Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/09/27

. . . . . . . . . . . . သူရဲကောင်း ဖိတ်စာ . . . . . . . . . . .


ကျွန်တော်တို့ မြန်မာနိုင်ငံ အာဏာရှင် စနစ်ဆိုး အောက်မှ လွတ်မြောက်ပြီး ဒီမိုကရေစီ နိုင်ငံသို့ လမ်းလျှောက်ကြမည့် ခရီးစဉ်တွင် သင်သည် အဓိက အကျဆုံး လူ ဖြစ်နေသည်ကို မမေ့ပါနှင့်။ ထိုသို့ ပြောလိုက်၍ သင့် ကို မြှောက်ပြောတာဟု မထင်ထားပါနှင့်။ ကျွန်တော့် မညာတတ် ၊ မလိမ်တတ်ပါ။ ဘာကြောင့် ကျွန်တော် ထိုသို့ ပြောရသည်ကို ရှင်းပြ ပါမည်။
သင်သည် မြန်မာ နိုင်ငံသားဟု သင့်ကိုယ်သင် ခံယူထားလျှင် သင့်နိုင်ငံ တိုးတက် ကောင်းမွန်ရေးကို သင် ကိုယ်တိုင် လုပ်ဆောင် ရပေမည်။ အခြေအနေ အရပ်ရပ်ကို မှန်မှန် ကန်ကန် တွေးခေါ်ပြီး တကယ် လက်တွေ့ ကျကျ လုပ်ကြဖို့ အရေးကြီး နေပြီ။ အဘက်ဘက်က ဆုတ်ယုတ် နေသော ကျွန်ူပ်တို့ တိုင်းပြည်ကို တကယ် ကောင်းစား စေချင်လျှင် သင့်ကိုယ်သင် အရင် ပြင်ရမည် ဖြစ်သည်။ လူတကာ လက်ညိုး ၀ိုင်းထိုး နေသာ အာဏာရှင်တွေ သက်ဆိုး ရှည်ရေး လမ်းစဉ်ကို သင် ကူညီထောက်ပံ့ ပေးနိုင်သလို ဒီမိုကရေစီ လမ်းဖောက် နေသူများကို ကူညီ ပေးနိုင်သူမှာလည်း သင်သာ ဖြစ်သည်။ သင်၏ ခွန်အား များကို အကျိုး ရှိစွာ အသုံး ချမည်လော ၊ တိုင်းပြည်ကို နွံနစ်သထက် နစ်လာအောင် ကူ၍ တွန်းချ မည်လော။ သေချာစွာ ဆင်ခြင် စဉ်းစား သင့်သည်။ သင် အတိတ်က မှားခဲ့ကောင်း မှားခဲ့ နိုင်ပါသည်။ သို့သော် ပုစ္စုပ္ပန် လုပ်ရပ်များတွင် သင့်အမှားတွေ ပြင်ဆင်ပြီး အနာဂတ်တွင် ပိုမို ကောင်းမွန်သော နည်းလမ်းများဖြင့် တိုင်းပြည် အတွက် ဆက်လက် ကြိုးစားကြဖို့သာ ရှိပေသည် ။

