Description Description Description Description Description Description Description Description Description Description ဒီမိုကရေစီ ရရှိရေးအတွက် ပူပေါင်းဆောင်ရွက်ကြဆို့  ကရင်တိုင်ရင်သား နှင့် မြန်မာနိုင်ငံသား တိုင်းရင်းသား သွေးချင်းတို့ 

2011/12/14

သမ္မတ ‘အစစ်’ နဲ့သာ ဆွေးနွေးလိုတဲ့ KNU

ကျော်ခ | အင်္ဂါနေ့၊ ဒီဇင်ဘာလ ၁၃ ရက် ၂၀၁၁ ခုနှစ်

ချင်းမိုင် (မဇ္ဈိမ) ။ ။ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် DKBA မှာ အစိုးရနှင့် ငြိမ်းချမ်းရေး ယူသွားသော်လည်း ကရင်တပ်အချင်းချင်း တိုက်ပွဲပြန်ဖြစ်မည် မဟုတ်သည့်အပြင် နားလည်မှု ရှိရှိ လုပ်ကိုင်သွား မည်ဟု ကရင်အမျိုးသား အစည်းအရုံး KNU က ပြောဆိုသည်။

၁၉၉၄ နှစ်ကုန်ပိုင်းအတွင်း KNU အတွင်းမှ DKBA အဖြစ် ခွဲထွက်သွားကာ အကျိုးဆက်အဖြစ် တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများ၏ ဌာနချုပ်ဖြစ်သည့် မာနယ်ပလောစခန်းမှာ ကျဆုံးခဲ့ဖူးသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူရေးအတွက်အတွက် နှစ်ပေါင်း ၆ဝ ကျော် အစိုးရကို လက်နက်ကိုင် တော်လှန်နေ သည့် KNU မှာ ယခု အစိုးရသစ်လက်ထက်တွင် ၄ ကြိမ်တိုင် တွေ့ဆုံခဲ့ပြီးဖြစ်သော်လည်း တစုံတရာ သဘောတူညီမှု မရရှိခဲ့ပေ။

ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ KNU ဒုဥက္ကဌ ပဒို ဒေးဗစ်သာကပေါကို မဇ္ဈိမ သတင်းထောက် ကျော်ခက ဆက်သွယ် မေးမြန်းထားပါသည်။

ဗိုလ်မှူးစောလားပွယ် ဦးဆောင်တဲ့ DKBA အဖွဲ့ဟာ အပစ်ခတ်ရပ်စဲခြင်းမပြုလုပ်ခင် KNU တပ်တွေနဲ့ ပူးပေါင်းပြီး အစိုးရတပ်တွေကို တိုက်ခိုက်ခဲ့တာရှိပါတယ်။ အခုသူတို့က အစိုးရနဲ့ အပစ်ရပ်လိုက်တော့ KNU နဲ့ KNU ရဲ့ ထိန်းချုပ်နယ်မြေတွေ အတွက် စိုးရိမ်ရတဲ့ အနေအထားတွေများ ရှိမလားခင်ဗျ။

မရှိပါဘူး။ ကျနော်တို့ နားလည်မှုရှိရှိနဲ့ ဆက်လုပ်နေပါတယ်။ သူတို့ KNU ကို ပြန်ပြီးတော့ စစ်ရေးအရ တိုက်မှာ မဟုတ်ဘူး။ DKBA သမိုင်းရဲ့ အစကိုက အစိုးရက အကွက်ဆင်ပြီး အိမ်ကြက်ချင်းအိုးမဲသုပ်ပြီး ခွပ်ခိုင်းခံရတဲ့ သမိုင်းဖြစ်နေတယ်။ အဲဒီအခြေအနေကို ကျနော်တို့အားလုံး ပြန်မရောက်ချင်ကြဘူးဆိုတာကို သူတို့လဲသိပါတယ်။ အခုတော့ ကျနော်တို့ အချင်းချင်း နားလည်မှု ရှိပါတယ်။ ကျနော်တို့က ကရင် အချင်းချင်းပဲ။ အရင်က လက်တွဲလုပ်ခဲ့တဲ့လူတွေပဲ။ အရင်က အစိုးရရဲညာဏ်ဆင်ထိုးခွဲမှုမှာ အလိမ် ခံရတယ်။ အခုလဲ အလိမ်ခံရပြီး လွယ်လွယ်နဲ့ လုပ်သွား တယ်ပေါ့ဗျာ။ သူတို့လည်း သူတို့ အဆင်ပြေသလို ရပ်တည် ပေါ့ဗျာ”

