Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/03/31

နျူကလီးယား ဓါတ်ရောင်ခြည်နှင့် ပါတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည်

ဂျပန်ငလျင်နှင့် ဖြစ်ပေါ်လာခဲ့သော နျူုးကလီးယား လောင်စါသုံး လျပ်စစ်ဓါတ်အားပေး စက်ရုံ ထိခိုက် ပျက်စီးပြီး ရေဒီယို သတ္တိကြွ ရောင်ခြည်များလွင့်ခြင်း ရေထဲတွင် ဓါတ်ရောင်ခြည်များ ပါဝင်ခဲ့ခြင်များနှင့် ပါတ်သက်၍ ရေဒီယီု သတ္တိကြွ ရောင်ခြည် ဆိုတာဘာလဲ စသဖြင့် အန္တရာယ်များ အကြောင်းကို support21 မှ တာဝန်ယူ ရှင်းပြမည် ဖြစ်ပါတယ်။

ကျနုပ်တို့ ဂျပန်လူမျိုးများသည်ပင် စိုးရိမ် ကြောင့်ကြမူများ ရှိနေပါသည်။ ဂျပန်နိုင်ငံတွင် နေထိုင်ကြသော နိုင်ငံခြားသား များသည်လည်း အလားတူ စိုရိမ်မူများကြောင့် အန္တရာယ်ရှိသော ဂျပန်နိုင်ငံမှ ထွက်ခွာ နေကြပါသည်။ သို့သော် ဂျပန်ရှိ ဒုက္ခသည် အများစုမှာ သွာရေးလာရေး အခက်အခဲ အမျိုးမျိုးကြောင့် ဂျပန်လူမျိုးများထက် ပိုမိုသောကရောက် နေထိုင်နေရသော ဒုက္ခသည်များအတွက် ယ္ခင်ဂျပန် ကာကွယ်ရေးတပ်သားဟောင်း အိုကမီုတိုစန်မှ သိသင့်သိထိုက်သော ဓါတ်ရောင်ခြည်နှင့်ပါတ်သက်သော ရှောင်ရန်ဆောင်ရန် ကာကွယ်ရန် စသဖြင့်သော အကြောင်းအရာများကို ရှင်းလင်း ပြောကြားမည်ဖြစ်ပြီး  ဆရာဦးရွှေဘမှ မြန်မာဘာသာ ပြန်ပေးမည်၊ ထို့အပြင် ပြင်သစ်၊ အင်္ဂလိပ်ဘာသာ စသော  အခြားဘာသာပြန်များ လည်း စီစဉ်ထားပါသည်။

ကိုမြင့်ဆွေ

About サポート21http://www.support21.or.jp/

date: 2011 Apr 2(Sat)18:00~20:00

place: TKP Shibuya conference center Hall3A
http://www.shibuya-kaigishitsu.net/access.shtml

Fee: free but you need to apply
နူကလီးယား စွမ်းအင်သုံးလျှပ်စစ်ဓါတ်အားပေးစက်ရုံ ထိခိုက်ပျက်စီးမှု နှင့်
ကျန်မာရေး ဆိုင်ရာ အမေးအဖြေ

Nuclear plant Question and Answer

ပေးပို့ လာသူ ကိုကျော်ကျော်စိုး အား ကျေးဇူးအထူးတင်ရှိပါသည်။
ထိုင်းနိုင်ငံဆိုင်ရာ US သံအမတ် နယ်စပ် ပညာရေး၊ ကျန်းမာရေး အခြေအနေ လာရောက်လေ့လာ

ထိုင်းနိုင်ငံဆိုင်ရာ ယူအက်သံအမတ် Mrs. Ksistie Kenney နှင့် ဒေါက်တာစင်သီယာမောင် (Photo-KIC)
မတ်လ ၃၀ရက်။

ထိုင်းနိုင်ငံဆိုင်ရာ အမေရိကန် ပြည်ထောင်စု(US) အမျိုးသမီး သံအမတ်ဖြစ်သူ Ksistie Kenney က ထိုင်း-မြန်မာ နယ်စပ်ရှိ မယ်တော် ဆေးခန်း အပါအ၀င် ရွှေ့ပြောင်း အလုပ်သမား ကျောင်းနှင့်  မယ်လ ဒုက္ခသည်သို့ ယနေ့ လာရောက် လေ့လာခဲ့သည်။

သံအမတ် Mrs. Ksistie Kenney သည် ယနေ့ မနက် ၁၀နာရီခန့်တွင် ဒေါက်တာစင်သီယာ၏  မယ်တော် ဆေးခန်းသို့ လာရောက် လေ့လာခဲ့ပြီး မဲဆောက်မြို့ရှိ ဒေါက်တာစင်သီယာမောင်၏ မယ်တော် ဆေးခန်းသို့ လာရောက်ခဲ့ပြီးနောက် လူမှုရေး အဖွဲ့များမှ ဖွင့်လှစ်ထားသည့် စာသင်ကျောင်း အချို့နှင့်  မယ်လ ဒုက္ခသည် စခန်းရှိ ပညာရေး၊ ကျန်းမာရေး လုပ်ငန်းများကို လေ့လာသွားခဲ့ခြင်း ဖြစ်သည်။


သူမက “အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီ(ထိုင်း-မြန်မာနယ်စပ်)က လူဦးရေ အတော်များများကို ပံ့ပိုးခဲ့တာပါ။ ဒါကြောင့် ဒီမှာရှိတဲ့ ကျန်းမာရေး ကူညီစောင့်ရှောက်ရေး လုပ်ငန်း၊ ပညာရေးလုပ်ငန်းနဲ့ ဒုက္ခသည် စခန်းတွေရဲ့ အခြေအနေကို သေသေ ချာချာဖို့ ရည်ရွယ်ပြီးတော့ သက်ဆိုင်ရာ လုပ်ငန်းတာဝန်ခံတွေနဲ့ ကိုယ်တိုင် လာတွေ့ဆုံတာဖြစ်ပါတယ်။ နောက်ထပ် သူတို့ ဘာတွေ လုပ်ဆောင်မလဲနဲ့ ရှေ့ဆက်သူတို့ကို ဘယ်လို ကူညီ ပံ့ပိုးပေးဆိုတာပဲ ဖြစ်ပါတယ်။”ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။

သမ္မတ ကျမ်းကျိန်စဉ်မှာ အလွဲလွဲအချော်ချော်

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းတို့ ကျမ်းကျိန်ဆိုနေသည်ကို တွေ့ရစဉ် (AFP PHOTO/HO/MRTV )

မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ်။

သမ္မတဦးသိန်းစိန်နှင့် ဒုသမ္မတများ ပြည်ထောင်စုလွှတ်တော်တွင် ဗုဒ္ဓဟူးနေ့က ကျမ်း သစ္စာ ကျိန်ဆိုမှု ပြုရာတွင် လွဲချော်မှု ဖြစ်ခဲ့ကြောင်း ပြည်သူ့ လွှတ်တော် အမတ်များက ပြောသည်။

၂၂ နှစ်အတွင်း မြန်မာပြည်အတွက် ပထမဆုံးဖြစ်လာသော ကျမ်းကျိန်ဆိုမှုတွင် သမ္မတ ဦးသိန်းစိန်၊ ဒုသမ္မတ သီဟသူရတင်အောင်မြင့်ဦး၊ ဒေါက်တာစိုင်းမောက်ခမ်းနှင့် ပြည်ထောင်စုလွှတ်တော်နာယက ဦးခင်အောင်မြင့်တို့သာ မတ်တပ်ရပ်နေခဲ့ကြပြီး လွှတ်တော်အမတ်များမှ ထိုင်လျက်သားဖြင့် စောင့်ကြည့်နေခဲ့ကြသည်။

လွဲချော်မှု ဖြစ်ခဲ့ရခြင်းအပေါ် အမတ်များမှ လွှတ်တော်နာယက သို့မဟုတ် လွှတ်တော် ညွှန်ချုပ်တို့မှ ကြိုတင်မှာကြားမှုလုပ်ရန် သတိမေ့လျော့ခဲ့ခြင်းကြောင့်ဟု အပြစ်ပြောသည်။

KIO အုပ်ချုပ်ရေးပိုင်း အရာရှိ ၃ ဦး မြန်မာတပ်၏အဖမ်းခံနေရ

ကချင်ပြည်နယ် အရှေ့ဘက်ခြမ်း ရှေ့တန်းနယ်မြေတွင် ရောက်ရှိသော KIA တပ်သားများ။
30 March 2011 ,

မတ်လအတွင်း ကချင် လွတ်မြောက်ရေးအဖွဲ့ (KIO) အရပ်ဖက်အုပ်ချုပ်ရေးပိုင်းမှ အရာရှိ ၃ ဦးကို မြန်မာ စစ်အစိုးရတပ်က ဖမ်းဆီးထားကြောင်း KIO က ပြောသည်။

၎င်းတို့သည် KIO အောက် “DGA (Department of General Administration)” ခေါ် အရပ်ဖက် အုပ်ချုပ်ရေးဌာန မှ ဒုတိယ တိုက်နယ်မှူး အဆင့် ရှိသူများဖြစ်သည်ဟု KIO အရာရှိများပြောသည်။

ကချင်ပြည်နယ် အနောက်ဘက် ဖားကန့်မြို့နယ်၊ ဆိုင်းတောင်မြို့ (KIO ၏ ဆိုင်းဇွပ်တိုက်နယ်) မှ ဒုတိယ အုပ်ချုပ်ရေးမှူး တပ်ကြပ် မရော်ဘရန်မိုင်နှင့် ဆလန်ကဘာ လဆိုင်းတို့ကို မတ်လ ၂၄ ရက်၊ ဒေသ စံတော်ချိန် မွန်းလွဲ ၁ နာရီခွဲတွင် မြန်မာ စစ်တပ် ခလရ (၇၄)က ဖမ်းဆီးခဲ့သည်။


ဆိုင်းတောင်မြို့ရှိ “ရွှေခြင်္သေ့ ဆီဆိုင်” သို့ အခွန်ကောက်ရန် ရောက်ရှိလာသည့် ယင်း KIO တိုက်နယ် အရာရှိနှစ်ဦးကို မြန်မာစစ်သား ၁၀ ယောက်ကျော်က ၀န်းရံ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

မြန်မာစစ်တပ် ခလရ (၇၄)သည် မိုးကောင်း နယ်မြေခံတပ်ရင်းဖြစ်ပြီး ယခုချိန် ဖားကန့်စစ်ဗျူဟာ ကွပ်ကဲမှုအောက် ဆိုင်းတောင်တွင် တာဝန် ကျနေကြောင်း ဒေသခံများပြောသည်။

2011/03/30

TEPCO က သတင်းတွေကို ထိန်ချန်မှုရှိတယ်ဆိုတဲ့ အသံတွေထွက်လာ

.

TEPCO က သတင်းတွေကို ထိန်ချန်မှုရှိတယ်ဆိုတဲ့ အသံတွေထွက်လာ

ဓာတ်ပေါင်းဖို နံပတ် ၁ ။ ၂။ ၃ တို့၏အပူချိန်လျော့ကျရေးကို တာဝန်ရှိသူများအဓိကထား လုပ်ဆောင် နေကြပါတယ်။ TEPCO ရုံးချုပ်နှင့် ဖူကူရှီးမားရုံးခွဲတို့အကြား သတင်းထုတ်ပြန်မှုကွဲလွဲမှုများရှိနေတဲ့ အတွက် ပြစ်တင်ဝေဖန်မှုများတိုးတက်လာနေပါတယ်။ အစိုးရက ပြည်သူပိုင်လုပ်ရန်စဉ်းစားတဲ့အထိဖြစ် လာပါတယ်။ ညူကလီယားဘေးကင်းရေးဆိုင်ရာပညာရှင်များအဖွဲ့ဟာ အခြေအနေတွေကို ဘယ်လိုနည်း နဲ့အကောင်းဆုံးဖြစ်အောင်ကျော်လွှားဖြေရှင်းနိုင်မလဲဆိုတာ ဆွေးနွေးမှုတွေလည်းလုပ်နေပါတယ်။

အစိုးရက ရေဒီယိုဓာတ်ရောင်ခြည်သင့်မှုကနေ ရှောင်ရှားနိုင်ဖို့ ဓာတ်အားပေးစက်ရုံအနီးပတ်ဝန်းကျင်က နေပြောင်းရွှေ့ဖို့ တိုက်တွန်းလုပ်ဆောင်နေချိန်မှာ TEPCO က သတင်းတွေကို ထိန်ချန်မှုရှိတယ်ဆိုတဲ့ အသံတွေထွက်လာပါတယ်။

ဂျပန်အစိုးရက ကောင်းတဲ့သတင်းပဲဖြစ်ဖြစ် မကောင်းတဲ့သတင်းပဲဖြစ်ဖြစ် ပေးပို့အသိပေးရမယ် ဒါမှသာ ပြည်သူတွေကို အသိပေးနိုင်မှာဖြစ်ပြီး လိုအပ်တာတွေကိုဆောင်ရွက်နိုင်မယ်လို့ ဆိုပါတယ်။

TEPCO က ဓာတ်ပေါင်းဖိုရဲ့အပူချိန်လျော့ကျလာနေတယ်လို့ ၂၉ ရက် ညနေ ၄ နာရီကျော်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာပြောသွားပါတယ်။

ဒီအတောအတွင်း ရေဒီယိုဓာတ်သတ္တိကြွတဲ့ဒြပ်ပါတဲ့ရေတွေ စိမ့်ထွက်မှုရှိနေတယ်လို့လည်း သိရပါတယ်။ အဲဒီလိုစိမ့်ထွက်တဲ့ရေတွေ ပင်လယ်ထဲကို မရောက်သွားစေဖို့ ကွန်ကရစ်တမံတွေကို အရေးပေါ်လုပ်နေ တယ်လို့လည်း သိရပါတယ်။

ပင်လယ်ထဲမှာ ရေဒီယိုဓာတ်သတ္တိကြွတဲ့ပမာဏအဆင့်မြင့်မားနေတယ်ဆိုတဲ့ တိုင်းထွာသိရှိရလို့ ငါးဈေး ကွက်တွေမှာလည်း အကျိုးသက်ရောက်မှုတွေရှိနေသလို တိုးဟိုးကုဒေသက ငါးဖမ်းလုပ်ငန်းတွေ ဆူနားမိ ဘေးကြောင့် အကြီးအကျယ်ထိခိုက်ခဲ့တာကြောင့်လည်း တိုကျိုက ဆုကိဂျိငါးဒိုင်မှာ ငါးအ၀င်နည်းပြီး ပုံမှန် ပမာဏရဲ့ သုံးပုံတပုံပဲရှိပါတယ်၊ ဒီလိုပုံမျိုးနဲ့ဆိုရင် နောက်ထပ် ၂ နှစ် ၃ နှစ်လောက်အထိ ရှေ့အလား အလာဘယ်လိုဖြစ်မလဲဆိုတာ မှန်းရခက်တဲ့အခြေအနေမျိုးလို့ ငါးရောင်းတဲ့သူတဦးက ပြောပါတယ်။

