယူပြီး မင်္ဂလာဒုံတရားရုံးသို့တင်ပို့ရာ တရားရုံးက သိုက်ထွန်းအား အပြစ်ရှိကြောင်း စစ်ဆေးသိရှိရ၍ စက်တင်ဘာ ၂၇ ရက်က မင်္ဂလာဒုံတရားရုံးက ပုဒ်မ ၄၆၈ ဖြင့် ထောင်ဒဏ်ခြောက်လ လူဝင်မှုအက်ဥပဒေပုဒ်မ ၁၃(၁) အရ ထောင်ဒဏ်ခြောက်လ စုစုပေါင်းတစ်နှစ်ချမှတ်ခဲ့သည်။

"လေဆိပ်ရဲစခန်းက တာဝန်ရှိသူတွေအနေနဲ့ ပြည်ပအဝင်အထွက်တွေ စနစ်တကျ သေချာစစ်ဆေးတယ်။ မသင်္ကာတဲ့သူ၊ ပြစ်မှုကျူးလွန်တဲ့သူလို့ ယူဆရင် သီးခြားအခန်းမှာ အဲဒီသူရဲ့ ပစ္စည်းတွေကို တစ်ခုချင်းစနစ်တကျစစ်ဆေးနေပါတယ်။ လုံခြုံရေးကို တင်းတင်းကြပ်ကြပ်ဆောင်ရွက်နေပါတယ်" ဟု လေဆိပ်ရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

2011/12/12



ရေတိုငြိမ်းချမ်းရေးဆိုရင် လုံး ဝ မကြိုက်


ကရင်အမျိုးသား အစည်းအရုံး KNU နဲ့မြန်မာ အစိုးရတို့ အကြားတွင် ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ အနေအထားများကို သိရှိနိုင်ရန်၊ လိုအပ်သည့်ကြားခံ အကျိုးဆောင် ကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနိုင်ရန် အတွက် ကရင်ပြည်နယ် ဖားအံမြို့အခြေစိုက် က ရင်ငြိမ်းချမ်းရေး ကော်မတီ KPC အဖွဲ့၏ တာဝန်ရှိသူများနှင့် ပြည်သူ့လွတ်တော် ကိုယ်စား လှယ်တဦး၊ KNU ထိပ်တန်းခေါင်းဆောင်များနှင့် ထိုင်း-မြန်မာနယ်စပ်တွင် ဗုဒ္ဓဟူးနေ့က လာရောက်တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ကချင်ဒေသ စစ်ပြေးဒုက္ခသည် ပိုများလာ



လက်နက်ကိုင်ပဋိပက္ခတွေကနေ ထွက်ပြေးနေရတဲ့ ဒုက္ခသဘ်တွေကို ကုလသမဂ္ဂက ၀င်ရောက်ကူညီဖို့ ကြိုးစားနေချိန်မှာပဲ ကချင်ဒုက္ခသည် အရေအတွက်ဟာ တနေ့တခြား ပိုတိုးလာနေပြီး လိုအပ်ချက်တွေလည်း ပိုများလာနေပါတယ်။ တိုက်ပွဲတွေ ရပ်ဆိုင်းဖို့ မြန်မာအစိုးရနဲ့ ကချင်လက်နက်ကိုင်အဖွဲ့တွေအကြား ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ မအောင်မြင်သေးတာနဲ့အမျှ ဒုက္ခသည်ပြဿနာဟာလည်း ပိုပြီးတော့ ကြီးထွားလာနေတာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကိုတော့ မသင်းသီရိက တင်ပြထားပါတယ်။
ကချင်ပြည်နယ်ထဲက ဗန်းမော်ခရိုင်တွင်းမှာ ဒီရက်ပိုင်း ပိုပြီးပြင်းထန်လာတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေကြရတဲ့ဒုက္ခသည်တွေဟာ တရုတ်-မြန်မာ နယ်စပ်ဘက်တွေမှာ ပိုပြီးတိုးလာနေတယ်လို့ ကချင်ဒုက္ခသည် ကူညီရေးအဖွဲ့တွေက ပြောပါတယ်။ ကချင်ပြည်နယ်တွင်းမှာ ခုချိန်ထိ ပြေလည်မှု မရသေးတာကြောင့်ရော၊ တိုက်ပွဲတွေဟာ ၇ လနီးပါး ကြာနေပြီမို့ နေရပ်စွန့်ခွာထွက်ပြေးရတဲ့ ဒုက္ခသည်တွေဟာ တစထက်တစ ပိုများလာနေတယ်လို့ ကချင်လူမှုရေးအဖွဲ့က မမိုင်းဂျာက ပြောပါတယ်။

