Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2010/09/23

မြန်မာ နအဖ စစ်အစိုးရမှ ကျင်းပမည်ဆိုသော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ပါ

ကျနော်တို့ ဂျပန်ရောက် ဒီမိုကရေစီ အင်အားစု အားလုံးရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)က ၃-၁ဝ-၂ဝ၁ဝ နေ့ အစည်းအဝေးမှာ အတည်ပြုလိုက်တဲ့ “ဘာကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံရသလဲ” ဆိုတဲ့ စာတမ်း ဖြစ်ပါတယ်။

ဒီစာတမ်းဖြစ်ပေါ်လာဖို့ ကျနော်တို့အားလုံးက ဝိုင်းဝန်း လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။
ဒါကို အခြေခံပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဖို့၊ ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်မပြုဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ လက်လက် လှုပ်ရှားသွားမှာ ဖြစ်ပါတယ်။
ဂျပန်နဲ့ အင်္ဂလိပ်လိုလည်း ဘာသာပြန်နေပြီ ဖြစ်ပါတယ်။ အကူအညီ ပေးနိုင်သူများကိုလည်း လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။
ဘယ်သူမဆို မိမိတို့ လက်လှမ်းမီရာအထိ အကျယ်ပြန့်ဆုံး တဆင့် ပြန်လည် ဖြန့်ပေးစေလိုပါတယ်။
ပြည်တွင်းထဲထိ ကျယ်ကျယ်ပြန့်ပြန့် ရောက်နိုင်အောင် ကြိုးစားပေးကြပါ။
အာဏာရူး အာဏာရှင် စစ်ခေါင်းဆောင် လက်တဆုပ်စာရဲ့ အတုအယောင် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံပဲ ရသမျှ တိုက်ဖျက်ကြပါစို့။
ဒီမိုကရေစီ အရေးတော်ပုံ အောင်ရမည်။

ပြန်ကြားရေး
၂ဝ၁ဝ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ (ဂျပန်)



ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုတို့က လာမည့် နိုဝင်ဘာလ (၇)ရက်တွင် ကျင်းပမည့် ရွေးကောက်ပွဲ များအား အောက်ဖော်ပြပါ အကြောင်းရင်းများကြောင့် လက်မခံနိုင်ပါ။

လက်မခံနိုင်ရသည့် အကြောင်းရင်းများ
အကြောင်းရင်း (၁) ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ
၁၉၈၈ခုနှစ် တနိုင်ငံလုံးမှ ဒီမိုကရေစီ တောင်းဆိုသည့် လူထုအုံကြွမှုကြီးကို စစ်တပ်က လက်နက်ဖြင့် ရက်စက် ကြမ်းကြုတ်စွာ ပစ်ခတ် ဖြိုခွဲ နှိမ်နှင်းပြီး ၁၈-၉-၁၉၈၈ နေ့တွင် အာဏာသိမ်းယူလိုက်သည့် စစ်အစိုးရ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး အဖွဲ့) (အတိုကောက်-နဝတ)က ၂၇-၅-၁၉၉ဝ နေ့တွင် ကျင်းပပေးခဲ့သော ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မဲအပြတ်အသတ်ဖြင့် အနိုင်ရရှိခဲ့သည်။

သို့သော် အာဏာသိမ်း နဝတ စစ်အစိုးရသည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အား အစိုးရဖွဲ့ရန် အာဏာလွှဲပြောင်း ပေးခြင်း မရှိပဲ ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည့် လွှတ်တော်အတွက် ရွေးကောက်ပွဲ ကျင်းပခြင်းသာ ဖြစ်သည်ဟု ပြောင်ပြောင်တင်းတင်းပင် လိမ်ညာခဲ့သည်။ ထို့နောက်တွင် နဝတ စစ်အစိုးရက ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည့် လွှတ်တော် ခေါ်ယူရေးအစား အမျိုးသားညီလာခံ ခေါ်ယူရေးသို့ ပြောင်းလဲလိုက်ပြန်ကာ ၉-၁-၁၉၉၃ နေ့တွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲမည့် အတုအယောင် အမျိုးသားညီလာခံကို စတင် ကျင်းပလိုက်သည်။