နိုင်ငံ့စီမံကိန်းဆိုင်ရာဝန်ကြီး ခိုးအိချိရို ဂဲန်းဘာ့ က TEPCO က အကျပ်အတည်းကို ကိုင်တွယ်ပုံကို သုံးသပ် ကြည့်ပြီးတဲ့နောက်ပိုင်းမှာ နိုင်ငံပိုင်ပြုလုပ်ရေးဆိုတဲ့လမ်းကို ရွေးချယ်ဖို့ရာဖြစ်လာနိုင်တယ်လို့ပြောပါတယ် ဒါပေမဲ့လည်း အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နိုက သီးခြားပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲတခုမှာ အခုလောလောဆယ်မှာ စဉ်းစားဖို့ရာမရှိဘူးလို့ ပြောပါတယ်။

အစားအစာတွေနဲ့ပတ်သက်ပြီး ဘေးအန္တရာယ်ကင်းရှင်းမှုအဆင့်စံနှုန်းသတ်မှတ်ချက်ကို အစိုးရအနေနဲ့ တနိုင်ငံလုံးကို တပြေးညီသတ်မှတ်ဖို့လိုတယ်လို့ ဖူကူရှီးမားခရိုင်အုပ်ချုပ်ရေးမှူးက မတ်လ ၂၉ ရက်မှာ ပြောဆိုလိုက်ပါတယ်။ ဖူကူရှီးမားခရိုင်။ အီဘားရားကိခရိုင်တို့မှထွက်ရှိသော ဟင်းရွက်များတွင် ပါဝင်သော ရေဒီယိုဓာတ်သတ္တိကြွမှုပမာဏအဆင့် စံနှုန်းသတ်မှတ်ချက်များ မတူညီမှုကြောင့် ဒေသထွက်ကုန်များ အပေါ်တွင် အကျိုးသက်ရောက်မှုအမျိုးမျိုးဖြစ်နေသည့်အတွက် မျှတမှုမရှိလို့ ဆိုပါတယ်။ အဲဒီလို မတူညီ မှုတွေကြောင့် စားသုံးသူတွေမှာ ဝေခွဲမရဖြစ်ရပါတယ်။

တိုကျိုမှာဆိုရင်လည်း အီဘားရားကိခရိုင်နဲ့ ဖူကူရှီးမားခရိုင်ထွက် ဟင်းသီးဟင်းရွက်တွေကို ၀ယ်စားဖို့ လက်တွန့်နေကြပါတယ်။

ကျော်ကျော်စိုး
၂း၃၄ နာရီ
မတ်လ ၃၀ ရက် ၂၀၁၁ ခုနှစ် .

သျှမ်းတပ် မဟာမိတ် လမ်းကြောင်း ဖြတ်တောက်ရန် သံလွင်အရှေ့ခြမ်းသို့ နအဖတပ် အင်အားဖြည့်

နအဖစစ်သားများ
မတ်လ 29 ရက် 2011 ခုနှစ်။

သံလွင် အရှေ့ခြမ်းရှိ သျှမ်းပြည် တပ်မတော်နှင့် ကရင်တပ်ဖွဲ့ ရာချီစစ်အင်အား သံလွင်အနောက် ခြမ်း သို့ အင်အားဖြည့် မည့် နအဖသတင်းကြောင့် စစ်ယဉ်တန်း ၁၆ စီး သံလွင် အရှေ့ခြမ်းသို့ ရောက်ရှိ လာသည်ဟု နယ်စပ် သတင်းရပ်ကွက်က ဆိုပါသည်။

ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့ အတွင်း သံလွင် အနောက်ခြမ်းမှ (မိုင်းပန်ဖက်မှ လာသော) နအဖ စစ်ယာဉ်တန်း ၁၆ စီး (တာ့ဆန်း တံတားကျော်ဖြတ်၍) မိုင်းတုံသို့ ရောက်ရှိကာ မိုင်းကျွတ် မိုင်းထားသို့ ထပ်မံ ပို့လွှတ်လိုက်သည်ဟု အမည်မဖော် လိုသည့် မိုင်းတုံဒေသခံ တဦးကပြောသည်။

copy_rights DVB News

ကော့ကရိတ် စစ်ဆေးရေးဂိတ်ကို DKBA တိုက်ခိုက်

မြ၀တီ-ကော့ကရိတ်-ဘားအံ တရက်ခြား ပြေးဆွဲသည့် ယာဉ်တန်း (ဓာတ်ပုံ - ဧရာဝတီ)
Tuesday, 29 March 2011,

ကရင်ပြည်နယ် ကော့ကရိတ်မြို့အ၀င် စစ်ဆေးရေး ဂိတ်ကို ယနေ့ မွန်းလွဲပိုင်းက တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသား တပ်မတော် (DKBA) တပ်မဟာ ၅ က လက်နက်ကြီးများဖြင့် တိုက်ခိုက်သောကြောင့် ခရီးသွား ယာဉ်တန်း ရပ်ဆိုင်း မှုဖြစ်ပွားခဲ့သည်ဟု ကုန်သည်များက ပြောသည်။ မြ၀တီမြို့ခံကုန်သည် တဦးက“ဒီနေ့က ကားတန်း အဆင်းရက်၊ ဖြစ်တာက ကော့ကရိတ် အ၀င် အဖွဲ့စုံ စစ်ဆေးရေး  ဂိတ်မှာဖြစ်တာ DKBA အဖွဲ့က အဲဒီဂိတ်ကို လက်နက်ကြီးနဲ့ လှမ်းပစ်တာ၊ ကားသမားနဲ့ ခရီးသည်တွေလည်း ကားရပ်ပြီး အားလုံး ဆင်းပြေးကြရတယ်၊ မွန်းလွဲ ၁၂ နာရီကျော်မှာဖြစ်တာ၊ သေနတ်သံ ကတော့ အကြီးအသေး အတိုင်းသား ကြားနေရတယ်”ဟု ဧရာဝတီသို့ ပြောသည်။

ပစ်ခတ်မှုကြောင့် ခရီးသည်များ ထိခိုက်မှု မရှိသော်လည်း စစ်ဆေးရေးဂိတ် အတွင်းရှိ ၀န်ထမ်းတချို့ဒဏ်ရာရရှိကြောင်း၊ ယာဉ်တန်းထဲမှကားတချို့ ဒေါနတောင်တန်းပေါ်တွင် နာရီ အတော်ကြာ ပိတ်မိ နေကြောင်းလည်း ၎င်းက ဆိုသည်။

ငွေတောင်းပြီး နှိပ်စက်သူ စစ်သားနှစ်ဦး အသတ်ခံရ

2011-03-28
မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်မှာ သစ်ဝါးခုတ်သူ အရပ်သားတွေဆီက ငွေကောက်ပြီး (ကပစ) စက်ရုံမှူးကို ပေးနေရတဲ့ စစ်သားနှစ်ယောက်က အရပ်သား လူငယ်နှစ်ဦးဆီက ငွေတောင်းတဲ့အပြင် နှိပ်စက်တဲ့အတွက် အဲဒီလူငယ်တွေက ရဲတင်းနဲ့ ခုတ်လို့ စစ်သားတွေ သေဆုံးတဲ့ အမှုတခု၊ မတ်လ ၂၁ ရက်နေ့က ဖြစ်ခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့အခင်းဖြစ်ကြတဲ့ လူငယ်တွေနဲ့ နီးစပ်သူတဦးက RFA ကို အခုလိုပြောပါတယ်။
“၂၁ ရက်နေ့ ညက ဖြစ်တာက ဒုတပ်ကြပ် မြင့်ဇော်ရယ်၊ တယောက်က ကျောက်ပန်းတောင်းနယ်သား တပ်သားသစ်၊ သူတို့ နှစ်ယောက်က နေပြီး သစ်လှည်း၊ ဝါးလှည်းသမားတွေ ဆီကနေ တောင်းတယ်။ တောင်းတဲ့အခါကျတော့ သစ်လှည်းသမား ဖြစ်တဲ့ ဇော်လှိုင်ဝင်းနဲ့ လှခိုင်၊ သူတို့ နှစ်ယောက်ကနေပြီးတော့ ဒီ ခုနလိုမျိုး ရိုက်နှက်ပြီး တောင်းတာပေါ်မှာ မခံနိုင်လို့မို့ သစ်ခုတ်တဲ့ ရဲတင်းနဲ့ ပေါက်သတ်ပစ်တာမှ ပွဲချင်းပြီး သေတယ်။”

2011/03/29

ရေဒီယိုဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိ

မတ်လ ၂၉ ရက် ၂၀၁၁ ခုနှစ် 
ညူကလီးယား စွမ်းအင်သုံး ဖူကူရှီးမား လျှပ်စစ်ဓာတ်အားပေး စက်ရုံရဲ့ နံပတ် ၂ ဓာတ်ပေါင်းဖို ရှိရာ အဆောက်အဦရဲ့ အပြင်ဘက် တာဘိုင်စက် ထားရှိတဲ့ မြေအောက်ခန်းက ရေထဲမှာ ရေဒီယို ဓာတ်သတ္တိ ကြွတဲ့ဒြပ်တွေ ပျံ့နှံ့နေတဲ့ ပမာဏဟာ ၁၀၀၀ မီလီဆီးလ်ဗာ့တ် ရှိနေပြီး အဲဒီလို မြင့်မားနေတာဟာ  ဓာတ်ပေါင်းဖိုတွင်းက လောင်စာတောင့်တွေ တစိတ်တပိုင်း အရည်ပျော်သွားတာကြောင့် ဖြစ်နိုင်တယ်လို့  ဂျပန်အစိုးရရဲ့ ညူကလီယားနဲ့ စက်မှုလုပ်ငန်းဆိုင်ရာ ဘေးကင်းရေး အေဂျင်စီအကြီးအကဲ ဟာရုကိ မာဒါရာမဲ က မတ်လ ၂၈ ရက်နေ့မှာ ပြောဆိုလိုက်ပါတယ်။

2011/03/28

AUN-japan ၏ သုံးလပတ် ညှိနှိုင်းစည်းဝေး



၂၀၁၀ ခုနှစ် မတ်လ(၂၇)ရက်။

ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း AUN-Japan ၏ ရှေ့လုပ်ငန်းစဉ်များ ညှိနှိုင်း အစည်းအဝေး ကို ယနေ့ ညနေ ၆း၃၀ မှ ၈း၀၀နာရီ အထိ Takadanobaba အရပ်ရှိ AUN ရုံးခန်း၌ ကျင်းပ ပြုလုပ်ခဲ့ပါသည်။

ညှိနှိုင်း အစည်းအဝေးတွင် အဖွဲ့အစည်း အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက်ပြီး ၂၀၁၁ ခုနှစ်မှာ တိုင်းရင်းသား စုပေါင်းရုံးခန်း ရပ်တည် နိုင်ရေးအတွက် လိုအပ်သည့် ကုန်ကျစရိတ် ထည့်ဝင်ငွေ များကိုလည်း ညှိနှိုင်းဆွေးနွေးပြီး၊ အဖွဲ့ဝင် အဖွဲ့အစည်းများမှ စုပေါင်းရုံးခန်း ရပ်တည်ငွေ ပါဝင် ထည့်ဝင်ခဲ့ကြပါသည်။ ဆက်လက်၍ တိုင်းရင်းသား အင်အားစုများတို့မှ လှုပ်ရှား ဆောင်ရွက် သွားကြမည့် လုပ်ငန်းများနှင့် ဂျပန် ငလျင် ဒေသအတွက် အလှူငွေများကို အဖွဲ့အစည်းအသီးသီးတို့မှ ထည့်ဝင်လှူဒါန်းသွာရန် ဆုံဖြတ်ခဲ့ကြကြောင်း သိရှိရပါသည်။

သတင်းမှတ်တမ်း။      ။ Mai Kyaw Oo
သတင်းဓါတ်ပုံ။          ။ Moe Min Thu

မြန်မာ လူ့အခွင့်ရေးဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်း ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အတည်ပြု

ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ ၁၆ ကြိမ်မြောက် အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့တွင် ပြုလုပ်နေစဉ်။ (UN Photo/Jean-Marc Ferré)
2011-03-27

မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ စိုးရိမ်ကြောင်း ဖော်ပြထားတဲ့ ဆုံးဖြတ်ချက် မူကြမ်းကို ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက သောကြာနေ့က အတည်ပြုလိုက်ပါတယ်။

ဒီ မူကြမ်းမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ တောမတ် ကင်တားနားရဲ့ အစီရင်ခံစာကို ကြိုဆိုထားပြီး မြန်မာနိုင်ငံမှာ ပြည်သူတွေရဲ့ လူ့အခွင့်အရေးနဲ့ လွတ်လပ်မှုတွေကို စနစ်တကျ ချိုးဖောက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေတာကို ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်းနဲ့ မစ္စတာ ကင်တားနားကို မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်အဖြစ် ဆက်လက် တာဝန်ပေးဖို့ သက်တမ်းတိုး ခန့်အပ်ကြောင်း ဖော်ပြထားပါတယ်။

ဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး မစ္စတာ ကင်းတားနားက- လူ့အခွင့်အရေးကောင်စီက လုပ်ငန်းတာဝန် သက်တမ်း တိုးပေးတဲ့အတွက် ဝမ်းမြောက်ကြောင်း၊ မြန်မာပြည်သူတွေ လူ့အခွင့်အရေး တိုးတက် ခံစားရဖို့အတွက် သက်ဆိုင်သူအားလုံးနဲ့ ပူးပေါင်း ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ မူကြမ်းကို အတည်ပြု လိုက်တာဟာ သတင်းကောင်းဖြစ်ကြောင်း အာအက်ဖ်အေကို ပြောကြားပါတယ်။

ဂျီနီဗာ လူ့အခွင့်အရေး ကောင်စီမှာ မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းကို ဥရောပသမဂ္ဂ နိုင်ငံများ ကိုယ်စား ဟန်ဂေရီနိုင်ငံက အဆိုပြုခဲ့တာ ဖြစ်ပြီး မြန်မာ၊ တရုတ်၊ ရုရှားနဲ့ ကျူးဘားနိုင်ငံတွေက ကန့်ကွက်ခဲ့ပါတယ်။ တရုတ်၊ ဂျပန်၊ ထိုင်းနဲ့ မလေးရှားနိုင်ငံတွေကတော့ ဒီဆုံးဖြတ်ချက် မူကြမ်းမှာ အပြုသဘော ဆောင်ရွက်ချက်တွေ မပါဝင်တာကို ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

Copy from - rfa.org/

2011/03/27

တာချီလိတ် နောက်ဆက်တွဲ ငလျင် အခြေအနေ



Copy from ,You Tube video- AlJazeeraEnglish


ပေးဝေထားသော အစားအသောက်ထုပ်များနှင့် တွေ့ရသော ကိုရင်များနှင့် ကျောင်းသား (Photo - Getty Images)