2011/12/11

ဂျပန် နိုင်ငံ (တိုကျို) တွင် ကျင်းပသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနေ့ လှည့်လည်ချီတက်ပွဲအခမ်းအနား တောင်ဆို ဆန္ဒပြပွဲ 



2011-12-10

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးများနေ့ လှည့်လည်ချီတက်ပွဲအခမ်းအနားကို  Shibuya Miyashita ပန်းခြံ မှ Shibuya UN ရုံးအထိ ဂျပန် လူမျိုများ အပါအ၀င် ဂျပန် နိုင်ငံတွင် ရောက်ရှိနေထိုင် ကြသော မြန်မာ၊ တိဘက်၊ မွန်ဂိုရီးယား၊ ဇီဂဲ(တရုပ်ပြည်ခွဲထွက်ရေး) နိုင်ငံပေါင်းစုံ မှ ပူးပေါင်း ချီတက်ဆန္ဒပြ တောင်းဆိုခဲ့ ကြသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ။        ။ Moe Min Thu / Aung Zaw Khaing

ဘိုကလေးနဲ့ ပုသိမ် မှာ လူ့အခွင့်အရေးနေ့ ကျင်းပ

2011-12-10
ဒီကနေ့ကျရောက်တဲ့ ၆၃ ကြိမ်မြောက် ကမ္ဘာ့ လူ့အခွင့်အရေးနေ့ အခမ်းအနား ကို လူ့အခွင့်အရေး ကာကွယ်မြှင့် တင်သူများ ကွန်ရက် HRDP က ဦးဆောင်ပြီး ဧရာဝတီတိုင်း ဘိုကလေးမြို့ အမှတ် (၄) ရပ်ကွက်မှာ ပြုလုပ်ခဲ့ပါတယ်။
hrdp
HRDP လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ရက်အဖွဲ့၏ လက်ကမ်း ကြေညာ စာတမ်း ဖြစ်ပါသည်။
HRDP အဖွဲ့ကို တည်ထောင်သူ တဦးဖြစ်တဲ့ ဦးမောင်မောင်လေးက အစိုးရဟောင်းရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အစိုးရသစ်က အမွေ ဆက်ခံထားဆဲ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အခမ်းအနားမှူး တာဝန်ယူခဲ့တဲ့ ကိုစောဗန်ကူးက လူတိုင်းလူတိုင်း လူ့အခွင့်အရေးကို ပိုမို သိရှိနားလည်နိုင်ဖို့ ကြိုးပမ်းကြရမယ်လို့ ပြောပါတယ်။

“ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဟာ ခေါင်းနဲ့ပန်းလို ဖြစ်နေတယ်။ တကယ်လို့ လူ့အခွင့်အရေးတွေ ပြည့်ဝလာမယ်ဆိုရင် ဒါ လူ့ယဉ်ကျေးမှုတွေ ရှေ့တန်း ရောက်သွားစေတာပေါ့။ ဒီအပေါ်မှာ ကျနော်တို့ ရည်ရွယ်တယ်။ ၂ဝ၁၁ ခုနှစ်ထဲမှာ Childs Soldier ၄၂ မှုထဲမှာ ပြန်လည်လွတ်မြောက်တာက လေး ငါး ဆယ်ယောက်ပဲ ရှိသေးတယ်။ နောက်တချက်က လယ်ယာမြေ သိမ်းဆည်းမှုပေါ့။ တရားစီရင်ရေး မဏ္ဍိုင်တွေ တိမ်းစောင်းနေတဲ့အပေါ် ကျနော်တို့က အဓိက ဇောင်းပေးပြီး ရှင်းပြရတာတွေလည်း ရှိပါတယ်”

2011/12/10

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။



၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၉)ရက်။

ဦးခွန်ထွန်းဦး အပါအ၀င် လွတ်မြောက် ရန် ကျန်ရှိနေသော တိုင်းရင်းသား ခေါင်းဆောင်များနှင့် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်ရေး တောင်းဆိုပွဲ လှုပ်ရှားမှုကို  ဂျပန်ရောက် ဒီမိုကရေစီ အင်အားစုများ နှင့် တိုင်းရင်းသား အဖွဲ့အစည်းများမှ တိုကျို မြို့ UN အဆောက်အဦးရှေ့၌ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။