ယင်းအမျိုးသား ညီလာခံတွင် တက်ရောက်ခွင့်ရှိသူ (၇ဝ၂) ဦး သတ်မှတ်လျက် ၁၉၉ဝ ရွေးကောက်ပွဲအနိုင်ရ လွှတ်တော် ကိုယ်စားလှယ် အားလုံးကို တက်ရောက်ခွင့်မပြုပဲ ခွဲတမ်းစနစ်ဖြင့် အနိုင်ရ နိုင်ငံရေးပါတီများမှ (၉၂)ဦး နှင့် တသီးပုဂ္ဂလ (၇)ဦးကိုသာ တက်ရောက်စေခြင်း၊ ကျန်ရှိသူ (၆ဝဝ)ကျော်မှာ ရွေးကောက်ပွဲဖြင့် လူထုကို ကိုယ်စားပြုခဲ့ခြင်းမရှိပဲ နဝတ စိတ်တိုင်းကျ ရွေးချယ်ထားသူများသာ ဖြစ်နေခြင်း၊ ထို့ပြင် ရေးဆွဲမည့် အခြေခံဥပဒေ မူကြမ်းတွင် “အနာဂတ်နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု ကဏ္ဍတွင် တပ်မတော်က ပါဝင်ထမ်းဆောင် နိုင်ရေး” နှင့် လူထုက ရွေးကောက်စရာ မလိုသော စစ်တပ်မှ ၂၅ % တိတိ အလိုအလျောက် ပါဝင် နေရာယူခွင့် ပြုရေး တို့ကို အတင်းအကြပ် ထည့်သွင်း ရေးဆွဲခိုင်းခဲ့သည်။

တရားမျှတမှု မရှိခြင်းနှင့် ဒီမိုကရေစီကို အစစ်အမှန် ဖော်ဆောင်နိုင်ရန် လမ်းစမရှိခြင်းကြောင့် ၂၈-၁၁-၁၉၉၅ နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမျိုးသားညီလာခံမှ သပိတ်မှောက် ထွက်ခွာလာခဲ့သည်။
၁၅-၁၁-၁၉၉၇ နေ့တွင် နဝတမှ “နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ” (အတိုကောက်- နယက၊ လူထုအခေါ် နအဖ) အမည်သစ်သို့ ပြောင်းလဲခဲ့သည့် စစ်တပ်ခေါင်းဆောင်များသည် ၎င်းတို့အာဏာ ဆက်လက် ချုပ်ကိုင်နိုင်မည့် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ ဖြစ်ပေါ်လာရေးအတွက် နည်းမျိုးစုံဖြင့် လှည့်ပတ်၍ နှစ်ပေါင်းများစွာ ကျင်းပနေသော အမျိုးသားညီလာခံကို ၃၁-၇-၂ဝဝ၇ နေ့တွင် အဆုံးသတ်လိုက်သည်။

အဆိုပါ အတုအယောင် အမျိုးသားညီလာခံမှ ရေးဆွဲလိုက်သော နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) တွင် ပါဝင်သည့် အဓိကအချက်များအနက် အနာဂတ်ကာလတွင်လည်း စစ်တပ်မှ အနိုင်ကျင့် ဗိုလ်ကျစိုးမိုးခွင့် ပြုထားသည့် အချက်အချို့မှာ အောက်ပါအတိုင်း ဖြစ်သည်။

