Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/09/20

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian ၏ ဂျပန်ခရီးစဉ်နှင့်ပတ်သတ်၍ သဘောထား ထုတ်ပြန်ကျေညာချက်

၂၀၁၀ စက်တင်ဘာလ (၂၀)ရက်။

ဦးဟန်ညောင်ဝေနှင့် Victor Byak Lian တို့သည် ၃၁-၈-၂၀၁၀ နေ့မှ ၂-၉-၂၀၁၀ နေ့အထိ ဂျပန်နိုင်ငံသို့ရောက်ရှိခဲ့ပြီး၊ အောက်လွှတ်တော် အမတ်တစ်ဦးဖြစ်ပြီး၊ ဂျပန်နိုင်ငံအစိုးရအဖွဲ့ဝင် ဒုတိယပညာရေးဝန်ကြီးလည်းဖြစ်သူ Masaharu Nakagawa နှင့်လည်းကောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌါနမှတာဝန်ရှိပုဂ္ဂိုလ်များနှင့်လည်း ကောင်းလာ ရောက်တွေ့ဆုံခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲကို ထောက်ခံအားပေးရေး လာရောက် ဆွေးနွေးသွားကြောင်း ကြားသိရပါသည်။

ထိုသို့သွားရောက်တွေ့ဆုံရာတွင် ဦးဟန်ညောင်ဝေတို့နှင့်အတူ ညီညွတ်သောတိုင်းရင်းသားများအဖွဲ့(ဂျပန်) Association of United Nationalities in Japan, AUN (Japan) ရှိ တိုင်းရင်းသားအဖွဲ့အစည်းတချို့မှ တာဝန်ရှိသူများ အတူတကွ လိုက်ပါသွားကြောင်း ခရီးစဉ်ပြီးဆုံးမှ သိခဲ့ရပါသည်။


မိမိတို့ AUN(Japan)အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများဒီမိုကရေ စီအဖွဲ့ချုပ်နှင့် ပြည်သူလွတ်တော် ကိုယ်စားပြုကော်မတီတို့၏ မူဝါဒများကို လိုက်နာရန် ဘုံနိုင်ငံ ရေးရည်မှန်း ချက်များချမှတ်ပြီး စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးနှင့် အနာဂတ် ဖက်ဒရယ် ပြည်ထောင်စုတည် ထောင်ရေးလုပ်စဉ်များတွင် တခြားသော ဒီမိုကရေစီအဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်နေသော အဖွဲ့အစည်းဖြစ်ပါသည်။

ယခုအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအ၀င် တိုင်းရင်းသားပါတီများပါဝင်သော ပြည်သူ့လွတ်တော်ကိုယ်စားပြု ကော်မတီကပါ စစ်အစိုးရက ကြီးမှူးပြုလုပ်မည့် ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲကိုဆန့်ကျင်သ ပိတ်မှောက်ကြောင်းအသီးသီးကျေညာခဲ့ကြပြီးဖြစ်ပါသည်။ AUN (Japan) ရှိတိုင်းရင်းသားအဖွဲ့အစည်း အသီးသီးကလည်း ဤလမ်းစဉ်ကိုအကောင် အထည်ဖေါ်ရန် သဘောထားများကို အတိအလင်း အသီးသီးကျေညာခဲ့ကြပြီးဖြစ်ပါသည်။

သို့သော်ယခုဦးဟန်ညောင်ဝေ၏ခ ရီးစဉ်သည် AUN-Japan ၏မူဝါဒနှင့်လုံးဝကွဲပြားခြားနားနေကြောင်း သိ ရှိခဲ့ရပေသည်။

သို့ဖြစ်ပါ၍ ယခု ဦးဟန်ညောင်ဝေ၏ စစ်အစိုးရ တရားဝင်ရေးကြိုးပန်းမှုတွင် AUN (Japan) အနေနှင့်ပါဝင် ပတ်သတ်မှုမရှိကြောင်းနှင့် ယင်း၏လုပ်ရပ်မှာမိမိတို့၏မူဝါဒနှင့် ဖြောင့်ဖြောင့်ကြီးဆန့်ကျင်သော လုပ်ရပ်ဖြစ် ပါကြောင်း သဘောထား ထုတ်ပြန်လိုက်ပါသည်။


အလုပ်အမှုဆောင်အဖွဲ့
ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်)
၂၀၁၀ခုနှစ် စက်တင်ဘာလ (၂၀)ရက်

ဆက်သွယ်ရန်- ၈၁-၈၀ ၂၀၄၈ ၅၈၃၄၊ ၈၁-၈၀ ၂၀၃၄ ၁၈၇၈

0 件のコメント:

コメントを投稿