Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/11/08

ဖက်ဒရယ် ပြည်ထောင်စု မြန်မာပြည်သူလွှတ်တော်
ဖွဲ့ စည်းခြင်းအားကြိုဆို
ထောက်ခံ သည့် အခမ်းအနား



မှတ်တမ်းဓါတ်ပုံ ၀င်ကြည့်ရန် click
၂၀၁၀ ခုနှစ် နိုင်ဝင်ဘာလ (၇)ရက်။

ညီညွတ်သော တိုင်းရင်းသားများ အဖွဲ့အစည် (ဂျပန်) Association of United Nationality (Japan), AUN Japan မှ ဖက်ဒရယ် ပြည်ထောင်စု မြန်မာနိုင်ငံမှ တော်လှန်တိုက်ပွဲဝင် တိုင်းရင်းသား ပြည်သူလွှတ်တော် ဖွဲ့စည်းခြင်းအား ကြိုဆို ထောက်ခံသည့် အခမ်းအနား တရပ်ကို တိုကျိုမြို့ Takadanobaba အရပ်ရှိ AUN-Japan ရုံးခန်း၌ ယနေ့ညနေ ၆း၀၀ မှ ၈း၃၀ အထိ ကျင်းပ ပြုလုပ်ခဲ့ပါသည်။
ဒီမိုကရေစီရေး အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌါန်း ခွင့်တို့ကို အာမခံမည့် စစ်မှန်သော ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက် ရေးအတွက် ၁၉၉၀ပြည့်နှစ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ၊ ကရင်အမျိုးသားအစည်းအရုံး ကရင်နီအမျိုးသားတိုးတက်ရေးပါတီနှင့် မွန်ပြည်သစ်ပါတီတို့မှ အဆင့်ဆင့် ရွေးကောက်တင်မြောက်ထားသော တိုင်းရင်းသားကိုယ်စာလှယ်များ ပေါင်းစည်းလျက် နိုင်ငံရေးအရ တန်းတူရည်တူ ရှိသော ပြည့်သူ့ လွှတ်တော် တစ်ရပ်ကို(၅ရက် ၁၁လ ၂၀၁၀)နေ့တွင် ဖွဲ့စည်း တည်ထောင်လိုက်ကြောင်း ကြားသိရ သည့်အတွက် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးများတို့မှ ကြိုဆိုထောက်ခံကြောင်းနှင့် သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း ။ Mai Kyaw Oo(PNS-Japan)
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)

aun_statement_2010.11.05

0 件のコメント:

コメントを投稿