1. မည်သည့်အကြောင်းဖြင့်မဆို စစ်တပ်မှ အချိန်အခါမရွေး အာဏာသိမ်းခင့် ပြုထားခြင်း၊
2. လူ့အခွင့်အရေးများဆိုင်ရာ၊ ရာဇဝတ်မှုများဆိုင်ရာတို့တွင် စစ်တပ်၏ ကျူးလွန်ပီး ကျုးလွန်ဆဲ ပြစ်မှုများအပေါ် ဥပဒေအရ နောက်ကြောင်းပြန် အာဏာသက်ရောက်ခြင်းမရှိစေရဟု အကာအကွယ်ပေးထားခြင်း၊
3. စစ်တပ်၏ အသုံးစရိတ်အဝဝကို လွတ်လပ်စွာ ခွင့်ပြုပေးထားပီး လွှတ်တော်မှ င်ရောက် စွက်ဖက်ခွင့် မရှိခြင်း၊
4. စစ်တပ်မှ ကျုးလွန်သော ပြစ်မှုဆိုင်ရာများအပေါ် စစ်ခုံရုံး၏ ဆုံးဖြတ်ချက်သည်သာ နောက်ဆုံးအတည် ဖြစ်စေပီး နိုင်ငံတော်တရားရုံးမှ စွက်ဖက် စီရင်ပိုင်င့် မရှိခြင်း၊
5. ပြည်သူတို့က ရွေးချယ် တင်မြှောက်ခြင်း မရှိသော သမ္မတ အပါအဝင် လက်ရှိစစ်မှုထမ်း () ဦး၊ စစ်မှုထမ်း ဟောင်း () ဦးနှင့် အရပ်သား () ဦးသပါဝင်သော အမျိုးသား ကာကွယ်ရေနှင့် လုံခြုံရေးကောင်စီသည် နိုင်ငံတော်၏ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အာဏာ () ရပ်လုံးကို အပြည့်အဝ ထိးချုပ် ထားခြင်း။
စစ်တပ်မှ လုံးဝကြီးစိုး ချယ်လှယ်ထားနိုင်မည့် အခြေခံဥပဒေတွင် ပြည်သူတဦးချင်းအတွက် လူ့အခွင့်အရေးများ ရပိုင်ခွင့်နှင့် တရားဥပဒေ၏ အကာအကွယ်ကို ရယူပိုင်ခွင့်အပြင် ဒီမိုကရေစီစံနှုန်းများ အပေါ်၌လည်း အာမခံချက် များ အပြည့်အဝ ပေးထားသည်ကို မတွေ့ရပါ။ ပြည်သူတို့၏ အကျိုးစီးပွားများကို လစ်လျူရှုလျက် စစ်ခေါင်းဆောင် တို့၏ အကျိုးစီးပွားများအတွက်သာ ဦးစားပေးထားသည်ကို အထင်အရှား တွေ့ရသည်။

အဆိုပါ နိုင်ငံဖွဲ့စည်ပုံ အခြေခံဥပဒေ (မူကြမ်း)ကို စစ်အာဏာရှင်တို့က တဖက်သပ် စိတ်ကြိုက်ရးဆွဲခဲ့ရုံသာမက မသမာသော နည်းလမ်းများဖြင့်လည်း အဓမ္မ အတည်ပြုပဌာန်းခဲ့သည်။ အခြေခံဥပဒေ(မူကြမ်း) အတွက် ပည်လုံးကျွတ် မဲဆန္ဒခံယူပွဲ ကျင်းပချိန်မှာ ၂ဝဝ၈ ခုနှစ်မလ (၂၄) ရက် ဖစ်သည်။ လူပေါင်း ၁၃၄ဝဝဝ (တသိန်း သုံးသောင်းလေးထာင်) ကျော်သဆုံး-ပျောက်ဆုံး၍ သန်းကျော် အိုးအိမ်မဲ့နေခဲ့ရသော နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂၂) ရက်အကြာ တတိုင်းပြည်လုံး ကယ်ဆယ်ရေးလုပ်ငန်းများဖြင့် အလုပ်များနေချိန်တွင် အဆိုပါ မဲဆန္ဒခံယူပွဲကို လူသန်းပေါင်းများစွာက မဲပင် မထည့်လိုက်ရပဲ ကင်းပသွားခြင်းဖစ်သည်။
သို့ဖြစ်၍ ဤ ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လွှတ်တော်မှ တရားဝင် အတည်ပြုမည် ဆိုကာ ကျင်းပသော ၂ဝ၁ဝ ရွေးကောက်ပွဲအား လုံးဝ လက်မခံနိုင်ရခြင်း ဖြစ်သည်။

