Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/10/31

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးအောင်ကြည်တို့ တိုင်းရင်းသားအရေးနှင့် လွတ်ငြိမ်း ချမ်းသာခွင့်ကိစ္စ ဆွေးနွေး

October 30, 2011,
အမျိုးသားဒီမိုကရေစီ​ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ကိုယ်စားလှယ် ဦးအောင်ကြည်တို့ ဒီနေ့ တွေ့ဆုံရာမှာ တိုင်းရင်းသား​ လက်နက်ကိုင် အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေး ရရှိဖို့ ကိစ္စနဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသင့် သူများကိစ္စကို ဆွေးနွေး ခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ပါတယ်။ တခြား အသေးစိတ် အချက်အလက်တော့ ထုတ်ပြန်ချက်မှာ မပါပါဘူး။
စိမ်းလဲ့ကန်သာမှာ နေ့ခင်းတနာရီက စတင်ပြီး တနာရီနီး ပါးကြာမြင့်တဲ့ ဒီဆွေးနွေးပွဲဟာ ​ ​ပြည်ထောင်စု​ သမ္မတမြန်မာနိုင်ငံ​ အစိုးရ​ အဖွဲ့ရဲ့​​ ​ဒေါ်အောင်ဆန်းစုကြည်ကို လေးကြိမ်မြောက်​ ဖိတ်ကြားချက် ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ အရင်ဆွေးနွေးပွဲတွေအပေါ် နိုင်ငံတော်က ကူညီ ဆောင်ရွက်ပေးတဲ့ အခြေအနေ၊ တိုင်းပြည် စီးပွားဖွံ့ဖြိုး တိုးတက်လာဖို့ လွတ်လပ်စွာ ကုန်သွယ်ခွင့်၊ ကူးသန်း ရောင်းဝယ်ခွင့် ရရှိရေးနဲ့ လွတ်လပ်စွာ ငွေကြေး လည်ပတ် သုံးစွဲခွင့် ရရှိရေးတို့၊ အရေးကြီးမှုနဲ့ ပတ်သက်လို့ အမြင်ချင်း ဖလှယ်ခဲ့ ဆွေးနွေး ခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်က ဆိုပါတယ်။
အစိုးရသစ် လက်ထက်မှာ တတိယအကြိမ်  တွေ့ဆုံ အပြီး နှစ်ဖက် ပူးတွဲ ကြေညာချက်မှာ လွတ်ငြိမ်း ချမ်းသာခွင့်ပေးဖို့ သမ္မတက စဉ်းစားနေတဲ့ကိစ္စ၊ ဧရာဝတီ မြစ်ကြောင်း ထိန်းသိမ်းရေး ပူးပေါင်း ဆောင်ရွက်ရေး၊ ဥပဒေပြင်ပ လက်နက်စွဲကိုင် ဆန့်ကျင်သူများ ဥပဒေဘောင်တွင်း ထာဝရ ငြိမ်းချမ်းရေး တည်ဆောက်ပေးဖို့ အစိုးရက ကြိုးပမ်းနေတဲ့ ကိစ္စနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးမှာ ပူးတွဲ ဆောင်ရွက်ဖို့ ကိစ္စနဲ့ ဆက်လက်ဆွေးနွေးဖို့ သဘောတူခဲ့ကြပါတယ်။
ဝန်ကြီး ဦးအောင်ကြည်နဲ့ နှစ်ကြိမ်တွေ့အပြီးမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနှစ်ဩဂုတ်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီနောက် မကြာသေးခင်က သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ နိုင်ငံရေး အကျဉ်းသား ၂၀၀ ကျော် ပြန်လွတ် ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်အစိုးရလက်ထက် ဆက်ဆံရေး ၀န်ကြီး ဦးအောင်ကြည်ကို ၂၀၀၇ ခုနှစ် အောက်တိုဘာ ၂၅ ကစလို့ ၉ ကြိမ် တွေ့ခဲ့ပေမယ့် သိသာ ထင်ရှားတဲ့ ရလဒ် တစုံတရာ မထွက်ပေါ်ခဲ့ပါဘူး။
သတင်းရင်းမြစ် - ဒီဗွီဘီ

ဒေါ်အောင်ဆန်းစုကြည် ကြားဖြတ် ရွေးကောက်ပွဲ ဝင်နိုင်တယ်လို့ ဦးဥာဏ်ဝင်း ပြောဆို

 
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်အများစုက ပါတီ မှတ်ပုံမတင်ရေး သဘောတူခဲ့ကြပြီးနောက် ရွေးကောက်ပွဲမဝင်ရေး ဆုံးဖြတ်ချက်ကို မတ်လ ၂၉ ရက်တွင် ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦး (ယာ) နှင့် ပါတီ ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း (ဝဲ) တို့က ရန်ကုန်မြို့ရှိ ဌာနချုပ်ရုံးတွင် သတင်းထောက်များကို ရှင်းလင်း ပြောကြားနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
2011-10-29
ပြည်သူ့လွှတ်တော်က ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတချို့ကို ပြင်ဆင် လိုက်တာကြောင့် NLD ပါတီ အနေနဲ့ ပါတီမှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေပြီး ဒေါ်အောင်ဆန်းစုကြည် အနေနဲ့လည်း လာမယ့် ကြားဖြတ် ရွေးကောက်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖွယ် ရှိတယ်လို့ NLD ပါတီ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောပါတယ်။
NLD ပါတီက ကန့်ကွက်ခဲ့တဲ့ ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ရွေးကောက်ပွဲ ဥပဒေထဲက အချက်တချို့ကို လွှတ်တော်ကနေ ပြင်ဆင်ချက် ပေးလိုက်ပြီ ဖြစ်တဲ့အတွက် NLD ပါတီ အနေနဲ့ ရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်ဖို့ အလားအလာတွေ ရှိနေတာလို့ သိရပါတယ်။ ဒါပေမယ့် ဒီဆောင်ရွက်မှုအတွက် NLD ဗဟိုကော်မတီ အစည်းအဝေးမှာ ဆုံးဖြတ်ဖို့ ရှိတယ်လို့ ဦးဥာဏ်ဝင်းက ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ပါတီတွင်း သဘောထား ကွဲပြားမှုတွေ ပေါ်ပေါက်နိုင်ပါသလားလို့ မေးမြန်းတဲ့အခါ ဦးဥာဏ်ဝင်းက - အမှန်ပြောရရင် ပါတီတွင်းမှာ သဘောထားကွဲပြားမှု ရှိကြောင်း၊ ဒါပေမယ့် ဆုံးဖြတ်ချက်တွေမှာတော့ အားလုံး အညီအညွတ် ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဦးဥာဏ်ဝင်းက မိမိအနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ဝင်တာကို မြင်လိုပါတယ်လို့ ပြောဆိုခဲ့ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြပါတယ်။
Copy from - rfa.org/

ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမှု လ(၁၀၁)ပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့နိုင်ရေးအတွက် တောင်းဆို ဆန္ဒပြပွဲ(ဂျပန်)





၂၀၁၁ ခုနှစ် အောက်တိုဘာလ ၃၀ ရက်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမူရေး ကြပ်တည်းနေသော အခြေအနေမှ အမြန်ဆုံးလွှတ်မြောက်ရန်
အတွက် တွေ့ဆုံဆွေးနွေးရေးသည် မဖြစ်မနေ အမြန်ဆုံး လိုအပ်နေပါသည်။ အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တို့သည် ဒီပဲယင်း အရေးအခင်း ဖြစ်ရပ်မှန် ဖေါ်ထုတ် ပေးရန်နှင့် နိုင်ငံအတွက် အရေးတကြီး လိုအပ်နေသော တွေ့ဆုံဆွေးနွေး မှု အမြန်ဆုံး ပေါ်ပေါက် စေရေးအတွက် လက်ရှိစစ်အစိုးရကို အစဉ်တစိုက် တောင်းဆို နေခဲ့ပါသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲနှင့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီ အင်အားစု များမှလည်း လစဉ်(၃၀)ရက် နေ့တိုင်းကျင်းပနေကြ  မြန်မာသံရုံးရှေ့ တွင် ဒီပဲယင်း နိုင်ငံတော် လုပ်ကြံမှု  လ(၁၀၁)ပြည့် ၀မ်းနည်းခြင်းနှင့် အမျိုးသားပြန်လည် ရင်ကြားစေ့ နိုင်ရေးအတွက် တောင်းဆို ဆန္ဒပြ ခဲ့ကြပါသည်။
ဆန္ဒပြပွဲအခမ်းအနားကို နေ့လည် ၃နာရီမှ ၄နာရီအထိ ကျင်းပပြုလုပ်ခဲ့ပါသည်။.
သတင်းရင်းမြစ် ။ NLB(LA)JB

2011/10/30

ကနေဒါမူဝါဒ ပြောင်းလိမ့်မည် မဟုတ်ဟု လေ့လာရေးလူငယ်ပြော

ကနေဒါ အစိုးရ အနေဖြင့် မြန်မာပြည်အပေါ် ထားရှိသည့် ၎င်းတို့၏ မူဝါဒ အားပြောင်းလဲ လိမ့်မည်ဟု မယူဆကြောင်း ကနေဒါ နိုင်ငံသို့ နှစ်ပါတ်ကြာ ခရီးစဉ် အဖြစ်ရောက် ရှိနေသည့် မြန်မာ လူငယ်နှစ်ဦးက သုံးသပ်သည်။

လက်ရှိ ချမှတ် ထားသည့် မြန်မာပြည်အပေါ် ပိတ်ဆို့ရေး မူဝါဒအား ပြန်လည် သုံးသပ်ဦးမှာ မဟုတ်ကြောင်း ကနေဒါ အစိုးရ အရာရှိများနှင့် တွေ့ဆုံခဲ့သည့် မွန်လူငယ် တိုးတက်ရေးအဖွဲ့ MYPO မှ မိအိုက်စွန်းက မဇ္ဈိမကို ပြောသည်။

“အရင်အတိုင်း ဆက်ထား လိမ့်မယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးတာ၊ တိုင်းရင်းသား ဒေသတွေမှာ အပစ် ရပ်တာ၊ အစိုးရရယ်၊ ဒေါ်အောင်ဆန်းစုကြည်ရယ်၊ တိုင်းရင်းသား တွေအကြား စကားပြော မယ်ဆိုရင် တော့ ဆန်ရှင် ကိစ္စကို ပြန်လည် သုံးသပ်ပါလိမ့်မယ်။ ခုအခြေအနေ အတိုင်းဆို ဒီအတိုင်း ဆက်ထား မယ်လို့ ကတိပေး ထားပါ တယ်” ဟု ပြောသည်။

2011/10/29


ရန်ကုန်တွင် ဆန္ဒပြသည့် ရှေ့နေကိုဖိုးဖြူနှင့် လယ်သမားများကို အရေးယူ 

– Police Charge 7 for Staging Land Protest‎

Associated Press သတင်းဌာန
အောက်တိုဘာ ၂၈၊ ၂၀၁၁ယမန်နေ့က လုံခြုံရေးအရာရှိတို့နှင့် ရင်ဆိုင်နေရသော ကိုဖိုးဖြူနှင့် လယ်သမားများ (ဓာတ်ပုံ – reuters)