ကျွန်ူပ်တို့ အားလုံး တော်လှန်ရေး ဇတ်ကားများ ၊ ဇတ်ကြမ်းကား ရုပ်ရှင်များ ကြည့်ဖူး ကြသည်ဟု ထင်မိပါသည်။ ထိုဇတ်ကားများ ကြည့်သည့် အခါ ပြည်သူ လူထုအား အကြမ်းဖက်သူ လူဆိုးတို့မှ ညင်းပန်း နှိပ်စက်သည့် အခန်းများတွင် ကယ်တင်ရှင် သူရဲကောင်းများ မြန်မြန် ရောက်လာ စေရန် ကြည့်နေရင်း မျှော်လင့်မိကြသည် မဟုတ်ပါလော။ ထိုဇတ်ကားများသည် ဒါရိုက်တာ၏ ဇတ်ညွှန်း အတိုင်း ကနေကြသည်ကို သိလျှက်နှင့်ပင် သူရဲကောင်းတို့ ရောက်လာချိန်ကို မချင့်မရဲ စောင့်စားရင်း အားမလို အားမရ ဖြစ်ခဲ့ကြဘူး သည်ကို ပြန်လည် အမှတ်ရ ကြည့်ပါ။ ထိုကဲ့သို့ သူရဲကောင်း ရောက်လာ၍ ရန်သူ လက်တွင်းမှ ပြည်သူ လူထုကို ကယ်တင်ခန်းများ ကြည့်ရသည့် အခါတွင် စိတ်တွင် ကြည်နူးကာ လက်ခုပ် လက်ဝါး တီးကာ အားပေးသည့် လူများကိုပင် အများအပြား တွေ့ရှိ ရပါသည်။ ယခု အချိန်တွင်လည်း မြန်မာနိုင်ငံ ပြည်သူ လူထုသည် အာဏာရှင် စနစ်ဆိုး အောက်မှ လွတ်မြောက်အောင် ဆောင်ကြဉ်း ပေးနိုင်မည့် သူရဲကောင်းကို စောင့်မျှော်လျှက် ရှိပါသည်။ သို့သော် မည်သူ မည်ဝါ သူရဲကောင်း လုပ်ရမည်ဟု သတ်မှတ် ထားချက် မရှိပါ။ ထို့ကြောင့် သူရဲကောင်းတွေကို ချစ်မြတ်နိုးသော ကျွန်ူပ်တို့ တစ်မျိုးသာလုံး သူရဲကောင်း ဖြစ်အောင် ကြိုးစား နိုင်ဖို့ အခါအခွင့် သင့်လေပြီ ဖြစ်သည် ။ အာဏာရှင် စနစ်ဆိုး အောက်မှ လွတ်မြောက်အောင် ကယ်တင် ပေးမည့် သူရဲကောင်းသည် သင်ကိုယ်တိုင်လည်း ဖြစ်နိုင်ပါသည်။ အခြား သူများကို သူရဲကောင်းဘွဲ့ အပ်နှင်းဖို့ စောင့်နေမည့် အစား သင့်ကိုယ်သင် သူရဲကောင်းဘွဲ့ အပ်နှင်း လိုက်သည်က အကောင်းဆုံး ဖြစ်ပေ လိမ့်မည် ။