အကြောင်းရင်း (၂) ၂ဝ၁ဝ ရွေးကောက်ပွဲ ကော်မရှင်နှင့် ရွေးကောက်ပွဲ ဥပဒေများနှင့် နည်းဥပဒေများ
(က) လက်ရှိ အာဏာပိုင် နအဖက ၁၉၈၉ ခုနှစ်၌ ဖွဲ့စည်းခဲ့သော ရွေးကောက်ပွဲ ကော်မရှင်ကို ဖျက်သိမ်းကြောင်းနှင့် ရွေးကောက်ပွဲ ကော်မရှင်အသစ်ကို ဖွဲ့စည်းကြောင်း ၂ဝ၁ဝ မတ်လ (၈) ရက်တွင် ကြေညာခဲ့သည်။ ဤသို့ လုပ်ဆောင်ခဲ့ရာတွင်
* ၁၉၈၉ ခုနှစ် ရွေးကောက်ပွဲကော်မရှင်မှ ကြီးကြပ်လုပ်ဆောင်သည့် ၁၉၉ဝပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို အာဏာပိုင်တို့က မည်သို့မျှ အသိအမှတ်ပြုခြင်း မရှိပဲ၊ တဖန် ၁၉၈၉ ခုနှစ် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ဖွဲ့စည်းထားသော နိုင်ငံရေးပါတီများအား ကြိုတင်အကြောင်းကြား၊ တိုင်ပင် ဆွေးနွေးခြင်း မရှိပဲနှင့် ၁၉၈၉ ခုနှစ် အဆိုပါ ရွေးကောက်ပွဲကော်မရှင် ဖျက်သိမ်းလျက် တဖက်သပ် လုပ်ဆောင်ခြင်း။
* အသစ်ထပ်မံ ဖွဲ့စည်းသော ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်တွင် ၎င်းတို့စိတ်တိုင်းကျသူများကိုသာ ရွေးချယ် ခန့်ထားခဲ့ခြင်းတို့ ရှိခဲ့သည်။
(ခ) ရွေးကောက်ပွဲ ကော်မရှင်ကို ရွေးချယ် ခန့်ထားသူ နအဖကိုယ်တိုင်က လူ့အခွင့်အရေးများကို အကြီးအကျယ် ချိုးဖောက်နေသည်ဟု နိုင်ငံတကာ အသိုင်းအဝိုင်းမှ နှစ်စဉ်နှစ်တိုင်း မှတ်တမ်းတင်ခံနေရသည့် အာဏာပိုင် အဖွဲ့အစည်း ဖြစ်နေခြင်း၊ ပြည်တွင်းတွင်လည်း ၎င်းတို့၏ ထိုသို့ကျူးလွန်မှုများက သက်သေခံ အထောက် အထားများ အထင်အရှားရှိနေခြင်းတို့ကြောင့် ဒီမိုကရေစီ ရပိုင်ခွင့်များ အပြည့်အဝ ရရှိရေးတွင် ယုံကြည်စိတ်ချ အားကိုးရလောက်သော အခြေအနေတွင် မရှိသည့်အတွက် ၎င်းတို့စီစဉ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်စရာ ဖြစ်ရသည်။
(ဂ) ရွေးကောက်ပွဲ ဥပဒေများတွင် မတရားမှုများ၊ မမျှတမှုများ၊ ချုပ်ချယ် တင်းကြပ်မှုများ၊ နှိပ်ကွပ်မှုများ အစရှိသော ဒီမိုကရေစီစံနှုန်းနှင့် မကိုက်ညီသည့် ဥပဒေပြဌာန်းချက် အများအပြား ရှိနေသောကြောင့် ၎င်းတို့စီစဉ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ပါ။
ဥပမာ(၁) - ရွေးကောက်ပွဲဥပဒေ အခန်း ၃ ပိုဒ်ခွဲ ၆ တွင် ဖော်ပြထားသောအချက် ဖြစ်သည့် အကျဉ်းကျနေသည့် ပုဂ္ဂိုလ်များအနေဖြင့် နိုင်ငံရေး ပါတီဝင် ဖြစ်ခွင့် မရှိ။
ဥပမာ(၂) - နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၏ အခန်း (၂) ပုဒ်မ (၆-ဂ) အရ နိုင်ငံရေးပါတီအဖြစ် လျှောက်ထားမည့် ပါတီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ထိန်းသိမ်း စောင့်ရှောက်မည် ဖြစ်ကြောင်း ဝန်ခံဖော်ပြရမည် ဖြစ်သည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီ ဖြစ်ထွန်းရေးအတွက် ပြည်သူလူထုအား ကိုယ်စားပြုရမည့် နိုင်ငံရေးပါတီများအနေဖြင့် လူထုဆန္ဒမပါဘဲ အဓမ္မအတည်ပြုထားသည့် အဆိုပါ ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိန်းသိမ်း စောင့်ရှောက်ရန် ဝန်ခံချက်ပေးဖို့ မဖြစ်နိုင်ပါ။
၂ဝဝ၈ အခြေခံဥပဒေကို အတည်ပြုမည့် လွှတ်တော်များအတွက် ရွေးကောက်ပွဲများကို ပြုလုပ်ရန် လိုအပ်သော ၂ဝ၁ဝ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ များသည် တရားမျှတမှု မရှိသည့်အပြင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသည်ကိုလည်း တွေ့ရသည်။