သတင်းမှတ်တမ်း ဓါတ်ပုံ  ။ Moe Min Thu

နိုင်ငံ့အရေးလုပ်မယ့်သူတွေ မကြာခင် လွတ်ဖွယ်ရှိ


မြန်မာနိုင်ငံမှာ အကျဉ်းကျနေတဲ့သူတွေထဲက နိုင်ငံ့အရေးဆောင်ရွက်မယ့်သူမျိုးကို ဦးစားပေးလွှတ်သွားဖို့ နီးပါပြီလို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောလိုက်ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင် ရန်ကုန်ရုံးခွဲ ဖွင့်ပွဲမှာ သူက အခုလို ပြောလိုက်တာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံက လွှတ်တော်ကိုသွားပြီး လေ့လာဖို့ ဒီဇင်ဘာလ ၁၁ ရက်ကနေ ၁၈ ရက်နေ့အထိ သွားမယ့်အစီအစဉ်ကိုလည်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက အသိပေးခဲ့တဲ့ အကြောင်းကို ဘန်ကောက်ရုံးကနေ မစုမြတ်မွန်က အစီရင်ခံထားပါတယ်။
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲရေးတွေ လုပ်နေတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးရေးဟာ အဓိကဖြစ်တယ်လို့ အမေရိကန်က ပြောနေချိန်မှာ မကြာခင် လွှတ်ပေးဖို့ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် (Hillary Clinton) ကို ပြည်သူ့လွှတ်တော်မှာ တွေ့ဆုံစဉ်က ပြောခဲ့တဲ့အကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောလိုက်တာဖြစ်ပါတယ်။ ဒီကနေ့ ရန်ကုန်မြို့ ယုဇနတာဝါမှာလုပ်တဲ့  ပြည်သူ့လွှတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်များ လေ့လာဆန်း စစ်သုံးသပ်ရေး ကော်မရှင် ရုံးခွဲဖွင့်ပွဲမှာ သူက ခုလို ပြောကြားခဲ့တာဖြစ်ပါတယ်။

2011/12/08

ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး -ODA မကူညီမီ ကွင်းဆင်းလေ့လာမှု ဂျပန် ကြိုလုပ်သင့်

Submitted by admin on Wednesday, 7 December 2011--
ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေး -ODA မကူညီမီ ကွင်းဆင်းလေ့လာမှု ဂျပန် ကြိုလုပ်သင့်
ဒီဇင်ဘာလ ၇ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်မြို့နယ်ရှိ လောပိတ(ဘီလူးချောင်း) အမှတ်-၂ ရေအားလျှပ်စစ်စစ်ရုံ ပြန်လည်ပြုပြင် မွမ်းမံရေးအတွက် မြန်မာအစိုးရအား ပင်လယ်ရပ်ခြားဖွံ့ဖြိုးရေးအကူအညီ-ODA မပေးမီ ထိုဒေသကို ကွင်းဆင်းလေ့လာမှု ကြို လုပ်သင့်ကြောင်း ဂျပန်အစိုးရအား ကရင်နီအမျိုးသား တိုးတက်ရေးပါတီ-KNPP က ယနေ့ တိုက်တွန်းလိုက်သည်။
အမှတ်-၂ လောပိတရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ပြီးကာလအတွင်း မြန်မာအစိုးရက လုံခြုံရေးအကြောင်းပြကာ ထိုဒေ သရှိ နယ်မြေများတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းများကြောင့် လူ တိရိစ္ဆာန်များ ထိခိုက်သေကြေရခြင်း၊ လျော်ကြေးမပေးဘဲ ကျေးရွာများကို အဓမ္မရွှေ့ပြောင်းခိုင်းခြင်းနှင့် စက်ရုံမှထွက်ရှိသည့် လျှပ်စစ်မီးများမှာ ဒေသခံများအတွက် အကျိုးခံစားမှုမရှိ ကြောင်း KNPP ၏ အထွေထွေအတွင်းရေးမှူး ခူးဦးရယ်က ပြောသည်။
“မြန်မာအစိုးရဟာ အပေါ်ယံလောက်သာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်တာကို နိုင်ငံတကာက အပြောင်းအလဲ တကယ် စလုပ် လာတယ်လို့ ထင်တယ်။ ဂျပန်ကလည်း အဲလိုယူဆပြီး (ODA)အကူအညီ ပေးတာလို့ နားလည်တယ်။ ခုချိန်မှာ လောပိတ ဒေသမှာ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေ ဆက်ရှိနေတာကိုသိဖို့ ဂျပန်အစိုးရဟာ အကူအညီမပေးခင် ဒါတွေကို အရင် လာရောက်လေ့လာသင့်တယ်။ ဘာပဲလုပ်လုပ် ပြည်သူတွေဟာ အခရာကျတယ်။”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။