လယ်ယာမြေများ မတရားသိမ်းပိုက်ခံရသည်ဆိုပြီး ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ကြသူ ၇ ဦးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ယနေ့ တရားစွဲလိုက်သည်။ ဒီမိုကရေစီအပြောင်းအလဲများ ပြုလုပ်နေသည်ဟူသော အစိုးရကို ကမ္ဘာက စောင့်ကြည့်နေစဉ် ဤသို့ တရားစွဲလိုက်ခြင်း ဖြစ်သည်။
ထိုသို့ အရေးယူခံရသူများထဲတွင် အလုပ်သမားအရေး ကူညီသူ ရှေ့နေကိုဖိုးဖြူလည်း ပါဝင်သည်ဟု ရဲအရာရှိတယောက်က ပြောသည်။ ကိုဖိုးဖြူသည် ယမန်နေ့က အလုပ်သမား ၃၀ ကျော်နှင့်အတူ ရန်ကုန်ရှိ အိုးအိမ် ဖွံ့ဖြိုးရေးဦးစီးဌာနရုံးရှေ့တွင် ဆန္ဒပြခဲ့သည်။
၎င်းတို့ကို အခွင့်မရှိဘဲ လူစုလူဝေး ပြုလုပ်ခြင်း၊ လူစုခွဲရန် ရဲတပ်ဖွဲ့က အမိန့်ပေးသည်ကို မလိုက်နာခြင်း စသည့် အမှုများဖြင့် အရေးယူထားသည်ဟု ရဲအရာရှိက ပြောသည်။
ထိုအမှုများမှာ ထောင်ဒဏ် ၆ လမှ တနှစ်အထိ ချမှတ်နိုင်သည်။

copy rights_http://moemaka.com
မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်လဲမှုတွေ မရှိသေးကြောင်းကို ဂျပန်လွှတ်တော်အမတ် သမဂ္ဂကို သွားရောက်ပြောဆို

မြန်မာနိုင်ငံမှာ သိသာထင်ရှားတဲ့ ပြောင်လဲမှုတွေ မရှိသေးကြောင်းကို မြန်မာ့ဒီမိုကရေစီအရေး အားပေး ထောက်ခံသည့် ဂျပန် လွှတ်တော်အမတ် သမဂ္ဂကို မြန်မာအရေး လှုပ်ရှား နေသူတွေက  ပြီးခဲ့သည့် အောက်တိုဘာလ ၂၆ ရက်နေ့  ညနေပိုင်းမှာ သွားရောက်  တောင်းဆို တင်ပြပြောခဲ့ကြပါတယ် ။

သတင်းရုပ်သံမှတ်တမ်း - DVBBurmese

2011/10/28

ဘန်ကောက်ရေကြီးမှုတွင် ကူကယ်ရာမဲ့နေသည့် မြန်မာအလုပ်သမားများ (ရုပ်သံ) 

ဒေါ်အောင်ဆန်းစုကြည်ကို တရုတ်အစိုးရကြောက်ရွံ့



တရုတ်သမ္မတ မစ္စတာ ဟူဂျင်းတောင် - 昂山素季 ဝေါ်ဖာ့ အောင်ရှန်းစုကြည် တဲ့။


ဒေါ်အောင်ဆန်းစုကြည်ရဲ့ဘ၀အကြောင်း ရိုက်ကူးထားတဲ့ The Lady ရုပ်ရှင်ဇာတ်ကား ကြော်ငြာ၊ နမူနာတွေကို တရုတ်နိုင်ငံမှာ ပိတ်ပင်လိုက်ပြီ လို့ နယူးယောက်အခြေစိုက် အမေရိကန်တရုတ် ရုပ်သံဌာန NTD က ထုတ်လွှင့်သွားပါတယ် တရုတ်ပြည်မှာ အင်တာနက်သုံးတယ်ဆိုရင် The Lady ရုပ်ရှင်အကြောင်း ကြည့်ရ ဖတ်ရတော့မယ် မဟုတ်ပါ တရုတ်အစိုးရ လက်ရှောင်တဲ့ ဒီမိုကရေစီ ဆိုတာကို ရုပ်ရှင်ထဲ အသားပေးထားလို့ ဒီလို ပိတ်ပင်ဟန်တူတယ်လို့ တချို့က ယူဆနေကြပါတယ် ရှန်ဟဲမြို့က ရှေ့နေ Li Tiantian ရဲ့ သုံးသပ်ချက်က ဒီလိုပါ......ဒေါ်အောင်ဆန်းစုကြည်ဟာ တရုတ်အစိုးရ စိုးရိမ်တဲ့ သင်္ကေတ ဖြစ်လာပြီ၊ ဒါကြောင့် ပိတ်လိုက်တာပါ တဲ့.....သတင်းအသေးစိတ်ကို ရုပ်သံမှာ ကြည့်နိုင်ပါပြီ

copy rights_http://www.irrawaddyblog.com/2011/10/blog-post_5526.html

ရန်ကုန်မှာ လယ်သမားများ ဆန္ဒပြ

ရှေ့နေ ကိုဖိုးဖြူ နဲ့ လယ်သမား တွေ ဒီမနက် ရန်ကုန်မှာ ဆန္ဒပြကြပါတယ်
ဗိုလ်ချုပ်အောင်ဆန်းလမ်း၊
မြို့ရွာနှင့် အိုးအိမ် ဖွံ့ဖြိုးရေး ဦးစီးဌာန ရုံးနားလေးမှာပါ



ဒါက လယ်သမားတို့ရဲ့ တောင်းဆိုချက်
copy rights_http://www.irrawaddyblog.com/2011/10/blog-post_5455.html

လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေ ဖျက်သိမ်းရန် ဆန္ဒပြ

   
 ချင်းမိုင်(မဇ္ဈိမ)။        ။ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး ဥပဒေ ကို ပယ်ဖျက်ပေးရန် လယ်သမားအစုဖွဲ့ တဖွဲ့က ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိုးအိမ်ဖွံ့ဖြိုးရေးဌာန ရုံးရှေ့တွင် ကြာသပတေးနေ့ နံနက် ကိုးနာရီခန့်က ဆန္ဒထုတ်ဖော်ခဲ့ကြသည်။
farmer
ရန်ကုန်မြို့ အိုးအိမ်ဦးစီးဌာနရှေ့ လယ်သမားတစုက မြေပိုင်ဆိုင်ခွင့်ပေးရေး ဆန္ဒပြနေစဉ် ကြည့်ရှု့နေကြသူများကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ၇က်၊ ၂၀၁၁ ခုနှစ်ကတွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ
လယ်သမားတစုက ခေတ္တဆန္ဒပြပြီးနောက် လုံထိန်းရဲများ ကင်းလှည့် စောင့်ကြပ်နေသည်ကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။ လယ်သမားတစုက ခေတ္တဆန္ဒပြပြီးနောက် လုံထိန်းရဲများ ကင်းလှည့် စောင့်ကြပ်နေသည်ကို ကြာသပတေးနေ့ အောက်တိုဘာ ၂၇ ရက်၊ ၂ဝ၁၁ ခုနှစ်က တွေ့ရစဉ်။ ဓာတ်ပုံ- မဇ္ဈိမ။

ရန်ကုန်တိုင်း သံလျင်၊ ကော့မူး၊ တွံတေး၊ ဒဂုံမြို့သစ်တောင်ပိုင်း၊ ဒဂုံဆိပ်ကမ်းမြို့နယ်တို့မှ လယ်သမား (၄၀) ကျော် က "လန ၃၉" ကို ဖျက်သိမ်းပေးရန်၊ သိမ်းဆည်းခံ လယ်မြေများ ပြန်လုပ်ခွင့်ပေးရန်၊  “ ငွေကိုမလို မြေသာလို တယ်” ဟု ရေးသားထားသော လက်ကိုင်ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စုဝေးခဲ့ကြသည်။ အချိန်အနည်းငယ် အကြာတွင်  ရဲကား ခြောက်စီးမှ ရဲသား ၁၀၀ ကျော် ရောက်ရှိလာကာ လူစုခွဲခိုင်းခဲ့သည်။
 
လယ်သမားများ ပယ်ဖျက်စေလိုသော "လန ၃၉" လယ်ယာမြေ ပိုင်ဆိုင်ခွင့် ဥပဒေသည် ၁၉၅၃ ခုနှစ်တွင် ပြဋ္ဌာန်း ခဲ့သည့် ဥပဒေ ဖြစ်သည်။
copy rights_http://www.mizzimaburmese.com
Type your summary here. Type the rest of your post here.

ဒုတိယ ပင်လုံ ညီလာခံဟာ ပြည်ထောင်စုရဲ့လိုအပ်ချက် ဖြစ်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် ပြော

မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာပြီးနောက် ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့က ရန်ကုန်မြို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဌာနချုပ်ရုံးတွင် ပြည်သူများအား မိန့်ခွန်းပြောကြားစဉ်။ (Photo: AFP)
2011-10-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် က ဒုတိယ ပင်လုံညီလာခံ ပေါ်ပေါက်ရေးဟာ မုချမသွေ ဆက်လက် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်လို့ RFA ကိုဒီကနေ့ ပြောဆိုလိုက် ပါတယ်။
“ဒုတိယ ပင်လုံဆိုတာ မြန်မာနိုင်ငံရဲ့ ပြည်ထောင်စု လိုအပ်ချက် တစ်ခုလို့ ပြောနိုင်ပါတယ်။ ဒါ့ကြောင့် တခြား ဘယ်လို ကိစ္စတွေပဲ ရှိနေရှိနေ ဒီလိုအပ်ချက်ကို လက်လွှတ်စရာ မရှိပါဘူး။ လက်တွေ့ကျကျ လုပ်ပုံ လုပ်နည်းတွေနဲ့ ပတ်သက်လို့ စဉ်းစားစရာတွေက အတော်များ တာကြောင့်မို့လို့ နှောင့်နှေးနေတာ ဖြစ်ပါတယ်”
RFA က အပတ်စဉ် တင်ဆက်နေတဲ့ လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည် ကဏ္ဍအတွက် သောတရှင် တစ်ဦးရဲ့ မေးခွန်းကို ခုလို ဖြေကြားခဲ့တာ ဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့၂၀၁၀ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့က စစ်ကိုင်းတိုင်း၊ ကလေးမြို့မှာ ကျင်းပတဲ့ ဇိုမီး အမျိုးသား ကွန်ဂရက် ၂၂ နှစ် မြောက် အခမ်းအနားမှာ ဒုတိယအကြိမ် ပင်လုံညီလာခံ ခေါ်ယူရေး ကြိုးပမ်းဖို့ တိုင်းရင်းသားတွေနဲ့ နိုင်ငံရေး အင်အားစု ခေါင်းဆောင်တွေ အပါအဝင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြပြီး ကလေးမြို့ ကြေညာ စာတမ်းကို ထုတ်ပြန် ခဲ့တာပါ။
 
Copy from - rfa.org/

2011/10/27

ဖွံဖြိုးရေးအတွက် အခြေခံလွတ်လပ်ခွင့်တွေ လိုအပ်

ဖွံဖြိုးတိုးတက်မှုလို့ ဆိုတဲ့နေရာမှာ လွတ်လပ်မှုတွေ ချုပ်ခြယ်မှုတွေမရှိမှသာ တိုးတက်ဖွံဖြိုးမှု ရှိနိုင်မယ်လို့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုပါတယ်။ တရားမဲ့မှု၊ မမျှတမှု၊ အာဏာရှင်ဆန်မှု၊ လူထုအပေါ် တာဝန်ယူလိုစိတ်ကင်းမဲ့မှု ဒါတွေကို ဖယ်ထုတ်ရေးဟာ ဖွံဖြိုးတိုးတက်မှုအတွက် အရေးကြီးတယ်လို့ ပြောဆိုသွားတာပါ။ ဒါနဲ့ ပတ်သက်လို့တော့ ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
ဖွံဖြိုးတိုးတက်မှုဆိုတဲ့နေရာမှာ အခြေခံလွတ်လပ်မှုတွေကို ချန်ထားလို့မရဘူးလို့ အမေရိကန် ပြည်ထောင်စု၊ ဒေါ်အောင်ဆန်းစုကြည်ကို ပေးအပ်တဲ့ မစ်ချီကန်တက္ကသိုလ်ကနေ Wallenberg ဆုပေးပွဲ အခမ်းအနား မိန့်ခွန်းထဲ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုသွားတာပါ။ စီးပွားရေးနိုဗယ်ဆုရှင် ဒေါက်တာ Amartya sen ရဲ့ ဖွံဖြိုးတိုးတက်မှုနဲ့ လွတ်လပ်မှု ဒွန်တွဲနေတယ် ဆိုတဲ့အမြင်ကို ဒေါ်အောင်ဆန်းစုကြည်က ထောက်ခံ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ တိုင်းပြည်တရပ်၊ လူ့အဖွဲ့အစည်းတရပ် ဖွံဖြိုးတိုးတက်လာရေးအတွက် ချုပ်နှောင်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုအပ်မယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားပါတယ်။
“ဖွံဖြိုးရေးအတွက်ဆိုရင် အဓိကကျတဲ့ ချုပ်ခြယ်မှုတွေကို ဖယ်ရှားပစ်ဖို့ လိုပါတယ်။ ဆင်းရဲမွဲတေမှု ပပျောက်ဖို့လိုသလို အာဏာရှင်ဆန်ဆန် အုပ်ချုပ်မှုတွေ အဆုံးသတ်ဖို့ လိုပါတယ်။ စီးပွားရေး လုပ်ပိုင်ခွင့်တွေ လိုအပ်သလို လူမှုရေးရပိုင်ခွင့်တွေလည်း စနစ်တကျရှိဖို့ လိုပါတယ်။ အများပြည်သူ လိုအပ်ချက်တွေ ဖြည့်ဆည်းဖို့ ပျက်ကွက်တာတွေကို ဖယ်ရှားပစ်လိုသလိုပဲ မတူတဲ့အမြင် အယူအဆတွေအပေါ် သည်းခံမှုအားနည်းတာ၊ လိုတာထက်ပိုပြီး တုံ့ပြန်အရေးယူတဲ့ ဖိနှိပ်မှုတွေကိုလည်း ဖျောက်ပစ်ဖို့လိုပါတယ်။”