ဒီနေ့ မတ်လ ၂၇ ရက်နေ့မှာ တာချီလိတ်မှာ မိုးရွာပြီး နံနက် ၃ နာရီ၊ ၅ နာရီနဲ့ ၇ နာရီတို့မှာ နောက်ဆက်တွဲ ငလျင် ထပ်လှုပ်ပါတယ်။ ဒေသခံ တွေကတော့ ကျီးလန့်စာစား ဖြစ်နေပြီး မိုးကလည်း ရွာနေတော့ ကွင်းပြင်တွေမှာ ထွက်ပြီးနေရတဲ့ လူတွေ တော်တော် ဒုက္ခရောက်ပါတယ်။ နေစရာမရှိ ဖြစ်နေတယ်။

အကူအညီပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းများကို မေးမြန်း ကြည့်ချက်အရ သေဆုံးသူ စုစုပေါင်း ၃၀၀ အထိ ရှိနိုင်တယ်လို့ ဆိုပါတယ်။

အဲဒီဒေသကို ရောက်ရှိနေတဲ့ မျက်မြင်များရဲ့ သတင်းပေးပို့ချက်အရ လူမှုဝန်ထမ်း ကယ်ဆယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ကိုယ်တိုင် အဲဒီမှာ ရောက်ရှိနေပေမယ့် ဘာကယ်ဆယ်ရေး စခန်းမှ မယ်မယ်ရရ မရှိပါဘူးတဲ့။ အခြေအနေဆိုးတဲ့ တာလေမြို့နယ်ဘက်ကို အရပ်ဖက် အလှူရှင်များက လိုအပ်တာတွေ စုဆောင်း လှူဒါန်း နေတာမျိုးပဲ ရှိပါတယ်တဲ့။

(Photo - Reuters)
တာချီလိတ် ဆေးရုံကို သွားကြည့်တော့ လူနာတွေကို အဲဒီမှာ အခြေစိုက်တဲ့ တပ်ရင်း ၃၃၁ နဲ့ ၃၅၉ တို့ဆီကို ရွှေ့သွားပြီလို့ ပြောပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ မီဒီယာသမားတွေ ရောက်ရှိလာတဲ့အတွက် အခြေအနေတွေကို မသိစေချင်လို့ အထက်က ညွှန်ကြားတာကြောင့် စစ် တပ်ထဲရွှ့ပြောင်း ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တရုတ်ကတော့ မြန်မာငလျင်အတွက် အလှူငွေ ဒေါ်လာ ၅ သိန်းပေးမယ်လို့ ကမ်းလှမ်းလိုက်ပြီး အိန္ဒိယကတော့ အကူအညီပေးရေး အဖွဲ့တွေ စေလွှတ်ဖို့ အသင့်ပါလို့ အသီးသီး ပြောဆိုထားကြပါတယ်။

သတင်းရင်းမြစ် - ဧရာဝတီ ဘလော့ဂ်
ကဒါဖီ၏ တပ်မှ စစ်သား ၁၅ ဦးက လက်ထိပ်ခတ်ပြီး နှစ်ရက်တိုင်တိုင် မုဒိမ်း ကျင့်ခံရ




ဗီဒီယိုတွင် လစ်ဗျား ခေါင်းဆောင် ကဒါဖီ၏ တပ်မှ စစ်သား ၁၅ ဦးက လက်ထိပ်ခတ်ပြီး နှစ်ရက်တိုင်တိုင် မုဒိမ်း ကျင့်ခံရသည့် အမျိုးသမီး တစ်ဦး ထရီပိုလီတွင် သတင်းစာ ရှင်းလင်းပွဲ လုပ်ရန် ပြင်ဆင် နေစဉ် လစ်ဗျား ကြံ့ဖွတ်များက ၀င်ရောက် ဖမ်းဆီး ထိန်းသိမ်း သွားသည်ကို တွေ့ရမည်။

Copy from _freedomnewsgroup.com

2011/03/26


prayer_20invitation_2Epdf

ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲ

Photo by-Ap
မတ်လ ၂၅ ရက် မွန်းလွဲပိုင်းမှာ ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်လို့ အလုပ်သမား  ၃ ဦးအနက် ၂ ဦးဟာ ဓာတ်ရောင်ခြည် သင့်ခံခဲ့ရတယ်လို့ ထုတ်ပြန်ပြောဆို သွားပါတယ်။ ဓာတ်ရောင်ခြည် သင့်ခံရတဲ့သူ ၂ ဦးဟာ လက်မောင်းနဲ့ ခြေထောက်တွေမှာ မီးလောင်ခံရသလို အရေပြားတွေ လန်ထွက်ခဲ့ပါတယ်။ အလုပ်သမားတွေဟာ ဓာတ်ပေါင်းဖိုရှိတဲ့ အဆောက်အအုံအနီးက တာဘိုင် အင်ဂျင်စက်ထားတဲ့ အဆောက်အဦတွင်းမှာ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။

Photo-Reuter
ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ အကြောင်း ၂ ခုအရဖြစ်နိုင်တယ်လို့ တွက်ဆကြပါတယ်။ ပထမတချက်က အသုံးပြုပြီး ညူကလီယား လောင်စာတောင့်တွေ ထားရှိတဲ့ ရေလှောင်ကန်ကနေ ရေဒီယို ဓာတ်သတ္တိကြွဒြပ်တွေ ယိုစိမ့်ထွက်တာ ဖြစ်နိုင်တယ် ဆိုတာပါပဲ။

copy_right DVB News

2011/03/23

ပြည်သူများအပေါ် စစ်အစိုးရ၏ ပိတ်ဆို့ ဖိနှိပ်မှုများကို ချက်ချင်းရုပ်သိမ်းပေးရန် တောင်းဆို


Joint Statement No-1-2011 of ABMA__43;88__43;ABFSU_Bu -

အစိုးရသစ် ငြိမ်းချမ်းရေး အကောင်အထည် ဖော်နိုင်မယ့်အပေါ် သံသယရှိ


မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ ပြည်တွင်းစစ်ပွဲတွေ ရပ်စဲပြီး ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ရာဟာ ၂၀၀၈ ခုနှစ် အခြေခံဥပဒေ ဘောင်ထဲကနေပဲ လုပ်သွားရမှာ ဖြစ်တယ် လို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဗိုလ်ချုပ် ကြီးဟောင်းသူရ ဦးရွှေမန်းကပြောလိုက်ပါတယ်။ ဒါပေမဲ့လည်း ၂၀၀၈ အခြေခံဥပဒေဟာ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့သာ ဖြစ်တာမို့ ဒီအခြေခံဥပဒေကနေ ငြိမ်းချမ်းရေး တည်ဆောက်ဖို့ ဆိုတာကို အယုံအကြည် မရှိဘူးလို့ ကရင်အမျိုးသား အစည်းအရုံး (KNU) က တုံ့ပြန်ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ စုံစမ်းထားတဲ့ ကိုကျော်ကျော်သိန်းက သတင်းပို့ထားပါတယ်။

မတ်လ ၂၁ ရက်နေ့မှာ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးအတွင်း ကရင်ပြည်နယ်၊ လှိုင်းဘွဲ့ မြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစောသိန်းအောင်က ကရင်ပြည်နယ် ပြည်သူ လူထုရဲ့ လိုလားတောင့်တချက်ဆိုပြီး အပစ်အခတ် ရပ်စဲရေးကိစ္စ၊ ကရင်ပြည်နယ် အတွင်းက စစ်ပြေးဒုက္ခသည် ကိစ္စတွေနဲ့ ပတ်သက်လို့ မေးမြန်းခဲ့တဲ့အပေါ်မှာ လွှတ်တော်ဥက္ကဋ္ဌက ပြန်ပြီးတော့ မှတ် ချက်ပေးပြောဆို ခဲ့တာပါ။

ပင်လယ်ထဲမျောပါသူ မြန်မာရေလုပ်သားတွေ ကယ်ဆယ်


ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းတွေမှာ ပြီးခဲ့တဲ့အပတ်က တိုက်ခတ်ခဲ့တဲ့ လေပြင်းမုန်တိုင်း ဒဏ်ကြောင့် မြန်မာရေလုပ်သား အများအပြား ပင်လယ်ထဲ မျောပါသွားခဲ့ပါတယ်။ ဒီအထဲက ပင်လယ်ပြင် ထဲက ပြန်လည်  ကယ်ဆယ်နိုင်ခဲ့တဲ့ ရေလုပ်သား အများအပြား ဟာလည်း ဒီကနေ့ထိ တနင်္သာရီ တိုင်းကော့သောင်းမြို့ နယ်ထဲကို ပြန်လည်ရောက်ရှိလာဆဲ ဖြစ်ပါတယ်။ ကျန်သူတွေကိုလည်း ရှာဖွေနေကြ ဆဲပဲလို့ ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုကျော်ထင်က တင်ပြပေးထားပါတယ်။

ဧရာဝတီတိုင်း အတွင်းက ရေလုပ်သား အများအပြားဟာ ပြီးခဲ့တဲ့ မတ်လ ၁၄ ရက်နေ့ ည သန်းခေါင် မှာဖြစ်ခဲ့တဲ့ လေပြင်း မုန်တိုင်းကြောင့် ရေထဲမျောပါသွားရာက အဲဒီအထဲ ရာနဲ့ချီသူတွေကို ပင်လယ်ပြင် ထဲက ပြန်ကယ်တင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာ မြို့နယ်တွေက ပုစွန်ဖမ်း လုပ်သား အများအပြား အပါအ၀င် ရေလုပ်သားတွေဟာ ပင်လယ်ထဲ မျောပါသွားခဲ့ပြီး အခုလောလောဆယ် မှာ အဲဒီအထဲက ၄၀၀ နီးပါးကို ကော့သောင်းမြို့နယ်မှာ ကယ်တင်နိုင်ခဲ့ပါတယ်။
လေပြင်းတိုက်ခတ်မှုကြောင့် ပင်လယ်ထဲ မျောပါသွားပုံကို ဖျာပုံမြို့နယ်က လှေလုပ်သားတဦးက အခု လို ပြောပါတယ်။`

2011/03/22

ကနဲလေး စခန်းအနီးအနားတွင် နအဖ တပ်များ တိုက်ခိုက်ခံရ

ဝေါ်လေဒေသမှ KNLA တပ်ရင်း (၂၀၁)မှ တပ်ဗိုလ်၊ တပ်မှူးနှင့် ရဲဘော်များ ခရီးထွက်ရန် ပြင်ဆင်နေစဉ်
မတ်လ ၂၁ရက်နေ့၊ (ကေအိုင်စီ)

ကရင်ပြည်နယ်၊ ဝေါ်လေဒေသအတွင်းရှိ ကနဲလေးတပ်စခန်း အနီးအနားတွင် ၀င်ထွက်သွားလာနေသည့် နအဖ တပ်ဖွဲ့များကို ကရင်တပ်ဖွဲ့ဝင်များက ယနေ့မနက်ပိုင်း၌ နှစ်ကြိမ်တိုင် အလစ်ဝင်တိုက်ခိုက်ခဲ့ရာ နအဖ တပ်ဘက်မှ ၇ဦးသေဆုံးပြီး ၃ဦးဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်တပ်ဖွဲ့ဝင်ဘက်က ပြောသည်။

ကရင်အမျိုးသား လွှတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း (၂၀၁)မှ ဒုရင်းမှူး ဗိုလ်မှူး စောကြည်အောင်က “ဒီမနက် ၅နာရီ မိနစ် ၂၀လောက်မှာ တစ်ကြိမ်၊ ၇နာရီခွဲလောက်မှာ တစ်ကြိမ်၊ သူတို့စခန်း (ကနဲလေးစခန်း) အနီးအနားမှာပဲ ကျနော်တို့ လူတွေ ၀င်ပစ်တာ အဲဒီမှာ သူတို့လူတွေ ၇ဦးသေတယ်။ ၃ဦး ဒဏ်ရာရတယ်။ ကျနော်တို့ လူတွေ ထိခိုက်တာမရှိ။”ဟု ကေအိုင်စီကို ပြောသည်။

အဆိုပါ ကနဲလေးစခန်းရှိ နအဖ တပ်ဖွဲ့ဝင်များသည် တပ်ရိက္ခာများ သယ်ယူပို့ဆောင်ရေးတွင် အသုံးပြုရန် ၄င်းတို့ စခန်းတွင် မြင်း ၁၇ကောင် ခေါ်ယူထားကြောင်း ထိုဗိုလ်မှူးက ပြောသည်။ လက်ရှိ ကနဲလေး စခန်းတွင် နအဖ ခြေမြန်တပ်ရင်း-ခမရ (၃၄၆)၊ (၅၄၄)နှင့် ခြေလျှင်တပ်ရင်း-ခလရ (၃၁၀) တပ် ဖွဲ့ဝင်များ ၀င်ထွက်သွားလာ လှုပ်ရှား လျှက်ရှိသည်ဟု သိရသည်။

သတင်းရင်းမြစ် - (ကေအိုင်စီ)

လစ်ဗျား လေကြောင်းတိုက်ခိုက်မှု ကဒါဖီရဲ့ အိမ်ကိုထိ

တရီပိုလီမြို့က ကဒါဖီ အိမ်ခြံဝင်ထဲက အဆောက်အဦးတခု ထိခိုက်ပျက်စီး(ဓါတ်ပုံ၊BBC)
လစ်ဗျားက အစိုးရတပ်တွေကို လေကြောင်းကနေ ဒုတိယမြောက်ညအဖြစ် တိုက်ခိုက် ခဲ့တဲ့ အနောက်နိုင် ငံတွေရဲ့ ညွန့်ပေါင်းတပ်ဖွဲ့ဟာ လစ်ဗျားခေါင်းဆောင် ကဒါဖီနေတဲ့ နေရာနဲ့ သူရဲ့ စစ်ထိန်းချုပ် စခန်းတခုကို ထိမှန်အောင် ပစ်ခတ်ခဲ့ပါတယ်။

မြို့တော် ထရစ်ပိုလီက ဘတ်ဘ် အယ်လ်အဇိဇိယ ခြံဝင်းအတွင်းက လေးထပ် အဆောက်အဦး တခုဟာ တော်တော်လေး ပျက်စီးသွားတယ်လို့ အဲဒီနေရာကို ရောက်ခဲ့တဲ့ သတင်းထောက်တွေ ကပြော ပါတယ် ။

အခု ဗိုလ်မှူးကြီး ကဒါဖီရဲ့ နေအိမ်ကိုပါ ပစ်ခတ်ဗုံးကြဲခဲ့တဲ့အတွက် ညွန့်ပေါင်းတပ်တွေ ရဲ့ လေကြောင်းရန် ကနေ ခေါင်းဆောင် ကဒါဖီကို ပစ်မှတ်ထားပြီး တိုက်ဖို့ ရည်ရွယ်ချက် မရှိပါဘူးလို့ ပြောပါတယ်။

ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်အရ လစ်ဗျား ပြည်သူတွေကို ကာကွယ်ဖို့ အတွက်ပဲ စစ်ရေးအသုံးပြုတာကို ခွင့်ပြုပြီး လစ်ဗျားခေါင်းဆောင်ကို တိုက်ခိုက်ဖို့ ခွင့်ပြုမထားဘုးလို့ ဗြိတိန်ရဲ့ ကာကွယ်ရေးဦးစီးချုပ် ဆာ ဒေးဗစ် ရစ်ချက်စ်က ပြောပါတယ်။