အကြောင်းရင်း (၃) တွေ့ဆုံဆွေးနွေးရေး မဖြစ်မြောက်ခြင်း
အောက်ပါအချက်များကို ဖြေရှင်းနိုင်ရေးအတွက် မြန်မာ့နိုင်ငံရေးတွင် ပါဝင်သင့် ပါဝင်ထိုက်သည်ဟု အများက ယုံကြည်ယူဆထားသူတို့က အဓိပ္ပာယ်ပြည့်ဝစွာဖြင့် တွေ့ဆုံဆွေးနွေးရမည် ဖြစ်သော်လည်း ကိုယ်ကျိုးကိုသာ ကြည့်သည့် နအဖ၏ တင်းမာသော သဘောထား ရပ်တည်ချက်များကြောင့် အဆိုပါ တွေ့ဆုံဆွေးနွေးရေးက ယနေ့တိုင် အကောင်အထည် ပေါ်မလာနိုင်သေးခြင်းသည်လည်း ၎င်းတို့စီစဉ်သော ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်စရာ အကြောင်းရင်းတချက် ဖြစ်သည်။
* အမျိုးသားပြန်လည်သင့်မြတ်ရေး၊
* ကုလသမဂ္ဂ အထွေထွေညီလာခမှ အစဉ်တစိုက် တောင်းဆိုထားသော သုံးပွင်ဆိုင် တွေဆုံ ဆွေးနွေးရေးကို အကောင်အထည်ဖေါ်ရေး၊
* ၂ဝဝ၈ နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေ၊
* ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲ ရလဒ်ကို လစ်လျူရှုထားသည့် အခြေအနေ၊
* တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးပြီး တရားဥပဒေ စိုးမိုးမှု မရှိသည့် အခြေအနေ၊
* လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားခွင့်၊ စည်းရုံး ဖွဲ့စည်း လှုပ်ရှားခွင့် စသည့် အခြေခံ ရပိုင်ခွင့်များကို ပြန်လည် တိုးတက်ကောင်းမွန်အောင် မလုပ်နိုင်သေးသည့် အခြေအနေ
* ၂ဝ၁ဝ ရွေးကောက်ပွဲ ဥပဒေများ

အကြောင်းရင်း (၄) နိုင်ငံရေး အကျဉ်းသမားများ မလွတ်မြောက်နိုင်သေးသည့် အခြေအနေ
မည်သည့် ရာဇဝတ်မှုကိုမျှ ကျူးလွန်ခြင်းမရှိပဲ နအဖ အာဏာပိုင်တို့၏ တဘက်သပ် စွပ်စွဲမှုများဖြင့်၎င်း၊ မမျှတသော တရားစီရင်မှုများဖြင့်၎င်း ဖမ်းဆီး ထိန်းသိမ်းခံနေရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသမားများ ၂၁ဝဝ ကျော်ရှိနေရာ ထိုသူများ မပါဝင်ပဲ ရွေးကောက်ပွဲ ကျင်းပခြင်းသည် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်သည်ဟု မည်သို့မျှ အသိအမှတ်မပြုနိုင်သောကြောင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံရခြင်း ဖြစ်သည်။