ဖမ်းဆီးခံရသည့် KNLA ဆေးမှူး ထွက်ပြေးလွတ်မြောက်

အောက်တိုဘာလ ၂၅ရက်။ စောသိန်းမြင့်(ကေအိုင်စီ)

ပြီးခဲ့သည့်အပတ်က ထိုင်း-မြန်မာနယ်စပ် လှိုင်းဘွဲမြို့နယ် သောင်ရင်းမြစ်တွင် အစိုးရစစ်တပ်နှင့် BGF တပ်ဖွဲ့တို့၏ ဖမ်းဆီးမှု ကို ခံခဲ့ရသည့် KNLA ဆေးမှူးမှာ ယမန်နေ့က ထွက်ပြေးလွတ်မြောက်လာသည်ဟု KNLA က ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၈ရက်နေ့မနက်က မဲ့သဝေါဂွင်ရှိ အစိုးရစစ်တပ်နှင့် BGF တပ်တို့ ထိုင်းဘက်ခြမ်းကူးကာ သောင်ရင်းမြစ်တစ်ဖက်ကမ်းရှိ KNLA တပ်ဖွဲ့ဝင်များအား ၀င်ရောက်ပစ်ခတ်ချိန် မြစ်အတွင်း ပိုက်ထောင်နေသည့် ၎င်းဆေးမှူး စောစေးလယ်ထူး ၃၇နှစ်အား ဖမ်းဆီးလိုက်ခြင်း ဖြစ်သည်။

စောစေးလယ်ထူး၏ မိတ်ဆွေတစ်ဦးက “သူ့ကို သတ်ပစ်ဖို့အတွက် ဗမာစစ်တပ်က ပြောဆိုနေသံကို သူ ကြားမိသွားလို့ နောက်နေ့မနက်စောစောမှာ ကိုယ်လွတ်ရုန်းပြီး ထွက်ပြေးလွတ်မြောက်သွားတာပါ။ သူပြေးတဲ့အချိန်မှာ ဗမာစစ်သားတွေက နောက်ကနေ သေနတ်နဲ့ လိုက်ပစ်သေးတယ်လို့ ပြောတယ်။”ဟု ဆိုသည်။

ထိုသို့ထွက်ပြေးလာရာ တောလမ်းတနေရာတွင် ထောင်ထားသည့် မြေမြှုပ်မိုင်းတစ်လုံးကို နင်းမိကာ ညာဘက်ခြေဖနောင့်မှာ အနည်းငယ် ပွန်းပဲ့ဒဏ်ရာ ရရှိခဲ့သည်ဟု သိရသည်။

အစိုးရစစ်တပ်နှင့် BGF ပူးပေါင်းတပ်ဖွဲ့သည် စောစေးလယ်ထူးအား ဖမ်းဆီးခဲ့စဉ်က ထိုးကြိတ်၊ ရိုက်နှက်ကာ စစ်ဆေးမေးမြန်း ခဲ့သည်ဟု ၎င်းအား ကိုယ်တိုင်သွားရောက် တွေ့ဆုံခဲ့သူတစ်ဦးက “သူ့ဦးခေါင်းနောက်စေ့ကို သေနတ်ဒင်နဲ့ အထုခံရတယ်။ နောက်ပြီး သူ့လက်နှစ်ဖက်ကို လက်ပြန်ကြိုးတုတ်ထားတော့ လက်နှစ်ဖက်က ကြိုးချည်ရာတွေ အခုထိ ထင်းထင်းကြီးပဲ ပေါ် နေတယ်။”ဟု ပြောသည်။

အစိုးရစစ်တပ်က ၎င်းတို့ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ယင်းသို့ ညှင်းပမ်းနှိပ်စက်ခြင်းသည် နိုင်ငံတကာ စစ်သုံ့ပန်း ဥပဒေ ချိုးကို ချိုးဖောက်ရာရောက်သည်ဟု ကေအဲန်ယူ၏ ဒုဥက္ကဌ ပဒိုဒေးဗစ်သကဘောက ဝေဖန်ပြောဆိုလိုက်သည်။
 
copy rights_KIC News

မြန်မာစစ်သား ပစ်ခတ်မှု တွင် ကိုယ်ဝန်နှင့်ကျောင်း ဆရာမ ဒဏ်ရာရ

အောက်တိုဘာလ 25 ရက် 2011 ခုနှစ် ။
ပြည်တွင်းစစ်ဖြစ်နေသော ကချင်ပြည်နယ်တွင် မြန်မာ အစိုးရစစ်သားတစ်ဦး ပစ်ခတ်မှုကြောင့် ကိုယ်ဝန်ဆောင် ကျောင်းဆရာမသဲသဲ ထိခိုက် ဒဏ်ရာ ရကာ ဗန်းမော်ဆေးရုံ ရောက်နေကြောင်း ဆရာမနှင့်နီးစပ်သူများပြောသည်။
oct25-burma
မြန်မာစစ်သားများ


ဆရာမသည် အသက် (၃၅) နှစ်ရှိပြီး ကိုယ်ဝန် (၅) လနှင့် မန်မော် (ဗန်းမော်) ခရိုင် အင်မောက် (မိုးမောက်) အစိုးရ အထက်တန်းကျောင်းမှ အလယ်တန်းပြ ဖြစ်သည်။

အောက်တိုဘာ ၂၃ တနင်္ဂနွေနေ့ အိမ်ပြန်လမ်း အင်မောက်အနီး ကွက် (၁) တွင် ဆရာမကို စစ်သားများ ရပ်ခိုင်းသည်။ ထိုချိန် လမ်းဘေး အိမ်တစ်အိမ်မှ ထွက်လာသော စစ်သားတစ်ဦးက ဆရာမ ရပ်နေသည့် နေရာသို့ သေနတ် ပစ်ခတ်လိုက်သည်။

သေနတ်ကျည်ဆံသည် ကျောက်ခင်းလမ်းပေါ် ထိပြီး လမ်းပေါ်မှ ပြန်ထွက်လာသော ကျည်စ သို့မဟုတ် ကျောက်စ (၅) ခုသည် ဆရာမကို ထိမှန်ကာ ဒဏ်ရာရရှိစေခဲ့သည်ဟု မျက်မြင်သက်သေများပြောသည်။

ကျည်စ သို့မဟုတ် ကျောက်စ တစ်ခုသည် ဆရာမ၏ လည်ပင်းထဲစိုက်ဝင်သွားပြီး ခွဲထုတ်ရန်ခက်ခဲကြောင်း နှင့် ၀မ်းဗိုက်တွင်ထိမှန်သော ကျောက်စ သို့မဟုတ် ကျည်စ (၄) ခုမှ ၁ ခုသည် ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

အပြစ်မဲ့ ဆရာမအား ပစ်ခတ်သည့် စစ်သားသည် ဗန်းမော် စကခ ၂၁ အောက် ဒါဆိုင်း(မြို့သစ်) နယ်မြေခံ တပ်ရင်း ခမရ အမှတ် (၃၄၇)မှ ဖြစ်သည်ဟု ဒေသခံများဆိုသည်။

အောက်တိုဘာ ၂၅၊ ယနေ့ အင်္ဂါနေ့ထိ ဆရာမသဲသဲ သည် ဗန်းမော်ဆေးရုံတွင် ရှိနေသေးကြောင်းဆရာမ နှင့်နီးစပ်သူများ ဆက်ဆိုသည်။

နယူးယောက်အခြေစိုက် Human Rights Watch အဖွဲ့က အောက်တိုဘာ ၁၈ ရက် ကြေညာချက် ထုတ်ပြန်ပြီး ပြီးခဲ့သည့် ဇွန်လ မြန်မာအစိုးရက ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အား စတင် တိုက်ခိုက် လာချိန်မှအစိုးရ စစ်သားများ ကချင်ပြည်သူများပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရည်ရွယ် ပြုလုပ်နေကြောင်း ဝေဖန်ခဲ့ သည်။
 
သတင်းရင်းမြစ် - ကချင်သတင်းဌာန

2011/10/26

အမေရိကန် အထူးသံတမန် ဒေါ်အောင်ဆန်းစုကြည် နဲ့တွေ့ဆုံ

2011-10-25
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Derek Mitchell နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဟာ ဒီကနေ့ နေ့လည်က ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် ဒုတိယ သံမှူးကြီးရဲ့နေအိမ်မှာ အချိန် ၁ နာရီခွဲကျော်ကြာ တွေ့ဆုံခဲ့ပါတယ်။
AFP
အမေရိကန်အစိုးရ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell သည် မြန်မာနိုင်ငံ ပထမဆုံးခရီးစဉ်အတွင်း ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့က ဒေါ်အောင်ဆန်းစုကြည်ကို သူမ၏ နေအိမ်တွင် သွားရောက်တွေ့ဆုံပြီး သီးသန့်ဆွေးနွေးခဲ့သည်။

ဆွေးနွေးမှုတွေကို တစုံတရာ ထုတ်ဖော်ပြောဆိုဖို့ မရှိသေးကြောင်း NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးအုံးကြိုင်က RFA ကိုပြောပါတယ်။ ဒါဟာ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ်နဲ့ မူဝါဒရေးရာ ညှိနှိုင်းရေးမှူး Derek Mitchell ရဲ့ ဒုတိယ အကြိမ်မြောက် မြန်မာနိုင်ငံ ခရီးစဉ်ဖြစ်ပြီး သူဟာ မြန်မာအစိုးရနဲ့ ပြည်တွင်းရှိ မြန်မာ့နိုင်ငံရေးနဲ့ သက်ဆိုင်သူတွေအကြား တွေ့ဆုံ ဆွေးနွေးပွဲတွေ ပေါ်ပေါက်လာအောင် မြန်မာနိုင်ငံကို မကြာခဏ လာရောက်ဖို့ ရှိကြောင်း အမေရိကန်သံရုံးက ပြောပါတယ်။ 
 ကိုဇာဂနာရဲ့ နိုင်/ကျဉ်း ကူညီရေး ခရီးစဉ် - သာယာဝတီ 

October 25, 2011 



သာယာဝတီ ထောင်ပိုင်ကြီးနဲ့တွေ့ ပြီး ပါဆယ်၊ ပိုက်ဆံ နဲ့ ဂျာနယ်တွေ အပ်တာပါ..။ အရမ်အဆင်ပြေပြီး အရမ်းဖော်ရွေလို့  အထူးကျေးဇူးတင်ပါတယ်..။ နိုင်ငံရေးအကျဉ်းသား (၃၄) ယောက်အတွက် ပိုက်ဆံ ၃သိန်း ၄သောင်း နှင့် ဂျာနယ် (၈၁) စောင်၊ အထွေထွေ စာအုပ် (၃၄) အုပ်လှူခဲ့ပါတယ်..။ သာဓုခေါ်ကြပါခင်မျာ..။
(ကိုဇာဂနာ ဖေ့စ်ဘုတ်မှ)
Copy from- irrawaddyblog.com

စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် စောသေးကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

အောက်တိုဘာ ၂၂ ရက်နေ့က NLD အမျိုးသမီးအဖွဲ့ဝင်များ၏ ရိုးရာ အထည်လုပ်ငန်းသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်လေ့လာစဉ်
(ဓာတ်ပုံ - AP)
အမေရိကန်နိုင်ငံ အပါအဝင် အနောက်နိုင်ငံများ၏ ဒဏ်ခတ် ပိတ်ဆို့မှုများ မရုပ်သိမ်းမီ  မြန်မာအစိုးရ အနေဖြင့် အပြောင်းအလဲ များစွာ လုပ်ရန်လိုသေးကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က The Wall Street Journal သတင်းစာနှင့် တွေ့ဆုံ မေးမြန်းခန်းတွင် ပြောဆို လိုက်သည်။
ယနေ့ထုတ် အဆိုပါ သတင်းစာတွင် ပါရှိသည့် တွေ့ဆုံ မေးမြန်းခန်းတွင် ဒေါ်အောင်ဆန်းစုကြည်က  သတင်းထောက် ဆီလင်း ဖာနန်ဒတ်ဇ်အား မြန်မာပြည်အပေါ် စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် စောသေးသည်ဟု ပြောရသည့် အချက်နှစ်ချက် ရှိကြောင်း ပြောသည်။
ပထမ တချက်မှာ မြန်မာအစိုးရ အနေဖြင့် နိုင်ငံရေး အကျဉ်းသားများအား ခြွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်ပြီး ဒုတိယအချက်မှာ တိုင်းရင်းသား ဒေသများတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ စစ်ပွဲများနှင့် ပတ်သက်သည့် ပြဿနာများကို ရှင်းလင်းပေးရန် လိုအပ်ကြောင်း၊ ထိုနှစ်ချက်ကို မဖြေရှင်း နိုင်သေးသရွေ့ စီးပွားရေး ပိတ်ဆို့မှု ရုပ်သိမ်းရန် အချိန်မကျ သေးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ရာစုနှစ်အထိမ်းအမှတ် စကားပြောခြင်း (ရုပ်သံ)




(1) ON DEMOCRACY AND NON-VIOLENCE
(2) ON BUDDHISM
(3) ABOUT CHINA AND HONGKONG
(4) ON BURMA'S SITUATION
(Min Kyaw Khine's facebook မှ ...)
Copy from - drlunswe.blogspot

ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ကော်မရှင်ဥက္ကဋ္ဌ ပြည်တော်ပြန်ခြင်း – Saya Gyi Han visits native place

ရန်ကုန်မြို့မှ ပေးစာ
အောက်တိုဘာ ၂၅၊ ၂၀၁၁
photo: Moe Kyaw Lwin/The VOICE
၂၀၁၁ ရွေးကောက်ပွဲမျက်နှာပန်းလှရေး ပြည်ပတွင် အထူး ၀ါယမစိုက်ခဲ့သူ ဦးဟန်ယောင်ဝေက ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့မည်ဟု Messenger ဂျာနယ် အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသည်

ဒီကနေ့ ဖေါ်ဝပ်မေးလ်နဲ့ ရောက်လာတဲ့ စာတစောင် က စိတ်ဝင်စားစရာမို့ မျှဝေချင်တဲ့စိတ် အခြေခံနဲ့ ဒီစာစုကို ရေးပါတယ်။
NCUB – ဥရောပ ကိုယ်စားလှယ် ဦးနွယ်အောင် က သူတက်ခွင့်ရခဲ့တဲ့ Towards Peace and Democracy in Burma, European Parliament, Brussels, 05 October 2010 ကွန်ဖရင့်မှာ အခု ရန်ကုန် ရောက်နေတဲ့ Euro-Burma-Office (EBO)က ဦးဟန်ယောင်ဝေ ပြောခဲ့တာတွေ ကဟောသလို ပါဆိုပြီး ဥရောပ ပါလီမန်အဖွဲ့ဆီ လှမ်းရေးထားတဲ့ စာခင်ဗျ။ အကျဉ်းချုပ်ပြောရရင် ဦးဟန်ယောင်ဝေက

ပြည်တော်ပြန် ဟန်ယောင်ဟွေ့ ကိုယ်တိုင် ထုတ်ပြန်ချက်

1110_HY__Statement

2011/10/25

ကိုဇာဂနာနဲ့အဖွဲ့ ပြည်မြို့ ထောင်ဝင်စာခရီး သွားရောက်

2011-10-24
ဟာသသရုပ်ဆောင် ကိုဇာဂနာဟာ နိုင်ငံရေး အကျဉ်းသားတွေ အကျဉ်းကျရာ မြို့တွေက ထောင်တွေကို သွားရောက်ပြီး ထောင်ဝင်စာပို့တဲ့ ပထမဆုံး ခရီးစဉ်အဖြစ် ဒီကနေ့ ပြည်မြို့ကို ရောက်ရှိခဲ့ပြီး ပြည်အကျဉ်းထောင်မှာ နိုင်ငံရေး အကျဉ်းသားတွေ အတွက် ထောင်ဝင်စာ ပစ္စည်းပေးပို့ခဲ့ကြောင်း သိရပါတယ်။
U.S. Premiere organizers
ဟာသ သရုပ်ဆောင်နှင့် ဒါရိုက်တာ ဇာဂနာ့ အကြောင်း မှတ်တမ်းရုပ်ရှင် ပိုစတာ ဖြစ်ပါသည်။ (U.S. Premiere organizers)
ကိုဇာဂနာနဲ့ အတူ ကိုဂေါ်ဇီလာ၊ ကိုစိန်သီး စတဲ့လူရွှင်တော်တွေ၊ နိုင်ငံရေး၊ လူမူရေးလှုပ်ရှားသူ ကိုမျိုးရန်နောင်သိမ်း၊ ပဲခူး က ကိုကျော်ဝင်းတို့လည်း အတူ လိုက်ပါလာပါတယ်။ ပြည်မြို့က ဒေသခံ နိုင်ငံရေး၊ လူမှုရေး လှုပ်ရှားသူတွေနဲ့ မျက်မောက် မြန်မာ့နိုင်ငံ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား အမြင်ဖလှယ်ကြတဲ့ စကားဝိုင်း တစ်ခုကို ပြုလုပ်ခဲ့ရာမှာ စိတ်ပါဝင်စားသူ ၂၀၀ လောက် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေး အကျဉ်းသား လွှတ်မြောက်ရေး၊ အမျိုးသား သွေးစည်း ညီညွတ်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိမ်းသိမ်းရေးတို့အတွက် ရည်စူးပြီး ညနေ ၇ နာရီလောက်မှာ ဧရာဝတီမြစ် အတွင်း ဆီမီးမျောပွဲ ကျင်းပမယ်လို့ သိရပါတယ်။

ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ

ထောင်နှင့်ချီသည့် ဌာနေပြန် မြန်မာအလုပ်သမားများ အဖမ်းခံရ
အောက်တိုဘာလ ၂၄ရက်။ စောခါးစူးညား (ကေအိုင်စီ)
ထိုင်းနိုင်ငံအတွင်း ရေကြီးမှု ဆက်လက် ဖြစ်ပွားနေခြင်းကြောင့် ဘန်ကောက်မြို့ ရေလွှမ်းမိုးရာနယ်များမှ မြန်မာပြည်သို့ ပြန်ကြ သည့် မြန်မာအလုပ်သမားများ ထောင်နှင့်ချီ၍ ထိုင်းလူဝင်မှုကြီးကြပ်ရေး အဖွဲ့(လ၀က)၏ ဖမ်းဆီးခြင်းကို ခံခဲ့ကြရသည်။

လက်ရှိ မဲဆောက်မြို့တွင် အဖမ်းခံနေရသည့် ဘန်ကောက်မှ မြန်မာအလုပ်သမားဖြစ်သူ စောဖိုးချောက “အခု တောမောရုံး (ထိုင်းလ၀ကရုံး)မှာ အဖမ်းခံရတဲ့သူ တစ်ထောင်ကျော်ရှိမယ်။ အားလုံးဟာ နိုင်ငံကူးလက်မှတ် (Passport)မရှိသူချည်းပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။၎င်းအနေဖြင့် အဖမ်းခံရသူများ စာရင်းတွင် နံပါတ် ၇၀၀ကျော်ဖြစ်ပြီး နောက်ပိုင်း နံပါတ်စဉ်များစွာ ကျန်နေသေးကြောင်းနှင့် ထို အထဲတွင် ကိုယ်ဝန်ဆောင် အမျိုးသမီးအချို့လည်း ပါဝင်သည်ဟု သူက ပြောပြသည်။

လူ့အခွင့်အရေးနှင့် ကိုယ်ကျိုးစီးပွား

 
ဘရပ်ဆဲလ် အီးယူတွင်ကျင်းပသော Organization of International Islamic Cooperation (OIC) နှင့် ဟန်ရောင်ဝေ ၏ ယူရိုဘားမားတို့ ရိုဟင်ဂျာအရေးကိုထောက်ခံဆွေးနွေးနေကြစဉ်ပုံ။
ကျနော် ယခု ရေးသား တင်ပြမည့် အကြောင်းအရာမှာ မြန်မာနိုင်ငံအတွင်းသို့ အိမ်နီးချင်း နိုင်ငံများမှ ဝင်ရောက် အခြေချ လာသော လူမျိုးခြား တရုပ်၊ ကုလားများ အရေးကိစ္စကို မိမိဥာဏ်မီသမျှနှင့် အတွေ့အကြုံတို့ကို ပေါင်းစပ်ပြီး တင်ပြထား ခြင်း ဖြစ်ပါသည်။ ထိုသို့ ရေးသားရာ၌ လူမျိုးစွဲ၊ ဘာသာစွဲ အစွန်းနှစ်ဖက်ကို တတ်နိုင်သမျှ ရှောင်ကျဉ်ပြီး ကြိုးစားရေးသား ရာတွင် မိမိနိုင်ငံ၏ အမျိုးဘာသာ၊ သာသနာ အဓွန့်ရှည်ရေးနှင့် အခြားသော လူမျိုးများ၏ ဘာသာ၊ သာသနာကိုလည်း မထိခိုက်၊ မစော်ကား မိစေရန် အထူးဂရုစိုက်ခဲ့ပါသည်။
အဓိက ရေးလိုသည်မှာ လူ့ခွင့်အရေးကို ခုတုံးလုပ်၍ မိမိတို့လူမျိုး၏ မျိုးရိုး ဗီဇကိုဖုံးကွယ်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား လူမျိုးစု ဖြစ်ပါသည်ဟု ယခုတလောတွင် ဆူညံလာသော ရိုဟင်ဂျာ ကိစ္စကို အဓိကထား ရေးသားခြင်း ဖြစ်ပါသည်။ ကိုယ်ကျိုး စီးပွားရှာရန်အတွက် ဆန်ရေ စပါးပေါများသော ကျွန်ုပ်တို့ နိုင်ငံသို့ သာမန် ခိုးဝင်နေထိုင် နေလာလျှင် လက်ခံနိုင်သေး သော်လည်း၊ လိမ်ညာပြီး လူမျိုးရေးအရ တောင်းဆိုလာမှု၊ ဘာသာရေးအရ လွှမ်းမိုး လာမှုများနှင့် မရိုးသားမှုတို့မှာ လက်ခံနိုင်စရာ မရှိချေ။

2011/10/24


ဒေါ်အောင်ဆန်းစုကြည် နှင့် စမ်းချောင်းမြို့နယ် ဒေသခံများ – Daw Suu visited San Chaung


ဓာတ်ပုံ-AP
ယမန်နေ့က တွေ့ရသော ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်မြို့ စမ်းချောင်းဒေသမှ ဒေသခံများ
ယမန်နေ့က NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်ရှိ ကရင်ရိုးရာ ဂျပ်ခုပ် အထည်လုပ်ငန်း သင်တန်းသို့ သွားရောက်လည်ပတ်ခဲ့သည်။ ထိုသင်တန်းကို NLD က စီစဉ်ခြင်း ဖြစ်သည်။
ဓာတ်ပုံ-AP
ဓာတ်ပုံ-AP