RCSS/SSA နှင့် ရင်ဆိုင်တိုက်ပွဲ နအဖ အရာခံဗိုလ်နှင့် အရာရှိများသေဆုံး

သျှမ်းပြည်တပ်မတော် RCSS/SSA (ဓာတ်ပုံ-S.H.A.N.)
မတ်လ 21 ရက် 2011 ခုနှစ်။

သျှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ သျှမ်းပြည်တပ်မတော် RCSS/SSA နှင့် နအဖတပ် အကြား တိုက်ပွဲများ ဖြစ်ပွားရာ နအဖ၏ အရာခံ ဗိုလ်နှင့် တပ်မှူးတချို့ ကျဆုံးခဲ့သည်ဟု သိရသည်။

အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် အခြေစိုက်မည့် သျှမ်းပြည် အလယ်ပိုင်း ခိုလမ်မြို့နယ်ခွဲသစ်  တဝိုက်တွင် အရှေ့ အလယ်ပိုင်းတိုင်း လုံခြုံရေး တပ်များဖြစ်သော ကွန်ဟိန်း အခြေစိုက် ခလရ ၂၄၆ ၊ ခမရ ၅၂၄ နှင့် သျှမ်းပြည်တပ် မတော် (တောင်ပိုင်း)တို့ ရင်ဆိုင် တိုက်ပွဲ ဖြစ်ပွါးခြင်း ဖြစ်ကြောင်း တောင်ကြီးရောက် ခိုလမ် ဒေသခံတဦးက ပြောသည်။

“၁၀ ရက် ညနေမှာ ခိုလမ်နဲ့ ကွန်ဟိန်းကြား နမ့်လင်းရွာ တောင်ပေါ် ပလောင်ရွာမှာ ဖြစ်တယ်။ ခိုလမ်ရဲ့ မြောက်ဖက် ကွန်ဟိန်း အနောက်ဖက် ၁၅ မိုင်အကွာမှာ ဖြစ်တာ။ ဗမာတပ်ဖက်က အရာခံဗိုလ် တယောက် အပါအဝင် ၆ ယောက် သေတယ်။ တိုက်ပွဲဖြစ်ပြီး နောက်ပိုင်း ရွာသားတွေရဲ့ စပါးပုံတွေကို ဗမာတပ်တွေက မီးရှို့ ဖျက်ဆီးလိုက်တယ်” ဟု အဆိုပါ ခိုလမ်ဒေသခံက ပြောသည်။

ဝတပ်ဖွဲ့ လက်နက်မချဖို့ ဆုံးဖြတ်

တနင်္လာ, 21 မတ် 2011,

စစ်အစိုးရက ဖိအားပေး တောင်းဆို မှုတွေ ရှိနေပေမဲ့လည်း အင်အားကြီး လက်နက်ကိုင် အဖွဲ့တခုဖြစ်တဲ့ ၀ပြည် သွေးစည်းညီညွတ်ရေးပါတီ (UWSP) က လက်နက် စွန့်ဖို့ ရည်ရွယ်ချက် မရှိဘူးလို့  ပြောဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း စစ်အစိုးရနဲ့ ဆွေးနွေးမှုကိုတော့ ဆက်လုပ်သွားမှာ ဖြစ်တယ်လို့ ဌာနချုပ် ပန်ဆန်းမြို့မှာ ၅ ရက်ကြာ နှစ်ချုပ် အစည်းအဝေးပွဲ ကျင်းပရာမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီလ ၁၆ ရက်နေ့က စတင်ကျင်းပခဲ့ပြီး တနင်္ဂနွေနေ့ကမှ အဆုံးသတ်သွားတဲ့ ညီလာခံအတွင်း ဆွေးနွေး ပြောဆိုမှုတွေအကြောင်း ဆက်သွယ် စုံစမ်း ထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက် သတင်းထောက် ကိုမိုးဇော်က တင်ပြ ပေးထားပါတယ်။

ရန်ကုန်လေဆိပ်၌ နိုင်ငံခြားပြန်များကို ခြိမ်းခြောက် ငွေညှစ်နေ

အပြည်ပြည်ဆိုင်ရာ ရန်ကုန်လေဆိပ် (ဓာတ်ပုံ - Freedom News Group)
21 March 2011,

ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အကောက်ခွန် ဦးစီးဌာန၊ ရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေး (လ၀က)၊ စစ်ဖက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ (စရဖ) တို့ ပါဝင်သော ပူးပေါင်းအဖွဲ့က ပြည်ပနိုင်ငံများမှ ပြန်လည်ရောက်ရှိလာသော မြန်မာ အလုပ်သမားများထံမှ ခြိမ်းခြောက်၍ ငွေကြေးတောင်းခံမှုများ ပြုလုပ်လျက်ရှိကြောင်း ကြုံတွေ့ခဲ့ရသူများက ပြောသည်။

မလေးရှား၊ စင်ကာပူ၊ ဂျပန်နှင့် ထိုင်းနိုင်ငံ အပါအ၀င် ပြည်ပနိုင်ငံများသို့ သွားရောက် အလုပ်လုပ်ပြီး ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများကို လေဆိပ်တာဝန်ကျ အစိုးရ၀န်ထမ်းများက သက်ဆိုင်ရာ မြန်မာသံရုံးများတွင် ၀င်ငွေခွန်မဆောင် ခဲ့သည့်အတွက် ဖမ်းဆီးအရေးယူနိုင်သည်ဟု အကြောင်းပြ ခြိမ်းခြောက်ပြီး ငွေကြေးတောင်းခံမှုများ ပြုလုပ်ခြင်း ဖြစ်ကြောင်း ပြည်ပနိုင်ငံများမှ ပြန်လည် ရောက်ရှိလာသော မြန်မာ အလုပ်သမားများက ပြောဆိုကြသည်။

“ရန်ကုန် လေဆိပ်မှာ Channel (နေရာ) တွေခွဲထားတယ်။ အလုပ်လုပ်ပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေကို စိစစ်တဲ့ channel က သပ်သပ်။ အလည်နဲ့ မှီခို သွားပြီး ပြန်လာတဲ့ မြန်မာနိုင်ငံသားတွေ စိစစ်တဲ့ Channel က တခု။ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး ပြန်လာတဲ့ မြန်မာအလုပ်သမားတွေ အားလုံးကို လေဆိပ်တာဝန်ကျ လ၀က၊ အကောက်ခွန်၊ ရဲတွေနဲ့ စရဖ တို့ပေါင်းပြီး ငွေတောင်းတယ်။ သူတို့က ခင်ဗျားတို့ နိုင်ငံခြားမှာ နေတုန်းက သံရုံးမှာ ၀င်ငွေခွန် မဆောင်ခဲ့ဘူး။ ဒါကြောင့် တယောက်ကို အနည်းဆုံး ဆယ်ဒေါ်လာ ပေးရမယ် ဆိုပြီး တောင်းတယ်။ လ၀က ကောင်တာမဖြတ်ခင် ကတည်းက ပိုက်ဆံကြိုထုတ်ထားဖို့ လေဆိပ်ဝန်ထမ်း တွေက ပြန်လာတဲ့ သူတွေကို ပေါ်ပေါ်တင်တင် တရားဝင်ကို လိုက်ပြောတာ”ဟု စင်ကာပူနိုင်ငံရှိ သင်္ဘောကျင်းတခုတွင် အထွေထွေ အလုပ် သမားအဖြစ် လုပ်ကိုင်ပြီး ပြန်လည် ရောက်ရှိလာသည့် မြန်မာနိုင်ငံသား တဦးက ရှင်းပြသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသော မြန်မာအလုပ်သမားအများစုသည် ရန်ကုန်လေဆိပ်၊ လ၀က ကောင်တာကို ဖြတ် သန်းချိန် တဦးလျှင် မလေးရှား ရင်းဂစ် တဆယ် ပေးရကြောင်း၊ ရင်းဂစ် တဆယ် မပေးဆောင်လျှင် အကောက်ခွန် ၀န်ထမ်းများက ခရီးဆောင်အိတ်များ၊ လက်ဆွဲအိတ်များကို ရှာဖွေပြီး နိုင်ငံခြားငွေကို တရားဝင်ကြေညာခြင်းမပြုဘဲ သယ်ဆောင် သည်ဟုဆိုကာ ဥပဒေအရ အရေးယူရန် ခြိမ်းခြောက်၍ပါသမျှ ငွေကြေးကို သိမ်းယူခြင်းများပြုလုပ်ကြောင်း မလေးရှားနိုင်ငံတွင် သုံးနှစ်ကြာ အလုပ် လုပ်ပြီး မြန်မာနိုင်ငံ ပြန်လာသည့် အလုပ်သမားတဦးက ဆိုသည်။

“မလေးရှားက အလုပ်လုပ်ပြီး ပြန်လာတဲ့သူ ဆိုရင် ရင်းဂစ် တဆယ်၊ စင်ကာပူဆိုရင် စင်ကာပူ ဒေါ်လာ ၂၀ ၊ ဂျပန်ဆိုရင် အမေရိကန် ဒေါ်လာ ၅၀ လောက်ထိ လေဆိပ် ၀န်ထမ်းတွေက တောင်းတယ်။ ပိုက်ဆံ မပေးရင် ရစ်တယ်၊ ပြဿနာ ရှာတယ်။
တော်တော် များများကလည်း ပြန်လာတဲ့အချိန် ပြဿနာ မတက်ချင်တော့ တောင်းသမျှ ပေးကြတယ်။ လေယာဉ် တစီးဆိုက်ပြီးရင် မြန်မာ အလုပ်သမား တွေကို စိစစ်တဲ့ လ၀က ကောင်တာမှာ နိုင်ငံခြား ပိုက်ဆံတွေ ကြွပ်ကြွပ်အိတ် အမည်းတွေနဲ့ ကျူံးပြီးသိမ်းရတဲ့ အထိ ပိုက်ဆံတွေက များတယ်”ဟု လေဆိပ် ၀န်ထမ်းတဦးက ပြောပြသည်။

ရန်ကုန်လေဆိပ်တွင် ပြည်ပမှ ပြန်ရောက် လာသူများ အားလုံးကို လ၀က ၀န်ထမ်းများက လုပ်ငန်းနှင့် မသက်ဆိုင်သော မေးခွန်းများ မေးမြန်းပြီး စိစစ် မှုများ ပြုလုပ်ကြကြောင်းလည်း သိရှိရသည်။

“ရန်ကုန်လေဆိပ်မှာ မလိုအပ်တဲ့ မေးခွန်းတွေမေးတယ်။ အလည်သွားတာလား၊ ဟိုမှာ ဘယ်လောက်ကြာလဲ၊ ဘာကိစ္စ သွားတာလဲ၊ ဟိုမှာ ဘယ်သူရှိလဲ ဆိုတဲ့ မေးခွန်းတွေ မေးတယ်။ ဒါတွေက ပုဂ္ဂိုလ်ရေး ကိစ္စတွေကို ၀င်ရောက် စွက်ဖက်တာပဲ။ နိုင်ငံခြား လေဆိပ်တွေ မှာ အဲဒီလို မမေးဘူး။ ဗီဇာပြပြီး အေးအေး လူလူ ၀င်သွားလို့ ရတယ်။ ကိုယ့်နိုင်ငံ ပြန်ရောက်မှ အမေးခံရ၊ အစစ်ခံရတာ။ လေဆိပ် ၀န် ထမ်းတွေက မလိုအပ်ဘဲ အာဏာပြ နေကြတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ပုံမှန် သွားနေသူ စီးပွားရေး သမားတဦးက ဆိုသည်။

အကောက်ခွန် အသိုင်းအ၀ိုင်း၏အဆိုအရ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် လ၀က ၊ ရဲ၊ အကောက်ခွန် ၀န်ထမ်း နှင့် စရဖ များကို လစဉ် အပြောင်းအလဲပြုလုပ်လေ့ရှိပြီး လေဆိပ်တွင် တာဝန်ထမ်းဆောင်ခွင့်ရချိန် ၀င်ငွေအများအပြားရရှိခြင်းကြောင့် တာဝန် ထမ်းဆောင်လိုသူ များပြားကြောင်း သိရှိရသည်။

အငြိမ်းစား အစိုးရ ၀န်ထမ်းတဦးကမူ“လာဘ်ပေး လာဘ်ယူ ဆိုတာက ထိပ်ပိုင်းကစပြီးဖြစ်နေတာ။ အောက်ခြေတင် မဟုတ်ဘူး။ အရေးယူမယ်ဆိုရင် ထိပ်ဆုံးက လူတွေကို စပြီး အရေးယူမှ ရမယ်။ ဒါက အလေ့အထ တခုလိုဖြစ်နေပြီ။ ဘယ်သူမဆို လုပ်စားခွင် ရရင် လုပ်ကြမှာပဲ။ အစိုးရ၀န်ထမ်း အသိုင်းအ၀ိုင်းမှာ လာဘ်ပေး လာဘ်ယူ မလုပ်တဲ့သူဆိုတာ ခပ်ရှားရှားပဲ”ဟု ဝေဖန်ပြောဆို သည်။

သတင်းရင်းမြစ် _ ဧရာဝတီ

2011/03/20

ရေဒီယို ဓာတ်သတ္တိကြွ အိုင်ဒိာုဒင်းကို တိုကျိုမှာတွေ့

 
မတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ်
ရေဒီယို ဓာတ်သတ္တိကြွ အိုင်အိုဒင်းကို တိုကျိုမှာ အနည်းအကျဉ်းတွေရတယ်လို့ ဂျပန်အစိုးရက မတ်လ ၁၉ ရက် စနေနေ့နှောင်းပိုင်းက ပြောပါတယ်။ ဒါပေမဲ့ အဲဒီပမာဏ ပါဝင်တဲ့ရေကို သောက်သုံးလည်း ဘာမှမဖြစ် ဘူးလို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနက တိုချိဂိ။ ဂွန်းမ။ နီးအိဂါ့တာ။ ဖူကူရှီးမား။ စိုင်းတမာ့။ ချီးဘား တို့မှာလည်း အလားတူတွေ့ ရတယ်လို့ ပြောပါတယ်။ တိုကျိုမှာတွေ့ရတဲ့ပမာဏဟာ 1.5 becquerels ရှိ တယ်လို့ဆိုပါတယ်။

ညူကလီယား ဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ရေ တစ်ကီလိုဂရမ်မှာ becquerel ၃၀၀ ပါဝင်လို့ရှိရင် သောက်သုံးရန် မသင့်တဲ့ရေလို့ ဆိုပါတယ်။

ဒီအတောအတွင်း ညူကလီယားပျံ့နှံ့မှုကြောင့် စိုးရိမ်စိတ်တွေဖြစ်ပြီး တိုကျိုကနေ အိုဆာကာဘက်ကို တိမ်းရှောင်တဲ့ဂျပန်တွေလည်းရှိတာမို့ အိုဆာကာမှာဆိုရင် ဟိုတယ်တွေအခန်းပြည့်ခဲ့ကြတယ်လို့ သိရပါ တယ်။