အကြောင်းရင်း (၅) ရွေးကောက်ပွဲ ဝင်ပြိုင်မည့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံမတင်ရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဆုံးဖြတ်ထားသည့် အခြေအနေ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ ၁၉၉ဝ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသည့် တရားဝင် နိုင်ငံရေးပါတီကြီး ဖြစ်သော်လည်း စစ်အာဏာပိုင်တို့၏ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေမှာ ဒီမိုကရေစီ စံနှုန်းများဖြင့် ကိုက်ညီခြင်း မရှိသည့် အချက် (အထက်ဖော်ပြပါ အကြောင်းရင်း ၂) သာမက အထက်ဖော်ပြပါ အကြောင်းရင်း (၃) နှင့် (၄) အရလည်း မည်သို့မျှ လက်ခံနိုင်ဖွယ်ရာ ရှိမနေသဖြင့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင် ခြင်း မပြုရန် တညီတညွတ်တည်း ဆုံးဖြတ်ထားသောကြောင့် ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲ ဥပဒေအရ ကျင်းပမည် ဆိုသော ရွေးကောက်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည် မဟုတ်ပါ။ ထိုဆုံးဖြတ်ချက်အပြင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ ရွှေဂုံတိုင် ကြေညာစာတမ်းကို ထောက်ခံထားသူ ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်ခံနိုင်စရာ မရှိပါ။

မှတ်ချက်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွှေဂုံတိုင်ကြေငြာစာတမ်းတွင် ရွေးကောက်ပွဲ၌ ပါဝင် ယှဉ်ပြိုင်ရန် အတွက် တောင်းဆိုထားသော အချက် ၄ ချက်
1. ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအား ဒီမိုကရေစီ စံနှုန်းများနှင့်အညီ ပြန်လည်သုံးသပ် ပြင်ဆင်ရန်၊
2. ၁၉၉ဝ ရွေးကောက်ပွဲ ရလဒ်အား တနည်းနည်းဖြင့် အသိအမှတ်ပြုရန်၊
3. တွေ့ဆုံဆွေးနွေးရန်၊
4. နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရန်၊

အကြောင်းရင်း (၆) အခြေခံအားဖြင့် ရှိနေရမည့် အချက်များ ရှိမနေခြင်း
ဒီမိုကရေစီ အသွင်ပြောင်းလဲရေးအတွက် အခြေခံ နှစ်ချက်ဖြစ်သည့် (၁) ပါတီစုံ ဒီမိုကရေစီစနစ်ကို အပြည့်အဝ အကောင်အထည် ဖော်ရေးနှင့် (၂) အများသဘောတူ ရွေးချယ်ထားသော စနစ်တကျ အစီအစဉ်တရပ် (သို့) စီမံကိန်းတရပ် ရှိနေရေးတွင် ထိုနှစ်ချက်စလုံး ပြည့်စုံမှုမရှိပဲ နအဖ စိတ်တိုင်းကျ တဘက်သပ် ဖြစ်နေသရွေ့ မြန်မာနိုင်ငံတွင် နိုင်ငံရေးပြဿနာကြီးများ ဆက်လက် ရှိနေဦးမည်ဖြစ်သည်။
ပါတီစုံစနစ်ကို အပြည့်အဝ အမှန်အကန် အကောင်အထည်ဖော်ရေးတွင်
1. ၁၉၉ဝ ရွေးကောက်ပွဲတွင် မဲအပြတ်အသတ်ဖြင့် အနိုင်ရထားသည့် တရားဝင် နိုင်ငံရေးပါတီကြီးဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် အခြား နိုင်ငံရေးပါတီများက လွတ်လပ်စွာ ပါဝင်ယှဉ်ပြိုင်နိုင်ခွင့် ရှိနေရ ပါမည်။
2. ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ငံရေး အကျဉ်းသမားများမှာ ချွင်းချက်မရှိ လွတ်မြောက်ပြီး ရွေးကောက်ပွဲ ဝင်နိုင်ခွင့် ရှိနေရပါမည်။