ဓာတ်ပုံ-AP


ဓာတ်ပုံ-NLD
 
copy from http://moemaka.com/2011/10/daw-suu-visited-a-class-of-traditional-hand-weaving-course/

(၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာသီတင်းကျွတ်ပွဲတော် ဂျပန်တွင် ကျင်းပ

 
(၁၂)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲမှ ကြီးမှူး၍ ဒီကနေ့ စက်တင်ဘာ ၂၃ရက်၊၂၀၁၀ တနင်္ဂနွေ နေ့တွင် KIBA ပန်းခြံတွင် မနက် ၁၁း၀၀မှစတင်၍ ကျင်းပခဲ့ရာ မြန်မာရိုးရာ စားစရာရောင်းချသော ဆိုင်ခန်းများ၊ ခေတ်ပေါ် စင်တင်တေးဂီတ တီးဝိုင်းများ စုံလင်စွာဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ပါသည်။

ပထမဦးစွာ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ သီတင်းကျွတ်ပွဲတော် ကျင်းပတဲ့ ရည်ရွယ်ချက် ရှင်းလင်း၍ သီတင်းကျွတ် ပွဲတော်အား ဖွင့်လှစ် ပေးခဲ့ပါတယ်။ ထို့နောက် တေးဂီတ ဖျော်ဖြေမှု အစီစဉ်အရ Power 88 Music Band၊ ရွှေသရ၀ဏ် အငြိမ့်၊ တေးချစ်သူများအဖွဲ့၊ မင်္ဂလာဒိုး အနုပညာအင်အားစု၊ I.Y.F တေးဂီတအဖွဲ့၊ Leack Of Freedom တေးဂီတ အဖွဲ့တို့ဖြင့် ဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်။

ဆက်လက်၍ ၀၀၃၃ NTT(over seaPhoneCompany)မှ ကံစမ်းမဲ ဖောက်ပေးပြီးနောက် ပွဲတော်ကျင်းပ
ရေးကော်မတီ တာဝန်ခံ အတွင်းရေးမှူး ဦးသောင်းမြင့်ဦးမှ ကျေးဇူးတင်စကား ပြောကြားပြီး သီတင်း ကျွတ် ပွဲတော်အား ညနေ ၅း၀၀ရီတွင် အောင်မြင်စွာဖြင့် ရုတ်သိမ်းခဲ့ပါတယ်။ ယနေ့မြန်မာ၊ ဂျပန် ပရိတ်သတ် ၆၀၀ ကျော်ခန့် သီတင်းကျွတ် အလွမ်းပြေ လာရောက် အားပေးခဲ့ကြပါသည်။

သတင်းမှတ်တမ်း။    ။NLD(LA)JB 
သတင်းဓါတ်ပုံ ။    ။ Moe Min Thu

(RHQ)Refgees Head Quarter အကြိမ်(၃၂)မြောက် ချစ်ကြည်ရေးပွဲတော်


၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်။


(RHQ)Refgees Head Quarter မှ ဦးစီးကျင်းပပြုလုပ်သည့် အကြိမ်(၃၂)မြောက် ဂျပန်တွင် အခြေချ နေထိုင်ကြသည့် ဒုက္ခသည်များ၏ ယဉ်ကျေးမှု ပဒေသာ ကပွဲအခမ်းအနားကို ၂၀၁၁ ခုနှစ် အောက်တိုဘာလ (၂၃)ရက်နေ့  Shinjuku မြို့ နယ် Bunka Center Hall ၌ နေလည် ၁ နာရီမှ ညနေ ၅ နာရီအထိ အပိုင်း ၂ပိုင်းခွဲကာ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
အခမ်းအနားအစီအစဉ် ပထမပိုင်းတွင် ပွဲဖြစ်မြောက်ရေး စီစဉ်သူ အာရှလူမှုရေးနှင့် ပညာရေး ဖေါင်ဒေးရှင်း ဥက္ကဌ Mr.TAMISUKE Watanuki နှင့် Shinjuku မြို့နယ် အုပ်ချုပ်ရေးမှူး Ms. HIROKO Nakayama တို့မှ နှုတ်ခွန်းဆက် အဖွင့် အမှာစကား ပြောကြားပြီးနောက် ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနမှ နိုင်ငံခြားဆက်ဆံရေးဌာန လက်ထောက် ညွန်မှူး Mr. YOSHIYA Muto ၊ တရားရေး ၀န်ကြီးဌာနမှ လူဝင်မှုကြီးကြပ်ရေးဌာန ညွန်ကြားရေးမှူး Mr. SHIGERU Takaya ၊ UNHCR ဂျပန်ကိုယ်စားလှယ် Mr. JAHAN Cels တို့မှ ဧည့်သည်တော်အဖြစ် နှုတ်ခွန်ဆက် အမှာစကား ပြောကြားခဲ့ကြပါသည်။
ဆက်လက်ပြီး သ၀ဏ်လွှာ ဖတ်ကြားခြင်း ဂျပန်နိုင်ငံတွင် အခြေချနေထိုင်ကြသည့် ဒုက္ခသည် များအတွက် အလုပ်အကိုင် ဖန်တီးအကူအညီ ပေးသည့် ဌာနများနှင့် ဒုက္ခသည် ကူညီ ထောက်ပံ့ သူများတို့ ကိုလည်း ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ် ချီးမြင့်ခဲ့ပါသည်။ ဂျပန်တွင် အခြေချ နေထိုင်သူများထဲမှ စံပြ အခြေချ နေထိုင်သူ ဒုက္ခသည် (၃)ဦးကိုလည်း ဂုဏ်ပြု လက်မှတ် ချီးမြင့်ခဲ့ပါသည်။

ဒုတိယပိုင်း အခမ်းအနားကို Musashino အလယ်တန်းနှင့် အထက်တန်း ကျောင်းသူများမှ ဘင်ခရာ တီးဝိုင်းဖြင့် တင်ဆက်ပြီး ညီညွတ်သောတိုင်းရင်းသားများအဖွဲ့ အစည်း AUN-Japan မှ မြန်မာနိုင်ငံတွင် ပြည်ထောင်စုသားများ စုပေါင်းညီညွတ်စွာ နေထိုင်ကြမည့် သရုပ်ဖော်အကကို တိုင်းရင်းသား လူမျိုးစုအသီးသီးတို့မှ ရိုးရာယဉ်ကျေးမှု အကများဖြင့် ကပြဖျော်ဖြေခဲ့ပါသည်။ ထိုနောက် ကမ္ဘောဒီယား ၊ လာအို ၊ဗီယက်နမ် နိုင်ငံအသီးသီးတို့ မှ ရိုးရာယဉ်ကျေးမှု အကပဒေသာများဖြစ် တင်ဆက် ဖျော်ဖြေသွားသည့်အပြင် " ကိုဘူရီနာ "ဆပ်ကပ်အဖွဲ့မှလည်း ကပြတင်ဆက် သွားပါသည်။
အာရှလူမှုရေးနှင့် ပညာရေးဖေါင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr.Shigeo Ishisaki မှ ကျေးဇူးတင် စကားပြောကြားပြီး “မွေးရပ်မြေကို သတိရတယ် ” FURUSATO ဂျပန်ရိုးရာ သီချင်းဖြင့် စုပေါင်းသီဆိုကြပြီး အခမ်းအနားကို ပြီးဆုံးခဲ့ကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum

ပြည်သူလူထု၏ အသက်၊ အိုးအိမ်၊ စည်းစိမ်၊ ကျွဲနွား အားလုံး ဖျက်ဆီးခဲ့သည့် ဓါတ်ပုံ မှတ်တမ်းများ


October 16 - Nam San Yang Killing Field

2011/10/23

မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား တိုက်တွန်းတောင်းဆိုသည့် ဆန္ဒပြပွဲ


၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၂ ရက်။


မြန်မာအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်အား ဂျပန်နိုင်ငံသို့ ရောက်ရှိစဉ် တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို တိုကျိုမြို့ရှိ မြန်မာ အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ မြန်မာနိုင်ငံဒီမိုကရေစီကွန်ယက် (ဂျပန်) NDB မှ ကျင်းပပြီး ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။
မြန်မာနိုင်ငံ၌ လက်ရှိ သမတ ဦးသိန်းစိန် အစိုးရသည် မြန်မာနိုင်ငံတွင် စစ်မှန်သည့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အမှန်တကယ် ဖော်ဆောင်မည်ဆိုလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အလွန်အရေးပါသည့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်စဲပေးရန် လိုအပ်ကြောင်း ယနေ့ ကျင်းပပြုလုပ်သည့် ဆန္ဒပြပွဲတွင် မတရားဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ချင်း ရပ်စဲပြီး တပြည်လုံး အတိုင်းအတာနှင့် အပစ်အခတ် ရပ်စဲရေး ပြုလုပ်ပေးရန် တက်ရောက်လာကြသည့် အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံ ကိုယ်စားလှယ်များ တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်း ။ Mai Kyaw Oo
မှတ်တမ်းဓါတ်ပုံ ။ Moe Min Thu ,

2011/10/22

ဖမ်းမိလာစဉ် အသက်ရှင်လျက် နောက်ဆုံးတွေ့လိုက်ရသည့် လစ်ဗျားအာဏာရူး ကြီး ကဒါဖီ (ရုပ်သံ) 

Copy from - drlunswe.blogspot

တိုကျိုရှိ ဂျပန်နိုင်ငံခြားရေး ၀န်ကြီးဌာနရှေ့ ဆန္ဒပြပွဲ

၂၀၁၁ ခုနှစ် အောက်တိုဘာလ ၂၁ ရက်။


ဂျပန်အစိုးရအား တိုက်တွန်း တောင်းဆိုသည့် ဆန္ဒပြပွဲကို မြန်မာ့ဒီမိုကရေစီ ကွန်ယက်(ဂျပန်) Network for Democracy in Burma (NDB)မှ ဦးစီး၍ ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရုံးရှေ့သို့ ယနေ့ ညနေ ၂း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။
မြန်မာနိုင်ငံတွင် စစ်တပ်မှ အသွင် ပြောင်းလာကြသည့် စစ်အုပ်စု သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သည် စစ်မှန်သည့် ဒီမိုကရေစီရေး ပြုပြင် ပြောင်းလဲမှုများ  ခိုင်မာသော ခြေလှမ်းများ လှမ်းခြင်း  မရှိသေးသည့်အပေါ် ဂျပန်အစိုးရ အနေဖြစ် သတိပြုမိဖို့နှင့် ယုံကြည်ချက်ကြောင့် မတရား အဖမ်းဆီးခံ နေကြရသည့် နိုင်ငံရေး အကျဉ်းသားများ ဆက်လက် ဖမ်းဆီး ထိန်းသိမ်းထားခြင်း၊ တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်ကာ တိုက်ခိုက်နေမှုများ ဆက်ဖြစ်ပွါး နေသည့်အတွက် ၀န်ကြီးအနေဖြင့် မြန်မာအစိုးရအား အထက်ဖော်ပြပါ ကိစ္စနှစ်ရပ်ကို ပြတ်ပြတ် သားသားတောင်းဆို မှုပြုပေးရန် ကျွန်ုပ်တို့အနေဖြင့် မေတ္တာရပ်ခံပါသည်။

နှစ်ပေါင်း ၂၀ ကျော်ကြာအတွေ့အကြုံများအရ မြန်မာအစိုးရ အဆက်ဆက်သည် အပြောင်းအလဲ အနည်းငယ်မျှ ပြုလုပ်ပြကာ နိုင်ငံတကာ၏ ထောက်ခံ ပံ့ပိုးမှု ရရှိရန်နှင့် ၄င်းတို့ အကျိုးစီးပွား ဖြစ်ထွန်းရေးအတွက် လုပ်ဆောင် အကောင်အထည် ဖော်လေ့ရှိသည်ကို ၀န်ကြီး အနေဖြင့် အထူး သတိထားရန် အသိပေးပါသည်။

ဂျပန်အစိုးရ အနေဖြင့် လက်ရှိ မြန်မာ အစိုးရသစ်အား ပေးအပ်မယ့် ODA ခေါ်ဖွံ့ဖြိုးမှု အကူအညီနဲ့ ပတ်သက်ပြီး.......