“တခုတော့ ရှိတာပေါ့ သူတို့လွယ်လွယ်နဲ့ အပစ်ရပ်သွားတာက အစိုးရနဲ့ အပစ်ရပ်ရေးဆွေးနွေးဖို့အတွက် ကြားခံ အဖြစ် လုပ်ပေးတဲ့ ပွဲစားတွေ
က လိမ်သွားတာ။ ဘယ်လိုလိမ်လဲဆိုတော့ တဖက်မှာ KNU က လျှို့ဝှက် သဘောတူညီချက်တွေ လုပ်နေပြီ ခင်ဗျားတို့ မြန်မြန်လုပ်၊ နောက်ကျ
ရင် KNU က တဆယ်ရတဲ့အခါ ခင်ဗျားတို့က ၂ ကျပ်ပဲ ရလိမ့်မယ် ဆိုပြီးတော့ DKBA ကို ဖဲ့ထုတ်သွားတယ်။ DKBA ကလည်း ရိုးတယ်မို့လား လူရိုးတွေလေ”

ဒီရက်ပိုင်းအတွင်းမှာ KNU နဲ့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ ဘားအံမြို့မှာ အပစ်ရပ်ရေး ထပ်ပြီး
ဆွေးနွေး ဖို့ ရှိတယ် ဆိုတာရော ဟုတ်လား။

“မဟုတ်သေးပါဘူး။ ဟုတ်မယ်ဆိုရင်လည်း ကျနော်တို့ သတင်းထုတ်ပြန်မှာပါ”

KNU နဲ့ မြန်မာအစိုးရသစ်နဲ့ အပစ်ရပ်ရေး တွေ့ဆုံဆွေးနွေးကြတာ ၄ ကြိမ်ရှိပြီလို့ သိရတယ်။ ဒီတွေ့ဆုံမှု
တွေကနေ အပစ်ရပ်ဖို့ သဘောတူညီမှု ဘာကြောင့် မရနိုင်သေး ဖြစ်နေတာလဲ ခင်ဗျ။

“ကျနော်တို့ တောင်းဆိုတာက တပြည်လုံးအတိုင်းအတာနဲ့ အပစ်အခတ်ရပ်ဆဲဖို့၊ တိုင်းရင်းသား နယ်မြေတွေမှာ လာချထားတဲ့ အစိုးရတပ်တွေ ရုတ်သိမ်းပေးဖို့၊ ငြိမ်းချမ်းရေးအတွက် ကောင်းတဲ့ အလားအလာ ကိစ္စတွေပေါ့ဗျာ။
နိုင်ငံရေး အကျဉ်းသား လွှတ်ပေးဖို့ကိစ္စ၊ ဒီမိုကရေစီလွတ်လပ်မှုရှိရမယ်။ လှု့အခွင့်ရေးချိုးဖောက်မှုတွေ ရပ်ဖို့ ကျနော် တို့ဘက်က ဆွေးနွေးထားတာပဲ”

“ကျနော်တို့ ထိုင်းမြန်မာနယ်စပ်မှာ တွေ့ဆုံမှုတွေလုပ်ခဲ့တာ ၄ ကြိမ်ရှိပြီ။ ဝန်ကြီး အဆင့်ဖြစ်တဲ့ ဦးအောင်မင်း နဲ့ ၂ ကြိမ်၊ ပြည်နယ်အဆင့်နဲ့က ၂ ကြိမ် တွေ့ဆုံပြီးပါပြီ။ သူတို့လည်း သမ္မတကြီး ဦးသိန်းစိန်ကို တင်ပြလိုက်ပါ့မယ်။ တင်ပြလိုက်ပါမယ်ဆိုပြီးတာ ပြန်ပြန်သွားတယ်။ ဘာမှ တိုးတက်မလာပါဘူး။ အခု ကချင်ဘက်မှာလည်း နေ့တိုင်းလို တိုက်နေတာပဲ”

“မပြေလည်တာကတော့ ဦးသိန်းစိန် အစိုးရက ဘာမှ တိုးလုပ်လာတာ မရှိဘူး။ တိုးလုပ်လာရင်တော့ နှစ်ဘက်
ဆွေးနွေးမှုတွေဟာ တိုးတက်မှုတွေရှိလာမှာပေါ့”

KNU က မြန်မာအစိုးရနဲ့ အပစ်ရပ် လက်မှတ်ထိုးပြီးရင် အခြားလူ အမည်ခံ နာမည်တခုနဲ့ ထိုင်းနိုင်ငံ မဲ့စရီးယန်းဘက်မှာ သွင်းကုန်၊ ပို့ကုန် ကုမ္ပဏီ တခု ဖွင့်မယ်လို့ ကြားနေရပါတယ်။

“အစိုးရဘက်ကနေ အပစ်ရပ်ဖို့ ဆွေးနွေးပွဲတွေလုပ်တဲ့အခါမှာ ကြားမှာ စီးပွားရေးသမားတွေက ကြားခံ ပါလာတယ်။ အဲဒီကြားပွဲစားတွေက ဟိုဘက်ကလည်း ရမယ်။ ဒီဘက်ကလည်းရမယ် ဆိုပြီးလုပ်တဲ့ အဲဒီလို စီးပွားရေးသမားတွေ လည်း ရှိတယ်။ အဲဒီလူတွေက သူတို့လိုချင်တဲ့ အဆင့်မရဘူးဆိုရင် မဟုတ်မှန်သတင်းတွေ လျှောက်လွှင့်နေတယ်။ ပြီးရင်နောက်မှာလည်း UNFC ကိုတိုက်ခိုက်တယ်”