တိုကျိုမီးသတ်ဦးစီးဌာနဟာ စနေနေ့ည သန်းခေါင်ချိန်မှာ နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှုဆက် လုပ်ခဲ့ရာ တနင်္ဂနွေမနက် ၃း၄၀ နာရီအထိလုပ်ခဲ့ကြပါတယ်။ အပူလွန်နေတာတွေကို လျော့ကျသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

နံပတ် ၄ ဓာတ်ပေါင်းဖိုကိုလည်း ကိုယ်ပိုင်ကာကွယ်ရေးတပ်က အလားတူရေပက်ဖျန်းမှုတွေလုပ်ဖို့ စီစဉ်နေ ပြီလို့ သိရပါတယ်။

နံပတ် ၆ ဓာတ်ပေါင်းဖိုအတွက် လျှပ်စစ်ဓာတ်အားပြန်ရပြီဖြစ်လို့အအေးပေးစနစ်ပြန်ပြီး အလုပ်လုပ်နေပြီ လို့ TEPCO က ပြောပါတယ်။

နံပတ် ၁ နဲ့ နံပတ် ၂ ဓာတ်ပေါင်းဖိုအတွက်လျှပ်စစ်ဓာတ်အားပြန်လည်ရရှိဖို့လုပ်ဆောင်နေပြီး တနင်္ဂနွေ နေ့အနှောင်းပိုင်းလောက်မှာ ပြီးစီးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ပေါင်းဖိုတွေအတွက် အအေးပေးတဲ့စနစ် ကောင်းကောင်းအလုပ်လုပ်နိုင်ပြီဆိုရင် အပူလွန်မှုကြောင့် ညူကလီယားလောင်စာတောင့်တွေဆီကနေ ရေဒီယိုဓာတ်သတ္တိကြွမှုထွက်တာတွေ လျော့နည်းသွားနိုင် ပါတယ်။

ကျော်ကျော်စိုး
၈း၅၀ နာရီ

တိုကျို မီးသတ်တပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်

နံပတ် ၃ ဓာတ်ပေါင်းဖိုကို ရေပက်ဖျန်းမှု

မတ်လ ၂၀ ရက် ၂၀၁၁ ခုနှစ်


မတ်လ ၁၉ ရက် ည ၁၀ နာရီထိုးပြီးနောက် တိုကျို မီးသတ်တပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပါတယ်။ ဒီကနေ့ရေပက်ဖျန်းမှုမှာ မီးသတ်အဖွဲ့ဝင် ၁၃၉ ဦးကို အသုံးပြုခဲ့ပါတယ်။ အန္တရာယ်ကြီးပေမဲ့ သတ်မှတ်ထား တဲ့အတိုင်း ပြီးအောင် လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ရေ ၁၂၀၀ တန်ကျော်ကို ပက်ဖျန်းခဲ့နိုင်တယ်လို့ အဲန်အိပ်ခ်ျကေ ရဲ့မတ်လ ၂၀ ရက် ၀း၃၀ နာရီသတင်းမှာ ကြေညာသွားပါတယ်။ အင်မတန်မှာကို အန္တရာယ်ကြီးတဲ့ အခြေအနေအောက်မှာ လုပ်ခဲ့ရတယ်လို့ မီးသတ် တာဝန်ရှိသူတွေက ပြော သွားပါတယ်။ ပင်လယ်ရေကို စုပ်တဲ့မော်တော်ကားကနေ မီတာ ၈၀၀ အရှည်ရှိတဲ့ ပိုက်ကိုသုံးပြီး  မီးသတ်ကား ရှိတဲ့အထိ ပို့ပေးပြီး မီးသတ်ကားက ၂၂ မီတာအထိ လက်တံရှည်တဲ့ မီးသတ် ပိုက်ခေါင်းကနေ ရေကို ပက်ဖျန်းခဲ့တယ်လို့သိရပါတယ်။

ညူကလီယားနှင့် စက်မှု လုပ်ငန်းဘေးကင်းရေးဆိုင်ရာ အေဂျင်စီက ရေဒီယိုသတ္တိကြွမှုဟာ ၁၉ ရက် နေ့လယ် ၂ နာရီနောက်ပိုင်းတိုင်းထွာမှုနဲ့ ည ၇ နာရီနောက်ပိုင်းတိုင်းထွာမှုဟာ ၅၀၀ မိုက်ခရိုစီးဗာ့တ် ကွာခြားတယ်လို့ ထုတ်ဖေါ်ပြောပါတယ်။

သုံးပြီးသား ညူကလီယား လောင်စာတောင့်တွေကို သိုလှောင်တဲ့ ရေကန်ထဲမှာ ရေ လျော့ကျ လာတဲ့အတွက် အပူချိန် မြင့်လွန်းတဲ့လောင်စာတောင့်တွေဟာ ရေနဲ့မထိနိုင်တဲ့အခါ အငွေ့ပျံပြီး ရေဒီယို ဓာတ်သတ္တိကြွမှု တွေဖြစ်နိုင်တယ်လို့ သိရပါတယ်။ အဲဒါတွေက ဓာတ်ပေါင်းဖို ထည့်ထားရာ အဆောက်အဦတွင်းကနေ အပြင်ကို ထွက်သွားနိုင်တာကြောင့် လူအများရဲ့ စိုးရိမ်စိတ်တွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

မွေးမြူရေးနဲ့စိုက်ပျိုးရေးဝန်ကြီးဌာနက ဖူကူရှီးမားခရိုင် ခါဝါ့မာ့တာ မြို့(ဓာတ်အားပေး စက်ရုံရဲ့ အနောက်မြောက်ဘက် ၄၅ ကီလိုမီတာ အကွာအဝေးတွင်ရှိပါတယ်) အတွင်းက နွားနို့စိမ်း(နွားခြံက ထွက်ပြီး ပြုပြင်ကာ ဘူးအတွင်း မထည့်ရသေးသော)နှင့် အီဘားရားကိခရိုင် အတွင်းရှိ တိုးကိုင်းရွာ။ ဟီတာချီမြို့၊ တာကာ့ဟာဂိမြို့ အပါအ၀င် မြူနီစီပယ်အုပ်ချုပ်ရေး ဒေသ ၆ ခုအတွင်းမှ ထွက်ရှိတဲ့ ဟိုးရင်းဆိုSpinach တွေမှာ ရေဒီယို ဓာတ်သတ္တိရောင်ခြည် သင့်ခံရတာတွေ တွေရလို့ စားသုံးရန် မသင့်တဲ့အတွက် ရောင်းချတာမျိုးကို ပိတ်ပင်တာဖြစ်ပါတယ်။

ခါဝါ့မာ့တာ့မြို့မှာ ရေပိုက်ကထွက်တဲ့ရေထဲမှာ ရေဒီယိုဓာတ်သတ္တိကြွအိုင်အိုဒင်းပါတယ်ဆိုတာသိရပါတယ်၊ ဒါပေမဲ့ နွားနို့စိမ်းနဲ့ ဟိုးရင်းဆိုတို့မှာပါတဲ့ ရေဒီယိုဓာတ်သတ္တိကြွမှုမှာ နိမ့်လွန်းတယ်လို့ ဆိုပါတယ်။

၁၉ ရက်နေ့ညပိုင်းမှာ ပြင်ပကနေ လျှပ်စစ်ဓာတ်အားကြိုးလိုင်းကို ဖူကူရှီးမားအမှတ် ၁ ဓာတ်အားပေးစက်ရုံ နားအထိ သွယ်တန်းလို့ပြီးပြီလို့ TEPCO က ပြောပါတယ်။

အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအိုအဲဒါ့နို က သတင်းစာရှင်းလင်းပွဲမှာ အခြေအနေတွေကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတယ်လို့ဆိုပေမဲ့ မျှော်မှန်းလို့မရတဲ့အနေအထားမှာ ရှိနေတုန်းပဲလို့ ပြောပါတယ်။

ကျော်ကျော်စိုး
၁း၁၅ နာရီ

ဝမ့်ဟိုင်း လူထုအားလုံး နေရပ်မှ စွန့်ခွာတိမ်း ရှောင်ရန် SSPP/SSA ညွှန်ကြား

ဝမ့်ဟိုင်းဌာနချုပ် သျှမ်းပြည်တပ်မတော် SSPP/SSA ခေါင်းဆောင် ဗိုလ်ချုပ် ပန်ဖှ (ဓာတ်ပုံ- S.H.A.N.)
မတ်လ 18 ရက် 2011 ခုနှစ်။

သျှမ်းပြည် တပ်မတော် SSPP/SSA ဝမ့်ဟိုင်း ဌာနချုပ် ထိန်းချုပ်နယ်မြေအတွင်း ဒေသခံများအား တခြားသို့ ယာယီရွှေ့ ပြောင်းတိမ်းရှောင်ရန် ယမန်နေ့ မနက်ပိုင်း က SSPP/SSA ကညွှန်ကြားခဲ့ကြောင်း သိရှိရပါသည်။

“ဝမ့်ဟိုင်းနဲ့ ၃-၄ မိုင်အကွာ ပတ်လည်နီးပါးမှာ ဗမာစစ်တပ် ဝန်းရံထားတယ်။ ထပ်ပြီးထိုး စစ်ဆင်တိုက်ခိုက် လာမှာစိုး လို့ထင်တယ်။ ဒီလ ၂၀ ရက်နေ့အပြီးသျှမ်းတပ်တွေ အဲဒီဂွင်တခုလုံးထဲကထွက် ဖို့ မနေ့က နအဖ ရာဇသံ ပေးထားတယ်” ဟု ဒေသခံတဦးက ပြောပါသည်။

2011/03/19

ပြောက်ကျားတိုက်ပွဲကြောင့် နအဖ အရာရှိများပါ ထိခိုက်

 
ကရင်အမျိုးသားအစည်းအရုံး (ကေအဲန်ယူ) တပ်မဟာ(၇)နယ်မြေရှိ ကလို့ယော်ထာ့တွင် ကေအဲန်အယ်အေ တပ်ဖွဲ့ဝင်များက နအဖတပ်ဖွဲ့ကို မတ်လ ၁၅ရက်နေ့က ပြောက်ကျားတိုက်ခိုက်ရာ နအဖဘက်မှ တပ်ရင်းမှူး အပါအ၀င် ၃ဦး ထိခိုက်သွားခဲ့ သည်ဟု ကေအဲန်အယ်လ်အေဘက်က ပြောသည်။
ထိုနေ့မနက် ၅း၃၀နာရီတွင် စစ်ကွပ်ကဲရေးဌာနချုပ် စကခ(၁၂) လက်အောက်ခံ ခမရ(၅၄၆)တပ်ကို ကရင်အမျိုးသားလွတ် မြောက်တပ်ဖွဲ့(ကေအဲန်အယ်လ်အေ) တပ်မဟာ(၇)လက်အောက်ခံတပ်ရင်းများ ပြောက်ကျားတိုက်ခိုက်မှုကြောင့် တပ်ရင်းမှူး နှင့် တပ်ကြပ် ၂ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်အယ်လ်အေ တပ်မဟာ(၇)မှူး ဗိုလ်မှူးချုပ်စောဂျော်နီက အတည်ပြု ပြောဆိုသည်။

သူက “မနက် ၅နာရီခွဲလောက်မှာ ပစ်ခတ်မှုဖြစ်တာ ခဏလေးပါပဲ။ နအဖဘက်က တက်လာတော့ ကျနော်တို့ဘက် တပ်ရင်း (၁၉)နဲ့ တပ်ရင်း(၂၁)က ရဲဘော်တွေနဲ့ ပစ်ခတ်မှုဖြစ်တယ်လေ။ အဲဒီမှာ ကျနော်တို့ သိရသလောက်က ခမရ(၅၄၆) တပ်ရင်းမှူး နဲ့ တပ်ကြပ်နှစ်ယောက် ထိခိုက်တယ်။ အဲဒီထဲမှာ တပ်ကြပ်တယောက်က ဒဏ်ရာပြင်းတယ်လို့ သိရတယ်။”ဟု ဆိုသည်။

ထိုနေ့မတိုင်ခင် မတ်လ ၁၄ရက် မွန်းလွဲ ၁နာရီခန့်ကလည်း ကော့ကရိတ်မြို့အထွက် ကြောင်လျှာကုန်းနှင့် အနီးတ၀ိုက်တွင် ဒီကေဘီအေမှ နအဖ၊ ဗိုလ်မှူးမုတ်သုန်၏ နယ်ခြားစောင့်တပ်များနှင့် တိုက်ပွဲဖြစ်ပွားရာတွင် နအဖ၊ နယ်ခြားစောင့်တပ်ဘက်မှ ထိခိုက်ကျဆုံးမှု အနည်းငယ်ရှိသည်ဟု သိရသော်လည်း အတိအကျကိုမူ မသိရှိရပေ။

သတင်းရင်းမြစ် ကေအိုင်စီ

ဗမာစစ်တပ်မှ ကရင်ရွာသားနှစ်ဦးကို ပစ်သတ်

ဗမာစစ်တပ် ခလရ ၂၅၀ စကခ ၇ ဗိုလ်မှူး လှထွန်းဦးစီး အဖွဲ့ သည် ကရင်ပြည်နယ်မြောက်ပိုင်း တောင်ငူခရိုင် ရွာသား စောအူးနေမြ (၄၄နှစ်) အား ဖေဖေါ်ဝါရီလ ၂ရက်နေ့ ၂၀၁၁ တွင် ပစ်သတ် ၍ ခလယ်လာ(ဘောဂလိကြီး) ရွာသား စောလယ်မော(၂၂)နှစ်အား ဗမာစစ်တပ် စကခ ၉ မှ ဖေဖေါ်ဝါရီလ ၂၂ ၂၀၁၁ ရက်နေ့ တွင်ပစ်သတ်ကြောင်း FBR သတင်းမှ ဖေါ်ပြထားပါသည်။