မြန်မာစစ်တပ် လက်နက် သင်္ဘော ၂ စီးအား KIA ပစ်ခတ်ဖျက်ဆီး

irrawaddy-oct19myen
Wednesday, 19 October 2011,
မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ်တွင် ပြည်တွင်းစစ် ပိုမိုပြင်းထန်လာချိန် မြန်မာအစိုးရ၏ စစ်လက်နက် တင် သဘောင်္ ၂ စီးအား KIA မှ အောက်တိုဘာ ၁၇ က ပစ်ခတ် ဖျက်ဆီးခဲ့ကြောင်း KIA သတင်း ရပ်ကွက်မှ သိရသည်။

အောက်မြန်မာပြည်မှ ကချင်ပြည်နယ်သို့ စစ်လက်နက် တင်ဆောင် လာသော သဘောင်္ ၂ စီးအား စစ်ရဟတ်ယာဉ် နှစ်စီးဖြင့် ဧရာဝတီမြစ် တဘက်တချက် လုံခြုံရေး ယူထားသည့်ကြားက မြစ်ကြီးနားမြို့သို့ ချဉ်းကပ်ရန် မိုင်အနည်းငယ် အကွာတွင် ယခုလို KIA မှ ပစ်ခတ် ဖျက်ဆီးခဲ့သည်။

ထိုသဘောင်္ ၂ စီးတွင် လိုက်ပါသော မြန်မာစစ်သား အားလုံးလည်း သေဆုံးပြီး သဘောင်္ ၂ စင်းလည်း ပေါက်ကွဲကာ ရေထဲနှစ်မြုပ်သွားသည်ဟု KIA သတင်းရပ်ကွက်က ဆိုသည်။

အဓိက ရေလမ်းနှင့် ရထားလမ်း နှစ်ခုကို အသုံးပြုကာ မြန်မာစစ်တပ်က အောက်မြန်မာပြည်မှ ၎င်း၏ လူနှင့် စစ်လက်နက်ပစ္စည်းများကို ကချင်ပြည်နယ်သို့ သယ်ပို့ပါသည်။
Copy from - kachinnews.com

ကဒါဖီ ကို အသေ ဖမ်းမိပြီ



ဖုန်းဖြင့် ရိုက်ထားသော ကဒါဖီ ဒါဏ်ရာများဖြင့်ပုံ


ပုန်းအောင်းနေသော စစ်အာဏာရှင်ဟောင်း မိုဟာမက် ကဒါဖီကို သူရဲ့ ဇာတိမြို့  ဖြစ်တဲ့ ဆာ့တ် (Sirte) မှာ အသေ ဖမ်းဆီးရမိ လို့ သိရပါတယ်။

"သူ့ရဲ့  အဖွဲ့ နဲ့  ပြင်းပြင်းထန်ထန် တိုက်ပွဲတွေ ဖြစ်တယ်။ သူဒါဏ်ရာတွေ ရတယ်။ သူ့ခေါင်းကိုလဲ ထိတယ်။ နောက်ဆုံး ဒါဏ်ရာ တွေကြောင့် သေဆုံး သွားပါတယ်"လို့

လစ်ဗျား လမ်းမတွေပေါ်မှာတော့ လစ်ဗျားပြည်သူ လူထုတွေဟာ ပျော်မြူစွာ သေနတ်တွေကို ဝှေ့ရမ်း မီးရှူး မီးပန်းများဖောက် သေနတ်များ ဖောက်ကာ မြူတူးနေကြပါတယ်။
 
သတင်းရင်းမြစ် - ဧရာဝတီ
လစ်ဗျာ အမျိုးသား အသွင်ကူးပြောင်းရေး ကောင်စီ(NTC) ပြောရေး ဆိုခွင့်ရှိသူက Reuters ပြောတယ်။

Al Jazeera သတင်းပြောဆိုချက်အရတော့ တိုက်ပွဲအတွင်း အသေဖမ်းမိကြောင်း အတည်ပြု ပြောဆို ပါတယ်။

2011/10/19

KNLA ကို အစိုးရတပ် ထိုင်းနယ်ဘက်က ၀င်တိုက်

KNLA တပ်ရင်း ၂၀၁ မှ တပ်သားများ (ဓာတ်ပုံ - ဧရာဝတီ)
October 18, 2011
ကရင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA) တပ်မဟာ ၇ အခြေစိုက်စခန်းတခု ဖြစ်သည့် မယ်ပေါ်ထာ့ စခန်းကို အစိုးရ စစ်တပ်က ယနေ့ ထိုင်းနိုင်ငံဘက်မှ ၀င်ရောက် တိုက်ခိုက် ခဲ့သည်ဟု KNLA ကရင် တပ်မှူးတဦးက ပြောသည်။
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိသည့် မယ်ပေါ်ထာ့ စခန်းကို ယနေ့နံနက် ၆ နာရီခန့်က လှိုင်းဘွဲ အခြေစိုက် အစိုးရတပ် ခြေမြန်တပ်ရင်း(ခမရ) ၃၃၉ နှင့် နယ်ခြားစောင့် တပ် အမှတ် ၁၀၁၂ ပူးပေါင်း အင်အား ၄၀ ခန့်က ၀င်ရောက်တိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။
KNLA တပ်မဟာ ၇ အခြေစိုက် မယ်ပေါ်ထာ့စခန်းသည် ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ထာ့ဆောင်ရမ်းမြို့နယ်ရှိ နယ်ခြား သောင်ရင်းမြစ် ၏ မြန်မာနိုင်ငံ ဘက်တွင် တည်ရှိသည်။ KNLA တပ်မဟာ ၇ နှင့် ပူးတွဲ တိုက်ပွဲဝင်နေသည့် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော်(DKBA) ကလို့ထူးလား စစ်ဗျူဟာမှ ဗိုလ်မှူး တာ့ကော် က“ဒီမနက် ၆ နာရီ ၂၀ မှာ သူတို့ ထိုင်းနိုင်ငံ မဲ့သဝေါ ရွာဘက်ကနေ လှေနဲ့ကူးလာပြီး ကျနော်တို့ စခန်းကို လာတိုက်တယ်၊ ကျနော်တို့ဘက်က ပြန်တိုက်တာ ၁၀ မိနစ်လောက်ပဲကြာတယ်၊ သူတို့ပြန်ဆုတ်သွားတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ဂျပန်တွင် ကျင်းပပြုလုပ်သည့် မင်းကိုနို​င်ရဲ့ (၄၉)နှစ်ပြ​ည့် မွေးနေ့ နှင့် နိုင်ငံရေးအကျဉ်း​သားအားလုံး လွတ်မြောက်ေ​ရး တောင်းဆိုပွဲ



၂၀၁၁ ခုနှစ် အောက်တိုဘာလ(၁၈)ရက်။
 
၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ နှင့် နိုင်ငံရေး အကျဉ်း​သားအားလုံး လွတ်မြောက်ေ​ရး တောင်းဆိုပွဲကို ဂျပန်နိုင်ငံ-တိုကျိုမြို့ရှိ မြန်မာ အခွန်ရုံး(သံရုံး)ရှေ့၌ ယနေ့ညနေ ၃း၀၀ နာရီမှ ၄း၀၀ နာရီအထိ ကျင်းပခဲ့ကြပြီး ကိုမင်းကိုနိုင်ကို ချစ်ခင် လေးစားကြ ဂျပန်ရောက် မြန်မာနိုင်ငံသားများ ၁၀၀ ကျော်ခန့် တက်ရောက်ခဲ့ကြပါသည်။ အခမ်းအနားတွင် မတရားဖမ်းဆီး ထားသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်ပေးရန်နှင့် တိုင်းရင်းသား ဒေသများအတွင်း မတရားထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ချက်ခြင်းရပ်ဆိုင်းပေးရန် တိုက်တွန်း တောင်းဆို သွားခဲ့ကြကြောင်း သိရှိရပါသည်။
သတင်းမှတ်တမ်းဓါတ်ပုံ - Mai Kyaw Oo

“ကျင့်တဲ့တရားပဲ အရေးကြီးတယ်” ဟု မင်းကိုနိုင် မွေးနေ့ အမှာစကားပြော

 
နယူးဒေလီ (မဇ္စျိမ) ။         ။ “လူဆိုတာ ရောက်တဲ့နေရာ အရေးမကြီးဘူး၊ ကျင့်တဲ့ တရားပဲ အရေးကြီးတယ်” ဟူ၍ ကျိုင်းတုံထောင်တွင်း ထောင်ဒဏ် ၆၅ နှစ်ကျခံနေရသည့် ၈၈ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်က မွေးနေ့ အမှာစကား အဖြစ် ပြောဆိုလိုက်သည်။

အင်္ဂါနေ့တွင် ကျရောက်သည့် အသက် ၄၉ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ်အဖြစ် အင်းစိန်မြို့နယ် သမိုင်း မြို့မ ပရိယတ္တိ စာသင်တိုက်တွင် ကျင်းပခဲ့ရာ ယင်းကဲ့သို့  ထောင်တွင်းမှ အမှာစကားပေးပို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“သူက အမှတ်တရနေနဲ့ ရေးပေးလိုက်တာပေါ့နော်။ ဘယ်နေရာရောက်ရောက် ရောက်တဲ့နေရာက အရေးမကြီးဘူး
ပေါ့နော်။ ကိုယ့်ရဲ့ကျင့်ကြံမှု၊ ကိုယ့်ရဲ့ နေထိုင်မှု ဒါကို ရည်ညွန်းချင်တယ်လို့ ကျမ ထင်တာပေါ့နော်” ဟု ညီမဖြစ်သူ မမီမီလွင်က မဇ္ဈိမကို ပြောသည်။
mkmbir14
အကျဉ်းကျနေသည့် မွေးနေ့ရှင် ကိုယ်စား ကိုမင်းကိုနိုင်၏ မိသားစုဝင်များက မွေးနေ့ ဆုတောင်း ရွတ်ဆိုနေသည်ကို သမိုင်းမြို့မကျောင်းတွင် တွေ့ရစဉ် (ဓါတ်ပုံ မဇ္ဈိမ)

ကိုမင်းကိုနိုင်မှာ ၂ဝဝ၇ ခုနှစ် လောင်စာဆီဈေးနှုန်း ကျဆင်းရေး လှုပ်ရှားမှုတွင် ပါဝင်ခဲ့မှုဖြင့် ယင်းနှစ် သြဂုတ်လ၂၁ ရက်နေ့က ဖမ်းဆီးခံရကာ ထောင်ကျခံနေရခြင်း ဖြစ်ပြီး မကြာသေးခင်က တမ္မတဦးသိန်းစိန် ၏ လွတ်ငြိမ်း ချမ်းသာခွင့်တွင်လည်း လစ်လျူရှု ခံထားရသူတဦး ဖြစ်သည်။

