Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/09/27

မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို တိုကျိုတွင် ကျင်းပပြုလုပ်ခြင်း




၂၀၁၀ ခုနှစ် အောက်တိုဘာလ(၂၆)ရက်။
မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်ကြီးကို စက်တင်ဘာလ(၂၆)ရက်နေ့ တိုကျိုမြို့ HIBIYA ပန်းခြံ ၌ နံနက် ၁၀း၃၀ နာရီ မှ ညနေ ၅း၃၀ နာရီအထိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ တာဝန်ယူဦးစီး၍ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ (၁၁)ကြိမ်မြောက် မြန်မာ့ရိုးရာ သီတင်းကျွတ်ပွဲတော်နှင့် အမိျုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၂)နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကိုပါ ပူးတွဲကျင်းပပြုလုပ်သွားခဲ့ကြောင်း
သိရှိရပါသည်။

မြန်မာ့ရိုးရာ သီတင်းကျွတ် ပွဲတော် ကျင်းပရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်း တင်ပြပြီးသည့်နောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဂျပန်ဌာနခွဲ မှ ဥက္ကဋ္ဌ ဦးသန့်ဇင်ဦး မှ သီတင်းကျွတ်ပွဲတော်အား ဖွင့်လှစ်ပေးခဲ့ပါသည်။

သီတင်းကျွတ်ပွဲတော်မှာ ခေတ်ပေါ်တေးဂီတ ဖျော်ဖြေမူ အစီအစဉ်များနှင့် မင်္ဂလာဒိုးအဖွဲ့မှ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆိုအကများ၊ AUN-Japan မှ သျှမ်းတိုင်းရင်းသားများ ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ်မှာ အိုးစည်ဗုံမောင်း နှင့် တိုးနယားအက၊ ကိန္နနရီ ကိန္နနယာ မောင်နှံအက အစီအစဉ်များပါ တင်ဆက်သွားပါသည်။ မြန်မာ့ရိုးရာ အစားအသောက် မျိုးစုံ စုံလင်စွာဖြင့် ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချသွားကြကြောင်း သိရှိရပါသည်။ သီတင်းကျွတ်ပွဲတော်ကို ရိုးရာအစဉ်လာမပျက် ကျင်းပ ပြုလုပ်ရခြင်းဖြစ်ပြီး မြန်မာ့ယဉ်ကျေးမှုကို ဆက်လက် ထိန်းသိမ်း ဖေါ်ထုတ်သွားရန် ဖြစ်ကြောင်းနှင့် တက်ရောက် အားပေးခဲ့ကြသူများကို NLD-LA(JB) အထွေထွေအတွင်းရေမျူး ဦးသောင်းမြင့်ဦးမှ ကျေးဇူးတင်ရှိကြောင်း ပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။


တိုကျိုသီတင်းကျွတ်ပွဲတော်တွင် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုဘွား မြန်မာတိုင်းရင်းသားများအပြင် ဂျပန်လူမျိုးများအပါအ၀င် နိုင်ငံခြားသားအချို့ပါ စုစုပေါင်း(၁၀၀၀) ကျော်ခန့် ပျော်ပျော်ပါးပါး ပါဝင်ဆင်နွဲတာကိုတွေ့ ရပါသည်။

0 件のコメント:

コメントを投稿