KNU ထိန်ချုပ်နယ်မြေတွေ ဖြစ်တဲ့ တပ်မဟာ ၃ နဲ့ ၅ နယ်မြေတွေထဲမှာ KNU က ရွှေတူးဖေါ်ရေး လုပ်ငန်း
တွေ လုပ်ဖို့ ကားလမ်းတွေ ဖောက်နေတယ်ဆိုတဲ့ အသံတွေ ကြားနေရသလို တပ်မဟာ ၂ နဲ့ ၃ နယ်မြေ
တွေမှာရှိတဲ့ ဝါးဘိုးဝါးတွေကို ကုန်ချောအဖြစ် ထုတ်ဘို့ အစီအစဉ်ရှိတယ်လို့လည်း နယ်စပ် လက်နက်ကိုင် တပ်တွေ ဘက်ကနေလည်း အသံတွေ ကြားနေရပါတယ်။

“ခင်ဗျားကြားတဲ့သတင်းက မမှန်ပါဘူး။ အဲဒီအစီအစဉ်တွေကို လုပ်နေတာမျိုးလည်း မရှိပါဘူး။ ဒါတွေက မလိုသူတွေ
ပြောတဲ့စကားတွေပါ”

နိုင်ငံတချို့ကတော့ မြန်မာအစိုးရသစ်ရဲ့ လုပ်ဆောင်ချက်တွေဟာ တိုးတက် ပြောင်းလဲမှုတွေ ရှိလာတယ် လို့ မှတ်ချက်ပြုကြတာတွေလည်းရှိပါတယ်။ KNU အနေနဲ့ အပစ်ရပ်ဖို့ကြတော့ အစိုးရက ဘယ်လို အတိုင်းအတာမျိုး ဖော်ဆောင်မှ ပြည်စုံမယ်လို့ ယူဆထားလို့လဲ။

“ဦးသိန်းစိန်ကတော့ နိုင်ငံရေးအကျဉ်းသား ၂ဝဝ လောက်တော့ လွှတ်ပေးတာပဲ။ နောက်ဟိုဒီ အဖွဲ့အစည်းလေးတွေ ဖွဲ့စည်းခွင့်တွေ လုပ်ပေးတာ။ သတင်းလွတ်လပ်ခွင့်ပေးတာလေးတွေရှိတာပေါ့။ သတင်းလွတ်လပ်ခွင့်ကလည်း တကယ် လွတ်လွတ်လပ်လပ် ပေးသလားဆိုတော့လည်း မဟုတ်ပါဘူး”

“အဓိက ကတော့ တိုင်းရင်းသားတွေ အပေါ်စစ်ဆင်နေတဲ့ ကိစ္စပဲ။ အဲဒါတွေ ကိုရပ် အဲဒါတွေရပ်ရင်တော့ ကျနော် တို့နဲ့ အလားအလာကောင်းမယ်ဗျာ။ ကျနော်တို့နဲ့ အပစ်ရပ်ဖို့ဆိုတာက အစိုးရပေါ်မှာ မူတည်တယ်လေ။ သူတို့
ပြည်တွင်းစစ်ရပ်ဖို့လိုတယ်။ မရပ်ရင် ဘာတိုးတက်မှုမှ ရှိမှာမဟုတ်ဘူး”

“ကျနော်တို့ အခုစဉ်းစားနေတာက ဦးသိန်းစိန်က တကယ်လုပ်ပိုင်ခွင့်အာဏာရှိလားမရှိလား ဒါပဲ။ သူတကယ်ပဲ အပစ်ရပ်ချင်လား။ စစ်တပ်အပေါ်မှာ သူအာဏာရှိလား။ သမ္မတဖြစ်ရင်တော့ သူအာဏာရှိရမှာပေါ့။ သမ္မတ အတု ဆိုရင်တော့ အာဏာမရှိဘူးပေါ့ဗျာ။ အဲဒါကို ကျနော်တို့ ဆုံးဖြတ်ရမှာပဲ။ ကျနော်တို့ကတော့ သမ္မတ အစစ်နဲ့ပဲ ဆွေးနွေးချင်တယ်။ အစစ်နဲ့ ဆွေးနွေးမှ အလုပ်ဖြစ်မယ်။ အစစ်မဟုတ်ရင် ကျနော်တို့အတွက် ပရိယာယ်ပဲ ဖြစ်နေ မယ်။ ဒါကြောင့် သမ္မတ တကယ်အစစ်လား။ အတုလား စောင့်ကြည့်နေတာပေါ့”

http://www.mizzimaburmese.com/interview/8755-----knu-.html

0 件のコメント:

コメントを投稿