ဒီကနေ့ မနက် ၈ နာရီမှာ ယုံကြည်ချက်ကြောင့် မတရား အကျဉ်းကျခံ နေရတဲ့ ကိုမင်းကိုနိုင်ရဲ့ (၄၉) နှစ်မြောက် မွေးနေ့ အခမ်းအနားကို သမိုင်းမြို့မကျောင်းတိုက်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။
ဒီနေ့ အစောကြီးကတည်းက ကိုမင်းကိုနိုင်မွေးနေ့ပွဲကို ပရိတ်သတ်တွေရောက်နေကြတယ် အခမ်းအနားကတော့ ၈ နာရီ မှာ စပါတယ်။ ဒေါ်စုကတော့ ၈ ခွဲလောက်မှာ ရောက်လာတယ်၊ ဦးဝင်းတင်တို့ ကိုဇာဂနာတို့ကတော့ ဒီ့ထက်စောရောက် ကြတယ်။ ဇေယျာသော်တို့ GW အဖွဲ့ သားတွေလည်း လာကြတယ်။ ဆောင်းဦးလှိုင် ဇေယျာသော် အနဂ္ဂ ရန်ရန်ချမ်း တို့က ကိုပေါ့် မွေးနေ့ သီချင်းတွေနဲ့ ဖျော်ဖြေကြပါတယ်။ နောက် ကဗျာဆရာတွေက ကဗျာ ရွတ်တယ်။ နို့စိမ်းခေါက်ဆွဲနဲ့ ဧည့်ခံကျွေးမွေးပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေ ကျောင်းသားလူငယ်တွေ NLD ပါတီဝင်တွေ ပြည်သူလူထုတွေ လူပေါင်း ၅၀၀၀ ကျော်လောက် လာရောက်ကြပါတယ်။

copy rights_http://www.naytthit.net/?p=21023

လက်ရှိ အစိုးရ လိမ်နေတယ်ဟု စစ်တွေ ရွှေဝါရောင်ကို ဦးဆောင်သူ အရှင် ဣဿရိယ ပြောကြား

images


လက်ရှိ သမ္မတ ဦးသိန်းစိန် အစိုးရသည် နိုင်ငံရေး အကျဉ်းသား အနည်းငယ်ကို လွှတ်ပေးပြီး တိုင်းပြည်ကို လိမ်လည်ရန် ကြိုးပမ်းနေသည်ဟု သူထင်မြင်ကြောင်း ဘူးသီးတောင်ထောင်ထဲမှ များမကြာမှီက လွှတ်မြောက် လာသူ အရှင် ဣဿရိယက ပြောကြားသည်။

ထောင်မှ လွှတ်လာပြီး များမကြာမှီ စစ်တွေ ရွေဝါရောင်တော်လှန်ရေးကို ဦးဆောင်ခဲ့သူ အရှင်ဣိသရိယအား နိရဉ္စရာမှ ဆက်သွယ်မေးမြန်းရာတွင် အရှင် ဣဿရိယမှ သူ့အမြင်ကို ထိုသို့ ပွင့်ပွင့်လင်းလင်း ပြောကြား ခဲ့သည်။

" အရေးကြီးတဲ့ နိုင်ငံရေး သမားတွေ တစ်ဦး တစ်လေမှ အပ ကျန်တဲ့ ခေါင်းဆောင်တွေ လွှတ်မလာဘူး။ အသက်အရွယ်ကြီးရင့်နေတဲ့ ဗိုလ်ချုပ် ဆေထင်ကို လွှတ်ပေးတယ်။ ဒါပေမယ့် ဦးခွန်ထွန်းဦးကျတော့ လွှတ်မပေးဘူး။ ဆက်ဖမ်းထားတယ်။ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ တခြား ကျောင်းသား ခေါင်းဆောင်တွေကို ကျတော့ ဆက်ဖမ်းထားတယ်။ ဒါတွေကိုကြည့်ရင် တိုင်းပြည်ကို လိမ်ညာဖို့ ကြိုးစား နေတယ်လို့ဘဲ ဦးဇင်းမြင်ပါတယ်။"

တရုတ် - မြန်မာနယ်စပ် တရုတ်တပ်များ တိုးချထား


နယူးဒေလီ (မဇ္ဈိမ) ။     ။ မြန်မာအစိုးရတပ်နှင့် တိုင်းရင်းသား လက်နက်ကိုင်များ တိုက်ပွဲများဖြစ်နေသည့် တရုတ်-မြန်မာနယ်စပ် တလျှောက်တွင် တရုတ်အာဏာပိုင်များက လက်နက်ကိုင် တပ်ဖွဲ့များ တိုးမြှင့်ချထားကြောင်း သိရ သည်။

ကချင်လွတ်မြောက်ရေးတပ်မတော် KIA တိုက်ပွဲများဖြစ်ပွားရာဒေသနှင့် ထိစပ်နေသည့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင်းရှိ  ယင်ကျန်းမြို့၊   ကျန်းဖုံးမြို့၊ မန်စီခရိုင် ရွှေလီမြို့နှင့် မဟိုင်မြို့တို့တွင် တရုတ်ဘက်မှ လုံခြုံရေး တိုးမြှင့် ချထားခြင်း ဖြစ်သည်။

ယင်ကျန်းမြို့မှာ KIA ဌာနချုပ်ရှိရာ လိုင်ဇာအနီးတွင်တည်ရှိပြီး လိုင်ဇာမြို့နှင့် တာပိန်ရေအားလျှပ်စစ် စီမံကိန်းဒေသများသို့ အလွယ်တကူ သွားရောက်နိုင်သည့် မြို့ဖြစ်သည်။ ကျန်းဖုံးမြို့မှာမူ မြန်မာနယ်စပ်မြို့ ဖြစ်သည့် လွယ်ကျယ်နှင့် မျက်နှာချင်းဆိုင် ဖြစ်ကာ ရွှေလီမြို့မှာ ရှမ်းပြည်နယ် မူဆယ်မြို့နှင့် မျက်နှာချင်းဆိုင် ဖြစ်သည်။

မန်စီခရိုင် မဟိုင်မြို့မှာ KIA တပ်မဟာ ၄ ထိန်းချုပ်ရာ ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့အနီးရှိ မုံးကိုးမြို့နှင့်ချောင်းတဖက်သာ ခြားသည်။ “စစ်တပ်ကနေပြီးတော့ လက်နက်ကိုင်တပ်ဖွဲ့တွေ ပြောရမယ်ဗျ။ သူတို့ကနေပြီးတော့ ဒီ အရင်အတုန်းက နယ်စပ် ဘက်မှာ တပ်စခန်းချတာမျိုး မရှိဘူး။ ဒါပေမဲ့ ဒီနောက်ပိုင်းမှ တပ်စခန်းတွေ တော်တော်များများ၊ တပ်အင်အားတွေ တိုးချဲ့လာတာ” ဟု ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ၏ ပြောခွင့်ရပုဂ္ဂိုလ် ဦးလနန်က မဇ္ဈိမကို ပြောသည်။

ရွာသားကို သူလျှိုဟု စွပ်စွဲကာ ဖမ်းဆီးနှိပ်စက်

အောက်တိုဘာလ ၁၈ရက်။ နော်ဆဲကလယ် (ကေအိုင်စီ)
သျှမ်းပြည်နယ်၊ မူဆယ်မြို့နယ် မုန်းပေါ်ရွာအနီး မန်ဂွတ်ရွာ၌ စစ်စိမ်းရောင်ခါးပတ် ပတ်ထားသော ရွာသားတစ်ဦးအား သူလျှိုဟု စွပ်စွဲကာ ခမရ(၅၂၂)မှ ကွတ်ခိုင်ဗျူဟာမှူး ဗိုလ်မှူးကြီးစောကျော်သူ၏ လက်အောက်ခံ တပ်သားများက ယမန်နေ့မနက် ၈နာရီတွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ကိုယ်တိုင်မြင်တွေ့ခဲ့သူ ရွာသားတစ်ဦးက “နှစ်ယောက်ကို ကြိုးတုတ်ဖမ်းတာဗျ။ တစ်ယောက်က သူ့ဖာသာ အိမ်ထဲနေနေတာ။ တစ်ယောက်ကတော့ စစ်စိမ်းရောင်ခါးပတ်ကို ပတ်ထားလို့ သူလျှိုလို့ ပြောပြီးဖမ်းတာ။ နှစ်ယောက်စလုံးက အိမ်ထောင်သည် ကလေးအဖေတွေပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ခမရ(၅၂၂)တပ်ရင်းရှိ တပ်ဖွဲ့ဝင် ၁၂၀ဦးမှာ ရွာတွင်းသို့ တပ်သား ၆၀စီ နှစ်ဖွဲ့ခွဲကာ ၀င်ရောက်လာပြီး ၎င်းရွာသားနှစ်ဦး ကို ရှေ့တန်းစစ်မြေပြင် မုန်းကိုးဒေသဘက်သို့ ခေါ်ဆောင်သွားကြောင်းလည်း ထိုရွာသားက ဆက်လက် ပြောသည်။

ထို့အပြင် ရွာသား ၄ဦးကိုလည်း စစ်ကြောင်းနှင့်အတူ ပေါ်တာအဖြစ် ခေါ်ဆောင်သွားခဲ့သည့်အပြင် ရွာတွင်းရှိ အိမ်မွေးတိရိစ္ဆာန် ကြက်၊ ၀က်နှင့် အမျိုးသမီးထဘီများကိုပါ ယူဆောင်သွားကြောင်းလည်း ဒေသခံတစ်ဦးက ဆိုသည်။

2011/10/18

မစုစုနွေး ပြောပြတဲ့ ထောင်တွင်းအတွေ့အကြုံများ(ရုပ်/သံ) 

မြန်မာအပေါ် ပိတ်ဆို့မှုတွေ ဗြိတိန် ရုပ်သိမ်းဦးမည်မဟုတ်

တနင်္လာ, 17 အောက်တိုဘာ 2011,


မကြာခင်က မြန်မာနိုင်ငံမှာ အကျဉ်းသား ၆ ထောင်ကျော်ကို လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးတဲ့ နေရာမှာ မဆိုစလောက် နိုင်ငံရေး အကျဉ်းသားတွေ ပါဝင်ခဲ့တဲ့အပြင် တခြား သိသာ ထင်ရှားတဲ့ ပြုပြင် ပြောင်းလဲမှုတွေ မရှိသေးတဲ့အတွက် မြန်မာနိုင်ငံအပေါ် ပိတ်ဆို့ အရေးယူ ထားတာတွေကို ဖြေလျှော့ပေးဖို့ အစီအစဉ် မရှိတဲ့အကြောင်းနဲ့ ပြန်လည် သုံးသပ်တာမျိုးတောင် မလုပ်ပါဘူးလို့ ဗြိတိသျှအစိုးရက အာမခံ ပြောဆို လိုက်ပါတယ်။ ဗြိတိသျှ အစိုးရဘက်က တင်းခံထားသ၍ ဥရောပသမဂ္ဂ (EU) အနေနဲ့လည်း မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့ ထားတာတွေကို ရုပ်သိမ်းဖို့ဆိုတာ မဖြစ်နိုင်တဲ့အကြောင်း မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK က ပြောပါတယ်။ ဒီအကြောင်းကို ဦးစံမိုးဝေက ဆက်သွယ် မေးမြန်းထားပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ် မြန်မာနိုင်ငံမှာ အကျဉ်းသားတွေ ပြန်လွှတ် ပေးပြီးတဲ့နောက် ဗြိတိသျှ ပါလီမန် အထက်လွှတ်တော်မှာ မြန်မာနိုင်ငံအကြောင်း ဆွေးနွေး ပြောဆိုတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီလိုဆွေးနွေးတဲ့ နေရာမှာ ဗြိတိသျှအစိုးရ ကိုယ်စား တက်ရောက် စကားပြောတဲ့ ၀န်ကြီးက မြန်မာနိုင်ငံ ကိစ္စနဲ့ ပတ်သက်ပြီး ထွက်ဆို ပြောကြားခဲ့တဲ့ အကြောင်းကို မြန်မာ့အရေး လှုပ်ရှားနေတဲ့ Burma Campaign UK အဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ် ဖာမနာ (Mark Farmanar) က အခုလို ရှင်းပြပါတယ်။
“ဗြိတိသျှပါလီမန် အထက်လွှတ်တော်မှာ အစိုးရရဲ့ကိုယ်စား တက်ရောက် စကားပြောခဲ့တဲ့ ၀န်ကြီးက တရားဝင်ထုတ်ဖေါ် ပြောဆိုရာမှာ အစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်အရေးယူ ပိတ်ဆို့ထားမှုကို ပြန်ပြီး သုံးသပ်တာတို့ ဆွေးနွေးတာတို့ မလုပ်ပါဘူးလို့ အာမခံ ပြောကြားခဲ့ပါတယ်။”အဲဒီလို ဗြိတိသျှ ပါလီမံမှာ အာမခံစကား ပြောဆိုသွားတဲ့ အစိုးရ၀န်ကြီးကတော့ လော့ဒ် ဟိုဝယ်လ် (Lord Howell) လို့ သိရပါတယ်။
မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု လုပ်ထားတာဟာ ထိရောက်မှု ရှိကြောင်းနဲ့ စစ်မှန်တဲ့ ပြုပြင် ပြောင်းလဲမှုတွေ မတွေ့ရမချင်း ဆက်ပြီးထားရှိဖို့ သူတို့အဖွဲ့အနေနဲ့ ဆက်ပြီး ဖိအားပေး တောင်းဆိုသွားမှာ ဖြစ်ကြောင်းလည်း မာ့ခ် ဖာမနာ က ပြောပါတယ်။

