Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/12/16

လာဖမ်းရင် လိုက်ဖို့ အဆင်သင့်ဟု ရွှေညဝါ ဆရာတော် မိန့်ကြား


ဦးပညာသီဟ (ရွှေညဝါ ဆရာတော်)
ရန်ကုန်တိုင်း ကြည့်မြင့်တိုင် မြို့နယ်ရှိ သာဓုပရိယတ္တိ စာသင်တိုက်၏ ကျောင်းထိုင် ဆရာတော် ရွှေညဝါ ဆရာတော်ကို ကျောင်းတိုက်မှ ဖယ်ရှားပေးရန် ညွှန်ကြားစာ တစ်စောင်ကို နိုင်ငံတော် သံဃာ့ မဟာနာယက အဖွဲ့က ဒီဇင်ဘာလ၁၄ ရက်နေ့ ညနေ ၆ နာရီခန့်က ပေးပို့လိုက်ကြောင်း  ဆရာတော် နှင့် နီးစပ်သူ တစ်ဦးက ဘားမားဗီဂျေ မီဒီယာအား ပြောကြားခဲ့ပါသည်။

အထက်ပါ ညွှန်ကြားစာနဲ့ ပတ်သက်၍  “မနက်ကတည်းက သင်္ကန်းအပို နှစ်ထည် ထည့်ပြီး စောင့်နေတယ်။ လာဖမ်းရင် တခါတည်း လိုက်သွား မလို့” ဟု ဆရာတော်က အတည်ပြု မိန့်ဆိုခဲ့ပါတယ်။ မန္တလေးတိုင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရုံးတွင် ရွှေညဝါ ဆရာတော် တရားဟော ပြောခဲ့သည့် ကိစ္စနှင့် ပတ်သက်၍ ၊ နိုဝင်ဘာ ၂၈ရက်နေ့တွင် ပြုလုပ်ခဲ့သည့် ဆဋ္ဌမအကြိမ် နိုင်ငံတော် သံဃာ့မ ဟာနယကအဖွဲ့ (၄၇) ပါးစုံညီ အစည်းအဝေး ဆုံးဖြတ်ချက်အရ၊ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

ထို ညွှန်ကြားစာထဲတွင် ရွှေညဝါ ဆရာတော် ဦးပညာသီဟအား နိုင်ငံတော် သံဃာနာယကပိုင် ကြည့်မြင့်တိုင်မြို့နယ်၊ သာဓု ကျောင်းတိုက်မှ ဖယ်ရှားပေးရန်၊ သံဃာအဖွဲ့စည်း အဆင့်ဆင့်၏ ဆုံးမ ညွှန်ကြားသည်ကို မနာခံ၍ ဒုဗ္ဗစပုဂ္ဂိုလ်အဖြစ် သတ်မှတ်သည့်အပြင် သာဓုကျောင်း တိုက်အတွင်း မည်သည့် သင်တန်းမှ ဖွင့်လှစ်ခွင့် မပြုရန် ပါရှိပါတယ်။ အထက်ပါ ညွှန်ကြားချက်များကို မလိုက်နာပါက သံဃာ အဖွဲ့အစည်း ဆိုင်ရာ ဥပဒေ ၂၀/၉၁ အရအရေးယူသွားမည် ဖြစ်ကြောင်း သိရပါသည်။ မည်သည့် နေ့ရက်တွင် ထွက်ခွာပေးရန် ညွှန်ကြားမှု မပါရှိကြောင်း၊ သံဃာ့နာယက အဖွဲ့ ဥက္ကဋ္ဌ ဗန်းမော် ဆရာတော် ရွှေညဝါ ပညာ့ဗိမာန်သို့ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကြွရောက်လာရန်အစီအစဉ်ရှိကြောင်း ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ပြောပြခဲ့ပါတယ်။

“ဟီလာရီလာတုန်းက ဆရာတော်သွားတွေ့လိုက်လို့ သူတို့တွေ လန့်သွားကြတယ်နဲ့တူတယ်။” ဟု ဆရာတော်၏ အနီးကပ် ကပ္ပိယ တစ်ဦးက သုံးသပ်ပြောဆို ပါတယ်။ ဆရာတော်သည် အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန် လာရောက်စဉ်က ပြည်တွင်းရှိ လူမှုရေး၊ နိုင်ငံရေး ဆောင်ရွက်သူများ နှင့် တွေ့ဆုံရာတွင် ပါဝင်ခဲ့ပါသည်။

အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်ပွဲ အပြင် နိုင်ငံရေး အကျဉ်းသား မိသားစုများ ဦးဆောင်သည့် ဒေါ်အောင်ဆန်းစုကြည် နိုဗယ်လ်ဆု ရရှိသည့် နှစ် ၂၀ ပြည့် အခမ်းအနားကိုလည်း ထိုကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်းသိရပါတယ်။ နိုင်ငံတော် သံဃာ့မဟာနာယက အဖွဲ့သည် ရွှေညဝါ ဆရာတော်ကဲ့သို့ပင် ဦးသုမင်္ဂလ (ဒယ်အိုး) ဆရာ တော်ကိုလည်း ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၉ ရက်နေ့ မှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့ အထိ တစ်နှစ်တိတိ တရားဟောပြောခွင့်ကို ပိတ်ပင် လိုက်ပါတယ်။

ကိုဟိန်း
copy rights_http://www.burmavjmedia.net

0 件のコメント:

コメントを投稿