“မြတ်ဗုဒ္ဓ ကလည်း မိမိကိုယ်သာ ကိုးကွယ်ရာလို့ ဆုံးမ လမ်းပြခဲ့ဘူးတယ်” ။ “ ငါသာလျှင် ငါ့ ကံ၏ အရှင်သခင် ဖြစ်၍ ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲ ဖြစ်သတည်း" ဟု ဗိုလ်ချုပ် အောင်ဆန်းက ကဗျာ တပုဒ်ထဲတွင် ရေးပြခဲ့ဘူးတယ်။ ဒီစကားတွေကို ဥပမာထားပြီး ကျွန်တော်တို့ ကြိုးစား ကြရမယ်။ တကယ် ရွေးစရာ လမ်းမရှိတော့လို့ တိုက်ပွဲ ၀င်ကြပါစို့လို့ လိုက်လံ နိုးဆော် နေတာပါ။ ပြည်သူတွေ ဆင်းရဲ ဒုက္ခ ရောက်နေတာလည်း အားလုံး မျက်မြင် ကိုယ်တွေ့ ပါဘဲ။ ၂၂ နှစ်တော်လှန်ရေး ဆင်နွှဲခဲ့တာ မအောင်မြင်ပါဘူးလို့ ပြောလာတဲ့ သူတွေကို ပြန်မေးကြည့် ပါအုံး။ ၂၂ နှစ် လုံးလုံး တိုင်းပြည် ဘဏ္ဍာ တွေကို စိတ်ကြိုက် အသုံးချခဲ့ပြီး ပြည်သူ လူထု ဘ၀ကို လက်နက်ပြ အုပ်စိုးထားတဲ့ အစိုးရ ကကော တိုင်းပြည် အတွက် ဘာတွေများ လုပ်ပေး ပြီးပြီးလဲ။ လွန်ခဲ့တဲ့ ၂၂ နှစ် က ပြည်သူ လူထု ရပ်တည်ရတဲ့ အခြေအနေထက် အခု အခြေအနေ ပိုမို ဆိုးရွားလာတာ ဘယ်သူကြောင့်လဲ။ ဆက်ငုံ့ ခံနေရင်တော့ အမျိုးပျေက်မှာ သေချာတယ် ။ အာဏာကို လွန်စွာ တွယ်ကာ မက်နေတဲ့ လူတွေက မေတ္တာ တရား ဆိုတာ နားမလည် ကြတော့ဘူး။ ဘုရားတွေလှည့် တည်နေတဲ့ သူတို့ တစ်တွေကဘဲ သံဃာတွေကို သတ်ပြခဲ့တယ် ။ အဲဒါ သာသနာကို စော်ကား တာလား ၊ ချီးမြှောက် တာလား စဉ်းစားစရာ မလိုတော့ဘူး။ လူမျိုးနဲ့ သာသနာ တည်မြဲစေဖို့ အတွက် ကြိုးစားရမည့် အချိန်အခါမှလည်း သင်က အဓိက ကျဆုံး လူသား ဖြစ်ပေသည်။ သင့် ပတ်ဝန်းကျင်တွင် ကြီးဆိုး နေသည့် မတရား အဓမ္မမှုများ ကို ကာကွယ်ရန်မှာ သင်၏ တာဝန် ၀တ္တရားပင် ဖြစ်လေသည်။

ငြိမ်းချမ်းရေး ဆိုတဲ့ စကားလုံးကို သူတို့ နားလည်အောင် အဓိပ္ပာယ် ဖွင့်ဆို ပေးနိုင်တဲ့ လူတွေ သူတို့ အနားမှာ တစ်ယောက်မှ မရှိပါဘူး။ ဖြစ်ချင်တာဖြစ် ပစ်သာပစ်ကွာ ဆိုတဲ့ သူတို့ ပါးစပ်ဖျားက အမိန့် စကားအောက်မှာ အသက် ကွယ်ကာ ပျောက်ခဲ့ရတဲ့ ရဟန်းရှင်လူ ကျောင်းသား ကျောင်းသူတွေ နည်းတော့တာ မဟုတ်ဘူး။ တဖြည်းဖြည်းနဲ့ လူ့အခွင့်အရေးတွေ ဆုံးရှုံးလာတာ နိုင်ငံတော် သီချင်းတောင် ခင်ဗျာတို့ လွတ်လွတ် လပ်လပ်ဆိုလို့ ရတော့လို့လား။ ကျွန်တော်သိတဲ့ ဒီမိုကရေစီ လမ်းစဉ်ဆိုတာ လူထုက အုပ်ချုပ် အာဏာ အပ်နှင်းတာ ဖြစ်တယ်။ လူထု ဆန္ဒကိုလည်း လွတ်လပ်စွာ ဖော်ထုတ်ခွင့် ရှိတယ်။ အခုတော့ စာနယ်ဇင်း လွတ်လပ်ခွင့်တောင် မရှိဘူး။ ဒါဟာ ဒီမိုကရေစီ လမ်းစဉ်ကို ချည်းကပ်တာ မဟုတ်ဘူး။ ဖက်ဆစ် စနစ်ကို ပြန်လည် အသက် သွင်းဖို့ ကြိုးစား နေတာ။ ဒါတွေကို ငုံ့ ခံနေစရာ အကြောင်းမရှိဘူး။ ပြည်သူ့ ဆန္ဒဖော် တွေကို ဖော်ထုတ် ပြသရမယ်။ သမိုင်း ကြွေးတွေ ဆပ်စရာ အများကြီးဘဲ ထပ်ပြီး အကြွေးတင် မခံကြတော့ နဲ့ ရ သလောက်တော့ နိုင်ရာ တာဝန် ထမ်းပြီး ဆပ်ဖို့ ကြိုးစား ပေးကြပါ။ နောင်လာမည့် မျိုးဆက် တွေကို ကျွန်ူပ်တို့ ကဲ့သို့ စနစ်ဆိုးကြီးရဲ့ ဒဏ်ကို မခံစားရစေဖို့ ယခုချိန်က စပြီး အာဏာရှင် စနစ်ကို တိုက်ထုတ်ဖို့ ကြိုးစား အားထုတ် ကြရမည်မှာ မြန်မာ နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်ပေသည်။