ကေအိုင်အိုနှင့် အစိုးရတပ် တိုက်ပွဲများ ယခင်လထက် နှစ်ဆတိုး
 

October 17, 2011
ကချင်ပြည်နယ်မှာ ကေအိုင်အို (ကချင်လွတ်လပ်ရေးအဖွဲ့) နဲ့ အစိုးရအကြား နှစ်ဖက် ကိုယ်စားလှယ်အဖွဲ့ တွေ့ဆုံမှုဟာ မပြေလည်ဘဲ တိုက်ပွဲတွေ များသထက် များလာနေပါတယ်။
ဒီလအတွင်း တိုက်ပွဲဖြစ်နှုန်းဟာ ပြီးခဲ့တဲ့ စက်တင်ဘာနဲ့ နှိုင်းယှဉ်ရင် နှစ်ဆနီးပါး တိုးလာတယ်လို့ ကေအိုင်အို ပြောခွင့်ရသူ ဦးလနန်းက ပြောပါတယ်။
“တိုက်ပွဲကတော့ အခု ခပ်စိပ်စိပ် ဖြစ်လာတယ်။ ကျနော်တို့ရဲ့ စာရင်းဇယားအရ စက်တင်ဘာလ တလ လုံးမှာ တိုက်ပွဲပေါင်းက စုစုပေါင်း ၈၆ ကြိမ်လောက် ဖြစ်တယ်။ ဒါပေမယ့် အောက်တိုဘာလ ၁ရက်နေ့ကနေ ၁၆ ရက်နေ့ထိ တိုက်ပွဲက ၈၄ ကြိမ်လောက် ဖြစ်တယ်။ ဒါကိုကြည့်ခြင်း အားဖြင့် တဖြည်းဖြည်းနဲ့ တိုက်ပွဲ အကြိမ်ပေါင်း များများလာတယ်။”
ဝိုင်းမော်မြို့က အထွက်မှာ အစိုးရဘက်က စိုးမိုးကုန်းတခုကို တိုက်ခိုက်တာ ၄ ရက်ခန့် ကြာမြင့်ပြီ ဖြစ်ပြီး တိုက်ပွဲ ပြင်းထန်တယ်လို့ ကေအိုင်အိုက ပြောပါတယ်။

အစိုးရတပ် ရိက္ခာ အသိမ်းခံရ

24
အောက်တိုဘာလ 16 ရက် 2011 ခုနှစ်။
ကော့ကရိတ်မြို့နယ်ရှိ ဆုံဆည်းမြိုင်နှင့်အူးကလေ့ ထာ့ရွာအကြား၌ အစိုးရတပ်မှ ထော်လာဂျီကား ၂ စီးဖြင့် သယ်ဆောင်လာသော တပ်ရိက္ခာကို လက် နက်ကိုင် မဟာမိတ်တပ်များက ယနေ့နေ့လည်တွင် သိမ်းဆည်းခဲ့ သည်ဟု သိရသည်။

တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်-DKBA၊ ရခိုင်လွတ်မြောက်ရေးပါတီ-ALP နှင့်မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး-ABSDF တို့ ပါဝင်သည့် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ တို့က အစိုးရ တပ်ဘက်မှ သယ်လာ သော ဆန်၊ ပဲနှင့် အမဲဗူးတို့ကို သိမ်းဆည်းခဲ့ခြင်း ဖြစ်သည်။

DKBA မှ ဗိုလ်မှူး စောဆန်းအောင်က “ကျနော်တို့ သိမ်းဆည်းရတဲ့အချိန်မှာ အစိုးရတပ်က စစ်သားတွေ တစ်ယောက်မှ မတွေ့ ဘူး။ ကျနော်တို့အဖွဲ့တွေ လာတာသိလို့ ထွက်ပြေးတာ ဖြစ်မယ်။ ကားထဲမှာ ပစ္စည်းအပြည့်ပဲ။”ဟု ပြောသည်။

အစိုးရတပ်မှ ၎င်းတို့ တပ်ရိက္ခာ သယ်ဆောင်လာသည့် ထော်လဂျီကားမှာ ထိုဒေသရှိ ရွာသူရွာသားများ ကားဖြစ်သည်ဟု သိရ သည်။

ရိက္ခာ သိမ်းဆည်းခံရသည့် အစိုးရတပ်မှာ တပ်မ(၂၂) လက်အောက်ခံတပ်ဖွဲ့များ ဖြစ်သည်ဟု မဟာမိတ် ပူးပေါင်းတပ်များက ပြောသည်။

တဆက်တည်းမှာပင် ကော့ကရိတ်မြို့နယ်အတွင်း တာအုထာ့ရွာဘက်မှာလည်း DKBA နှင့် အစိုးရတပ်တို့ အကြား ယနေ့ ပစ် ခတ်မှု ဖြစ်ပွားခဲ့ရာ အစိုးရဘက်မှ တစ်ဦး ကျဆုံးခဲ့သည်ဟု ဗိုလ်မှူးစောဆန်းအောင်က ပြောသည်။
သတင်းရင်းမြစ် - ကေအိုင်စီ
ဘဘကြီးဦးတင်ဦးကို စော်ကားပြောဆိုခဲ့သူ ဒေါက်တာဝါကာအူဒင်းသို့  အိတ်ဖွင့်ပေးစာ  rfa

2011/10/16

ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်ချက် မင်းကိုနိုင် ထောက်ခံမယ်

 AFP
2011-10-15
ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရ ဆွေးနွေးမှုကို ကြိုဆိုထောက်ခံကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည် ချမှတ်မယ့် ဆုံးဖြတ်ချက်ကို သူလက်ခံမှာဖြစ် ကြောင်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။

ဒီမိုကရေစီ အင်အားစုများ၏ အထွေထွေ ရွေးကောက်ပွဲ အနိုင်ရ နှစ်ပတ်လည်နေ့ ဖြစ်သော ၂၀ဝ၇ခုနှစ် မေလ ၂၇ရက် တွင် လက်ချင်းချိတ်၍ ပါဝင်ဆင်နွှဲနေသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ ဖြစ်ပါသည်။ (ဝဲမှယာ) ကိုမြအေး၊ ကိုကိုကြီး၊ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်။
အောက်တိုဘာလ ၁၄ ရက်နေ့က ကျိုင်းတုံအကျဉ်းထောင်မှာ ကိုမင်းကိုနိုင်ကို သွားရောက်တွေ့ဆုံခဲ့တဲ့ အမဖြစ်သူ ဒေါ်တင်တင်ညွန့် ကို အာအက်ဖ်အေက ဆက်သွယ်မေးမြန်းရာမှာ အခုလို ပြောဆိုလိုက် တာ ဖြစ်ပါတယ်။

“သူ မှာလိုက်တာက သူတို့ အစဉ်တစိုက် တောင်းဆိုလာခဲ့တဲ့အတိုင်း တွေ့ဆုံဆွေးနွေးရေး ဖြစ်လာပြီ။ အဲ့ဒီတော့ အခု အန်တီနဲ့ တဖက် အဖွဲ့အစည်းနဲ့ တွေ့ဆုံဆွေးနွေးနေတာကို ကြိုဆို ထောက်ခံပါတယ်၊ ဒါပေမယ့် Time Frame တော့ ရှိသင့်တယ်လို့ ထင်တယ်တဲ့။ ဒီ ဒိုင်ယာလော့ ကနေပြီးတော့ ရလာမယ့် ရလဒ်အပေါ် အန်တီ ချမှတ်မယ့် Decision ကို သူ လက်ခံပါမယ်တဲ့။ ကျမကို တရားဝင် မှာတာ ဒီစကားလုံးတွေပါပဲ။ ပါတီထောင်ရေးတို့ ရွေးကောက်ပွဲ ဝင်ရေးတို့နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ ထောက်ခံတယ်လို့ရော၊ ကန့်ကွက်တယ်လို့ ရော ကြိုပြီးပြောစရာ အကြောင်းမရှိပါဘူးတဲ့။ ကာယကံရှင်တွေ ကိုယ်တိုင်တောင် တိတိကျကျ မပြောသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ကြိုပြီး ပြောပိုင်ခွင့်လည်း မရှိဘူးတဲ့။ နောက်ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ လမ်းကြောင်းလည်း မပေးဘူး၊ နှပ်ကြောင်းလည်း မပေးဘူး၊ ဆရာလည်း မလုပ်ပါဘူးတဲ့။ ဘာဖြစ်မယ်မှန်းမှ မသိသေးတဲ့ ကိစ္စကို သူ့အနေနဲ့ ဘာမှ သဘောထား မပေးနိုင်ပါဘူးတဲ့”

ဒါ့အပြင် ကိုမင်းကိုနိုင်က လွတ်ငြိမ်းချမ်းသာခွင့် အမိန့်နဲ့ လွတ်မြောက်လာကြ သူတွေအတွက် မိသားစုဝင်တွေနဲ့ ထပ်တူ ဝမ်းသာမိကြောင်းလည်း ပြောဆိုလိုက်တယ်လို့ ဆိုပါတယ်။

ကိုမင်းကိုနိုင်ဟာ သွေးတိုးရောဂါ၊ နှလုံးအားနည်းတဲ့ ရောဂါ၊ ဇက်ကျော ကျည်းပေါင်းတက်တဲ့ ရောဂါနဲ့ ခြေထောက် အတက်ထွက်တဲ့ ရောဂါတွေ ခံစားနေရသလို ပြီးခဲ့တဲ့ ၂ လကစလို့ ခေါင်းမူးတဲ့ ဝေဒနာ ခံစားနေရပြီး ကျန်းမာရေး မကောင်းဘူးလို့လည်း ဆက်ပြောပါတယ်။

ကိုမင်းကိုနိုင်ရဲ့ ၄၉ နှစ်မြောက် မွေးနေ့ပွဲကို မိသားစုနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားတွေနဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဘက်တွေက လာမယ့် အင်္ဂါနေ့မှာ ကျင်းပဖို့ စီစဉ်ထားပြီး ကျန်းမာရေး အခြေအနေ ကြောင့် အကျဉ်းထောင်အတွင်း မကျင်းပနိုင်တော့ဘူးလို့လည်း ဒေါ်တင်တင်ညွန့်က ဆက်ပြောပါတယ်။

“သူ အခု ကောင်းကောင်း နေမကောင်းတော့လေ ထောင်ထဲမှာ မလုပ်တော့ဘူးတဲ့။ သူလည်း နေမကောင်းဘူး၊ ထောင်ပိုင်ကြီးကလည်း ခွင့်နဲ့ ရန်ကုန် သွားနေတယ်။ ဒု-ထောင်ပိုင်လေးကလည်း သင်တန်း တက်နေတယ်၊ သူ ကိုယ်တိုင်လည်း ကျန်းမာရေး မကောင်းတော့ မလုပ်တော့ပါဘူးတဲ့။ သင်္ကန်းပဲ လှူတော့မယ်တဲ့။ သင်္ကန်း ဝယ်ပေးခဲ့ တယ်။ ထောင်က တာဝန်ရှိသူတွေက နေပြီးတော့ လှူပေးမှာပေါ့။ ရန်ကုန်မှာက ကျမတို့ သမိုင်းက မြို့မ ပရိယတ္တိ စာသင်တိုက်မှာ မနက်အစောကြီး အာရုံဆွမ်း၊ သံဃာတွေကို ကပ်မယ်။ နောက်ပြီးတော့ နီးစပ်ရာ ဆွေမျိုး မိတ်သင်္ဂဟတွေကို မနက် ၈ နာရီကနေ ၁ဝ နာရီအထိ ဧည့်ခံပါမယ်”
copy rights_RFA News