ပစ်သတ်ခံရသော စောအူးနေမြပုံ - ဓါတ်ပုံ FBR





FBR REPORT - 3- 3- 2011 -
  မီးသတ်ကားတွေသုံးပြီးရေပက်ဖျန်းနိုင်ခဲ့တဲ့အတွက် ရေဒီယိုဓာတ်သတ္တိ ကြွမှုနဲ့ပတ်သက်ပြီး လူအများစိတ်ထဲမှာ အနည်းငယ်သက်သာ
မတ်လ ၁၉ ရက် ၂၀၁၁ ခုနှစ်
ဒီကနေ့ မတ်လ ၁၈ ရက်မှာ ဂျပန့်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့တွေ၊ မီးသတ်နဲ့ ရဲတပ်ဖွဲ့တွေက ဓာတ်ပေါင်းဖို နံပတ် ၃ နဲ့ ၄ တို့ကို ရေအမြောက်အမြားပက်ဖျန်းမှုတွေလုပ်ခဲ့ပြီးတဲ့နောက် ရေဒီယို ဓာတ်သတ္တိကြွမှုပမာဏကိုတိုင်းတာကြည့်တဲ့အခါ သိသိသာသာကျဆင်းသွားတာမျိုးမရှိခဲ့ပေမဲ့ အနည်းငယ် ကျဆင်းသွားခဲ့တာကို တွေ့ရပါတယ်။ အရင်ရက်တွေက ဓာတ်ပေါင်းဖိုအနီးပတ်ဝန်းကျင်ကို အနားတောင် မကပ်နိုင်တဲ့အခြေအနေကနေ အင်အား ကောင်းတဲ့မီးသတ်ပိုက်တွေလက်လှမ်းမီတဲ့နေရာအထိသွားပြီး ရေပက်ဖျန်းနိုင်ခဲ့တယ်ဆိုတာက ဓာတ်သတ္တိ ကြွမှုလျော့နည်းသွားလို့လား ဒါမှမဟုတ် ဓာတ်ရောင်ခြည် အသင့်ခံရနိုင်တာတောင် စွန့်စားပြီးသွားရောက် တာလားဆိုပြီး ၂ မျိုးတွေးလို့ရပါတယ်။
ဂျပန်အစိုးရကတော့ လူရဲ့ကျန်းမာရေးကို ချက်ချင်းလက်ငင်းထိခိုက်ရလောက်တဲ့အခြေအနေမျိုးမဟုတ်ဘူး လို့ ပြောပါတယ်။ ဂျပန်ဆရာဝန်တဦးကတော့ အနုမြူဓာတ်ရောင်ခြည်သင့်တယ်ဆိုတာ ရောဂါဝေဒနာကို ချက်ချင်းဖြစ်စေတာမဟုတ် နှစ်နဲ့ချီကြာမှကင်ဆာလိုရောဂါမျိုးတွေနဲ့ဖြစ်တတ်တာလို့ မှတ်ချက်ပေးတာ ရှိပါတယ်။

2011/03/18

ငလျင်ဒဏ်သင့် ဂျပန်က မြန်မာနိုင်ငံကို အကူအညီဆက်ပေးမည်

ဂျပန်နိုင်ငံတွင် မတ်လ ၁၁ ရက်က အင်အားပြင်း ငလျင်ကြီးလှုပ်ကာ ဆုနာမိ ရေလှိုင်းများ ရိုက်ခတ်ပြီးနောက် အိဝတဲ ခရိုင်၊ အိုဆုချိမြို့တွင် အပျက်အစီးများကြားမှာ သင်္ဘောကြီးတစင်း အဆောက်အအုံတခုပေါ် တင်နေပုံ ဖြစ်ပါသည်။ ငလျင်နှင့် ဆုနာမိ ရေလှိုင်းကြီးများ မည်မျှ အင်အား ပြင်းထန်သည်ကို ဤပုံကို ကြည့်လျှင် သိနိုင်ပါသည်။ (Photo: AFP)
၃ ထပ်တိုက် အဆောက်အအုံ ထိပ်ပေါ်  မော်တော်ကား တင်နေပုံ
2011-03-16

ဂျပန်နိုင်ငံဟာ သဘာဝ ဘေးအန္တရာယ်ဒဏ် ခံစားနေရပေမဲ့ မြန်မာနိုင်ငံအပေါ် လက်ရှိ ပေးနေတဲ့ အကူအညီတွေနဲ့ ပတ်သက်ပြီး အပြောင်းအလဲ မရှိပဲ ဆက်လက် ကူညီသွားမှာ ဖြစ်ကြောင်း JICA ခေါ် ဂျပန် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ က ပြောကြားလိုက်ပါတယ်။

2011/03/17

တိုကျို Immigration တွင် သက်တမ်းတိုး ရန်နှင့် မိမိနိုင်ငံသို့ ပြန်လိုသူများဖြင့် ပြည့်ကြပ်နေ



ယနေ့ ၂၀၁၁-၃-၁၇ ရက်တွင် တိုကျို လူဝင်မှုကြီးကြပ်ရေးရုံတွင် သက်တမ်းတိုးရန် တန်းစီ သူများနှင့် မိမိ နိုင်ငံသို့ ပြန်လိုသူများ အထူး များပြာစွာ တန်းစီနေကြသည်ကိုတွေ့ ရှိရသည်။
မိမိနိုင်ငံသို့ အများဆုံးပြန်သူများသည် တရုပ်လူမျိုးအများဆုံး နှင့် မြန်မာ နိုင်ငံသာ၊ အခြားသော နိုင်ငံ အသီးသီးမှ ပြန်လိုသူ များပြားစွာ တန်းစီ နေကြသည်။ ရုံဝန်ထမ်းများ ကလည်း ထမင်းစားချိန် ကိုပင် အနားမနေပဲ အမြန်ဆုံး ပြီးမြောက်ရန် အတွက် ကျိုးစားလုပ်ဆောင်နေသည်ကို တွေရပါသည်။
၁၂း၄၅ မိနစ်

သတင်းမှတ်တမ်းဓါတ်ပုံ။ ။မိုးမင်းသူ
 Japan Association for Refugees  မှ
ဖြန့် ဝေပေးသော သတင်း အချက်အလက်များ

2011/03/16

ငလျင်ကြီး လှုပ်တဲ့အခါ 
မိမိ တနိုင်သယ်စရာပစ္စည်းများ

Japan earthquake how to protect yourself

မြန်မာပြည်မှာ အက်ဆစ်မိုးတွေ ရွာတော့မယ်ဆို

 
(သတင်းမှားတွေကြောင့် မြန်မာပြည်အထိ အက်ဆစ်မိုးတွေ လာရွာတော့မလို အင်တာနက်ပေါ်မှာ ကောလာဟလတွေ ဖြစ်နေကြပါတယ်။ မိုးဇလပညာရှင် ဒေါက်တာ ထွန်းလွင်က အဲဒါကို ရှင်းလင်းပြထားတာ တွေ့တာမို့ ကူးယူ ဖော်ပြလိုက်ပါတယ်။ မူရင်းကို ဒီနေရာမှာ ဖတ်နိုင်ပါတယ်။)


ဂျပန်ဆူနာမီရဲ့ နောက်ဆက်တွဲတွေ

ဂျပန်နိုင်ငံ၊ Miyagi Prefacture မှာရှိတဲ့ Fukushima Power Plant ရဲ့ ဒုတိယ Radiation Reactor ဟာ ၁၄-၃-၂၀၁၁ ညက ထပ်ပြီးပေါက်ကွဲ သွားပြန် ပါတယ်။ အခြေအနေတွေကတော့ ထိန်းမနိုင်တော့တဲ့ အခြေအနေဖြစ်ပါတယ်။ ဒါကို အကြောင်းပြုပြီး တိုကျိုမြို့ရဲ့မြောက်ဖက်ဒေသတွေမှာ ရေဒီယိုသတ္တိကြွမှု level တွေ မြင့်တက်လာတာကိုတွေ့ရတယ်လို့ ဒီကနေ့ (၁၅-၃-၂၀၁၁) ရက်နေ့ မနက် အစောကြီးသတင်းတွေမှာ ကြေညာသွားခဲ့ပါတယ်။ ဒါနဲ့ တစ်ဆက်တည်း မနေ့ညကဘဲ ဂျပန်နိုင်ငံ၊ အနုမြူထိန်းသိမ်းရေး အေဂျင်စီ အကြီးအကဲက နိုင်ငံတကာအနုမြူ ဧဂျင်စီအဖွဲ့ IAEA နဲ့ အမေရိကန်ပြည်ထောင်စုတို့ကို ကျွမ်းကျင်မှု အကူအညီ တွေပေးဖို့ တရားဝင် တောင်းဆိုကြောင်း ကြေညာသွားပြန်ပါတယ်။

ပြဿနာအစ
ညူကလီယား ဓာတ်ပေါင်းဖို ၃ ခုပျက်စီးခဲ့ရပြီး ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက်နေပြီ

FUKUSHIMA ညူကလီယား ဓာတ်ပေါင်းဖို ပေါက်ကွဲမှု ရေဒီယို သတ္တိကြွ လေထုထဲတွင် ပျံ့နှံ့

ဖူကူရှီးမား ဓာတ်အား ထုတ်စက်ရုံ အမှတ် ၁ က ညူကလီယား ဓာတ်ပေါင်းဖို ၃ ခု ပျက်စီး ခဲ့ရတဲ့အတွက် ရေဒီယို သတ္တိကြွမှု ဖြစ်ပေါ်ခဲ့တာဟာ လေထုထဲတွင် ပျံ့နှံ့ တွေရှိခဲ့တယ်လို့ သိရပါတယ်။ ကျိုဒိုသတင်း တပုဒ်ထဲမှာတော့ ဖူကုရှီးမားခရိုင်တောင်ဘက် အခြမ်းမှာ ရေဒီယို သတ္တိကြွမှု အဆင့်မြင့်မားတယ်လို့ တိုင်းတာ ရရှိတဲ့အကြောင်းကို ဖော်ပြထားပါတယ်။

ဒီနေ့ မနက်စောစောမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ချိန်မှာ လေဟာ အရှေ့မြောက်ဘက်ကနေ တိုက်နေတယ်လို့ TEPCO က ပြောပါတယ်။

တိုကျိုဧရိယာမှာ လေထုတွင်း ရေဒီယိုသတ္တိကြွမှု အဆင့်ဟာ ပုံမှန်ထက် မြင့်မားနေတယ်ဆိုတာ တွေ့ရပေမဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တာမျိုး မရှိဘူးလို့ ဂျပန်အရာရှိတွေရဲ့ ပြောပြချက်ကို ကိုးကားပြီး  ဘီဘီစီ သတင်းမှာ ဖော်ပြထားပါတယ်။ အဲန်အိပ်ခ်ျကေ ရဲ့ ၃ နာရီ (၁၅း၀၀နာရီ) သတင်းမှာ ကျန်းမာရေးကို ထိခိုက် နိုင်လောက်တဲ့ အဆင့်ကိုမရောက်သေးဘူးလို့ ကြေညာသွားပါတယ်။ ဓာတ်ပေါင်းဖို နံပတ် ၄ မီးလောင်မှုဖြစ်ပွားခဲ့တာ အတည်ပြုနိုင်ခဲ့ပါပြီ။ အဲဒီ ဓာတ်ပေါင်းဖိုဟာ ငလျင်လှုပ်ခဲ့ကတည်းက ရပ်တန့် သွားခဲ့ပါတယ်။ ဒါပေမဲ့ ဓာတ်ပေါင်းဖိုတွင်း အပူချိန် မြင့်မားစွာနဲ့ ကျန်ရစ်နေခဲ့လို့ လောင်ကျွမ်းမှုတာ ဖြစ်နိုင်တယ်လို့ ပညာရှင်များက ပြောပါတယ်။

တီဘီအက်စ် ရုပ်မြင်သံကြားကလည်း မတ်လ ၁၅ ရက် ညနေ ၄ နာရီ(၁၆း၀၀ နာရီ)သတင်းမှာ တိုကျိုမြို့တွင်းရှိ ရှင်းဂျုကု ။ ဆဲတာ့ဂါယာ၊ စတဲ့မြို့နယ်တွေမှာ ရေဒီယို သတ္တိကြွမှု အဆင့်ကို တိုင်းတာ ရရှိချက်များကို ကြေညာသွားခဲ့တယ်။ ပုံမှန် ရှိနေတာထက် မြင့်မားနေပေမဲ့ လူကို အန္တရာယ်  ဖြစ်စေနိုင်လောက်တဲ့ အဆင့်မဟုတ်သေးဘူးလို့ ကျွမ်းကျင်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး ကြေညာ သွားတယ်။

ဂျပန့် သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာနက ဖူကူရှီးမားဓာတ်အားထုတ် စက်ရုံ အမှတ် ၁ ရဲ့ အချင်းဝက် ကီလိုမီတာ ၃၀ အတွင်း လေယာဉ် ပျံသန်းခြင်း မလုပ်ရဘူးလို့ အမိန့်ထုတ်ထားပါတယ်။

၁၆း၀၅ နာရီ



ရေဒီယိုသတ္တိကြွတဲ့ဓာတ်ငွေ့တွေစိမ့်ထွက် နေပြီဖြစ်တာကြောင့် လုပ်သင့်လုပ်ထိုက်တဲ့ညွှန်ကြားချက်တွေ ကို ရုပ်မြင်သံကြားမှာ ကြေညာခဲ့တာကို ကြားသိရသမျှ လက်ဆင့်ကမ်းလိုက်ပါတယ်။

အပြင်ထွက်တဲ့အခါ ခန္ဓာကိုယ်ရဲ့အရေပြားကို ပြင်ပလေနဲ့တတ်နိုင်သမျှ တိုက်ရိုက်ထိတွေ့မှု နည်းနိုင် သမျှ နည်းအောင်လုပ်ပြီှးမှ အပြင်ထွက်ပါ။

ဦးထုပ်ဆောင်း၊ မျက်မှန်တပ်၊ မျက်နှာဖုံးအကာစွပ်၊ လက်အိပ်၊ အင်္ကျီလက်ရှည်၊ ဂျာကင်၊ မိုးကာအင်္ကျီလိုမျိုး ပါးပါးထထပ်ကိုထပ်ဝတ်ပါ။

လက်ကိုင်ပုဝါ လက်သုပ်ပုဝါကိုဆောင်ထားပါ။ ရေဆွတ်ထားပြီး နှာခေါင်းပါးစပ်တို့ကို ကာလို့လည်း ရပါတယ်။ လိုအပ်တာတွေရှိရင် ထပ်ဖြည့်နိုင်တဲ့သူတွေဖြည့်ပေးပါ။

အပြင်ကနေပြန်ရောက်လာရင် အပေါ်ဆုံးက၀တ်ထားတဲ့အ၀တ်အစားကို အိမ်အပြင်မှာချွတ်ပြီးအမှိုက်အိပ် လိုမျိုး ပလပ်စတစ် အိပ်ထဲထည့် လုံအောင်ပိတ်ပြီးမှ အိမ်ခန်းတွင်းသွင်းပါ။ အ၀တ်လျှော်စက်ထဲမှာ လျှော် ပစ်ပါ။

၂၀း၃၉ နာရီ
ကျော်ကျော်စိုး

2011/03/15

ဖူကူရှီးမားဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယားဓာတ်ပေါင်းဖို ထပ်မံပေါက်ကွဲ၊ နံပတ် ၄ ညူကလီယားဓာတ်ပေါင်းဖိုမှာ မီးလောင်


မတ်လ ၁၅ ရက် မနက် ၁၁း၀၀ နာရီတွင် ဂျပန်ဝန်ကြီးချုပ် နာအို့တိုခန်း က ပြည်သူပြည်သားများထံအသိ ပေးမိန့်ခွန်းပြောခဲ့ပါတယ်။