ကျွန်ူပ်တို့ လိုချင်သော အုပ်ချုပ်ရေး ပုံစံကို ကျွန်ူပ်တို့ ကိုယ်တိုင်ပင် ဖန်တီး ရယူရမည်။ ကျွန်ူပ်တို့ တိုင်းပြည်အား ငြိမ်းချမ်း သာယာ၍ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်မှုကို အမှန်တကယ် လိုလားလျှင် ကျွန်ူပ်တို့ လက်တွဲကာ ၀ိုင်းဝန်း ကြိုးစား ကြရမည် ဖြစ်သည်။ ထိုသို့သော တရားမျှတ၍ ခေတ်မှီ ဖွံ့ဖြိုး တိုးတက်သော အုပ်ချုပ်ရေး စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက် နိုင်ရန် လူထု ဆန္ဒ ဖော်ထုတ် ပွဲများ ကျင်းပ၍ တောင်းဆို တိုက်ပွဲ ၀င်ရန် ကြံစည် ကြိုးကုတ် အားထုတ် လုပ်ဆောင် သင့်သည့် အချိန်အခါသို့ ရောက်ရှိ လာပေမည်။ တိုက်ပွဲ ၀င်ရာတွင်လည်း အချိန် တိုတိုနှင့် အထိ ရောက်ဆုံး ဖြစ်အောင် ကျွန်ူပ်တို့ ဘက်မှ စီစဉ် ထားရှိကြရမည် ဖြစ်လေသည်။ ယခု တိုက်ပွဲသည် ကျွန်ူပ်တို့ တိုင်းပြည် အတွက် နောက်ဆုံး ဒီမိုကရေစီ တိုက်ပွဲ ဖြစ်သည်ဟု ဆုံးဖြတ်ကာ မကြေက်မရွံ့ နောက် မတွန့်ဘဲ တိုက်ပွဲ ၀င်ကြလျှင် မုချ အောင်မြင်မှု ရမည် ဖြစ်သည်။ သင်၏ သတ္တိနှင့် စွမ်းရည်ကို ယုံကြည် သလို သင်၏ တိုင်းပြည် အပေါ် ထားရှိသော တိုင်းပြည်ကို ချစ်မြတ်နိုးစိတ် ကိုလည်း ကျွန်ူပ် အကြွင်းမဲ့ ယုံကြည်ပါ၏။ ထိုကြောင့် နောင်အခါဝယ် မြန်မာပြည်၏ ဒီမိုကရေစီ သူရဲကောင်း ပါလို့ ပြည်သူ လူထု နူတ်ဖျားမှ ရွတ်ကာ စိတ်ဝယ် တသသနှင့် တမ်းတရသည့် သူရဲကောင်း လာမည့် သင့်ကို ကျွန်ူပ်မှ တိုက်ပွဲဝင်ရန် လေးစားစွာ ဖိတ်ခေါ် အသိပေး အကြောင်းကြား လိုက်ပါသည် ။

ခင်မင် လေးစားလျှက်
ဗမာ့သွေး
HumanRight Myanmar မှကူးယူတင်ပြပါသည်။

0 件のコメント:

コメントを投稿