အများသဘောတူ ရွေးချယ်ထားသော စနစ်တကျ အစီအစဉ်တရပ် (သို့) စီမံကိန်းတရပ် ရှိနေရေးတွင်
1. အများသဘောတူ ရေးဆွဲ အတည်ပြုထားသော နိုင်ငံဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေတရပ် ရှိနေရပါမည်။
2. ရွေးကောက်ပွဲကော်မရှင်သည်၎င်း၊ ရွေးကောက်ပွဲ ဥပဒေများသည်၎င်း အများသဘောတူ (သို့) နိုင်ငံတကာ ရွေးကောက်ပွဲ စံနှုန်းများအတိုင်း ဖြစ်နေရပါမည်။
မြန်မာနိုင်ငံတွင် ဒီမိုကရေစီသို့ အသွင်ပြောင်းရေးမှာ မုချ လုပ်ဆောင်ရမည့် နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်သည်။ မြန်မာ ပြည်သူများစွာက အသက်သွေးချွေးများစွန့်၍၎င်း၊ ဘဝပျက်ခံ၍၎င်း တောင်းဆိုထားသော နိုင်ငံရေးမျှော်မှန်းချက် ဖြစ်ရုံမက နိုင်ငံတကာ အသိုင်းအဝိုင်းကပါ လိုလားသည့်ကိစ္စလည်း ဖြစ်သည်။ ဤလုပ်ငန်းစဉ်သည် နိုင်ငံတကာမှ ယနေ့ လက်ခံကျင့်သုံးနေသော ဒီမိုကရေစီ စံနှုန်းများနှင့်အညီသာ ဖြစ်ရမည်။ ဒီမိုကရေစီ စံနှုန်းများနှင့် ကိုက်ညီသော နိုင်ငံရေး လုပ်ငန်းစဉ်တွင် အခြေခံအားဖြင့်
1. အများဆန္ဒကို ဦးစားပေးခြင်းနှင့်အတူ အနည်းစု၏ ဆန္ဒကိုပါ အလေးအနက်ထားခြင်း၊
2. တန်းတူညီမျှခြင်း၊
3. လူ့အခွင့်အရေး ရပိုင်ခွင့်များအပေါ် လွတ်လပ်စွာ ကျင့်သုံးနိုင်ခွင့် ရှိခြင်း၊
4. ပြည်သူတို့အား ကာကွယ်ပေးထားသော တရားစီရင်ရေးစနစ် - တနည်းအားဖြင့် တရားဥပဒေ စိုးမိုးမှု အမှန်တကယ် တည်ရှိခြင်း၊
5. သတင်းမီဒီယာ လွတ်လပ်ခွင့် ရှိခြင်း
6. လွတ်လပ်၍ ဘက်လိုက်ခြင်း မရှိသော ရွေးကောက်ပွဲ ကော်မရှင်တရပ် ရှိခြင်းတို့ ပါဝင်သည်။

