Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/09/30

ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်း ပစ်ခတ်ခံရ

မင်းထက်အောင်(စက်တင်ဘာ-၂၉)
 ဗျုဟာမှူးတစ်ဦးအပါအဝင် ဘုရားသုံးဆူနယ်စပ်သို့ တက်လာသောစစ်ကြောင်းတပ်ရင်းနှစ်ရင်းအား ယနေ့နံနက်ပိုင်း၌ မိမိတို့ပြောက်ကျားပစ်ခတ်ခဲ့ကြောင်း KNU ကပြောသည်။
“အထိအခိုက်စာရင်းတွေ အတည်မပြုနိုင်သေးပါ၊ ကျနော်တို့တပ်ဖွဲ့ပစ်ခတ်တာကတော့သေချာတယ်” ဟု တပ်မဟာ(၆) ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်ကြီးစောထဲနေ ပြောပါသည်။
ဘုရားသုံးဆူမြို့မှ (၁၈) မိုင်ခန့်ဝေးကွာသော အပလုံရွာနှင့် မြိုင်သာယာရွာအကြားတွင် ယင်းကဲ့သို့ ပစ်ခတ်မှုဖြစ်ပေါ်ခဲ့သည်ဟု
သိရသည်။ တဖန် ဗိုလ်ကြီးစောထဲနေက “ အဲဒီကနေနှစ်မိုင်လောက်ဝေးတဲ့ နေရာမှာလည်း မနက်(၁၁) နာရီမှာလက်နက်ကြီးသံတွေ ငါးမိနစ်လောက်ထပ်ကြားရပြန်တယ်၊ ဒါပေမယ့်ကျနော်တို့အဖွဲ့တော့ အဲဒီမှာမရှိတော့ဘူး” ဟု ပြောသည်။
ဒေသခံမွန်ပြည်သစ်ပါတီအရာရှိတစ်ဦးက အဆိုပါသေနတ်သံများကြားရသော်လည်း မွန်ပြည်သစ် တပ်ဖွဲ့ များနှင့်  ပစ်ခတ်မှုမရှိခဲ့ဟု ဆက်သွယ်မေးမြန်းချက်အရ သိရသည်။
ထို့အတူ ယခုလ(၂၄)ရက်နေ့တွင်လည်း အဆိုပါစစ်ကြောင်းအား လေးဖိုးရွာအနီးတွင် KNU မှ ခြောင်းမြောင်းပစ်ခတ်ခဲ့ရာ နအဖဖက်မှတစ်ဦးထိမှန် ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ(၆)မှ ပြောသည်။
ထိုသို့အပစ်ခတ်ခံရပြီးနောက် ၄င်းနအဖစစ်ကြောင်းသည် ကားလမ်းအတိုင်း ခြေလျှင်မလာတော့ဘဲ တောင်ကြောများပေါ်မှတဆင့် ဆက်လက်ချီတက်ခဲ့ပြန်ရာ လွယ်လွယ်နှင့်ခရီးမတွင်ဖြစ်နေသည်။
အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ ရှေ့တန်းစစ်ဗျူဟာ(၃)မှ ဗိုလ်မှူးကြီးတင်မောင်ထွန်းနှင့်အတူ ခလရ(၂၈၃)၊ ခမရ(၄၀၅) တပ်ရင်းနှစ်ရင်း ပါရှိလာသည်။
“နှစ်ရက်ခရီးကို တစ်ပတ်နီးပါးလောက်အချိန်ယူပြီးလာရကတည်းက လမ်းမှာလုံခြုံရေးတွေ တော်တော် သတိထားနေရလို့ပါ” ဟုနယ်စပ်စစ်ရေးစောင့်ကြည့်လေ့လာသူတစ်ဦး အကဲခတ်ပြောဆိုသည်။
အဆိုပါခလရ(၂၈၃) သည် လက်ရှိဘုရားသုံးဆူအခြေစိုက် ခလရ(၃၂)တပ်ရင်းနေရာတွင် အစားထိုး ဝင်ရောက်လာမည်ဟု စုံစမ်းသိရှိရသည်။
သတင်းမှတ်တမ်းများအရ ယင်းရတခတိုင်းစစ်ဗျူဟာမှူးများသည် ဘုရားသုံးဆူနယ်စပ်မြို့သို့ မလာရောက်နိုင်သည်မှာ (၂) နှစ်ခန့် ရှိပြီးဖြစ်သည်။
ထိုသို့ တိုင်းရှေ့တန်းစစ်ဗျူဟာမှူးတစ်ဦး ယခုအချိန်လာရောက်ခြင်းသည် ထူးခြားမှုတစ်ရပ်ဟု စစ်ရေးစောင့်ကြည့်သူများ အကဲခတ်နေကြသည်။

0 件のコメント:

コメントを投稿