မနက်စောစောပိုင်းတွင်ပေါက်ခဲ့သော ဖူကူရှီးမားဓာတ်အားထုတ်စက်ရုံ အမှတ် ၁ က နံပတ် ၂ ညူကလီယားဓာတ်ပေါင်းဖိုအဖြစ်အပျက်ကြောင့် ရေဒီယိုသတ္တိကြွမှုဟာ လူတွေရဲ့ကျန်းမာရေးကို ထိခိုက် နိုင်တဲ့အဆင့်အထိဖြစ်လာနိုင်ခြေရှိတယ်လို့ဆိုပါတယ်။ ဒီအချက်ကို အစိုးရအဖွဲ့အတွင်းဝန်ချုပ် ယုကိအို အဲဒါ့နို ကလည်း အတည်ပြုပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်း နံပတ် ၄ ညူကလီယားဓာတ်ပေါင်းဖိုမှာ မီးလောင်မှုဖြစ်ပွားတယ်လို့လည်း တီဘီအက်စ် ရေဒီယိုမှာ နေ့လယ် ၁၂ နာရီလောက်က ကြေညာသွားပါတယ်။ ၀န်ကြီးချုပ်ခန်း ကလည်း အဲဒီလိုပဲ ပြော ပါတယ်။ ဖူကူရှီမားစက်ရုံကနေ အချင်းဝက် ကီလို ၂၀ မီတာအတွင်းရှိပြည်သူတွေကို ကယ်ထုတ်နိုင်ခဲ့ပြီ ဆိုတာနဲ့ အချင်းဝက်ကီလိုမီတာ ၃၀ အတွင်းမှာရှိတဲ့သူတွေအနေနဲ့ နေအိမ်တွင်း ရုံးအဆောက်အဦတွင်း မှာနေကြဖို့ သတိပေးထားပါတယ်။

ရုပ်မြင်သံကြားအစီအစဉ်တွေထဲမှာလည်း အဲဒီဧရိယာပတ်ဝန်းကျင်ကလူတွေအနေနဲ့ အိမ်အပြင်ဘက်ကို တတ်နိုင်သမျှမထွက်ကြဖို့နဲ့ ထွက်ရလို့ရှိရင်လည်း အပေါ်ကအ၀တ်အစားကိုချွတ်ပါ အပြင်မှာသန့်စင်ပြီး ထားခဲ့ဖို့အကြံပေးပါတယ်။

ကျနော့်အနေနဲ့အကြံပေးလိုတာက တိုကျိုနဲ့ ဖူကူရှီမားက ကီလိုမီတာ ၂၅၀ လောက်ဝေးပေမဲ့ သတိ ဆိုတာပိုတယ်မရှိပါ။ ရေဒီယိုသတ္တိကြွမှုဆိုတာ မျက်စိနဲ့မြင်ရတဲ့အရာမဟုတ်တဲ့အတွက် မမြင်ရတဲ့အရာက ပိုပြီးတော့ ကြောက်စရာကောင်းပါတယ်။ မြင်ရတဲ့အရာက အန္တရာယ်မခံရအောင် တတ်နိုင်သမျှ ရှောင်တိမ်း လို့ရပါတယ်။

ကျော်ကျော်စိုး

၁၂း၅၀ နာရီ


Information အတွက်အကောင်းဆုံး ကြိုးစားနိုင်တဲ့ Japan

ငလျင် အခြေအနေမှာ Information အတွက် အကောင်းဆုံး ကြိုးစားနိုင်တဲ့ Japan လို့ ဒီ post ကို အမည် ပေးထားပါတယ်။ လက်ရှိ အခြေအနေမှာ ငလျင်ဒဏ်ကြောင့် ပျက်စီး ဆုံးရုံးမှုတွေနဲ့ လူအသေ အပျောက်များ တစ်သောင်းနီးပါးဖြစ်နေပါတယ်။ ဒီလို အခြေအနေမျိုးမှာ Information အတွက် ပိတ်မထားပါဖူး လုံးဝ ဖွင်ပေးထားပါတယ်။ အင်တာနက်ကို ဝါယာလက်စ်နဲ့ Free သုံးခွင့်နှင့် နိုင်ငံတကာသို့ ဂျပန်နိုင်ငံမှ Free ခေါ်ဆိုနိုင်ပါတယ်။ ဂျပန်ရောက် နိုင်ငံခြားသားများနှင့် နိုင်ငံတကာမှ မိတ်ဆွေ များအတွက် ဂျပန်ရဲ့ ဝန်ဆောင်မှု တွေကို ဖော်ပြပေးလိုက်ပါတယ်။

အင်တာကို ဝါယာလက်စ်ကနေ Free အသုံးပြုနိုင်သော ID & Password များ

ဒုတိယအကြိမ် Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း



၂၀၁၁ မတ်လ(၁၅)ရက်





ဂျပန်နိုင်ငံ Fukushima နယူကလီးယား  ဓါတ်ပေါင်းဖို အမှတ်(၃)စက်ရုံမှာ ဆုနာမိ ဒီလှိုင်းဒဏ်ကြောင့် အအေးပေး စနစ်တွေ ပျက်စီးသွားတဲ့အတွက် ယနေ့ နေခင်းလောက်မှာ ထပ်မှန်ပြီး နောက်ထပ် ပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့ကြောင်းကို သတင်းဌာနမျာမှ ပြသသွားပါသည်။ 

နျူကလီးယား ဓာတ်အားပေးစက်ရုံကို ဆူနာမိ ဒီလှိုင်း ရိုက်ခတ်မှု ဒဏ်တွေကြောင့် ဓါတ်ပေါင်းဖို အအေးပေးစနစ်တွေ ပျက်စီးပြီး နျူကလီယား ဓါတ်ပေါင်းဖို အတွင်းရှိ လောင်စာချောင်းတွေ  အပူလွန်ကဲရာက  ဓါတ်ပေါင်းဖို အပြင်ရှိ အဆောက်အဦးကြီး အမှတ် (၁)နဲ့ အမှတ်(၃)တွေ ပေါက်ကွဲရခြင်း ဖြစ်ကြောင်း သိရပါသည်။ အမှတ် (၂)ဓါတ်ပေါင်းဖိုကိုတော့ ဒီကနေ့ အပူရှိန် တက်လာတဲ့ အချိန်မှာ ပင်လယ်ရေအေးတွေသွင်းတာ မ၀င်တော့တဲ့အတွက် ဓာတ်ပေါင်းဖိုတွင်းရှိတဲ့ရေပမာဏ ကျဆင်းလာပြီး ညူကလီယား လောင်စာတောင့်များရဲ့အောက်ဆုံးအခြေအထိ ရေပမာဏ ကျဆင်းလာနိုင်ပြီး အပူချိန်လွန် ကာ ပေါက်ကွဲနိုင်ကြောင်း ကြေခြာခဲ့သော်လည်း   ဓာတ်ပေါင်းဖိုကို ဖိအားတွေ ကျလာစေဖို့  ပင်လယ်ရေသွင်းပြီး အချိန်မှီ ထိမ်းချုပ်နိုင်ကြောင်း ထပ်မှန်ကြေငြာသွားသည်ကိုလည်း တွေ့ရပါသည်။


နျူကလီးယား ဓာတ်အားပေးစက်ရုံ ပတ်ဝန်းကျင် နေထိုင်သူတွေ သူတို့အိုးအိမ်တွေကို စွန့်ခွာဝေးရာကို ရွှေ့ပြောင်း နေကြချိန်မှာပဲ ဓာတ်ရောင်ခြည် အဆိပ်သင့်ခဲ့သူ ဒါဇင်နဲ့ချီပြီး ရှိနေတယ်လို့ ဒေသ တာဝန်ခံတွေက ပြောပါသွားသည်။

ရာနဲ့ချီတဲ့ ဒေသခံတွေကို ဓာတ်ရောင်ခြည် အဆိပ်သင့်မသင့် ဆက်လက် စစ်ဆေး ပေးနေကြောင်း သိရှိရပါသည်။ နျူကလီးယား ဓါတ်ပေါင်းဖိုမှ ဓာတ်ရောင်ခြည် ယိုစိမ့်ထွက်မှု ကို စိုးရိမ်ကြသည် နိုင်ငံခြားသားများ ဂျပန်နိုင်ငံကနေ ခေတ္တ တိမ်းရှေင် ရွှေ့ပြောင်း ဖို့  ဒီကနေ့ တရက်တည်း  ဂျပန် လ၀က မှာ ခရီးသွားစာအုပ် သွားရောက် ထုတ်ယူနေသူ ၄၀၀ ခန့် တွေ့မြင်ရကြောင်း မျက်မြင်တဦး၏ ပြောပြချက်အရ သိရပါသည်။ ခေတ္တ တိမ်းရှောင်ရာမှာ ဂျပန် မိသားစုအချို့ပါ တွေ့မြင်ရကြောင်း ပြောသွားပါသည်။

Mai Kyaw oo

2011/03/14

အမြင့် ၁ဝ မီတာခန့်ရှိ အလွန်ကြီးမားသည့် ဆူနာမိ ရေလှိုင်းကြီးမျာ တိုက်ခတ်သွားသည့် ဗီဒီယိုမှတ်တမ်း




Copy from - Yo tube video,AlJazeeraEnglish
တနေ့ လျှင် ၃ နာရီ ခြား မီးပျက်ဖွယ်ရှိပါသည်

၃-လပိုင်း ၁၁-ရက်နေ့ကလူပ်သွားတဲ့ ငလျင်ပြင်းအား (၉)အဆင့်ရှိသည့် ငလျင်သည့် ၁၃-ရက်နေ့မှ ၁၆-ရက်နေ့အတွင်း ထပ်မံလူပ်နိုင်ဖွယ် ၇၀-ရာခိုင်နုံန်းရှိသည်။ ၁၆-ရက်ကျော်လျှင် ၅၀-ရာခိုင်နူံန်းရှိသည်ဟု ဂျပန်သတင်းဌာနက ကြေညာထားပါသည်။ ဖြစ်နိုင်မယ်နေရာဒေသကတော့ တိုကျို- ချီဘာခရိုင်ဖြစ်ပြီး ငလျင်လူပ်လျှင် ဆုနာမိဖြစ်နိုင်ဖွယ်ရှိသည်အတွက် သတိထားဖို့နှင့် ဖြစ်နိုင်၊ မဖြစ်နိုင်သေသေချာချာ မပြောနိုင်သေးကြောင်းကို သတင်းဌာနကပြောကြားထားပါသည်။ မနက်ဖြန် ၁၄-ရက်နေ့က စပြီးတော့ ဂျပန်နိုင်ငံ fukushima တွင်ဖြစ်ပွားသွားသော နူကလီးယားဓာတ်ပေါင်းဖို့နှင့် ပတ်သက်ပြီးတော့ တနေ့ လျှင် သုံးနာရီခြား မီးပျက်ဖွယ်ရှိပါသည်။ မီးပျက်မည့်နေရာကို Group (5) ခုခွဲပြီးတော့ လွင်ထားပါသည်။ တိုကျိုနှင့် အနီးပတ်ဝန်းကျင်ကိုပဲဖော်ပြပေးပါမည်အသေးစိတ်ကိုတော့ ဂျပန်သတင်းစာမှာပါလာပါမည်။

Group (1) မနက် ၆-နာရီ ၂၀-မိနစ် မှ မနက် ၁၀-နာရီ---------------ညနေ ၄-နာရီ ၅၀မိနစ် မှ ညနေ ၈-နာရီ ၃၀ မိနစ် Tokyo to ( musashinoshi- mitakashi- higashi murayamashi- nishi tokyoshi )
Group (2) မနက် ၉-နာရီ ၂၀-မိနစ် မှ နေ့လည် ၁-၀၀နာရီ-------------ညနေ ၆-နာရီ၂၀-မိနစ် မှ ညနေ ၁၀-နာရီ ( hachiojishi- tachikawashi- higashi tokyoshi- mitakashi- chofushi- tama newtown
Group (3) နေ့လည် ၀၀-၂၀ မှ ညနေ ၄-၀၀နာရီ------------- Hachioji shi
Group (4) နေ့လည် ၁နာရီ ၅၀ မိနစ် မှ ညနေ ၅-နာရီ ၃၀ မိနစ်-------------- Arakawaku- Tachikawaku
Group (5) ညနေ ၃-နာရီ ၂၀ မိနစ် မှ ညနေ ၇-၀၀ မိနစ်------------ Tamachi shi Group-၅-ခု ခွဲပြီးတော့ မီးပျက်ပါမယ်။ နယ်ဘက်သို့သွားသောမီးရထားများမီးပျက်လျှင်သွားလို့ မရနိင်ကြောင်းနှင့် သွားမည်ဆိုလျှင် မီးရထားဌာနသို့ မေးပြီးသွားနိုင်ကြောင်း ကြေငြာထားပါသည်။