ဒီမိုကရေစီသို့ အသွင်ပြောင်းသည့် နိုင်ငံရေး လုပ်ငန်းစဉ် ဖြစ်သောကြောင့် အခြေခံအားဖြင့်
1. နိုင်ငံရေးလုပ်ငန်းစဉ်တွင် ပါဝင်လိုသူ နိုင်ငံသား မည်သူမဆို လွတ်လပ်စွာ ပါဝင်ခွင့် ရှိရပါမည်။
2. မည်သည့် နိုင်ငံရေးပါတီမဆို လွတ်လပ်စွာ ဖွဲ့စည်း-လှုပ်ရှားခွင့်၊ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့်၊ ဝင်ရောက် မယှဉ်ပြိုင်ပဲ နေလိုက နေပိုင်ခွင့်တို့ ရှိရပါမည်။
3. ဖမ်းဆီးထိန်းသိမ်းခံနေရသူ နိုင်ငံရေး အကျဉ်းသမားများ မရှိအပ်ပဲ အကယ်၍ ရှိနေခဲ့လျှင် ထိုသူအားလုံးကို ချွင်းချက်မရှိ အနှောင်အဖွဲ့ ကင်းစွာဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးရပါမည်။
4. ခြိမ်းခြောက် အကြပ်ကိုင်မှု၊ အတင်းအကြပ် စေခိုင်းမှု အစရှိသည်တို့ ကင်းရှင်းလျက် လွတ်လပ်စွာ ရွေးချယ် မဲပေးနိုင်ခွင့် ရှိနေရပါမည်။
5. မဲပေးနိုင်ခွင့် ရှိသူများကို သတ်မှတ်ရာတွင် နိုင်ငံတကာ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်း (သို့) ဒီမိုကရေစီ နိုင်ငံ များ၏ ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများအတိုင်း ဖြစ်ရပါမည်။
6. မဲပေးနိုင်ခွင့် ရှိသူများသည် မဲမပေးပဲ နေလိုက နေနိုင်ခွင့် ရှိသည်။
7. နိုင်ငံရေးပါတီများ ဖွဲ့စည်းလှုပ်ရှားခွင့်သည် ဒီမိုကရေစီနိုင်ငံများမှ လက်ရှိ ကျင့်သုံးဆောင်ရွက်နေသော နိုင်ငံတကာ စံနှုန်းများအတိုင်းသာ ဖြစ်နေရပါမည်။
8. နိုင်ငံရေးပါတီများ၏ ဘုံရည်မှန်းချက်မှာ ပါလီမန်ဒီမိုကရေစီစနစ်ဖြင့် နိုင်ငံကို အုပ်ချုပ်ရန် ဖြစ်ပြီး ဒီမိုကရေစီကို အားပေးရန်နှင့် ထိန်းသိမ်းပေးရန် စီမံကိန်းများ ချမှတ်လုပ်ဆောင်နိုင်စွမ်း ရှိရပါမည်။
9. ရွေးကောက်ပွဲ ကော်မရှင်ကို အာဏာပိုင်တို့က ၎င်းတို့စိတ်ကြိုက်လူများဖြင့် တိုက်ရိုက် ခန့်ထားရန် မဟုတ်ပဲ ပြည်သူအများစုမှ ယုံကြည်ထောက်ခံသော ဥပဒေဆိုင်ရာ ပညာရှင်များနှင့် အများသူငါ ယုံကြည်အားကိုး ထိုက်သော ကျွမ်းကျင်ပညာရှင်များဖြင့်သာ ဖွဲ့စည်းထားသည့် ကော်မရှင် (သို့မဟုတ်) နိုင်ငံတကာ၏ ကုလ သမဂ္ဂ အသိအမှတ်ပြု ရွေးကောက်ပွဲဆိုင်ရာ စံနှုန်းများအတိုင်း (သို့) ဒီမိုကရေစီ နိုင်ငံများ၏ ရွေးကောက်ပွဲ ဆိုင်ရာ စံနှုန်းများအတိုင်း ဖြစ်ရပါမည်။
10. ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင်တို့သည် အထူးသဖြင့် ဒီမိုကရေစီ နိုင်ငံများမှ ရွေးကောက်ပွဲ စည်းမျဉ်းများကို ကောင်းစွာ လေ့လာသိရှိထားသူများ ဖြစ်ပြီး နိုင်ငံတကာစံနှုန်းများနှင့် ကိုက်ညီသည့် ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများကို ရေးဆွဲနိုင်သူများ ဖြစ်ရပါမည်။
11. ရွးကောက်ပွဲဆိုင်ရာ စည်းမျဉ်းများသည် နိုင်ငံဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ရမည်ဖစ်ရာ အခြေခံ ဥပဒေ ကိုယ်တိုင်ကမန်မာပြည်သူတို့၏ အကျိုးစီးပွားနှင့် ကိုက်ညီအောင် အရင်ပြင်ဆင်ပြီးဖစ်ရပါမည်။

သို့ဖြစ်ရာ အထက်ဖော်ပြပါ အကြောင်းရင်းများကြောင့် ဂျပန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများက မြန်မာ စစ်အာဏာပိုင် နအဖ၏ ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံနိုင်ရခြင်း ဖြစ်သည်။

0 件のコメント:

コメントを投稿