နောက်ထပ်တကြိမ် ဂျပန် ငလျင်ကြီး လှုပ်ခတ်သွားနိုင်ကြောင်း သတိပေးချက်။

၂၀၁၁ ခုနှစ် မတ်လ (၁၃)ရက်။

(၃)ရက် အတွင်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ဂျပန်အစိုးရ၏ မိုးလေ၀သ ဌာန ငလျင် ပညာရှင်များမှ ထုတ်ပြန် ကြေငြာသွားပါတယ်။ ငလျင်ဖြစ်ပေါ်ရန် ၇၀% ဟု တရားဝင် ထုတ်ဖေါ် ပြောကြားသွားပြီး လက်ရှိ ခန့်မှန်း ထားကတော့ ယခင် ငလျင်လှုပ်ခတ်သွားသော ဧရိယာ အတွင်းမှာ ဗဟိုပြုပြီး ဖြစ်ပေါ်လာမယ် အနည်းဆုံး အင်အား M 7.0 ကျော် ဖြစ်နိုင်ကြောင်း ပြောကြားသွားပါတယ်။
လျှပ်စစ်စွမ်းအား ထုတ်လုပ်ပေးတဲ့ နျူကလီယား ဓါတ်ပေါင်းဖို ရပ်ဆိုင်းသွားတဲ့အတွက် မီးဖြန့်ဖြူးရေးမှာ မလုံလောက် ဖြစ်သွားပြီး TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှ မီးဖြန့်ဖြူးရေး လျော့ချ တော့မည့် အစီအစဉ်ကို ၀န်ကြီးချုပ် နာအိုးတိုးခမ် (Naoto Kan) က လက်ခံ လိုက်ပြီး မနက်ဖြန် ၆း၂၀ နာရီကနေစပြီး အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် မီးပျက် သွားနိုင်ကြောင်းကို ၀န်ကြီးချုပ်က ပြောကြား သွာပါတယ်။ TEPCO တိုကျို လျှပ်စစ်စွမ်းအင် ကုမ္မဏီမှလည်း ခန်တို ဧရိယာအတွင်း သတ်မှတ်ထားသည့် ဒေသ ၅ ခုရှိ ပြည်သူတွေ ကို မနက်ဖြန် ၆း၂၀ နာရီကနေစပြီး ည ၁၀း၀၀ နာရီကြားမှာ မီးကို အလှည့်ကျ တနေ့ ပျမ်းမျှ ၃ နာရီလောက် အလှည်ကျ မီးဖြတ်တောက် သွားမည်ဖြစ်ကြောင်း ကြေငြာသွားပြီး မီးလျောချသွားမည့် အစီအစဉ်ကို ၄ လပိုင်း လကုန်ပိုင်းအထိ အထိဖြစ်နိုင် ကြောင်း ပြောကြားသွားပါတယ်။
မတ်လ ၁၁ ရက်နေ့ လှုပ်ခတ်သွားသော ငလျင်အားကို ပညာရှင်များ၏ ငလျင်တိုင်းထွာချက် မှတ်တမ်းအရ M 9.0 အဖြစ်ပြောင်းလဲ သတ်မှတ်လိုက်ကြောင်း တရားဝင်ထုတ်ပြန် ကြေညာသွားပါတယ်။ 9.0M သည် ကမ္ဘာပေါ်တွင် ဖြစ်ပေါ်သော ငလျင်များထဲတွင် ၁၉၀၀ ခုနှစ် နောက်ပိုင်း ပဉ္စမမြောက် အကြီးဆုံး ငလျင်ကြီး ဖြစ်ပြီး ဂျပန် သမိုင်းမှာတော့ နှစ်ပေါင်း ၁၄၀ ကျော်အတွင်း အကြီးဆုံး ငလျင်ဖြစ်ကြောင်း သိရပါတယ်။ M 9 ပြင်းအားရှိ ငလျင်နှင့် အမြင့် ၁ဝ မီတာခန့်ရှိ ဆူနာမီ ရေလှိုင်းကြီးများကြောင့် ဂျပန်နိုင်ငံအတွင်း  အသေအပျောက် ၃၀၀၀ ကျော် ရှိပြီး အမြောက်အများ ပျောက်ဆုံးကြောင်း ငလျင်ဗဟိုပြုခဲ့သည့် မီယဂိ ဒေသ တခုထဲမှာ လူဦးရေ အသေအပျောက် ၁၀၀၀၀ ကျော်ရှိနိုင်ကြောင်း သတင်းများမှ ခန့်မှန်း ပြောကြားသွားပါတယ်။
၁၁ ရက်နေ့ ငလျင်လှုပ်ခတ် သွားပြီးသည့်နောက်ပိုင်း နေ့စဉ် ရက်ဆက် TV သတင်းဌာန ပေါင်းစုံသို့မှ ဆက်တိုက် ငလျင်သတင်းကိုသာ ထုတ်လွှင့် ပြသသွားပြီး မီးဖြတ်တောက်သွားမည့် အစီအစဉ်နဲ့ ၃ ရက် အတွင်း ထပ်ပြီး ငလျင်ကြီး လှုပ်နိုင်ကြောင်း ကြေငြာ သွားသည့်အတွက် လူအများ စိုးရိမ် ထိတ်လန့်ကြပြီး သောက်ရေနဲ့ စားစရာ များ ၀ယ်ယူစုစောင်းနေကြသည်ကို တွေ့ရသည်။
မီးအသုံးပြုစရာမလိုပဲ အဆင်သင့် စားသောက်နိုင်မည့် အစားအစာ သောက်ရေ အနည်းငယ် ၀ယ်ထားသင့်ကြောင်း၊ လက်နှိပ်ဓါတ်မီး၊ မိမိအတွက် အရေးကြီး ပစ္စည်းများ တနိုင်ဆွဲပြေးနိုင်သော အိတ်တလုံးထဲတွင် အသင့်ပြင်ထားကြရန် လိုအပ်ကြောင်း၊ အိမ်အတွင်း ဘေးပတ်ဝန်းကျင်မှာ ပြုတ်ကျလာနိုင်သော ပစ္စည်းများ မထားသင့်ကြောင်း၊ ၂၄ နာရီ အရောင်းဆိုင်နဲ့ ရဲစခန်း (ခိုဘန်း)တွေမှာ ယာယီဒုက္ခသည်များ ခိုလုံနိုင်မည့် စခန်းနေရာကို ကြော်ငြာသွားမည်ဖြစ်ကြောင်း သိရပါတယ်။ မိမိအိမ်နှင့် အနီးဆုံ ပန်းခြံနဲ့ စာသင်ကျောင်းတွေမှာ လဲ့ကြည့်ထားသင့်ကြောင်း စိတ်အေးအေးထားပြီး သတိဝိရိယ နှင့် သွားလာသင့်ကြောင်း အကြံပြုလိုပါသည်။

ဂျပန် မိုးလေ၀သ ဌာနမှ ငလျင်မှတ်တမ်းကို သွားရောက်ကြည့်ရှုနိုင်ပါသည်။

http://www.jma.go.jp/en/quake/quake_singendo_index.html

Mai Kyaw Oo

2011/03/13

Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ပေါက်ကွဲမှုသတင်း





ဒီကနေ့ ညနေ ၃း ၄၆ နာရီ မှာ  Fukushima နျူကလီးယား ဓါတ်ပေါင်းဖို ရီအက်တာ အမှတ်(၁)စက်ရုံမှာ ပေါက်ကွဲမှု တခုဖြစ်ပေါ်ခဲ့ပြီး စက်ရုံက မျက်နှာကြက် အမိုး အကာလည်း အောက်ကို ပြုတ်ကျခဲ့ပြီး အဖြူရောင် မီးခိုးများ ထွက်ပေါ်လာပါတယ် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ထွက်လာသည့် ဓါတ်ရောင်ချီမှာ ၁ နာရီမှာ တနစ်စာ သုံးစွဲသည့်  ဓါတ်ရောင်ချီ နဲ့ ညီမျှပြီး အနီးအနားမှာ ပြန့်နှံနေကြောင်း ရေဒီယိုသတ္တိကြွနှုန်းဟာလည်း တနာရီကို ၁၀၁၅ မိုက်ခရိုစီလီဘယ်လ်ရှိတယ်လို့ ဆိုပါတယ်။  ၂၀ ကီလိုမီတာ အတွင်းရှိ ပြည်သူများကို ထွက်ပြေး တိမ်ရှောင်ဖို့ ထပ်မှန် သတိပေးထားကြောင်း သိရပါတယ်။

ပေါက်ကွဲမှုနှင့် ပတ်သက်၍ ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO မှ သတင်းစာ ရှင်းလင်းပွဲ တခု ပြုလုပ်သွားပါတယ်၊ ပေါက်ကွဲရခြင်း အကြောင်းရင်းကို အသေးစိတ် မသိသေးဘ ပေမဲ့ ၀န်ထမ်း၎ယောက် ဒဏ်ရာရရှိသွားတယ်လို့ ပြောဆိုပါတယ်။ ဓာတ်ပေါင်းဖိုကြီးလဲ ပျက်စီးသွားနိုင်ဘွယ်ရှိကြောင်း သတင်းသမား အများစုက သုံးသပ်ကြပါတယ်။ တခုလုံးပေါက်ကွဲ ပျက်စီးမှုဖြစ်ပါက ဂျပန်တနိုင်ငံလုံး ပျက်ဆီးဆုံးရူံးမည့် အန္တရာယ်က လက်ရှိ ကြီးမားစွာ ဖြစ်ပေါ်လာနိုင်ကြောင်း သိရှိရပါတယ်။

Mai Kyaw Oo

2011/03/12

ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို နောက်ဆက်တွဲ သတင်း
နျူကလီယားဓါတ်ပေါင်းဖိုမှ လျှပ်စစ်စွမ်းအင် လည်ပတ်မှုစနစ်ပုံ

စီးပွါးရေးနဲ့ ကုန်သွယ် ထုတ်လုပ်ရေး ၀န်ကြီးဌာန လက်အောက်က NISA နျူကလီယားနဲ့ စက်မှုလုံခြုံရေး ဌာနက ယနေ့ ၃ နာရီလောက်မှာ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပြီး အမှတ်(၁) ဖူကူရှီးမား ဓါတ်ပေါင်းဖိုမှ MELT DOWN နျူကလီယား ဓါတ်ပေါင်းဖိုအတွက် အဆိုးဆုံး ဖြစ်နေပြီလို့ ထုတ်ပြန်ကြေငြာသွားပါတယ်။ ၁၂ ရက်နေ့ ညကနေစပြီး မီးပျက်သွားနိုင်ဘွယ်ရှိတယ်လို့လည်း ကြေငြာသွားပါတယ်။

ငလျင်ကြေင့် နျူကလီယား ဓါတ်ပေါင်းဖို အပူချိန် အရမ်းမြင့်တက်လာပြီးဓါတ်ပေါင်းဖို ကို ရပ်ဆိုင်း ထားပြီးတော့ ဓါတ်ပေါင်းဖို ထိန်းသိမ်းဖို့အတွက် အပူချိန်အေးအောင် ထိမ်းသိမ်းဖို့ ရေသွင်းဖို့အတွက်လည်း လျှပ်စစ်မရတဲ့အတွက် ရေသွင်းဖို့ အခက်အခဲ့ဖြစ်နေပါတယ်။

ဒီအတိုင်းဆိုရင် ဆက်လက်ပြီး နျူကလီယား လောင်စာ အပူချိနက အရမ်းတက်လာပြီး လောင်စာ ထည့်ထားတဲ့ လှောင်ကန် ပေါက်ကွဲနိုင်သည့် အန္တာရယ်ရှိပြီး ဓါတ်ပေါင်းဖိုမှ ရောင်ချီက သဘာဝပြင်ပကို ယိုထွက် လာနိုင်ကြောင်း ဂျပန် သတင်းဌာန၊ TV သတင်းဌာနများမှ သတင်းအရ သိရပါတယ်။ ဓါတ်ပေါင်းဖို အခြေနေကတော့ အဆိုးဆုံး အခြေအနေကို ရောက်နေပြီဖြစ်ပါတယ်။

Mai Kyaw Oo
ငလျင်ကြီးကြောင့် နျူကလီးယားဓါတ်ပေါင်းဖိုမှ ရောင်ချီယိုစိမ့်ထွက်မှု သတင်း
ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO (ဓါတ်ပုံ ၊ NHK )
http://nettv.gov-online.go.jp/prg/prg4479.html
၂၀၁၁ ခုနှစ် မတ်လ(၁၂)ရက်။

ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ EDANO မှအနည်းဆုံး လူ ၁၀၀၀ ကျော် သေဆုံးကြောင်း ကြေငြာခဲ့သည့်အပြင် နျူကလီးယား ဓါတ်ပေါင်းဖို ၂ နေရာမှာ ဓါတ်ရောင်ချီ ယိုစိမ့်မှု ဖြစ်နိုင်လို့ နျူကလီးယား ဆိုင်ရာ အရေးပေါ်အခြေအနေကို အစိုးရမှ တရားဝင် ထုတ်ပြန်ကြေငြာလိုက်ပါသည်။

နျူကလီးယား ဓါတ်ပေါင်းဖိုရှိ ပတ်ဝန်းကျင် ၃ ကီလို မှ ၁၀ ကီလို အတွင်းရှိ ဒေသခံပြည်သူ ငါးသောင်းကိုးထောင် ( ၅၉၀၀၀)တို့ကို ခေတ္တ တိမ်းရှေင် ရွှေ့ပြောင်း ဖို့ အမိန့် ထုတ်ပြန် လိုက်ပါတယ်။ နျူကလီးယားဓါတ်ပေါင်းဖိုမှ ယိုစိမ့်ထွက်မှု သတင်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဂျပန်သမိုင်းမှာ ပထမဆုံး ထုတ်ပြန်လိုက်သည့် ကြေငြာချက်လည်းဖြစ်ပါတယ်။

ဖူကူးရှီမား ခရိုင်ရှိ နျူကလီးယား ဓါတ်ပေါင်းဖို
ယခု ငလျင် လှုတ်ခတ် သွားသည့် ဒေသသည် နျူကလီးယား ဓါတ်ပေါင်းဖို စုစုပေါင်း( ၇ . ခု )ရှိကြောင်းလည်း သိရှိရပါသည်။

လျှပ်စစ်စွမ်းအင် အသုံးပြုထားသည့် နျူကလီးယား ဓါတ်ပေါင်းဖို တည်ဆောက်သည့်အချိန်မှာ အဆိုးဆုံးကို စဉ်းစားပြီး ခိုင်မာစွာ တည်ဆောက် ထားသော်လည်း ယခုတချိန် လှုတ်ခတ်သွားသော ငလျင်သည် အဲသည် ခန့်မှန်းထားသည်ထက် ပြင်းထန်း လွန်းသည့်အတွက် ငလျင်ကြောင့် နျူကလီးယား ဓါတ်ပေါင်းဖိုမှ ရောင်ချီ ယိုစိမ့် ထွက်မှုရှိကြောင်းကို ဂျပန်အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ၀န်ကြီး EDANO မှ အရေးပေါ်အခြေအနေကို ထုတ်ပြန်ကြေငြာသွားပါတယ်။

အကယ်၍များ ဓါတ်ပေါင်းဖိုကြီး ပေါက်ကွဲမှုကြီးဖြစ်ပါက ဂျပန်တနိုင်ငံလုံး ပျက်စီးဆုံးရှုးမှုကြီးအပြင် အရှေ့အာရှအထိပါ ပြန်နှံသွားနိုင်ကြောင်း သိရှိရပါတယ်။

မနေ့က ဂျပန်စံတော်ချိန် ၂း၄၆နာရီ လှုပ်ခတ်သွားပြီးသည်နောက် ယခုသတင်းရေးသည်ချိန်အထိ ပျမ်းမျှခြင်း ၁၀ မိနစ် တကြိမ် လှုပ်ခတ်သွားကြေင်း မိုးလေ၀သမှတ်တမ်းအရသိရှိရပါသည်။ တိုကျိုမှာလဲ အလားတူ လှုပ်ခတ်နေကြောင်း ခံစားနေရပါသည်။ မိုးလေ၀သ သတင်းဌာနမှ နောက်တလ အတွင်း ငလျင် လှုတ်သွားသည့် ဧရိယာမှာလည်း နောက်တကြိမ် ကြီးမားတဲ့ ငလျင်ကြီး ထပ်လှုပ်သွားနိုင်ကြောင်းကို ထုတ်ပြန် ကြေငြာသွားပါတယ်။

2011/03/10

ဦးခွန်ထွန်းဦးနှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး တောင်းဆို ဆန္ဒပြပွဲ(တိုကျို)။


၂၀၁၁ မတ်လ ၉ ရက်။




ဦးခွန်ထွန်းဦး နှင့် တိုင်းရင်းသား ခေါင်းဆောင်များအပါအ၀င် မတရား ဖမ်းဆီးခံ နေရသော နိုင်ငံရေး အကျဉ်းသားများအားလုံး အမြန်ဆုံး လွတ်မြောက်စေရန် အတွက် တောင်းဆို ဆန္ဒပြပွဲ အခမ်းအနားကို Shibuya မြို့ နယ်ရှိ UNရုံးရှေ့ တွင် ဂျပန်နိုင်ငံရောက် တိုင်းရင်းသား အင်အားစု များတို့မှ ယနေ့ ညနေ ၃း၀၀ နာရီ မှ ၄း၀၀ နာရီ အထိ ကျင်းပ ပြုလုပ်ခဲ့ကြပါသည်။